15/02/2026
မိတ်ဆွေတို့အနေနဲ့ Facebook Sales (ဒါမှမဟုတ်) TikTok မှာ Sales ကိုစတင်ပြီး Run ဖို့ကြိုးစားနေတဲ့သူလား?? (ဒါမှမဟုတ်) အောင်မြင်ပြီးသားဖြစ်နေတဲ့မိတ်ဆွေတွေ ကောရှိကြလား??
ဒါဆိုရင်တော့ ဒီအချက်တွေကိုသိဖို့လိုအပ်ပါပြီ‼️
ဘာလို့လဲဆိုတော့ မိတ်ဆွေတို့အနေနဲ့ ဥပဒေနဲ့ပါတ်သတ်ပြီး ဒီအချက်တွေကိုလုပ်နိုင်မှသာ မိတ်ဆွေတို့ရဲ့ စီးပွါးရေးနဲ့ပါတ်သတ်ပြီး ဥပဒေအချက်အလက်တွေနဲ့စနစ်တကျလုပ်ဆောင်နိုင်မှာဘဲဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ မိတ်ဆွေတို့ Online Sales Registration ကိုလုပ်ပြီးပြီလားအရင်စမ်းသပ်စစ်ဆေးရပါမယ်။ Online Sales Registration ဟာ Online ပေါ်မှာ အရောင်းအဝယ်အတွက် အဓိကထားပြီး လုပ်ဆောင်တဲ့မိတ်ဆွေတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ မဖြစ်မနေ မှတ်ပုံတင်ဖို့ ညွှန်ကြားထားတဲ့ Law တစ်ခုပါ။
အကယ်လို့ မိတ်ဆွေတို့အနေနဲ့ မှတ်ပုံမတင်ဘဲနဲ့ ရောင်းချနေတာကိုတွေ့ရှိခဲ့မယ်ဆိုရင် ဒဏ်ငွေဆောင်ရနိုင်ပါတယ်။
ဒုတိယတစ်ချက်အနေနဲ့ မိတ်ဆွေတို့ Online မှာ ပစ္စည်းအနည်းအကျဉ်းရောင်းတာထက် ပိုပြီး Brand တစ်ခုအနေနဲ့ တရားဝင်ရပ်တည်ချင်ရင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှာ New Company Registration မှတ်ပုံတင်ဖို့လိုအပ်ပါတယ်။
Company Registration ဟာ မိတ်ဆွေတို့အနေနဲ့ Company ဆိုပြီးအမည်ပေါက်ရရှိမှာဖြစ်ပြီး လုပ်ပိုင်ခွင့်တွေလည်းများပြားလာမှာဖြစ်သလို Business ကို တိုးတက်အောင်ပြုလုပ်နိုင်ဖို့လည်း အခွင့်အလမ်းတွေရရှိမှာဖြစ်ပါတယ်။
တတိယတစ်ချက်အနေနဲ့ မိတ်ဆွေတို့ရဲ့ Brand ဟာအောင်မြင်နေတဲ့ Brand တစ်ခုဖြစ်နေပြီဆိုရင် TradeMark Registration လုပ်ဖို့ လိုအပ်ပြန်ပါတယ်။
မိတ်ဆွေတို့အနေနဲ့ မိတ်ဆွေတို့ရဲ့ Brand logo (ဒါမှမဟုတ်) Brand Name ကို မသမာသူတွေက မှတ်ပုံတင်ခဲ့မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ Brand Name ပြောင်းရတာမျိုးအပြင် တရားစွဲဆိုခံရတာမျိုးအထိဖြစ်လာနိုင်ပါတယ်။
ဒါ့ကြောင့် မိတ်ဆွေတို့အနေနဲ့ Trade Mark Registration ပြုလုပ်ထားမှသာ Brand Logo (ဒါမှမဟုတ်) Brand Name ကိုခွင့်ပြုချက်မရှိဘဲ သုံးစွဲသူတွေကို တရားရေးရာအရ အရေးယူနိုင်မှာပါ။
မိတ်ဆွေတို့အနေနဲ့ကော ဒီအချက်တွေကိုသိပြီးလုပ်ပြီးကြတဲ့ မိတ်ဆွေတွေရှိကြလား?? (ဒါမှမဟုတ်) လုပ်ဖို့စဉ်းစားနေကြတဲ့မိတ်ဆွေတွေကောရှိကြလား??
ဒါဆိုရင်တော့ ကျွန်တော်တို့ A.M.O Consultancy Services ကအပြည့်အဝအကူအညီပေးနေပါပြီဗျ။
ကျွန်တော်တို့ A.M.O Consultancy Services ကနေပြီးတော့မိတိဆွေတို့အတွက်လိုအပ်တဲ့ Online Sales Services, Company Registration, Trade Mark Registration အပြင် Company အတွက်လိုအပ်တဲ့ Annual Return, FDA, Export Import License တို့ကိုပါ ကူညီဆောင်ရွက်ပေးနေတာမို့လို့ Facebook Messenger (ဒါမှမဟုတ်) အောက်ပါဖုန်းနံပါတ်တွေမှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။
☎️09262191979
☎️09795260699