18/07/2021
🚩ပြည်သူမှပြည်သူသို့ အဝါရောင်ကမ်ပိန်း
အာဏာသိမ်းစစ်ကောင်စီရဲ့ ကျန်းမာရေးစီမံခန့်ခွဲမှု အလွဲအမှားကြောင့်တိုင်းပြည်မှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြီးရဲ့ တတိယလှိုင်းရိုက်ခတ်မှု ကို ပြင်းပြင်းထန်ထန်ခံစားနေရပါပြီ။ အားကိုးစရာကျန်းမာရေးစနစ် လောက်လောက် လားလား မရှိတာကြောင့် လူ့အသက်တွေလည်း တဖြုတ်ဖြုတ်ကြွေနေကြရပါပြီ။ အားကိုးစရာဆိုလို့ ပြည်သူအချင်းချင်းပဲရှိပါတော့တယ်။
ဒါကြောင့် ရောဂါကြောင့် အခက်ကြုံနေရသူတွေကို ပြည်သူအချင်းချင်း ကူညီမှုအစီအစဉ်ဖြစ်တဲ့ "ပြည်သူမှ ပြည်သူသို့" လှုပ်ရှားမှုကို ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
❗️ကိုဗစ်နိုင်တင်း ကြောင့် အစားအသောက်၊ဆေးဝါး၊အောက်ဆီဂျင် ရရှိမှု ခက်ခဲနေပြီဆိုရင် မိတ်ဆွေတို့အနေနဲ့ မိမိတို အိမ်ရှေ့မှာ အလံဝါ (သိုမဟုတ်) အဝါရောင်အင်္ကျီ(သိုမဟုတ်) အဝါရောင်အဝတ်အစ တခုခုကို မြင်သာအောင် ချိတ်ဆွဲလွှင့်တင်ထားလိုက်ကြပါ။
ဒီလိုလွှင့်တင်ထားတဲ့အိမ်ရှိတဲ့ လမ်း၊ ရပ်ကွက် ၊ မြို့နယ်က ပြည်သူတွေ အနေနဲ့လည်း မိမိတို့ ပတ်ဝန်းကျင်မှာ အလံဝါ (သိုမဟုတ်) အဝတ်အဝါရောင် လွှင့်ထူထားတဲ့ အိမ်တွေ မိသားစုတွေရှိရင် ပြည်သူမှာပြည်သူပဲရှိတာမို့ လိုအပ်တာတွေကို ကူညီဖြည့်ဆည်းပေးကြဖို့၊ စေတနာ့ဝန်ထမ်းတွေ လူမူကူညီရေးပရဟိတအသင်းတွေကို တဆင့်ဆက်သွယ်ပေးကြဖို့ကိုလည်း အလေးအနက် မေတ္တာရပ်ခံပါတယ်။
◾️ အကူအညီလိုအပ်နေတဲ့ ပြည်သူများအနေနဲ့ အဝါရောင်သင်္ကတေ
ကို မိမိအိမ်ရှေ့မှာ လွှင့်ထူပါ။
◾️အဝါရောင်လွှင့်ထူထားတဲ့အိမ်ကိုတွေ့တာနဲ့ အနီးအနားပတ်ဝန်းကျင်မှ ပြည်သူများက အကူအညီပေးပါ။
ပြည်သူအချင်းချင်း ရိုင်းပင်းကူညီပြီး ကိုဗစ်နိုင်တင်းကပ်ရောဂါ ကို
အတူကျော်လွှားကြပါစို့ ။
Covid 19 - True Information Myanmar
(ပြန်ကူးတင်ပြီးပဲဖြစ်ဖြစ်၊ Share ပြီးပဲဖြစ်ဖြစ် ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးကြပါ။)