U&Me Myanmar

U&Me Myanmar 1stop business service

11/11/2020
မရမ္းကုန္းပါရမီ မဥၨဴလမ္းသြယ္40X80,2RcMaster room 2Double room 3အလုံးစုံျပင္ဆင္ပီးအေရာင္း ၿခံေလးပါသိန္း၇၅၀၀ ေခၚေဈးအေလ်ာ့တ...
04/03/2020

မရမ္းကုန္း
ပါရမီ မဥၨဴလမ္းသြယ္
40X80,2Rc
Master room 2
Double room 3
အလုံးစုံျပင္ဆင္ပီး

အေရာင္း ၿခံေလးပါ

သိန္း၇၅၀၀ ေခၚေဈး
အေလ်ာ့တင္းရွိပါသည္

09-250 005 114
U&Me Myanmar Co.,Ltd

သဃ္န္းကၽြန္းေလးေဒါင့္ကန္လမ္းမစံပါယ္ျဖဴ Condoအက်ယ္ 1696 SqftMaster room 2Double room 1မျပင္ဆင္ရေသးပါအေရာင္းပါ ေခၚေဈး သိန္...
04/03/2020

သဃ္န္းကၽြန္း
ေလးေဒါင့္ကန္လမ္းမ
စံပါယ္ျဖဴ Condo

အက်ယ္ 1696 Sqft
Master room 2
Double room 1
မျပင္ဆင္ရေသးပါ

အေရာင္းပါ ေခၚေဈး သိန္း ၂၂၀၀
ညႇိနိုင္းေပးပါမည္

Car parking ပါတယ္
24 hour Security
သြားလာေရးလြယ္တယ္
ကားမွတ္တိုင္ေတြနီးတယ္

စိတ္ဝင္စားပါက

09-250 005 114
U&Me Myanmar Co.,Ltd

စမ္းေခ်ာင္းေျမနီကုန္းရွမ္းကုန္းလမ္း17x72 ,2Flပါေကး၊Ac,,ေႂကြခင္းကပ္2Double Roomတိုက္သက္တမ္း ၁၀ ႏွစ္ဝန္းက်င္အေရာင္းပါသိန္း...
02/03/2020

စမ္းေခ်ာင္း
ေျမနီကုန္း
ရွမ္းကုန္းလမ္း
17x72 ,2Fl
ပါေကး၊Ac,,ေႂကြခင္းကပ္
2Double Room
တိုက္သက္တမ္း ၁၀ ႏွစ္ဝန္းက်င္
အေရာင္းပါ
သိန္း ၈၈၀ ေခၚေဈး

09-250005114

Uni Code MACCS / MCIS  စနစ်အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေနိဒါန်း၁။      နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှ...
24/02/2020

Uni Code

MACCS / MCIS စနစ်

အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေ

နိဒါန်း

၁။ နိုင်ငံတကာတွင် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက် လာသည်နှင့်အမျှ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေး (Trade Facilitation) အတွက် နိုင်ငံတကာအသိအမှတ်ပြု စံလုပ်ထုံးလုပ်နည်းများ နည်းပညာများဖြင့် ဖြေရှင်းဆောင်ရွက် လျက်ရှိပါသည်။ ထို့အတူ မြန်မာနိုင်ငံသည်လည်းနိုင်ငံရေး၊ စီးပွားရေးကဏ္ဍ အသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ခဲ့သည့် နောက်ပိုင်း ကုန်သွယ်မှုလုပ်ငန်းများမှာလည်း တဟုန်ထိုး တိုးတက်လာခဲ့ပါသည်။ အကောက်ခွန်ဆိုင်ရာ ကုန်ပစ္စည်းများရှင်းလင်းထုတ်ယူမှု လုပ်ငန်းစဉ်များတွင် Manual စနစ်ဖြင့် ဆောင်ရွက်မည်ဆိုပါက အချိန်ကြန့်ကြာခြင်း၊ ကုန်ကျစရိတ်များပြားခြင်း၊ ကုန်သွယ်မှုကိန်းဂဏန်းများမှာလည်း ယေဘုယျအားဖြင့် တိကျ မှန်ကန်စွာရရှိနိုင်မှုတွင် ထိခိုက်စေနိုင်ခြင်းနှင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးအတွက်ပါ အဟန့်အတားသဖွယ်ဖြစ်ပေါ်စေနိုင်ခြင်း ၀န်ထမ်းနှင့်ပြည်သူ ထိတွေ့ဆောင်ရွက်ရမှုဖြစ်စဉ် များပြားသဖြင့် အဂတိလိုက်စားမှုများအား ထိန်းချုပ်ရန်ခက်ခဲခြင်း စသည့် အားနည်းချက်များ တွေ့ရှိရပါသည်။

၂။ အထက်ပါ အားနည်းချက်များအား လျော့နည်းကျဆင်းစေရန်အတွက် ဂျပန်နိုင်ငံတွင် လက်တွေ့သုံးစွဲ အောင်မြင်လျက်ရှိသော Nippon Automated Cargo and Port Consolidated System- NACCS အားအခြေခံ၍ Myanmar Automated Cargo Clearance System –MACCS (မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေး စနစ်) နှင့် Myanmar Customs Intelligence System – MCIS (မြန်မာ့အကောက်ခွန်သတင်း အချက်အလက်စနစ်) တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

ရည်မှန်းချက်

(၁) သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များပိုမိုသွက်လက် မှန်ကန်မြန်ဆန်စေရန်၊

(၂) နိုင်ငံတကာအကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရန်၊

(၃) အချိန်၊ ငွေကြေးသုံးစွဲရမှုများလျော့ကျလာစေပြီး ကြိုတင်မျှော်မှန်းဆောင်ရွက်လာစေ နိုင်ရန်၊

(၄) နိုင်ငံတကာ စံလုပ်ထုံးလုပ်နည်းတစ်ခုဖြစ်သည့် Risk Management စနစ်အား နည်းလမ်းတကျ အသုံးပြုနိုင်ရန်၊

(၅) ကုန်သွယ်မှု လွယ်ကူချောမွေ့စေခြင်းမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမို ဖိတ်ခေါ်လာနိုင်စေရန်နှင့် နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့် တစ်နေရာမှ အထောက်အကူ ဖြစ်စေရန်၊

ရရှိလာသည့်အကျိုးကျေးဇူးများ

၃။ အကောက်ခွန်ဦးစီးဌာနတွင် သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များအား Manual စနစ်မှ Automatic System သို့ပြောင်းလဲ ဆောင်ရွက်နိုင်ခဲ့၍ ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေခြင်းနှင့် ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်လာပြီး နိုင်ငံတော်၏ စီးပွားရေးကို တိုးတက်လာစေခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဖိတ်ခေါ်လာနိုင်ခြင်း၊ နိုင်ငံတကာ ကုန်သွယ်မှုတိုးတက်လာသဖြင့် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာများ ပိုမိုတိကျမှန်ကန်စွာ ကောက်ခံရရှိလာစေနိုင်ခြင်း၊ MACCS/ MCIS စနစ်မှတစ်ဆင့် နိုင်ငံတော်ပြတင်းတစ်ပေါက် စနစ်သို့လည်းကောင်း၊ ထိုမှတဆင့် ASEAN Single Window သို့လည်းကောင်း ဝင်ရောက် နိုင်ရေးအတွက် များစွာအထောက်အကူပြုနိုင်စေခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိနိုင်မည် ဖြစ်ပါသည်။

MACCS/ MCIS အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှုအခြေအနေ

၄။ MACCS/MCIS စနစ်အတွက် မြန်မာ-ဂျပန် နှစ်ဖက် တာဝန်ရှိသူများသည် (၂၄.၇.၂၀၁၃) ရက်နေ့မှ စတင်၍ တွေ့ဆုံဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စနစ်၏ Brief Design အား ၂၀၁၃ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် လည်းကောင်း၊ Detail Design အား ၂၀၁၅ မတ်လ (၃၁) ရက်နေ့တွင်လည်းကောင်း ရေးဆွဲနိုင်ခဲ့ပြီးဖြစ်ပါသည်။ MACCS စနစ် စမ်းသပ်အသုံးပြုမှု Running Test ကို ၂၀၁၆ သြဂုတ်လမှ အောက်တိုဘာလ အထိဆောင်ရွက်ခဲ့ပါပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် System အား ရန်ကုန် ဧရိယာ (သီလဝါအထူးစီးပွားရေးဇုန် အပါအဝင်) ၌စတင်အသုံးပြုခဲ့ပါသည်။

MACCS စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်မည့် အခြားအစိုးရအဖွဲ့အစည်းများ (OGAs)

၅။ MACCS စနစ်သည် National Single Window (NSW) အကောင်အထည်ဖော် ဆောင်ရွက်မှုကိုပါ အထောက်အကူပြုသည့် စနစ်တစ်ခုဖြစ်သောကြောင့် အခြားသောအစိုးရ အဖွဲ့အစည်းများ (OGAs) နှင့်ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ရာ ပထမအဆင့်တွင် သွင်းကုန်/ထုတ်ကုန် ရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့် ဆက်စပ်လျက်ရှိသည့် အောက်ပါဌာန များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်-

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(MOC) (ကိုယ်ပိုင်စနစ်ဖြင့်ချိတ်ဆက်ပါမည်)
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်(MPA) (ကိုယ်ပိုင်စနစ် Port EDI ဖြင့်ချိတ်ဆက်ပါမည်)
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA)
အပင်ရောဂါပိုးမွှားကာကွယ်ရေးဌာန (Plant Quarantine)
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ( Animal Quarantine )
ငါးလုပ်ငန်း ဦးစီးဌာန ( Animal Quarantine )
မြန်မာ့စီးပွားရေးဘဏ်(MEB)(အကောက်ခွန်ဖြင့်သာသီးသန့်ချိတ်ဆက်ခြင်းဖြစ်ပါ သည်)
ကောက်ခံနိုင်သောအခွန်အမျိုးအစားများ

၆။ MACCS စနစ်မှ အောက်ပါအခွန်အမျိုးအစား (၁၀) မျိုးအား ကောက်ခံသွားမည် ဖြစ်ပါ သည် -

Customs Duty (အကောက်ခွန်ဦးစီးဌာနအတွက် ကောက်ခံသော အကောက်ခွန် ရငွေ Customs Duty-CD ဖြစ်ပါသည်)
Commercial Tax ( ပြည်တွင်းအခွန်များဦးစီးဌာနအတွက် ကောက်ခံပေးသော ကုန်သွယ် လုပ်ငန်းခွန် Commercial Tax-CTဖြစ်ပါသည်)
Security Fee (for X-Ray) ( ကုန်သေတ္တာများလုံခြုံမှု စစ်ဆေးခြင်းအတွက် X-Rayဖြတ်သန်းစစ်ဆေးမှု အခကြေးငွေ)
Revenue Deposit -RD orPost Value Revenue Deposit – PVRD
(RD ဆိုသည်မှာ အရေးကြီးကုန်ပစ္စည်းများထုတ်ယူမှုအတွက် အပြီးသတ် အခွန် ပေးဆောင် ခြင်းမပြုမီ ပေးသွင်းထားရသည့် အခွန်အာမခံငွေဖြစ်ပါသည်၊ PVRD ဆိုသည်မှာ ထုတ်ယူမည့် ကုန်ပစ္စည်းများ၏တန်ဖိုးအား အတည်ပြု သတ်မှတ်နိုင်ခြင်း မရှိသေးမီ ကုန်ပစ္စည်းများကို ထုတ်ယူနိုင်ရေးအတွက် ပေးသွင်းထားရသည့်အခွန် အာမခံငွေ ဖြစ်ပါသည်)

Specific Goods Tariff – SGT (ပြည်ထောင်စုအခွန်အကောက်ဥပေဒေတွင် ပါရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာန အတွက်ကောက်ခံပေးရသော အထူးကုန်စည်ခွန် ဖြစ်ပါ သည်)
Transit Duty-TD(ဖြတ်သန်းကုန်စည်ခွန် ဖြစ်ပါသည်)
Advanced Income Tax - AT (ပြည်တွင်းအခွန်များဦးစီးဌာနအတွက် သွင်းကုန်/ ထုတ်ကုန် ကိစ္စရပ်များတွင် ကောက်ခံပေးရသော ကြိုတင်ဝင်ငွေခွန် ၂% ဖြစ်ပါသည်)
MACCS Service Fees – MF (MACCS စနစ်အသုံးပြုခြင်းအတွက် ID/ED တစ်စောင်ခြင်းအလိုက် ကောက်ခံသွားမည့် ဝန်ဆောင်ခ အခကြေး ငွေဖြစ်ပါသည်။)
Redemption Fine - RF, Direct Penalty -DP
(RF ဆိုသည်မှာ သွင်းကုန်/ထုတ်ကုန် ကြေညာလွှာများတွင် ဖြည့်သွင်းရမည့် အချက် အလက်များလွဲမှားခြင်း၊ ပြည့်စုံမှန်ကန်မှုမရှိခြင်း၊ အကောက်ခွန်လုပ်ထုံးလုပ်နည်း ချိုးဖေါက်ခြင်းများအတွက် ကုန်ပစ္စည်းရွေးယူနိုင်ရန် တပ်ရိုက်သည့် ရွေးယူဒဏ်ငွေ ဖြစ်ပါသည်၊ DP ဆိုသည်မှာ အထူးအမိန့် SO ကိစ္စရပ်များတွင်လည်းကောင်း အခြား ကိစ္စရပ်များတွင်သတ်မှတ်ပြဌာန်းချက် သို့မဟုတ် ကတိကဝတ်များချိုးဖေါက်မှုတို့ အတွက် တပ်ရိုက်သည့် တိုက်ရိုက်ဒဏ်ငွေဖြစ်ပါသည်)

License Fee – LF (ကုန်ပစ္စည်းများ တင်သွင်း/တင်ပို့မှု ပြုလုပ်ရာတွင် အချို့သော ကိစ္စရပ်များတွင် ကုန်သွယ်ရေးဦးစီးဌာနအတွက် ကောက်ခံပေးရသော လိုင်စင်ခ ဖြစ်ပါ သည်)
MACCS စနစ်၏ ထူးခြားသည့် လုပ်ဆောင်ချက်များ

၇။ MACCS စနစ်၏ ထူးခြားသည့် သွင်ပြင်လက္ခဏာများမှာ အောက်ပါအတိုင်း ဖြစ်ပါ သည်-

၂၄ နာရီပတ်လုံးလုပ်ငန်းဆောင်ရွက်နိုင်သည့် စနစ်ဖြစ်သဖြင့် အလုပ်ချိန်/ရုံးချိန် ပြင်ပ တွင် ကြေညာလွှာ (ID/ ED) တင်သွင်းခြင်းများကို လွယ်ကူစွာ လက်ခံဆောင်ရွက် နိုင်ခြင်း၊
အခွန်အရပ်ရပ် ပေးဆောင်ခြင်းအား ကြိုတင်အပ်နှံငွေ (Deposit)၊ ဘဏ်အာမခံစနစ် (Security) ဖြင့် ပေးဆောင်နိုင်ရန် ထည့်သွင်းရေးဆွဲထားခြင်း၊
ယခင်ကုန်ပစ္စည်းရှင်းလင်းထုတ်ယူမှုတွင် အခွန်ဆောင်ပစ္စည်းစစ်ထုတ်ယူသည့်စနစ်မှ ပစ္စည်းစစ်အခွန်ဆောင် ထုတ်ယူမှုစနစ် သို့ ပြောင်းလဲကျင့်သုံးခြင်း၊
စနစ်သည် ၂၄ နာရီပတ်လုံးဆောင်ရွက်သွားမည့် စနစ်ဖြစ်သောကြောင့် အခွန် အရပ်ရပ် တွက်ချက်မှုအတွက် ဗဟိုဘဏ်မှ နေ့စဉ်ထုတ်ပြန်ပေးသော Daily Exchange Rate သုံးစွဲခြင်းအစား လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေ ချောမွေ့စေမည့် Weekly Exchange Rateသုံးစွဲသည့်စနစ်သို့ပြောင်းလဲကျင့်သုံးခြင်း၊
Customs Risk Managementစနစ်အား နိုင်ငံတကာအဆင့်မီ စနစ်တကျ သုံးစွဲ လာနိုင်ခြင်း၊
စနစ်ကြီးတစ်ခုလုံး အောင်မြင်စွာလည်ပတ်နိုင်ရေးသည် စနစ်တွင်ပူးပေါင်းပါဝင်ကြ ရမည့် အခြားသောအစိုးရ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၏ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍအဖြစ် ပါဝင်နေခြင်း၊
ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ

၈။ မြဝတီနယ်စပ်ဒေသသို့ MACCS/MCIS စနစ်အသုံးပြုနိုင်ရေးအတွက် ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

(က) အကောက်ခွန်လုပ်ထုံးလုပ်နည်းများအား System တွင် ထည့်သွင်း အသုံးပြုနိုင်ရေး အတွက် ဂျပန်-မြန်မာကျွမ်းကျင်ပညာရှင်များဖြင့် Working Group Meeting များ ပြုလုပ်ခြင်း၊
(ခ) System အား အသုံးပြုမည့် အကောက်ခွန်အရာရှိများအတွက် Software/ Hardware များ ဝယ်ယူခြင်း၊ System Management Vendor ရွေးချယ်ခြင်း
(ဂ) System User များထံမှ System အသုံးပြုသူများအတွက် လျှောက်လွှာများ လက်ခံခွင့်ပြုခြင်း၊
(ဃ) System User များအတွက် သင်တန်းများပို့ချပေးခြင်း၊
(င) MACCS စနစ် Test Run အသုံးပြုမှုကို ၂၀၁၈ ခုနှစ် မတ်လဆန်းမှ မေလကုန် အထိ ဆောင်ရွက်ခြင်း၊
(စ) မြဝတီတွင် MACCS စနစ်အား ၂၀၁၈ ခုနှစ် ဇွန်လတွင် စတင်အသုံးပြုခြင်း၊

နိဂုံး

သို့ဖြစ်ပါ၍ MACCS/ MCIS စနစ် စတင်အသုံးပြုဆောင်ရွက်ခဲ့သည့်အချိန်မှစတင်၍ သွင်းကုန်/ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းစဉ်များကို Online စနစ်ဖြင့်ဆောင်ရွက်ခဲ့ရာ လုပ်ငန်းများသွက်လက်မှန်ကန်မြန်ဆန်လာခဲ့ပါသည်။ ၎င်းအပြင် စနစ်တပ်ဆင်အသုံးပြုချိန်မှ စ၍ သွင်းကုန်/ ထုတ်ကုန်ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်မှုများကို နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ ဆောင်ရွက်နိုင်ခဲ့သည့်အပြင် ကုန်သွယ်မှုပမာဏများ သိသာစွာတိုးတက်လာပြီး နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခန်းကဏ္ဍများ ကို အထောက်အကူပြု ဆောင်ရွက်နိုင်ခဲ့ပါသည်။ MACCS စနစ် ရေရှည်တည်တံ့ ခိုင်မြဲစေရေး အတွက် အကောက်ခွန်ဦးစီးဌာန ဝန်ထမ်းများအပါအဝင် စနစ်တွင် ပူးပေါင်းပါဝင်ကြရမည့် အခြားသော အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါသည်။

Zaw Gyi Code

MACCS / MCIS စနစ္

အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနမႈ အေျခအေန

နိဒါန္း

၁။ ႏိုင္ငံတကာတြင္ အျပည္ျပည္ဆိုင္ရာ ကုန္သြယ္မႈလုပ္ငန္းမ်ား အရွိန္အဟုန္ျဖင့္ တိုးတက္ လာသည္ႏွင့္အမွ် ကုန္သြယ္မႈလြယ္ကူေခ်ာေမြ႕ေစေရး (Trade Facilitation) အတြက္ ႏိုင္ငံတကာအသိအမွတ္ျပဳ စံလုပ္ထုံးလုပ္နည္းမ်ား နည္းပညာမ်ားျဖင့္ ေျဖရွင္းေဆာင္႐ြက္ လ်က္ရွိပါသည္။ ထို႔အတူ ျမန္မာႏိုင္ငံသည္လည္းႏိုင္ငံေရး၊ စီးပြားေရးက႑ အသီးသီးတြင္ ျပဳျပင္ေျပာင္းလဲမႈမ်ား ေဆာင္႐ြက္ခဲ့သည့္ ေနာက္ပိုင္း ကုန္သြယ္မႈလုပ္ငန္းမ်ားမွာလည္း တဟုန္ထိုး တိုးတက္လာခဲ့ပါသည္။ အေကာက္ခြန္ဆိုင္ရာ ကုန္ပစၥည္းမ်ားရွင္းလင္းထုတ္ယူမႈ လုပ္ငန္းစဥ္မ်ားတြင္ Manual စနစ္ျဖင့္ ေဆာင္႐ြက္မည္ဆိုပါက အခ်ိန္ၾကန႔္ၾကာျခင္း၊ ကုန္က်စရိတ္မ်ားျပားျခင္း၊ ကုန္သြယ္မႈကိန္းဂဏန္းမ်ားမွာလည္း ေယဘုယ်အားျဖင့္ တိက် မွန္ကန္စြာရရွိႏိုင္မႈတြင္ ထိခိုက္ေစႏိုင္ျခင္းႏွင့္ ကုန္သြယ္မႈလြယ္ကူ ေခ်ာေမြ႕ေစေရးအတြက္ပါ အဟန႔္အတားသဖြယ္ျဖစ္ေပၚေစႏိုင္ျခင္း ၀န္ထမ္းႏွင့္ျပည္သူ ထိေတြ႕ေဆာင္႐ြက္ရမႈျဖစ္စဥ္ မ်ားျပားသျဖင့္ အဂတိလိုက္စားမႈမ်ားအား ထိန္းခ်ဳပ္ရန္ခက္ခဲျခင္း စသည့္ အားနည္းခ်က္မ်ား ေတြ႕ရွိရပါသည္။

၂။ အထက္ပါ အားနည္းခ်က္မ်ားအား ေလ်ာ့နည္းက်ဆင္းေစရန္အတြက္ ဂ်ပန္ႏိုင္ငံတြင္ လက္ေတြ႕သုံးစြဲ ေအာင္ျမင္လ်က္ရွိေသာ Nippon Automated Cargo and Port Consolidated System- NACCS အားအေျခခံ၍ Myanmar Automated Cargo Clearance System –MACCS (ျမန္မာ့ကုန္ပစၥည္း အလိုအေလ်ာက္ရွင္းလင္းေရး စနစ္) ႏွင့္ Myanmar Customs Intelligence System – MCIS (ျမန္မာ့အေကာက္ခြန္သတင္း အခ်က္အလက္စနစ္) တို႔ကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါသည္။

ရည္မွန္းခ်က္

(၁) သြင္းကုန္/ထုတ္ကုန္ ရွင္းလင္းေရးလုပ္ငန္းစဥ္မ်ားပိုမိုသြက္လက္ မွန္ကန္ျမန္ဆန္ေစရန္၊

(၂) ႏိုင္ငံတကာအေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီျဖစ္ေစရန္၊

(၃) အခ်ိန္၊ ေငြေၾကးသုံးစြဲရမႈမ်ားေလ်ာ့က်လာေစၿပီး ႀကိဳတင္ေမွ်ာ္မွန္းေဆာင္႐ြက္လာေစ ႏိုင္ရန္၊

(၄) ႏိုင္ငံတကာ စံလုပ္ထုံးလုပ္နည္းတစ္ခုျဖစ္သည့္ Risk Management စနစ္အား နည္းလမ္းတက် အသုံးျပဳႏိုင္ရန္၊

(၅) ကုန္သြယ္မႈ လြယ္ကူေခ်ာေမြ႕ေစျခင္းမွတစ္ဆင့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ပိုမို ဖိတ္ေခၚလာႏိုင္ေစရန္ႏွင့္ ႏိုင္ငံေတာ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို တစ္ေထာင့္ တစ္ေနရာမွ အေထာက္အကူ ျဖစ္ေစရန္၊

ရရွိလာသည့္အက်ိဳးေက်းဇူးမ်ား

၃။ အေကာက္ခြန္ဦးစီးဌာနတြင္ သြင္းကုန္/ထုတ္ကုန္ ရွင္းလင္းေရးလုပ္ငန္းစဥ္မ်ားအား Manual စနစ္မွ Automatic System သို႔ေျပာင္းလဲ ေဆာင္႐ြက္ႏိုင္ခဲ့၍ ကုန္သြယ္မႈလြယ္ကူ ေခ်ာေမြ႕ေစျခင္းႏွင့္ ကုန္သြယ္မႈပမာဏ ပိုမိုတိုးတက္လာၿပီး ႏိုင္ငံေတာ္၏ စီးပြားေရးကို တိုးတက္လာေစျခင္း၊ ႏိုင္ငံတကာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားကို ပိုမိုဖိတ္ေခၚလာႏိုင္ျခင္း၊ ႏိုင္ငံတကာ ကုန္သြယ္မႈတိုးတက္လာသျဖင့္ ႏိုင္ငံေတာ္အတြက္ အခြန္ဘ႑ာမ်ား ပိုမိုတိက်မွန္ကန္စြာ ေကာက္ခံရရွိလာေစႏိုင္ျခင္း၊ MACCS/ MCIS စနစ္မွတစ္ဆင့္ ႏိုင္ငံေတာ္ျပတင္းတစ္ေပါက္ စနစ္သို႔လည္းေကာင္း၊ ထိုမွတဆင့္ ASEAN Single Window သို႔လည္းေကာင္း ဝင္ေရာက္ ႏိုင္ေရးအတြက္ မ်ားစြာအေထာက္အကူျပဳႏိုင္ေစျခင္း စသည့္အက်ိဳးေက်းဇူးမ်ားစြာ ရရွိႏိုင္မည္ ျဖစ္ပါသည္။

MACCS/ MCIS အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့မႈအေျခအေန

၄။ MACCS/MCIS စနစ္အတြက္ ျမန္မာ-ဂ်ပန္ ႏွစ္ဖက္ တာဝန္ရွိသူမ်ားသည္ (၂၄.၇.၂၀၁၃) ရက္ေန႔မွ စတင္၍ ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ခဲ့ရာ စနစ္၏ Brief Design အား ၂၀၁၃ ဒီဇင္ဘာလ (၃၁) ရက္ေန႔တြင္ လည္းေကာင္း၊ Detail Design အား ၂၀၁၅ မတ္လ (၃၁) ရက္ေန႔တြင္လည္းေကာင္း ေရးဆြဲႏိုင္ခဲ့ၿပီးျဖစ္ပါသည္။ MACCS စနစ္ စမ္းသပ္အသုံးျပဳမႈ Running Test ကို ၂၀၁၆ ၾသဂုတ္လမွ ေအာက္တိုဘာလ အထိေဆာင္႐ြက္ခဲ့ပါၿပီး ၂၀၁၆ ခုႏွစ္ ႏိုဝင္ဘာလ (၁၂) ရက္ေန႔တြင္ System အား ရန္ကုန္ ဧရိယာ (သီလဝါအထူးစီးပြားေရးဇုန္ အပါအဝင္) ၌စတင္အသုံးျပဳခဲ့ပါသည္။

MACCS စနစ္ျဖင့္ ခ်ိတ္ဆက္ေဆာင္႐ြက္မည့္ အျခားအစိုးရအဖြဲ႕အစည္းမ်ား (OGAs)

၅။ MACCS စနစ္သည္ National Single Window (NSW) အေကာင္အထည္ေဖာ္ ေဆာင္႐ြက္မႈကိုပါ အေထာက္အကူျပဳသည့္ စနစ္တစ္ခုျဖစ္ေသာေၾကာင့္ အျခားေသာအစိုးရ အဖြဲ႕အစည္းမ်ား (OGAs) ႏွင့္ခ်ိတ္ဆက္ ေဆာင္႐ြက္သြားမည္ျဖစ္ရာ ပထမအဆင့္တြင္ သြင္းကုန္/ထုတ္ကုန္ ရွင္းလင္းေရးလုပ္ငန္းစဥ္မ်ားႏွင့္ ဆက္စပ္လ်က္ရွိသည့္ ေအာက္ပါဌာန မ်ားႏွင့္ ခ်ိတ္ဆက္ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္-

စီးပြားေရးႏွင့္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန(MOC) (ကိုယ္ပိုင္စနစ္ျဖင့္ခ်ိတ္ဆက္ပါမည္)
ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္(MPA) (ကိုယ္ပိုင္စနစ္ Port EDI ျဖင့္ခ်ိတ္ဆက္ပါမည္)
အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရးဌာန (FDA)
အပင္ေရာဂါပိုးမႊားကာကြယ္ေရးဌာန (Plant Quarantine)
ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန ( Animal Quarantine )
ငါးလုပ္ငန္း ဦးစီးဌာန ( Animal Quarantine )
ျမန္မာ့စီးပြားေရးဘဏ္(MEB)(အေကာက္ခြန္ျဖင့္သာသီးသန႔္ခ်ိတ္ဆက္ျခင္းျဖစ္ပါ သည္)
ေကာက္ခံႏိုင္ေသာအခြန္အမ်ိဳးအစားမ်ား

၆။ MACCS စနစ္မွ ေအာက္ပါအခြန္အမ်ိဳးအစား (၁၀) မ်ိဳးအား ေကာက္ခံသြားမည္ ျဖစ္ပါ သည္ -

Customs Duty (အေကာက္ခြန္ဦးစီးဌာနအတြက္ ေကာက္ခံေသာ အေကာက္ခြန္ ရေငြ Customs Duty-CD ျဖစ္ပါသည္)
Commercial Tax ( ျပည္တြင္းအခြန္မ်ားဦးစီးဌာနအတြက္ ေကာက္ခံေပးေသာ ကုန္သြယ္ လုပ္ငန္းခြန္ Commercial Tax-CTျဖစ္ပါသည္)
Security Fee (for X-Ray) ( ကုန္ေသတၱာမ်ားလုံၿခဳံမႈ စစ္ေဆးျခင္းအတြက္ X-Rayျဖတ္သန္းစစ္ေဆးမႈ အခေၾကးေငြ)
Revenue Deposit -RD orPost Value Revenue Deposit – PVRD
(RD ဆိုသည္မွာ အေရးႀကီးကုန္ပစၥည္းမ်ားထုတ္ယူမႈအတြက္ အၿပီးသတ္ အခြန္ ေပးေဆာင္ ျခင္းမျပဳမီ ေပးသြင္းထားရသည့္ အခြန္အာမခံေငြျဖစ္ပါသည္၊ PVRD ဆိုသည္မွာ ထုတ္ယူမည့္ ကုန္ပစၥည္းမ်ား၏တန္ဖိုးအား အတည္ျပဳ သတ္မွတ္ႏိုင္ျခင္း မရွိေသးမီ ကုန္ပစၥည္းမ်ားကို ထုတ္ယူႏိုင္ေရးအတြက္ ေပးသြင္းထားရသည့္အခြန္ အာမခံေငြ ျဖစ္ပါသည္)

Specific Goods Tariff – SGT (ျပည္ေထာင္စုအခြန္အေကာက္ဥေပေဒတြင္ ပါရွိသည့္ ျပည္တြင္းအခြန္မ်ားဦးစီးဌာန အတြက္ေကာက္ခံေပးရေသာ အထူးကုန္စည္ခြန္ ျဖစ္ပါ သည္)
Transit Duty-TD(ျဖတ္သန္းကုန္စည္ခြန္ ျဖစ္ပါသည္)
Advanced Income Tax - AT (ျပည္တြင္းအခြန္မ်ားဦးစီးဌာနအတြက္ သြင္းကုန္/ ထုတ္ကုန္ ကိစၥရပ္မ်ားတြင္ ေကာက္ခံေပးရေသာ ႀကိဳတင္ဝင္ေငြခြန္ ၂% ျဖစ္ပါသည္)
MACCS Service Fees – MF (MACCS စနစ္အသုံးျပဳျခင္းအတြက္ ID/ED တစ္ေစာင္ျခင္းအလိုက္ ေကာက္ခံသြားမည့္ ဝန္ေဆာင္ခ အခေၾကး ေငြျဖစ္ပါသည္။)
Redemption Fine - RF, Direct Penalty -DP
(RF ဆိုသည္မွာ သြင္းကုန္/ထုတ္ကုန္ ေၾကညာလႊာမ်ားတြင္ ျဖည့္သြင္းရမည့္ အခ်က္ အလက္မ်ားလြဲမွားျခင္း၊ ျပည့္စုံမွန္ကန္မႈမရွိျခင္း၊ အေကာက္ခြန္လုပ္ထုံးလုပ္နည္း ခ်ိဳးေဖါက္ျခင္းမ်ားအတြက္ ကုန္ပစၥည္းေ႐ြးယူႏိုင္ရန္ တပ္႐ိုက္သည့္ ေ႐ြးယူဒဏ္ေငြ ျဖစ္ပါသည္၊ DP ဆိုသည္မွာ အထူးအမိန႔္ SO ကိစၥရပ္မ်ားတြင္လည္းေကာင္း အျခား ကိစၥရပ္မ်ားတြင္သတ္မွတ္ျပဌာန္းခ်က္ သို႔မဟုတ္ ကတိကဝတ္မ်ားခ်ိဳးေဖါက္မႈတို႔ အတြက္ တပ္႐ိုက္သည့္ တိုက္႐ိုက္ဒဏ္ေငြျဖစ္ပါသည္)

License Fee – LF (ကုန္ပစၥည္းမ်ား တင္သြင္း/တင္ပို႔မႈ ျပဳလုပ္ရာတြင္ အခ်ိဳ႕ေသာ ကိစၥရပ္မ်ားတြင္ ကုန္သြယ္ေရးဦးစီးဌာနအတြက္ ေကာက္ခံေပးရေသာ လိုင္စင္ခ ျဖစ္ပါ သည္)
MACCS စနစ္၏ ထူးျခားသည့္ လုပ္ေဆာင္ခ်က္မ်ား

၇။ MACCS စနစ္၏ ထူးျခားသည့္ သြင္ျပင္လကၡဏာမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါ သည္-

၂၄ နာရီပတ္လုံးလုပ္ငန္းေဆာင္႐ြက္ႏိုင္သည့္ စနစ္ျဖစ္သျဖင့္ အလုပ္ခ်ိန္/႐ုံးခ်ိန္ ျပင္ပ တြင္ ေၾကညာလႊာ (ID/ ED) တင္သြင္းျခင္းမ်ားကို လြယ္ကူစြာ လက္ခံေဆာင္႐ြက္ ႏိုင္ျခင္း၊
အခြန္အရပ္ရပ္ ေပးေဆာင္ျခင္းအား ႀကိဳတင္အပ္ႏွံေငြ (Deposit)၊ ဘဏ္အာမခံစနစ္ (Security) ျဖင့္ ေပးေဆာင္ႏိုင္ရန္ ထည့္သြင္းေရးဆြဲထားျခင္း၊
ယခင္ကုန္ပစၥည္းရွင္းလင္းထုတ္ယူမႈတြင္ အခြန္ေဆာင္ပစၥည္းစစ္ထုတ္ယူသည့္စနစ္မွ ပစၥည္းစစ္အခြန္ေဆာင္ ထုတ္ယူမႈစနစ္ သို႔ ေျပာင္းလဲက်င့္သုံးျခင္း၊
စနစ္သည္ ၂၄ နာရီပတ္လုံးေဆာင္႐ြက္သြားမည့္ စနစ္ျဖစ္ေသာေၾကာင့္ အခြန္ အရပ္ရပ္ တြက္ခ်က္မႈအတြက္ ဗဟိုဘဏ္မွ ေန႔စဥ္ထုတ္ျပန္ေပးေသာ Daily Exchange Rate သုံးစြဲျခင္းအစား လုပ္ငန္းေဆာင္႐ြက္ရာတြင္ ပိုမိုအဆင္ေျပ ေခ်ာေမြ႕ေစမည့္ Weekly Exchange Rateသုံးစြဲသည့္စနစ္သို႔ေျပာင္းလဲက်င့္သုံးျခင္း၊
Customs Risk Managementစနစ္အား ႏိုင္ငံတကာအဆင့္မီ စနစ္တက် သုံးစြဲ လာႏိုင္ျခင္း၊
စနစ္ႀကီးတစ္ခုလုံး ေအာင္ျမင္စြာလည္ပတ္ႏိုင္ေရးသည္ စနစ္တြင္ပူးေပါင္းပါဝင္ၾက ရမည့္ အျခားေသာအစိုးရ ဌာနဆိုင္ရာမ်ား၊ ပုဂၢလိကအဖြဲ႕အစည္းမ်ား၊ ပုဂၢိဳလ္မ်ား၏ ပူးေပါင္းေဆာင္႐ြက္မႈသည္ အလြန္အေရးပါေသာ အခန္းက႑အျဖစ္ ပါဝင္ေနျခင္း၊
ဆက္လက္ေဆာင္႐ြက္သြားမည့္ လုပ္ငန္းအစီအစဥ္မ်ား

၈။ ျမဝတီနယ္စပ္ေဒသသို႔ MACCS/MCIS စနစ္အသုံးျပဳႏိုင္ေရးအတြက္ ဆက္လက္ အေကာင္ အထည္ေဖာ္ေဆာင္႐ြက္သြားမည့္ လုပ္ငန္းစဥ္မ်ားမွာ ေအာက္ပါအတိုင္းျဖစ္ပါသည္ -

(က) အေကာက္ခြန္လုပ္ထုံးလုပ္နည္းမ်ားအား System တြင္ ထည့္သြင္း အသုံးျပဳႏိုင္ေရး အတြက္ ဂ်ပန္-ျမန္မာကြၽမ္းက်င္ပညာရွင္မ်ားျဖင့္ Working Group Meeting မ်ား ျပဳလုပ္ျခင္း၊
(ခ) System အား အသုံးျပဳမည့္ အေကာက္ခြန္အရာရွိမ်ားအတြက္ Software/ Hardware မ်ား ဝယ္ယူျခင္း၊ System Management Vendor ေ႐ြးခ်ယ္ျခင္း
(ဂ) System User မ်ားထံမွ System အသုံးျပဳသူမ်ားအတြက္ ေလွ်ာက္လႊာမ်ား လက္ခံခြင့္ျပဳျခင္း၊
(ဃ) System User မ်ားအတြက္ သင္တန္းမ်ားပို႔ခ်ေပးျခင္း၊
(င) MACCS စနစ္ Test Run အသုံးျပဳမႈကို ၂၀၁၈ ခုႏွစ္ မတ္လဆန္းမွ ေမလကုန္ အထိ ေဆာင္႐ြက္ျခင္း၊
(စ) ျမဝတီတြင္ MACCS စနစ္အား ၂၀၁၈ ခုႏွစ္ ဇြန္လတြင္ စတင္အသုံးျပဳျခင္း၊

နိဂုံး

သို႔ျဖစ္ပါ၍ MACCS/ MCIS စနစ္ စတင္အသုံးျပဳေဆာင္႐ြက္ခဲ့သည့္အခ်ိန္မွစတင္၍ သြင္းကုန္/ ထုတ္ကုန္ရွင္းလင္းေရး လုပ္ငန္းစဥ္မ်ားကို Online စနစ္ျဖင့္ေဆာင္႐ြက္ခဲ့ရာ လုပ္ငန္းမ်ားသြက္လက္မွန္ကန္ျမန္ဆန္လာခဲ့ပါသည္။ ၎အျပင္ စနစ္တပ္ဆင္အသုံးျပဳခ်ိန္မွ စ၍ သြင္းကုန္/ ထုတ္ကုန္ရွင္းလင္းေရး လုပ္ငန္းေဆာင္႐ြက္မႈမ်ားကို ႏိုင္ငံတကာ စံခ်ိန္စံၫႊန္း ႏွင့္အညီ ေဆာင္႐ြက္ႏိုင္ခဲ့သည့္အျပင္ ကုန္သြယ္မႈပမာဏမ်ား သိသာစြာတိုးတက္လာၿပီး ႏိုင္ငံေတာ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈအခန္းက႑မ်ား၊ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈအခန္းက႑မ်ား ကို အေထာက္အကူျပဳ ေဆာင္႐ြက္ႏိုင္ခဲ့ပါသည္။ MACCS စနစ္ ေရရွည္တည္တံ့ ခိုင္ၿမဲေစေရး အတြက္ အေကာက္ခြန္ဦးစီးဌာန ဝန္ထမ္းမ်ားအပါအဝင္ စနစ္တြင္ ပူးေပါင္းပါဝင္ၾကရမည့္ အျခားေသာ အစိုးရဌာနဆိုင္ရာမ်ား၊ ပုဂၢလိကအဖြဲ႕အစည္းမ်ား၊ အေကာက္ခြန္ရွင္းလင္းေရး ကိုယ္စားလွယ္မ်ား၏ ပူးေပါင္းပါဝင္ေဆာင္႐ြက္မႈသည္ အလြန္အေရးပါေသာ အခန္းက႑ တစ္ရပ္ျဖစ္ပါေၾကာင္း ေဖာ္ျပအပ္ပါသည္။

ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန

စီမံကိန္းႏွင့္ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန အမိန္႔ေၾကာ္ျငာစာ(အမွတ္| ၂၃/၂၀၂၀)ကုန္သြယ္လုပ္ငန္းခြန္ မက်သင့္သည့္ ဝန္ေဆာင္မႈအမ်...
19/02/2020

စီမံကိန္းႏွင့္ ဘ႑ာေရးႏွင့္စက္မႈဝန္ႀကီးဌာန
အမိန္႔ေၾကာ္ျငာစာ(အမွတ္| ၂၃/၂၀၂၀)

ကုန္သြယ္လုပ္ငန္းခြန္ မက်သင့္သည့္ ဝန္ေဆာင္မႈအမ်ိဳးအစားမ်ားႏွင့္စပ္လ်ဥ္း၍အဓိပၸါယ္ရွင္းလင္းဖြင့္ဆိုျခင္း

ေသာက္ေရသန္႔လုပ္ငန္းရွင္မ်ား သိရွိလိုက္နာရန္  FDA
19/02/2020

ေသာက္ေရသန္႔လုပ္ငန္းရွင္မ်ား သိရွိလိုက္နာရန္
FDA

(၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်သော ၁၃ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၀ အား ကျွန်တော်တို့ U&Me Myanmar မှ သတိတရအောက...
13/02/2020

(၁၀၅)နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖြစ်သော ၁၃ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၂၀ အား ကျွန်တော်တို့ U&Me Myanmar မှ သတိတရအောက်မေ့လျက်ရှိပါသည်။ 🇲🇲


🇲🇲 ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးက ...
11/02/2020

🇲🇲 ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့်တောင်တန်းဒေသ ကိုယ်စားလှယ် ၂၁ ဦးက ပင်လုံစာချုပ်ကြီးကို လက်မှတ်ရေးထိုးခဲ့ကြပြီး "ပြည်ထောင်စုနေ့"ကြီး ဖြစ်ပေါ်လာခဲ့ပေမယ့် တကယ်တမ်း တိုင်းရင်းသားပေါင်းစုံ ညီညွတ်မှုအရယူနိုင်ခဲ့ခြင်းဟာ လွန်ခဲ့တဲ့ ၇၃ နှစ်က ဒီနေ့၊ ဒီလိုအချိန်မှာ သေချာခဲ့နာလို့ဆိုရင် မမှားပါဘူး။
🇲🇲

၇၃ ကြိမ်မြောက် ပြည်ထောင်စုနေ့ အားဂုဏ်ပြုကြိုဆိုလျက်.........🇲🇲🇲🇲🇲🇲

"U&Me Myanmar"

မင်္ဂလာပါခင်ဗျာ။🇲🇲မိတ်ဆွေအနေနဲ့ ကုမ္ပဏီလုပ်ငန်းပိုင်ရှင် (သို့မဟုတ်) လုပ်ငန်းတွေကို ဦးဆောင်စီမံခန့်ခွဲနေရသူ တစ်ဦးသာဆိုရင...
08/02/2020

မင်္ဂလာပါခင်ဗျာ။🇲🇲

မိတ်ဆွေအနေနဲ့ ကုမ္ပဏီလုပ်ငန်းပိုင်ရှင် (သို့မဟုတ်) လုပ်ငန်းတွေကို ဦးဆောင်စီမံခန့်ခွဲနေရသူ တစ်ဦးသာဆိုရင် မိတ်ဆွေရဲ့ နေ့စဉ်ဘဝမှာ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပြည့်နှက်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် မိတ်ဆွေအနေနဲ့ တချို့သော အရေးကြီး လုပ်ငန်းဆောင်တာတွေကို စိတ်ချယုံကြည်လို့ရတဲ့ သူတစ်ဦးဦးထံကို တာဝန်လွှဲပြောင်းပေးဖို့ လိုအပ်လာပါပြီ။ ဒါမှလည်း မိတ်ဆွေအနေနဲ့ ပိုမိုအရေးကြီးတဲ့ကိစ္စရပ်တွေကို ကိုယ်တိုင်လုပ်ဆောင်နိုင်မှာမို့လို့ပါ။

ကျွန်တော်တို့ U & Me ကုမ္ပဏီက မိတ်ဆွေနဲ့ မိတ်ဆွေရဲ့ လုပ်ငန်း Brand တစ်ခုလုံးအတွက် ယုံကြည်စိတ်ချ အားထားလို့ရတဲ့ Business Partner အဖြစ် ရှိနေပေးမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လူကြီးမင်းမိတ်ဆွေတို့အတွက် အောက်ပါ ဝန်ဆောင်မှုများကို စီစဉ်ဆောင်ရွက်ပေးနိုင်ဖို့ အသင့်ရှိပါတယ်။

1. ကုမ္ပဏီအသစ်ဖွဲ့စည်းတည်ထောင်ခြင်း

2. ကုမ္ပဏီဆိုင်ရာ အခြားသောပြောင်းလဲမှုများလုပ်ဆောင်ပေးခြင်း

3. ကုမ္ပဏီ အမည်ပြောင်းလဲခြင်း

4. ကုမ္ပဏီ ရုံးခန်း လိပ်စာပြောင်းလဲခြင်း

5.ကုမ္ပဏီ ဒါရိုက်တာ ပြောင်းလဲခြင်း

6. ကုမ္ပဏီ ရှယ်ယာပြောင်းလဲ၊ ရောင်းချခြင်း

7. ကုမ္ပဏီနှစ်ပတ်လည်အစီရင်ခံစာ တင်ပြခြင်း(Annual Return)

8. ထုတ်ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကဒ် (ထသက)အသစ်လျှောက်ထားပေးခြင်း၊သက်တမ်းတိုးလျှောက်ပေးခြင်း။

9. ထုတ်ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်မှ
အချက်လက်များပြောင်းလဲပေးခြင်း။

10. အကောက်ခွန်းဦးစီးဌာနမှ IE Code အသစ်လျှောက်ထားခြင်း/မိတ္တူမှန်ပြန်လည်လျှောက်ထားပေးခြင်း။

11. ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းအသင်းဝင်အတွက် ကဒ် အသစ်လျှောက်ပေးခြင်း ၊ သက်တမ်းတိုး လျှောက်ပေးခြင်း။

12. Travel & Tour Inbound Tour licence အသစ်လျှောက်ပေးခြင်း ၊ သက်တမ်းတိုးလျှောက်ပေးခြင်း။

13. ကုမ္ပဏီဘဏ်စာရင်းဖွင့်ခြင်း ဝန်ဆောင်မှုပေးခြင်း

14. ကုမ္ပဏီ နိုင်ငံခြားငွေလွဲဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်း ။(LC /TT)

15. ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပေးခြင်း။

16.MIC နှင့်ပက်သက်သော လုပ်ငန်းများအား ဝန်ဆောင်မှုပေးခြင်း။ (ခွင့်ပြုမိန့်/အတည်ပြုမိန့်နှင့်အစရှိသည်များ)

17. အကောက်ခွန် ရှင်းလင်းပေးခြင်း Custom Clearance (Export & Import)

18. ပြည်တွင်းအခွန်ရုံး ၌ကုမ္ပဏီအခွန်များရှင်းလင်းပေးခြင်း

19. ကုန်သွယ်ရေးရုံး၌ သွင်းကုန်/ထုတ်ကုန်လိုင်စင်များလျှောက်ထားပေးခြင်း။(Import & Export licence )

20. FDA ဌာန၏ထောက်ခံချက်များ လျှောက်ထားပေးခြင်း။

21. အစိုးရ ဌာနဆိုင်ရာများဆိုင်ရာထောက်ခံချက်များ လျှောက်ထားပေးခြင်း။(စိုက်ပျိုးရေး/သီးနှံနှင်ရောဂါကာကွယ်ရေး/တိုင်းရင်းဆေး အစရှိသည့် ဌာနဆိုင်ရာထောက်ခံချက်အမျိုးမျိုး)

22. အိမ်ခြံမြေ ရောင်းချခြင်း /၀ယ်ယူခြင်း /ဌားရမ်းခြင်းများ ဆောင်ရွက်ပေးခြင်း

23. ကွန်တိန်နာ ရောင်း/၀ယ်/ဌား ၀န်ဆောင်မှုများ

24. Digital Marketing ဝန်ဆောင်မှုများ (page /website )

25. Company website အသစ်များရေးဆွဲပေးခြင်း

မိတ်ဆွေတို့လိုအပ်နေတဲ့ ဝန်ဆောင်မှုများအတွက် အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် " 09250005114 " သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပြီး မိတ်ဆွေရဲ့ အရေးကြီးလုပ်ငန်းဆောင်တာများကို တာဝန်ခွဲဝေ ကူညီလုပ်ဆောင်ပေးဖို့ အမြဲအဆင်သင့်စောင့်ကြိုနေပါတယ်ခင်ဗျာ။

Address

No. 44 , Room(left) , 41st , Lower Block , Botataung Township , Yangon Region
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Website

Alerts

Be the first to know and let us send you an email when U&Me Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share