Liberty Guidance

Liberty Guidance Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Liberty Guidance, Consulting Agency, No 162 5 B sanchaung Street, Yangon.

To provide reliable, professional, and ethical guidance that empowers Myanmar individuals and families to pursue global education, career, and immigration opportunities through legal and transparent pathways.

🇲🇹 MALTA မှာ အလုပ်လုပ်ချင်သူများအတွက် သိထားသင့်တဲ့ အချက်များ 🇲🇹Europe နိုင်ငံတွေထဲမှာ အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါသ...
25/08/2026

🇲🇹 MALTA မှာ အလုပ်လုပ်ချင်သူများအတွက် သိထားသင့်တဲ့ အချက်များ 🇲🇹

Europe နိုင်ငံတွေထဲမှာ အလုပ်လုပ်ကိုင်ဖို့ စိတ်ဝင်စားနေပါသလား? ✈️
ဒါဆို Malta 🇲🇹 ကိုလည်း သေချာလေ့လာထားသင့်ပါတယ်။

Mediterranean Sea ထဲမှာ တည်ရှိတဲ့ Malta ဟာ Tourism, Hospitality, Food & Beverage, Caregiving, Construction နဲ့ Service Sector စတဲ့ ကဏ္ဍတွေမှာ နိုင်ငံခြားသားအလုပ်သမားများအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။

🇲🇹 2026 ခုနှစ်မှစပြီး Malta မှာ ပထမဆုံးအကြိမ် Single Permit လျှောက်ထားမယ့် Third-Country Nationals (Non-EU နိုင်ငံသားများ) အတွက် Pre-Departure Course Certificate ရရှိထားဖို့ လိုအပ်လာပါတယ်။

📚 Pre-Departure Course ဆိုတာဘာလဲ?

Malta ကို အလုပ်လုပ်ကိုင်ဖို့ မလာခင် Malta ရဲ့ နေထိုင်မှုပုံစံ၊ အလုပ်ခွင်စည်းမျဉ်းများနဲ့ အခြေခံဗဟုသုတတွေကို ကြိုတင်လေ့လာနိုင်အောင် ပြုလုပ်ပေးတဲ့ Course ဖြစ်ပါတယ်။

Course မှာ အဓိကအားဖြင့် —

• Living & Working in Malta
• Rights & Obligations at the Workplace
• အလုပ်ခွင်အတွင်း လိုက်နာရမယ့် စည်းမျဉ်းများ
• Workplace Culture & Communication
• အခြေခံ English Language Proficiency
• Malta ရဲ့ ယဉ်ကျေးမှုနဲ့ နေထိုင်မှုပုံစံအကြောင်းအရာများ

စတာတွေ ပါဝင်ပါတယ်။

Course ကို Online Modules တွေကနေ လေ့လာပြီး Assessment ပြုလုပ်ရမှာဖြစ်ပြီး၊ English Language Proficiency နဲ့ Course Content ကို စစ်ဆေးတဲ့ Live Interview လည်း ပါဝင်နိုင်ပါတယ်။

🏨 Tourism & Hospitality အလုပ်အကိုင်တွေကရော?

Malta ရဲ့ Tourism & Hospitality Sector မှာ အလုပ်လုပ်ကိုင်လိုသူတွေအတွက်လည်း Pre-Departure Course အပြင် သက်ဆိုင်ရာ Tourism & Hospitality Skills Pass လိုအပ်နိုင်ပါတယ်။

ဒါကြောင့် Malta ကို အလုပ်သွားမယ်ဆိုရင် Job Position တစ်ခုတည်းကိုပဲ ကြည့်တာမဟုတ်ဘဲ ကိုယ်လျှောက်မယ့် Position အလိုက် လိုအပ်ချက်တွေကို ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။

🇲🇹 Malta ကို အလုပ်လုပ်ဖို့ စိတ်ဝင်စားပါသလား?

“Job ဘာတွေရှိလဲ?”
“ကိုယ့်အတွက် ဘယ် Position က သင့်တော်လဲ?”
“Work Permit / Visa Process က ဘယ်လိုလဲ?”
“Documents ဘာတွေလိုလဲ?”
“ကိုယ်က ဒီ Job ကို လျှောက်လို့ရမလား?”

ဒီလိုမေးခွန်းတွေရှိနေတယ်ဆိုရင် ကိုယ်တိုင်အလျင်စလို လျှောက်ထားတာထက် အရင်ဆုံး သေချာ Consultation လုပ်ထားတာ ပိုကောင်းပါတယ်။

🇲🇹 Liberty Visa မှာ Malta အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် —

• Malta Work Permit / Visa Process
• Pre-Departure Course
• လိုအပ်တဲ့ Documents
• Job Position & Eligibility
• လျှောက်ထားရမယ့် လုပ်ငန်းစဉ်များ
• အကြောင်းအရာအလိုက် လိုအပ်ချက်များ

ကို တစ်ဆင့်ချင်းစီ သေချာရှင်းပြပေးပြီး Consultation & Application Support ပြုလုပ်ပေးနေပါတယ်။

🇪🇺 Europe ကို သွားဖို့ စိတ်ကူးရှိတာနဲ့ မပြီးပါဘူး။
ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းကို မှန်မှန်ရွေးချယ်ဖို့ အရေးကြီးပါတယ်။

🇲🇹 Malta အကြောင်း အသေးစိတ်သိချင်တယ်ဆိုရင် Liberty Visa ကို လာရောက် Consultation ပြုလုပ်လိုက်ပါ။

📩 Malta Job Opportunities & Application Process အသေးစိတ်အတွက် ယနေ့ပဲ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

⚠️ Job Position၊ Eligibility နှင့် Permit လိုအပ်ချက်များသည် အလုပ်အမျိုးအစားနှင့် လျှောက်ထားသူတစ်ဦးချင်းစီ၏ အခြေအနေအပေါ် မူတည်နိုင်ပါသည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

Visa Ban ဖြစ်နေတဲ့အချိန်မှာတောင် EB-3 Unskilled ကို ဘာကြောင့် ဆက်လျှောက်နေကြတာလဲ?ဒီမေးခွန်းကို အရင်ကတည်းက ကျွန်မ ခဏ ခဏစဉ...
23/08/2026

Visa Ban ဖြစ်နေတဲ့အချိန်မှာတောင် EB-3 Unskilled ကို ဘာကြောင့် ဆက်လျှောက်နေကြတာလဲ?

ဒီမေးခွန်းကို အရင်ကတည်းက ကျွန်မ ခဏ ခဏစဉ်းစားမိနေခဲ့တာပါ။
မြန်မာလူမျိုးတွေရဲ့ လူမှုအသိုင်းအဝိုင်းထဲမှာ သတိထားမိတဲ့ အကျင့်တစ်ခုရှိပါတယ်။ ကိုယ့်အိမ်နီးချင်း ဘာလုပ်လဲ၊ ဘယ်သူ့သားသမီးတွေကတော့ ဘယ်ကျောင်းမှာတက်တာလဲ၊ ဘယ်သူက ဘာနဲ့အောင်မြင်လာတာလဲဆိုတာတွေကို စူးစမ်းလေ့လာတတ်ကြပါတယ်။

တစ်ယောက်က ဒီလမ်းကြောင်းနဲ့ အဆင်ပြေတယ်ဆိုရင် ကိုယ်တိုင်လည်း လိုက်လုပ်ကြည့်ချင်လာတတ်ပါတယ်။

ဒါပေမယ့် တစ်ခါတလေ “သူလုပ်လို့ အောင်မြင်တယ်” ဆိုတဲ့အချက်တစ်ခုတည်းကို ကြည့်ပြီး “ဘာကြောင့် အောင်မြင်တာလဲ၊ သူ့အခြေအနေက ကိုယ့်အခြေအနေနဲ့ တူရဲ့လား၊ ဒီလမ်းကြောင်းမှာ ဘယ်လိုအန္တရာယ်တွေရှိလဲ” ဆိုတာကို ကိုယ်တိုင်ပြန်စဉ်းစားဖို့ မေ့သွားတတ်ကြပါတယ်။

အထူးသဖြင့် ဒီခေတ်မှာ Social Media နဲ့ Influencer တွေရဲ့ သက်ရောက်မှုက အရမ်းကြီးပါတယ်။

Facebook ပေါ်မှာ အောင်မြင်လာတဲ့သူတစ်ယောက်ရဲ့ အောင်မြင်ပြီးတဲ့အပိုင်း ကိုပဲ မြင်ကြပါတယ်။

သူဘယ်လောက်ကြာအောင် ကြိုးစားခဲ့ရလဲ၊ ဘယ်လောက်ငွေကုန်ခဲ့လဲ၊ ဘယ်လောက်အခက်အခဲတွေကြုံခဲ့ရလဲ၊ မအောင်မြင်ခဲ့တဲ့အကြိမ်တွေ ဘယ်လောက်ရှိလဲ၊ ဘယ်လိုအန္တရာယ်တွေကို ဖြတ်သန်းခဲ့ရလဲဆိုတာကိုတော့ အပြည့်အစုံ မမြင်ရပါဘူး။

ဒါကြောင့် Social Media ပေါ်က Story တစ်ခုကိုကြည့်ပြီး “သူအောင်မြင်တယ် → ငါလည်း ဒီလိုလုပ်ရင် အောင်မြင်မယ်” လို့ တိုက်ရိုက်ဆုံးဖြတ်တာထက် ကိုယ့်အခြေအနေနဲ့ ကိုယ်ပြန်တွက်ချက်ဖို့ အရေးကြီးပါတယ်။

ကဲဒါဆို EB-3 ကိုပဲ ပြန်ကြည့်ရအောင်။

ကျွန်မအမြင်ကတော့ Immigrant Program တစ်ခုကို လုပ်မယ်ဆိုရင် Facebook ပေါ်က လူတစ်ယောက်ပြောတာ၊ Group တစ်ခုမှာ လူအများပြောတာကိုပဲ အားကိုးမနေသင့်ပါဘူး။

အမေရိကန် Immigrant System ရဲ့ သမိုင်းကြောင်း၊ Visa Category တစ်ခုချင်းစီရဲ့ သဘောသဘာဝ၊ ကိုယ့် Case ရဲ့ အားသာချက်/အားနည်းချက်၊ Processing Time၊ ကုန်ကျစရိတ်၊ Risk တွေ၊ အောင်မြင်နိုင်ခြေတွေကို ကိုယ်တိုင် လေ့လာသင့်ပါတယ်။

အထူးသဖြင့် “ဒါက အာမခံချက်ရှိတယ်” ဆိုတဲ့စကားကို ပိုပြီးသတိထားသင့်ပါတယ်။

Immigrant မှာ ဘယ်လမ်းကြောင်းမဆို ကိုယ့်ဘဝအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် အခြားသူရဲ့အတွေ့အကြုံကို Reference အဖြစ်သုံးလို့ရပေမယ့် ကိုယ့်ဆုံးဖြတ်ချက်အဖြစ်တော့ မယူသင့်ပါဘူး။

ကျွန်မတွေ့ဖူးတာတစ်ခုကတော့ အမေရိကန်ကို နှစ်ပေါင်း ၂၀၊ ၃၀ ကျော်နေထိုင်လာတဲ့သူတချို့တောင် Immigrant လမ်းကြောင်းတချို့ကို မကြားဖူးတာတွေ ရှိပါတယ်။

ဒါကလည်း မဆန်းပါဘူး။

ဘာကြောင့်လဲဆိုတော့ အမေရိကန်ကို ရောက်လာတဲ့လမ်းကြောင်းတွေက လူတစ်ယောက်နဲ့တစ်ယောက် မတူကြလို့ပါ။

တချို့က Refugee နဲ့ ရောက်လာကြတယ်။

တချို့က DV နဲ့ ရောက်လာကြတယ်။

တချို့က မိသားစု Immigrant နဲ့ ရောက်လာကြတယ်။

တချို့က အမေရိကန်ရောက်ပြီး နောက်ပိုင်းမှာ မိသားစုဝင်တွေကို ပြန်ခေါ်လာကြတယ်။

တချို့က အိမ်ထောင်ရေးကနေတစ်ဆင့် ရောက်လာကြတယ်။

တချို့ကတော့ ကိုယ့်ပညာ၊ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုယ့်အရည်အချင်းပေါ်မူတည်ပြီး Immigrant လမ်းကြောင်းတွေကို ရွေးချယ်ခဲ့ကြတယ်။

ဒါကြောင့် “ငါ အမေရိကန်မှာ နှစ် ၂၀ နေပြီးပြီ၊ ဒီလမ်းကြောင်းကို မကြားဖူးဘူးဆိုတော့ မရှိဘူး” လို့ ဆုံးဖြတ်လို့ မရပါဘူး။

ကိုယ်မသိတာဟာ မရှိတာနဲ့ မတူပါဘူး။

ကျွန်မပြောချင်တဲ့ အဓိကအချက်က ဒီနေရာမှာပါ။

အမေရိကန်ကို ကိုယ့်ငွေ၊ ကိုယ့်အရည်အချင်း၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လာချင်တဲ့သူတွေ ရှိပါတယ်။

EB-1 ကနေ EB-5 အထိ Employment-Based Immigrant Category တွေမှာလည်း ကိုယ့်အခြေအနေနဲ့ ကိုက်ညီတဲ့ လမ်းကြောင်းရှိမရှိ ကိုယ်တိုင်လေ့လာဖို့ လိုပါတယ်။

ဒါပေမယ့် Category တစ်ခုက တစ်ခုထက် “ပိုကောင်းတယ်” လို့ အလွယ်တကူသတ်မှတ်လို့ မရပါဘူး။

ကိုယ့်အခြေအနေ၊ ကိုယ့်အရည်အချင်း၊ ကိုယ့်ဘတ်ဂျက်၊ ကိုယ့်ရည်မှန်းချက်နဲ့ ကိုက်ညီတဲ့ လမ်းကြောင်းက ဘာလဲ ဆိုတာကိုပဲ ရှာဖို့လိုပါတယ်။

ဒါကြောင့် Visa Ban ဖြစ်နေတဲ့အချိန်မှာ EB-3 လုပ်နေတဲ့သူတွေကိုလည်း “ဘာလို့လုပ်နေတာလဲ” ဆိုပြီး တစ်ဖက်သတ်မေးလို့မရဘူးလို့ ကျွန်မထင်ပါတယ်။

သူတို့မှာ ကိုယ့်အကြောင်းပြချက်နဲ့ ကိုယ် ရှိနိုင်ပါတယ်။

တစ်ချို့က စောင့်ရမယ့်အချိန်ကို သိပြီး ဆက်လက်ပြင်ဆင်နေကြတာ ဖြစ်နိုင်တယ်။

တစ်ချို့က ကိုယ့် Case ရဲ့ အခြေအနေအရ ဆက်လုပ်သင့်တယ်လို့ ဆုံးဖြတ်ထားတာ ဖြစ်နိုင်တယ်။

တစ်ချို့ကတော့ အချက်အလက်ကို သေချာမလေ့လာဘဲ Social Media ပေါ်က စကားတွေကိုယုံပြီး ဆုံးဖြတ်နေကြတာလည်း ဖြစ်နိုင်ပါတယ်။

အရေးကြီးတာက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာထက် ကိုယ့်ဘဝအတွက် ကိုယ်တိုင် သေချာဆုံးဖြတ်နိုင်ဖို့ပါ။

Visa Ban ဖြစ်တဲ့အချိန်တုန်းက Social Media ပေါ်မှာ
“EB-3 မလုပ်နဲ့”
“Case မတင်နဲ့”
“တင်ရင် မရဘူး”
“Case Withdraw လုပ်လိုက်”
ဆိုတဲ့ အကြံပြုချက်တွေ အများကြီးတွေ့ခဲ့ရပါတယ်။

တချို့လူတွေက အဲဒီစကားတွေကို ယုံပြီး Case ကို Withdraw လုပ်ခဲ့ကြပါတယ်။

တချို့ကတော့ ဆက်လုပ်ခဲ့ကြပါတယ်။

အဲဒီအချိန်မှာ ကျွန်မ စဉ်းစားမိတာက—

Social Media ပေါ်မှာ လူတစ်ယောက်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ကိုယ့်ဘဝရဲ့ နှစ်ပေါင်းများစွာအတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချက်ချင်းမချသင့်ဘူး။

အထူးသဖြင့် Immigrant လို ကိုယ့်ဘဝ၊ ကိုယ့်ငွေ၊ ကိုယ့်မိသားစုနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ကိစ္စမှာ ပိုပြီးသတိထားသင့်ပါတယ်။

နောက်ဆုံးပြောချင်တာက—

သူများလုပ်လို့ လိုက်လုပ်တာထက်
“ငါ့အတွက် တကယ်သင့်တော်ရဲ့လား?”

သူများပြောလို့ မလုပ်တော့တာထက်
“သူပြောတာကို အထောက်အထားနဲ့ စစ်ပြီးပြီလား?”

သူများအောင်မြင်လို့ အောင်မြင်မယ်ထင်တာထက်
“သူ့အခြေအနေနဲ့ ငါ့အခြေအနေ တူရဲ့လား?”

ဆိုတာကို ကိုယ်တိုင်ပြန်မေးကြည့်သင့်ပါတယ်။

Immigrants ဆိုတာ Facebook Post တစ်ပုဒ်ဖတ်ပြီး ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ပါဘူး။

ကိုယ့်ဘဝနဲ့ ကိုယ့်မိသားစုရဲ့ အနာဂတ်ကို သက်ရောက်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် Information ကို များများယူပါ။ Source ကို စစ်ပါ။ မေးခွန်းတွေ မေးပါ။ ကိုယ့် Case ကို ကိုယ်နားလည်အောင် လေ့လာပါ။ ပြီးမှ ဆုံးဖြတ်ပါ။

သူများရဲ့အမြင်နဲ့ ကိုယ့်ဘဝကို မဆုံးဖြတ်ပါနဲ့။
ကိုယ့်ဘဝအတွက် ကိုယ်တိုင် စဉ်းစားပြီး ဆုံးဖြတ်နိုင်တာက အရေးကြီးဆုံးပါ။

Yi Mon Oo
(Liberty Visa Founder)

🇺🇸 EB3 Unskilled Job Offers (Interview Required)အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားနိုင်...
22/08/2026

🇺🇸 EB3 Unskilled Job Offers (Interview Required)
အမေရိကန်ပြည်ထောင်စုမှာ အမြဲတမ်းနေထိုင်ခွင့် (Green Card) လျှောက်ထားနိုင်မယ့် EB3 Unskilled အလုပ်အကိုင်သစ်များ လျှောက်ထားနိုင်ပါပြီ။
Unskilled ရာထူးများ ဖြစ်သော်လည်း ယခု အလုပ်အကိုင်များ အားလုံးအတွက် Interview (လူတွေ့စစ်ဆေးခြင်း) ဖြေဆိုရန် လိုအပ်ပါသည်။
📌 ရရှိနိုင်သည့် အလုပ်အကိုင်နှင့် တည်နေရာများ
🍔 1. Crew Member (Fast Food Franchisee)
Location: Homer, Kenai, Soldotna, Alaska
Starting Salary: $14 / Hour
PERM Filing Date: November 2026
🍹 2. Crew Person (Fast Food Franchisee)
Location: Juneau and Ketchikan, Alaska
Starting Salary: $14 / Hour
PERM Filing Date: November 2026
🍟 3. Crew Member (Fast Food Franchisee)
Location: Yanceyville, North Carolina
Starting Salary: $12 / Hour (Full time)
PERM Filing Date: October 2026
🍟 4. Crew Member (Fast Food Franchisee)
Location: Danville, Virginia
Starting Salary: $26,562 / Year
PERM Filing Date: October 2026
⚠️ အချက်အလက်များ
Recruitment Status: Open (လက်ရှိ လျှောက်လွှာများ လက်ခံနေပါပြီ)
Interview Requirement: ရာထူးအားလုံးအတွက် အင်တာဗျူး မဖြစ်မနေ ဖြေဆိုရပါမည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

21/08/2026

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

**US EB-3 Unskilled (Direct Green Card)**အမေရိကန်နိုင်ငံမှာ မိသားစုလိုက် အနာဂတ်ကို ခိုင်ခိုင်မာမာ စိန်ခေါ်/တည်ဆောက်ချင်သ...
20/08/2026

**US EB-3 Unskilled (Direct Green Card)**
အမေရိကန်နိုင်ငံမှာ မိသားစုလိုက် အနာဂတ်ကို ခိုင်ခိုင်မာမာ စိန်ခေါ်/တည်ဆောက်ချင်သူတွေအတွက် **EB-3 (Unskilled / Other Workers) Visa** ဟာ အကောင်းဆုံးနဲ့ အသေချာဆုံး လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဧည့်သည်ဗီဇာ၊ ကျောင်းသားဗီဇာတွေလို ယာယီနေထိုင်ခွင့်မဟုတ်ဘဲ **US သို့ မထွက်ခွာမီကတည်းက Direct Green Card (အမြဲတမ်းနေထိုင်ခွင့်)** ရရှိမယ့် ဗီဇာအမျိုးအစား ဖြစ်ပါတယ်။

**EB-3 ရဲ့ ထူးခြားတဲ့ အားသာချက်များ**

* **မိသားစုပါ တစ်ပါတည်း ရရှိခြင်း:** လျှောက်ထားသူနဲ့အတူ ဇနီး/ခင်ပွန်း နှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသေးသော သားသမီးများပါ **Green Card** တစ်ခါတည်း ရရှိပါမည်။

* **ပညာအရည်အချင်းနှင့် အတွေ့အကြုံ မလိုအပ်ခြင်း:** Unskilled category ဖြစ်သည့်အတွက် ဘွဲ့၊ လုပ်ငန်းအတွေ့အကြုံ သို့မဟုတ် အထူးကျွမ်းကျင်မှု ပိုင်ဆိုင်ထားရန် မလိုပါ။

* **အလုပ်အကိုင် အာမခံချက်ပါရှိခြင်း:** အမေရိကန်ရှိ တရားဝင် ကုမ္ပဏီ/စက်ရုံများတွင် အလုပ်အကိုင် ရရှိပြီးသားအဖြစ် သွားရောက်ရခြင်း ဖြစ်သည်။

* **ကလေးများ၏ အနာဂတ်:** ကလေးများအတွက် အခမဲ့ ကျောင်းတက်ခွင့်နှင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အခွင့်အရေးများ အပြည့်အဝ ရရှိမည်။

**လက်ရှိ EB-3 Process အခြေအနေ**
EB-3 လျှောက်ထားမှု Process များသည်

**ပုံမှန်အတိုင်း လည်ပတ်ဆောင်ရွက်လျက်** ရှိပါသည်။ Process အဆင့်ဆင့် (Labor Certification, I-140 Approval, NVC & Visa Interview) ဆောင်ရွက်ရသည့်အတွက်
**အချိန်ကာလတစ်ခု ထောင့်ချင့်စောင့်ဆိုင်းရမည်** ဖြစ်သည်။
သို့သော် အဆိုပါ စောင့်ဆိုင်းရသည့် အချိန်သည် လက်ရှိ မိမိတို့၏ ပုံမှန်နေ့စဉ်ဘဝ (အလုပ်/စီးပွားရေး/ပညာရေး) ကို လုပ်ကိုင် ရင်းဖြင့်
**မသိလိုက်မသိဘာသာ ကုန်လွန်သွားမည်** ဖြစ်ရာ၊ စောစော စတင်ထားသူများအတွက် အချိန်မနှောင်းဘဲ အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။

**လျှောက်ထားရန် လိုအပ်ချက်များ**
* အသက် ၁၈ နှစ်နှင့်အထက် ရှိရမည်။
* ပြစ်မှုကင်းရှင်းသူ ဖြစ်ရမည်။
* ကျန်းမာရေးကောင်းမွန်သူ ဖြစ်ရမည်။
* အခြေခံ အင်္ဂလိပ်စာ ပြောဆိုဆက်ဆံနိုင်သူ ဖြစ်ရမည် (English Test Target - Basic)
အမေရိကန်နိုင်ငံတွင် မိသားစုနှင့်အတူ အခြေချနေထိုင်ပြီး တရားဝင် Green Card ဖြင့် အနာဂတ်သစ်ကို စတင်လိုပါက Process များကို စောစီးစွာ စတင်ထားရန် အကြံပြုအပ်ပါသည်။

ဒေသအလိုက် လက်ရှိရရှိနိုင်သည့် အလုပ်အကိုင်များနှင့် အသေးစိတ် Process အဆင့်ဆင့်ကို ဆွေးနွေးလိုပါက Liberty Visaသို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

အမေရိကန်မှာ မိသားစုလိုက် တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Direct Green Card) ရရှိမယ့် US EB-3 Unskilled Visa အတွက် လက်ရှိ လ...
19/08/2026

အမေရိကန်မှာ မိသားစုလိုက် တရားဝင် အမြဲတမ်းနေထိုင်ခွင့် (Direct Green Card) ရရှိမယ့် US EB-3 Unskilled Visa အတွက် လက်ရှိ လျှောက်ထားနိုင်သည့် အလုပ်အကိုင်အသစ်များ ရရှိနေပြီ ဖြစ်ပါတယ်။
လုပ်ငန်းခွင်အတွေ့အကြုံနှင့် အထူးကျွမ်းကျင်မှု မလိုဘဲ လျှောက်ထားနိုင်သည့် Job Offers များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

ရရှိနိုင်သော EB-3 Unskilled အလုပ်အကိုင်များ

၁။ Fast-Food Restaurant (Crew Member)
Work Locations: U.S. ပြည်နယ် ၁၀ ခု (Michigan, North Dakota, South Dakota, Ohio, Indiana, Utah, New Mexico, Arizona, Alaska, Nevada)
Note: တိကျသော အလုပ်နေရာ (Location) ကို Job Offer ထွက်ရှိချိန်မှသာ အကြောင်းကြားပေးမည်ဖြစ်ပြီး စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

၂။ Hotel in Casino
Positions: Housekeeping, Server, Kitchen Assistant
Family Size: မိသားစုဝင် ၄ ဦးအထိ ပါဝင်လျှောက်ထားနိုင်ပါသည် (Main applicant, spouse, and 2 children)။
Note: တိကျသော ရာထူးကို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

၃။ Fish Farm – Louisiana
Positions: Packer, Trimmer, General Labor
Family Size: မိသားစုဝင် ၄ ဦးအထိ ပါဝင်လျှောက်ထားနိုင်ပါသည် (Main applicant, spouse, and 2 children)။
Note: တိကျသော ရာထူးကို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

၄။ Chicken Farm – Georgia
Positions: Packer, Trimmer, General Labor
Family Size: မိသားစုဝင် ၃ ဦးအထိ ပါဝင်လျှောက်ထားနိုင်ပါသည် (Main applicant, spouse, and children)။
Note: တိကျသော ရာထူးကို စိတ်ကြိုက် ရွေးချယ်ခွင့်မရှိပါ။

EB-3 Unskilled ရဲ့ ထူးခြားချက်များ
လျှောက်ထားသူနှင့်အတူ ဇနီး/ခင်ပွန်း နှင့် အသက် ၂၁ နှစ်အောက် အိမ်ထောင်မရှိသေးသော သားသမီးများပါ Direct Green Card တစ်ပါတည်း ရရှိပါမည်။
လုပ်ငန်းခွင် အတွေ့အကြုံ၊ ဘွဲ့နှင့် အထူးကျွမ်းကျင်မှု ပိုင်ဆိုင်ထားရန် မလိုပါ။
တရားဝင် အလုပ်အကိုင် အာမခံချက်ဖြင့်
သွားရောက်ရခြင်းဖြစ်ပါသည်။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇦🇱 ALBANIA SKILLED JOBS 🇦🇱✈️ Albania နိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် Liberty Visa Co., Ltd. မှ လက်ရှိ...
17/08/2026

🇦🇱 ALBANIA SKILLED JOBS 🇦🇱
✈️ Albania နိုင်ငံမှာ အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားသူများအတွက် Liberty Visa Co., Ltd. မှ လက်ရှိရရှိနိုင်သော အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ Consultation & Application Support ပြုလုပ်ပေးနေပါပြီ။

မိမိ၏ အတွေ့အကြုံ၊ ကျွမ်းကျင်မှုနှင့် ကိုက်ညီနိုင်မည့် Position များအတွက် လိုအပ်ချက်များ၊ Document များနှင့် လျှောက်ထားရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးမေးမြန်းနိုင်ပါသည်။

🛠️ SKILLED / TECHNICAL POSITIONS

👨‍🍳 1. KITCHEN ASSISTANT
Restaurant / Kitchen တွင် Food Preparation နှင့် Kitchen Support လုပ်ငန်းများ ဆောင်ရွက်ရန်
✅ Kitchen အတွေ့အကြုံ ၅ နှစ်နှင့်အထက် ရှိသူများအတွက် သင့်တော်
✅ Teamwork ကောင်းမွန်ရန်
✅ Basic Food Handling နားလည်ရန်

🧵 2. TAILOR
Garment Factory / Tailoring လုပ်ငန်းများတွင် စက်ချုပ်လုပ်ငန်း ဆောင်ရွက်ရန်
✅ Tailor / Garment Factory အတွေ့အကြုံရှိရန်
✅ Single Needle / Double Needle / Overlock စက်များ အသုံးပြုနိုင်ရန်
✅ Quality & Production Standard လိုက်နာနိုင်ရန်

🔧 3. MAINTENANCE TECHNICIAN
Electrical, Plumbing & Construction Maintenance ပိုင်း Technical Position
✅ Electrical + Plumbing + Construction အတွေ့အကြုံ
✅ Category B Driving Licence
✅ Basic English ပြောဆိုနိုင်ရန်
✅ Passport + PCC ရှိရန်
✅ Maintenance / Repair Technical Skill ရှိရန်

🍽️ 4. HOSPITALITY STAFF
Hotel / Restaurant / Hospitality ပိုင်းတွင် တာဝန်ထမ်းဆောင်ရန်
✅ သက်ဆိုင်ရာအတွေ့အကြုံရှိရန်
✅ English CV တင်ပြနိုင်ရန်
✅ Introduction Video + Working Video တင်ပြနိုင်ရန်
✅ Customer Service & Teamwork ကောင်းမွန်ရန်

☕ 5. BARISTA
Coffee & Beverage များ ပြင်ဆင်ခြင်း၊ Customer Order လက်ခံခြင်းနှင့် Coffee Station စီမံခြင်း
✅ Barista / Beverage အတွေ့အကြုံရှိပါက ပိုမိုသင့်တော်
✅ Coffee & Non-Alcoholic Beverage ပြင်ဆင်နိုင်ရန်
✅ Customer Service ကောင်းမွန်ရန်
✅ Hygiene ကို ဂရုစိုက်နိုင်ရန်

🍔 6. PIT STOP COOK / FAST FOOD COOK
Burger, Sandwich, Pizza, Fries, Wraps စသည့် Fast Food များ ပြင်ဆင်ရန်
✅ Fast Food / Kitchen အတွေ့အကြုံရှိရန်
✅ Food Preparation & Cooking Skill
✅ Food Hygiene & Safety လိုက်နာနိုင်ရန်
✅ Busy Kitchen Environment တွင် အလုပ်လုပ်နိုင်ရန်

⚙️ 7. CHROME PLANT ENGINEER
Chrome Ore Processing Plant ၏ Operation, Maintenance & Production System များကို ကြီးကြပ်ရန်
✅ သက်ဆိုင်ရာ Engineering Qualification / Experience
✅ Plant Operation & Maintenance နားလည်ရန်
✅ Industrial Equipment & Production Process အတွေ့အကြုံ
✅ Safety & Environmental Regulations နားလည်ရန်

🔧 8. CHIEF MECHANIC / WELDING SUPERVISOR
Welding & Mechanical Maintenance လုပ်ငန်းများကို စီမံကြီးကြပ်ရန်
✅ Welding / Mechanical Maintenance အတွေ့အကြုံ
✅ Welding Team ကို ကြီးကြပ်နိုင်ရန်
✅ Technical Drawing / Specification နားလည်ရန်
✅ Welding Equipment & Tools အသုံးပြုနိုင်ရန်

🏋️ 9. FITNESS EQUIPMENT TECHNICIAN
Gym / Fitness Equipment များကို စစ်ဆေး၊ ပြုပြင်နှင့် Maintenance ပြုလုပ်ရန်
✅ Mechanical / Electrical / Electronic / Maintenance Skill
✅ Equipment Repair & Troubleshooting လုပ်နိုင်ရန်
✅ Technical Certificate / Training ရှိပါက ပိုမိုသင့်တော်
✅ သက်ဆိုင်ရာအတွေ့အကြုံ ၅ နှစ်နှင့်အထက် ရှိသူများအတွက် ပိုမိုသင့်တော်

📌 မိမိ၏ အတွေ့အကြုံနှင့် ကိုက်ညီသည့် Position ရှိပါသလား?

Albania 🇦🇱 တွင် တရားဝင်အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားပါက
📩 Liberty Visa Co., Ltd. သို့ ဆက်သွယ်ပြီး အသေးစိတ် Consultation ရယူနိုင်ပါသည်။

⚠️ မှတ်ချက် — Position တစ်ခုချင်းစီအလိုက် အလုပ်ရှင်၏ လိုအပ်ချက်များ၊ အရည်အချင်းနှင့် Document လိုအပ်ချက်များ ကွဲပြားနိုင်ပါသည်။ လျှောက်ထားမည့်အခါ သက်ဆိုင်ရာ Position အတွက် နောက်ဆုံးလိုအပ်ချက်များကို သေချာစွာ စစ်ဆေးပါ။

Albania 🇦🇱 တွင် Skilled / Unskilled Position မည်သည့်အလုပ်မဆို အလုပ်ရှင်ဘက်မှ သတ်မှတ်ထားသော သက်ဆိုင်ရာ Certificate / Qualification နှင့် လုပ်ငန်းအတွေ့အကြုံ ရှိမှသာ အလုပ်ခန့်အပ်နိုင်ပါသည်။

ဒါကြောင့် Liberty Visa Co., Ltd. မှလည်း လျှောက်ထားသူတိုင်းကို အလွယ်တကူ Processing မလုပ်ပေးပါ။ ❌

✅ English Communication Skill
✅ သက်ဆိုင်ရာ အလုပ်အတွေ့အကြုံ
✅ Certificate / Qualification
✅ လိုအပ်သော Documents အပြည့်အစုံ

စသည့်အချက်များကို သေချာစစ်ဆေးပြီးမှသာ သင့်တော်သော Position အတွက် လျှောက်ထားပေးပါသည်။

Liberty မှာ ပြီးပြီးရော မလုပ်ပါ။
လာရောက်ဆွေးနွေး → အရည်အချင်းစစ်ဆေး → လိုအပ်ချက်များရှင်းပြ → Documents စစ်ဆေး → အဆင့်ဆင့်ပြင်ဆင် → သင့်တော်မှသာ လျှောက်ထားပေးပါသည်။ 📋

👉 အချိန်ယူရသော်လည်း သေချာစနစ်တကျ လုပ်ဆောင်ပေးခြင်းက Liberty ရဲ့ အားသာချက်ပါ။

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

🇦🇱

15/08/2026

Eb3 Program အတွက် သတင်းကောင်း…

𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

14/08/2026

🇺🇸 EB-3 Unskilled Program အကြောင်း လေ့လာမိသမျှ 🇺🇸

အမေရိကန်ကို သွားမယ့် EB-3 Unskilled Program နဲ့ ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာတွေ၊ တခြားနိုင်ငံက လျှောက်ထားသူတွေဆီကနေ လေ့လာတွေ့ရှိထားတာလေးတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်...

ဒီ EB-3 Unskilled Program ဆိုတာ အစကတည်းက ရေရှည်သွားရမယ့် လမ်းကြောင်းတစ်ခုပါ။ နှစ်နဲ့ချီပြီး ကြာနိုင်တယ်ဆိုတာကို လျှောက်ထားသူ အများစုက ကြိုပြီး နားလည်လက်ခံထားကြပါတယ်။ ဥပမာပြောရရင် ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ တရုတ်လို နိုင်ငံတွေဆိုရင် ဗီဇာစောင့်ရတဲ့အချိန် ပိုပြီးတောင် ကြာပါသေးတယ်။ ဖိလစ်ပိုင်က လျှောက်ထားသူတွေဆိုရင် သူတို့အလှည့် မရောက်မချင်း စောင့်နေရတဲ့အချိန်မှာ နိုင်ငံခြားထွက်ပြီး Hotel/chef/housekeeping နဲ့ အလုပ်တွေကို ဆက်လုပ်နေတတ်ကြတယ်။ ပြောချင်တာကတော့ ဘဝကို ရပ်တန့်ပြီး ထိုင်စောင့်နေတာမျိုး မလုပ်ဘဲ၊ ကိုယ့်အလှည့်ရောက်လာတဲ့အထိ အလုပ်ဆက်လုပ်ရင်း ဝင်ငွေဆက်ရှာနေကြတာပါပဲ။

ဒါ့အပြင် အမေရိကန်က ချထားပေးမယ့် ဗီဇာအရေအတွက်နဲ့ နိုင်ငံအလိုက် ကန့်သတ်ချက် (Limit) တွေကြောင့်လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စောင့်ရတဲ့အချိန် မတူကြပါဘူး။ မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်နဲ့ချီပြီး (3/4 years)စောင့်ရနိုင်ပေမယ့် လျှောက်သူပိုများတဲ့ တခြားနိုင်ငံတွေဆိုရင် ပိုပြီးတောင် ကြာနိုင်ပါသေးတယ်။ ဒါကြောင့် လစဉ်ပြောင်းလဲနေတဲ့ ဗီဇာအခြေအနေတွေကို သိရအောင် တရားဝင် U.S. Visa Bulletin မှာ အမြဲစောင့်ကြည့်ဖို့ လိုပါတယ်။

ဒီနေရာမှာ တိတိကျကျ သိထားရမှာက EB-3 ဟာ ခဏသွားလုပ်ရတဲ့ ယာယီအလုပ်ဗီဇာမျိုး မဟုတ်ပါဘူး။ အမေရိကန်မှာ အမြဲတမ်း နေထိုင်ခွင့်ရမယ့် (Immigrant Visa) အမျိုးအစား ဖြစ်ပါတယ်။ လုပ်ငန်းစဉ်တွေ အားလုံးပြီးဆုံးလို့ အမေရိကန်ကို ဝင်ရောက်သွားပြီဆိုတာနဲ့ Green Card ရရှိမှာဖြစ်ပြီး မိသားစုနဲ့အတူ အနာဂတ်ကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်မှာပါ။

အမေရိကန်အစိုးရရဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် ဗီဇာလုပ်ငန်းစဉ် ကြန့်ကြာတာမျိုး၊ ရိုက်ခတ်မှုရှိတာမျိုးတွေ ဖြစ်လာနိုင်ပေမယ့် မူဝါဒဆိုတာ အချိန်နဲ့အမျှ ပြောင်းလဲတတ်လို့ တရားဝင် သတင်းထုတ်ပြန်ချက်တွေကိုပဲ စောင့်ကြည့်စေချင်ပါတယ်။ ယာယီကန့်သတ်ချက်လေးတစ်ခု ကြုံလာရုံနဲ့ ကိုယ့်ရဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုလုံး ရပ်တန့်သွားပြီလို့ စိတ်ဓာတ်မကျပါနဲ့။ Labor Certification နဲ့ Immigrant Petition (I-140) လို အခြေခံအဆင့်တွေကို အစိုးရစည်းမျဉ်းတွေနဲ့အညီ ပုံမှန်အတိုင်း ဆက်လုပ်သွားလို့ ရပါတယ်။

ကုန်ကျစရိတ်နဲ့ ပတ်သက်ရင်လည်း စရိတ်အကုန်လုံးကို တစ်ကြိမ်တည်း ပေးသွင်းစရာ မလိုဘဲ သဘောတူညီချက်တွေအတိုင်း လုပ်ငန်းစဉ် တစ်ဆင့်ပြီးတိုင်း ခွဲပြီး ပေးသွင်းသွားရတာပါ။ ဒီကြားထဲမှာ ကိုယ့်ရဲ့ နေ့စဉ်ဘဝကို ရပ်တန့်မထားဘဲ အလုပ်အကိုင် တိုးတက်အောင် ဆက်ကြိုးစားရင်း အနာဂတ်အတွက် ငွေကြေး စနစ်တကျ စုဆောင်းထားဖို့ အကြံပြုချင်ပါတယ်။

အကယ်၍များ EB-3 Unskilled Program ကို လျှောက်ဖို့ စဉ်းစားနေတယ်ဆိုရင် ဒါဟာ ရေရှည်သွားရမယ့် အစီအစဉ်တစ်ခုအဖြစ် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါ။

အချိန်ဘယ်လောက်ကြာနိုင်လဲ

ကုန်ကျစရိတ် ဘယ်လိုရှိလဲ

တရားဝင် သတင်းတွေ (Visa Bulletin & Policy) က ဘာတွေပြောနေလဲဆိုတာတွေကို သေချာလေ့လာပြီး ကိုယ်တကယ်သွားချင်တဲ့ အနာဂတ်ရည်မှန်းချက်နဲ့ ကိုက်ညီမှုရှိမှသာ ဆုံးဖြတ်ချက်ချပါ။ အမေရိကန် လဝက လုပ်ငန်းစဉ် (Immigration Process) ဆိုတာ အဆင့်ဆင့် ဖြတ်သန်းရတာဖြစ်လို့ "စိတ်ရှည်သည်းခံနိုင်မှု" က အရေးအကြီးဆုံး သော့ချက်ပါပဲ

📢 ဒီအတွေ့အကြုံနဲ့ အမြင်လေးတွေကို ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေပေးလိုက်တာပါ။ ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



𝐋𝐢𝐛𝐞𝐫𝐭𝐲 𝐕𝐢𝐬𝐚 𝐎𝐟𝐟𝐢𝐜𝐞 (𝐘𝐚𝐧𝐠𝐨𝐧)

No 162 5B Thapaynyo Building, Sanchaung St, Sanchaung township, Yangon.

☎️ 09941579980
09775593070
09792478291

US Viber +1(610)7333227

𝐄𝐦𝐚𝐢𝐥: 𝐘𝐢𝐦𝐨𝐧𝐨𝐨@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
𝐄𝐛𝟑@𝐥𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚𝐦𝐦.𝐜𝐨𝐦
[email protected]

https://libertyvisa.net/

https://www.tiktok.com/?_r=1&_t=ZT-97QR7SmlY9F

https://youtube.com/?si=V_sdgn8ejotzHejn

https://www.instagram.com/libertyvisa_guidance?igsh=MWVnemxmdzhpb2Rlcg%3D%3D&utm_source=qr

𝐋𝐢𝐛𝐞𝐫𝐭𝐲𝐯𝐢𝐬𝐚 𝐨𝐟𝐟𝐢𝐜𝐞
Thai Viber number: +66 991264113, +66 947205977

12/08/2026

Address

No 162 5 B Sanchaung Street
Yangon
11111

Alerts

Be the first to know and let us send you an email when Liberty Guidance posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share