Eco Energy

Eco Energy Smart Power for Myanmar

အိမ်သုံးရော၊ EVSolar နဲ့ အဆင်ပြေမည်✅ယနေ့ခေတ်မှာ EV စီးတာဟာ  ဆီဖိုးသက်သာဖို့အတွက်မကတော့ပဲ ဆီကိုမှီခိုနေစရာမလိုတော့ပဲ အလွယ...
24/03/2026

အိမ်သုံးရော၊ EV
Solar နဲ့ အဆင်ပြေမည်✅

ယနေ့ခေတ်မှာ EV စီးတာဟာ ဆီဖိုးသက်သာဖို့အတွက်မကတော့ပဲ ဆီကိုမှီခိုနေစရာမလိုတော့ပဲ အလွယ်တကူသွားလာရအဆင်ပြေဖို့ပါ။ ဒါကြောင့်အိမ်သုံးတင်မကဘဲ ကိုယ့်ရဲ့ EV Car အတွက်ပါ လိုအပ်တဲ့ Solar Solution မျိုးကို ရှာနေတဲ့ မိတ်ဆွေတို့အတွက် အသင့်တော်ဆုံး အကြံပြုချက်အချို့ မျှဝေပေးချင်ပါတယ်။🤗

အိမ်သုံးနဲ့ EV ကို Solar System ပြောင်းသုံးလိုက်နဲ့အခါ

Zero Fuel Cost: ဆီဆိုင်တန်းစီစရာမလိုတော့သလို၊ ဆီဖိုးလည်း တစ်ပြားမှ မကုန်တော့ဘူး။

Energy Independence: မီးပျက်တာ၊ မီးအားမပြည့်တာတွေကို စိတ်ပူစရာမလိုတော့ဘဲ ကိုယ်ပိုင်လျှပ်စစ်ဓာတ်အားပေးစက်ရုံ အသေးစားလေး ရှိနေသလိုမျိုးပါပဲ။

Eco-Friendly: သန့်ရှင်းတဲ့စွမ်းအင်ကို သုံးစွဲတာကြောင့် ပတ်ဝန်းကျင်ကိုလည်း အကျိုးပြုပါတယ်။

EV နဲ့ Solar တွဲသုံးရင် Hybrid System က အကောင်းဆုံးပါ နေရောင်ရှိချိန်မှာ နေရောင်ခြည်ကရတဲ့မီးနဲ့ ကားကို အားသွင်းမယ်၊ ပိုတာကို ဘက်ထရီထဲ သိမ်းမယ်၊ မိုးအုံ့တဲ့နေ့တွေမှာ Grid (မီတာမီး) နဲ့ ပေါင်းသုံးမယ်။ ဒါမှသာ ဘယ်အချိန်မဆို စိတ်ချလက်ချ ခရီးထွက်နိုင်မှာပါ။

ဒါ့အပြင် Capacity ကို မြှင့်တွက်ထားပါ အိမ်သုံးအတွက်တင်မဟုတ်ဘဲ EV ပါ အားသွင်းမှာဖြစ်တဲ့အတွက် 7KW Type-2 charger ကို အသုံးပြုရန် 8KW Hybrid System ကနေ 12KW ဝန်းကျင်အထိ တပ်ဆင်တာက အသင့်တော်ဆုံးပါ။

Solar အချပ် 20, 12kw inverter + 300ah Back Up Battery တပ်ဆင်လိုက်ရင် Solar ဖြင့် EV car charging အတွက်တင်မဟုတ်ဘဲ အိမ်တစ်လုံးစာ aircon, မီး, ရေခဲသေတ္တာ နှင့် အခြားသောလိုအပ်ချက်တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

EV နဲ့ အိမ်သုံးအတွက် စိတ်ချရတဲ့ Solar Solutions အတွက် Eco Energy မှာ အခမဲ့ တိုင်ပင်ဆွေးနွေးကာ တပ်ဆင်နိုင်ပါပြီ။

#ဆီပြဿနာ

အမျိုးသမီးတွေဆိုတာ နိုင်ငံတကာအရပ်ရပ်မှာ ကျရာတာဝန်ထမ်းဆောင်ရင်း သန့်ရှင်းတဲ့ကမ္ဘာကြီးအတွက် အားဖြည့်ဝိုင်းဝန်ပေးနေကြတဲ့ အဖ...
08/03/2026

အမျိုးသမီးတွေဆိုတာ နိုင်ငံတကာအရပ်ရပ်မှာ ကျရာတာဝန်ထမ်းဆောင်ရင်း သန့်ရှင်းတဲ့ကမ္ဘာကြီးအတွက် အားဖြည့်ဝိုင်းဝန်ပေးနေကြတဲ့ အဖိုးတန်တည်ရှိမှုပဲဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ Eco Energy မှ ဒီလိုအဖိုးတန်အမျိုးသမီးများကို လေးစားဂုဏ်ပြုလိုက်ရပါတယ်။💚

ဆီစျေးတွေတက်လာလို့ အသုံးစရိတ်တွေပိုကြီးလာပြီလား❗️ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်သုံးစွဲမှုများလာတာနဲ့အညီ မီတာခတွေတဖြည်းဖြည်းတ...
07/03/2026

ဆီစျေးတွေတက်လာလို့ အသုံးစရိတ်တွေပိုကြီးလာပြီလား❗️

ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်သုံးစွဲမှုများလာတာနဲ့အညီ မီတာခတွေတဖြည်းဖြည်းတက်လာတာကြောင့် ကိုယ့်လုပ်ငန်းရဲ့ Profit Margin ကိုပါ ထိခိုက်နေပြီလား❗️

ပြီးပြည့်စုံတဲ့ လုပ်ငန်းလည်ပတ်မှုဖြစ်ဖို့ စွမ်းအင်သုံးစွဲမှုကို လျှော့ချလို့လည်းမရဘူး၊ နေ့တိုင်းပုံမှန်လည်ပတ်နေပေမယ့် အသုံးစရိတ်တွေကတော့ပိုများလာတယ်ဆိုရင် 👉🏻ဘယ်နေရာက ယိုပေါက်ရှိနေသလဲ၊ 👉🏻စွမ်းအင်သုံးစွဲမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာကို စီစစ်ဖို့လိုနေပါပြီ။

ဒီလိုအခက်တွေ့နေတဲ့လုပ်ငန်းရှင်တွေအတွက် ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့သီးသန့်ဆွေးနွေးပေးမှုတွေနဲ့အညီ ကိုယ့်ရဲ့ထုတ်ကုန်တွေအတွက် လုပ်ငန်းတွင်း စွမ်းအင်သုံးစွဲမှုကို လျှော့ချနိုင်ဖို့ Eco Energy မှ ⚡️သက်ရောက်မှုမရှိစေတဲ့စွမ်းအင်သုံးစွဲမှုရရှိစေဖို့ အခမဲ့ဆွေးနွေးပေးနေပါပြီ။

ဘယ်လိုအခြေအနေမျိုးမှာမှသက်ရောက်မှုမရှိစေတဲ့စွမ်းအင်သုံးစွဲမှုဆိုတာ ဆီစျေးတက်လည်း ဒီနှုန်းထား၊ လျှပ်စစ်မီးသုံးစွဲမှုများလည်း ဒီနှုန်းထား၊ ကုန်ကျစရိတ်မပြောင်းလဲတာကြောင့် အမြတ်ငွေပိုများလာစေတဲ့ Solar System အသုံးပြုမှုကို ဆိုလိုတာပါ။

လူကြီးမင်းတို့လုပ်ငန်းလည်ပတ်နေတဲ့အချိန်အသုံးပြုတဲ့ စွမ်းအင်သုံးစွဲမှုအဆင့်ဆင့်ကို စနစ်တကျစစ်ဆေးပေးပြီးမှ ဘယ်လိုPackage မျိုးက အသင့်တော်ဆုံးလဲဆိုတာအပါအဝင်၊ ဘယ်နေရာမှာ ဘာတွေတပ်ဆင်ဖို့လိုလဲ၊ ဘယ်နေရာကလျှော့ချလို့ရလဲဆိုတဲ့အပိုင်းတွေကို သေသေချာချာ တိုင်ပင်ဆွေးနွေးပြီး Customized Package လည်းလုပ်ပေးပါတယ်။

မီးစက်ကြီးတွေသုံးဖို့ ဆီတွေဝယ်ရခက်တဲ့ပြဿနာ၊ ဆီစျေးတက်ပြီး အသုံးစရိတ်တွေပိုကြီးလာတဲ့ပြဿနာ၊ မီတာခတွေပိုတိုးလာတဲ့ပြဿနာတွေကို ဆက်မကြုံချင်တော့ဘူးဆိုရင် မိတ်ဆွေရဲ့လုပ်ငန်းမှာ Energy Saving ဖြစ်ဖို့ Eco Energy နဲ့အခမဲ့ဆွေးနွေးတိုင်ပင်လိုက်တော့နော်။ 🤝

ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ ကောင်းကင်ယံကို ကြည့်လိုက်ရင် ကြည်လင်တဲ့ပြာလွင်မှုထက် ညစ်ထေးထေး မီးခိုးမြူ (Smog) တွေကို ပိုမ...
02/03/2026

ဒီရက်ပိုင်း ရန်ကုန်မြို့ရဲ့ ကောင်းကင်ယံကို ကြည့်လိုက်ရင် ကြည်လင်တဲ့ပြာလွင်မှုထက် ညစ်ထေးထေး မီးခိုးမြူ (Smog) တွေကို ပိုမြင်နေရပါတယ်။ လက်ရှိ ရန်ကုန်ရဲ့ လေထုညစ်ညမ်းမှုအညွှန်းကိန်း (AQI) ဟာ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အဆင့်ထိ မြင့်တက်နေတာကို အားလုံး သတိပြုမိကြမှာပါ။

⚠️မြင်ကွင်းကို ပိတ်ဆို့နေတဲ့ ဒီမီးခိုးမြူတွေဟာ မိသားစု‌တွေရဲ့ အသက်ရှူလမ်းကြောင်းကိုတင်မကဘဲ မြို့ပြရဲ့ အလှအပကိုပါ ဖုံးလွှမ်းနေပါတယ်။ ဒီညစ်ညမ်းမှုတွေရဲ့ အဓိကတရားခံဖြစ်တဲ့ ကာဗွန်ထုတ်လွှတ်မှု တွေကို လျှော့ချဖို့နဲ့ သန့်ရှင်းတဲ့လေထုကို ပြန်လည်ရရှိဖို့ Clean Energy (သန့်စင်သောစွမ်းအင်) ကို ပြောင်းလဲအသုံးပြုခြင်းကသာ အကောင်းဆုံးအဖြေ ဖြစ်ပါတယ်။

🌍 ကမ္ဘာတစ်ဝှမ်းက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လေထုညစ်ညမ်းမှုကို တိုက်ဖျက်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိဖို့ ရုပ်ကြွင်းလောင်စာ (ကျောက်မီးသွေး၊ စက်သုံးဆီ) နေရာမှာ နေရောင်ခြည်စွမ်းအင် (Solar Energy) ကို အရှိန်အဟုန်နဲ့ အစားထိုးလာကြပါတယ်။

ဥပမာအားဖြင့် -
အိမ်တိုင်း၊ လုပ်ငန်းတိုင်းမှာ Solar စနစ်ကို အဓိကထား အသုံးပြုလာကြတယ်။

မီးစက် (Generator) တွေအစား သဘာဝပတ်ဝန်းကျင်ကို မထိခိုက်တဲ့ Energy Storage တွေကို ပြောင်းလဲလာကြတယ်။
ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေတဲ့ မီးစက်တွေဟာ လျှပ်စစ်ရရှိစေပေမယ့် တစ်ဖက်မှာလည်း ဆူညံသံနဲ့အတူ လေထုကို ညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေကို ထုတ်လွှတ်နေပါတယ်။ ဒါကို ရပ်တန့်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ သန့်စင်တဲ့ နေရောင်ခြည်စွမ်းအင် ပဲ ဖြစ်ပါတယ်။

Eco Energy ရဲ့ အဓိကထားရှိတဲ့ ရည်ရွယ်ချက်က Green Environment & Clean Energy Awareness ကို ဦးစားပေးပြီး Community တစ်ခုလုံး ပိုမိုကောင်းမွန်လာစေဖို့ ပြောင်းလဲမှုတွေကို အတူတူ ဖန်တီးပေးနေတာပဲ ဖြစ်ပါတယ်။

"ကမ္ဘာကြီး ပိုမိုကျန်းမာလာစေဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။"

မိတ်ဆွေရဲ့ နေအိမ်နဲ့ လုပ်ငန်းမှာ Solar Solutions ကိုပြောင်းသုံးလိုက်တာဟာ ကိုယ့်ရဲ့ စရိတ်စကကို လျှော့ချတာတင်မကဘဲ၊ ကမ္ဘာကြီးရဲ့ လေထုကို ပြန်လည်သန့်စင်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လိုက်တာနဲ့ အတူတူပါပဲ။

နွေမရောက်ခင် သင့် Solar System ကို "ကျန်းမာရေး" စစ်ပြီးပြီလား? ⚡နေပူလာတာနဲ့အမျှ ဆိုလာပြားတွေ အားအပြည့်ထုတ်နိုင်ဖို့ဆိုရင...
24/02/2026

နွေမရောက်ခင် သင့် Solar System ကို "ကျန်းမာရေး" စစ်ပြီးပြီလား? ⚡

နေပူလာတာနဲ့အမျှ ဆိုလာပြားတွေ အားအပြည့်ထုတ်နိုင်ဖို့ဆိုရင် ပုံမှန် Maintenance လုပ်ဖို့ အထူးလိုအပ်ပါတယ်။ ဖုန်မှုန့်နဲ့ အပူဒဏ်ကြောင့် သင့်စနစ်ရဲ့ ထွက်နှုန်း ၁၀% မှ ၂၅% ထိ မကျသွားစေဖို့နဲ့၊ အပူလွန်ကဲရာမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်တဲ့ မီးဘေးအန္တရာယ်များမှ ကာကွယ်နိုင်ဖို့ Eco Energy က ကူညီပေးဖို့ အသင့်ရှိနေပါတယ်။

လူကြီးမင်းတို့ လိုအပ်ချက်အလိုက် ရွေးချယ်နိုင်မည့် Summer Readiness Packages များ-

🛠️ Package 1 — Basic Summer Check (အခြေခံစစ်ဆေးမှု)
စျေးနှုန်းချိုသာစွာဖြင့် စတင်စစ်ဆေးလိုသူများအတွက် (SME နှင့် အိမ်သုံး)

-Panel များအား စစ်ဆေးခြင်း
-Inverter နှင့် Wiring များ စစ်ဆေးခြင်း (မီးဘေးကင်းစေရန် အဓိကစစ်ဆေးမှု)
-စနစ်၏ စွမ်းဆောင်ရည် report ထုတ်ပေးခြင်း
-Panel များ ဆေးကြောသန့်စင်ပေးခြင်း (Add-on)

✨ Package 2 — Advanced Performance Optimization (အဆင့်မြင့်ပြုပြင်ထိန်းသိမ်းမှု)

-Thermal Inspection: အပူစမ်းသပ်မှု ပြုလုပ်ပြီး အစိတ်အပိုင်းများ အပူလွန်ကဲမှု ရှိ/မရှိ စစ်ဆေးခြင်း
-Panel များ အားလုံးကို အထူးဆေးကြောသန့်စင်ပေးခြင်း
-Inverter Firmware Update မြှင့်တင်ပေးခြင်း
-Battery ကျန်းမာရေးကို အသေးစိတ် Analysis လုပ်ပေးခြင်း
-(၃) လစာ Performance Monitoring Support ပေးခြင်း

🛡️ Package 3 — Annual Care Plan (တစ်နှစ်စာ ဝန်ဆောင်မှု)

-တစ်နှစ်လျှင် (၃) ကြိမ် ပုံမှန်လာရောက်စစ်ဆေးပေးခြင်း
- Panel များ အထူးဆေးကြောသန့်စင်ပေးခြင်း (၂) ကြိမ်
-စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပါက Priority ပေး၍ ပြုပြင်ပေးခြင်း
-လဲလှယ်ရမည့် အပိုပစ္စည်းများအတွက် အထူး Discount ရရှိခြင်း
-တစ်နှစ်စာ စွမ်းဆောင်ရည် အစီရင်ခံစာ တင်ပြပေးခြင်း

နွေပူထဲမှာ အပူချိန်ကြောင့် စွမ်းဆောင်ရည်မကျသွားစေဖို့နဲ့ မီးဘေးအန္တရာယ် ကင်းဝေးစေဖို့ အခုပဲ ရက်ချိန်းယူလိုက်ပါ။

Solar ဆိုတာ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို စုပ်ယူတာဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်စ...
19/02/2026

Solar ဆိုတာ နေရောင်ခြည်ကရတဲ့ စွမ်းအင်ကို စုပ်ယူတာဖြစ်ပြီး အိမ်သုံးလျှပ်စစ်ပစ္စည်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။

​❌ နှစ်ခုလုံးမရှိရင် သုံးလို့မရပါဘူး
Solar ပြားတစ်ခုတည်း တပ်ဆင်ထားရုံနဲ့တော့ လျှပ်စစ်ပစ္စည်းတွေကို တိုက်ရိုက်အသုံးပြုလို့ လုံးဝ(လုံးဝ) မရပါဘူး။

​✅ အနည်းဆုံးတော့ Inverter တစ်ခု ရှိဖို့လိုပါတယ်
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေဟာ AC (220V) နဲ့ မောင်းနှင်တာဖြစ်လို့ Solar ကရတဲ့ DC မီးကို ပြောင်းလဲပေးဖို့ Inverter တော့ အနည်းဆုံး ရှိရပါမယ်။ Inverter ရှိရင်တော့ နေပူနေတဲ့အချိန်မှာ လျှပ်စစ်ပစ္စည်းတွေကို တိုက်ရိုက် အသုံးပြုလို့ရပါတယ်။

​🔋 ဒါဆို Battery ကရော ဘာလို့လိုအပ်တာလဲ?
Inverter ပဲရှိပြီး Battery မပါရင်တော့ နေပူတဲ့အချိန်မှာပဲ သုံးလို့ရမှာပါ။ ညဘက်တွေမှာ သုံးချင်ရင် ဒါမှမဟုတ် မိုးအုံ့နေတဲ့အချိန်မှာပါ မီးအားတည်ငြိမ်ချင်ရင်တော့ စွမ်းအင်သိုလှောင်ပေးမယ့် Battery ပါ တွဲဖက်အသုံးပြုမှ အဆင်ပြေမှာဖြစ်ပါတယ်။

​ဒါကြောင့် လူကြီးမင်းတို့ရဲ့ အိမ်သုံး၊ ရုံးသုံးအတွက်⚡💡 အချိန်ပြည့် တည်ငြိမ်တဲ့လျှပ်စစ်စွမ်းအင်ကို ပိုင်ဆိုင်ဖို့အတွက် Solar, Battery နဲ့ Inverter Set လိုက် တပ်ဆင်ဖို့ တိုက်တွန်းပါရစေ။

​သင့်တင့်တဲ့စျေးနှုန်း၊ အရစ်ကျဝယ်ယူမှုစနစ်သာမက After Sale Service နဲ့ အပြည့်အဝတာဝန်ယူမှုရှိတဲ့ Eco Energy ကိုသာ ရွေးချယ်ပါ။

​လူကြီးမင်းတို့အတွက် Solar, Battery & Inverter တပ်ဆင်မှုတွေ၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး သိလိုသမျှကို စိတ်ကြိုက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

​📩 Messenger ကနေဖြစ်စေ
📞 09 966999803, 09 966999804
ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါပြီ။

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ... 🏮စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပြီး ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ နှ...
17/02/2026

မင်္ဂလာရှိသော တရုတ်နှစ်သစ်ကူး အခါသမယမှာ... 🏮
စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပြီး ကောင်းချီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ နှစ်သစ်လေး ဖြစ်ပါစေ။ ကံပွင့်၊ လာဘ်ပွင့်ပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့အတူ လိုရာဆန္ဒတွေ တစ်လုံးတစ်ဝတည်း ပြည့်ဝကြပါစေ။ ✨🧧

Gong Xi Fa Cai! 🍊🧧

အဆိပ်ငွေ့ကင်းစင် သန့်ရှင်းတဲ့ကျောင်းပတ်ဝန်းကျင်ဖြစ်ဖို့ Solar Solutions ကအဖြေတစ်ခုပါ💡ညစ်ညမ်းတဲ့လေထုက‼️ ငယ်ရွယ်တဲ့ကလေးတွရ...
04/02/2026

အဆိပ်ငွေ့ကင်းစင် သန့်ရှင်းတဲ့ကျောင်းပတ်ဝန်းကျင်ဖြစ်ဖို့ Solar Solutions ကအဖြေတစ်ခုပါ💡

ညစ်ညမ်းတဲ့လေထုက‼️ ငယ်ရွယ်တဲ့ကလေးတွရဲ့အဆုတ်အတွက် အဆိပ်ငွေ့တွေလိုပါပဲ။

မသိနားမလည်သေးတဲ့ကလေးတွေကိုကာကွယ်ဖို့ အရွယ်ရောက်ပြီးသူတိုင်းမှာတာဝန်ရှိလို့ ကိုယ်တိုင်က လေထုထဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လုပ်သူမဖြစ်အောင်သတိထားဆင်ခြင်သင့်ပါတယ်။

👉ဒါကြောင့် ကလေးငယ်တွေနေ့စဥ် အချိန်အများဆုံးထိတွေ့နေရတဲ့ ကျောင်းပတ်ဝန်းကျင်မှာ သန့်ရှင်းကျန်းမာစေတဲ့လေထုရဖို့သာမက ဆူညံမှုကင်းဝေးပြီးသင်ကြားရေးမှာ ပိုအာရုံစူးစိုက်မှုအားကောင်းဖို့ Solar Solution ကိုသာ ရွေးချယ်အသုံးပြုဖို့အသင့်တော်ဆုံးပါ။

👉သန့်ရှင်းကျန်းမာတဲ့ ကျောင်းပတ်ဝန်းကျင်ကို ဖန်တီးဖို့စဥ်းစားပြီးပြီဆိုရင်တော့ မဝယ်ယူခင်ကတည်းက ရယူနိုင်တဲ့ Consulting Service၊ အရစ်ကျပေးသွင်းနိုင်တဲ့ဝယ်ယူမှု၊ ဝယ်ယူပြီးပါက (၆) လတစ်ကြိမ် အနည်းဆုံးလာရောက်သန့်ရှင်းပေးတဲ့ Cleansing Service တစ်ခါတည်းပါတဲ့ Eco Energy ကိုသာရွေးချယ်လိုက်ပါနော်။

လူကြီးမင်းတို့အတွက် Solar, Battery & Inverter တပ်ဆင်မှုတွေ၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး သိလိုသမျှကို စိတ်ကြိုက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

📩 Messenger ကနေဖြစ်စေ
📞 09 966999803, 09 966999804
ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါပြီ။

သင့်လုပ်ငန်းမှာ Solar တပ်ဖို့လိုနေတဲ့ အကြောင်းပြချက် (၃) ချက်Eco Energy မှတပ်ဆင်ပေးတဲ့ Project တွေထဲက တစ်ခုကို အခြေခံလို...
30/01/2026

သင့်လုပ်ငန်းမှာ Solar တပ်ဖို့လိုနေတဲ့ အကြောင်းပြချက် (၃) ချက်

Eco Energy မှတပ်ဆင်ပေးတဲ့ Project တွေထဲက တစ်ခုကို အခြေခံလို့ Solar တပ်ကိုတပ်ရမယ့် လက်တွေ့ကျကျ အကြောင်းပြချက်(3)ခုကို လုပ်ငန်းရှင်လူကြီးမင်းတို့အတွက် Eco Energy မှအကြံပေးပြောပြသွားမှာပါ။

တောင်ကြီး Royal Star Hotel မှာ Eco Energy မှ 50kW Solar Power & Backup System တစ်ခုကိုတပ်ဆင်ပေးခဲ့ပြီးနောက် မူလ Meter Bill ကျပ်သိန်း (80) ကနေ ကျပ်သိန်း(40) အထိ စုစုပေါင်း (50%) တောင် လျှော့ချနိုင်ခဲ့ပါတယ်။

✅လူကြီးမင်းတို့ရဲ့အသုံးစရိတ်တွေကို ဒီလိုပမာဏတစ်ခုအထိသိသိသာသာလျှော့ချနိုင်တာက Solar တပ်ကိုတပ်သင့်တဲ့ အကြောင်းအရင်းတွေထဲကတစ်ခုကိုပိုမြင်သာစေပြီး ရေရှည် Budget Plan မှာလည်း နောက်ပိုင်း Outcome သိသိသာသာလျော့ကျသွားစေမှာပါ။

✅နောက်ထပ်တစ်ချက်အနေနဲ့ကတော့ အချိန်ပြည့်လျှပ်စစ်မီးရရှိပြီး ကြန့်ကြာမှုမရှိ လုပ်ငန်းတွေပုံမှန်အတိုင်းလည်ပတ်နိုင်ဖို့ပဲဖြစ်ပါတယ်။အထူးသဖြင့် ဟိုတယ်လုပ်ငန်းရှင်တွေအနေနဲ့ထည့်သွင်းစဥ်းစားရမှာက ကိုယ့်ရဲ့ဟိုတယ်မှာ (24) နာရီမီးပေးနိုင်တယ်ဆိုတဲ့အချက်က ဧည့်သည်အသစ်တွေကို ပိုဆွဲဆောင်နိုင်မှာဖြစ်ပါတယ်။

✅နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ သန့်ရှင်းကျန်းမာဖို့သာမက ဆူညံသံကင်းပြီး ပိုတိတ်ဆိတ်အေးချမ်းတဲ့လုပ်ငန်းခွင်တစ်ခုကို ဖန်တီးနိုင်ဖို့ပဲဖြစ်ပါတယ်။ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမျိုးဆိုတာ သန့်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်နေဖို့သာမက တိတ်ဆိတ်အေးချမ်းတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်နေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။

Solar တပ်လိုက်တယ်ဆိုတာ ရေရှည်အတွက် လူကြီးမင်းတို့ရဲ့လုပ်ငန်းအသုံးစရိတ်၊ လုပ်ငန်းစဥ်တွေအတွက်ပါ အထောက်အကူဖြစ်စေရုံသာမက တခြားလုပ်ငန်းတွေထက်သာလွန်တဲ့ အားသာချက်တစ်ခုဖြစ်လာပြီး ပိုများတဲ့ Income တွေကိုပါ ယူဆောင်လာပေးနိုင်မှာပဲဖြစ်ပါတယ်။

Our team on-site conducting a solar site survey to deliver an efficient and reliable system.One step closer to clean, re...
27/01/2026

Our team on-site conducting a solar site survey to deliver an efficient and reliable system.
One step closer to clean, reliable energy ☀️

တိုက်ခန်းမှာနေလို့ ဆိုလာပြားတပ်ဖို့ နေရာမရှိဘူးလား❓အိမ်နီးချင်းတွေရှိလို့ ဆူညံတဲ့ မီးစက်တွေ သုံးရခက်နေသလား❓ဒါဆိုရင်တော့....
26/01/2026

တိုက်ခန်းမှာနေလို့ ဆိုလာပြားတပ်ဖို့ နေရာမရှိဘူးလား❓
အိမ်နီးချင်းတွေရှိလို့ ဆူညံတဲ့ မီးစက်တွေ သုံးရခက်နေသလား❓

ဒါဆိုရင်တော့... ဆိုလာပြားမလိုဘဲ မီးပြတ်ချိန်အတွက် စိတ်အေးရမယ့် Energy Backup System ကို ရွေးချယ်လိုက်ပါ။
Eco Energy ရဲ့ Battery + Inverter Set က လူကြီးမင်းတို့အတွက် အကောင်းဆုံး အဖြေဖြစ်မှာပါ။

✅ ဘယ်လိုအလုပ်လုပ်သလဲ?
မီးလာချိန်: ပုံမှန်လျှပ်စစ်မီးကနေ Battery ကို အလိုအလျောက် အားသွင်းထားမယ်။
မီးပျက်ချိန်: သိုလှောင်ထားတဲ့ စွမ်းအင်ကို Inverter ကတစ်ဆင့် အိမ်သုံးလျှပ်စစ်အဖြစ် ပြောင်းလဲပြီး ချက်ချင်း အသုံးပြုနိုင်မယ်။

✅ ဘာကြောင့် သုံးသင့်တာလဲ?
နေရာမရွေး တပ်ဆင်နိုင်ခြင်း: ခေါင်မိုးနေရာ မလိုတဲ့အတွက် တိုက်ခန်းနဲ့ အထပ်မြင့် အဆောက်အအုံတွေအတွက် အထူးအဆင်ပြေပါတယ်။
ဆူညံသံ လုံးဝမရှိခြင်း: မီးစက်သံတွေ၊ မီးခိုးငွေ့တွေကြောင့် ပတ်ဝန်းကျင်ကို အားနာစရာ မလိုတော့ဘူးပေါ့။
စရိတ်သက်သာခြင်း: ဆီဖိုးကုန်သက်သာပြီး မီးစက်တွေလို ခဏခဏ ပြင်နေရတဲ့ ဒုက္ခကနေ ကင်းဝေးစေပါတယ်။

လူကြီးမင်းတို့အတွက် Solar, Battery & Inverter တပ်ဆင်မှုတွေ၊ နည်းပညာပိုင်း ပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး သိလိုသမျှကို စိတ်ကြိုက် ဆွေးနွေးမေးမြန်းနိုင်ပါတယ်။

📩 Messenger ကနေဖြစ်စေ
📞 09 966999803, 09 966999804
ကို တိုက်ရိုက်ဆက်သွယ် စုံစမ်းနိုင်ပါပြီ။

We will be there for free Energy Consultation for your SMEs!အထူး Promotion တွေလဲရှိမှာမို့လို့လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။D...
22/01/2026

We will be there for free Energy Consultation for your SMEs!
အထူး Promotion တွေလဲရှိမှာမို့လို့လာရောက်ဖို့ဖိတ်ခေါ်ပါတယ်။

Date 📅 - 24 - 25 January
Time 🕒 - 3 pm - 10 pm
Venue 🏟️ - Inya Lake Hotel (အင်းလျားလိတ်ဟိုတယ် မြက်ခင်းပြင်)

https://www.facebook.com/share/p/17gF2jh8r6/?mibextid=wwXIfr

Address

67A, Parami Road, South Okkalarpa Township
Yangon

Website

Alerts

Be the first to know and let us send you an email when Eco Energy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share