20/11/2024
What you feel, you attract
သင်ခံစားရတဲ့အရာတွေအတိုင်း..
သင်ဆွဲငင်ပါတယ်
မိတ်ဆွေမောင်လေးတစ်ယောက်နဲ့ စကားပြောဖြစ်တော့ သူက အလွမ်းအဆွေးခံစားချက်ကလေးတွေနဲ့ Feel လို့ကောင်းတဲ့ Feel ပို့စ်လေးတွေ..
ဘာရယ်မဟုတ် Facebook မှာတင်မိတယ်။
ဒီလိုတင်နေရင်းကနေ တကယ်ကို လွမ်းရဆွေးရတဲ့ဘဝကို ရောက်သွားတော့တာပါပဲလို့ ပြောပြပါတယ်။
ကျွန်မကိုယ်တိုင်လည်း တစ်ခါတလေ ဒီလို ကဗျာလိုလို.. စာလိုလို..
Status လေးတွေဖတ်ပြီး ကောင်းလိုက်တာ..ရေးတတ်လိုက်တာလို့ တွေးမိတာ
အမှန်ပါပဲ။
ဒါကြောင့် တချို့တွေလည်း စာသားလေးတွေကြိုက်လို့ မျှဝေတယ်.
ခံစားချက်တွေနဲ့တိုက်ဆိုင်လို့ မျှဝေတယ်..စသည်ဖြင့် အမျိုးစုံရှိနိုင်ပါတယ်။
ကျွန်မညီမလေးတစ်ယောက်ကတော့ ဓာတ်ပုံရိုက်တဲ့အခါ မျက်နှာကိုမပြဘဲ အဝေးကိုငေးကြည့်ရင်း တွေးဆွေးနေတဲ့ပုံတွေ. အမှောင်ထဲမှာ ထိုင်နေ
တဲ့ပုံတွေ.. ရိုက်တတ်ပါတယ်။
သူ့ဓာတ်ပုံတွေကိုကြည့်ရင် ဆွေးမြေ့.၊ စိတ်ပျက်အားငယ်၊ ထွက်ပေါက်ပိတ်၊ လမ်းပျောက်၊ အထီးကျန်..စတဲ့အဓိပ္ပာယ်တွေ..၊ Negative Emotions
တွေကို ကိုယ်စားပြု ဖော်ညွှန်းတဲ့ပုံတွေ.. အမြဲဖြစ်နေတတ်တယ်။
ဒါကြောင့် ကျွန်မက ဒီလိုပုံတွေ မရိုက်ပါနဲ့ဟယ်။ အလင်းရောင်အောက်မှာ
ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ရောင်စုံလေးတွေပါတဲ့ ပုံလေးတွေ ရိုက်ပါလို့ သူ့ကိုပြောရပါတယ်။
ဘာဖြစ်လို့လဲဆိုရင်.. What you feel, you attract မို့လို့ပါပဲ။
ကိုယ်ခံစားရတာတွေကို စိတ်ကလည်းဆွဲငင်နေတဲ့သဘောရှိပါတယ်။
ကိုယ်ဟာ ကွန်ပျူတာ တစ်လုံးလို့ပဲဆိုကြပါစို့. ကျွန်မတို့ အချိန်တိုင်း..
တွေးနေတဲ့အတွေးတွေဟာ
Software Program တစ်ခုကို အသေးစိတ်ရေးဆွဲနေတာနဲ့တူပါတယ်။
ကိုယ့်ကိုယ်ကိုယ် မသိစိတ် Subconscious Mind မှာ ဒီလိုဖြစ်လိုက်စမ်း.. ဒီလိုဖြစ်စမ်းဟဲ့.. နဲ့ Programming လုပ်နေတဲ့ သဘောပါပဲ။
မသိစိတ်ဆိုတဲ့အတိုင်း မသိဘဲစိတ်ထဲရောက်နေခဲ့တဲ့ အတွေးတွေ..
ပုံရိပ်တွေကပဲ အခုလက်ရှိဖြစ်တည်နေတဲ့ ဘဝရဲ့ ၉၅ ရာခိုင်နှုန်းကို ပုံဖော်တည်ဆောက်ထားပါတယ်။
လူတွေဟာ Subconscious Mind ထဲမှာလည်း ကိုယ်တကယ်မလိုချင်..၊ မဖြစ်ချင်တာတွေနဲ့ Manifest သွားဖြစ်နေမိတတ်ကြတာ ကျွန်မလည်း အခုနောက်ပိုင်းမှ သတိထားမိလာပါတယ်။
ဒါပေမယ့် ကျွန်မတို့ဟာ ဦးနှောက်ရဲ့တွေးပုံတွေးနည်းတွေကို Reprogram
ပြန်လုပ်လို့ရပါတယ်။
အနောက်တိုင်းက စွမ်းအင်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Bruce Lipton
ရဲ့ Talk တွေကို နားထောင်တော့
Fake it till you make it လို့ ဆိုပါတယ်။
ကိုယ်ဖြစ်ချင်တဲ့ ဘဝအခြေအနေတစ်ခု ဖြစ်မလာသေးပေမဲ့ ဖြစ်နေပြီဆိုတဲ့
ခံစားချက်နဲ့ နေဖို့ဆိုလိုချင်တာပါ။
I'm going to be happy.
ငါ ပျော်ရလိမ့်မယ်..ဆိုတဲ့ အတွေးတွေအစား
I'm happy ငါ..ပျော်တယ်..လို့ မကြာခဏ တွေးတောရင်း.. (Manifesting)၊ လက်နဲ့ချရေးရင်း..
(Journalling) ၊ ပါးစပ်ကပြောရင်း.. (Afirming) ၊ မျက်စိက မြင်ယောင်
ကြည့်ရင်း..(Visualizing) ၊ သိစိတ် Conscious Mind နဲ့ ဦးနှောက်ကိုချိတ်ဆက် အလုပ်လုပ်ခိုင်းတဲ့ သဘောပါပဲ။
ဒါဟာ Reprogram ပြန်လုပ်တာ
ပါပဲ။
ဦးနှောက်က ခဏခဏ တွေးတာတွေ..၊ လုပ်တာတွေ..၊ ပြောတာတွေ.
Repetitive Pattern တွေကို မှတ်ထားလေ့ရှိပါတယ်။
ကျွန်မတို့စိတ်မှာတွေးတော စိတ်ကူးပုံဖော်နေတဲ့ အရာတွေဟာ အပြင်လက်တွေ့ဘဝမှာလည်းဖြစ်ဖို့ နီးစပ်လာလေပါပဲ။
အခုနောက်ပိုင်း.. ပိုင်းလော့ဆရာတော်ဘုရားတရားတွေကို နားထောင်ရတဲ့အခါမှာ သတ္တိ ကိန်းတယ်..ဆိုတဲ့စကားကို ဆရာတော်.. ခဏခဏ ပြော
ပါတယ်။
လူတစ်ယောက်ဟာ အပူတွေများတယ်ဆိုရင် အပူတွေကို ဆွဲငင်တယ်။
အအေးဓာတ်များတဲ့သူတွေက အအေးဓာတ်တွေကို ဆွဲငင်တတ်တယ်။
ဒါကြောင့် တစ်ခါတလေ ကိုယ်က စိတ်မှတ်မဲ့လုပ်လိုက်မိတဲ့ အပြုအမူ
တွေ..၊ အတွေးတွေ.. အကုန်လုံးဟာ ကျွန်မတို့ရဲ့ဘဝကို အဲဒီလိုပုံစံအတိုင်းပဲ
ဆွဲငင်နေတတ်ပါတယ်။
သတ္တိ ကိန်းတယ်ဆိုတာက တကယ်ပြောရမယ်ဆိုရင် ကိုယ်အမြဲလုပ်နေ
တဲ့ အလေ့အကျင့်တစ်ခုဟာ အထုံပါလာတဲ့သဘောပါပဲ။
ဥပမာအားဖြင့် နေ့တိုင်းအရက်သောက်တဲ့သူကလည်း အရက်မသောက်ဘဲ
မနေနိုင်တော့ပါဘူး။ နေ့တိုင်းဘုရားရှိခိုးတဲ့သူကလည်း ဘုရားမရှိခိုးဘဲ မနေနိုင်တော့ဘူး။
ကျွန်မတို့ နေ့တိုင်း အသုံးပြုနေတဲ့ Facebook မှာပဲကြည့်.. ပျော်တတ်တဲ့
သူကလည်း ပျော်စရာတွေပဲတင်တယ်။
ဝမ်းနည်းတတ်တဲ့သူကလည်း အမြဲ
ဝမ်းနည်းအားငယ်နေတတ်ကြတယ်။
ဒါဟာ သတ္တိကိန်းတာပါပဲ။
ကိုယ့်ရဲ့နှလုံးသွင်းမှုအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့ စိတ်အနေပြောင်းနေတတ်ပါတယ်။ စိတ်အနေပြောင်းရင် ဘဝအခြေအနေတွေလည်း ပြောင်းနေ
တတ်ပါတယ်။
အတွေးတွေပြောင်းရင် ဘဝတွေလည်းပြောင်းနေသည်..။
(ပိုင်းလော့ဆရာတော်ကြီး)
ဒါကြောင့် ကျွန်မတို့က မသိစိတ်ရဲ့ နှလုံးသွင်းမှုတွေကို ပြောင်းပစ်တတ်ဖို့
လိုပါတယ်။
ဒါအတွက် လိုအပ်တာကတော့ သတိ.. Self Awareness / Mindfulness ပဲ ဖြစ်ပါတယ်။
ကျွန်မလည်း ဆရာတော်ကြီးတရားနဲ့ Dr. Bruce Lipton Talk ကို
နားထောင်ရင်း ဉာဏ်မှီသလောက် ဆက်စပ်စဉ်းစားမိတာပါ။
ကျွန်မအမြင်အရတော့ ဆိုးရွားတဲ့
ကံတရားတွေဟာလည်း ဖြစ်ဖို့ပါ
လာရင် ရှောင်လွှဲမရပါ။ ဘယ်လိုတွေပြောင်းတွေးတွေ.. ကုသိုလ်အလုပ်တွေနဲ့ဖြည့်ပြီး ချေဖျက်နိုင်မှ တော်ကာကျမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် အချိန်တိုင်းမှာ
ကောင်းတဲ့ အတွေးကိုတွေး.. ကောင်းတာကိုလုပ်. ကောင်းတဲ့သတိနဲ့ နေထိုင်
တာဟာ ဘယ်တော့မှ မမှားယွင်းတဲ့ မဂ္ဂင်ရှစ်ပါး နည်းလမ်းပါပဲ။
#မွန်ဟော်စီ 🌼💙
You are Your Universe
#သင်သည်သာ_သင့်စကြာဝဠာ စာအုပ်။
ဒီစာအုပ်လေးထဲတွင် စိတ်ကို ခွန်အားဖြစ်စေမယ့် စာတွေ အများကြီး ပါဝင်ပါသည်။
- MK Book Store & စင်္ကာပူ