22/08/2026
အလုပ် Interview က ဘယ်ချိန်က စ ပါသလဲ။
Interview ခန်းထဲဝင်တဲ့ အချိန်က စတာလား၊
ရုံးကို ရောက်တဲ့ အချိန်က စတာလား၊
အမှန်တော့ Interview ဆိုတာ အလုပ်ခေါ်စာကိုတွေ့ပြီး ဖုန်းဆက်၍ သို့မဟုတ် online မှ စတင် စုံစမ်းတဲ့ အချိန်ကတည်းက စတင်နေပါပြီ။
ဥပမာ -
📌 “ဘယ်မှတ်တိုင်ဆင်းရမလဲ” ဆိုတာ မေးလို့ရပါတယ်။
📌 Google Maps Location တောင်းလို့ရပါတယ်။
ဒါပေမယ့်
“ဘယ်ကားစီးရမလဲ”
“အိမ်ကနေ ဘယ်လိုလာရမလဲ”
ဆိုတာတွေကို ကိုယ်တိုင် ကြိုတင်လေ့လာစုံစမ်းသင့်ပါတယ်။
“မသွားတတ်လို့ပါ” ဆိုတာ ဂုဏ်ယူစရာ အရည်အချင်းတစ်ခု မဟုတ်ပါဘူး။
ပြင်ဆင်ရမယ့် အားနည်းချက်တစ်ခုသာ ဖြစ်ပါတယ်။
Interview မှာ အလုပ်ရှင်က “ဘာမေးဦးမလဲ” လို့ ပြန်မေးတဲ့အခါ
* Uniform ပေးမှာလား?
* ထမင်းကျွေးမှာလား?
* ကြိုပို့ရှိလား?
ဆိုပြီး တရစပ်မေးတတ်ကြပါတယ်။
မေးလို့ ရပါတယ်။
ဒါပေမယ့် မေးခွန်းထက် ပိုအရေးကြီးတာက မေးတဲ့ပုံစံ (Tone) နဲ့ ပြောဆိုဆက်ဆံပုံ ဖြစ်ပါတယ်။
အလုပ်ရှင်တွေ Interview ခေါ်တဲ့အခါ CV တစ်ခုတည်းကိုပဲ မကြည့်ပါဘူး။
အဓိက ကြည့်တာက
✅ Attitude
✅ Personality
✅ Communication Skill
✅ Problem-solving Ability
တို့ ဖြစ်ပါတယ်။
အလုပ်ကို ဘယ်လိုစုံစမ်းလဲ၊
ဘယ်လောက် အချိန်တိကျစွာ ရောက်အောင်လာလဲ၊
ဘယ်လို ပြောဆိုဆက်ဆံလဲ၊
ခက်ခဲတဲ့ အခြေအနေတွေကို ဘယ်လို ဖြေရှင်းလဲ
ဆိုတာတွေကို Interview မတိုင်ခင်ကတည်းက စတင် အကဲဖြတ်နေကြတာပါ။
Interview တစ်ခုကို ယုံကြည်မှုရှိရှိ၊ ပရော်ဖက်ရှင်နယ်ကျကျ ဖြေဆိုတတ်ဖို့အတွက်
🎁 Interview ဖြေနည်း Free Workshop ကို အခမဲ့ မျှဝေပို့ချပေးသွားမှာ ဖြစ်ပါတယ်။
📍 Interview မှာ မေးလေ့ရှိတဲ့ မေးခွန်းများ
📍 အဖြေပြန်ပေးနည်းများ
📍 First Impression ကောင်းအောင် ဘယ်လိုပြင်ဆင်ရမလဲ
📍 Interview Etiquette နှင့် Professional Communication
📍 အလုပ်ရှင်တွေ တကယ်ကြည့်တဲ့ အချက်များ
စတဲ့ အကြောင်းအရာများကို လက်တွေ့အသုံးဝင်အောင် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
အလုပ်ရှာနေသူများ၊ Career ပြောင်းလဲချင်သူများနှင့် Fresh Graduates များအတွက် အထူးသင့်တော်သော Workshop တစ်ခု ဖြစ်ပါတယ်။
📅 နေ့ရက် -26.8.2026 (Friday)
🕐 အချိန် - 3:00 PM မှ 4.30 PM အထိ
📍 နေရာ - Online zoom class
တက်ရောက်လိုပါက Page Messenger (CB) မှ Register လုပ်ပေးပါရန်။
“Interview အောင်ဖို့ အဖြေတွေကိုပဲ မလေ့ကျင့်ပါနဲ့။ အလုပ်ရှင်တွေ မြင်ချင်တဲ့ Professional Mindset ကိုပါ ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။”