03/08/2017
လင်းလက်တောက်ပတဲ့ အသားအရေကို လိုချင်ပါသလား?
ရေသောက်ပါ…
.
ဟုတ်ပါတယ်…. ရေသောက်ပါ………
တစ်နေ့ ရေ ဘယ်နှစ်လီတာလောက် သင်ပုံမှန်သောက်ဖြစ်ပါသလဲ။
ခန္ဒာကိုယ်ကို ရေဓာတ်ဖြည့်တင်းဖို့နဲ့ အစာချေစနစ်ကို အကောင်းဆုံးကူညီဖို့အတွက်ဆိုရင်တော့ ပုံမှန် တစ်နေ့ကို ရေဘူးကြီး 4 ဘူး တစ်နည်းအားဖြင့် 4 လီတာလောက် အနည်းဆုံး ပုံမှန်သောက်သုံးသင့်ပါတယ်.
လူတိုင်းက ရေအများကြီး သောက်တတ်တဲ့ အကျင့်မရှိကြပါဘူး ဒီတော့ ရေအစား အရည်ရွှမ်းတဲ့ အစားအစာတွေကို စားပေးနိုင်ပါတယ်။ ခန္ဒာကိုယ်ကို ရေဓာတ်ပြည့်ဝစေဖို့ ရေပမာဏ အလုံအလောက်ပါဝင်တဲ့ အသီးအနှံနဲ့ အရွက်တွေ အများကြီးရှိပါတယ်။ ပုံထဲမှာပါတဲ့ အစားအစာတွေကတော့ ရေသောက်တာနဲ့ အညီ ပုံမှန်စားသောက်ပေးနိုင်တဲ့ အသီးအနှံတွေပါ………….
၁. ဆလပ်ရွက် (ရေဓာတ် 96% )
ရေဓာတ်ဖြည့်တင်းပေးတဲ့ အသီးအနှံတွေထဲမှာတော့ ဆလပ်ရွက်ဟာ 96% ရေဓာတ်ပါဝင်မှုနှုန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ၀မ်းနည်းစရာကောင်းတာက အာဟာရဓာတ်အနေနဲ့ တော့ ကြွယ်ဝမှုမရှိပါဘူး .. ဒါပေမဲ့လည်း ရေဓာတ်ပါဝင်မှုနဲ့ အမျှင်ဓာတ်ပါဝင်မှုနှုန်းမြင့်မားတာကြောင့် သင်နေ့စဉ်မရှိမဖြစ် စားသုံးသင့်ပါတယ်။ Burger တွေ အသုပ်တွေနဲ့ တွဲဖက်စားနိုင်သလို တခြား အသီးအနှံတွေနဲ့ လည်း သင့်လျော်သလို စားသုံးလို့ရပါတယ်။
၂. သခွားသီး (ရေဓာတ် 96%)
သခွားသီးမှာ ရေဓာတ် 96% ပါဝင်ပြီး အမျှင်ဓာတ်နဲ့ သတ္တုဓာတ်တွေကြွယ်ဝရုံမက အေးမြစေတဲ့ အာနိသင်ရှိပါတယ်။ နွေရာသီအတွက်ဆိုရင်တော့ အကောင်းမွန် အလိုက်ဖက်ဆုံး အစားအစာပါပဲ။ သခွားသီးလေး တစ်လုံးရှိရုံနဲ့ ပါးပါးလှီးပြီး သုတ်စားတာမျိုးပဲဖြစ်ဖြစ် ဒီအတိုင်းပဲ ဖြစ်ဖြစ် စားသုံးနိုင်ပြီး ရေငတ်ပြေစေမှာပါ။
၃. ဖရဲသီး (ရေဓာတ် 92%)
ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထဲမှာ ဖရဲသီးက ဘာလို့ ထိပ်ဆုံးမှာ ရပ်တည်နေရသလဲဆိုရင် သူ့မှာ ရေဓာတ် 92% ပါဝင်ပြီး ကျန်တဲ့ အာရဓာတ်တွေ အနေနဲ့ အမျှင်ဓာတ်၊ သတ္တုဓာတ်တွေနဲ့ အာဟာရဓာတ်တွေ ပါဝင်လို့ပေါ့။ ပြောရမယ်ဆိုရင် အရမ်းပူတဲ့ နွေရာသီနေ့လည်မျိုးတွေမှာတောင် ဖရဲသီးလေး တစ်စိတ်က သင့်ကိုရေငတ်ပြေစေမှာပါ။ အတုံးသေးသေးလေးတွေ လှီးစိတ်ပြီး ဆားလေးနဲ့ တို့စားနိုင်သလို အချိုပွဲအနေနဲ့လည်း သုံးဆောင်နိုင်ပါတယ်။
၎. ဟင်းနုနွယ်ရွက် (ရေဓာတ် 96%)
ဟင်းနုနွယ်ရွက်ဟာ Lutein, ပိုတက်စီယမ်၊ အမျှင်ဓာတ် တွေနဲ့ မှတ်ဥာဏ်အားကောင်းမှုကို ကူညီပေးပါတယ်။ တစ်ခွက်စာပမာဏရှိတဲ့ အရွက်တွေထဲမှာ သင်နေ့စဉ်လိုအပ်နေ တဲ့ ခန္ဒာကိုယ်အတွက် အရေးကြီးတဲ့ အန်တီအောက်ဆီးဒင့် vitamin E 15% ပါဝင်နေပါတယ်။
၅. လိမ္မော်သီး (ရေဓာတ် 87%)
လိမ္မော်သီးတွေက ကယ်လိုရီနည်းသလို vitamin A, B, C နဲ့ Calcium, magnesium, niacin, potassium, phosphorus, manganese, choline, selenium and copper စတဲ့ အာဟာရဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒီ အရသာရှိလှတဲ့ အသီးလေးက ချဉ်ပြုံးပြုံးအရသာလေးနဲ့ လန်းဆန်းစေတဲ့ အနံ့ ရှိပြီး ရေဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်ပေးရုံသာမက ကျန်းမာရေးကောင်းမွန်စေပါတယ်။ နေ့စဉ်ပုံမှန်စားသုံးပေးမယ်ဆိုရင် ကိုယ်တွင်းခုခံအားစနစ်တိုးတက်လာစေခြင်း၊ အသားအရေ ကောင်းမွန်လာခြင်း၊ နှလုံးကြွက်သားသန်စွမ်းလာစေခြင်း၊ ကိုလက်စထရော level ကျဆင်းလာစေခြင်းနဲ့ ကင်ဆာရောဂါ တစ်ချို့ကိုတောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ အစိမ်းပဲဖြစ်ဖြစ်၊ အသုပ်တွေ Cake မုန့်တွေထဲမှာလဲ ထည့်သွင်းစားသောက်နိုင်ပါတယ်နော်။
၆. စတော်ဘယ်ရီ (ရေဓာတ် 90%)
လူတိုင်းနီးပါး စတော်ဘယ်ရီသီး ကြိုက်တယ်ဆိုတာတော့ မမှားပါဘူးနော်။ ဒီအသီးနီရဲလေးတွေကလည်း ရေဓာတ်ကြွယ်ဝပြီး ချိုမြတဲ့ အရသာလေးနဲ့ဆိုတော့ စားချင်စရာကောင်းနေတာပါပဲ။ ဖျော်ရည်အဖြစ်ပဲ ဖြစ်ဖြစ်၊ ကိတ်မုန့်၊ oatmeal တွေနဲ့လည်း တွဲဖက်စားနိုင်ပါတယ်။ စတော်ဘယ်ရီအချိုပွဲလေးတွေကတော့ နာမည်ကြီးပါပဲ။
၇. ပန်းသီး (ရေဓာတ် 84%)
ပန်းသီးတွေမှာ ခန္ဒာကိုယ်အတွက် အဓိကလိုအပ်တဲ့ vitamins C and B-complex (riboflavin, thiamine and vitamin B6), dietary fibre, calcium, potassium, phosphorus and several phytonutrients စတဲ့ အာဟာရဓာတ်တွေများစွာ ပါဝင်ပါတယ်။ ပန်းသီးက ခန္ဒာကိုယ်တွင်း ခုခံအားစနစ်ကို တိုးမြှင့်စေပြီး အစာချေစနစ်ကို အားကောင်းစေပါတယ်။ နှလုံးကြွက်သားသန်စွမ်းလာစေရုံသာမက အသားအရေကို ကျန်းမာတဲ့ သွင်ပြင်ပေးစွမ်းပြီး အမြင်အာရုံကို ကြည်လင်စေပါတယ်။ ပန်းသီး တွေက ရေဓာတ်ကြွယ်ဝစွာပါဝင်ပြီး အားအင်ဖြည့်စွမ်းပေးမဲ့ အကောင်းဆုံးသော အစားအစာပါပဲ။
၈. တရုတ်နံနံ (ရေဓာတ် 95 %)
တရုတ်နံနံပင်တွေမှာ ရေဓာတ် 95% ပါဝင်ပြီး ကင်ဆာရောဂါကို တိုက်ထုတ်ရာမှာ အထူးအစွမ်းထက်ပါတယ်။ သင်ရေဆာနေပါသလား။ တရုတ်နံနံ တစ်စီး နဲ့ မြေပဲနှစ်အနည်းငယ် သို့ အယ်မွန်စေ့နှစ် အနည်းငယ်တို့ ပေါင်းစပ်ပြီး စားသုံးနိုင်ပါတယ်။ တရုတ်နံနံတွေဟာ အူလမ်းကြောင်းအတွက်လည်း ကောင်းမွန်ပါတယ်။
၉. ဂရိတ်ဖရုသီး (ရေဓာတ် 91%)
ဂရိတ်ဖရုသီးမှာ ရေဓာတ် 91% ပါဝင်ရုံသာမက ရေဓာတ်ခမ်းခြောက်ခြင်းကို အဓိက ကာကွယ်မဲ့ အရေးကြီးတဲ့ Electrolytes ဓာတ်တွေပါဝင်ပါတယ်။ သူ့မှာ အမျှင်ဓာတ်နဲ့ Vitamin C မြောက်မြားစွာပါဝင်ပြီး အခြား vitamins A, B-complex, E and K ဓာတ်အနည်းငယ်လည်းပါဝင်ပါတယ်။ ပုံမှန် စားသုံးပေးခြင်းအားဖြင့် ကိုယ်တွင်း အင်ဆူလင်ဓာတ်ကို လျော့ကျစေပြီး အစာစားချင်စိတ်ကို ပိုမို ဖြစ်ပေါ်လာစေပါတယ်။ ဒါ့အပြင် ပုံမှန်အအေးမိဖျားနာခြင်းများကို ကာကွယ်ပေးရုံသာမက ကိုယ်အလေးချိန်လျော့ချဖို့အတွက်နဲ့ အသားအရေ လှပစေဖို့အတွက်လည်း အထောက်အကူ ဖြစ်စေပါတယ်။
၁၀. ခရမ်းချဉ်သီး (ရေဓာတ် 93%)
အစိမ်းရောင် ခရမ်းချဉ်သီးတွေမှာ ရေဓာတ် 93% ပါဝင်ပြီး အနီရောင် ခရမ်းချဉ်မှာတော့ 94% ပါဝင်ပါတယ်။ ခရမ်းချဉ်သီးတွေက ကယ်လိုရီနည်းတဲ့ အစားအစာ တစ်မျိုးဖြစ်ပြီး ဗီတာမင်နဲ့ antioxidants တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးလေးတွေကို အသုတ်တွေ အချဉ်ရည်တွေ အသားညှပ်ပေါင်မုန့်တွေနဲ့ တွဲဖက်စားသောက်ရင်တော့ အရသာအရှိဆုံးပါပဲ။
အသားအရေအတွက် လိုအပ်တဲ့ ရေဓာတ်ကို ကောင်းမွန်စွာဖြည့်တင်းပြီးရင်တော့ Oriflame ရဲ့ Skincare Routine လေးကို သေချာ စနစ်တကျ လုပ်ဆောင်ခြင်းဖြင့် မြင်သူတကာ ငေးမဲ့ ကြည်လင်တောက်ပတဲ့ အသားအရေပိုင်ရှင်လေးတွေ ဖြစ်နိုင်ကြပါစေနော်............
Your Dreams, Our Inspiration
Credit to ORIFLAME