02/08/2021
Computer တလုံး၀ယ်တော့မယ်ဆိုရင် #
PC SPECS AND SYSTEM REQUIREMENTS 🧐
# System Requirements #
အရင်ဆုံးစဉ်းစားရမှာက ဘာအတွက် အဓိကသုံးမလဲဆိုတာ 🧐
စာစီစာရိုက် ခွေကြည့် ကျောင်းသုံး ရုံးသုံး လောက်ဆိုရင်
သိပ်စဉ်းစားနေစရာမလိုပါဘူး၊ ကြိုက်နှစ်သက်ရာ ရွေးလိုက်ယုံပါပဲ
စဉ်းစားရမှာက Game ဆော့မယ် Softwares ကြီးကြီးမားမား သုံးတော့မယ်ဆိုရင်တော့ စဉ်စားရွေးချယ်ရတော့ပါမယ်
ကိုယ်သုံးချင်တဲ့ Games (သို့) Softwares ရဲ့ လိုအပ်ချက်
(System Requirements) နဲ့ကိုက်ညီမယ့် စက်ကိုရွေးချယ် ၀ယ်ယူရပါမယ်၊ အမေးများတဲ့ မေးခွန်းလေးတွေပါ၊
@ PUPG ဆော့လို့ရလား
@ Dota ရလား
@ Autocad နိုင်လား
၀ယ်ယူမယ့်စက်နဲ့ အသုံးပြုချင်တာနဲ့ ကိုက်ညီမှု ရှိမရှိ
စစ်ဆေးနိုင်ဖို့ အသုံးပြုချင်သော Games (သို့) Softwares ရဲ့ System Requirements ကို Google မှာရှာကြည့်နိုင်ပါတယ် (ပုံမှာကြည့်ပါ)
# PC SPECS #
laptop တစ်လုံးဝယ်မယ်ဆိုရင် i3 လား i5 လား၊ generation ဘယ်လောက်လဲ၊ ram ဘယ်လောက်လဲ၊ graphic ကရောဘယ်လောက်ပါလဲ၊ HDD ရောဘယ်လောက်လဲ စသည်ဖြင့် ယေဘူယျမေးမြန်းတတ်ကြပါတယ်။ ဟုတ်ပြီ။ ကိုယ်တိုင်လဲ စစ်ဆေးကြည့်လို့ရပါတယ်။
စစ်ဆေးကြည့်ဖို့ဆိုရင် -
window key + pause break key နှိပ်ပါ
processor မှာ i3-3110M လို့ ပြပါတယ်။ i3 ကတော့ ရှင်းပါတယ်။ Brand Modifier ပါ။ 3110 ရဲ့ အစစာလုံးက generation ပါ။ 3 ဆိုတော့ third generation ပေါ့။
Installed memory(RAM) ကေတာ့ ram 4GB ပါ။
graphic ဘယ်လောက်ပါလဲ ကြည့်မယ်ဆိုရင် -
window key + r(R) key ကို နှိပ်ပါ။ Run dialog box ကျလာပါလိမ့်မယ်။ အဲမှာ dxdiag လို့ရိုက်ပြီး enter ခေါက်ပါ။ Display ထဲ ဆက်ဝင်ပါ။
Total Memory 1766MB ပါ။ (1024MB = 1GB)
HDD ကကြည့်ရလွယ်ပါတယ်။ window key + e(E) key နှိပ်ပြီး C နဲ့ D ပေါင်းကြည့်လိုက်ပါ။ HDD 500 GB ပါရင် သုံးလို့ အဆင်ပြေပြေရှိတယ်ပေါ့။ အဲထက်နည်းရင်တော့ data သိမ်းတာ ချွေတာရေးတွေ လုပ်ဆောင်ရပါလိမ့်မယ်။ 500GB++ ပါရင် ok စိုပြေပဲ။ ဗဟုသုတပြောပြရရင် SSD ဆိုတာ ရှိပါသေးတယ်။ HDD ထက် 30% ပိုမြန်တယ်လို့ဆိုပါတယ်။
ယခု အချက်အလက်တွေအပေါ် ချင့်ချိန်ပြီး laptop တစ်လုံးဝယ်ဖို့ ဆုံးဖြတ်သင့်ပြီလားဆိုတော့ မပြည့်စုံသေးဘူးလို့ပြောရပါမယ်။
CPU ရဲ့ performance ကလည်း အရေးကြီးပါတယ်။ ပထမဆုံး ကိုယ်က ဘာအတွက်သုံးချင်တာလဲ သိရပါမယ်။ ပုံမှန် software လေးတွေသုံးချင်တာလား၊ ပုံမှန် game လေးတွေပဲ ဆော့ချင်တာလား။ ဒါမှမဟုတ် photoshop တို့လို၊ video editing တို့လို၊ ပြီးတော့ အတန်အသင့်မြင့်တဲ့ဂိမ်းမျိုးတွေ ဆော့ချင်တာလား ဆုံးဖြတ်ရပါမယ်။(ဟဲဗီးသုံးချင်သူတွေအတွက်ကတော့ ရှင်းပါတယ် gaming laptop မှတပါး အခြားမရှိပါဘူး။)
CPU မှာ B, U, M, H, HQ, K စသည်ဖြင့် series တွေ ရှိပါတယ်။(ဘယ်လိုကြည့်ရလဲဆိုတော့ 7500U ဆို U series ပါ။ 3110M ဆို M series ပါ။)
B, U က low performance ပါ။ ဒါပေမယ့် သူ့ရဲ့အားသာချက်က ဘက်ထရီကြာကြာခံပါတယ်။ ပုံမှန် software တွေကို ဇိမ်လေးနဲ့သုံးချင်တယ်ဆို ရွေးချယ်သင့်တဲ့ အမျိုးအစားပါ။ ကွန်ပျူတာ အပူချိန်တက်တာ သက်သာတဲ့ အားသာချက်လဲ ရှိပါတယ်။ ကွန်ပျူတာအမျိုး အစားအပေါ်မူတည်ပြီး display ပိုင်း အားသာချက်တွေလည်းရှိပါတယ်။ B, U series က low performance ဆိုပေမယ့်လည်း photoshop, video editing(not professional) နဲ့ ပုံမှန်ဂိမ်းတွေ ကောင်းကောင်းဆော့ရပါတယ်။
H, HQ, K ကတော့ high performance ပါ။ ကွန်ပျူတာအပူချိန်မြင့်ခြင်း၊ ဘတ်ထရီစားခြင်း စတဲ့ အားနည်းချက်တွေ ရှိပါတယ်။ စျေးမြင့်တဲ့ gaming laptop တွေမှာ အသုံးပြုလေ့ရှိတာကြောင့် cooling စနစ်ကောင်းကောင်းနဲ့ cover ပြန်လုပ်ထားတော့ OK တာပေါ့။
M ကတော့ B, U ထက်စာရင် CPU performance ကောင်းပါတယ်။ နည်းတူပဲ အပူချိန်မြင့်၊ ဘတ်ထရီစားစတဲ့ အားနည်းချက်တွေရှိပါတယ်။ တခြား U series စျေးမြင့်တာနဲ့ ယှဉ်ရင်လည်း အားနည်းချက်တွေ ရှိနိုင်ပါတယ်။
ဒါနဲ့ ကျန်ခဲ့တာလေး ပြောပြပါဦးမယ်။ i3-3110M နောက်က 2.40GHz က clock speed ပါ။ ရိုးရိုးလေးတွေးလိုက်တဲ့အတိုင်း clock speed များရင် ပိုကောင်းပါတယ်။ ပိုသိချင်ရင်တော့ What is ဆိုပြီး google ခေါက်လိုက်တာ ပိုအဆင်ပြေပါတယ်။
-----------------------------------------------------------------------------------
Computer မှာ Core i3, Core i5, Core i7 တွေက ဘယ်လို ကွာခြားသလဲ …..
Central Process Unit (CPU) ကို နောက်ထပ် Processor လို့ခေါ်တယ်ဆိုတာ ကျွန်တော်တို့ သိထားခဲ့ပြီးကြပါပြီ … အရင်က Software လိုအပ်ချက်တွေ ကြောင့် ကျွန်တော်တို့ Processor တစ်ခုမက အများကြီးကို ထည့်သွင်းအသုံးပြုချင်တဲ့အခါ Mother Board ရဲ့ နေရာအခက်အခဲတွေကြောင့် အဆင်မပြေဖြစ်ရပါတယ်။
ဥပမာ- Mother Board မှာ Processor (2) လုံး တပ်ရင် သိပ်ပြီး နေရာအခက်အခဲမရှိပေမယ့် (4) လုံးလောက် တပ်ရတော့မယ်ဆိုရင် နေရာအခက်အခဲ ပြဿနာတွေဖြစ်လာပါပြီ ။ ဒါပေမယ့် ဒီဘက်ခေတ်မှာ Processor အရေအတွက်တိုးပြီးတပ်ဆင်ရမယ့်အစား Processor တစ်ခုထဲမှာပဲ Core တွေကို ထည့်သွင်းဖန်တီးလိုက်တဲ့အတွက် Multiprocessor တွေ ပေါ်လာရပါတယ် ။
Processor တစ်ခုအတွင်းမှာ Core (2) ခု ထည့်ထားရင် Dual Core ဒါမှမဟုတ် Core 2 Duo ၊ Core (4) ခု ထည့်ထားရင် Quad Core ၊ Core (8) ခု ထည့်ထားရင် Octal Core စသဖြင့် ခေါ်ကြပါတယ် …
အခု အဓိက ပြောပြချင်တာက Intel ရဲ့ core processor တွေမှာ Core i3, Core i5, Core i7 ဆိုတာ ကွဲပြားနေတဲ့အကြောင်းနဲ့ သူတို့တွေရဲ့ ကွာခြားချက်တွေပါ ။ ယေဘုယျအားဖြင့်တော့ Core i5 က Core i3 ထပ်ပိုကောင်းတယ်ပေါ့ …. I7 ကတော့ အကောင်းဆုံးပေါ့ဗျာ ….
Intel Core i3 Processor တွေက Dual Core ဖြစ်ပါတယ်။ ပြောချင်တာက အထဲမှာ တကယ်အလုပ် လုပ်တဲ့
CPU Core ၂ ခုပါဆိုတာကိုပါ။ ဒါပေမယ့် သူ့မှာ အားသာချက်ရှိတယ်။ အဲဒါက Core 1 ခုမှာ Thread ၂ ခုကို ကိုင်တွယ်နိုင်တဲ့ နည်းပညာပါလို့ 2 Cores / 4 threads ဖြစ်သွားပါတယ် ။ အဲဒါကြောင့် Window OS ထဲမှာ သွားကြည့်ရင် CPU 4 ခုရှိတယ်လို့ပဲ မြင်ရမှာပါ။ Thread ဆိုတာ processor ကို instruction ပေးပို့ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့2ခုအထက်ကို multi-thread လို့ခေါ်ပါတယ်..
Core i5 ကတော့ 4 Core (Quad-Core) processor ဖြစ်ပါတယ်။ အမှန်တကယ် run တဲ့ physical cores 4 ခု ပါပါတယ်။ ဒါပေမယ့် သူက i3 လိုတော့ Hyper thread ကို Support မလုပ်ပါဘူး။ သူ့အားသာချက်က Core 4 ခု လုံး သုံးမနေဘူးဆိုရင် လက်ရှိသုံးနေတဲ့ Clock speed ကို သတ်မှတ် Speed ထက် ပိုပြီး မြန်မြန်လုပ်ခိုင်းနိုင်တာပါပဲ။ အဲဒါကို Turbo Boost နည်းပညာလို့ခေါ်ပါတယ်။ Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်။ i5 မှာ i3 ထက်သာတဲ့အချက်ဟာ Turbo Boost ဖြစ်ပါတယ်။
နောက်ဆုံး Core i7 …..
သူက အကောင်းဆုံးပေါ့နော်။ အကောင်းဆုံးဖြစ်နေရတာလဲ သူ့အကြောင်းအရင်းနဲ့ သူပါ ။ Core i7 ဟာ Quad Core ဖြစ်တဲ့အပြင် i5 မှာတုန်းက သုံးထားတဲ့ Turbo Boost လည်းပါ၀င်လာပါတယ် ။ Hyper Thread နဲ့လည်း ကောင်းကောင်း အလုပ် လုပ်ပါတယ် ။ Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာ၀န်ထမ်းဆောင်နိုင်ပါတယ်ဒါကြောင့် Window OS ထဲမှာဆို Core 8 ခု ပါတယ်လို့ မြင်ရမှာပါ။ တကယ် Core (4) ခုအပြင် Thread ကြောင့်မို့ ထပ်ပွားလာတဲ့ cores က နောက်ထပ် 4 ခု ဖြစ်လာပါတယ် ။ ဒါကြောင့် လည်း Core i7 ဟာ Multithread Application တွေကို ကောင်းကောင်း ကိုင်တွယ်နိုင်တာပါ ။
နောက်ပြီး Core i3/i5/i7 တွေမှာ နောက်ထပ် ကွာဟစေတဲ့အချက်က cache memory ဖြစ်ပါတယ်။ CPU တစ်ခုမှာ စွမ်းဆောင်ရည် ကောင်းစေဖို့ cache memory ဟာ တကယ့် အရေးကြီးဆုံးပါပဲ ။ Core i3 CPU မှာ 3MB cache ပဲ ပါပြီး Core i5 CPU တွေက 4MB ကနေ 6MB ထိ ပါပါတယ်။ Core i7 CPU ကတော့ cache memory 8MB တောင်ပါတာဆိုတော့ သူ အကောင်းဆုံးဖြစ်နေတာမဆန်းတော့ပါဘူး…
ဒီလောက်ဆိုရင် core i3/i5/i7 တွေရဲ့ ကွာခြားချက်တွေကို သတိထားမိလောက်ပါပြီ ….
-----------------------------------------------------------------------------
Credit -မူရင်းရေးသားသူ