Yuri

Yuri men, ladies,kids

18/09/2025

🥰

22/07/2025
22/07/2025

🥰🥰🥰

Hello!"JUNE"💵💵💵We are trying our dresses after reopening time.Welcome your contacts!🧥👕💐
06/06/2022

Hello!"JUNE"💵💵💵
We are trying our dresses after reopening time.
Welcome your contacts!
🧥👕💐

23/04/2022
21/03/2022

Welcome,Myanmar New Year!
🌷The international travellers are coming in coming days.
We are ready for reopening beyond pandemic.🏵️
May all visitors from over the world be pleasure!🌺🪴

2022🎈💐We'd done better!Let me give new ones!👚🧥👖👕
01/01/2022

2022🎈💐
We'd done better!
Let me give new ones!
👚🧥👖👕

01/01/2022
21/08/2021

Marketing ( ဈေးကွက်ဖွင့်ခြင်း )

💕 💕 💕 💕 💕 💕 💕 💕

ဒီနေ့တော့ Marketingနဲ့ပတ်သက်ပြီး တလှည့်ပြန်ပြောပြဖို့ စိတ်ကူး ထားပါတယ်

Marketingဆိုတာဒီခေတ်မှာတော်တော်လေးအသုံးများလာကြတဲ့ စကားလုံးပါ။

မားကက်တင်း ဆိုပြီး တိုက်ရိုက်အသံဖလှယ်ပြီး သုံးကြတာများတယ် ။ ဒါပေမဲ့ သူရဲ့ကျယ်ဝန်းတဲ့ အဓိပ္ပါယ်တခုလုံးကို ငုံမိတဲ့သူတော့ ရှားမယ်ထင်ပါယဲ့နော် ။
တော်တော်များများက ဈေးကွက်ဖွင့်တယ်ဆိုတာ ကြော်ငြာတာလို့ပဲ နားလည်နေကြပါတယ်။

စင်စစ်တော့ ကြော်ငြာဆိုတာ ဈေးကွက်ဖွင့်တယ်ဆိုတဲ့ ၀န်ဆောင်မှု
လုပ်ငန်းကြီးထဲက သေးငယ်တဲ့အစိတ်အပိုင်းတစ်ရပ်မျှသာ ဖြစ်ပါတယ် နော် ။

ကဲ......ပြောကြပါစို့
လမ်းဘေးဈေးဆိုင်လေးတစ်ဆိုင်က စ,ကြရအောင်။
ဆိုင်ကလေး ဘယ်လောက်ငယ်ငယ် သူ့အခြခံလုပ်ဆောင်ချက်က ဆူပါမားကက်ကြီးတွေနဲ့ အတူတူပါပဲ ။
ရောင်းသူနဲ့ ဝယ်သူကို ချိတ်ဆက်ပေးတဲ့ အလုပ်ဖြစ်ပါတယ် ။ ဝယ်သူမှာ လိုအင်ဆန္ဒတွေရှိတယ် ။ ဒီလိုအင်ဆန္ဒကို ရှေ့တင်ပြီး သူက ရွေးချယ်မူ့တွေလုပ်ပါတယ်။ စိတ်တိုင်းကြ ဖြစ်ဖို့ ဘယ်ဆိုင်မှာ ဝယ်ရမလဲပေါ့။

ရောင်းသူဘက်ကလဲ သူ့ဆိုင် ဝယ်သူလာအောင် အစွမ်းကုန် ဖန်တီးရပါတယ် ။

ဝယ်သူရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားရတာပေါ့ ။
ဝယ်သူတွေ ဘာတွေကြိုက်လောက်လဲ ❓
ဝယ်သူတွေကြိုက်မယ့် ပစ္စည်းမျိုးတွေ တင်မယ်။ ဆိုင်ရှေ့က ဖြတ်သွားရင်၊မေးမနေရဘဲ ပစ္စည်းကို ထင်းခနဲမြင်အောင် ခင်းကျင်းပြသမယ်၊ ကိုယ်မျှော်လင့်တဲ့ဝယ်သူ (တနည်း ဖေါက်သည်ပေါ့ ) လိုက်နိုင်မယ့် ဈေးနူန်းမျိုးဖြစ်အောင်လည်း ချိန်ညှိရမယ်။

ပြီးတော့ ဝယ်သူရဲ့ စိတ်နှလုံးကို ညွတ်နူးလာစေဖို့ နှစ်လိုဖွယ်ရာ ဆက်ဆံပြောဆိုရမယ်။
ဒါတွေဟာ လမ်းဘေးဈေးသည်ရဲ့ မားကက်တင်း ပါပဲ ။

ပိုကျယ်ပြန့်တဲ့ ဈေးကွက်တွေမှာတော့ မားကက်တင်းဟာ ဒီလောက် မလွယ်တော့ပါဘူး။

ကုန်စည်ရွေးချယ်ရတာ (Choice of Goods)
ဈေးကွက်ပစ်မှတ် သတ်မှတ်ရတာ (Target Market) ၊
ဈေးနူန်းဖွဲ့စည်းရတာ (Pricing Structure )
ဝယ်ချင့်သဖွယ်ဖြစ်အောင် ထုပ်ပိုးပြင်ဆင်ရတာ (Packaging) စသည်ဖြင့် ထွေပြားရှုပ်ထွေးလာတယ်။
#လုပ်ငန်းတိုင်းကိုလဲသုတေသနနဲ့တွဲလာရတယ်။

ဒါကြောင့်လဲ ဈေးကွက်ဖွင့်တယ်ဆိုတာ ပညာနဲ့ ဈေးရောင်းတာလို့
ပညာရှင်တချို့က ပြောကြတာ ဖြစ်မှာပေါ့။ မားကက်တင်း ကျွမ်းကျင်သူဟာ ဝယ်သူရဲ့လိုအပ်ချက်ကို သိဖို့လိုသလို ၊ ဝယ်သူရဲ့အကြိုက်နဲ့ စရိုက်ကိုလဲ အကဲဖမ်းတတ်ရပါလိမ့်မယ်။

ဥပမာ------ကလေးကစားစရာတွေကို ကလေးကိုယ်တိုင်ဝယ်တာက နည်းတယ်။
ကလေးကိုယ်စား လူကြီးက ဝယ်ပေးရတာများတယ် ဆိုတာမျိုး ၊ ယောက်ျားအသုံး အဆောင်ပစ္စည်းတွေကို သူတို့ကိုယ်တိုင် ဝယ်တာထက် သူ့တို့မိန်မတွေက ဝယ်ပေးတတ်တာမျိုး ၊
မိန်မအသုံးအဆောင်ပစ္စည်းကျတော့ ကိုယ်တိုင်ဝယ်ရမှ အားရတတ်တယ်ဆိုတာမျိုး . . . . . . . .

ပြောချင်တာက ဝယ်သူရဲ့အထာ (Buying Habits) ကိုသိဖို့ အရေးကြီးပါတယ်။
#စားသုံးသူသုတေသန ပေါ့ ။

ဈေးကွက် သုတေသနဆိုတာလဲ ရှိသေးတယ်။
ဘယ်ဈေးကွက်ကဘယ်လို ဆိုတဲ့ ထူးခြားချက်တွေကို သိပါမှ ကိုယ်ရောင်းမယ့် ကုန်စည်နဲ့ ချိန်ညှိလို့ရမှာကိုး။

ဒီသုတေသန တွေ့ရှိချက်တွေကို လေ့လာပြီးမှ ဆုံးဖြတ်ချက်ချရတယ်။
ဘယ်ဈေးကွက်ကို ချိန်ပစ်မယ် ။ ဘယ်ကုန်စည် ဘယ်လောက်ထုတ်လုပ်မယ် ဆိုတာမျိုးပေါ့ ။
ယေဘုယျအားဖြင့်တော့ ရွေးစရာနှစ်မျိုးရှိတတ်ပါတယ်။ ဈေးချိုချိုပစ္စည်းတွေ များများထုပ်လုပ်မလား ❓

ဒါဆိုရင် အဆင့်နိမ့်ဈေးကွက်ကိုရွေး။ ဆိုင်ဖွင့်ရင် ဆင်းရဲသား ရပ်ကွက်မှာဖွင့် ၊ နိုင်ငံခြားတင်ပို့မယ်ဆိုရင် ဆင်းရဲတဲ့နိုင်ငံပို့ပေါ့ ။

ဈေးကြီးပေမဲ့
အရည်အသွေးထိပ်တန်းဆိုတဲ့ ပစ္စည်းကန့်သတ်ထုပ်လုပ်မလား ❓
ဒါဆိုရင် အဆင့်မြင့်ဈေးကွက်ကို ရွေးရပါလိမ့်မယ်။ လူကုံထံရပ်ကွက်မှာ ဆိုင်ဖွင့်ပေါ့။
ဒါမှမဟုတ် ချမ်းသာတဲ့နိုင်ငံကို တင်ပို့ပေါ့ ။

အရေးကြီးတာက ဈေးကွက်အခြေအနေနဲ့ ရောင်းရမယ့်ကုန်စည် သဟဇာတဖြစ်ဖို့ပါ။
ဆင်းရဲးသာရပ်ကွက်မှာ ရေခဲသေတ္တာရောင်းပြီး သူဌေးရပ်ကွက်မှာ မုန့်ပြားသလက်ရောင်းတာမျိုး မလုပ်မိဖို့လိုပါတယ် ။

ဒီတော့ ချုပ်လိုက်ကြစို့ . . . . ။
ဈေးကွက်ဖွင့်တယ်ဆိုတာ ဘာလဲ ❓
Penguin တိုက်ကထုတ်တဲ့ ဘောဂဗေဒ အဘိဓာန်ရဲ့ဖွင့်ဆိုချက်ကို ပြန်ပြောပါမယ်။

ရောင်းချခြင်း၊ဖြန့်ဖြူးခြင်း၊ကြော်ငြာနဲ့ ရောင်းအားတိုးအောင် လုပ်ခြင်းစတဲ့ ဝန်ဆောင်မူတွေဖြစ်တယ်။

ထုတ်လုပ်ရေးစီမံချက်တွေ၊ဈေးကွက်သုတေသနတွေ၊စားသုံးသူ သုတေသနတွေလဲ အကျူံးဝင်ပါတယ် ။
ဒီသုတေသနတွေ့ရှိချက်တွေကရလာတဲ့ အင်ဖော်မေးရှင်းတွေနဲ့ ရောင်းအားမြင့်နိုင်ဖို့ဖြစ်ပါတယ်။

ထပ်ပြီး ဖြည့်ပြောဖို့လိုတာက . . . .
ဈေးကွက်ဖွင့်တယ်ဆိုတာ ပုံသေအလုပ်မဟုတ်ဘူး။

အမြဲပြောင်းနေတာမို့ အမြဲတီထွင်နေဖို့ လိုအပ်တယ် ဆိုတဲ့အချက်ပါ။
ဈေးကွက်ဆိုတာ အမြဲပြောင်းလဲနေတာ စားသုံးသူရဲ့အကြိုက်နဲ့ စရိုက် ကလည်း အမြဲပြောင်းလဲနေတာ ဒီလိုအခြေအနေမှာ နည်းသေကြီးနဲ့
မားကက်တင်း လုပ်လို့ကတော့ "အောက်"သွားမှာ သေချာတယ်။

မားကက်တင်းလောကမှာ . . . . .
ခုလိုတောင် ဆိုရိုးရှိတယ်ဆိုပဲ . . . . . . "ထွင်ရင်မြတ်မယ် ။
မထွင်ရင် ရှုံးမယ်။"

နောက်တစ်ခု သတိပေးစရာရှိတာက "ဈေးကွက်ဖွင့်တယ်"ဆိုတာ ပညာပါ။
ကြော်ငြာသက်သက်မဟုတ်ဘူး။
မားကက်တင်းဆိုရင် ကလေးမချောချောလေးတွေနဲ့မှ ဆိုတဲ့ အစွဲလဲ မရှိသင့်ပါဘူး။

မားကက်တင်းဟာ အလှပြရတာ မဟုတ်ပါဘူး။
ပညာနဲ့ အလုပ်လုပ်ရတာဖြစ်ပါတယ်။

ဆက်ပြောချင်ပါသေးတယ်
ဈေးကွက်ဖွင့် တယ်ဆိုတာ ဘိဇနက်လုပ်ငန်း(Business Sector)မှာတင်ရှိတာမဟုတ်ပါဘူး ။

နိုင်ငံရေးမှာလဲရှိတယ် စာပေအနုပညာမှာလဲ ရှိနိုင်ပါတယ် ။
အမေရိကန် သမ္မတလောင်းတွေ တီဗီက ရွေးကောက်ပွဲ မဲဆွယ်ကြတာလဲ မားကက်တင်း တစ်မျိုးပေါ့နော်။
မာကက်တင်း(Marketing)ပညာဗဟုသုတများတိုးပွားကြပါစေလို့--Created by----
MYAT KHINE(SUCCESS WAY)
Myat Khine Success Way Management Team
Crd.Sir Kyaw Win

🌷👕🥼🌷🙏Today scene:YURI  .We are trying to be best.And,hoping you be satisfied because of mine.We invite all.💐🌺🌸🏵️🌻
08/05/2021

🌷👕🥼🌷🙏
Today scene:YURI .
We are trying to be best.
And,hoping you be satisfied because of mine.
We invite all.
💐🌺🌸🏵️🌻

07/05/2021

Yuri fashion ဆိုင်လေးဖွင့်ပါပြီနော်

Sat- Sunday
Order အပ်ဖို့ ချိန်းထားသူများ
6.5 miles
Market place မှာ
9 to 3:30 pmထိရှိပါမယ်

Address

79 Kyike Wine Pagoda Road
Yangon
11062

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 05:00
Wednesday 21:00 - 05:00
Thursday 21:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 05:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Yuri posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share