Golden Future Myanmar Condominium Sales & Rent

Golden Future Myanmar Condominium  Sales & Rent Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Future Myanmar Condominium Sales & Rent, Business service, 265A, 7th Street, Nga Moe Yeik Qtr, Thingangyun Tsp, Yangon.

"အမေဆိုတာ သက်ရှိအိမ်တစ်လုံးပါ။"အမေများနေ့မှာ မေမေ့ကို ချစ်တယ်လို့ပြောရဦးမယ်နော်။ အခြားနေ့တွေမှာလည်း မေမေ့ကို ဂရုစိုက်မပြ...
09/05/2021

"အမေဆိုတာ သက်ရှိအိမ်တစ်လုံးပါ။"

အမေများနေ့မှာ မေမေ့ကို ချစ်တယ်လို့ပြောရဦးမယ်နော်။ အခြားနေ့တွေမှာလည်း မေမေ့ကို ဂရုစိုက်မပြတ်၊ ကြင်နာမပြတ်ရှိပေးရင် လောကကြီးက မေမေ့အပြုံးတွေနဲ့ ပိုသာယာမှာပါ။

Happy Mother’s Day💗💗💗

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့မှာမြန်မာနိုင်ငံတဝှမ်းမှ ပြည်သူ့ဝန်ထမ်း၊ပုဂ္ဂလိကCDM ဝန်ထမ်းများအားလုံးကိုလေးစား ဂုဏ်ပြုပါတယ...
01/05/2021

ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားနေ့မှာ
မြန်မာနိုင်ငံတဝှမ်းမှ ပြည်သူ့ဝန်ထမ်း၊ပုဂ္ဂလိက
CDM ဝန်ထမ်းများအားလုံးကို
လေးစား ဂုဏ်ပြုပါတယ်(non CDMမပါ)

💛အိမ်ဆိုတာ နှလုံးသားရဲ့အ​နွေး​ထွေးဆုံး​နေရာ​လေးတခုပါ💛နှစ်​ပေါင်း၁၀၀ရှိပြီဖြစ်တဲ့ အိမ်က​လေးကိုပြန်လည်ပြုပြင်ထားခြင်းက စိတ...
03/01/2021

💛အိမ်ဆိုတာ နှလုံးသားရဲ့အ​နွေး​ထွေးဆုံး​နေရာ​လေးတခုပါ💛

နှစ်​ပေါင်း၁၀၀ရှိပြီဖြစ်တဲ့ အိမ်က​လေးကိုပြန်လည်ပြုပြင်ထားခြင်းက စိတ်နှလုံး​အေးချမ်း​စေပြီး အနုပညာ​လက်ရာမြောက်လှပါတယ်💛💛💛

💛

(ဗဟုသုတရ​စေရန် ရည်ရွယ်၍ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါသည်)~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~“တိုက်ခန်းဝယ်လျှင် ပိုင်ဆိုင်မှုခိ...
30/12/2020

(ဗဟုသုတရ​စေရန် ရည်ရွယ်၍ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါသည်)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
“တိုက်ခန်းဝယ်လျှင် ပိုင်ဆိုင်မှုခိုင်မာစေရန်ဘယ်လိုလုပ်ရမလဲဟု မေးမြန်းသူတို့အတွက်”
သိမှတ်ဖွယ်ရာတို့ကို ဖော်ပြပေးလိုက်ပါသည်-
အပျောက်တိုက်ခန်းဝယ်ယူနည်း
- ပိုင်ဆိုင်မှုသေချစေရန် အတွက် တိုက်သစ်ဆိုက ဘီစီစီ လူနေထိုင်ခွင့် ပြနိုင်မှ တိုက်ခန်းဝယ်ယူရန် အတွက် စရန်ငွေပေးချေပါ.
- စရန်ပေးပြီးလျှင် ချက်ခြင်း အဆိုပါတိုက်ခန်းကို ဝယ်ယူမည်ဖြစ်၍ ကန့်ကွက်ရန် ရှိ မရှိ သတင်းစာတွင် ပွင့်လင်းမြင်သာစွာ ကြေညာပါ။
- ငွေအပြေချေချိန်တွင် တိုက်ခန်းနှင့် အတူ မြေရှင်၏ လက်မှတ်ကိုရဖို့လည်း အရေးကြီးပါသည်။
- တိုက်အဟောင်းမှ တိုက်ခန်းကို ဝယ်ယူခြင်းဖြစ်ပါက ဝယ်ယူသော တိုက်ခန်းနှင့် မြေရှင်၏ လက်မှတ်ရလျှင် လုံလောက်ပါသည်။
- မြေရှင်၏ လက်မှတ်ကို တောင်းရခြင်း အကြောင်းမှာ “ အပျောက်တိုက်ခန်းပိုင်ရှင်သည် ဆောက်လုပ်ထားသော အဆောက် အအုံရှိ တိုက်ခန်းများအပါအဝင် ဥပစာကို အကန့်အသတ်မရှိ လက်ဝယ်ထားပိုင်ခွင့်၊ လွှဲပြောင်းပိုင်ခွင့် များရှိ သော အိမ်ငှားစားသူ ပိုင်ရှင်တစ်ဦးဖြစ်သောကြောင့် ပင်ဖြစ်သည်။
တိုက်ခန်း အမျိုးအစားများ
တိုက်ခန်းအမျိုးအစား အဓိကအားဖြင့် ပုဂ္ဂလိကပိုင် နှင့် ပြည်သူပိုင်/ အစိုးရပိုင်ဟူ၍ အဓိကနှစ်မျိုးနှစ်စားရှိသည်ဟုဆိုရပါမည်။
ပုဂ္ဂလိကပိုင် အမျိုးအစားကို ထပ်မံခွဲခြားမည်ဆိုပါက အောက်ပါ အတိုင်း အမျိုးအစား(၄) မျိုးရှိပါသည် -
(၁) ပုဂ္ဂလိကပိုင်တိုက်ခန်းများ
ပုဂ္ဂလိကပိုင်မြေပေါ်တွင် ပုဂ္ဂလိကပိုင်ငွေဖြင့် ဆောက်လုပ်ထားသော အခန်းအမျိုးအစား၊ ကန်ထရိုက်တိုက်ခန်းများ နှင့် ပုဂ္ဂလိကတိုက်ပိုင်ရှင်အား အိမ်လခပေးရသော အခန်းများ ဖြစ်ကြပါသည်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန( ယခင်အိုးအိမ်ဦးစီးဌာန၊ စည်ပင်သာယာမှ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချထား သော တိုက်ခန်းတို့သည် ပုဂ္ဂလိက တိုက်ခန်း အမျိုးအစားတွင် ပါဝင်ကြပါသည်။ အထက်ဖော်ပြပါဌာနတို့မှ ရောင်းချလိုက်သော တိုက်ခန်းတို့နှင့်ပတ်သက်၍ အိမ်လခကောက်ခံခြင်းမပြုဘဲ၊ ဝယ်ယူသော ပုဂ္ဂလိကပိုင်ရှင်အား ပိုင်ဆိုင်မှုအပြည့်အဝ လွှဲပြောင်းပေးအပ်ထားပါသည်။
(၂) ပြည်သူပိုင်မှ ပြန်ပေးသော အခန်း
ယခင် တော်လှန်ရေးကောင်စီလက်ထက် ( ဦးနေဝင်းခေတ်) အခါမူဝါဒအရ စီးပွားရေးလုပ်ငန်းကြီးများ၊ ကုမ္ပဏီများအား ပြည်သူပိုင်အဖြစ်သိမ်းဆည်းသော အခါတွင် ၄င်းသိမ်းဆည်းသော စီးပွားရေးလုပ်ငန်းတို့နှင့်ဆက်စပ်သော အခန်းများကိုလည်း ပြည်သူပိုင်သိမ်းယူခြင်းပြုခဲ့သည်။ နောက်ခေတ်ကာလရွေ့လျောလာသော အခါတွင် ပြည်သူပိုင်အဖြစ်သိမ်းဆည်းထားသော အခန်းများ၊ အဆောက် အအုံများကို မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ ထိုသို့မူလပိုင်ရှင်များထံသို့ ပေးအပ်ခဲ့ သော တိုက်ခန်းမျိုးကို ပြည်သူပိုင်မှ ပြန်ပေးသော တိုက်ခန်း အမျိုးအစားဟု ဆိုရပါမည်။
(၃) စည်ပင်သာယာရေးကော်မတီတို့မှ ထိန်းသိမ်းထားသော အခန်းများ
ပုဂ္ဂလိကတိုက်ခန်းပိုင်ရှင်တို့သည် စည်ပင်သာယာရေးကော်မတီသို့ အခွန်အခကြေးငွေအရပ်ရပ်ကို ပေးဆပ်ရန်ရှိရာမှ တိုက်ခန်းပိုင်ရှင်များက အခွန်အခကြွေးကျန်များကို မဆပ်နိုင်သောကြောင့် စည်ပင်သာယာမှ အဆိုပါ အကြွေးကျန်များရှိ သော အခန်းများကို ထိန်းသိမ်းထား ခြင်းမျိုးဖြစ်သည်။ ( တိုက်ပိုင်ရှင်က ပေးဆပ်ရန်ရှိသော စည်ပင်ကြွေးကျန်များအား တိုက်ခန်းကို ပိုင်ရှင်ထံမှ အပျောက်စနစ်ဖြင့် ဝယ်ယူထားသူ အိမ်ငှားတို့က စည်ပင်ကြွေးကို အချိုးကျပေးဆပ်ရပြီး တိုက်ပိုင်ရှင်ထံသို့ အိမ်လ ခပေးရန် မလိုဘဲ စည်ပင်ခွန်များကို သာပေးဆောင်ရသော တိုက်ခန်းအမျိုးအစားတို့ကို ဆိုလိုခြင်းဖြစ်သည်။
(၄) ဘာသာရေးအဖွဲ့အစည်းများပိုင်အခန်းများ
ဗလီပိုင်ဝကပ်အခန်းများ၊ ဟိန္ဒူဘုရားကျောင်းပိုင်အခန်းများ၊ တရုပ်ဘုံကျောင်းပိုင်အခန်းများ၊ စသည့် ဘာသာရေးနှင့် ဆက်စပ်သော အခန်းများကို အပျောက်စနစ်ဖြင့် ရောင်းချထားသော အခန်းများဖြစ်သည်။ အဆိုပါ အခန်းများအား ရောင်းခြင်း/ ဝယ်ယူခြင်း၊ အမည်ပြောင်းခြင်း ကိစ္စရပ်များကို သက်ဆိုင်ရာ ဂေါပက အဖွဲ့များမှ စီမံခန့်ခွဲကြပါသည်။
ပြည်သူပိုင် သို့မဟုတ် အစိုးရပိုင် တိုက်ခန်းများ
(၁) မြိုပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနပိုင် တိုက်ခန်းများ
နိုင်ငံတော်ပိုင်မြေပေါ်တွင် နိုင်ငံတော်ပိုင်ငွေဖြင့် ဆောက်လုပ်ပြီး ဝန်ထမ်းများအား၊ နေထိုင်ခွင့် အငှားချထားပေးသော အခန်း အမျိုးအစားတို့ဖြစ်သည်။ ( ဥပမာ - ဦးဝိစာရအိမ်ရာ။ ရန်ကင်းအိမ်ရာ) ယခင်ရန်ကုန်တိုင်းပြည့်သူ့ကောင်စီမှ ထိန်းသိမ်းထားသော ပြည်သူပိုင်တိုက်ခန်းများကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးလိုက်သော အခန်းများလည်း ပါဝင်ပါသည်။
ယခုအချိန်တွင် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန နှင့် စည်ပင်သာယာရေးကော်မတီ တို့မှ အဆောက်အအုံများ ဆောက်လုပ်၍ အခန်းများရောင်းချပေးပါသည်။ ထိုအခန်းမျိုးသည် စည်ပင်သာယာအခွန်ကိုသာ ပေးဆောင်ရပါသည်။ လတ်တလောတွင် နေပြည်တော်တွင် အငြိမ်းစားဝန်ထမ်းအိမ်ရာ တိုက်ခန်းများကိုလည်း ဝယ်ယူနိုင်ကြပါသည်။
(၂) ဌာနဆိုင်ရာအခန်းများ
ဝန်ကြီးဌာနနှင့် အစိုးရဌာန အဖွဲ့အစည်းအသီးသီးတို့မှ မိမိတို့ဝန်ထမ်းများနေထိုင်ရေးအတွက် အဆင်ပြေ စေရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးထားသော တိုက်ခန်းများ၊ ( ပြည်သူပိုင်ပြုလုပ်ထားသော တိုက်ခန်းများအပါအဝင်) တို့ ဖြစ်သည်။
(၃) တိုင်းချခန်းများ
ယခင်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၊ နောင်တွင် တိုင်းပြည်သူ့ကောင်စီ စသည့် အဖွဲ့အစည်းတို့မှ ချပေးထားသော တိုက်ခန်းများ ဖြစ်သည်။
(၄) နိုင်ငံခြားပြန်အခန်းများ
နိုင်ငံခြားသားပိုင် တိုက်ခန်းများမှ နိုင်ငံခြားသားတို့သည် ဆိုင်ရာနိုင်ငံအသီးသီးသို့ အပြီးအပိုင်ပြန်သွားသည့် အခါတွင် နိုင်ငံတော်သို့အပ်နှံခဲ့သော အခန်း သို့မဟုတ် နိုင်ငံတော်မှ သိမ်းယူခဲ့သော တိုက်ခန်းမျိုးဖြစ်သည်။
(၅) စည်ပင်သာယာကော်မတီမှ ထိန်းချုပ်ထားသော တိုက်ခန်းများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စည်းကမ်းချက်များ၊ ဥပဒေပြဌာန်းချက်များနှင့် မကိုက်ညီခြင်း၊ ညွှန်ကြားချက်များ စသည်တို့ကို မလိုက်နာခြင်းကြောင့် ကော်မတီမှ လူနေထိုင်အသုံးပြုခွင့် မပေးဘဲ ယာယီထိန်းသိမ်းထား သော အခန်းများဖြစ်သည်။
အထက်ဖော်ပြပါ တိုက်ခန်းများကို ရောင်းခြင်း၊ ဝယ်ခြင်း
ပုဂ္ဂလိကပိုင်တိုက်ခန်းများနှင့် နိုင်ငံတော်မှ ဆောက်လုပ်ပြီး ပုဂ္ဂလိကများသို့ အပြီးအပိုင်ရောင်းချလျှက်ရှိသော တိုက်ခန်းများကို တစ်ဆင့် လွှဲပြောင်း ရောင်းချခြင်း ပြုနိုင်ပါသည်။ ရောင်းချရာတွင် အရပ်စာချုပ်ဖြင့် ချုပ်ဆိုရောင်းချနိုင်ပါသည်။ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီပိုင် တိုက်ခန်းများကို ထပ်ဆင့်ဝယ်ယူသူသည် ဆက်စပ်စာချုပ်များဖြင့် ဆိုင်ရာဌာနတွင် မိမိ အမည်သို့ပြောင်းလဲ နိုင်ပါသည်။ ကျသင့်သော အခွန်အခများ ပေးဆောင်ခြင်း၊ သတင်းစာတွင် ကန့်ကွက်ရှိ မရှိကြေညာခြင်း တို့ကို ဆောင်ရွက်ရမည်ဖြစ်သည်။ အမည်လွှဲပြောင်းရာတွင် ဂျီပီ လိုအပ်ပါသည်။
ပုဂ္ဂလိကပိုင်တိုက်ခန်းများဝယ်ယူရာတွင် သတိပြုသင့်သော အချက်များ
(၁) အပျောက်စနစ်ဖြင့် ရောင်းချသည့်တိုက်ခန်းကို ဝယ်ယူသူကို မြေပိုင်ရှင် အိမ်ရှင်မှ အိမ်ငှားသူအဖြစ် အသိအမျတ်ပြုရန် အထူးလိုအပ်ပါသည်။ ရောင်းချသူက ဝယ်ယူသူကို အိမ်ရှင် မြေရှင်က ဝယ်ယူလိုက်သည့်သူကို အိမ်ငှားအဖြစ် အသိအမှတ်ပြုသည့် အိမ်လခပြေစာထုတ်ပေးရန် ညှိနှိုင်းဆောင်ရွက်ပေးရပါမည်။ ရောင်းချသူက ဝယ်သူ အမည်ပေါက် အိမ်လခပြေစာ ထုတ်ပေးခြင်းကို ဆောင်ရွက်မပေးပါက အဆိုပါ တိုက်ခန်းကို မဝယ်သင့်ပါ။ ရောင်းသူ နှင့် ဝယ်သူတို့ သည် တိုက်ခန်းကို ဝယ်ယူ/ ရောင်းချခြင်း မပြမီ ကြိုတင်ညှိနှိုင်းဆောင်ရွက်သင့်ပါသည်။ အပျောက်အခန်းပိုင်ရှင်( အိမ်ရှင်) က ဝယ်ယူသူအား အိမ်ငှားအဖြစ် အသိအမှတ်မပြုပါက ဝယ်ယူသူသည် အဆိုပါ တိုက်ခန်းကို ကျူးကျော်ဝင်ရောက်သည်ဟု တရားစွဲဆိုခြင်းခံရနိုင်ပါသည်။
အိမ်ရှင်ရှိပြီး လစဉ်အိမ်လခပေးရသော အခန်းမျိုးဖြစ်ပါက အိမ်ရှင်က ဝယ်ယူသူကို အိမ်ငှားအဖြစ် အသိအမှတ်ပြုသည့် အိမ်လခပြေစာရရှိပြီးမှ သာလျှင် ဝယ်ယူသူသည် တရားဝင် အိမ်ငှားဖြစ်လာမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ဝယ်ယူနေထိုင်စေကာမူ အိမ်ရှင်က အသိအမှတ်မပြုလျှင် ၄င်း အခန်းကို ကျူးကျော်ဝင်ရောက်နေထိုင်သူ အဖြစ်သာ ရှိနေမည်ကို သတိပြုရန်ဖြစ်ပါသည်။
အထောက်အထား၊ အကိုးအကား-
ဆရာဦးသန်းညွှန့်မောင်၊ တရားလွှတ်တော်ရှေ့နေ ပြုစုသော
“လက်တွေ့အသုံးချ တိုက်- အိမ်- ခြံ- မြေ အကြောင်း သိမှတ်ဖွယ်ရာ G.P, S.P နှင့် စာချုပ် အမျိုးမျိုးရေးနည်းလက်စွဲ”
ဆရာကြီး မိုးထက်(၂၇.၁၂.၂၀၂၀) ရက်နေ့ မွန်းလွဲ(၁) နာရီ(၅) မိနစ်

ဘဝကို ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတာက တကယ့်ကို ကံအကောင်းဆုံးပါပဲ။ ကျန်းမာပြီး သွက်လက်နေတော့ စိတ်သွား...
17/12/2020

ဘဝကို ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရတာက တကယ့်ကို ကံအကောင်းဆုံးပါပဲ။

ကျန်းမာပြီး သွက်လက်နေတော့ စိတ်သွားတိုင်း ကိုယ်ပါပြီး ကိုယ် လုပ်ချင်တဲ့အရာတွေလည်း လုပ်လို့ရတယ်။ နောက်ပြီး ငွေကုန်ကြေးကျလည်း သက်သာပါတယ်နော်။

သာမာန်အတိုင်းဆို နေကောင်းခြင်းရဲ့အကျိုးကျေးဇူးတွေကို မသိနိုင်ပေမဲ့ နေမကောင်းဖြစ်ပြီး လုပ်ချင်တာတွေ
မလုပ်ရတော့မှ "နေကောင်းချင်တယ်" ဆိုပြီး တမ်းတကြတာ များပါတယ်။

နေမကောင်းဖြစ်တဲ့အခါ Physicalတင်မဟုတ်ပဲ Mental ‌ပါ ထိခိုက်နိုင်ပြီး Depression ပိုပြီး ဝင်လွယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အားမရတာတွေ၊ အရာရာကို အရှုံးပေးလိုက်ချင်တာမျိုးတွေပေါ့။

အဲ့လိုမဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ဂရုစိုက်ပြီး ကျန်းမာအောင် နေပါ။ အစားပုံမှန်စားပြီး မှန်မှန်အိပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ ဂရုစိုက်မှ ရမှာပါနော်။

ကျန်းမာခြင်းက တကယ်တော့ ကိုယ့်အပေါ် အရမ်းကောင်းပြီး ပျော်ရွှင်စေတဲ့ လူတစ်ယောက်ကို အနားမှာ
ရှိတုန်းက ဂရုမစိုက်မိပဲ ဘေးမှာ မရှိတော့ ပြန်တမ်းတ
ရသလိုပါပဲ။ မပိုင်ဆိုင်ရတော့မှ တန်ဖိုးသိ သလိုပေါ့။

ဒါကြောင့် ဘယ်အရာမဆို ပိုင်ဆိုင်ရတုန်း တန်ဖိုးထားပြီး ဂရုစိုက်ပါ။ ပြီးတော့ ကျန်းမာခြင်းက တကယ့် လာဘ်တစ်ပါးမို့ နေကောင်းအောင်နေပြီး ဘဝကို ပျော်ပျော်လေး ဖြတ်သန်းပါ။ 💚

-crd

မြန်မာပြည်အနှံ့ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အများပြည်သူနေရာတွေ ​နေရာအနှံ့မှာအများအပြား ပေါ်ပေါက်ပါစေလို့ ဆုတောင်း...
17/12/2020

မြန်မာပြည်အနှံ့ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အများပြည်သူနေရာတွေ ​နေရာအနှံ့မှာအများအပြား ပေါ်ပေါက်ပါစေလို့ ဆုတောင်း​ရင်း ပရောဂျက်လေး မြန်မြန်အကောင်အထည်ပေါ်အောင် အလှူငွေတွေလည်းအများအပြားရရှိပါ​စေ 😇.. ....

ပြည်သူတွေက အစပျိုးခဲ့တဲ့ လှလှပပ ပန်းခြံလေးတစ်ခု ရန်ကင်းမှာတော့ ဖြစ်ပေါ်လာပါတော့မယ်..

ပြည်သူတွေရဲ့ စုပေါင်းအင်အား + CSR လုပ်တဲ့ကုမ္ပဏီတွေရဲ့ပါဝင်မှု + အုပ်ချုပ်ရေးပိုင်းပူးပေါင်းဆောင်ရွက်မှု

ဒီလို ၃ ပွင့်ဆိုင် ပူးပေါင်းမှုတွေကနေ နောက်ပိုင်းမြန်မာပြည်မှာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေ ပေါ်ပေါက်လာပါစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပိုစ့်လေးကို ရေးပါတယ်...

နောက်မျိုးဆက်တွေ အတွက် ကာယအားတက်နိုင်တဲ့သူက ကာယအားလှူ၊ ဉာဏအားတက်နိုင်တဲ့သူက ဉာဏအားလှူ၊ ဒါနအား တက်နိုင်တဲ့သူက ဒါနအားနဲ့ လှူကြတာပေါ့
,
ဒီပန်းခြံနေရာလေးက
- ရန်ကင်းGoldenCity နဲ့ မျက်နှာချင်းဆိုင်၊ ခုနှစ်ပင်လိမ်ချောင်းဘေးမှာ တည်ရှိပါတယ်။ ရန်ကင်း ၂ ရပ်ကွက်ထဲက နေရာလေးပါ။
နဂိုအခြေအနေ
- ကိုယ်တွေငယ်ငယ်တုန်းကတော့ အဲ့နေရာလေးမှာ စွန်လွှတ်ကြ၊ ခြင်းခက်ကြပေါ့..၊
အဲ့နေရာလေးက ရန်ကင်းတိုက်တွေနဲ့ ချောင်းဘေးမှာ မြေကွက်လပ် အလွတ်ဖြစ်နေတာ.
နောက်တော့ အဲ့ချောင်းလေးကို နှုန်းတွေဖော်တော့... အဲ့နှုန်းတွေကို အဲ့မြေကွက်လပ်အလွတ်မှာ ထားရင်းနဲ့
ကုန်းမြေကြီးဖြစ်လာ... ပေါင်းမြတ်တွေနဲ့ဖြစ်လာပြီး... ဒုစရိုက်လုပ်ချင်တဲ့သူတွေ၊ မကောင်းမှု လုပ်ချင်တဲ့သူတွေ ကျက်စားရာနေရာဖြစ်လာရော...
ရန်ကင်းစင်တာဖက်ကို သွားချင်ရင် ရန်ကင်း၂ရပ်ကွက် ဒီဖက်ခြမ်းကလူတွေက အဲ့နေရာလေးကို ဖြတ်သွားတဲ့အခါမျိုးလည်းရှိတယ်.. အဲ့မှာ အလုခံရတာမျိုး၊ အမျိုးသမီးတွေကို မဖွယ်မရာလုပ်တာမျိုးတွေ ရှိလာတယ်။
အဲ့နေရာကို ဖြတ်သွားရာမှာ မိန်းကလေးတွေအတွက် မလုံခြုံတော့ဘူးလေ...
အဲ့ဒါနဲ့ ၂၀၁၈ လောက်မှာ ဦးဆောင်တဲ့သူရှိလာတော့ ရပ်ကွက်ထဲကနေတဲ့ ပြည်သူတွေကလည်း တစ်ယောက် ငါးထောင်၊ တစ်သောင်း စသဖြင့် နည်းများမဆိုဝိုင်းထည့်ပြီး အဲ့နေရာကို ရှင်းမှ ဖြစ်တော့မယ် ဆိုပြီး လုပ်ကြတာပေါ့.။
စုလို့ ရတဲ့ သိန်း ၃၀ လောက်ကလည်း အဲ့ခြုံတွေ ရှင်းတာနဲ့တင် ကုန်တာပါပဲ... လူတစ်ရပ်လောက်မြင့်တဲ့ ကုန်းမြင့်ကြီးကိုး (စည်ပင်ဝန်ထမ်းတွေကို လုပ်ခ ပြန်ပေးပြီး ရှင်းရတာပေါ့)
- မြတ်ရှင်း၊ မြေရှင်း၊ ပေါင်းရှင်းတယ်ဆိုကလည်း တော်တော် အချိန်ပေးရတာလေ..မြွေစိမ်းမြှီးခြောက်တွေ ထွက်လာလိုက်တာ မနည်းဆိုပဲ..
တိုတိုပြောရရင် အဲ့နေရာလေးက ရှင်းရှင်းလင်းလင်းဖြစ်သွားရောဆိုပါတော့...
ဒုစရိုက်မှုတွေ မလုပ်နိုင်အောင် ဖြစ်သွားပြီဆိုပေမယ်.. (ဒုစရိုက်မှုဆိုလို့ အဲ့နေရာမှာ အရင်က 18+လို အခွေတွေပါ ထွက်တာပါဆို၊ ဒါကတော့ ရပ်ကွက်ထဲကလူတွေ ပြန်ပြောပြတာပါ။ ကြိုပြောထားရတယ် HD လင်းပါ လို့ လာပြောနေမှာစိုးလို့ 😁😎)
မြေကြီး အကွက်အကွင်းလည်း ပေါ်လာရော ခရိုနီတွေက မျက်စိကျပြီလေ..
အဲ့နေရာကို အပိုင်လိုချင်တဲ့သူနဲ့၊ ကားပါကင်ငှားစားဖို့လုပ်ချင်တဲ့သူနဲ့၊ စီးပွားဖြစ်ကစားတဲ့နေရာ လုပ်ချင်တဲ့သူတွေနဲ့ ဖြစ်လာတော့တာပေါ့။. အကျယ် ပေ ၇၀ ၊ အရှည် ပေ ၃၀၀ ဆိုတော့လည်း လိုချင်ကြမပေါ့..
အဲ့ဒါနဲ့ ရပ်ကွက်မှာ နေတဲ့သူတွေကလည်း ဒီနေရာက ရှင်းလင်းရုံနဲ့ ထားခဲ့လို့ မရတော့ဘူး။ မဟုတ်ရင် စီးပွားရေးသမားတွေစီ ပါတော့မယ်.. အများပြည်သူအသုံးပြုနိုင်တဲ့ ပန်းခြံလို ဖြစ်အောင်လုပ်ရတော့မယ်လို့ စဉ်းစားမိကြတော့တယ်..
(ကြားထဲမှာတော့ အခက်အခဲတွေ၊ အတိုက်အခိုက်တွေ၊ ကူညီချင်စိတ်မရှိတဲ့သူတွေ မျိုးစုံနဲ့ပေါ့)
- အဲ့မှာ ကံကောင်းချင်တော့ ရန်ကင်း မြို့နယ်အမတ် မဇင်မာအောင်တို့လည်း ပူးပေါင်းပါဝင်လာပြီး၊
အဲ့ဒီနေရာနဲ့ မျက်နှာချင်းဆိုင်မှာ ဒေါ်လာ သန်း ၄၀၀တန် ပရောဂျက်လာလုပ်နေတဲ့ Kajima ဆိုတဲ့ ဂျပန် ကုမ္ပဏီကို အကူအညီ တောင်းကြည့်တော့....
ဂျပန်ဆောက်လုပ်ရေး ကုမ္ပဏီကလည်း ဒီနားမှာပဲ ပရောဂျက်လုပ်နေတော့ သူတို့အတွက် CSR (Corporate Social Responsibility) သဘောမျိုး လုပ်ပေးချင်နေတာနဲ့ အတော်ဖြစ်သွားရော...
အဲ့ဒါနဲ့ Kajima က ယန္တယားတွေနဲ့ လုပ်အားအလှူ လုပ်ပြီး မြေကြီးတွေကို စနစ်တကျ ရှင်းလင်းပေးကြတယ်...
မြို့နယ်စည်ပင်နဲ့ အားကာကလည်း ပန်းခြံသုံး အားကစားပစ္စည်းတွေနဲ့ ပန်းအိုးတွေ ပန်းပင်တွေ လှူပေးတာပေါ့...( အစိုးရအနေနဲ့ကြတော့ ငွေကြေးတို့ အလုပ်တို့က ဘက်ဂျက်နဲ့ သွားရတာကိုး၊ လိုအပ်တာတွေကိုတော့ တက်နိုင်သမျှ ဝိုင်းကူကြပါတယ်)
နောက်ထပ် ကံကောင်းချင်တော့ Blue Temple ဆိုတဲ့ ဝါးတွေနဲ့ ဒီဇိုင်းလုပ်ပြီး social work တွေ လုပ်ပေးနေတဲ့ ဗိသုကာဒီဇိုင်းအဖွဲ့ကလည်း ဝင်ကူတယ်.. (အဲ့ဒီအဖွဲက နဂိုထဲက ရန်ကင်း ၃ ရပ်ကွက်က ကျောင်းမှာ ကလေးတွေ ကစားဖို့ ဝါးနဲ့ ဖန်တီးပြုလုပ်ထားတဲ့ကစားကွင်း လုပ်ပေးထားဖူးတယ်)..
အဲ့ဒီအဖွဲ့က ဒီဇိုင်း သေသေချာချာ လုပ်ပြီး Donar တွေဆီ ပြတော့.. ဟောင်ကောင်က အဖွဲ့ တစ်ဖွဲ့စီက အလှူငွေ(ကျပ် သိန်း ၁၆၀ ဝန်းကျင်) ရတော့ Phase 1 အတွက်ကိုတော့ ဒီဇိုင်းထဲက အတိုင်း လုပ်နိုင်ခဲ့တယ်..
ခု Phase 2 မှာတော့ ခြင်းလုံးရုံရယ်၊ လူကြီးတွေနားနေဖို့ဇရပ်ရယ်၊ Community Hall ပုံစံရယ်ကို ဒီဇိုင်းပုံတွေထဲကအတိုင်း လုပ်တော့မယ်။
ဒီမှာ အလှူငွေ ထပ်လိုလာပြီ... ခန့်မှန်းခြေ အဲ့ အမိုးအကာတွေကို လုပ်ဖို့ ဒေါ်လာ ၂၀၀၀၀ ဝန်းကျင်လောက် အလှူငွေ လိုပါတယ်။
လက်ရှိတော့ အလှူငွေ ဒေါ်လာ ၂၀၀၀ ဝန်းကျင် လက်ခံရရှိနေပြီး၊ အလှူငွေ ပြည့်ဖို့ လိုအပ်နေပါသေးတယ်...
ပရောဂျက်လေး မြန်မြန်အကောင်အထည်ပေါ်အောင် အလှူငွေတွေ လိုအပ်နေပါတယ်..
Blue Temple Team (Construction work) ကို လှူချင်ရင်တော့
26210126200569301 - KBZ အကောင့်
09958989220 - KBZ Pay မှလည်းလှူဒါန်းနိုင်ပါသည်။
ပန်းခြံအတွက် လိုအပ်တဲ့ မီးတိုင်တွေ၊ CCTV တွေ၊ ခြံစည်းရိုးနဲ့ နောက်ပိုင်းလိုအပ်လာမယ်ရေဖိုး၊ မီးဖိုးနဲ့ အထွေထွေ လိုအပ်တာတွေ အတွက်ကတော့
ပန်းခြံဖြစ်မြောက်ရေးကော်မတီရဲ့ Joint acc ဖြစ်တဲ့ Yoma ACC: 001444124506158
(မစိမ့်အေးနွေး + ဦးမောင်မောင်လွင် + ဒေါ်တင်မေဦး)
အကောင့်ကို လွဲပေးနိုင်ပါတယ်..
ပါဝင်လှူဒါန်းသူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။
ရန်ကင်းထဲမှာ ပန်းခြံနေရာကို အဆောက်အဦတွေ ဆောက်လိုက်တာ ၃ နေရာလောက်မှာ ပန်းခြံတွေ ပျောက်ကုန်တယ်.။ ကိုယ်သိသလောက်...
နဂို ပန်းခြံတွေတုန်းကသာ ရပ်ကွက်နေပြည်သူတွေကသာ ညီညီညွှတ်ညွှတ်နဲ့ ကောင်းကောင်းမွန်မွန်အဆင့်မြှင့်ထားရင် ဒီလို အဆောက်အဦတွေ လွယ်လွယ်နဲ့ဆောက်လို့ရမှာ မဟုတ်ဘူးလို့... ခုတော့ နောက်မျိုးဆက်တွေခမျာ ဆော့ကစားစရာ နေရာတွေ မရှိတော့ဘူးပေါ့... ဒီအတွက် ဒီရပ်ကွက်မှာ နေခဲ့တဲ့သူတစ်ယောက်အနေနဲ့ နောက်မျိုးဆက်တွေအတွက် စိတ်မလုံဘူး...
အဲ့ဒါကြောင့် ဒီပန်းခြံလေး ဖြစ်မြောက်အောင်မြင်ဖို့အတွက် ဉာဏအားနဲ့ အခုလို ပိုစ့်လေးရေးပြီး အားလုံးသိအောင် ပြောပြသလို၊ ဒါနအားဖြင့်လည်း ကိုယ်နိုင်သလောက်လေး ငွေ သုံးသိန်း လှူလိုက်ပါတယ်... (အားလုံးလည်း သာဓု ခေါ်နိုင်ကြပါစေ)...
နောက်လည်း မြန်မာပြည်အနှံ့ အခုလို ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အများပြည်သူနေရာတွေ ပေါ်ပေါက်ပါစေလို့ ဆုတောင်းရင်း....

အောင်မိုးလွင်
၁၅၊ ၁၂၊ ၂၀၂၀
--------------------

( ရန်ကင်းကိုချစ်တဲ့ လူကြီး၊ လူငယ် တွေရဲ့ထောက်ပံ့မှုနဲ့ စတင်လာတဲ့ ပန်းခြံလေးကို ဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီသူတွေက
- ရန်ကင်းလွှတ်တော်မှ ဒေါ်ဇင်မာအောင်မှလည်း ရေမြောင်းပြုပြင်ခြင်းနှင့် မြေဖို့ခြင်း
- Blue Temple မှ ဗိသုကာ ဒီဇိုင်း
- အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန (Ministry of Health and Sports, Myanmar) မှ ပြည်သူလူထုအတွက် အားကစားလေ့ကျင့်ရေးဆိုင်ရာ စက်ပစ္စည်းများ
- Design Trust အဖွဲ့အစည်းမှလည်း ဒီဇိုင်း ဆောက်လုပ်ရေးအတွက်အလှူငွေများ
- Kajima Overseas Asia Pte Ltd မှလည်း CSR Program အဖြစ်ပန်းခြံပုံဖော် ဆောက်လုပ်ခြင်းများ
- ရန်ကုန်မြို့တော်စည်ပင် (YCDC) မှလည်း ပန်ခြံထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ
- We Love-Yangon အဖွဲ့အစည်းမှလည်း အပင်နှင့် အပင်စိုက်ပျိုးခြင်းများ
- Monkey Joint - bamboo players မှ ဝါးဆောက်လုပ်ရေး
စသည်ဖြင့် အတူတကွ ပူပေါင်းလုပ်ဆောင်နေကြပါတယ်။)

to original writer

17/12/2020

ဝမ်းသာစရာ အကြောင်းလေးပါ🤩

နေ့စဉ်လူမှုဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ကြုံနေရလား?ဒါဆိုရင်တော့ ဒီရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေကို စတင်လုပ်ဆောင်ကြည့်လိုက...
06/12/2020

နေ့စဉ်လူမှုဆက်ဆံရေးမှာ အဆင်မပြေမှုတွေ ကြုံနေရလား?

ဒါဆိုရင်တော့ ဒီရိုးရှင်းလွယ်ကူတဲ့ အချက်လေးတွေကို စတင်လုပ်ဆောင်ကြည့်လိုက်နော်။

1. တစ်ဦးနဲ့တစ်ဦးဆက်ဆံရေးတည်ဆောက်တဲ့အခါ ရိုးသားမှုလိုအပ်ပါတယ်။
2. ရိုးသားတဲ့ ထင်မြင်ချက်တွေ၊ အားပေးအားမြှောက်မှုပြုလုပ်မယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်မှုတွေ ခိုင်မာလာမှာအသေအချာပါပဲ။
3. နောက်တစ်ချက်က အမြဲပြုံးထားပါ။ အပြုံးက ရန်သူကိုတောင် မိတ်ဆွေအဖြစ်ပြောင်းလဲပစ်နိုင်တဲ့ တန်ခိုးကြီးတဲ့ လက်နက်တစ်ခုပဲလေ။ အဲ့ကြောင့် အမြဲပြုံးဖို့ မမေ့ပါနဲ့။
4. ပြီးတော့ တစ်ဖက်လူရဲ့ တိုးတက်မှုကို ချီးမွမ်းပေးဖို့ မမေ့ပါနဲ့။
5. ရင်ဖွင့်စကားသံကို အချိန်ပေးပြီး နားထောင်ပေးပါ။

ကဲ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်တဲ့အခါ ​နေ့စဥ်ဘဝမှာ လက်တွေ့လုပ်ဆောင်နေတဲ့ အချက်တွေကိုလည်း အားလုံးသိအောင် ဝေမျှပေးသွားပါဦး​​နော်...

ချစ်ခင်​စွာဖြင့်❣

မြန်မာပြည်ကြီး ကပ်​ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းလွတ်ပါ​စေ🙏
05/10/2020

မြန်မာပြည်ကြီး ကပ်​ရောဂါဆိုးကြီးမှအမြန်ဆုံးကင်းလွတ်ပါ​စေ🙏

🤔 Covidကာလမှာ အိမ်မှာတင်ဖုန်း​လေးသုံးရင်း Condo ဝယ်ပြီး ရင်းနှီးမြှပ်နှံချင်သူများအတွက် ဝင်​ငွေတိုး​ပြီး အကျိုးအမြတ်​ရမယ...
16/09/2020

🤔 Covidကာလမှာ အိမ်မှာတင်ဖုန်း​လေးသုံးရင်း Condo ဝယ်ပြီး ရင်းနှီးမြှပ်နှံချင်သူများအတွက် ဝင်​ငွေတိုး​ပြီး အကျိုးအမြတ်​ရမယ့် အချိန်​ကောင်းဖြစ်တာ​ကြောင့် မိတ်​ဆွေတို့ သိရှိလိုသမျှကို အခုပဲဆက်သွယ်​စုံစမ်းလို့ရပါပြီရှင်...

☑️☑️☑️Contact us☑️☑️☑️
📲 09765418784
📲 09697286118

Address

265A, 7th Street, Nga Moe Yeik Qtr, Thingangyun Tsp
Yangon

Telephone

+95943164026

Website

Alerts

Be the first to know and let us send you an email when Golden Future Myanmar Condominium Sales & Rent posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share