Nihon Moments

Nihon Moments Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nihon Moments, Business consultant, No146/7 Zaytawon Street, Hlaing Township, Yangon.

🇯🇵 Nihon Moments ရဲ့ 2026 October Intake✈️🎓 Japan Journey Begins with COE Success! 💯Nihon Moments Japanese Language Cent...
21/08/2026

🇯🇵 Nihon Moments ရဲ့ 2026 October Intake
✈️🎓 Japan Journey Begins with COE Success! 💯

Nihon Moments Japanese Language Center
နီဟွန်းမိုးမန့် ဂျပန်စာသင်တန်းကျောင်း

ကျောင်းလျှောက်တာကနေ COE ရရှိခြင်း၊ Visa လျှောက်ခြင်း၊ Japan ရောက်ရှိပြီး နေထိုင်မှုအခြေချခြင်းအထိ ကျောင်းသား/သူများအတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို Nihon Moments မှ အဆင့်ဆင့် ကူညီဆောင်ရွက်ပေးပါတယ်။ ❤️

📋 ကျောင်းစတင်လျှောက်ထားပြီးနောက် Nihon Moments မှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများ

📝 အင်တာဗျူးမတိုင်မီ

1️⃣ အင်တာဗျူးအတွက် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း
2️⃣ ကျောင်းအင်တာဗျူးအတွက် ကြိုတင်လေ့ကျင့်ပေးခြင်း
3️⃣ Show Money အတွက် ဘဏ်တွင် လုပ်ဆောင်ရမည့် အချက်များကို ရှင်းပြပေးခြင်း
4️⃣ လိုအပ်သော စာရွက်စာတမ်းများကို DHL ဖြင့် ဂျပန်နိုင်ငံသို့ ပို့ဆောင်ပေးခြင်း

✈️ COE ရရှိပြီးနောက်

1️⃣ ကျောင်းလခပေးသွင်းခြင်းနှင့် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း
2️⃣ PJ Passport ရှိသူများအတွက် Passport ဆိုင်ရာ လိုအပ်သော လုပ်ငန်းစဉ်နှင့် စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်း
3️⃣ ဗီဇာလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများ ပြင်ဆင်ပေးခြင်းနှင့် Appointment Booking ရယူပေးခြင်း
4️⃣ လေယာဉ်လက်မှတ် ရွေးချယ်ဝယ်ယူရာတွင် ကူညီပေးခြင်း
5️⃣ ဂျပန်မထွက်ခွာမီ လိုအပ်သော အချက်အလက်များနှင့် Japan ရောက်ပြီး လိုက်နာရမည့် အခြေခံအချက်များကို Orientation ပြုလုပ်ပေးခြင်း
6️⃣ နေထိုင်ရန် အဆောင်/အိမ် စီစဉ်ပေးခြင်း
7️⃣ ဂျပန်လေဆိပ်တွင် ကြိုဆိုပေးခြင်း ✈️
8️⃣ Placement Test နှင့်ပတ်သက်သော ကိစ္စများ ကူညီဆောင်ရွက်ပေးခြင်း
9️⃣ ရထားလက်မှတ်ဝယ်ယူခြင်းနှင့် သွားလာရေးဆိုင်ရာ အကူအညီများ ပေးခြင်း
🔟 မြို့နယ်ရုံးတွင် Resident Registration ပြုလုပ်ခြင်း၊ ဘဏ်အကောင့်ဖွင့်ခြင်း စသည့် ဂျပန်ရောက်ပြီးနောက် လိုအပ်သော လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးခြင်း

💯 ကျောင်းရွေးချယ်ခြင်းကနေ Japan ရောက်ပြီး အခြေချနိုင်တဲ့အထိ — Nihon Moments နဲ့အတူ အဆင့်တိုင်းကို စနစ်တကျ လျှောက်လှမ်းနိုင်ပါတယ်။ 🇯🇵

📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Japanese Language School နှင့် Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

#ဂျပန်စာသင်တန်း #ဂျပန်ပညာတော်သင် #ဂျပန်ကျောင်း #ဂျပန်နိုင်ငံပညာသင် #ဂျပန်စာ #ဂျပန်သွားမယ်

20/08/2026

🎉 Nihon Moments ရဲ့ ဆက်တိုက် 100% COE အောင်ချက် 👨‍🏫🇯🇵

2026 Oct Intake အတွက် ဂျပန်နိုင်ငံရှိ Language School များသို့ လျှောက်ထားခဲ့သော ကျောင်းသားများအားလုံး COE 100% Passed ဖြစ်ကြောင်း ဝမ်းမြောက်စွာ ဂုဏ်ယူအပ်ပါသည်✨

ကျောင်းသားများ၏ ကြိုးစားမှု၊ မိသားစုများ၏ ပံ့ပိုးမှုနှင့် Nihon Moments အပေါ် ယုံကြည်မှုတို့ကြောင့် ယခုကဲ့သို့သော အောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

📞 09263334744
📞 09672312744

📢 新聞奨学生 Interview ဝင်မယ့် ကျောင်းသားတွေအတွက် အင်တာဗျူးမတိုင်ခင် သိထားသင့်တဲ့ အရေးကြီးအချက်များ 🇯🇵📰新聞奨学生 Interview မှာ ဂျ...
19/08/2026

📢 新聞奨学生 Interview ဝင်မယ့် ကျောင်းသားတွေအတွက် အင်တာဗျူးမတိုင်ခင် သိထားသင့်တဲ့ အရေးကြီးအချက်များ 🇯🇵📰

新聞奨学生 Interview မှာ ဂျပန်စာကောင်းရုံနဲ့ မလုံလောက်ပါဘူး။

Interview ဆရာတွေက
👉 မနက်အစောကြီးထနိုင်မလား
👉 သတင်းစာပို့တဲ့အလုပ်ကို တကယ်နားလည်ထားလား
👉 အလုပ်နဲ့ ကျောင်းကို အတူတူဆက်လုပ်နိုင်မလား
👉 ပင်ပန်းရင်တောင် လက်မလျှော့ဘဲ ဆက်ကြိုးစားနိုင်မလား
👉 ဂျပန်မှာ နေထိုင်ရင်း စည်းကမ်းလိုက်နာနိုင်မလား
ဆိုတာတွေကို အဓိကကြည့်ပါတယ်။

💡 「できますか?」
「頑張れますか?」

လို့ မေးလာတဲ့အခါ 「はい、できます。」 တစ်ခုပဲ ပြန်ဖြေတာထက် ဘာကြောင့် လုပ်နိုင်တယ်၊ ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာကို ကိုယ့်စကားနဲ့ ရှင်းပြနိုင်ဖို့ အရေးကြီးပါတယ်။

ဥပမာ👇
🇯🇵「はい、できます。新聞配達は朝が早いと聞いています。今から早寝早起きの練習をしています。」

Interview မှာ အဖြေရှည်ကြီး အလွတ်ကျက်ထားဖို့ထက်
မေးခွန်းကို နားလည် → အဓိကအချက်ကို ဖမ်း → ကိုယ့်စကားနဲ့ ရိုးရိုးရှင်းရှင်း ဖြေ နိုင်ဖို့က ပိုအရေးကြီးပါတယ်။ ✨

📚 ဒီ Post မှာ 新聞奨学生 Interview အတွက် ဖြေဆိုပုံနဲ့ သတိထားရမယ့်အချက်တွေ ကို ပြောပြထားပါတယ်။

Interview ဝင်ဖို့ပြင်ဆင်နေတဲ့ ကျောင်းသားတွေ Save ထားပြီး လေ့ကျင့်ကြည့်ပါ။ 💪🇯🇵

Nihon Moments Japanese Language Center

#新聞奨学生 #新聞奨学生面接 #ဂျပန်စာ #ဂျပန်ပညာတော်သင် #ဂျပန်ကျောင်း #ဂျပန်စာသင်တန်း #ဂျပန်အင်တာဗျူး

📢 ဂျပန်မှာ Language School တက်နေတဲ့အချိန်ကျောင်းခေါ်ကြိမ်နဲ့ အမှတ်စာရင်းက အရေးကြီးလား?အဖြေကတော့ — အရမ်းအရေးကြီးပါတယ်။အထူ...
19/08/2026

📢 ဂျပန်မှာ Language School တက်နေတဲ့အချိန်
ကျောင်းခေါ်ကြိမ်နဲ့ အမှတ်စာရင်းက အရေးကြီးလား?
အဖြေကတော့ — အရမ်းအရေးကြီးပါတယ်။
အထူးသဖြင့် ကျောင်းခေါ်ကြိမ် (Attendance Rate) ပါ။

⚠️ Attendance 90% အောက် စကျလာပြီဆိုရင် သတိထားသင့်ပါပြီ။
Attendance အရမ်းနည်းလာရင် ကျောင်းဘက်က သတိပေးတာ၊ ဆက်လက်ပညာသင်ကြားရေးအတွက် အခက်အခဲဖြစ်တာမျိုးတွေ ရှိလာနိုင်ပါတယ်။

Language School ပြီးသွားရင်လည်း ဒီမှတ်တမ်းက အရေးကြီးနေဆဲပါ။

🎓 ကောလိပ်/တက္ကသိုလ်ဆက်တက်မယ်ဆိုရင်
Language School မှာ ကျောင်းမှန်မှန်တက်ခဲ့သလား၊ စာသင်ယူမှုအခြေအနေကောင်းသလားဆိုတာ နောက်တက်မယ့်ကျောင်းဘက်က ကြည့်နိုင်ပါတယ်။

💼 အလုပ်ဝင်မယ်ဆိုရင်လည်း
လိုအပ်တဲ့အခြေအနေမှာ ကျောင်းတက်နှုန်း၊ ကျောင်းရဲ့ထောက်ခံချက်နဲ့ ကျောင်းသားဘဝတုန်းက နေထိုင်ပြုမူပုံတွေဟာ အရေးပါလာနိုင်ပါတယ်။

ကိုယ်တိုင်လည်း စဉ်းစားကြည့်ပါ။

ကိုယ်က အလုပ်ရှင်ဆိုရင် အမြဲအလုပ်ပျက်တဲ့သူကို ခန့်ချင်မလား?
ကိုယ်က ကောလိပ်ဘက်ကဆိုရင် Language School ကတည်းက ကျောင်းမှန်မှန်မတက်ခဲ့တဲ့သူကို လက်ခံချင်မလား?

ဒါကြောင့် ဒီနေ့ ကျောင်းတစ်ရက်ပျက်တာလောက်ပဲလို့ မတွေးဘဲ ကိုယ့်ရဲ့အနာဂတ်အတွက် ရေရှည်စဉ်းစားပြီး ကျောင်းမှန်မှန်တက်ကြပါ။ ❤️

🌸 Nihon Moments မှ ကျောင်းသား/သူများကတော့ ကျောင်းခေါ်ကြိမ်ကောင်းမွန်အောင် အမြဲကြိုးစားနေကြပြီး Attendance 100% ရရှိထားတဲ့ ကျောင်းသား/သူများလည်း ရှိပါတယ်။ 👏💯

သို့သော် ဆိုးနေတဲ့ ကျောင်းသား/သူများလည်း ရှိနေသေးတဲ့ အတွက် Attendance နည်းနေပြီဆိုရင် ပေါ့ပေါ့မယူဘဲ အခုကစပြီး ပြန်ဂရုစိုက်ကြပါနော်။

ကျောင်းတက်နှုန်းက ဒီနေ့အတွက်ပဲ မဟုတ်ပါဘူး။
ကိုယ့်ရဲ့ နောက်တစ်ဆင့်ပညာရေးနဲ့ အနာဂတ်အတွက်ပါ။ 🇯🇵✨
လက်ရှိတက်နေတဲ့ ကျောင်းသားတစ်ချို့ရဲ့ ကောင်းမွန်တဲ့ ရလဒ်များ မျှဝေလိုက်ရပါတယ်။

📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Language School နဲ့ Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

#ကျောင်းခေါ်ကြိမ် #ဂျပန်စာသင်တန်း #ဂျပန်ပညာတော်သင် #ဂျပန်ကျောင်း #ဂျပန်နိုင်ငံပညာသင် #ဂျပန်စာ #ဂျပန်သွားမယ် #မြန်မာကျောင်းသား

Nihon moments မှ ကျောင်းသားကျောင်းသူဟောင်း တစ်ချို့🇲🇲🇯🇵အလုပ်ကိုယ်စီ ဖြစ်သွားတဲ့ အခါ ဆုံတွေခက်ပေမယ့်ရေစက်လေးများနှင့် တခဏ...
15/08/2026

Nihon moments မှ ကျောင်းသားကျောင်းသူဟောင်း တစ်ချို့🇲🇲🇯🇵
အလုပ်ကိုယ်စီ ဖြစ်သွားတဲ့ အခါ ဆုံတွေခက်ပေမယ့်
ရေစက်လေးများနှင့် တခဏတာ ဆုံတွေ့🙌🏻🙌🏻

ALL Passed Again💪🏻💪🏻 ယနေ့ ကျင်းပပြုလုပ်တဲ့ သတင်းစာစကော်လာ သမားများအတွက် ကျောင်း အင်တာဗျူးပါ။ပထမအဆင့််အကုန်အောင်ပါတယ်🙌🏻🙌🏻...
12/08/2026

ALL Passed Again💪🏻💪🏻
ယနေ့ ကျင်းပပြုလုပ်တဲ့ သတင်းစာစကော်လာ သမားများအတွက် ကျောင်း အင်တာဗျူးပါ။
ပထမအဆင့််အကုန်အောင်ပါတယ်🙌🏻🙌🏻

ရေးဖြေတွေလည်း အမှတ်များများ ရအောင် ဖြေပေးသွားပါတယ်။ပိုပိုပြီး ဂျပန်စာကို ကြိုးစားသွားရအောင်👏🏻👏🏻

📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Language School နဲ့ Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

11/08/2026

မနက်ဖြန် သတင်းစာစကော်လာ အင်တာဗျုးအတွက် ကြိုးစားနေကြသော ကျောင်းသားများ ဖြစ်ပါတယ်
📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Language School နဲ့ Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

အတန်းသစ် စပါပြီ။ တက်ချင်သူများ အမြန် အပ်နှံနိုင််ရန် ဖိတ်ခေါ်လိုက်ပါတယ်။N5/N4 JLPT/NAT-TEST စာမေးပွဲအမှီ အတန်းတွေဖြစ်ပါတ...
09/08/2026

အတန်းသစ် စပါပြီ။ တက်ချင်သူများ အမြန် အပ်နှံနိုင််ရန် ဖိတ်ခေါ်လိုက်ပါတယ်။
N5/N4 JLPT/NAT-TEST စာမေးပွဲအမှီ အတန်းတွေဖြစ်ပါတယ်။ မေးခွန်းဟောင်းလေ့ကျင့်တာတွေပါ အပြည့်စုံ ပါဝင်တဲ့ အတန်းပဲ ဖြစ်ပါတယ်။တစ်ခါတည်း အောင်အောင် ကြိုးစားကြပါစို့💪🏻💪🏻

📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Language School နဲ့ Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

05/08/2026

အခုတလော reject အတွက် လာတိုင်ပင်သော ကလေးတွေ အရမ်းများလာတဲ့အတွက် အထိုက်အလျှောက်တော့ ခွဲလက်ခံပေးလျှက်ရှိပါတယ်။ ရှေ့က တစ်ခြားနေရာမှ reject ဖြစ်ခဲ့သော စီနီယာရဲ့ စကားသံနားထောင်ပြီး လမ်းစ တစ်ခုဖြစ်စေရန် ပြန်လည်မျှဝေလိုက်ပါတယ်

📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Language School နဲ့ Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

05/08/2026

Nihon moments ရဲ့ ဆရာ ဆရာမတွေရော တပည့်တွေရော ဂျပန်အိမ်မက်အတွက် ကြိုးစားနေတဲ့ မြင်ကွင်းလေးပါ။
8/16စာမေးပွဲ အောင်အောင်ဖြေရမယ်နော်💪🏻💪🏻

📢 ဂျပန်နိုင်ငံမှာ ကျောင်းတက်ချင်သူများ၊ Language School နဲ့ Scholarship Program များအကြောင်း သိရှိလိုသူများ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09-263334744
☎️ 09-672312744

📍 Nihon Moments Japanese Language Center
No.146/7, Zaytawon Street, Hlaing Township, Yangon

Address

No146/7 Zaytawon Street, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Saturday 10:00 - 14:00

Telephone

+959263334744

Alerts

Be the first to know and let us send you an email when Nihon Moments posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nihon Moments:

Shortcuts

Share