Dr. Ei Mon Oo

Website

Dr. Ei Mon Oo A doctor and an executive director willing to help young people with their career developments or businesses.

24/09/2026

Thoughtful Thursday 🤓 (Ep 13)
Respect Vs Sucking up

23/09/2026

လုပ်ငန်းခွင်မှာ အများ လေးစားချစ်ခင်လာအောင် ဘယ်လို ပြုမူပြောဆိုရမလဲ

အလုပ် Interview က ဘယ်ချိန်က စ ပါသလဲ။Interview ခန်းထဲဝင်တဲ့ အချိန်က စတာလား၊ရုံးကို ရောက်တဲ့ အချိန်က စတာလား၊အမှန်တော့ Inte...
19/09/2026

အလုပ် Interview က ဘယ်ချိန်က စ ပါသလဲ။
Interview ခန်းထဲဝင်တဲ့ အချိန်က စတာလား၊
ရုံးကို ရောက်တဲ့ အချိန်က စတာလား၊

အမှန်တော့ Interview ဆိုတာ အလုပ်ခေါ်စာကိုတွေ့ပြီး ဖုန်းဆက်၍ သို့မဟုတ် online မှ စတင် စုံစမ်းတဲ့ အချိန်ကတည်းက စတင်နေပါပြီ။

ဥပမာ -
📌 “ဘယ်မှတ်တိုင်ဆင်းရမလဲ” ဆိုတာ မေးလို့ရပါတယ်။
📌 Google Maps Location တောင်းလို့ရပါတယ်။

ဒါပေမယ့်
“ဘယ်ကားစီးရမလဲ”
“အိမ်ကနေ ဘယ်လိုလာရမလဲ”
ဆိုတာတွေကို ကိုယ်တိုင် ကြိုတင်လေ့လာစုံစမ်းသင့်ပါတယ်။
“မသွားတတ်လို့ပါ” ဆိုတာ ဂုဏ်ယူစရာ အရည်အချင်းတစ်ခု မဟုတ်ပါဘူး။
ပြင်ဆင်ရမယ့် အားနည်းချက်တစ်ခုသာ ဖြစ်ပါတယ်။

Interview မှာ အလုပ်ရှင်က “ဘာမေးဦးမလဲ” လို့ ပြန်မေးတဲ့အခါ
* Uniform ပေးမှာလား?
* ထမင်းကျွေးမှာလား?
* ကြိုပို့ရှိလား?
ဆိုပြီး တရစပ်မေးတတ်ကြပါတယ်။

မေးလို့ ရပါတယ်။
ဒါပေမယ့် မေးခွန်းထက် ပိုအရေးကြီးတာက မေးတဲ့ပုံစံ (Tone) နဲ့ ပြောဆိုဆက်ဆံပုံ ဖြစ်ပါတယ်။

အလုပ်ရှင်တွေ Interview ခေါ်တဲ့အခါ CV တစ်ခုတည်းကိုပဲ မကြည့်ပါဘူး။
အဓိက ကြည့်တာက
✅ Attitude
✅ Personality
✅ Communication Skill
✅ Problem-solving Ability
တို့ ဖြစ်ပါတယ်။

အလုပ်ကို ဘယ်လိုစုံစမ်းလဲ၊
ဘယ်လောက် အချိန်တိကျစွာ ရောက်အောင်လာလဲ၊
ဘယ်လို ပြောဆိုဆက်ဆံလဲ၊
ခက်ခဲတဲ့ အခြေအနေတွေကို ဘယ်လို ဖြေရှင်းလဲ
ဆိုတာတွေကို Interview မတိုင်ခင်ကတည်းက စတင် အကဲဖြတ်နေကြတာပါ။

Interview တစ်ခုကို ယုံကြည်မှုရှိရှိ၊ ပရော်ဖက်ရှင်နယ်ကျကျ ဖြေဆိုတတ်ဖို့အတွက်
🎁 Interview ဖြေနည်း Free Workshop ကို အခမဲ့ မျှဝေပို့ချပေးသွားမှာ ဖြစ်ပါတယ်။

📍 Interview မှာ မေးလေ့ရှိတဲ့ မေးခွန်းများ
📍 အဖြေပြန်ပေးနည်းများ
📍 First Impression ကောင်းအောင် ဘယ်လိုပြင်ဆင်ရမလဲ
📍 Interview Etiquette နှင့် Professional Communication
📍 အလုပ်ရှင်တွေ တကယ်ကြည့်တဲ့ အချက်များ
စတဲ့ အကြောင်းအရာများကို လက်တွေ့အသုံးဝင်အောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

အလုပ်ရှာနေသူများ၊ Career ပြောင်းလဲချင်သူများနှင့် Fresh Graduates များအတွက် အထူးသင့်တော်သော Workshop တစ်ခု ဖြစ်ပါတယ်။

📅 နေ့ရက် - 23.9.2026 (Wednesday)
🕐 အချိန် - 3:00 PM မှ 4.30 PM အထိ
📍 နေရာ - Online zoom class
တက်ရောက်လိုပါက Page Messenger (CB) မှ Register လုပ်ပေးပါရန်။

“Interview အောင်ဖို့ အဖြေတွေကိုပဲ မလေ့ကျင့်ပါနဲ့။ အလုပ်ရှင်တွေ မြင်ချင်တဲ့ Professional Mindset ကိုပါ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။”

Professional CV Preparation Free Workshop CV Form ဆိုတာ အလုပ်ရှင်က မိမိကို အလုပ်ခန့်ချင်လာအောင် ဆွဲဆောင်ပေးရမယ့် ကြော်ငြ...
19/09/2026

Professional CV Preparation Free Workshop

CV Form ဆိုတာ အလုပ်ရှင်က မိမိကို အလုပ်ခန့်ချင်လာအောင် ဆွဲဆောင်ပေးရမယ့် ကြော်ငြာစာရွက်တစ်ခုပါ။

ဒါပေမယ့် အခုထိ လူငယ်တော်တော်များများက မိတ္တူဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရတဲ့ CV Form တွေကို ဖြစ်သလို ဖြည့်ပြီး အလုပ်လျှောက်နေကြတုန်းပါပဲ။

ဒီလို CV Form တွေက အလုပ်ရှင်အတွက် မိမိရဲ့ ပညာအရည်အချင်း၊ လုပ်ငန်းအတွေ့အကြုံနဲ့ အားသာချက်တွေကို ရှင်းရှင်းလင်းလင်း မဖော်ပြနိုင်တဲ့အတွက် အချိန်ယူပြီး သေချာပြင်ဆင်ထားတဲ့ Professional CV တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ Interview ရဖို့ ခက်ခဲသွားနိုင်ပါတယ်။

ဒါကြောင့် အခုမှ အလုပ်စလျှောက်ကြမယ့် လူငယ်များအတွက် “Professional CV Preparation Workshop” လေးကို အခမဲ့ ပြုလုပ်ပေးချင်ပါတယ်။

Workshop မှာ
✅ Professional CV တစ်စောင် ဘယ်လိုရေးရမလဲ
✅ အလုပ်ရှင်တွေ အမှန်တကယ် ကြည့်တဲ့ အချက်တွေက ဘာတွေလဲ
✅ Common CV Mistakes တွေကို ဘယ်လိုရှောင်မလဲ
✅ ကိုယ့်ရဲ့ ပညာအရည်အချင်းနဲ့ အတွေ့အကြုံတွေကို ထိရောက်စွာ ဘယ်လိုဖော်ပြမလဲ စတဲ့ အကြောင်းအရာတွေကို လက်တွေ့ကျကျ မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

📅 နေ့ရက် 23.9.2026 (Wednesday)
🕐 အချိန် - 1:00 PM မှ 2.30 PM အထိ
📍 နေရာ - Online zoom class
တက်ရောက်လိုပါက Page Messenger (CB) မှ Register လုပ်ပေးပါရန်။

“အလုပ်တစ်ခုရဖို့က ကံကောင်းဖို့ထက် အခွင့်အရေးရလာတဲ့အခါ အဆင်သင့်ဖြစ်နေဖို့က ပိုအရေးကြီးပါတယ်။”

18/09/2026

Friday Free-Flow 😎 (Ep 13)
Respect Vs Sucking up

17/09/2026

Thoughtful Thursday 🤓
ကိုယ်မပါပဲ လည်ပတ်လို့ရတဲ့ လုပ်ငန်းရှိလား?

16/09/2026

Respect is earned. Respect is mutual. Respect is not age-related.

12/09/2026

My IG account.

0 Followers, 2 Following, 5 Posts - See Instagram photos and videos from Dr. Ei Mon Oo (.eimonoo)

11/09/2026

Friday Free-Flow 😎 (Ep 12)
ကိုမပါဘဲ လည်ပတ်တဲ့ လုပ်ငန်းတွေရှိလား?

10/09/2026

Thoughtful Thursday 🤓

Address

No. 21, Aung Tha Pyay Street, Sanchaung Township
Yangon

Opening Hours

Monday 10:00 - 16:00
Tuesday 10:00 - 16:00
Wednesday 10:00 - 16:00
Thursday 10:00 - 16:00
Friday 10:00 - 16:00

Alerts

Be the first to know and let us send you an email when Dr. Ei Mon Oo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share