03/06/2026
Loyal Customer ဖြစ်အောင် ဒီနည်းတွေ သုံးကြည့်ပါ
Customer တစ်ယောက် ဝယ်သွားပြီဆိုတာနဲ့ ဆက်ဆံရေး ပြတ်သွားတာမျိုး ဖြစ်နေလား။ ဒါဆိုရင် Customer အသစ်ကို အမြဲရှာနေရမှာပဲ။ Loyal Customer ဖြစ်ဖို့ ရောင်းပြီးနောက် ဘာလုပ်ရမလဲ ဆိုတာ မသိသေးရင် ဒီနည်းလေးတွေ ချက်ချင်း သုံးကြည့်ပါ။
ဝယ်ပြီးနောက် Follow Up လုပ်ပါ။
ကုန်ပစ္စည်း ရောက်ပြီဆိုတာနဲ့ ကုန်ပစ္စည်း ရောက်ပြီလား၊ အဆင်ပြေလားဆိုပြီး တစ်ခါမေးလိုက်ပါ။ Customer ခံစားချက်က ချက်ချင်း ပြောင်းလဲသွားမယ်။
Feedback ယူပါ။
ဘာကောင်းလဲ၊ ဘာပိုကောင်းစေချင်လဲ မေးကြည့်ပါ။ Customer ကိုယ်တိုင်က တန်ဖိုးထားခံရတယ်လို့ ခံစားရမယ်။
ဒုတိယအကြိမ် Special Offer ပေးပါ။
ပထမဝယ်တဲ့ Customer ကို နောက်တစ်ကြိမ် ဝယ်ရင် ဈေးလျှော့ပေးတာ၊ ဒါမှမဟုတ် အပိုဆုလေး ပေးပါ။ ပြန်ဝယ်ချင်တဲ့ အကြောင်းရင်း ဖြစ်လာမယ်။
မှတ်မိနေအောင် ဆက်ဆံရေးနဲ့ ထိန်းသိမ်းပါ။
တစ်ပတ် နှစ်ပတ်တစ်ခါ အသုံးဝင်တဲ့ Content ဒါမှမဟုတ် သတင်းအချက်အလက်လေးတွေ ပို့ပေးပါ။ Customer က မိမိလုပ်ငန်းကို အလွယ်တကူ မှတ်မိနေမယ်။
Customer အသစ်ရှာတာထက် ရှိပြီးသား Customer ကို ထိန်းသိမ်းတာ ပိုလွယ်ပြီး ပိုသက်သာတယ်ဆိုတာ သတိထားပါ။
သင့် Customer တွေကော ပြန်လာကြလား Comment မှာ ရေးခဲ့ပါ။
Multi Scope | Business Service Group