Burma Corporate Advisory

Burma Corporate Advisory Flagship Advisory Firm advising founders and CEOs by practicing fact-based strategies to build long-term competitive advantages.

မြန်မာပြည် 𝟐𝟎𝟐𝟔 မှာ 𝐈𝐧𝐟𝐥𝐚𝐭𝐢𝐨𝐧 - ငွေကြေးဖောင်းပွနှုန်း အမြင့်ဆုံးဖြစ်လာတဲ့နယ်ပယ်တွေက 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧, 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞, 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨...
03/08/2026

မြန်မာပြည် 𝟐𝟎𝟐𝟔 မှာ 𝐈𝐧𝐟𝐥𝐚𝐭𝐢𝐨𝐧 - ငွေကြေးဖောင်းပွနှုန်း အမြင့်ဆုံးဖြစ်လာတဲ့နယ်ပယ်တွေက 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧, 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞, 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧 ဖြစ်ပါတယ်။

ဒီ 𝐑𝐞𝐩𝐨𝐫𝐭 ကို 𝐉𝐮𝐧𝐞 လ၊​ 𝟐𝟎𝟐𝟔 မှာ 𝐖𝐨𝐫𝐥𝐝 𝐁𝐚𝐧𝐤 က ထုတ်ပြန်ထားတယ်။ 𝐓𝐢𝐦𝐞𝐥𝐢𝐧𝐞 အရ ဒီလောက် 𝐈𝐧𝐟𝐥𝐚𝐭𝐢𝐨𝐧 အထိ တက်လာဖို့ဆိုတာ အရှေ့အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ 𝐎𝐢𝐥 𝐂𝐫𝐢𝐬𝐢𝐬 ကလည်း မြန်မာပြည်ပေါ်မှာ အများကြီးသက်ရောက်မှုရှိပါတယ်။​

သတိထားစရာက အရင်နှစ်ကထက် ဒီထက် 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 စျေးနှုန်းက အများကြီး မြင့်တက်လာတဲ့အတွက် ပုံမှန်လှုပ်ရှားသွားလာနေတဲ့ 𝐃𝐚𝐢𝐥𝐲 𝐋𝐢𝐟𝐞 မှာ ကားစီးတာ၊ 𝐓𝐚𝐱𝐢 ငှားတာ၊​ ဆီထည့်တာအပြင် 𝐒𝐮𝐩𝐩𝐥𝐲 𝐂𝐡𝐚𝐢𝐧 ကို အဓိက မှီခိုအားထားပြီး အလုပ်လုပ်နေရတဲ့ 𝐖𝐡𝐨𝐥𝐞𝐬𝐚𝐥𝐞 & 𝐑𝐞𝐭𝐚𝐢𝐥 𝐓𝐫𝐚𝐝𝐞, 𝐅𝐌𝐂𝐆, 𝐌𝐚𝐧𝐮𝐟𝐚𝐜𝐭𝐮𝐫𝐢𝐧𝐠 အစရှိတဲ့ 𝐒𝐞𝐜𝐭𝐨𝐫 အားလုံးကို အကျိုးသက်ရောက်မှုရှိပါတယ်။​

𝐑𝐞𝐭𝐚𝐢𝐥 𝐒𝐞𝐜𝐭𝐨𝐫 ထဲမှာ နေ့စဉ် 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ဆီ ပစ္စည်းပို့တာဖြစ်ဖြစ်၊ 𝐒𝐮𝐩𝐩𝐥𝐢𝐞𝐫𝐬 ဆီက ပစ္စည်းဝယ်တာဖြစ်ဖြစ် 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 (၁) ကြောင်းကနေ (၂) ကြောင်း မထိန်းနိုင်ရင် ဒီအရာက 𝐂𝐨𝐦𝐩𝐨𝐮𝐧𝐝 ဖြစ်ပြီး ကိုယ် 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 ရဲ့ 𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 𝐂𝐚𝐬𝐡 𝐅𝐥𝐨𝐰 ကို ထိခိုက်လာနိုင်ပါတယ်။

ဒီအချိန်မှာ 𝐂𝐎𝐆𝐒 𝐂𝐨𝐬𝐭 𝐂𝐨𝐧𝐭𝐫𝐨𝐥 ကို သေချာစီမံဖို့လိုအပ်တယ်။ ပစ္စည်းအယူ၊အပို့ကိုလည်း လိုအပ်တာထက် မပိုပဲ တိကျအောင် စီမံထားဖို့ လိုအပ်တယ်။ ကားပိတ်တဲ့အချိန်ကို ရှောင်ရင် ဘယ်လောက် 𝐒𝐚𝐯𝐞 ဖြစ်နိုင်တယ်။ (၂) ခေါက်သွားရမှာကို (၁) ခေါက်ပဲသွားလို့ရအောင် 𝐏𝐥𝐚𝐧 ထားဖို့ လိုအပ်တယ်။ 𝐒𝐮𝐩𝐩𝐥𝐲 𝐂𝐡𝐚𝐢𝐧 𝐌𝐚𝐩 မှာ ယိုပေါက်ရှိမရှိ ပြန်စီစစ်ဖို့ လိုအပ်ပါတယ်။​

ဒါကြောင့် မြန်မာပြည်က 𝐂𝐄𝐎 များအတွက်လည်း ကျွန်တော်တို့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ 𝐂𝐨𝐬𝐭 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬, 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ပိုင်းဆိုင်ရာ တွက်ချက်မှုများကို ကိုယ်ပိုင် 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလို တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။​

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲


👇 𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐬 𝐭𝐡𝐞 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐛𝐞𝐥𝐨𝐰

မြန်မာပြည်ရှိ 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 များအတွက် 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 အရေးပါပုံ။ 𝐂𝐨𝐧𝐝𝐨, 𝐌𝐢𝐧𝐢 𝐂𝐨𝐧𝐝𝐨, 𝐇𝐨𝐭𝐞𝐥 အစရှိတဲ့ 𝐈...
01/07/2026

မြန်မာပြည်ရှိ 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐞𝐫 များအတွက် 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 အရေးပါပုံ။

𝐂𝐨𝐧𝐝𝐨, 𝐌𝐢𝐧𝐢 𝐂𝐨𝐧𝐝𝐨, 𝐇𝐨𝐭𝐞𝐥 အစရှိတဲ့ 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 ပမာဏတစ်ခု ရင်းနှီးပြီး 𝐏𝐫𝐨𝐣𝐞𝐜𝐭 တစ်ခုစတော့မယ်ဆိုရင် ဖြစ်တန်ခြေရှိတဲ့ 𝐏𝐨𝐬𝐬𝐢𝐛𝐢𝐥𝐢𝐭𝐲 ကို အသေးစိတ် တွက်ချက်ထားခြင်းက မလိုလားအပ်တဲ့ 𝐑𝐢𝐬𝐤 တွေကို အများကြီး လျော့ကျစေပါတယ်။

𝐏𝐫𝐨𝐣𝐞𝐜𝐭 တစ်ခုစပြီးနောက်

- တကယ်လို့ 𝐒𝐚𝐥𝐞 က ထင်ထားသလောက် ရောင်းမထွက်ရင်ရော

- 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐏𝐫𝐨𝐣𝐞𝐜𝐭 𝐓𝐢𝐦𝐞𝐥𝐢𝐧𝐞 က ထင်ထားတာထက် ပိုကြာသွားမယ်ဆိုရင်

- 𝐌𝐚𝐫𝐤𝐞𝐭𝐢𝐧𝐠 𝐁𝐮𝐝𝐠𝐞𝐭 အများဆုံး ဘယ်လောက်အထိပဲ သုံးသင့်လဲ

- 𝐏𝐫𝐨𝐣𝐞𝐜𝐭 က 𝐏𝐫𝐨𝐟𝐢𝐭 မထွက်တော့ရင် ဘယ်လိုဆက်လုပ်သင့်လဲ

- 𝐑𝐚𝐰 𝐌𝐚𝐭𝐞𝐫𝐢𝐚𝐥𝐬 စျေးနှုန်းက ရုတ်တရက် 𝟐 ဆလောက် တက်သွားမယ်ဆိုရင်ရော

ဒီမေးခွန်းတွေက 𝐏𝐫𝐨𝐣𝐞𝐜𝐭 မစခင် 𝐄𝐱𝐜𝐞𝐥 မှာ အသေးစိတ်ချမတွက်ထားဘူးဆိုရင် တကယ့်လက်တွေ့ 𝐏𝐫𝐨𝐣𝐞𝐜𝐭 စတဲ့အခါ 𝐋𝐨𝐚𝐧𝐬 တွေ ပိုယူရတာ၊ ခန့်မှန်းထားတဲ့ 𝐁𝐮𝐝𝐠𝐞𝐭 ထက် ပိုကုန်ကျတာ၊ အချိန်ကုန်၊လူကုန် အားလုံး ရင်းနှီးထားပြီးမှ 𝐏𝐫𝐨𝐟𝐢𝐭 မထွက်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။​

𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေရဲ့ 𝐂𝐄𝐎, 𝐁𝐎𝐃 တွေအနေနဲ့ 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞, 𝐇𝐨𝐭𝐞𝐥, 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐏𝐚𝐫𝐤,𝐑𝐞𝐬𝐨𝐫𝐭 စတဲ့ 𝐋𝐚𝐫𝐠𝐞 𝐒𝐜𝐚𝐥𝐞 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 တွေသုံးပြီး 𝐏𝐫𝐨𝐣𝐞𝐜𝐭 မစခင်မှာ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 ကနေ 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 အသေးစိတ်ကို တင်ပြ ဆွေးနွေးပြီးမှ 𝐏𝐫𝐨𝐣𝐞𝐜𝐭 ကို စသင့်၊မစသင့် ဆုံးဖြတ်လေ့ရှိပါတယ်။

ဒါကြောင့် မြန်မာပြည်က 𝐂𝐄𝐎 များအတွက်လည်း ကျွန်တော်တို့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ 𝐒𝐜𝐞𝐧𝐚𝐫𝐢𝐨𝐬 𝐏𝐥𝐚𝐧𝐧𝐢𝐧𝐠 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 ပိုင်းဆိုင်ရာ တွက်ချက်မှုများကို 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 စုံနှုန်းများဖြင့် ကိုယ်ပိုင် စိတ်ချရတဲ့ 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလို တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။​

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲


𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐬 𝐭𝐡𝐞 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐛𝐞𝐥𝐨𝐰 👇

𝐖𝐨𝐫𝐥𝐝 𝐁𝐚𝐧𝐤 𝐓𝐚𝐥𝐞𝐧𝐭𝐬 𝐌𝐚𝐫𝐤𝐞𝐭 ဒေတာများအရ 𝟐𝟎𝟐𝟓 ထက်ယှဉ်ရင် 𝟐𝟎𝟐𝟔 မှာ မြန်မာနိုင်ငံက 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေမှာ အလုပ်လျှောက်တဲ့ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ...
26/06/2026

𝐖𝐨𝐫𝐥𝐝 𝐁𝐚𝐧𝐤 𝐓𝐚𝐥𝐞𝐧𝐭𝐬 𝐌𝐚𝐫𝐤𝐞𝐭 ဒေတာများအရ 𝟐𝟎𝟐𝟓 ထက်ယှဉ်ရင် 𝟐𝟎𝟐𝟔 မှာ မြန်မာနိုင်ငံက 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေမှာ အလုပ်လျှောက်တဲ့ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 အရေအတွက် ပိုများလာခဲ့ပါတယ်။​

တစ်ဖက်မှာလည်း အလုပ်လျှောက်ထားသူ 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 ပိုများလာပေမဲ့ အများစုက 𝐂𝐨𝐦𝐩𝐚𝐧𝐲 ရဲ့ လိုအပ်တဲ့ 𝐒𝐤𝐢𝐥𝐥𝐬𝐞𝐭 နဲ့ ကိုက်ညီမှု မရှိတာ၊ 𝐒𝐚𝐥𝐚𝐫𝐲 တောင်းဆိုမှု ပမာဏ ပိုများလာခြင်းက အဓိက စိန်ခေါ်မှု တစ်ရပ်အဖြစ် ကျန်ရှိနေပါသေးတယ်။

ဒီစိန်ခေါ်မှုကို ဖြေရှင်းဖို့ အချို့ 𝐂𝐨𝐦𝐩𝐚𝐧𝐲 တွေမှာ 𝟏-𝟐 𝐘𝐞𝐚𝐫𝐬 𝐋𝐨𝐧𝐠 𝐓𝐞𝐫𝐦 𝐓𝐚𝐥𝐞𝐧𝐭𝐬 𝐏𝐨𝐨𝐥𝐬 𝐏𝐫𝐨𝐠𝐫𝐚𝐦 တွေ၊ 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 𝐋𝐞𝐯𝐞𝐥 မရောက်ခင် 𝐂𝐨𝐦𝐩𝐚𝐧𝐲 စဝင်တဲ့အချိန်တည်းက 𝐎𝐧-𝐉𝐨𝐛 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 တွေကို ထိထိရောက်ရောက် ပေးပြီး ဖြေရှင်းနေတာကို တွေ့ရပါတယ်။​

ဆိုတော့ လက်ရှိ ရှိပြီးသား 𝐓𝐚𝐥𝐞𝐧𝐭𝐬 ကိုပဲ ထပ် 𝐓𝐫𝐚𝐢𝐧 မလား။ 𝐓𝐚𝐥𝐞𝐧𝐭𝐬 အသစ်တွေကို ရှာဖွေခန့်အပ်မလား။ ဘယ်လို ဖြေရှင်းချက်က လက်ရှိ ကိုယ်ရဲ့ 𝐂𝐨𝐦𝐩𝐚𝐧𝐲 အတွက် အထိရောက်ဆုံးဖြေရှင်းချက်ဖြစ်မလဲ။ 𝐂𝐄𝐎/𝐅𝐨𝐮𝐧𝐝𝐞𝐫𝐬 တွေအနေနဲ့ရော ဘယ်လိုမျိုး ဖြေရှင်းလျက်ရှိနေလဲ။ ကျွန်တော်တို့နဲ့အတူ မျှဝေဆွေးနွေးခဲ့နိုင်ပါတယ်။

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐯𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐬 𝐢𝐧 𝐭𝐡𝐞 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐛𝐞𝐥𝐨𝐰 👇

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

လွန်ခဲ့တဲ့ (၁၀) နှစ် အတွင်း 𝐕𝐢𝐞𝐭𝐧𝐚𝐦 က 𝐒𝐄𝐀 မှာ 𝐄𝐱𝐩𝐨𝐫𝐭 𝐕𝐚𝐥𝐮𝐞 တတိယ အကြီးဆုံး နိိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။ 𝐂𝐡𝐢𝐧𝐚+𝟏 လို့ ပြေ...
23/06/2026

လွန်ခဲ့တဲ့ (၁၀) နှစ် အတွင်း 𝐕𝐢𝐞𝐭𝐧𝐚𝐦 က 𝐒𝐄𝐀 မှာ 𝐄𝐱𝐩𝐨𝐫𝐭 𝐕𝐚𝐥𝐮𝐞 တတိယ အကြီးဆုံး နိိုင်ငံတစ်ခု ဖြစ်လာခဲ့ပါတယ်။

𝐂𝐡𝐢𝐧𝐚+𝟏 လို့ ပြောလို့ရအောင် လွန်ခဲ့တဲ့ (၁၀) နှစ်အတွင်း 𝐒𝐚𝐦𝐬𝐮𝐧𝐠, 𝐈𝐧𝐭𝐞𝐥, 𝐂𝐚𝐧𝐨𝐧, 𝐏𝐚𝐧𝐚𝐬𝐨𝐧𝐢𝐜, 𝐅𝐮𝐣𝐢𝐭𝐬𝐮, 𝐋𝐆, 𝐁𝐨𝐬𝐜𝐡 𝐚𝐧𝐝 𝐍𝐨𝐤𝐢𝐚 အစရှိတဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐆𝐢𝐚𝐧𝐭𝐬 𝐅𝐚𝐜𝐭𝐨𝐫𝐢𝐞𝐬 တွေက 𝐕𝐢𝐞𝐭𝐧𝐚𝐦 မှာ အခြေစိုက်ပြီး 𝐔𝐒, 𝐂𝐡𝐢𝐧𝐚, 𝐒𝐨𝐮𝐭𝐡 𝐊𝐨𝐫𝐞𝐚 နိုင်ငံတွေဆီ ကုန်ပစ္စည်းတွေကို တောက်လျှောက် တင်ပို့နေခဲ့ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ၂၀၀၅ ခုနှစ်က 𝐕𝐢𝐞𝐭𝐧𝐚𝐦 ပို့ကုန်အများစုရဲ့ 𝟐𝟓% က 𝐀𝐠𝐫𝐢 ထုတ်ကုန်တွေ ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ ပို့ကုန်စုစုပေါင်းရဲ့ 𝟏𝟓 % ပဲ ရှိတော့တယ်။ 𝐄𝐥𝐞𝐜𝐭𝐫𝐨𝐧𝐢𝐜 ထုတ်ကုန်တွေက စုစုပေါင်း ပို့ကုန်ရဲ့ 𝟏𝟐 % ကနေ 𝟑𝟓 % ထိ ခုန်တက်သွားပြီး နိုင်ငံရဲ့ 𝐀𝐠𝐫𝐢 ကို ဦးစားပေးတဲ့ 𝐄𝐜𝐨𝐧𝐨𝐦𝐲 အရွေ့ကနေ 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐒𝐞𝐜𝐭𝐨𝐫𝐬 ကို အခြေခံတဲ့ 𝐄𝐜𝐨𝐧𝐨𝐦𝐲 အရွေ့ နိုင်ငံဖြစ်လာအောင် ဖော်ဆောင်နေတာကို ကွင်းကွင်းကွက်ကွက် မြင်တွေ့ရပါတယ်။​

ဒါဆို 𝐕𝐢𝐞𝐭𝐧𝐚𝐦 ရဲ့ ဘယ်လို 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐏𝐨𝐥𝐢𝐜𝐲 တွေက အခြားနိုင်ငံတွေ ဖြစ်တဲ့ 𝐓𝐡𝐚𝐢𝐥𝐚𝐧𝐝, 𝐂𝐚𝐦𝐛𝐨𝐝𝐢𝐚 နိုင်ငံတွေထက် 𝐅𝐃𝐈 တွေ ပိုပြီးဆွဲဆောင်နိုင်တာလဲ။ 𝐕𝐢𝐞𝐭𝐧𝐚𝐦 မှာ ဘယ်လို အရည်အသွေးတွေရှိနေလို့ အခြား နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ရုတ်တရုတ်တိုးတက်လာတာလဲ။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ရှိတဲ့ 𝐈𝐧𝐝𝐮𝐬𝐭𝐫𝐢𝐚𝐥 𝐏𝐚𝐫𝐤 တွေအနေနဲ့လည်း ဘယ်လိုအရာတွေကို လေ့လာအတုယူလို့ရနိုင်မလဲ။

အထက်ပါအချက်တွေက အချိန်ပေးပြီးလေ့လာသုံးသပ်ရသလို ကိုယ်စတင်မယ့် လုပ်ငန်းက ဒီအချက်တွေနဲ့ ဆက်စပ်နေမယ်ဆိုရင် သီးသန့်စောင့်ကြည့်နေမယ့် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလိုအပ်ပါတယ်။

ဒါကြောင့် မြန်မာပြည်မှ 𝐅𝐨𝐮𝐧𝐝𝐞𝐫/𝐂𝐄𝐎 များအတွက် အချိန်ကုန်သက်သာစွာနဲ့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ ကိုယ်ပိုင် 𝐓𝐞𝐚𝐦 တစ်ခုလို အတူတူ တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲


𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐯𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐬 𝐢𝐧 𝐭𝐡𝐞 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐛𝐞𝐥𝐨𝐰👇

𝐅𝐨𝐮𝐧𝐝𝐞𝐫 များအကြား 𝐃𝐢𝐯𝐢𝐝𝐞𝐧𝐝 - အမြတ်ငွေ ဘယ်ချိန်မှာ ခွဲဝေသင့်လဲ။ စိတ်တူ၊ ကိုယ်တူ သူငယ်ချင်း (၅) ယောက် တစ်ယောက်ကို သိန်း (၁...
21/06/2026

𝐅𝐨𝐮𝐧𝐝𝐞𝐫 များအကြား 𝐃𝐢𝐯𝐢𝐝𝐞𝐧𝐝 - အမြတ်ငွေ ဘယ်ချိန်မှာ ခွဲဝေသင့်လဲ။

စိတ်တူ၊ ကိုယ်တူ သူငယ်ချင်း (၅) ယောက် တစ်ယောက်ကို သိန်း (၁၀၀) ဆီထည့်ပြီး လုပ်ငန်းစတင် ခဲ့တယ်။ ကိုယ်ဆီအလုပ်တွေလုပ်ကြရင်း လုပ်ငန်းက ထင်ထားထက်ကို (၂) ဆ၊ (၃) ဆလောက် ကြီးထွားလာတယ်။ ဒါဆို ဒီအမြတ်ငွေတွေကို 𝐅𝐨𝐮𝐧𝐝𝐞𝐫 သူငယ်ချင်း (၅) ယောက်အကြား ဘယ်လို ခွဲဝေမလဲ။ ဘယ်ချိန်မှာ အမြတ်ငွေခွဲဝေသင့်လဲ။

ဒီအချက်က မြန်မာနိုင်ငံက 𝐅𝐨𝐮𝐧𝐝𝐞𝐫 များအကြား ဒွိဟများလေ့ရှိတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

ပုံမှန်တွေ့ရလေ့ရှိတာက “လုပ်ငန်းက အမြတ်ငွေ သိန်း (၁၀၀၀)​ ဝင်လာတယ်ဆို တစ်ယောက် သိန်း (၁၀၀) ဆီ (၅) ယောက်ခွဲဝေလိုက်တယ်။​ ကျန်တဲ့ သိန်း (၅၀၀) ကိုတော့ လုပ်ငန်းထဲ ပြန်ထည့်လိုက်မယ်” စသဖြင့် ဆုံးဖြတ်လေ့ရှိကြပါတယ်။

သို့သော် တခါတရံ လုပ်ငန်းက အကြပ်အတည်းတစ်ခုခုကြောင့် သိန်း (၅၀၀) နဲ့ ဆက်ပြီးလည်ပတ်လို့ မလုံလောက်တဲ့အခါ။ တစ်ဦးချင်းအမြတ်ခွဲဝေပြီးနောက် 𝐅𝐨𝐮𝐧𝐝𝐞𝐫 တစ်ယောက်ချင်းဆီကလည်း ကိုယ်ပိုင် 𝐏𝐞𝐫𝐬𝐨𝐧𝐚𝐥 𝐔𝐬𝐚𝐠𝐞 - ကားဝယ်လိုက်တာ၊ ခရီးသွားလိုက်တာ စသဖြင့် အခြားမှာ သုံးစွဲလိုက်လို့ 𝐂𝐚𝐩𝐢𝐭𝐚𝐥 မရှိတော့တဲ့အခါ လုပ်ငန်းထဲ ဆက်ထည့်ဖို့ 𝐀𝐬𝐬𝐞𝐭 တွေကို ပြန်ရောင်းရ စသဖြင့် ကြုံတွေ့ရပါတယ်။

ဒါကြောင့်မို့ လုပ်ငန်းကြီးထွားလာတာနဲ့တစ်ပြိုင်နက် 𝐃𝐢𝐯𝐢𝐝𝐞𝐧𝐝 𝐏𝐨𝐥𝐢𝐜𝐲 ကို စနစ်တကျ ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

(၁) လုပ်ငန်းရဲ့ အနာဂတ်မှာ ဆက်လည်ပတ်ဖို့ 𝐂𝐚𝐩𝐢𝐭𝐚𝐥 အများဆုံး၊ အနည်းဆုံး ဘယ်လောက်လိုအပ်မလဲ တွက်ချက်ထားမယ်။

(၂) လုပ်ငန်းရဲ့ ဘယ်နေရာမှာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်တာလဲ။ ဘယ်လောက် 𝐑𝐎𝐈 ပြန်ရနိုင်မလဲတွက်ချက်မယ်။

(၃) အပေါ်ကအချက် (၂) ချက်လုံးက 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 မရှိဘူးဆိုရင် 𝐋𝐨𝐚𝐧 တွေကို ဘယ်လောက် ပမာဏ ပြန်ဆပ်ထားသင့်လဲ တွက်ချက်မယ်။

ဒါဆို 𝐃𝐢𝐯𝐢𝐝𝐞𝐧𝐝 ခွဲဝေပြီးလိုက်တဲ့အခါ 𝐂𝐨𝐦𝐩𝐚𝐧𝐲 မပြိုလဲသွားစေဖို့ အထိုက်အလျောက် ကာကွယ်နိုင်မယ်။ 𝐂𝐨𝐦𝐩𝐚𝐧𝐲 ကြီးလာတာနဲ့အမျှ 𝐃𝐢𝐯𝐢𝐝𝐞𝐧𝐝 ခွဲဝေခြင်း ပြုလုပ်သင့်၊ မသင့်က 𝐅𝐨𝐮𝐧𝐝𝐞𝐫,𝐂𝐄𝐎 တစ်ယောက်အတွက် အရေးကြီးတဲ့ အလှည့်အပြောင်း ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။

အထက်ပါအချက်တွေက အချိန်ပေးပြီးလေ့လာသုံးသပ်ရသလို သီးသန့်စောင့်ကြည့်နေမယ့် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလည်း လိုအပ်တာမို့ မြန်မာပြည်မှ 𝐅𝐨𝐮𝐧𝐝𝐞𝐫/𝐂𝐄𝐎 များအတွက် အချိန်ကုန်သက်သာစွာနဲ့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ ကိုယ်ပိုင် 𝐓𝐞𝐚𝐦 တစ်ခုလို အတူတူ တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲


𝐄𝐧𝐠𝐥𝐢𝐬𝐡 𝐕𝐞𝐫𝐬𝐢𝐨𝐧 𝐢𝐬 𝐢𝐧 𝐭𝐡𝐞 𝐜𝐨𝐦𝐦𝐞𝐧𝐭 𝐛𝐞𝐥𝐨𝐰 👇

နိုင်ငံတကာမှာ အကြီးဆုံး F&B, Retail Chain (၁၀)​ ဆိုင်မှာ (၂) ဆိုင်သာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားလျက် ရှိပါတယ်။ အခြား အ...
14/06/2026

နိုင်ငံတကာမှာ အကြီးဆုံး F&B, Retail Chain (၁၀)​ ဆိုင်မှာ (၂) ဆိုင်သာ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ထားလျက် ရှိပါတယ်။

အခြား အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေမှာ အားလုံးနီးပါး ဖွင့်လှစ်ထားပေမဲ့ မြန်မာနိုင်ငံမှာ မရှိနေခြင်းက ကျွန်တော်တို့အတွက် Threat တစ်ခုလား။ သို့မဟုတ်။ နိုင်ငံတကာ Company တွေနဲ့ တိုက်ရိုက် ယှဉ်ပြိုင်မှုနည်းပါးသွားတဲ့အတွက် ပြည်တွင်းက Founders/CEO များအတွက် အခွင့်အရေးတစ်ခုလား။

Founder တစ်ဦးနဲ့တစ်ဦး ရှုထောင့်အမျိုးမျိုး ကွဲပြားနိုင်ပါတယ်။ တကယ်လို့ ကိုယ်က F&B Chain တစ်ခု စတည်ထောင်မယ်ဆိုရင်တော့ မြန်မာပြည်မှာ Supply Chain, Raw Materials, System, Inflation, Talents အစရှိတဲ့ စိန်ခေါ်မှုများက စောင့်ကြိုနေတာကိုတော့ သတိပြုဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို့ မြန်မာနိုင်ငံရှိ CEO/Founder များအတွက် ကိုယ်ပိုင် Strategy Team တစ်ခုလို စတင်မယ့် Business Unit တိုင်းက လက်ရှိ Market နဲ့ ကိုက်ညီမှုရှိမရှိ၊ Investment ငွေပမာဏ အနည်းဆုံးနဲ့ အများဆုံး ဘယ်လောက်လိုအပ်မလဲ၊ ROI - အမြတ်ဘယ်လောက်ပြန်ရမလဲ၊ Payback Period - အရင်းကြေဖို့ အချိန်ဘယ်လောက် ကြာနိုင်သလဲ စတဲ့အချက်အလက်များကို တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Ph - 09770208222

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ BCA နဲ့အတူ လက်တွဲလိုက်ရအောင်”

English Version is in the comment below 👇


မြန်မာနဲ့ဗီယက်နမ်နိုင်ငံမှာ နောက်ထပ် 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥 တွေဖွင့်ဖို့ ဖြစ်နိုင်သေးလား။ ဒီမေးခွန်းအတွက် အသေးစိတ် 𝐃𝐚𝐭𝐚 တွေကို စမ...
10/06/2026

မြန်မာနဲ့ဗီယက်နမ်နိုင်ငံမှာ နောက်ထပ် 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥 တွေဖွင့်ဖို့ ဖြစ်နိုင်သေးလား။

ဒီမေးခွန်းအတွက် အသေးစိတ် 𝐃𝐚𝐭𝐚 တွေကို စမလေ့လာခင် အလွယ်ဆုံးနဲ့အသုံးဝင်ဆုံးက နိုင်ငံတစ်ခုရဲ့ လူဦးရေအရေအတွက်နဲ့ 𝐌𝐚𝐥𝐥 အရေအတွက်ကို နှိုင်းယှဉ်ကြည့်လို့ရမယ့် 𝐌𝐚𝐥𝐥 𝐭𝐨 𝐏𝐨𝐩𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐑𝐚𝐭𝐢𝐨 က တော်တော်လေးအသုံးဝင်ပါတယ်။

𝐌𝐚𝐥𝐥 𝐭𝐨 𝐏𝐨𝐩𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐑𝐚𝐭𝐢𝐨 ဆိုတာ နိုင်ငံတစ်ခုမှာ 𝐌𝐚𝐥𝐥 တွေ 𝐎𝐯𝐞𝐫𝐬𝐮𝐩𝐩𝐥𝐲 ဖြစ်နေလား။ 𝐔𝐧𝐝𝐞𝐫𝐬𝐮𝐩𝐩𝐥𝐲 ဖြစ်နေလား။ 𝐌𝐚𝐥𝐥 တစ်ခုက လူဦးရေဘယ်နှယောက်ကို 𝐒𝐞𝐫𝐯𝐢𝐜𝐞 ပေးနိုင်လဲ။ အကြမ်းဖျင်းသိနိုင်ဖို့ အသုံးပြုတဲ့ 𝐇𝐢𝐠𝐡 𝐋𝐞𝐯𝐞𝐥 𝐈𝐧𝐝𝐢𝐜𝐚𝐭𝐨𝐫 ဖြစ်ပါတယ်။

မြန်မာနဲ့ဗီယက်နမ် နိုင်ငံက အခြားနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယား၊​ မလေးရှားနိုင်ငံတွေထက် လူဦးရေပိုများပြီး 𝐌𝐚𝐥𝐥 အရေအတွက်ပိုနည်းတာမို့ 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥 တွေက အခုထက်ပို တိုးချဲ့ပြီးတိုးတက်လာရင် အသုံးပြုမယ့် 𝐌𝐚𝐫𝐤𝐞𝐭 𝐒𝐩𝐚𝐜𝐞 ကျန်သေးတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာဆို လူဦးရေပိုနည်းပြီး 𝐌𝐚𝐥𝐥 အရေအတွက် ပိုများတာမို့ 𝐌𝐚𝐥𝐥 တွေမှာ လူသိပ်မရှိတာ၊ အချို့ 𝐌𝐚𝐥𝐥 တွေပိတ်ကုန်တာ၊ 𝐎𝐯𝐞𝐫𝐬𝐮𝐩𝐩𝐥𝐲 ဖြစ်နေတာမို့ နောက်ထပ် 𝐌𝐚𝐥𝐥 ဖွင့်မယ့် 𝐅𝐨𝐮𝐧𝐝𝐞𝐫/𝐂𝐄𝐎 အတွက် ပိုပြီး 𝐑𝐢𝐬𝐤 များပါတယ်။ ပိုပြီး 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭𝐢𝐚𝐭𝐞 ဖြစ်ဖို့ လိုအပ်ပါတယ်။

ဒါကြောင့်မို့ 𝐂𝐄𝐎/𝐅𝐨𝐮𝐧𝐝𝐞𝐫 တစ်ယောက်အနေနဲ့ 𝐒𝐡𝐨𝐩𝐩𝐢𝐧𝐠 𝐌𝐚𝐥𝐥 တစ်ခုစဖွင့်ခင် အချိန်မကုန်ဘဲ 𝐌𝐚𝐥𝐥 𝐭𝐨 𝐏𝐨𝐩𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐑𝐚𝐭𝐢𝐨 နဲ့ 𝐌𝐚𝐫𝐤𝐞𝐭 ကို အရင်လေ့လာကြည့်မယ်။ 𝐔𝐧𝐝𝐞𝐫𝐬𝐮𝐩𝐩𝐥𝐲 ဖြစ်နေတယ်ဆို ဘယ် 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 တွေမှာ ဘယ်လိုအချက်တွေကြောင့်လဲ။ 𝐎𝐯𝐞𝐫𝐬𝐮𝐩𝐩𝐥𝐲 ဖြစ်နေတယ်ဆိုရင်လည်း ဘယ် 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧 မှာ ဘယ်လို အချက်တွေကြောင့်လဲ။ တဆင့်ချင်း အသေးစိတ်ထပ်ပြီး လေ့လာသုံးသပ်ဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံမှ 𝐂𝐄𝐎, 𝐅𝐨𝐮𝐧𝐝𝐞𝐫 တွေရဲ့ အရေးကြီးဆုံးချိန်တွေမှာ “မှန်ကန်တဲ့ ဆုံးဖြတ်ချက်” တွေ အတူတူ ပူးပေါင်းချမှတ်နိုင်ဖို့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ ကိုယ်ပိုင် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလို အတူတူ တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

English version is in the comment below 👇

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

ဆိုင်ခွဲတွေအများကြီးဆက်တိုက် ဖွင့်နိုင်ခြင်းရဲ့ နောက်ကွယ်။ ကျွန်တော်တို့ 𝐂𝐥𝐢𝐞𝐧𝐭 တစ်ယောက် လုပ်ငန်း တစ်ခု ပိုင်ဆိုင်ထားတယ်...
02/06/2026

ဆိုင်ခွဲတွေအများကြီးဆက်တိုက် ဖွင့်နိုင်ခြင်းရဲ့ နောက်ကွယ်။

ကျွန်တော်တို့ 𝐂𝐥𝐢𝐞𝐧𝐭 တစ်ယောက် လုပ်ငန်း တစ်ခု ပိုင်ဆိုင်ထားတယ်။ ပုံမှန် ဝင်ငွေရသလို သင့်တော်တဲ့ 𝐏𝐫𝐨𝐟𝐢𝐭 တစ်ခုလည်း ရှိနေတယ်။ သို့သော်တစ်နေ့ကျ အသိမိတ်ဆွေတစ်ယောက်က ကိုယ်လို ပုံစံတူ ဆိုင်မျိုးကို နောက်ထပ် ဆိုင်ခွဲ​ (၃) ခု၊ (၄) ခုလောက်ဆက်တိုက် တိုးချဲ့လာတော့ သူအနေနဲ့ လက်ရှိရောက်နေတဲ့ အခြေအနေကို အားမရတာမျိုး စဖြစ်လာလို့ ဘာဆက်လုပ်သင့်လဲ တိုင်ပင်လာတယ်။

တကယ်လို့ သင့်သာ 𝐂𝐄𝐎/𝐅𝐨𝐮𝐧𝐝𝐞𝐫 တစ်ယောက်ဆို 𝐌𝐚𝐫𝐠𝐢𝐧 နည်းနေတဲ့လုပ်ငန်းကို ချက်ချင်း ဆိုင်ခွဲ အများကြီး ထပ်ဖွင့်ပြီး 𝐆𝐫𝐨𝐰𝐭𝐡 နောက်လိုက်မလား။ လက်ရှိလုပ်ငန်းရဲ့ 𝐌𝐚𝐫𝐠𝐢𝐧 ကို ပြန်လည် ဆန်းစစ်ပြီးမှ လုပ်ငန်းတိုးချဲ့ဖို့ ဖြစ်နိုင်မဖြစ်နိုင် ပြန်လည် ဆုံးဖြတ်မလား။

မြန်မာနိုင်ငံမှ 𝐂𝐄𝐎, 𝐅𝐨𝐮𝐧𝐝𝐞𝐫 တွေရဲ့ အရေးကြီးဆုံးချိန်တွေမှာ “မှန်ကန်တဲ့ ဆုံးဖြတ်ချက်” တွေ အတူတူ ပူးပေါင်းချမှတ်နိုင်ဖို့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ ကိုယ်ပိုင် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလို အတူတူ တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲


English version is below in the comment 👇

ရန်ကုန်မှာ ၂၀၁၆ နောက်ပိုင်း ပျမ်းမျှ တစ်နှစ်ကို 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 အသစ်တစ်ကျောင်း ဖွင့်လှစ်လျက်ရှိပါတယ်။​ 𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 အရ ...
30/05/2026

ရန်ကုန်မှာ ၂၀၁၆ နောက်ပိုင်း ပျမ်းမျှ တစ်နှစ်ကို 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 အသစ်တစ်ကျောင်း ဖွင့်လှစ်လျက်ရှိပါတယ်။​

𝐀𝐧𝐚𝐥𝐲𝐬𝐢𝐬 အရ နှစ်ပေါင်း (၃၀)​ အတွင်းမှာ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 အများစု ရေရှည်ရပ်တည်နိုင်တာ တွေ့ရပြီး ကျောင်းတစ်ကျောင်းက ပျမ်းမျှ 𝐂𝐚𝐦𝐩𝐮𝐬 (၂)​ ခုဆီ ဖွင့်လှစ်ထားတာ တွေ့ရပါတယ်။ 𝐔𝐍𝐈𝐂𝐄𝐅 𝐃𝐚𝐭𝐚 အရ ရန်ကုန်မှာ (၁၈) နှစ်အောက်လူငယ်အရေအတွက် ခန့်မှန်းခြေ (၂)​ သန်းခန့်ရှိပါတယ်။​

ဒါဆို ရန်ကုန်မှာ ကျွန်တော်တို့ နောက်ထပ် 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐒𝐜𝐡𝐨𝐨𝐥 တစ်ခုထပ်လိုအပ်ဦးမလား။ 𝐅𝐨𝐮𝐧𝐝𝐞𝐫/𝐂𝐄𝐎 အနေနဲ့ နောက်ထပ်ကျောင်းထပ်ဖွင့်သင့်သေးလား။ တကယ်လို့ ဒီနှစ်ပိုင်းမှာ ကျောင်းဖွင့်တဲ့သူတွေများလို့ 𝐌𝐚𝐫𝐤𝐞𝐭 𝐂𝐨𝐦𝐩𝐞𝐭𝐢𝐭𝐢𝐨𝐧 များပြီး 𝐌𝐚𝐫𝐤𝐞𝐭 𝐒𝐡𝐚𝐫𝐞 နည်းလာတဲ့အခါ အခြားမြို့တွေဆီ 𝐌𝐚𝐫𝐤𝐞𝐭 𝐄𝐱𝐩𝐚𝐧𝐬𝐢𝐨𝐧 သွားမလား။​ 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭𝐢𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 တစ်ခုကို ကြိုတင်ပြင်ဆင်မလား အစရှိတဲ့ ရွေးချယ်များအကြား မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ဖို့ လိုအပ်ပါတယ်။

အထက်ပါအချက်တွေက အချိန်ပေးပြီးလေ့လာသုံးသပ်ရသလို သီးသန့်စောင့်ကြည့်နေမယ့် 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲 𝐓𝐞𝐚𝐦 တစ်ခုလည်း လိုအပ်တာမို့ မြန်မာပြည်မှ 𝐅𝐨𝐮𝐧𝐝𝐞𝐫/𝐂𝐄𝐎 များအတွက် အချိန်ကုန်သက်သာစွာနဲ့ 𝐁𝐮𝐫𝐦𝐚 𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞 𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲 မှ ကိုယ်ပိုင် 𝐓𝐞𝐚𝐦 တစ်ခုလို အတူတူ တွက်ချက်မျှဝေပေးလျက်ရှိပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲


English version is in the comment below 👇

အခုလက်ရှိအလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းစသင့်လား။​ စောင့်သင့်လား။​ ဒီမေးခွန်းကို ကျွန်တော်တို့ မကြာခဏ ကြားရလေ့ရှိပြီး ...
28/05/2026

အခုလက်ရှိအလုပ်ကထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းစသင့်လား။​ စောင့်သင့်လား။​

ဒီမေးခွန်းကို ကျွန်တော်တို့ မကြာခဏ ကြားရလေ့ရှိပြီး အချို့ကလည်း သင့်တော့်တဲ့ အကြံပြုချက်တွေ 𝐓𝐚𝐱𝐢 ကားလေးဝယ်ဖို့၊ ရွှေဝယ်စုဖို့၊​ လုပ်ငန်းစတင်ဖို့ စသဖြင့် အကြံပြုကြတာ တွေ့ရပါတယ်။​

တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်မှာ ရရှိနေတဲ့ 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐂𝐨𝐬𝐭 က မတူညီတာမို့ အကြံပြုချက်ကလည်း သီးသန့်တစ်ယောက်ချင်းဆီနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။

𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐂𝐨𝐬𝐭 ဆိုတာ အလွယ်ပြောရရင် အချိန် (၁)​ နာရီကို တစ်ခုခုလေ့လာမယ့်အစား အိပ်လိုက်ရင် (၁)​ နာရီမှာ ရမယ့် ဗဟုသုတ ဆုံးရှုံးသွားသလိုပဲ။ ပုံမှန်ကိုယ်က တစ်လ လစာ သိန်း (၂၀) ဝင်ငွေရတယ်။​ ဒီအလုပ်က ထွက်ပြီး လုပ်ငန်းစလို့ မအောင်မြင်ရင် တစ်လ သိန်း (၂၀) ဆုံးရှုံးနေမယ်။​ တကယ်တမ်း အိတ်ထဲက သိန်း (၂၀) ဆုံးရှုံး နေတာတော့မဟုတ်ဘူး။​ ဒါကို 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐂𝐨𝐬𝐭 လို့ ခေါ်တယ်။ အသက်ကြီးလာလို့ လစာ၊​ ငွေကြေး၊ ရာထူး တစ်ဖြည်းဖြည်းကြီးလာတဲ့အမျှ 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐲 𝐂𝐨𝐬𝐭 ကလည်း တစ်ဖြည်းဖြည်းကြီးလာတယ်။

တစ်ဖက်လှည့်ပြီး ပြန်စဉ်းစားကြည့်ရအောင်။ ကိုယ်က ငယ်ရွယ်လုပ်နိုင်စွမ်းရှိတဲ့အချိန် ပုံမှန် ရုံးသွားရင်း လစာတစ်ခုရနေမယ့် အခြေအနေကို ရွေးချယ်လိုက်မယ်။​ ဒီလိုနဲ့ နောက် (၁၀)​ နှစ်အကြာမှာ ကိုယ် ငယ်ရွယ်တုန်းက ကိုယ်ပိုင်လုပ်ငန်းစဖို့ အားအင် အပြည့်ရှိနေတဲ့အချိန်မှာ သက်သောင့်သက်သာနေခဲ့လို့ တစ်သက်လုံး အလုပ်ရှာနေရမယ်ဆို ကိုယ့်လုပ်ငန်းစတင်နိုင်မယ့် အခွင့်အရေး 𝐎𝐩𝐩𝐨𝐫𝐮𝐧𝐢𝐭𝐲 𝐂𝐨𝐬𝐭 က ဆုံးရှုံးနေမယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့ သဘာဝက မတူညီတာမို့ ကိုယ်ရဲ့ ရည်ရွယ်ချက်ကို အရင်ဆုံးသတ်မှတ်ပြီး တကယ်လို့ ကိုယ်ပိုင်လုပ်ငန်းစဖြစ်ရင်တောင့် စတဲ့အခါ ဘယ်လောက် 𝐈𝐧𝐯𝐞𝐬𝐭𝐦𝐞𝐧𝐭 အရင်းအနှီး လိုအပ်မလဲ။ ဘယ်အချိန်မှာ အရင်းကြေမလဲ။ အရင်းကြေဖို့ ဘယ်လောက်ကြာနိုင်လဲ။ ဘယ်ချိန်မှာ အရင်ကရတဲ့ လစာလောက်ပြန်ရမလဲ ဆိုတာ အကြမ်းဖျင်းတွက်ချက်ထားပြီး စသင့်၊မသင့်ဆုံးဖြတ်ချက် ချဖို့ လိုအပ်ပါတယ်။

ဒီလို အချက်အလက်တွေကို အခုမှ လုပ်ငန်းစတင်ဖို့ ပြင်ဆင်နေတဲ့ 𝐅𝐢𝐫𝐬𝐭 𝐓𝐢𝐦𝐞 𝐅𝐨𝐮𝐧𝐝𝐞𝐫 များအတွက် ကူညီတွက်ချက်ပေးဖို့ 𝐍𝐞𝐰 𝐕𝐞𝐧𝐭𝐮𝐫𝐞 𝐂𝐫𝐞𝐚𝐭𝐢𝐨𝐧 𝐏𝐚𝐜𝐤𝐚𝐠𝐞 ကို မိတ်ဆက်ထားပါတယ်။

အသေးစိတ်ကို အောက်ပါ ဖုန်းနံပါတ်လေးမှတဆင့် အလွယ်တကူ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

𝐏𝐡 - 𝟎𝟗𝟕𝟕𝟎𝟐𝟎𝟖𝟐𝟐𝟐

“မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ထိရောက်စွာ ချမှတ်နိုင်ဖို့ 𝐁𝐂𝐀 နဲ့အတူ လက်တွဲလိုက်ရအောင်”

#𝐁𝐮𝐫𝐦𝐚𝐂𝐨𝐫𝐩𝐨𝐫𝐚𝐭𝐞𝐀𝐝𝐯𝐢𝐬𝐨𝐫𝐲

Address

Yan Aye Housing, Yankin
Yangon

Website

Alerts

Be the first to know and let us send you an email when Burma Corporate Advisory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share