EI & SAI

Call Website Contact the business

EI & SAI We're Ei & Sai! We help working professionals earn online with our all-in-one digital business system. Get full training, mentorship, and partnerships.

Start your journey today! www.saieieinwe.com Hello, We are founder of EI & SAI Page and are the owner of digital business. Please visit at www.saieieinwe.com for more detail.

တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။အဲဒီထဲက မိတ်ဆွေ ကိုယ်ပိုင်အချိန် ဘယ်နှစ်နာရီ ကျန်လဲ ?  တွက်ကြည့်ဖူးပါသလား။2022 September တုန...
16/10/2026

တစ်ပတ်မှာ ၁၆၈ နာရီ ရှိပါတယ်။

အဲဒီထဲက မိတ်ဆွေ ကိုယ်ပိုင်အချိန် ဘယ်နှစ်နာရီ ကျန်လဲ ?

တွက်ကြည့်ဖူးပါသလား။

2022 September တုန်းက ကျွန်မ တကယ် တွက်ကြည့်ဖူးပါတယ်။

✅အလုပ်နဲ့ သွားလာချိန်က ၆၀ နာရီကျော်ပါတယ်။

✅အိပ်ချိန်က ၄၅ နာရီလောက်ပါ။

✅ချက်ပြုတ်၊ လျှော်ဖွပ်၊ အိမ်အလုပ်က ၂၀ နီးပါးပါ။

✅ရန်ကုန်က မေမေ့ဆီ ဖုန်းဆက်ချိန်ကတော့ တစ်ပတ်ကို တစ်နာရီတောင် မပြည့်ပါဘူး။

❇️ဒီ ဂဏန်းလေးတွေကြောင့် ကျွန်မ တော်တော်လေး ငြိမ်သွားခဲ့ပါတယ်။❇️

✅ကျွန်မတို့ အလုပ်မှာ အဆောက်အအုံ မဆောက်ခင် soil investigation အရင်လုပ်ရပါတယ်။

✅Borehole တူးပါတယ်၊ မြေကို စစ်ပါတယ်၊ data ရမှ foundation ကို design လုပ်ပါတယ်။

❇️ခန့်မှန်းပြီး ဘယ်တော့မှ မဆောက်ပါဘူး။

✅Online business ဆိုရင် scam ဖြစ်မှာ စိုးရိမ်တာ လုံးဝ မမှားပါဘူး။

⁉️ဒါပေမယ့် မစစ်ဘဲ ငြင်းတာနဲ့ မစစ်ဘဲ ယုံတာ …

❌နှစ်ခုစလုံးက data မရှိဘဲ ဆုံးဖြတ်တာချင်း အတူတူပါပဲ။ 💠

✅ မေးခွန်းတစ်ခုဟာ မိတ်ဆွေရဲ့ borehole ပါပဲ။

✅ဒီ ၁၆၈ နာရီ ပုံစံအတိုင်းပဲ နောက် ၅ နှစ် ဆက်သွားမယ်ဆိုရင် မိသားစုနဲ့ အတူရှိမယ့် နာရီတွေ ဘယ်လောက် ကျန်မလဲ။⁉️

✳️အဖြေကို မိတ်ဆွေကိုယ်တိုင်ပဲ အသိဆုံးပါ။

🩵🩷ဒါကြောင့် ဒီည October 16, 2026 (Friday) မှာ Zoom ပေါ်က အခမဲ့ Live Business Consultation & Q&A Session လေး လုပ်ပေးမှာပါ။

✅Digital business ကို ဘယ်ကစရမလဲ၊

✅Full-time အလုပ်နဲ့ တွဲလုပ်လို့ ရ/မရ၊ အချိန်နည်းသူတွေ စနစ်တကျ ဘယ်လို စီစဉ်ရမလဲ

✅ စိုးရိမ်တာ၊ သံသယဖြစ်တာ မှန်သမျှ ပွင့်ပွင့်လင်းလင်း မေးလို့ရပါတယ်။ 🩵

✅အခုအချိန်မှာတော့ ပုံမှန် ထက် ၃ ဆ အခွင့်အလမ်းလေးရှိနေပါတယ်။
အချိန်အကန့်အသတ်နဲ့ ပရိုမိုးရှင်း(LIMITED OFFER) ပါ ။

✅ဒီ offer လေးအကြောင်းလည်း သေချာရှင်းပြပေးပါ့မယ်။ ✅

ဒီလို အထူးပရိုမိုးရှင်းမျိုး နောက် တစ်ကြိမ် ထပ်ရဖို့ မလွယ်ပါဘူး။ ဖြစ်လည်းမဖြစ်နိုင်တော့ပါဘူး။

🔥ပုံမှန်အားဖြင့် ကျမတို့ အွန်လိုင်း Business မှာ အပတ်စဉ် Business ကို JOIN တဲ့သူ အသစ် 300 ..ရှိရာကနေ အခုတပတ်မှာတော့ Promotion Campaign ရဲ့အံ့မခန်း အခွင့်အရေး ကြောင့် ၅ ဆကျော် ခုန်တက်ကာ လူပေါင်း ၁၆၀၀ လောက် join လာပါတယ်။ 😆😱🙌

ဒီpromotion လေးကိုစိတ်ဝင်စားရင်တော့ ဒီ အခမဲ့ zoom session လေးကမိတ်ဆွေအတွက် information တွေအများကြီးရနိုင်တာမို့ join ဖို့တိုက်တွန်းပါတယ်..

နေရာကန့်သက်ချက်ရှိလို့စောစော join ပေးစေလိုပါတယ်။

Session စတင်ချိန်
Date 16 Oct 2026

• Myanmar: 8:00 PM( 16 Oct 26)
• Singapore: 9:30 PM ( 16 Oct 26)
• Australia (AEST): 12:30 AM( 17 Oct 26)
• USA (Pacific): 6:30 AM (17 Oct 2026)

တက်ရောက်ဖို့ အဆင့် ၂ ဆင့်ပဲ လိုပါတယ်။
1️⃣၁။ https://www.saieieinwe.com မှာ နာမည်နဲ့ email ထည့်ပြီး register လုပ်ပါ။

2️⃣၂။ ပြီးရင် Zoom link ကို ချက်ချင်း ပို့ပေးနိုင်အောင် ကျွန်မတို့ကို အသိပေးပါ။

စိတ်ဝင်စားရင် cb မှာ "READY" လို့ ရေးပေးခဲ့ပါဦးနော်။

With Love,
EI & SAI
💕

🩵Hanoi လမ်းဘေးမှာ ကျွန်မ ၁၀ မိနစ်လောက် ငုတ်တုတ် ရပ်နေခဲ့ဖူးပါတယ်။လမ်းကူးဖို့ပါ 😅🩷ဆိုင်ကယ်တွေက ရေစီးကြောင်းလို မပြတ်တမ်း ...
15/10/2026

🩵Hanoi လမ်းဘေးမှာ ကျွန်မ ၁၀ မိနစ်လောက် ငုတ်တုတ် ရပ်နေခဲ့ဖူးပါတယ်။လမ်းကူးဖို့ပါ 😅

🩷ဆိုင်ကယ်တွေက ရေစီးကြောင်းလို မပြတ်တမ်း စီးနေပါတယ်။
ဟွန်းသံ၊ အင်ဂျင်သံ၊ လမ်းဘေး ဖိုဆိုင်က ထွက်လာတဲ့ ဟင်းချိုအငွေ့...
ကျွန်မကတော့ "လမ်းရှင်းမှ ကူးမယ်" ဆိုပြီး စောင့်နေတာပေါ့။

🩵🩷Bro ko Simon က ဘေးကနေ ရယ်ပြီး ပြောပါတယ်။

🩵"ဒီမှာ လမ်းက ဘယ်တော့မှ ရှင်းမှာ မဟုတ်ဘူး။"

🩷အဲဒီအချိန်မှာပဲ ဒေသခံ အန်တီကြီးတစ်ယောက် ဈေးခြင်းကိုင်ပြီး လမ်းကို ငြိမ်ငြိမ်လေး ဖြတ်
လျှောက်သွားပါတယ်။

🩵မပြေးဘူး။ ရုတ်တရက် မရပ်ဘူး။ ခြေလှမ်း အမှန်အတိုင်း တစ်လှမ်းချင်း။

🩷ဆိုင်ကယ်တွေက ကျောက်တုံးကို ရှောင်စီးတဲ့ ရေလို သူ့ဘေးကနေ ကွေ့သွားကြပါတယ် 🌊

🩵Singapore မှာတော့ ရထားတွေက မိနစ်မလွဲ အချိန်တိကျပါတယ်။ အရာရာ သေချာပါတယ်။

🩷နိုင်ငံခြားမှာ professional အဖြစ် နှစ်ရှည်လများ နေလာတဲ့ ကျွန်မတို့ကို Singapore က ရထားလို နေတတ်အောင် လေ့ကျင့်ပေးထားကြပါတယ်။

🩵ဒါပေမဲ့ ဘဝက တကယ်တော့ Hanoi လမ်းလိုပါပဲ။

🩷ဒီနေ့ မှန်တဲ့ ဆုံးဖြတ်ချက်က မနက်ဖြန် မှားသွားနိုင်ပါတယ်။ အရာရာ ပြောင်းလဲနေပါတယ်။

🩵အန်တီကြီး ဘာကို သိထားလဲ ပြန်စဉ်းစားကြည့်ပါ။

🩷သူ ဘယ်ဘက်ကို သွားမလဲ သိတယ်။ ကိုယ့်ခြေလှမ်းနှုန်းကို သိတယ်။

🩵ဆိုင်ကယ် ဘယ်ဘက်က လာနိုင်လဲ သတိထားတယ်။

🩷သူ့မှာ ရှိတာ သေချာမှု မဟုတ်ပါဘူး။ ရှင်းလင်းမှုပါ။

🩵လမ်းရှင်းဖို့ မလိုပါဘူး။ ကိုယ့်ခြေလှမ်း ရှင်းဖို့ပဲ လိုတာပါ 🌸

🩷2022 September မတိုင်ခင်အထိ ကျွန်မလည်း ဘဝရဲ့ လမ်းဘေးမှာ ရပ်စောင့်နေခဲ့တာပါ။

🩵Site ကနေ ပင်ပန်းပြီး အိမ်ပြန်ရောက်တော့ မိဘတွေဆီ ဖုန်းဆက်ဖို့တောင် အားမရှိတော့တဲ့ ညတွေ။
"အချိန်ကောင်း ရောက်မှ" ဆိုပြီး ရွှေ့ထားခဲ့တဲ့ ခရီးစဉ်တွေ။

🩷လမ်းဘေးမှာ ၁၀ မိနစ် ရပ်နေတာက ဟာသတစ်ခုပါ။

🩵၁၀ နှစ် ရပ်နေရင်တော့ ဟာသ မဟုတ်တော့ပါဘူး။

🩷မိဘတွေ အသက်ကြီးလာတာက ကျွန်မတို့ကို စောင့်မနေပါဘူး။

🩵မိတ်ဆွေရော အခု ဘယ်လမ်းဘေးမှာ ရပ်နေလဲ။

🩷နောက် တစ်နှစ်ကြာရင်လည်း အဲဒီနေရာမှာပဲ ရပ်နေဦးမှာလား။

🩵ဒီနေ့ ကိုယ့်ဘဝအတွက် ခြေလှမ်းသေးသေးလေး တစ်လှမ်း လှမ်းဖို့ စိတ်ကူးရှိရင် cb မှာ "STEP" လို့ ရေးပြီး အဲဒီခြေလှမ်းလေး မျှဝေပေးခဲ့ပါဦးနော် ✨

With Love,
EI & SAI
💕

ပြီးခဲ့တဲ့ တနင်္ဂနွေ ညက ကျွန်မ notebook ထဲမှာ ဂဏန်း သုံးခု ချရေးထားမိပါတယ်။ 📒🩵🩷Duration - ၁၂ ရက်🩵🩷🩵🩷Lead ၁၂ ယောက်🩵🩷🩵🩷Buy...
15/10/2026

ပြီးခဲ့တဲ့ တနင်္ဂနွေ ညက ကျွန်မ notebook ထဲမှာ ဂဏန်း သုံးခု ချရေးထားမိပါတယ်။ 📒

🩵🩷Duration - ၁၂ ရက်🩵🩷

🩵🩷Lead ၁၂ ယောက်🩵🩷

🩵🩷Buyer ၃ ယောက်🩵🩷

✅Post တစ်ခုမှာ ဂဏန်းကောင်းကောင်းလေးတွေ မြင်လိုက်ရရင် မိတ်ဆွေ ဘာကို အရင်ဆုံး သံသယဝင်မိလဲ?

✅ကျွန်မကတော့ engineer ပီပီ "ကျန်တဲ့ data တွေရော ဘယ်မှာလဲ" လို့ အရင်မေးမိပါတယ်။

❇️Site မှာ settlement marker တွေ၊ piezometer တွေက reading ယူတဲ့အခါ ဒီနေ့ ဖတ်လိုက်တဲ့ data ကို ကျွန်မတို့ ဘယ်တော့မှ မယုံပါဘူး။

📈ကျမကြည့်တာက trend ပါ။

⏰အချိန်ကြာလာတာနဲ့အမျှ ဘယ်လို ပြောင်းလဲလာလဲ ဆိုတာပါ။📉

❇️ပုံမှန်မဟုတ်တဲ့ abnormal reading တွေကိုလည်း ဖုံးမထားဘဲ report ထဲ ထည့်ရပါတယ်။❇️

😊Bro Ko Simon ကတော့ ကျွန်မက အိမ်က utility bill ကိုတောင် graph ဆွဲမယ့်သူလို့ ပြောပါတယ်။ 😅

🩵🩷ဒါကြောင့် ကျွန်မရဲ့ business trend ကိုလည်း sharing လုပ်ချင်ပါတယ် ။

1️⃣၁။ 2022 September — Resident Engineer အလုပ်လုပ်ရင်း business စခဲ့တယ်။

2️⃣၂။ 2022 December မှ 2024 March အထိ ▶️ လုံးဝ ရပ်ထားရတယ်။

▶️Project က အရမ်း stressful ဖြစ်ပြီး site issue အတွက် ည ၂ နာရီမှာ meeting ထိုင်ခဲ့ရတဲ့ ညတောင် ရှိခဲ့ပါတယ်။

3️⃣၃။ ပြန်စတော့ message တစ်စောင်မှ မဝင်တဲ့ အပတ်တွေ။ အပြင်က ကြည့်ရင် ဘာမှ မဖြစ်သလိုနဲ့ စိတ်ထဲမှာတော့ လက်လျှော့ချင်တဲ့ ညတွေ အများကြီးပါ။🥲

4️⃣၄။ ပြီးခဲ့တဲ့ ၁၂ ရက်က ကိုယ်တိုင် စိတ်ဝင်စားလို့ မေးလာကြတဲ့သူ ၁၂ ယောက်၊ ဆက်လျှောက်ဖို့ ဆုံးဖြတ်သူ ၃ ယောက်၊ စဉ်းစားချိန် ယူနေသူ ၉ ယောက်။

🩵🩷Lead ၁၂ ယောက်လုံးက ကိုယ်တိုင် စိတ်ဝင်စားလို့ မေးလာကြတာပါ။

🩵🩷အများစုရဲ့ ပထမဆုံး မေးခွန်းက "ဒါ scam မဟုတ်ဘူးလား" ပါ။ လုံးဝ နားလည်ပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း အစတုန်းက အဲဒီလိုပဲ မေးခဲ့တာပါ။

🩵🩷ဆက်လျှောက်ဖို့ ဆုံးဖြတ်ကြတဲ့ ၃ ယောက်က promotion ရဲ့ rewards တွေအရယူပြီး Business contract လက်မှတ်ရေးထို့ခဲ့ကြပြီ။

🩵🩷သက်သေဆိုတာ အကောင်းဆုံး ဂဏန်းတွေချည်း ရွေးပြတာ မဟုတ်ပါဘူး။ ပျောက်နေတဲ့ ကာလတွေကိုပါ ရိုးရိုးသားသား ပြရဲတာပါ။ 🩵🩷

🩵🩷ဒီဂဏန်းတွေက ကြွားဖို့ မဟုတ်ပါဘူး။🩵🩷

🩵🩷ရပ်သွားခဲ့ဖူးတဲ့သူတစ်ယောက်
လည်း ပြန်စလို့ရတယ်ဆိုတာကို သက်သေပြတဲ့ မှတ်တမ်းလေးပါ။🩵🩷

✅ဒီ business ခရီးလမ်းပေါ်မှာ ကျွန်မ သင်ခဲ့ရတာ တစ်ခုရှိပါတယ်။

✅တကယ့် သက်သေဆိုတာ အမြင့်ဆုံး ဂဏန်း မဟုတ်ပါဘူး။

🩵GAP ဖြစ်နေတဲ့ကာလတွေ၊ Fail ဖြစ်ခဲ့တာတွေကိုပါ ဖုံးမထားရဲတဲ့ ရိုးသားမှုပါ။ 🩷

ဂဏန်းတစ်ခုစီရဲ့နောက်မှာ အလုပ်နဲ့ မိသားစုကြား လုံးချာလည်နေတဲ့ နိုင်ငံခြားရောက် မြန်မာတစ်ယောက်စီ ရှိနေပါတယ်။ 🩵

⁉️မိတ်ဆွေအတွက် မေးခွန်းလေး တစ်ခုတော့ ချန်ထားခဲ့ချင်ပါတယ်။

"သက်သေ ပြည့်စုံမှ" ဆိုပြီး စောင့်နေရင်း နောက်ထပ် တစ်နှစ် ကုန်သွားခဲ့ရင် မိတ်ဆွေရဲ့ ကိုယ်ပိုင် trend line လေးက ဘယ်လို ပုံစံ ဖြစ်နေမလဲ?

❇️အဖြေကို မိတ်ဆွေ ကိုယ်တိုင်သာ အသိဆုံးပါ။

❇️မိတ်ဆွေကရော တစ်ခုခုကို ယုံဖို့ ဘာကို ကြည့်တတ်လဲ 🩵🩷 ဂဏန်းလား၊ လူလား၊ ကိုယ်တွေ့ သက်သေလား?

❇️cb မှာ "PROOF" လို့ ရေးပြီး မိတ်ဆွေရဲ့ အမြင်လေး မျှဝေပေးခဲ့ပါဦးနော်။

With Love,
EI & SAI
💕

🩵🩷ဒီနေ့ ကျွန်မ မပြောဖူးသေးတဲ့ အကြောင်းတစ်ခု ပြောပြချင်ပါတယ်။🩵🩷ကျွန်မ "စမယ်" လို့ ပြောခဲ့တာ အကြိမ်ကြိမ်ပါ။ စဖြစ်တာကတော့ ၂...
14/10/2026

🩵🩷ဒီနေ့ ကျွန်မ မပြောဖူးသေးတဲ့ အကြောင်းတစ်ခု ပြောပြချင်ပါတယ်။

🩵🩷ကျွန်မ "စမယ်" လို့ ပြောခဲ့တာ အကြိမ်ကြိမ်ပါ။ စဖြစ်တာကတော့ ၂၀၂၂ September ကျမှပါ။

🩵🩷Singapore မှာ ကျမတို့ဘဝအစ ၂၀၀၉ လောက်တုန်းကပေါ့ ..
Resident Engineer လုပ်နေရင်း ည ၁၁ နာရီ laptop ဖွင့်ပြီး အလုပ်လုပ် ၊ ဖုန်းထဲမှာ အမေ့ missed call တွေ။ ပြန်ခေါ်ချိန် မရှိတဲ့ ညတွေ အများကြီးပါ။ 🌙

✅လွတ်လပ်ချင်တယ်။ မိဘတွေနဲ့ အတူ ပိုနေချင်တယ်။ ဒါကို ကျွန်မ သိပါတယ်။

❇️ဒါပေမဲ့ ကြောက်ခဲ့တယ်။❇️

✅မှားမှာ ကြောက်တယ်။ Scam ဖြစ်နေမှာ ကြောက်တယ်။ "Master ဘွဲ့ရ Engineer က ဘာလို့ online ကို လှည့်တာလဲ" ဆိုပြီး သူများ ဘာပြောမလဲ ဆိုတာကိုလည်း ကြောက်တယ်။

🩵🩷ဒါနဲ့ပဲ မှန်တဲ့လမ်းကို သေချာသိမှ စမယ်လို့ ကိုယ့်ကိုယ်ကို ပြောနေခဲ့တယ်။

🩵🩷အဲ့ဒီ "သေချာမှ" ဆိုတာက ဘယ်တော့မှ မရောက်လာပါဘူး။ 💭

✅နောက်မှ သဘောပေါက်လာတာက လမ်းမှန်ကို ရွေးပြီးမှ လျှောက်ရတာ မဟုတ်ဘူး။ လျှောက်ရင်းနဲ့ လမ်းမှန်ကို ရှာရတာပါ။

🩵🩷ဒီနေ့ အမတစ်ယောက်နဲ့ coaching call ပြီးသွားပါတယ်။

🩵🩷လွန်ခဲ့တဲ့ ငါးရက်လောက်က သူ ဆုံးဖြတ်ခဲ့တာ "မလုပ်တော့ဘူး" တဲ့ ။ ကျွန်မ ဆွဲမခေါ်ခဲ့ပါဘူး။

🩵🩷Call ထဲမှာ သူပြောတာက "အစ်မကြောက်တာ အလုပ်ကို မဟုတ်ဘူး။ မှားသွားမှာကို ကြောက်တာ" တဲ့။

✅ကျွန်မ ပြုံးမိတယ်။ ၂၀၂၂ မတိုင်ခင်က ကျွန်မကိုယ်တိုင်ရဲ့ အသံ ပြန်ကြားလိုက်ရသလိုပါပဲ။

🩵🩷ဘဝမှာ အကြီးဆုံး အမှားက လမ်းမှားရွေးမိတာ မဟုတ်ပါဘူး။
လမ်းမှားမှာ ကြောက်လို့ ဘယ်လမ်းကိုမှ မရွေးဖြစ်တာပါ။🩵🩷

✅မှားတဲ့လမ်း ရောက်သွားရင်တောင် အလကား မဖြစ်ပါဘူး။

🩵🩷ဘယ်လမ်းကို မသွားသင့်ဘူးဆိုတာ အနည်းဆုံး သိသွားပါတယ်။

🩵🩷မိတ်ဆွေရော "သေချာမှ စမယ်" ဆိုပြီး ရွှေ့ထားမိတဲ့ အရာ တစ်ခုခု ရှိပါသလား။

🩵🩷ရှိခဲ့ရင် cb မှာ "WALK" လို့ ရေးပြီး ကိုယ့်အတွေ့အကြုံလေး မျှဝေပေးခဲ့ပါဦးနော်။

With Love,
EI & SAI
💕

🔹ရွှံ့မြေ (clay) ပေါ်ကို ဝန်တင်လိုက်ရင် အထဲက ရေတွေ ဖြည်းဖြည်းချင်း ထွက်ပြီးမှ မြေက ကျစ်လျစ်လာတာပါ။🧑‍💻Geotechnical Engine...
14/10/2026

🔹ရွှံ့မြေ (clay) ပေါ်ကို ဝန်တင်လိုက်ရင် အထဲက ရေတွေ ဖြည်းဖြည်းချင်း ထွက်ပြီးမှ မြေက ကျစ်လျစ်လာတာပါ။

🧑‍💻Geotechnical Engineer အလုပ်ကို နှစ်ပေါင်းများစွာ လုပ်ခဲ့လို့ ဒါကို ကောင်းကောင်း သိပါတယ်။

✅Engineer တွေက ဒါကို consolidation လို့ ခေါ်ပါတယ်။

✳️အတင်း လောလို့ မရပါဘူး။✳️

✅လူ့ယုံကြည်မှုလည်း ဒီလိုပါပဲ။

❇️လွန်ခဲ့တဲ့ တစ်နှစ်လောက်က ညနေတစ်ခု ဖုန်းထဲကို message တစ်စောင် ဝင်လာပါတယ်။
▶️"Ei Ei၊ သမီးက အစ်မကို ဒါ မလုပ်စေချင်ဘူး။ အားလုံး cancel လုပ်ချင်တယ်…"

😌ဖတ်ပြီး ခဏလောက် ငြိမ်သွားပါတယ်။ စိတ်မကောင်းဖြစ်မိတာ မညာပါဘူး။ 😌

🩵🩷ဒါပေမယ့် သမီးက အမေကို စိုးရိမ်တာကိုလည်း နားလည်ပါတယ်။ Online မှာ scam တွေ ဒီလောက်များနေတာကိုး။

🩷🩵ကျွန်မ ပြန်ပို့လိုက်တာ ဒီစာကြောင်းလေးပါ။

✅"ဟုတ်ကဲ့ ။ ရပါတယ် အစ်မ။ အမလိုအပ်တဲ့အချိန် အချိန်မရွေးညီမကိုဆက်သွယ်ပါနော်"

✅ဆွဲမထားခဲ့ပါဘူး။ ဖိအားလည်း မပေးခဲ့ပါဘူး။✅

✅အခု အဲဒီ အစ်မ ပြန်လာပါပြီ။ ဒီတစ်ခါတော့ သူ့ဘာသာ သေသေချာချာ လေ့လာပြီး၊ သမီးနဲ့လည်း စကားပြောပြီးမှ ပြန်လာတာပါ။ 🙏

❇️မြေကြီး ကျစ်လျစ်သွားသလိုပါပဲ။ consolidation ဖြစ်သွာတာပေါ့။ ❇️

✅အတင်းဆွဲထားရတဲ့ လူက ခဏပဲ နေပါတယ်။ လွှတ်ပေးလိုက်တဲ့ လူကတော့ ကိုယ့်ဆန္ဒနဲ့ကိုယ်

✳️Engineer ပီပီ လူ့ယုံကြည်မှုကိုတောင် consolidation test နဲ့ ဥပမာပေးနေမိတာ ကျွန်မရဲ့ အကျင့်ပါ။ 😅

✅consolidation ဖြစ်သွားတာက business မဟုတ်ပါဘူး။ မိသားစုနဲ့ စကားပြောပုံ ပြောင်းသွားတာပါ။✳️

✅ကျွန်မကိုယ်တိုင်လည်း 2022 မှာ Resident Engineer အလုပ်ကြားကနေ online business စမယ်ဆိုတော့ Bro Ko Simon ကို site meeting မှာ presentation လုပ်သလို slide နဲ့ ရှင်းပြရမလား တွေးခဲ့ဖူးပါတယ်။ 😂

✅ဒါကြောင့် business မစခင် မိသားစုနဲ့ စကားပြောဖို့ beginner တွေအတွက် အဆင့်လေးတွေ မျှဝေပါရစေ။

1️⃣"အငြင်းမပွားပါနဲ့။ "ဘာကို စိုးရိမ်တာလဲ" ဆိုတာကို အရင် နားထောင်ပါ။ စိုးရိမ်မှုရဲ့ နောက်ကွယ်မှာ ချစ်ခြင်းပဲ ရှိနေတာ များပါတယ်။

2️⃣၂။ "ဘာလုပ်မှာလဲ" ထက် "ဘာကြောင့်လဲ" ကို အရင်ပြောပါ။ မိဘနဲ့ အချိန်ပိုပေးချင်တာ၊ ပင်ပန်းနေတာ စတဲ့ ခံစားချက်ကို အရင် မျှဝေပါ။

3️⃣၃။ မေးခွန်းတွေကို စာရင်းလုပ်ပြီး ကိုယ်တိုင် စစ်ပါ။ သူတို့ကိုလည်း ကိုယ်တိုင် research လုပ်ခွင့် ပေးပါ။ မေးချင်တာ မေးပါစေ၊ စစ်ချင်တာ စစ်ပါစေ။

4️⃣၄။ ချက်ချင်း အဖြေ မတောင်းပါနဲ့။ ယုံကြည်မှုဆိုတာ တစ်ညတည်းနဲ့ မဖြစ်ပါဘူး။

✅✅ပြီးတော့ ကိုယ့်ကိုယ်ကိုလည်း တိတ်တိတ်လေး မေးကြည့်ပါ။

✳️ဘာမှ မပြောင်းဘဲ နောက် ၅ နှစ် ဒီအတိုင်း ဆက်နေရင်ရော?

⏳ မိဘတွေနဲ့ ရှိခွင့်ရမယ့် အချိန်တွေ
💭 "နောက်မှ" လို့ ရွှေ့ထားရတဲ့ စိတ်တွေ
🚪 မလုပ်ဖြစ်လိုက်တဲ့ အိပ်မက်တွေ
✅မစမ်းကြည့်ဖြစ်လိုက်တဲ့ ကိုယ့်ရဲ့ potential

🩷🩵အဖြေကို ကျွန်မ မပေးတော့ပါဘူး။ မိတ်ဆွေ ကိုယ်တိုင် အသိဆုံးပါ။🩷🩵

❌"မလုပ်နဲ့" ဆိုတဲ့ စကားနောက်မှာ "ငါ စိုးရိမ်တယ်" ဆိုတဲ့ အဓိပ္ပာယ် ဝှက်နေတတ်ပါတယ်။

🩵🩷စိုးရိမ်မှုကို ငြင်းခုံစရာလို့ မမြင်ဘဲ နားထောင်ပေးလိုက်ရင် တံခါးက သူ့အလိုလို ပွင့်လာတတ်ပါတယ်။

🩵🩷မိတ်ဆွေရော မိသားစုရဲ့ "မလုပ်နဲ့" ဆိုတဲ့ စကားကို ကြုံဖူးပါသလား။ ကြုံဖူးရင် cb မှာ "LISTEN" လို့ ရေးပေးခဲ့ပါဦးနော်။
With Love,
EI & SAI
💕

အဆောက်အဦးတစ်လုံး ခိုင်မခိုင်ဆိုတာ အပေါ်က မြင်ရတဲ့ အလှ ပေါ်မှာ  မူတည်တာမဟုတ်ပါဘူး။အောက်ခံကျောက်/ မြေကြီး ရဲ့ ခံနိုင်ရည်စွ...
13/10/2026

အဆောက်အဦးတစ်လုံး ခိုင်မခိုင်ဆိုတာ အပေါ်က မြင်ရတဲ့ အလှ ပေါ်မှာ မူတည်တာမဟုတ်ပါဘူး။

အောက်ခံကျောက်/ မြေကြီး ရဲ့ ခံနိုင်ရည်စွမ်းအား ၊ foundation ပေါ်မှာ မူတည်ပါတယ်။

Resident Engineer ဘဝ နှစ်ပေါင်းများစွာမှာ ကျွန်မ အခိုင်မာဆုံး သင်ခန်းစာပါ။ 🏗️

ဒီနေ့မနက် ဖုန်းလေး တုန်လာပါတယ်။
US က အမတစ်ယောက်ဆီက message ပါ။
"Ei ရေ... အမ contract sign လိုက်ပြီ" တဲ့။
Promotion ကာလ မကုန်ခင် အမီပါပဲ။

ဖတ်ပြီး ကျွန်မ ခဏလောက် ငြိမ်သွားပါတယ်။ 🥹

သူ့ဘက်မှာ ညပိုင်း ၊ စင်ကာပူဘက်မှာ နေ့လည်လောက် အချိန်တွေမှာ Zoom ပေါ်ကနေ မေးခွန်းတွေ အများကြီး မေးခဲ့ပါတယ်။

1️⃣"ဒါ scam မဟုတ်ဘူးဆိုတာ ဘယ်လို သေချာနိုင်မလဲ"

2️⃣"Full-time အလုပ်နဲ့ တွဲလုပ်လို့ ရပါ့မလား"

3️⃣"အမ အချိန်သိပ်မပေးနိုင်ဘူး ၊ ဖြစ်ပါ့မလား"

ကျွန်မအမြင်မှာ အဲဒါ initial investigation ပါပဲ။
Project တခုမစခင် အောက်ခံမြေအမျိုးအသား၊ nearby structures .. any impact to existing buildings and structures တွေ သေချာ စစ်တာမျိုးပေါ့။

မေးခွန်းများတာ အပြစ်မဟုတ်ပါဘူး။ အခြေခံ ခိုင်မာချင်လို့ပါ။

ဝန်ခံရရင် ကျွန်မကိုယ်တိုင်လည်း ၂၀၂၂ September မှာ online business စတုန်းက ဒီထက်တောင် ပိုမေးခဲ့ပါတယ်။

Bro ko Simon က "Report ရေးနေတာလား၊ business စမှာလား" လို့ စနောက်ခဲ့သေးတယ်။ 😅

ဒါပေမဲ့ engineer တိုင်း သိပါတယ်။
Initial investigation ကို တစ်သက်လုံး လုပ်နေလို့ မရပါဘူး။

တစ်နေ့ကျရင် ပထမဆုံး pile ကို ရိုက်ရပါတယ်။

✨ initial investigation ကို လုပ်တာက ပညာပါ။ စစ်ပြီးမှ စဆောက်ရဲတာက သတ္တိပါ။

မိတ်ဆွေမှာလည်း drawing ပေါ်မှာပဲ ကျန်နေသေးတဲ့ အိပ်မက်တစ်ခု ရှိနေနိုင်ပါတယ်။

နောက် ၁ နှစ်၊ ၅ နှစ် စစ်ရုံပဲ ဆက်စစ်နေမယ်ဆိုရင်... အဲဒီ အဆောက်အဦးက ဘယ်တော့ ပေါ်လာမလဲ။

အဖြေကိုတော့ မိတ်ဆွေကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒီနေ့ ပထမဆုံး pile ကို ရဲရဲ ရိုက်လိုက်တဲ့ အမကို huge congratulations ပါ။ 💐

မိတ်ဆွေ ဘဝမှာ "initial investigation " ကို အကြာကြီး လုပ်ခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိရင် cb မှာ "FOUNDATION" လို့ ရေးပြီး မျှဝေပေးခဲ့ပါဦးနော်။

With Love,
EI & SAI
💕

🩷🩵ကျမတို့ Brand Color ကို research တွေ လုပ်ပြီး ရွေးခဲ့တာ မဟုတ်ပါဘူး။🩵🩷🥳Music video တစ်ပုဒ်ကြောင့်ပါ 🎶❇️2022 ခုနှစ်၊ bus...
13/10/2026

🩷🩵ကျမတို့ Brand Color ကို research တွေ လုပ်ပြီး ရွေးခဲ့တာ မဟုတ်ပါဘူး။🩵🩷

🥳Music video တစ်ပုဒ်ကြောင့်ပါ 🎶

❇️2022 ခုနှစ်၊ business မစခင်ကပါ။
အလုပ် ကနေ အိမ်ပြန်ရောက်တော့ ည ၈ နာရီ ကျော်နေပါပြီ။
အပြင်မှာ မိုးက တဖြောက်ဖြောက် ရွာနေပါတယ် 🌧️

✅Bro Ko Simon က ပန်းရောင်ချယ်ရဲ့ MV တစ်ပုဒ် ဖွင့်ထားပါတယ်။

✅ကျမ မျက်လုံးကို ဆွဲယူသွားတာက သီချင်း မဟုတ်ပါဘူး။

🩷🩵သူဝတ်ထားတဲ့ Cyan နဲ့ ပန်းရောင် အတွဲလေးပါ။🩵🩷

🩵🩷"ဒီအရောင်လေးတွေ ကြည့်ရတာ တော်တော်လှတယ် .. စိတ်ပေါ့သွားသလိုပဲ" လို့ ကျမတို့နှစ်ယောက် ပြောခဲ့မိတာ အခုထိ မှတ်မိနေပါသေးတယ်။🩵🩷

🩵🩷ဒါပေမယ့် September မှာ business စတော့ post တိုင်း အရောင် မတူပါဘူး။🩵🩷
😊တစ်နေ့ အပြာ၊ နောက်တစ်နေ့ လိမ္မော်။😅

✅Canva သင်တန်းတွေ တက်ပြီးမှ သဘောပေါက်လာတာက ပြဿနာက အရောင် မဟုတ်ဘဲ စနစ် မရှိတာပါ 🎨

1️⃣၁။ အရောင် ၃ မျိုးကနေ ၅ မျိုးအထိပဲ ကန့်သတ်ပါ။

2️⃣၂။ Main Color (Logo၊ ခေါင်းစဉ်)၊ Secondary (ဒီဇိုင်း အသက်ဝင်ဖို့)၊ Accent (အရေးကြီး စာသား)၊ Neutral (စာသားနဲ့ နောက်ခံ) ဆိုပြီး ခွဲထားပါ။

3️⃣၃။ 60-30-10 Rule ကို သုံးပါ — Neutral ၆၀%၊ Main/Secondary ၃၀%၊ Accent ၁၀%။

4️⃣၄။ Contrast ကို အမြဲ စစ်ပါ။ Canva Color Wheel ထဲက Complementary Colors တွေကလည်း အများကြီး အထောက်အကူ ဖြစ်ပါတယ်။
နောက်ခံဖျော့ရင် စာလုံးရင့်၊ နောက်ခံရင့်ရင် စာလုံးဖျော့ ထားပါ။

🩵🩷Brand ဆိုတာ စလုပ်ကြည့်ပြီးမှ တဖြည်းဖြည်း ပြည့်စုံလာတာပါ။🩵🩷

🩵🩷Palette ကို တစ်ခါ သေချာ သတ်မှတ်ထားလိုက်ရင် design လုပ်တိုင်း အရောင်ပြန်ရှာနေစရာ မလိုတော့ပါဘူး။🩵🩷

🩷🩵မိတ်ဆွေရဲ့ page အတွက် ဘယ်အရောင်ကို Main Color ထားချင်ပါသလဲ။ 🩷🩵
🩵🩷cb မှာ "PALETTE" လို့ ရေးပြီး အရောင်လေး ပြောပြပေးခဲ့ပါဦးနော်။

Match ဖြစ်တဲ့ colour hatch code လေးတွေ ပို့ပေးပါ့မယ် ။ 🩵🩷

With Love,
EI & SAI
💕

"စိတ်မဝင်စားသေးပါဘူး" ဆိုတဲ့ message တစ်ကြောင်း ရောက်လာရင် မိတ်ဆွေ ဘာလုပ်မလဲ?ကျွန်မကတော့ အရင်ကဆို phone ကို ချလိုက်ပြီး ...
12/10/2026

"စိတ်မဝင်စားသေးပါဘူး" ဆိုတဲ့ message တစ်ကြောင်း ရောက်လာရင် မိတ်ဆွေ ဘာလုပ်မလဲ?

ကျွန်မကတော့ အရင်ကဆို phone ကို ချလိုက်ပြီး "ရပြီ၊ ဒါပဲ" လို့ပဲ တွေးခဲ့တာပါ။ ဘာစာမှလဲ မပို့ဘဲနေခဲ့ပါတယ်။

လွန်ခဲ့တဲ့ လေးရက်က နေပူကျဲကျဲ နေ့လယ်ခင်းတစ်ခု…

Site မှာ inspection ကအပြန် အမတစ်ယောက်က အသေးစိတ် မေးလာပါတယ်။

Lunch break ၁၅ မိနစ်အတွင်း ထမင်းဘူး တစ်ဖက်၊ phone တစ်ဖက်နဲ့ သေသေချာချာ ပြန်ဖြေပေးခဲ့ပါတယ်။

နောက်တစ်နေ့ ပြန်ရောက်လာတဲ့ အဖြေက "အခုတော့ စိတ်မဝင်စားသေးပါဘူး" တဲ့။ 😅

ဒီနေရာမှာ အလွဲ တစ်ခု ရှိပါတယ်။

Follow-up လုပ်တာဟာ ကပ်ပြီး ရောင်းတာ၊ သူများကို ဖိအားပေးတာလို့ လူအများစုက ထင်ကြပါတယ်။

ကျွန်မလည်း နားငြီးစရာ ဖြစ်မှာ၊ scam လို့ အထင်ခံရမှာ အရမ်း ကြောက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့ 2022 September မှာ online business စလုပ်ကတည်းက သင်ခဲ့ရတာ တစ်ခု ရှိပါတယ်။

"No" အများစုက တကယ့် "No" မဟုတ်ပါဘူး။ "အခု မဟုတ်သေးဘူး" ဆိုတဲ့ အဓိပ္ပာယ်ပါ။

ဒါကြောင့် ကျွန်မ ဘာမှ မတိုက်တွန်းခဲ့ပါဘူး။

"ရပါတယ် အမ၊ မေးချင်တာ ရှိရင် အချိန်မရွေး ပြန်လာခဲ့ပါ" ဆိုတဲ့ စာကြောင်းလေး တစ်ကြောင်းပဲ ပို့ထားခဲ့ပါတယ်။ 🚪

နောက်၂ရက်လောက်နေတော့ promotion campaign လေး extend လုပ်ကြောင်း အမဆီ စာတိုလေးပို့ထားခဲ့တယ်။

မနေ့ကနေ့လည်က phone မှာ notification လာတာ ကြည့်
လိုက်တော့ အဲ့အမဆီက message ရောက်နေပါတယ်။

အခြေခံ အချက်အလက်တွေကို ပြန်
ဖတ်ပြီးပြီ၊ နောက်တစ်ဆင့် ဆက်
လုပ်ချင်ပြီတဲ့။ ✨

ဒီနေ့ကျမ အလုပ်ထဲမှာ drawings တွေ reports တွေနဲ့ အလုပ်ရှုပ်နေချိန်မှာတော့ “ Business Result notification “ က ဖုန်း screen ပေါ်မှာ…

ဒီ post က ကျမတို့ရဲ့ business အကြောင်း ကြော်ငြာတာ/ promote လုပ်တာ မဟုတ်ပါဘူး။

Day to day job ကြားထဲမှာ တကယ် ဖြစ်ခဲ့တဲ့ conversation လေး တစ်ခုပါကို ပြောပြတာပါ။

ဒီအဖြစ်ကနေ ရလိုက်တဲ့ သင်ခန်းစာက ….
တံခါးကို ကိုယ်တိုင် ပိတ်ပစ်တဲ့သူ မဖြစ်ပါစေနဲ့။

ပြန်ဝင်ချင်တဲ့ အချိန်မှာ ဖွင့်ပေးထားတဲ့သူ ဖြစ်ပါစေ။

မိတ်ဆွေ ဘဝမှာရော "No" တစ်ခုကြောင့် အလွယ်တကူ ပိတ်ပစ်ခဲ့တဲ့ တံခါး ဘယ်နှစ်ချပ် ရှိခဲ့ပြီလဲ?

"No" ကနေ "Yes" ဖြစ်လာတာ မိတ်ဆွေ ကြုံဖူးလား? cb မှာ "DOOR" လို့ ရေးပြီး အတွေ့အကြုံလေး မျှဝေပေးခဲ့ပါဦးနော် 🙏

With Love,
EI & SAI
💕

𝑪𝑶𝑨𝑪𝑯𝑰𝑵𝑮 𝑪𝑨𝑳𝑳 ဆိုတာဘာလဲ ?"𝑬𝑰… ဒါ 𝒔𝒄𝒂𝒎 မဟုတ်ဘူးဆိုတာ ကျွန်မ ဘယ်လို ယုံရမလဲ။" မနေ့က နေ့လည် ၂ နာရီ မှာ 𝒁𝒐𝒐𝒎 ဖွင့်ဖွင့်ချင်း...
12/10/2026

𝑪𝑶𝑨𝑪𝑯𝑰𝑵𝑮 𝑪𝑨𝑳𝑳 ဆိုတာဘာလဲ ?
"𝑬𝑰… ဒါ 𝒔𝒄𝒂𝒎 မဟုတ်ဘူးဆိုတာ ကျွန်မ ဘယ်လို ယုံရမလဲ။" မနေ့က နေ့လည် ၂ နာရီ မှာ 𝒁𝒐𝒐𝒎 ဖွင့်ဖွင့်ချင်း ကြားလိုက်ရတဲ့ ပထမဆုံး စကားပါ။

ဒီလရဲ့ တတိယမြောက် 𝒄𝒐𝒂𝒄𝒉𝒊𝒏𝒈 𝒄𝒂𝒍𝒍 လေးမှာ .....မေးတဲ့သူက 𝑼𝑺 မှာ 𝑭𝒖𝒍𝒍 - 𝒕𝒊𝒎𝒆 အလုပ်လုပ်နေတဲ့ အမတစ်ယောက်ပါ။

တနေကုန်အလုပ်လုပ်ပြီး ပြန်လာကာစမို့ ပင်ပမ်းနေပေမယ့် ဘေးမှာ 𝒏𝒐𝒕𝒆𝒃𝒐𝒐𝒌 တစ်အုပ်ချထားပြီး မေးခွန်း တွေချရေးလာပါတယ်။ 📓

ကျွန်မ ပြုံးမိပါတယ်။

၂၀၂၂ 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 တုန်းက ကျွန်မလည်း သူ့လိုပဲ ဖြစ်ခဲ့ဖူးလို့ပါ။
𝑬𝒏𝒈𝒊𝒏𝒆𝒆𝒓 ပီသစွာ 𝑬𝒙𝒄𝒆𝒍 𝒔𝒉𝒆𝒆𝒕 နဲ့ 𝒑𝒓𝒐𝒔//𝒄𝒐𝒏𝒔 ကို အရောင်ခွဲပြီး ချခဲ့သေးတယ်။ ပြန်တွေးရင် ကိုယ့်ဘာသာ ရယ်ချင်စရာပါ။ ☕

𝑪𝒂𝒍𝒍 ပြီးသွားတော့ သူပြောသွားတာက "ကျွန်မ ထင်ထားတာနဲ့ လုံးဝ မတူဘူး" တဲ့။
သူ ထင်ခဲ့တဲ့ အထင်လွဲ ၃ ခုကို မျှဝေချင်ပါတယ်။ 💡

1️⃣၁။ "𝑪𝒐𝒂𝒄𝒉𝒊𝒏𝒈 𝒄𝒂𝒍𝒍 ဆိုတာ ဖိအားပေးပြီး အရောင်းပြောတာပဲ"❌

တကယ်တော့ တစ်နာရီလုံး သူ့ 𝒔𝒉𝒊𝒇𝒕 𝒔𝒄𝒉𝒆𝒅𝒖𝒍𝒆၊ ရန်ကုန်က မိဘတွေ၊ သူ တကယ် လိုချင်တဲ့ ဘဝအကြောင်းကိုပဲ အဓိက နားထောင်ခဲ့တာပါ။

2️⃣၂။ "မေးခွန်းများရင် အားနာစရာ ဖြစ်မယ်"❌

✅သူမရဲ့ မေးခွန်း ၁၇ ခုလုံး ဖြေပြီးမှ 𝒄𝒂𝒍𝒍 ကို ပိတ်ခဲ့ပါတယ်။

✅သံသယရှိတာ ညံ့တာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်တတ်တာပါ။

3️⃣၃။ "𝒄𝒂𝒍𝒍 ပြီးရင် ချက်ချင်း ဆုံးဖြတ်ရမယ်"❌
✅သူ ယူသွားတာက ဆုံးဖြတ်ချက် မဟုတ်ပါဘူး။ 𝓬𝓵𝓪𝓻𝓲𝓽𝔂 ပါ။ အိမ်ပြန် စဉ်းစားဖို့ အချိန်အပြည့် ရှိပါတယ်။

မနေ့ညနေ သူ ပို့လာတဲ့ 𝓶𝓮𝓼𝓼𝓪𝓰𝓮 လေးကို ခွင့်ပြုချက်ယူပြီး မျှဝေလိုက်ပါတယ်။
"𝓔𝓘 ရေ၊ နှစ်တွေကြာအောင် 'နောက်မှ' လို့ ရွှေ့ထားခဲ့တဲ့ မေးခွန်းတွေကို ဒီနေ့မှ ရဲရဲ မေးဖြစ်တယ်။ ရင်ထဲ ပေါ့သွားတယ်။"

✳️ယုံကြည်မှုဆိုတာ ပြောရုံနဲ့ ရတာ မဟုတ်ပါဘူး။

✳️မေးခွန်းတစ်ခုချင်းစီကို ရိုးရိုးသားသား ဖြေရင်းနဲ့ တဖြည်းဖြည်း တည်ဆောက်ရတာပါ။ 🌱

အခုတော့ 𝓒𝓸𝓪𝓬𝓱𝓲𝓷𝓰 𝓬𝓪𝓵𝓵 တခုပြီးတိုင်း ရင်ထဲမှာ ပီတိအပြည့်နဲ့ ယုံကြည်မှု တည်ဆောက်နိုင်ခဲ့လို့ ..𝓬𝓸𝓷𝓯𝓲𝓭𝓮𝓷𝓬𝓮 တွေတိုးလာတယ်လို့ခံစားရတယ်။

မိတ်ဆွေရော 𝓸𝓷𝓵𝓲𝓷𝓮 𝓫𝓾𝓼𝓲𝓷𝓮𝓼𝓼 နဲ့ ပတ်သက်ပြီး ကိုယ်တိုင် ယုံခဲ့ဖူးတဲ့ အထင်လွဲ ရှိပါသလား။ 𝓬𝓫 မှာ "𝓜𝓨𝓣𝓗" လို့ ရေးပြီး မျှဝေပေးခဲ့ပါဦးနော်။

With Love,
EI & SAI
💕

Having dinner with 💕Hubby 💕
11/10/2026

Having dinner with 💕Hubby 💕

Address

Yangon

Alerts

Be the first to know and let us send you an email when EI & SAI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to EI & SAI:

Shortcuts

Share