Agro-Hydro Informatics Centre - စိုက်ပျိုးရေးနှင့်ရေဆိုင်ရာ နည်းပညာဗဟို

  • Home
  • Myanmar
  • Yangon
  • Agro-Hydro Informatics Centre - စိုက်ပျိုးရေးနှင့်ရေဆိုင်ရာ နည်းပညာဗဟို

Agro-Hydro Informatics Centre - စိုက်ပျိုးရေးနှင့်ရေဆိုင်ရာ နည်းပညာဗဟို We provide Agriculture, Socio-Economic, Environmental & Social, Water, Health and Nutrition sectors.

16/09/2024

Edit- လူပြည့်သွားပါပြီ …နေရာအခက်အခဲကြောင့် သင်တန်းတစ်ကြိမ်လျှင် လူဦးရေ (၅၀) သာလက်ခံရပါသဖြင့် နားလည်ပေးစေလိုပါတယ်..

👨🏻‍🌾ဟေရမုန်ရဲ့ အခမဲ့သင်တန်းအစီအစဉ်လေး လာပါပြီ…ဒီတစ်ခါတော့ …

🌱မျိုးစေ့လေးတွေ ဝယ်ရတာ စျေးကြီးလို့ စိတ်ညစ်နေကြတဲ့ တပိုင်တနိုင်စိုက်ပျိုးရေး ဝါသနာရှင်များ…တောင်သူငယ်များအတွက် ဆရာမ ခင်သိန်းထွေး( B.Ag, M.Sc (AIT) မှ ပညာဒါနအားဖြင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်…

🛜သင်တန်းအစီအစဉ်ကို နှစ်ရက်ခွဲထားပါတယ်
ပထမတစ်ရက် ကို ညပိုင်း Zoom နဲ့ ပြုလုပ်မှာဖြစ်ပြီး
👨🏻‍🌾ဒုတိယ တစ်ရက်ကို ဟေရမုန်ခြံထဲမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်…

🍛သင်တန်းကြေးအခမဲ့ဖြစ်ပြီး ဟေရမုန်ခြံထဲမှာ ပြုလုပ်မည့်သင်တန်းမှာ နေ့လည်စာ ပြင်ဆင်ပေးထားပါမယ်…

👫👭လူဦးရေ အကန့်အသတ်ရှိတာကြောင့် သင်တန်းနှစ်ရက်လုံး ပါဝင်တက်ရောက်နိုင်သူများသာစာရင်းပေးသွင်းစေလိုပါတယ်..

👨🏻‍🌾သင်တန်းတက်ရောက်လိုသူများ page messenger တွင် အမည်၊ ဖုန်းနံပါတ် ပေးထားစေလိုပါတယ်…ကျေးဇူးပါ🙏🙏
🌱အတူတကွလေ့လာသင်ယူကြရအောင်🥰

ဆရာမကြီး ကိုယ်ရေးအကျဉ်း..
➖➖➖➖➖➖➖➖
ဆရာမ ခင်သိန်းထွေးသည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က စိုက်ပျိုးရေးပညာဘွဲ့ကိုရရှိခဲ့ပြီး မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း မျိုးစေ့ဌာနခွဲ၊မျိုးစေ့ထုတ်လုပ်ရေးဌာနတွင် အနှစ် (၂၀) ကျော်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုင်းနိုင်ငံအာရှနည်းပညာတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ကိုရရှိခဲ့ပါသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ကျေးလက်ဒေသလူမှုစီးပွါးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသုတေသနလုပ်ငန်းများ နည်းပညာအကြံပေးလုပ်ငန်းများကိုဆောင်ရွက်လျှက်ရှိပါသည်။

01/08/2024
၂၀၂၄ ဇူလိုင်လရဲ့နောက်ဆုံးရက်လေးမှာ GP အတွက်သင်ကြားပေးခဲ့ပါသောသင်တန်းလေးတစ်ခု “Sunnhemp Seed Production Training”
31/07/2024

၂၀၂၄ ဇူလိုင်လရဲ့နောက်ဆုံးရက်လေးမှာ GP အတွက်သင်ကြားပေးခဲ့ပါသောသင်တန်းလေးတစ်ခု “Sunnhemp Seed Production Training”

03/07/2024
28/05/2024
AHIC ရဲ့ Community Learning Centre မှာ Library တစ်ခုရဲ့အရေးပါမှု အခန်းကဏ္ဍတစ်ရပ်အတွက် လေ့လာချက်
08/05/2024

AHIC ရဲ့ Community Learning Centre မှာ Library တစ်ခုရဲ့အရေးပါမှု အခန်းကဏ္ဍတစ်ရပ်အတွက် လေ့လာချက်

25/03/2024

မင်္ဂလာပါရှင်......
ရွှေရောင်လွင်ပြင် မှ ဖွင့်လှစ်ပေးမည့် သင်တန်းများကို ရွေးချယ်ကာ
စိတ်ပါဝင်စားသူများ စာရင်းပေးသွင်း ဖောင်ဖြည့် ပေးပို့နိုင်ပါသည်။
(၁)အခြေခံစိုက်ပျိုးရေးနှင့် ဈေးကွက် လက်လှမ်းမီရေး နည်းပညာသင်တန်း
၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ရက်- မေလ ၃ရက် (စုစုပေါင်းကြာချိန်- (၅)ရက်)
တက်ရောက်ခွင့်ပြုမည့် သင်တန်းသားဦး ရေ- ၃၅ဦး
လျှောက်လွှာပိတ်မည့်ရက်- ၁၀/၄/၂၀၂၄
သင်ကြားပို့ချမည့်ဆရာ/ဆရာမများ- ဒေါက်တာမျိုးကြွယ်၊ ဒေါက်တာတင်ငွေ,ဒေါက်တာမင်းသန်းညွန့်၊ဒေါ်သန်းသန်းဌေး၊ ဦးရန်လင်း၊ ဦးကျော်လွင်

(၂) လယ်ယာစွန့်ပစ်ပစ္စည်းများကို အခြေခံ၍ သဘာဝမြေဩဇာထုတ်လုပ်နည်းနှင့် ဈေးကွက် ချိတ်ဆက်နည်းသင်တန်း
၂၀၂၄ ခုနှစ် မေလ ၆-၁၀ ရက် (စုစုပေါင်းကြာချိန်- (၅)ရက်)
တက်ရောက်ခွင့်ပြုမည့် သင်တန်းသားဦးရေ- ၃၅ဦး
လျှောက်လွာပိတ်မည့်ရက်- ၁၂/၄/၂၀၂၄
သင်ကြားပို့ချမည့်ဆရာမများ-ဒေါ်ထွေးထွေးအောင်၊ ဒေါ်ခင်သိန်းထွေး၊ ဒေါက်တာစန်းလှထွေး၊ ဒေါ်ရတီခင်

(၃) ပိုက်ဆံလျော်မျိုးစေ့ထုတ်လုပ်နည်းနှင့် ဈေးကွက်ချိတ်ဆက်ခြင်းနည်းပညာသင်တန်း
၂၀၂၄ ခုနှစ် ဇူလိုင်လ ၉-၁၂ ရက် (စုစုပေါင်းကြာချိန်- (၄)ရက်)
တက်ရောက်ခွင့်ပြုမည့် သင်တန်းသားဦးရေ- ၃၀ဦး
လျှောက်လွှာပိတ်မည့်ရက်-၂၀/၆/၂၀၂၄
သင်ကြားပို့ချမည့် ဆရာ/ဆရာမများ- ဒေါ်သန်းသန်းဌေး၊ ဒေါ်ခင်သိန်းထွေး၊ဦးကျော်လွင်

သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ
၁။ ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူဖြစ်ရမည်။
၂။ ပညာအရည်အချင်း အနိမ့်ဆုံး မူလတန်းအဆင့် ပြီးမြောက်သူ ဖြစ်ရမည်။
၃။သင်တန်း အမှတ်စဉ်(၁) တက်ရောက်သူများသည် စိုက်ပျိုးရေးအခြေခံ၊ မွေးမြူရေးအခြေခံများတွင် အလုပ်ဝင်ရောက်လုပ်ကိုင်၇န် စိတ်ပါဝင်စားသူများဖြစ်၇မည်။(သင်တန်းပြီးဆုံးပါက အလုပ်ရှာဖွေချိတ်ဆက်ပေးပါမည်)
၄။လုပ်ကွက်ငယ်လုပ်ကိုင်နေသည့် တောင်သူလယ်သမား(သို့)လယ်ယာလုပ်ငန်းကွင်းဆက်တစ်လျှောက်
တွင် လုပ်ကိုင်နေသူ လုပ်ငန်းရှင် (သို့) လုပ်သား ဖြစ်ရမည်။ (ချွင်းချက်အနေဖြင့် လယ်ယာလုပ်ငန်းကို စတင်လုပ်ကိုင်ရန် စိတ်ပါဝင်စားသူများလည်း လျှောက်ထားနိုင်သည်။)
၅။ ရွေးချယ်ထားသည့် သင်တန်းကို တက်ရောက်ရန် စိတ်ဝင်စား စိတ်အားထက်သန်သူ ဖြစ်ရမည်။
၆။ ရွေးချယ်ထားသည့် သင်တန်းကို သင်တန်းချိန် မပျက်မကွက် အပြည့်အဝ တက်ရောက်နိုင်သူ ဖြစ်ရမည်။
၇။ ရွေးချယ်ခံရသော သင်တန်းသား/သူများသည် နေစားရိတ် ၊ စားစရိတ်(ငြိမ်း)ဖြင့် တက်ရောက်ခွင့် ရပါမည်။
၈။ အမျိုးသမီးများနှင့် လူငယ်များ လျှောက်ထားခြင်းကို အားပေးပါသည်။

သင်တန်းတည်နေရာ (သင်တန်းဖွင့်လှစ်မည့်နေရာ)
ဘူမိနက်သန် စားသောက်ဆိုင်နှင့်အပန်းဖြေစခန်း
ကျိုက်သလဲကျေးရွာ ၊ တွံ့တေးမြို့နယ် ၊ ရန်ကုန်တိုင်းဒေသကြီး

မေးမြန်းလိုပါက ဆက်သွယ်ရန်
ဒေါ်ရွှေဝါဝါ (Chief Finance Officer)
ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd.)
ဖုန်းနံပါတ်- ၀၉ ၇၉၉၆၆၆၆၈၇
၀၉ ၇၉၉၆၆၆၆၈၇

ဒေါက်တာဝါဝါထွန်း (Executive Director)
ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd.)
ဖုန်းနံပါတ်- ၀၉ ၄၂၄၉၈၂၆၂၃
စိတ်ပါဝင်စားသူများ အောက်ပါ link တွင် form ဖြည့်နိုင်ပါသည်..

https://docs.google.com/forms/d/e/1FAIpQLSf1jrb2KPzmu3TNX-LLG7P-N2kdTasMOZSvMNxmzTyuO6yVDw/viewform?usp=sharing

Today Event
03/03/2024

Today Event

(၃) ရက်တာ သင်တန်းကာလလေး အောင်မြင်စွာပြီးစီးသွားပါပြီ၊ ခရီးဝေးသော်လည်း သင်တန်းချိန်အမီသင်တန်းရက်အပြည့်တက်ရောက်ခဲ့ကြသောသင်...
13/02/2024

(၃) ရက်တာ သင်တန်းကာလလေး အောင်မြင်စွာပြီးစီးသွားပါပြီ၊ ခရီးဝေးသော်လည်း သင်တန်းချိန်အမီသင်တန်းရက်အပြည့်တက်ရောက်ခဲ့ကြသောသင်တန်းသား/သူများကိုကျေးဇူးတင်ပါတယ်၊ Host အဖြစ်ဆောင်ရွက်ပေးပါသော ဟေရမုန် Urban Organic Farm ကိုလည်းကျေးဇူးတင်ပါတယ်၊ နယ်အဝေးကနေ လာရောက်ကူညီသင်ကြားပေးပါသော ကိုငြိမ်းကိုလည်းကျေးဇူးတင်ပါတယ်၊ တက်ရောက်သူများအားလုံး အနာဂတ်မှာ Successful Entrepreneur တွေဖြစ်ကြပါစေလို့ AHIC Team ကဆုတောင်းပေးလိုက်ပါတယ်၊
မကြာမီ Improve Your Business နဲ့ Coaching သင်တန်းများကိုဖွင့်လှစ်သွားနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်၊

ဒီနေ့သင်တန်းကို အားဖြည့်ကူညီသင်ကြားပေးပါသော ကိုငြိမ်း
10/02/2024

ဒီနေ့သင်တန်းကို အားဖြည့်ကူညီသင်ကြားပေးပါသော ကိုငြိမ်း

Address

No. 16, 5th Floor, Myint Zu Street, Yay Kyaw, Pazuntaung Township
Yangon
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943088398

Website

Alerts

Be the first to know and let us send you an email when Agro-Hydro Informatics Centre - စိုက်ပျိုးရေးနှင့်ရေဆိုင်ရာ နည်းပညာဗဟို posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Agro-Hydro Informatics Centre - စိုက်ပျိုးရေးနှင့်ရေဆိုင်ရာ နည်းပညာဗဟို:

Share