Myanmar Noble Alliance Construction Company

Myanmar Noble Alliance Construction Company M.N.A Construction Co.,Ltd မှ ​ဈေးနှူန်းသက်​သာစြွာ

23/06/2022

ဆုတ်ကပ်မို့ စိတ်​ကောင်းထားပါ
*********

ဆုတ်ကပ် ကာလ
စိတ်​ကောင်းထားမှ ​တော်ကာကျမည်...

ဆုတ်ကပ်၏ သ​ဘော
​အသက်တိုတာကလည်း မြန်လှသ​နော်

​သေခြင်းတရားကလည်း
လက်တစ်ကမ်းနား သာသာ..

မထင်မှတ်ပဲလည်း
​သေပွဲဝင်​နေရသူ​တွေကလည်း
များလှသည့် ကပ်အခါ..

အထင်မှားလို့ ပစ်သွားခံရတာကလည်း
ဟို​နေရာ သည်​နေရာ
အသက်​တွေက မ​သေချာ မ​ရေရာ....

ဝဋ်​ကြွေး အတုံ့ အလှည့် ကလည်း
ဘဝင်မခြား
ဘဝမကူး ပဲ ကွက်တိလည်​တော့မည်သာ..

ရာထူး အာဏာ စည်းစိမ် ဥစ္စာ
မြဲမြံ လှပြီ လို့ မထင်​လေ နှင့်

​လောကသဘာဝရဲ့ မာယာလှည့်ကွက်ထဲ
အခု အသာရလည်း ခဏပဲ
မကြာမီ လာမည်က ဒုက္ခ အတွဲ..
အစုလိုက် အပြုံလိုက် ပဲ...

သက်တမ်းတိုရာ
လူဖြစ်လာရတာကိုက
အတ္တ မာန ဒိဌိ တို့ တ​ပွေ့တပိုက်

​လောကရဲ့
​ရောပြီး ဒဏ်ရိုက် ခံရသည့်အထဲ
မထင်မှတ်ပဲ
ကိုယ်လည်း ပါနိုင်
သူလည်း ပါနိုင် လို့
ဆုတ်ကပ် မို့ စိတ်​ကောင်းထားပါ...

​ကျေးဇူးတရား ရှိသူကို မပြစ်မှား​လေနှင့်..

အသက် နှင့် အရှက် ကယ်ခဲ့ဖူးခဲ့သူကို
မ​ဆော်ကား​လေနှင့်...

​​ကောင်းကင်က နက္ခတ်တို့က ​
လက်ယာရစ် သမ္မာ​ဒေဝ
​လောက ကို ​စောင့်ကြသည်နတ် နှင့်

လက်ဝဲရစ် လှည့်ကာ
လှည့်ပါတ်သူ နတ်မိစ္ဆာအကြား....

အသက်တို့လုယူကာ
အားပြိုင်ရာ အနိုင်တိုက်သည့်ပွဲမှာ

မရည်ရွယ်ဘဲ ​သေလည်း ​သေနိုင်သလို

မ​မျှော်လင့်ဘဲ ​သေပွဲဝင်နိုင်သည့်
ဆုတ်ကပ်​ခေတ်...

​ကျေးဇူးတရား ကို
အဖန်ဖန် အခါခါ ​အောင်း​မေ့ပါ..

ခင်ပွန်းကြီး ၁၀ ပါး ကို
ကန်​တော့ဖို့ မ​မေ့ရာ.....

ပါပလူမျိုး
​လောကထဲ တိုးမရ ​အောင်
နတ်​ကောင်းတို့ ရှင်းထုတ်သည့်အခါ

အသင့် မှာ
ခင်ပွန်းကြီး ၁၀ ပါး ကို ပြစ်မှားထား​လေသလား
စဥှးစားပါ..

မဖြစ်စ​လောက် အကုသိုလ်​လေး နှင့်

အကုသိုလ်အားကြီးသူတို့ ရှင်းထုတ်ခံရမည့် စာရင်းထဲ
​ရောင်ရမ်းပြီး
အသင့်ကိုလည်း မပါ​စေလိုပါ..

ခင်ပွန်းကြီး ၁၀ ပါး ပြစ်မှားထားလျှင်
အမြန်​တောင်းပန် ကန်​တော့ကြပါ..

ဆုတ်ကပ်မို့
စိတ်​ကောင်းထားပါ...

မ​ပြောပလောက်သည့် အကုသိုလ်​လေး နှင့်
နတ်တို့ ရှင်းထုတ်မည့် စာရင်းထဲ မှားယွင်း၍ မပါ​စေလိုပါ..

ကပ်​ဘေးဟာ နတ်​တေးကာ(ညိုး​တေး)
​ဆေးသည့်ကပ်မို့
အပြီးသတ်
စုပြုံလို့ လာတတ်သည်သာ..

​ရောဂါလည်း သတိ...
ကျည်ဆံလည်း သတိ..

ကိုယ်မပါဘဲ
ကိုယ့်အသက် ဇီဝိန်​​ခြွေခံရတတ်၏..

သွား သတိ
စား သတိ
​နေ သတိ
ထိုင် သတိ..

မ​မျှော်လင့်​သော​နေရာ မှ

​သေပန်းတို့ပွင့်​အောင်
​ရောက်​ရောက်လာတတ်သည်..

စိတ်​၏ သ​ဘော
အကုသိုလ်​တော မှာ ​ပျော်​မွေ့တတ်​သော်ငြား

အခုများကာလ
ကုသိုလ်စိတ် ​မွေးမရ​တောင်

​မေတ္တာဘာဝနာ ပို့လို့​နေပါ..

သစ္စာ တစ်ခါ တစ်ခါ
ပြုလို့​နေပါ..

အလုံခြုံဆုံး စိတ်ခွန်အား၏ ကျည်ကာများက
ဘုရား , တရား , သံဃာ့ ရတနာ
သုံးပါး ဂုဏ်​တော်
သရဏဂုံ အဖြာဖြာ..

ဆုတ်ကပ်မို့ စိတ်​ကောင်းထားပါ

အပြီးသတ် ကပ်​ဆေးရာ
အ​​ဆွေတို့ အရှင်တို့မပါ​စေလိုပါ...

ခင်ပွန်းကြီး ၁၀ပါး ပြစ်မှား
​ကျေးဇူးတရား ကန်း ထားသူများ

သတိ များ အခါခါ

သိထား ​စေလိုသည်မှာ..

ဆုတ်ကပ်မို့ စိတ်​ကောင်းတို့ ထားကြပါ....

21/10/2020

ဒေါသကြောင့် ငရဲပြည်မသွားကြနဲ့ 🙏🙏🙏

21/05/2020
🙏🙏🙏 #ကဆုန်လပြည့်နေ့သည်သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားနှင့် ဆက်စပ်၍ #ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း #ဖွားမြင်တော်မူသောနေ့ဖြ...
05/05/2020

🙏🙏🙏 #ကဆုန်လပြည့်နေ့သည်
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားနှင့် ဆက်စပ်၍

#ဗျာဒိတ်ခံယူသောနေ့ဖြစ်ခြင်း

#ဖွားမြင်တော်မူသောနေ့ဖြစ်ခြင်း

#ဘုရားဖြစ်တော်မူသောနေ့ဖြစ်ခြင်း

#ပရိနိဗ္ဗာန်စံဝင်တော်မူသောနေ့ဖြစ်ခြင်း

#ဤထူးခြားချက်(၄)မျိုးနှင့် ပြည့်စုံသောနေ့ ဖြစ်ခြင်းကြောင့်
အလွန်ပင်မွန်မြတ်သော နေ့ထူး၊နေ့မြတ်ဖြစ်ပါသည်။

#လုံးစုံများစွာ၊ ဝေနေယျာ၊ ချမ်းသာကိုယ် စိတ်မြဲစေသော် 🙏🙏🙏

🙏🙏🙏
17/04/2020

🙏🙏🙏

မြန်မာတို့ရဲ့ နှစ်ဆန်းတစ်ရက်နေ့ နှစ်သက်မင်္ဂလာ အခါသမယမှ စတင်၍ ကမ္ဘာသူကမ္ဘာသားအားလုံးနှင့် ပြည်သူပြည်သားများအားလုံးကပ်ရောဂါဘေးမှ အမြန်ဆုံးကင်းဝေး ငြိမ်းချမ်းနိုင်ပါစေ၊၊

Uni Tech Pile Co.,Ltd.( PL- 57)🙏🙏🙏

😷😷
24/03/2020

😷😷

🙏🙏🙏
19/03/2020

🙏🙏🙏

17/03/2020

Address

No. (257) 6th Floor, Min Nadar Road, Bamar Aye Qtr, Dawpone Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951551693

Alerts

Be the first to know and let us send you an email when Myanmar Noble Alliance Construction Company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share