Ywa Engineering Co.,ltd

Ywa Engineering Co.,ltd ဆိုလာ တပ်ဆင် ရောင်းဝယ်ရေး လုပ်ငန်း

Hybrid Inverter Circuit Diagram နားလည်ဖို့ အချိန် 3 လေးရက်လောက်ယူလိုက်ရတယ်။ ကိုယ်တိုင်က Electronic သမားမဟုတ်တော့ Electro...
28/05/2026

Hybrid Inverter Circuit Diagram နားလည်ဖို့ အချိန် 3 လေးရက်လောက်ယူလိုက်ရတယ်။

ကိုယ်တိုင်က Electronic သမားမဟုတ်တော့ Electronic device တွေအကြောင်းအတော်လေ့လာဖတ်ယူရတယ်။

သင်တန်းတက်ဖို့ကလည်း အားခဲ အချိန်ယူနေပေမယ့် အခုထိအခွင့်ရေးမရသေး
-----

Arduino & Programming ပိုင်းလေ့လာခဲ့မိတော့
Sensor တွေ Controller တွေနဲ့မစိမ်းတော့ပဲ ရင်းနှကျွမ်းဝင်ခဲ့တယ်။

Arduino ကောင်းမူ့ကြောင့် Electrical Control ဆက်စပ်နားလည်မိသွားတယ်။

Control နားလည်သွားတော့ PLC အတွက်အထောက်ပံ့ကောင်းကောင်းရသွားတယ်။ Control + Programming + sensor and actuator ဆက်စပ်သွားတယ်။

ဟော ဆိုလာလည်း လုပ်ရော EV အကြောင်းက အကုန်ပေါင်းပြီးဆက်စပ်သွားရော
----
Control ရပေမယ့် electronic ပိုင်းကျ အခုမှအသည်းသန် ချိတ်ဆက်မိအောင်လုပ်နေရတုန်း

လောလောဆယ်
Online Course တွေ Free ဝင် Join လို့ရအောင် Telegram GP တွေလုပ်နေပါတယ်။ တင်ပေးပါမယ်။

Ywa engineering Co.ltd
09970315878

27/05/2026

ကျွန်းတံခါးကျည်းခွေ လုပ်ငန်းခွင်
ရိုးရှင်း လှပခန်းနားထည်ဝါမူ့
ကောင်းတာပဲရချင်တဲ့စိတ်
ကိုယ်မနေလို့ ပြန်ရောင်းမယ်ဆိုလည်းနောက်လူ ကောင်းတာ ခိုင်မာတာပဲဖြစ်စေချင်တဲ့စိတ်

မိမိလုပ်တဲ့လုပ်ငန်းမှာ ဘယ်သူမှ လက်ညိုးထိုး ကွယ်ရာအတင်းတုတ်မခံရအောင် လက်မထောင်နိုင်အောင် နေချင်တဲ့စိတ်နဲ့ လုပ်ဖြစ်တာလေး

Ywa engineering Co.ltd
09970315878

growatt wit100k Hu parallel တွဲဖို့ ပုံရဲ့စကားဝှက်ကို အတော်လေးဖော်ယူရတယ်growatt 6k လိုမျိုးတိကျသေချာတဲ့ ရေးသားဖော်ပြချက်...
26/05/2026

growatt wit100k Hu parallel တွဲဖို့ ပုံရဲ့စကားဝှက်ကို အတော်လေးဖော်ယူရတယ်

growatt 6k လိုမျိုးတိကျသေချာတဲ့ ရေးသားဖော်ပြချက်မပါဘူး။ ချိတ်ရမယ့်ပုံပေးထားတယ်။

CAN 1 H & CAN 1 L မှာ In and Out ပါတယ်။ CAN 2 လည်းထိနည်းတူ။ Rs485 မှာလည်းအတူတူပဲ In and Out ပါတယ်။

ဘယ်လိုတပ်ရမှာလည်းသေချာ ပြူးပြဲကြည့်မှ 485 တွေတပ်ရမှာက ပုံမှာဘယ်လိုဆိုတာဖော်ပြထားတယ်။

CAN ချိတ်ဖို့ကျတော့ COM2 ငုတ်တွေထိပ်နားလေးမှာ CAN 1 & CAN 2 ရေးပေးထားတယ်။ ဆိုလိုတာက ပထမအလုံးရဲ့ CAN 1 က ဒုတိယအလုံး CAN 2 ချိတ်ပါပေါ့။

ခက်တာက In & Out ဘယ်ဟာလည်း ရေးမထားဘူး။ ကိုယ့်ဖာသာ ပုံပြူးပြဲကြည့်ပြီးမှသိရတယ်။
ကျန်တဲ့ ငုတ်တွေအတွက် ပဟေဒိ အဖြေရှာနေရတုန်း

Setting ဆိုတာဝေးလာဝေး အင်တာနက်လည်းရှာမရ
----------
ပုံလေးတွေကြည့် မြင်တာလေး ပြောခဲ့ပါ။ အဖြေ ပြန်ပေးပါမယ်။

Ywa engineering Co.ltd
09970315878

26/05/2026

သိန်း 500 - 700 ကြားကျသင့်ထားတဲ့
မပြီးသေးတဲ့ အိမ်

Ywa engineering Co.ltd
09970315878

ခါနွေနှောင်း မိုးအကူး Ese ထိပ်ဖူးကိုတပ် မိုးကြိုးကာဖို့တွက်ပိုးနှံကောင်နဲ့ ပုရွက်စိတ်မိုးတွင်းအခါ စားစရာ မစုဆောင်းတဲ့အခါ...
25/05/2026

ခါနွေနှောင်း
မိုးအကူး
Ese ထိပ်ဖူးကိုတပ် မိုးကြိုးကာဖို့တွက်

ပိုးနှံကောင်နဲ့ ပုရွက်စိတ်
မိုးတွင်းအခါ စားစရာ
မစုဆောင်းတဲ့အခါ
ဘဝပျက်ရရှာ

အများသူငှာ စားစရာ
စုစုဆောင်းဆောင်း နေကြတာ
နှံကောင်ပမာ မိမိမှာ
ဒုက္ခရောက်တော့တာ
နောင်မှသိတဲ့ ဒီနောင်တ
ကုဖို့နောက်တွေကျ

စုမယ်ဆောင်းမယ်လို့ကြံရွယ်
လုပ်ငန်းများရယ် ရပ်သွားတယ်။
ရှိတာလေးတွေ လက်စဖြတ်
အသက်ကလေးရယ်ဆက်

Ywa engineering Co.ltd
09970315878

ဆိုလာအချပ် 120 တပ်ဆင် #မန္တလေးဆိုလာဆင်ရင်း အမြင်မတော်တာလေး လုပ်သင့်တာလေး လုပ်ပေးတက်တဲ့အကျင့်ကြောင့် သိန်းရာဂဏန်းနီးပါး S...
24/05/2026

ဆိုလာအချပ် 120 တပ်ဆင်
#မန္တလေး

ဆိုလာဆင်ရင်း အမြင်မတော်တာလေး လုပ်သင့်တာလေး လုပ်ပေးတက်တဲ့အကျင့်ကြောင့် သိန်းရာဂဏန်းနီးပါး Service ခကျနိုင်ပေမယ့် ဆန်စက်တခုလုံးနီးပါး Panel တွေပြန်ဆင်ပေးခြင်း ကြိုးတွေပြန်ဆွဲပေးခြင်းတွေ Service ခ Free နဲ့လုပ်ပေးခဲ့

Ywa engineering Co.ltd
09970315878

အကြောက်အရဆုံးသော Arc fault ----ဖြစ်စဥ် ရန်ကုန်မှာတပ်ထားတဲ့ 220kw (Sigenergy) အင်ဗာတာနဲ့ ဆိုလာ 360 တပ်ပေးပြီး သုံးနေတယ်။ ...
23/05/2026

အကြောက်အရဆုံးသော

Arc fault
----
ဖြစ်စဥ် ရန်ကုန်မှာတပ်ထားတဲ့ 220kw (Sigenergy) အင်ဗာတာနဲ့ ဆိုလာ 360 တပ်ပေးပြီး သုံးနေတယ်။

တပတ်လောက်ကြာတော့ ဖုန်းထဲက ဆိုလာ Software မှာ Arc fault Current Interrupter (AFCI) ပေါ်လာပါရော

Earth fault မဟုတ်ပဲ Arc Fault မလို့ ရင်တွေခုန် ချက်ချင်းပြေးစစ်ခိုင်း စောင့်ကြည့်ခိုင်းခဲ့တယ်။ Arc ဆိုတာက မီးလောင်နိုင်တဲ့အခြေနေမှာ ညွန်းဆိုတဲ့အခြေနေပါ။

ကြိုးတွေပေါက်နေခဲ့လား ဆင်တုန်းက
အကုန်ပြန်လှန်စစ်ဖို့လုပ်မယ်ပေါ့။ ဒီတိုင်းမထားရဲဘူး။ လုပ်တုန်းက သေချာလုပ်ခဲ့ကြသလား လူတိုင်းပြန်စစ်ဆေး

အခုဖြစ်နေတဲ့ ဆိုလာအတွဲတွေကိုပိတ်
Error ထပ်ဖြစ်လားစောင့်ကြည့်၊ ပိတ်လိုက်တော့ထပ်မဖြစ်။

ပိတ်ထားတဲ့ဆိုလာတွဲတွေ ဖွင့်ပြီးစောင့်ကြည့် ထပ်ပြီးပေါ်လာ။

ဒါနဲ့ အဲ့ဒီ String တွေကို Insulation (Megger Test) လုပ် အကုန်ကောင်း ကြိုးမပေါက် မပြဲ
----
ဒါနဲ့ ပြန်တပ်ပြန်စမ်း ကြိုးတွေသေချာ ပြန်ကြပ်။

Error ထပ်မဖြစ်တော့ပေ
-----
ကြိုးတွေ Loose ဖြစ်နေခဲ့ဖို့များ။ ဒါကို အင်ဗာတာကသိပြီး Fault ပြပေးတာဖြစ်နိုင်

နှစ်တွေကြာတဲ့ ဆိုလာလုပ်ငန်းရှင်များ Maintainance လုပ်ဖို့လိုအပ်ပါတယ် မဖြစ်မနေ မပျက်မကွက်။

Ywa engineering Co.ltd
09970315878

Growatt Ongrid 100kw Er ဖြစ်ဥ်  မီးစက်နဲ့ကျ Power ထွက်ပြီး၊ EPC နဲ့ကျမထွက်လို့Growatt တွေကိုတပ်ဆင်တဲ့အခါ SEM လို့ခေါ်တဲ့...
23/05/2026

Growatt Ongrid 100kw

Er ဖြစ်ဥ်
မီးစက်နဲ့ကျ Power ထွက်ပြီး၊ EPC နဲ့ကျမထွက်လို့

Growatt တွေကိုတပ်ဆင်တဲ့အခါ SEM လို့ခေါ်တဲ့ Smart energy manager ကိုသုံးပြီး Export and import power ကိုထိန်းကြသလို

Dtsu 666 or eastron meter ကိုသုံးပြီးတော့လည်း Exp ကိုထိန်းကြပါတယ်။
----
Exp ဆိုတာက အသုံးမရှိနည်းတဲအခါ ပိုနေသော ဆိုလာပါဝါတွေကို Grid or မီးစက်ဆီ မရောက်စေဖို့ ထိန်းတဲ့စနစ်ပါ။

EPC Grid ဆီရောက်ရင် လက်ရှိအနေထားက မိမိပိုနေတဲ့ဆိုလာကို ဝယ်ယူပေးတဲ့စနစ်မဟုတ်တော့ ပိုနေလို့ပေးလည်း ကိုယ်က မရတဲ့အပြင် မီတာခတက်ပြီး ပိုကုန်မှာပါ။

မီးစက်ဖက်ရောက်ရင် မီးစက်ကဖြတ်ချ အခန့်မသင့်ရင် လောင်မှာပါ။
------
အခုဒီမှာက SEM သုံးထားတယ်။ Load ကို မီးမလာချိန်မီးစက်နဲ့တွဲသုံးနေတယ်။ Ongrid Growatt ကဆိုလာပါဝါ ရသလောက်ထုတ်ပေးတယ်။

မီးပြန်လာရင်မရဘူး အင်ဗာတာက ပါဝါထုတ်မပေးတော့ဘူး။

ဒါနဲ့ Phase sequence ကြောင့်လားဆိုပြီး Sequence ချိန်းလိုက်တယ်။ ဒါလည်းမရဘူး။
-----
ဒါနဲ့ Gw service နဲ့ချိတ်ပြီး Fw update လုပ်ခိုင်းလိုက်တယ်။

ဒါလည်းမရသေးဘူး။ update ပြီးမှ Sequence ပြန်ထပ်ချိန်းတယ်။ ရသွားတယ်။

Update ကြောင့်လား ၊ Sequence ကြောင့်လားတော့မသေချာသွားပေမယ့်
အခုလိုဖြစ်လာရင် ဒီနှစ်နည်းစမ်းကြည့်ပါ။

Ywa engineering Co.ltd
09970315878

ကျွန်တော့်ရဲ့ Error ရှင်းကိုင်တွယ်ပုံနည်းစနစ်များEr တခုတပ်ဆင်ပေးခဲ့ပြီးတာ မကြာသေးတဲ့ ဟိုတယ်တခုက နေ့ည အဆင်ပြေစွာသုံးနေခဲ့...
23/05/2026

ကျွန်တော့်ရဲ့ Error ရှင်းကိုင်တွယ်ပုံနည်းစနစ်များ

Er တခု
တပ်ဆင်ပေးခဲ့ပြီးတာ မကြာသေးတဲ့ ဟိုတယ်တခုက နေ့ည အဆင်ပြေစွာသုံးနေခဲ့ပေမယ့် တညမှာတော့ အင်ဗာတာက ခဏခဏ ဖြတ်ချနေကြောင်းပြောပါတယ်။

ဘက္ထရီကလည်းအားရှိနေတယ်။ အင်ဗာတာပူပြီးဖြတ်ချနေတယ်လို့ပြောပြလာပါတယ်။ အဆင်ပြေအောင်လာကြည့်ပေးဖို့ လုပ်ပေးဖို့ပြောလာပါတယ်။
---------
ပထမဦးဆုံး ဘယ်သူ(အိမ်ရှင်) ပဲပြောလာလာ ကျွန်တော်အရင်ဆုံးတောင်းတာက fault record ပါပဲ။
အိမ်ရှင်ဟာ ဒီစနစ်တွေနဲ့ပတ်သတ်ပြီး ဘာမှ သိနားလည်စရာမလိုပါဘူး မသိထားလည်း ဘာမှမဖြစ်ပါဘူး။

Fault ဖြစ်တဲ့အခါ ဘာမှမလုပ်သေးခင် ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ပျက်နေတဲ့ပုံစံအနေထားတွေကို Video Or photo ရိုက်ပေးဖို့ပဲလိုတာပါ။

-----

ဒါမှ ဘာကြောင့်ဖြစ်တယ်ဆိုတဲ့အဖြေကိုရမှာပါ။ အဖြေရမှ Fault ရှင်းတဲ့အခါ တိကျတဲ့ရှင်းလင်းချက်ကိုရမှာပါ။

မဟုတ်ရင် ဆေးမှီးတိုနဲ့ကုသလို ခဏတာပဲပြေမှာပါ။ မည်သည့် အိမ် မည်သူကိုမဆို အာမခံကာလ အတွင်းဖြစ်စေ ကျော်လွန်နေသည်ဖြစ်စေ အခုထိ မညီးမညူ လုပ်ကိုင်ပေးနေပါတယ်။

တချို့အရာတွေက လုပ်ကိုင်ဖန်တီးပေးထားတဲ့အနေထားအရ လူကိုယ်တိုင်လာစရာမလိုတဲ့အခြေနေတွေရှ်သလို လူလွတ်ပြီးဖြေရှင်းရမယ့်ဟာမျိုးလည်း လူလွှတ်ဖြေရှင်းပေးနေဆဲပါ။
----------
ပြန်ဆက်ရရင် အခု အင်ဗာတာပူလို့ ခဏခဏ ဖြတ်ချလာမူ့အပေါ် ဖြေရှင်းဖို့ လိုအပ်တဲ့ Data Record တွေတောင်းကြည့်ပါတယ်။

ပိုင်ရှင်ကလည်း အဝေးရောက်နေတော့ ဟိုတယ်မှာရှိတဲ့သူဆီတောင်းပြီး ဖြစ်စဥ်ကိုမေးကြည့်တယ်။

အင်ဗာတာက ညပိုင်းမီးပျက်ချိန်မှာဖြစ်တာ အရင်လိုပဲသုံးနေတာပါပဲ။
-----
မေး

အဲ့လိုဖြစ်ချိန် အင်ဗာတာက အော်သလား အင်ဗာတာက မီးဖျက်ချလို့ Panel ထဲကမီးတွေပိတ်သွားသလား

ဖြေ

Panel ထဲကမီးတွေမလင်းတော့ဘူး။
ပိတ်သွားတယ်။အင်ဗာတာက အော်တယ်။

စဥ်းစား အဖြေရှာခြင်း

ဒါဆို ဟုတ်ပြီ panel ထဲက မီးမလင်းတော့တာဟာ အင်ဗာတာက ဖြတ်ချပစ်လို့ပဲ။

အင်ဗာတာ ဖြတ်ချတာက အင်ဗာတာ ပူလို့လည်းဖြစ်နိုင်သလို ကိုယ်သတ်မှတ်ခဲ့တဲ့ Load ထက်ပိုသုံးနေလို့လည်းဖြစ်နိုင်တယ်ဆိုတာတွေးမိတယ်။

အင်ဗာတာကတော့ ပူစရာအကြောင်းမရှိ သေချာတာ သတ်မှတ်ထားတဲ့ Load ထက်ပိုသုံးနေတယ်ဆိုတာတွေးမိတယ်။

Record ကအလွယ်တောင်းမရနိုင်တာရယ် မတောင်းချင်တော့တာကြောင့်

လူလွှတ်လိုက်တယ် ညဖက်ကြီး အိပ်စောင့် ကြည့်ပေးဖို့အတွက် နေစရာပါစီစဥ်ပေးဖို့ပြောလိုက်တယ်။
----
ညရောက်တော့ ပြသာကို အင်ဗာတာရဲ့ Fault record ကိုကြည့်လိုက်တယ်။

Battery OverCurrent or Over discharge ပြနေတယ်။
------
Battery OvDs ကိုကာကွယ်ဖို့က Battery Breaker နဲ့ထိန်းထားတယ်။ Breaker မကျဘူး။

နောက်တခုက Battery OvDs ကို အင်ဗာတာမှာထိန်းထားတယ်။ 50amp

ဒါနဲ့ အင်ဗာတာက ညဖက်မီးမလာချိန် Load ဘယ်လောက်သုံးမိလို့ဖျက်ချခဲ့ရတာလဲသိနိုင်ဖို့ Deye cloud ထဲဝင်စစ်လိုက်တယ်။

Graph ထဲမှာ 17.6 kw အသုံးရှိနေခဲ့တယ်။ ဘက္ထရီက(8) လုံးတွဲဆိုတော့

17600 / 310v = 54amp

ထိအင်ဗာတာက ဆွဲတယ်။ အင်ဗာတာမှာက 50amp ပဲပေးထားတော့ အင်ဗာတာက ဖြတ်ချပစ်တယ်။
----
အမှန်က လူလွှတ်စရာမလိုပါဘူး။ ဒီဟာက အစောက record ကို Deye cloud ကကြည့်ရင် Ok ပြီ။

သို့သော် ဟိုတယ်နဲ့အနီး လုပ်နေတဲ့ Site ရှိနေတာကြောင့် လွှတ်လိုက်ပြီး စစ်လိုက်တယ်။

ဘက္ထရီထပ်ထည့်ဖို့ပြောခဲ့လိုက်ပါတယ်။

Batter OvDs = အင်ဗာတာကဖြတ်ချရင် အင်ဗာတာမှာပေးထားတဲ့တန်ဖိုးထက်များလို့

တန်ဖိုးမြင့်လို့ရနိုင်နဲ့အခြေနေဆို မြှင့်ပါ။ မရနိုင်တဲ့အခြေနေဆို မလုပ်ပါနဲ့။ ဘက္ထရီ & အင်ဗာတာ Data တွေကြည့်ရမှာပါ။

Ywa engineering Co.ltd
09979315878

ဆိုလာအတွက် EI သင်တန်း မသိလိုက်မရှိရအောင်ပါသတင်းစာမှာ ကြေငြာပေမယ့် သတင်းစာဆို ဖုန်းထဲကတက်လာမှပဲဖတ်ဖြစ်တဲ့အခါ တချို့အရာတွေ...
23/05/2026

ဆိုလာအတွက် EI သင်တန်း
မသိလိုက်မရှိရအောင်ပါ

သတင်းစာမှာ ကြေငြာပေမယ့် သတင်းစာဆို ဖုန်းထဲကတက်လာမှပဲဖတ်ဖြစ်တဲ့အခါ တချို့အရာတွေက မသိလိုက်ရတာများပါတယ်

အခွင့်အလမ်းဆိုတာက လက်တကမ်းမှာရှိနေပေမယ့် မသိလိုက်လို့ လွတ်ခဲ့တာမျိုးဖြစ်မှာဆိုး၍ ကိုမင်းထက်စိုး ဆီမှ ကူးယူပြီး ပြန်တင်ပေးလိုက်ပါသည်။

Ywa engineering Co.ltd
09970315878

 #မန္တလေးပြီးခါနီး #ဆိုလာ #အင်ဗာတာYwa engineering Co.ltd09970315878
22/05/2026

#မန္တလေး
ပြီးခါနီး

#ဆိုလာ
#အင်ဗာတာ

Ywa engineering Co.ltd
09970315878

Address

ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်
Yangon
11181

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959685200303

Website

Alerts

Be the first to know and let us send you an email when Ywa Engineering Co.,ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share