Htike Aung Computer & Mobile Services

Htike Aung Computer & Mobile Services Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Htike Aung Computer & Mobile Services, Business service, အမှတ်​ ၆၄၂ ​ရွှေပြည်​သာလမ်းမကြီး ၆အ​နောက်​ရပ်​ကွက်​ သာ​ကေတမြို့နယ်​, Yangon.

🙏 #အရဟံ_နှင့်_အရဟံသိဒ္ဓိ🙏___________________________အရဟံ သိဒ္ဓိအခါခါ ပွားများပါ...ဝိဇ္ဇာ တစ်ယောက်ကမိစ္ဆာတစ်ထောင်ကို နိုင...
04/09/2024

🙏 #အရဟံ_နှင့်_အရဟံသိဒ္ဓိ🙏
___________________________

အရဟံ သိဒ္ဓိ
အခါခါ ပွားများပါ...
ဝိဇ္ဇာ တစ်ယောက်က
မိစ္ဆာတစ်ထောင်ကို နိုင်ပါတယ်...
(မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး)

အရဟံ နှင့် အရဟံသိဒ္ဓိ
* * * * * * * * * * * *
မဟာဗောဓိမြိုင်ဆရာတော်ကြီးသည်၊
မိမိ တောင်တန်းသာသနာပြုနေစဉ်အခါက
အရဟံသိဒ္ဓိကို ပုတီးစိပ်ခိုင်းလေသည်၊၊
ပရိယတ်သမားဖြစ်သော မိမိသည်
အရဟံဆိုပြည့်စုံနေပြီဖြစ်ပါလျက်
သိဒ္ဓိထည့်စိပ်ခိုင်းတာ
စိတ်ထဲက သိပ်မကြိုက်ချေ။ (အတွေးဝင်နေတုန်း)
ဆရာတော်ကြီးက မိမိအား
သိဒ္ဓိအကြောင်းကိုအောက်ပါအတိုင်း
ရှင်းပြတော်မူသည်။။

အရဟံ
အရ ဟံ
အ ရဟံ (၃)မျီုး ရှိပါသည်။

အရဟံ
လူ နတ် ဗြဟ္မာ သက်ရှိသတ္တဝါအပေါင်း၏
ကိုးကွယ်ရာ မြတ်စွာဘုရား။

အရ ဟံ
ကိလေသာ မြူ မှုန်တစ်စက်တောင်မရှိသော
ကိလေသာကင်းစင်သော မြတ်စွာဘုရား။


အ ရဟံ
မကောင်းမှုကို ဆိတ်ကွယ်ရာအရပ်မှာ
မပြုသော မြတ်စွာဘုရား ။

ဂုဏ်တော်(၉) ပါး၏ ထိပ်ဆုံး ဂုဏ်တော်
အရဟံ တစ်မျီုးထဲ ပွားများနေရင်တောင်
အပါယ်တံခါးပိတ်ယုံမကဘူး
ဗုဒ္ဓဘာသာ၏ အမြတ်ဆုံးပန်းတိုင်
နိဗ္ဗာန်လမ်းအထိ အရောက်ပို့ပေးနိုင်စွမ်းရှိသည်။
ကုသိုလ်ကလည်း အနှိုင်းမဲ့ကုသိုလ်မျိုးဖြစ်သည်။

" စံပယ်ပန်းဆောင်ရင်
စံပယ်ပန်းရနံ့လေး
သင့်ခန္ဓာမွှေးနေသလို ပဲ

အရဟံဂုဏ်ကိုဆောင်ရင်လည်း
အရဟံရဲ့ဂုဏ်ရနံ့လေး
သင့်ခန္ဓာမွှေးနေလိမ့်မယ်

လူတွေ နတ်တွေ ဗြဟ္မာတွေက
သင့်ကိုလေးစားလာမယ် ။
ဒါကြောင့်
လူနတ်ဗြဟ္မာတွေ သင့်ကိုချစ်မယ်
အရဟံဂုဏ်တွေ အပြည့်ရလာရင်
လိုချင်တဲ့ဆန္ဒတွေလည်း ပြည့်ဝလာမယ်
အောင်မြင်လာမယ်။

အရဟံ မှ အရဟံသိဒ္ဓိအဆင့်
ရောက်လာတဲ့သဘောက

အရဟံဂုဏ်ကို အကြိမ်ကြိမ်ပွားများ အားထုတ်တာ
အင်အားကြီးမားလာရင် သိဒ္ဓိမြောက်လာတယ်။
သိဒ္ဓိမြောက်ပြီးရင် သိဒ္ဓိပေါက်လာမယ်

အရဟံသိဒ္ဓိကို အကြိမ်ကြိမ်ပွားရင်
သမ္မာသမာဓိ စိတ်တည်ငြိမ်မှု့ ၊စွမ်းအားကြီးလာပြီး
တန်ခိုးထက်မြက်လာမယ်။
ဒါကြောင့်
ထွက်ရပ်လမ်းပေါက်ခဲ့တဲ့ပုဂ္ဂိုလ်ထူးတွေက
အရဟံတစ်လုံးကို ကြိမ်ဖန်များစွာပွားလို့
ဝိဇ္ဇာတွေ ဖြစ်ကုန်ကြတယ် ။
ဝိဇ္ဇာတစ်ယောက်က မိစ္ဆာတစ်ထောင်ကို နိုင်တယ်။
ဒါကြောင့်
အရဟံ ပုတီးစိပ်တာ
ပြဿ နာ မရှိဘူးကုသိုလ်ရတယ်
စိတ်ကို စင်ကြယ်စေတယ်။

အရဟံသိဒ္ဓိဆိုရင် သင်ဟာတန်ခိုးရှိလာမယ် ။
ဝိဇ္ဇာစွမ်းအင်တွေရလာမယ့်
အောင်မြင်သူဖြစ်လာမယ်ဆိုတော့
ပြဿ နာက မိစ္ဆာအဖြတ်သမားများနဲ့
ရင်ဆိုင်ရခြင်းပဲ။

အောင်မြင်သူတိုင်းမှာ
ကြီးမားတဲ့အခက်အခဲရှိတယ်
သဘာဝရဲ့ နိယာမတစ်ခုပေါ့ ။

ဝိဇ္ဇာက တန်ခိုးရှင်လိုင်း မေတ္တာအလုပ်သမား
အရဟံသိဒ္ဓိပုတီးကို လက်မှာဆောင်ထားတယ်။

မိစ္ဆာက အာဏာရှင်လိုင်း မလိုမုန်းတီးသမား
လူသတ်လက်နက်ကို လက်မှာဆောင်တယ်။

ဝိဇ္ဇာတန်ခိုးရှင်က
လူတွေအသက်ကို တန်းဖိုးထားတယ်
ဒုက္ခရောက်နေသူကို
ငါးပါးသီလလုံခြုံရင် သရဏဂုံမြဲရင်
ကူညီစောင့်ရှောက်ပေးတယ်။

မိစ္ဆာအာဏာရှင်ကတော့
အာဏာတည်မြဲရေးအတွက်
အာဏာရူးတဲ့စိတ်နဲ့ လူအများကို ညင်းပန်းနှိပ်စက်
အရှင်လတ်လတ် မြေမြုပ်ပြီးသတ်တယ်။
သေနတ်နဲ့ပစ်သတ်တယ် ။
ဗုံးထောင်မိုင်ခွဲလည်း သတ်တယ်
လူသတ်သမားဌားပြီးလဲ သတ်တယ်။
သတ်နည်းအမျီုးမျီုးနဲ့ သတ်ပြီး
မိစ္ဆာကျင့်စဉ်ကို
ပြန့်ပွားအောင် စည်ရုံးလှုပ်ဆော်တတ်ကြတယ်။

ဒါကြောင့် အရဟံသိဒ္ဓိပုတီးစိပ်ရင်
သမ္မာသတိ-အမြဲသတိထားရမှာက
မိစ္ဆာအာဏာရှင်ပဲ ။

အဘဘိုးဘိုးအောင်
သိဒ္ဓိပေါက်အောင်မြင်သွားတော့
သူငယ်ချင်းဖြစ်သူ ဦးဝိုင်းက ဘုရင်ဆိုတော့
အာဏာရူးပြီး မိစ္ဆာအကျင့်နဲ့
အရှင်လတ်လတ် မြေမြုပ်သတ်ဖို့ကြံစည်ပြီး
အကြိမ်ကြိမ်သတ်ဖို့ကြံပေမယ့်
သူယုတ်မာအုပ်စု မိစ္ဆာတွေက
ဝိဇ္ဇာသူတော်ကောင်းကို ဘယ်သောခါမှ
နိုင်ရိုးထုံးစံမရှီ တဲ့အတွက်
အာဏာရှင်ဘုရင်ဦးဝိုင်းဟာ
အဘဘိုးဘိုးအောင်ရဲ့ " ဝ " တစ်လုံးကိုတောင်
မဖျက်နိုင်ခဲ့ဘူး။

ဆိုလိုတာက
အဘဘိုးဘိုးအောင်လို သိဒ္ဓိပေါက်မြောက်သူမှာတောင်
မိစ္ဆာအဖျက်အာဏာရှင်ရှိသလိုပဲ
အခုမှ အရဟံသိဒ္ဓိ ကျင့်ကြံနေသူမှာ
မိစ္ဆာအဖျက်ပို များလိမ့်မယ်။

သိဒ္ဓိ နဲ့ မဟိဒ္ဓိ
မဟိဒ္ဓိ နဲ့ ဣဒ္ဓိ
အချင်းချင်း အပြန်အလှန် အကျိုးဆက်တွေရှိတယ်။

သိဒ္ဓိ
မိမိရည်ရွယ်ထားတဲ့အတိုင်း
အလုပ်ကိစ္စတစ်ခုကို ပြီးမြောက်အောင်မြင်သွားခြင်းကို သိဒ္ဓိမြောက်သွားလိုခေါ်တယ်။

အရဟံသိဒ္ဓိ ပုတီးကို ၄၅ ရက် အဓိဋ္ဌာန်ဝင်ပြီး
ပုတီးစိပ်လို့အတိုင်းတစ်ခုအထိ
အလိုဆန္ဒပြည့်ဝခြင်းဟာ
သိဒ္ဓိမြောက်ခြင်းအောင်မြင်သွားခြင်းပေါ့ ။
ထပ်တလဲလဲ သိဒ္ဓိပြီးမြောက်လာရင်
သိဒ္ဓိထက်မြင့်တဲ့ မဟိဒ္ဓိ အဆင့်ကို
ရောက်လာမယ် ။

သိဒ္ဓိက တန်ခိုးကြီးလာတာ
မဟိဒ္ဓိက ပိုမို၍ တန်ခိုးကြီးလာတာ

မဟိဒ္ဓိက ကြီးမားတဲ့တန်ခိုးစွမ်းအင်
မြေကိုလျှိုး၍ မိုးကိုပျံနိုင်တယ်
စျာန်အဘိညာဏ်ရ တပသီ ရသေ့ ရဟန်း
မဟိဒ္ဓိရှင်တွေ ဖြစ်လာကြတယ်။

ပုတီးစိပ်ခြင်း
သီလဆောက်တည်ခြင်း
ပရိတ်ပဋ္ဌာန်းရွတ်ဆိုခြင်းတွေက
အကြိမ်အရေအတွက်များလာရင်
အဲ့ဒီလူဟာ သိဒ္ဓိဓာတ်ရလာတယ်။

သိဒ္ဓိဓာတ်တွေ မြင့်မားလာရင်
မဟိဒ္ဓိဓာတ်အဖြစ် ပိုမို အစွမ်းထက်တဲ့တန်ခိုးတွေ
ပိုင်ဆိုင်လာမယ်။

ဒါကြောင့် သိဒ္ဓိကြောင့် မဟိဒ္ဓိဖြစ်လာတာက
အကျိုးနဲ့အကြောင်း ပဲ
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေရလာရင်
ဣဒ္ဓိဓာတ်လို့ခေါ်တဲ့
အလိုဆန္ဒတွေ ပြီးပြည့်စုံလာတယ်။

ဣဒ္ဓိဓာတ်ဟာ
သိဒ္ဓိဓာတ် မဟိဒ္ဓိဓာတ်တွေထက်
ပိုမိုလေးနက် တန်ခိုးကြီးတယ်။

ဗုဒ္ဓစာပေ အနက်အဓိပ္ပာယ်မှာ
ဣဒ္ဓိ ဟူသည် အလိုရှိရာ ပြီးပြည့်စုံလာခြင်း
ပြီးမြောက်အောင်မြင်ခြင်းလို့ ဝိသုဒ္ဓိမဂ်၌
ဖော်ပြထားတယ်။

ဣဒ္ဓိဓာတ် (၁၀)ပါးရှီတယ်။

၁။ အဓိဋ္ဌာန ဣဒ္ဓိ
အကျင့် စရဏ သမာဓိစွမ်းအားရှိသူမှာ
မိမိအလိုရှိရာကို ဖြစ်ပါစေ ရပါစေ
ဟု အဓိဋ္ဌာန်ပြုလိုက်လျှင်
ပြုလုပ်သည့်အတိုင်း ဖြစ်လာခြင်းအလိုရှိရာ
ရလာခြင်း။

၂။ ဝိကုဗ်ဗန ဣဒ်ဓိ

အကျင့်စရဏ သမာဓိစွမ်းအားရှသူမှာ
မိမိလက်ရှိရုပ်ကို
နဂါး ဂဋ္ဌုန် ဂမ္ဘာန်စသော မိမိအလိုရှိရာ ပုံသဏ္ဍာန်ကို
ဖန်ဆင်းနိုင်ခြင်း ။

၃ ။ မနောမယ ဣဒ်ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
မိမိ၏ ပုံတူရုပ်သဏ္ဍာန်ကို
အလိုရှိတိုင်း ဖန်ဆင်းပြုလုပ်နိုင်ခြင်း။

၄။ ဥာဏဝိပ်ဖါရ ဣဒ်ဓိ
အကျင့်စာရဏ သမာဓိစွမ်းအားရှိသူသည်
ထူးခြားသောဥာဏ်အစွမ်းကြောင့် လိုရာခရီးသို့
အန္တရာယ်ကင်းစွာ လျှင်မြန်စွာရောက်ရှိခြင်း
မဂ်ဥာဏ်ဖိုလ် ပေါက်ပြီးမြောက်
အောင်မြင်ရသည်အထိ
အသက်ဘေးကင်းစွာ ဆောင်ရွက်နိုင်ခြင်း ။

၅။ သမာဓိဝိပ်ဖါရ ဣဒ်ဓိ
အကျင့်စာရဏရှီသော သမာဓိစွမ်းအားရှီသည့်
စျာန်သမာပတ်ဝင်စားနေခြင်းဖြင့်
ကာမစ္ဆန္ဒဝရဏ အစရှီသော
နီဝရဏတရားငါးပါးကိုဖယ်ရှားနိုင်ခြင်း
ရေဘေး မီးဘေး စသောအန္တရာယ်များ
မကျရောက်စေနိုင်ခြင်း။

၆။ အရိယ ဣဒ္ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
အရိယာမဂ်သို့ကူးပြောင်းရောက်ရှိပြီး
စက်ဆုပ်ဖွယ်ရာ မဟုတ်သောအာရုံ၌
စက်ဆုပ်ဖွယ်ရာ နှလုံးသွင်းနိုင်ခြင်း
အလွန်မုန်းတီးစရာကောင်းသော ပုဂ္ဂိုလ်အပေါ်၌လည်း မေတ္တာစိတ်ပွားနိုင်ခြင်းစသည့်
မိမိစိတ်ကိုနိုင်နင်းသော
အရိယာတို့၏အစွမ်းသတ္တိထူးနှင့် ပြည့်စုံခြင်း။

၇။ ကမ်မဝိပါကဇ ဣဒ်ဓိ
ကံ၏ အရှိန်အစော်အာနုဘော်ကြောင့်
အလိုရှိရာ တန်ခိုးနှင့်ပြည့်စုံနိုင်ခြင်း။

၈။ ပုည ဣဒ္ဓိ
အကျင်စရဏ သမာဓိစိတ်စွမ်းအားရှိသူသည်
မိမိ၏ ထူးခြားသော
ကောင်းမှုကုသိုလ်အစွမ်းအားဖြင့်
ကိလေသာကင်းပြီး ချမ်းသာအစစ်ကို
ရရှိစေနိုင်ခြင်း။

၉။ ဝိဇ္ဇာမယ ဣဒ္ဓိ
အကျင့်စရဏ သမာဓိစိတ်စွမ်းအားရှင်သည်
လောကီဂန္ဓာရီ ဝိဇ္ဇာအတက်ဖြင့် မြေလျှိုးမိုးပျံလိုရာ
ခရီးသို သွာရောက်နိုင်ခြင်း။

၁၀။ ပယောဂပစ္စယ ဣဒ္ဓိ
စနစ်တကျနည်းအားဖြင့် နည်းမှန် လမ်းမှန်
စည်းကမ်းတကျ နည်းလမ်းရရှိ၍
မိမိအလိုရှိရာကို ပြီးမြောက်စေခြင်း။

ဣဒ္ဓိ (၁၀)မျီုး ရှီရာတွင်
လောကီဣဒ္ဓိ နှင့် လောကုတ္တရာဣဒ္ဓိ နှစ်မျီုးစလုံးကို မိမိ၏
ဆန္ဒ ဝိရီယ စိတ္တ ဝိမံသ
လေးပါးတွင် တစ်ပါးအခြေခံရှိရင်
ဣဒ္ဓိဓာတ်အကျိုးက
နိဗ္ဗာန်အထိ အရောက်သွားနိုင်ပါလိမ့်မည်။

အရဟံ ဂုဏ်တော် အစွမ်းက
မိမိစိတ်စွမ်းအင်ကို
တန်ခိုးထက်စေယုံမကဘူး
သိဒ္ဓိ ပေါက်နိုင်တယ်
မဟိဒ္ဓိမြောက်နိုင်တယ်
ဣဒ္ဓိ ရောက်နိုင်တယ်။

အရဟံပုတီးစိတ်ခြင်းသည်
ကုသိုလ်စိတ်ကိုဖြစ်စေတယ်။

အရဟံသိဒ္ဓိကတော့
ကုသိုလ်လည်းရတယ်
စွမ်းအားလည်းရတယ်
တန်ခိုးလည်းကြီးတယ်
အလိုဆန္ဒလည်း ပြည့်ဝတယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး

#ဓမ္မစာစုများ

တရားကို အမြဲတမ်းအားထုတ်နေတဲ့သူဟာလောဘ၊ဒေါသ တဖြည်းဖြည်းနည်းလာတယ်။ပိုပြီးတော့ စိတ်က သိမ်မွေ့လာတယ်။အေးချမ်းလာတယ်။အဲဒီလို နူး...
26/08/2024

တရားကို အမြဲတမ်း
အားထုတ်နေတဲ့သူဟာ
လောဘ၊ဒေါသ
တဖြည်းဖြည်းနည်းလာတယ်။

ပိုပြီးတော့ စိတ်က
သိမ်မွေ့လာတယ်။
အေးချမ်းလာတယ်။

အဲဒီလို နူးညံ့အေးချမ်းတဲ့စိတ်
ဖြစ်တဲ့အခါမှာ-
လူတစ်ယောက်ကို မြင်လိုက်ရင်

အလိုလိုနေရင်း မေတ္တာစိတ်ရှိလာတယ်။

အလိုလိုနေရင်း ချစ်ခင်တဲ့စိတ်၊
လေးစားတဲ့စိတ်၊ဒုက္ခနည်းစေချင်တဲ့စိတ်၊
စိတ်ချမ်းသာကိုယ်ချမ်းသာ
ဖြစ်စေချင်တဲ့စိတ်တွေဖြစ်လာတယ်။

အဲဒါကို ကိုယ်တိုင်ကြုံဖူးတဲ့သူဆိုရင်
ပိုသိမယ်။

ပြောဆိုတဲ့အခါမှာလည်း
တစ်ဖက်သားကို
စိတ်ဆင်းရဲသွားစေမယ့်စကားမျိုးကို
မပြောဘူး။
စိတ်ချမ်းသာစေမယ့်စကားမျိုးကို ပြောတယ်။

အကျိုးရှိမယ့်စကားမျိုးကိုပဲ ပြောတယ်။

တရားအားထုတ်လို့
စိတ်ဓာတ်ရင့်ကျက်
သိမ်မွေ့မြင့်မြတ်လာတဲ့သူဟာ

သူတစ်ပါးရဲ့အခက်အခဲကို
လိုလိုချင်ချင်ပဲ ကူညီပေးတယ်။

ဒါတွေဟာ အလိုလိုဖြစ်လာတဲ့
စိတ်ထားပြောင်းလဲမှုတွေပဲနော်။

#ဆရာတော်ဦးဇောတိက_မဟာမြိုင်တောရ

ကုသိုလ်ပြုနိုင်အောင် အမြဲတမ်းကျန်းမာပါစေ။🙏ကုသိုလ်ပြုချင်အောင် အမြဲတမ်းစိတ်ချမ်းသာပါစေ။🙏ကုသိုလ်ပြုသည့်အခါတိုင်း အမြဲတမ်း၀...
21/07/2024

ကုသိုလ်ပြုနိုင်အောင် အမြဲတမ်းကျန်းမာပါစေ။🙏
ကုသိုလ်ပြုချင်အောင် အမြဲတမ်းစိတ်ချမ်းသာပါစေ။🙏
ကုသိုလ်ပြုသည့်အခါတိုင်း အမြဲတမ်း၀မ်းသာပါစေ။🙏

တစ်ကြိမ် လိမ်ဖူးတဲ့သူကိုခွင့်လွှတ်လိုက်ပါအမှားနဲ့ကင်းတဲ့လူဆိုတာ မရှိလို့ပါ ။နှစ်ကြိမ်လိမ်ဖူးတဲ့လူကိုနားလည်ပေးလိုက်ပါကိုယ...
19/07/2024

တစ်ကြိမ် လိမ်ဖူးတဲ့သူကို
ခွင့်လွှတ်လိုက်ပါ
အမှားနဲ့ကင်းတဲ့လူဆိုတာ မရှိလို့ပါ ။

နှစ်ကြိမ်လိမ်ဖူးတဲ့လူကို
နားလည်ပေးလိုက်ပါ
ကိုယ့်ကို လိမ်မှဖြစ်မယ့်အကြောင်းပြချက်
ရှိကောင်းရှိနိုင်လို့ပါ ။

အကြိမ်ကြိမ်လိမ်ဖူးတဲ့လူကိုတော့
ဥပက္ခာပြုခြင်းနဲ့အတူ စွန့်လွှတ်လိုက်ပါ
ဘာကြောင့်လည်းဆိုတော့
သင့်ကို နောက်တစ်ကြိမ်
ထပ်လိမ်နေဦးမှာမို့လို့ပဲ ။

• အမှားဆိုတာ
ပြင်ရလွယ်တယ်ဆိုပေမယ့်
ကိုယ်မှားလို့ မှားမှန်းမသိတာ အဆိုးဆုံးပဲ


#စာပေဗဟုသုတ

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏 #ဒကာကြီး #ဘုရား🙏ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-မှန်ပါ တ...
11/07/2024

ဒီအချက် ( ၅ )ချက်ပါအောင် ဘုရားရှိခိုးပါ🙏
#ဒကာကြီး
#ဘုရား🙏
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင် ကန်တော့ရဲ့လား-
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင် ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
( ၁ ) ဘုရား ၊ တရား ၊ သံဃာ၊ မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။
( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
ဒီလို တောင်းပန်ရင် လောလောဆယ် ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
" #ဒေါင်းယောင်ဆောင်သော__ကျီး"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....
( ၅ ) #သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊ တခြား အလှူတွေလည်း သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
#ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးလိုက်ပါ.....
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ် သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက သူတို့အတွက်( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား
🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်
🙏🙏🙏

"ဗုဒ္ဓဆိုသည်မှာ"   ဗုဒ္ဓဆိုတာ လူသားထဲကနေပြီး အသိဉာဏ်အရှိဆုံးတရားဓမ္မ ကျင့်ကြံကြိုးကုတ်လို့ရရှိလာတဲ့ အရာခပ်သိမ်းကို သိနို...
20/05/2024

"ဗုဒ္ဓဆိုသည်မှာ"

ဗုဒ္ဓဆိုတာ
လူသားထဲကနေပြီး အသိဉာဏ်အရှိဆုံး
တရားဓမ္မ ကျင့်ကြံကြိုးကုတ်လို့ရရှိလာတဲ့
အရာခပ်သိမ်းကို သိနိုင်စွမ်းမြင်နိုင်စွမ်းရှိတဲ့
အသိဉာဏ်အရှိဆုံး ပုဂ္ဂိုလ်ကို “ဗုဒ္ဓ” ဆိုတဲ့
စကားလုံးသုံးနှုန်းပြီး ခေါ်တာဖြစ်တယ်

ဗုဒ္ဓဆိုသည်မှာ
“သိသူနဲ့ နိုးကြားသူ”​ လို့ အဓိပ္ပါယ်နှစ်မျိုး
ဖွင့်ဆိုလို့ရတယ်

သိသူဆိုတာ_ဘာသိတာလဲ
အမှန်တရားကိုသိတာ
သတ္တဝါတွေရဲ့ အကျိုးစီးပွားရှိမယ့်အရာနဲ့
အကျိုးစီးပွားမရှိမယ့်အရာ ဒီနှစ်ခုကို
ခွဲခြားသိတယ်

အဲ့ဒီလို
မှန်ကန်တဲ့လမ်းကြောင်းနဲ့
မှားယွင်းတဲ့လမ်းကြောင်း
ထိုလမ်းကြောင်းအတိုင်း
လျှောက်လှမ်းလို့ရရှိလာမယ့်
အကျိုးတရားတွေကို ခွဲခြားပြီးတော့
"သိတယ်"​လို့

မြတ်စွာဘုရားသိရှိပုံနဲ့
ပတ်သက်ပြီးတော့ ဗုဒ္ဓရဲ့ဉာဏ်တော်တွေကို
အမျိုးမျိုးခွဲခြားပြီးတော့ ဉာဏ်တော်ဆယ်ပါးဆိုပြီး
ခွဲခြားရေးထားတာရှိတယ်

အဲ့ဒီအထဲမယ် "ဗုဒ္ဓ" ဆိုတဲ့စကားလုံးဟာ
“အသိဉာဏ်ဖွင့်သိသူ”​လို့ အဓိပ္ပါယ်ရတယ်

လောကမှာကြည့်လေ
သိသူနဲ့မသိသူဆိုတာ အလွန်ကွာခြားတယ်

မသိတဲ့ပုဂ္ဂိုလ်က
"မလုပ်သင့်တာကို လုပ်သင့်တယ်" လို့ထင်တယ်
လုပ်သင့်တာကို မလုပ်သင့်ဘူးထင်တယ်
အပြစ်ရှိတာကို အပြစ်မရှိဘူးထင်တယ်
အပြစ်မရှိတာကျတော့ အပြစ်ရှိတယ်ထင်တယ်

အဲ့ဒီလို မှားမှားယွင်းယွင်းထင်နေမှုကို
"မောဟ"​လို့ခေါ်တယ် Delusionလို့ဘာသာပြန်တယ်

မောဟဆိုတာ
အမှန်သိမှုအတွက် တွေဝေနေတဲ့ပုဂ္ဂိုလ်လို့

တွေဝေသူဆိုတာ
မဆုံးဖြတ်နိုင်တဲ့အနေအထားတစ်ခု
လွဲလွဲမှားမှားဆုံးဖြတ်တဲ့အနေအထားတစ်ခုကို
"တွေဝေတယ်"​ လို့ဆိုတာပေါ့

အဲဒီတော့ မောဟဆိုတာ
လောက​သားတွေ ကြည့်လိုက်မယ်ဆိုရင်
အမှန်မသိတဲ့အတွက်ကြောင့်
လူပြောသူပြော အများလျှောက်တဲ့လမ်းကို
လျှောက်ကြရတာဖြစ်တယ်
လူတကာသွားလို့ ဖုံနေတဲ့ လမ်းကြောင်းပေါ်မှာ
လျှောက်တယ်

သို့သော် အဲ့ဒီလမ်းကြောင်းဟာ
လမ်းဆုံးရောက်တဲ့အခါကျတော့
ကောင်းကျိုးချမ်းသာ ရ မရဆိုတာ
ကြိုတင်စဥ်းစားနိုင်စွမ်း မရှိဘူး

လမ်းဆုံးရောက်ရင်
ကောင်းကျိုးချမ်းသာရလိမ့်မယ်လို့
မျှော်လင့်ချက်နဲ့ပဲ လျှောက်ကြတယ်

သို့သော် မမှန်ကန်တဲ့လမ်းကို
လျှောက်မိပြီဆိုလို့ရှိရင် လမ်းဆုံးမှာ
ဒုက္ခရောက်တာပဲ

အဲ့ဒီဒုက္ခရောက်မှ သိပြီဆိုတဲ့အချိန်ဟာ
သိပ်နောက်ကျသွားပြီ၊ ဒီလိုဆိုလိုတာပေါ့
ဒါကြောင့်မို့ ဆင်းရဲဒုက္ခထဲမှာ နစ်မွန်းနေကြတယ်

"ဗုဒ္ဓ"ဆိုတဲ့ သိတဲ့ပုဂ္ဂိုလ်ဟာ
အသိဉာဏ်ရှိသည့် အတွက်ကြောင့်
ဒီလမ်းက မလျှောက်သင့်ဘူး
ဟိုလမ်းက လျှောက်သင့်တယ်
ဒီလမ်းရဲ့လမ်းဆုံးမှာ အန္တရာယ်တွေရှိတယ်

ဟိုဖက်လမ်းရဲ့လမ်းဆုံး ငြိမ်းချမ်းတယ်ဆိုတာ
ကြိုတင်ပြီးတော့ မြင်နိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ကို
“ဗုဒ္ဓ” လို့ခေါ်တယ်

"ဗုဒ္ဓ"ဆိုတာ အမည်နာမ မဟုတ်ဘူး
ဂုဏ်ထူးဝိသေသတစ်ခုပဲ၊သိတဲ့ပုဂ္ဂိုလ်ကိုခေါ်ရတာ

ဒါကြောင့်မို့ "ဗုဒ္ဓ"ဆိုတာ
ထူးခြားတဲ့ အသိဉာဏ်ရရှိသွားတဲ့ပုဂ္ဂိုလ်၊
ထို ထူးခြားတဲ့အသိဉာဏ်ကို အသုံးချပြီးတော့
မှန်ကန်တဲ့လမ်းကြောင်းကို ညွှန်ပြတယ်
ညွှန်ပြတယ်ဆိုတဲ့နေရာမှာ အဲဒီပုဂ္ဂိုလ်ရဲ့
နှလုံးသားဟာ အကြင်နာတရားတွေဖုံးနေတယ်
မဟာကရုဏာ လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်

အကြင်နာနဲ့ပညာ နှစ်ခုပေါင်းစပ်ပြီးတော့
လမ်းညွှန်မှ လမ်းမှန်တယ်
အကြင်နာတော့ရှိပါရဲ့ ပညာမရှိဘူးဆိုရင်
လမ်းမှားသွားနိုင်တယ်
ပညာတော့ရှိတယ် အကြင်နာမရှိဘူးဆိုရင်
ရက်စက်ကြမ်းကြုတ်တဲ့ပုဂ္ဂိုလ်မျိုး
ဖြစ်သွားတတ်တယ်

အဲဒါကြောင့်မို့
"ဗုဒ္ဓ"ဆိုတဲ့ ပညာကိုဦးတည်ပြီးတော့
ပြောရတာဖြစ်သော်လည်း
အကြင်နာတရားကလည်း ပညာနဲ့တန်းတူ
ကြီးမားတဲ့ပုဂ္ဂိုလ်မျိုးပဲ ဖြစ်ရမယ်တဲ့

နောက်တစ်ခု "ဗုဒ္ဓ"ဆိုတာ
ဘယ်လိုပုဂ္ဂိုလ် ဘယ်လိုလူသားမျိုးကို
ခေါ်တာလဲဆိုတော့
ဘုရားဖြစ်ကြောင်း အကျင့်ကောင်းတွေကျင့်တယ်
ဒါနနဲ့လေ့ကျင့်တယ်၊ သီလနဲ့လေ့ကျင့်တယ်
နေက္ခမ္မဆိုတဲ့ စွန့်လွှတ်မှုတွေနဲ့လေ့ကျင့်တယ်
ခန္တီဆိုတဲ့ သည်းခံမှုတွေနဲ့လေ့ကျင့်တယ်
ဝီရိယဆိုတာတွေနဲ့ လေ့ကျင့်တယ်
လေ့ကျင့်ထားတဲ့အတွက်
စိတ်ဓါတ်ယိမ်းယိုင်မှု မရှိဘူး

"ရှေးဦးစွာနိုးထလာသူ"

လောကလူသားတွေဟာ ဘာနဲ့တူလဲဆိုတော့
အမှန်မသိသည့်အတွက်ကြောင့်
အိပ်မောကျနေတဲ့ပုဂ္ဂိုလ်တွေနဲ့ တူတယ်

အိပ်မောကျနေပြီဆိုရင်
အကောင်းလည်းမသိဘူး၊အဆိုးလည်းမသိဘူး
အိပ်မောကျနေတုန်း မီးလောင်ရင်လည်း
ပါသွားတာပဲ၊ရေမြောရင်လည်း ပါသွားတာပဲ
ဆင်းရဲဒုက္ခတွေနောက် ကောက်ကောက်
ပါပြီးတော့ လိုက်သွားတာ

လောကကြီးက
အမှန်မသိလို့ မှောင်ကျပြီးတော့
အိပ်မောကျနေတဲ့ လောကထဲမှာ
ပထမဆုံး အသိဉာဏ်ရပြီးတော့
နိုးထလာတဲ့ပုဂ္ဂိုလ်ကို “ဗုဒ္ဓ” လို့ခေါ်တာပဲ

"ဗုဒ္ဓ"ဆိုတာ
တစ်နည်းအားဖြင့် Awaker
" နိုးထလာသူ"​ လို့ အဓိပ္ပါယ်ရတယ်
"အမှန်သိသူနဲ့ ရှေးဦးစွာနိုးထလာသူ"​လို့
ဒီအဓိပ္ပါယ်နှစ်ရပ်နဲ့
“ဗုဒ္ဓ”​ဆိုတဲ့ စကားလုံးကိုသုံးတာ
အဲဒီတော့ "ဗုဒ္ဓ"ဆိုတာ အမည်နာမ မဟုတ်ဘူး
Title လို့ခေါ်တယ်
ဂုဏ်ထူးဝိသေသရဲ့ နာမည်ဖြစ်တယ်
ဒီပညာအရည်အချင်းကိုကြည့်ပြီးတော့
“ဗုဒ္ဓ”​လို့ခေါ်တာ

အဲ့ဒီ အရည်အချင်းနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာ
လောကမှာပေါ်ထွန်းလာပြီးတဲ့နောက်
လောကအကြောင်းကို မှန်မှန်ကန်ကန်
သိရှိပြီးတဲ့အခါမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်
တင်ပေးသောအားဖြင့် ဘယ်လိုနေရမယ်၊
ဘယ်လိုထိုင်ရမယ်၊ ဘယ်လိုကျင့်ရမယ်ဆိုတာကို
တိတိကျကျပြည့်ပြည့်ဝဝ ဗြဟ္မစရိယဆိုတဲ့
လမ်းစဥ်တစ်ခုကိုချပြပြီးတော့ ပြည့်စုံတဲ့
ဟောကြားချက်တွေနဲ့ လောကသားတို့ရဲ့အကျိုးကို
ဆောင်ရွက်တာဖြစ်တယ်

"ဗုဒ္ဓ"ဆိုတဲ့ပုဂ္ဂိုလ် ပေါ်လာသည့်အတွက်ကြောင့်
သူ့ရဲ့ဟောပြောချက်ကိုကြည့်ပြီး လူတွေဟာ
ဒီအလုပ် လုပ်သင့်တယ်၊ဒီအလုပ်က
မလုပ်သင့်ဘူးဆိုတာလည်း ကွဲကွဲပြားပြား
သိကြရတယ်

ဒါက ကောင်းကျိုးပေးတဲ့ကုသိုလ်
ဒါက မကောင်းကျိုးပေးတဲ့
အကုသိုလ်ဆိုတာကိုလည်း ကွဲကွဲပြားပြား
သိကြတယ်

ဒါက အပြစ်ရှိတဲ့အလုပ်
ဒါက အပြစ်ကင်းတဲ့အလုပ်ဆိုတာလည်း
ကွဲကွဲပြားပြား သိရှိခွင့်ရကြတယ်
သိရှိခွင့်ရတဲ့အတွက်ကြောင့်
ဆောင်ရမှာကို ဆောင်၊ရှောင်ရမှာကို
ရှောင်သည့်အတွက်ကြောင့်
လောကသားတွေဟာ
အကျိုးဖြစ်ထွန်းကြတယ်
ကောင်းရာသုဂတိဘုံရောက်ကြရပါတယ်

(ပါမောက္ခချုပ် ဆရာတော် အရှင် နန္ဒမာလ)

  ပါရှင့်🙏" #ဝစီကံဝဋ်ကြွေးပေါ့ပေါ့မတွေးသင့်"      မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာ၀တီမိဖုရားထံ၀ယ် ခါးကုန်းနေသော ကျွန်မ...
05/04/2024

ပါရှင့်🙏

" #ဝစီကံဝဋ်ကြွေးပေါ့ပေါ့မတွေးသင့်"

မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာမာ၀တီမိဖုရားထံ၀ယ် ခါးကုန်းနေသော ကျွန်မတစ်ယောက်ရှိ၏။

၎င်းအမည်မှာ ခုဇ္ဇုတ္တရာ (ခါးကုန်း) မည်၏။

၎င်းအား မိဖုရားမှနေ့စဉ် ရှစ်အသပြာဖိုး ပန်းကို၀ယ်ခိုင်း၍ ဘုရားပန်းအိုးများကို လဲလှယ်စေ၏။

တစ်နေ့ ပန်းသည်၏အိမ်၌ မြတ်စွာဘုရားကြွ၍ တရားချီးမြှင့်တော်မူစဉ်ကြုံကြိုက်၍ ပန်း၀ယ်လာသူ ကျွန်မသည် တရားတော်ကို
ရိုသေစွာနာကြားခွင့် ရလိုက်လေသော် အလွန်ဉာဏ်ပညာ ကြီးရင့်ထက်မြက်သော ကျွန်မ ဖြစ်သဖြင့် ချက်ခြင်းပင် သောတာပန်
တည်လေ၏။

သူဟာ ပိဋကတ်သုံးပုံကိုအာဂုံ ဆောင်နိုင်တဲ့ ဗဟုသုတ ဧတဒဂ်ရပုဂ္ဂိုလ် ဖြစ်ပါတယ်။

ဒါပေမဲ့ သူတစ်ပါးရဲ့ခိုင်းဖတ်
ကျွန်ဖြစ်နေရပြီး ခါးကုန်းနေပါတယ်။

ဘာကြောင့် ဖြစ်ရတာလည်းလို့ မေးစရာရှိပါတယ်။

သူဟာ ကဿပမြတ်စွာဘုရားရှင်
လက်ထက်တုန်းက သူဌေးသမီး တစ်ယောက်ဖြစ်ခဲ့တယ်။

ညနေခင်း ရေချိုးပြီးတဲ့အချိန် သနပ်ခါးလူးပြီးတော့ မှန်ရှေ့မှာ အလှပြင်နေတယ်။

အဲဒီအချိန်မှာရဟန္တာ ဘိက္ခူနီမတစ်ပါးအိမ်ရောက်လာတယ် ဘိက္ခုနီမ ရောက်လာတော့ သနပ်ခါးလူးနေရင်းနဲ့ သူ့ရဲ့ပေါင်ဒါဘူးမိတ်ကပ်ဘူးလေးက သူနဲ့ ခပ်လှမ်းလှမ်းမှာ ရောက်နေတယ်။

အဲဒီနေရာကလည်း ခုနဘိက္ခုနီမနဲ့ နီးတယ်။ အဲဒီတော့သူက ထပြီးမယူချင်ဘူးပျင်းတာနဲ့...

အရှင်မ အဲဒီ မိတ်ကပ်ဘူးလေး အလှပြင်ဘူးလေး ခဏလှမ်းလိုက်စမ်းပါလို့ ဘိက္ခုနီမကို လှမ်းပြီးတော့ ခိုင်းလိုက်တယ်။

အဲဒီမှာဘိက္ခုနီမက...

တကယ်လို့ ငါမယူပေးဘူးဆိုရင်တော့ ငါ့ကို စိတ်ဆိုးလိမ့်မယ် ရဟန်းမတစ်ပါးကို စိတ်ဆိုးလို့ရှိရင် သူသေရင် ငရဲရောက်လိမ့်မယ်။

တကယ်လို့ ယူပေးလိုက်မယ်
ဆိုရင်တော့ ဖြစ်လေရာဘ၀မှာ ကျွန်ဖြစ်လိမ့်မယ်။

ငရဲကျတာထက် စာရင်တော့
ကျွန်ဖြစ်ရတာက တော်ပါသေးတယ် ဆိုပြီး မိတ်ကပ်ဘူးလေးကို ယူပေးလိုက်ပါတယ်။

အဲဒီလို ဘိက္ခုနီမတစ်ပါးကို ကိုယ်ထက်မြင့်မြတ်တဲ့ သာသနာနွယ်၀င် ပုဂ္ဂိုလ်ကိုခိုင်းခဲ့တဲ့ အတွက်ကြောင့်
ကျွန်ဖြစ်ရပါတယ်။

ခါးကုန်းရတာကတော့ ဘုရားမပွင့်မီ ဘ၀တစ်ခုမှာဗာရာဏသီပြည် နန်းတော်ထဲက ရံရွှေတော် တစ်ယောက်ဖြစ်ခဲ့တယ်။

အဲဒီ ဗာရာဏသီနန်းတော်ထဲမှာ ပစ္စေကဗုဒ္ဓါအရှင်မြတ် ရှစ်ပါးနေ့စဉ် ဆွမ်းခံကြွပါတယ်။

အဲဒီထဲက တစ်ပါးက နည်းနည်းခါးကုန်းနေတယ်။

အဲဒါကို ခုဇ္ဇုတ္တရာလောင်းလျာရံရွှေတော်က သူငယ်ချင်းတွေနဲ့ဝိုင်းဖွဲပြီးတော့ စကြနောက်ကြပြီဆိုရင် တစ်ခါတရံမှာ သူက ကမ္ဗလာအနီကြီးကို သင်္ကန်းလိုလုပ်ပြီးခြုံ ရွှေဖလားကြီးကို သပိတ်လို ပိုက်ပြီးတော့ ငါတို့နန်းတော်ထဲ ဆွမ်းခံကြွတဲ့ ဟို အရှင်မြတ်က ဒီလိုဒီလို ကုန်းတယ်ဆိုပြီး ခါးကုန်းတဲ့ပုံ လုပ်ပြပါတယ်။

ကွယ်ရာမှာ အပျော်သဘောနဲ့
ပြောင်လှောင် ခဲ့ပါတယ်။

ကာယကံရှင်ကို လက်ညှိုးထိုး
စွတ်စွဲပြောဆို စော်ကားမှ အကျိုးပေးတာ မဟုတ်ဘူး ကွယ်ရာမှာ အချင်းချင်းပြောဆိုရင် ကိုယ်တစ်ကိုယ်တည်း ပြောဆိုနေရင်လည်းအကုသိုလ်ကံ အထမြောက်တဲ့အကြောင်းတွေ့ရပါတယ်။

အဲဒီလို ပစ္စေကဗုဒ္ဓါကို ရည်ညွန်းပြီး ကွယ်ရာမှာ နောက်ပြောင်လိုက်တဲ့အတွက် အဲဒီကံအကျိုးပေးက ဘ၀တိုင်းမှာ ခါးကုန်းရပါတယ်။

ကျွန်အဖြစ်နေရပြီး ခါးကုန်းနေရ ပေမယ့် ဉာဏ်ကောင်းပြီးဗဟုသုတပြည့်စုံပါတယ်။

အဲဒီလိုပြည့်စုံတာကတော့ပစ္စေကဗုဒ္ဓါ အရှင်မြတ်ရှစ်ပါး နန်းတော်ကို ဆွမ်းခံကြွတာ တစ်နေ့တော့ ပူနေတဲ့ နို့ဃနာဆွမ်းတွေ လောင်းလှူလိုက်တယ်။

နို့ဃနာဆွမ်းတွေက ပူနေတော့ သပိတ်ကလည်းပူတယ် အဲဒီတော့ ပူနေတဲ့သပိတ်ကို အရှင်မြတ်များအေးဆေးပုံမှန်အတိုင်း မကိုင်နိုင်တော့ဘဲဟိုဘက်သည်ဘက် ပြောင်းလိုက်နဲ့ဣ‌နြေ္ဒမရဖြစ်နေချိန်မှာ ခါးကုန်းတာပြောင်ပြတဲ့ ရံရွှေတော်မလေးက သူ့လက်မှာ ပတ်ထားတဲ့ ရွှေလက်ကောက်ရှစ်ကွင်းကို ချွတ်လိုက်ပြီးတော့...

အရှင်မြတ်တို့...
သပိတ်အောက်မှာ သပိတ်ခြေအဖြစ်နဲ့ အသုံးပြုပါလို့ အပြီးအပိုင်
လှူခဲ့ပါတယ်။

အပူဒဏ်သက်သာအောင်ရွှေလက်ကောက် လှူခဲ့တဲ့ကောင်းမှုကြောင့်ကိလေသာအပူတွေ ငြိမ်းပြီးတော့ဉာဏ်ပညာ ထက်မြက်တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် ဖြစ်လာခဲ့ရပါတယ်။

မြတ်စွာဘုရား၏ သာသနာတော် နှင့် တွေ့ကြုံနေခိုက် အကျင့်မှန်ကို ကောင်းစွာ ကျင့်ကြံပွားများခွင့်ရသောအချိန်အခါ ဖြစ်ပါတယ်။

ယခုသုတ္တန်အား ကြည့်ခြင်းအားဖြင့် မကောင်းသော ၀ဋ်ဒုက္ခအပေါင်းမှ မတွေ့ကြုံစေရန် အလို့ငှာ ကိုယ်နှုတ် စိတ် တို့ကို ကောင်းစွာထိန်းသိမ်း ကြရန်လိုပါသည်။

Credit

လှလိုက်တာ😍
28/03/2024

လှလိုက်တာ😍

🌷သိထားရင် သက်သာပါတယ်🌷တွေ့ဆုံသမျှတွေကခွဲခွာရဖို့အတွက်သာဖြစ်တယ် ။ဝေနေသမျှတွေကကြွေကျဖို့အတွက်သာဖြစ်တယ် ။ဖြစ်လာသမျှတွေကပျက်က...
03/03/2024

🌷သိထားရင် သက်သာပါတယ်🌷

တွေ့ဆုံသမျှတွေက
ခွဲခွာရဖို့အတွက်သာဖြစ်တယ် ။

ဝေနေသမျှတွေက
ကြွေကျဖို့အတွက်သာဖြစ်တယ် ။

ဖြစ်လာသမျှတွေက
ပျက်ကြဖို့အတွက်သာဖြစ်တယ် ။

သစ်နေသမျှတွေက
ဟောင်းဖို့အတွက်သာဖြစ်တယ် ။

သန်မာနေသမျှတွေက
ယိုင်လဲဖို့အတွက်သာဖြစ်တယ် ။

မှားယွင်းမှုတွေက
ပြုပြင်သင်္ခန်းစာယူဖို့သာဖြစ်တယ် ။

မှန်ကန်မှုတွေက
သိပြီးကျင့်ဖို့အတွက်သာဖြစ်တယ် ။

မကောင်းမှုတွေက
ဆင်းရဲဖို့အတွက်သာဖြစ်တယ် ။

ကောင်းမှုတွေက
ချမ်းသာဖို့အတွက်သာဖြစ်တယ် ။

ခန္ဓာရလာခြင်းက
အိုနာသေဖို့အတွက်သာဖြစ်တယ် ။

စိတ်ကောင်းလေးတွေက
ဘ၀ကောင်းဖို့အတွက်သာဖြစ်တယ် ။

မတည်မြဲတာတွေမှာစွဲလန်းနေမိရင်
စွန့်လွှတ်ခွဲခွာဖို့ဟာ ခက်နိုင်ပါတယ် ။

သာရ ဂ ဝေ သီ

မမေ့ပါနဲ့…ကုသိုလ်ကိုလည်းမမေ့နဲ့အကုသိုလ်ကိုလည်းမမေ့နဲ့။"ကုသိုလ်"ကိုမေမ့တာကတိုးပွါးများပြားလာအောင်အားထုတ်ဖို့။မိမိဘဝကိုအဆင...
28/02/2024

မမေ့ပါနဲ့…
ကုသိုလ်ကိုလည်း
မမေ့နဲ့

အကုသိုလ်ကိုလည်း
မမေ့နဲ့။

"ကုသိုလ်"ကို
မေမ့တာက
တိုးပွါးများပြားလာအောင်အားထုတ်ဖို့။

မိမိဘဝကိုအဆင့်အတန်းမြင့်ပေးတာကုသိုလ်ပါ။

"အကုသိုလ်"ကို

မ​မေ့ဖို့က
တဖြည်းဖြည်းအားနည်းအောင်ပြုပြီး
အကြွင်းမဲ့ သုတ်သင်ဖယ်ရှားနိုင်ဖို့။

မိမိဘဝကိုကျဆုံးသွားစေတာအကုသိုလ်ပါ။

သတိ
မထားရင်
ကုသိုလ်လုပ်ရမှာ
မေ့နေတတ်တယ်။

သတိမထားရင်အကုသိုလ်ကိုဖယ်ရှားရမှာမေ့နေတတ်တယ်။

(မဟာဗောဓိမြိုင်ဆရာတော်)

"  #မိမိစိတ်ကိုထိန်းသိမ်းနည်း "_________________________လောကမှာ လူတွေဟာ အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ -- မဟုတ်မမှန်တာတွ...
16/02/2024

" #မိမိစိတ်ကိုထိန်းသိမ်းနည်း "
_________________________

လောကမှာ လူတွေဟာ
အချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ -

- မဟုတ်မမှန်တာတွေ ပြောတာတွေ
- ရိုင်းရိုင်းပြပြ ပြောတာတွေ
- ကျိုးကြောင်းစီလျော်မှုမရှိဘဲ ပြောတာတွေ
ကြုံတွေ့နိုင်တယ်။

အဲလိုစကားတွေ ကြားလာခဲ့ရင် -

#မြတ်စွာဘုရားက_ကျင့်စဉ်လေး_ပေးထားတယ် ။
"န စဝေ မေ စိတ်တံ ဝိပရိဏတံ ဘဝိဿတိ "

- ငါ့စိတ်က အပြောင်းအလဲ မဖြစ်စေရဘူး လို့ အဲဒီလို စိတ်မဆိုးနဲ့တဲ့။

- ပင်ကိုယ်စိတ်ကလေးက ရုပ်ပျက်ဆင်းပျက်
ဖြစ်မသွားစေနဲ့ ။

- ဒေါသစိတ် မဖြစ်ပေါ်နဲ့ ။
- စိတ်ဓါတ် မပြောင်းလဲသွားစေနဲ့တဲ့ ။
- အပြောမခံရခင်က စိတ်ကတစ်မျိုး၊ အပြောခံရတဲ့အခါမှာ စိတ်ကတစ်မျိုး
အဲဒီလို မပြောင်းလဲသွားစေနဲ့ တဲ့

#အပြောမခံလိုက်ရခင်က_စိတ်မျိုးကို_ထိန်းထားပါတဲ့
မျက်နှာကြော တင်းသွားတာတို့ ၊
ဒေါသနဲ့ ပြန်ပြောမိတာတို့
ဖြစ်တတ်ပါတယ် ။
အဲဒီလို စိတ်ပြောင်းလဲမသွားအောင် ထိန်းပါ တဲ့ ။

#တရားကျင့်တယ်ဆိုတာလဲဒါပါပဲ ။

တရားကျင့်တယ် ဆိုတာ အများက
" တင်ပလ္လင်ခွေ ထိုင်ပြီး မျက်စိကို စုံမှိတ်ထားတာ
အဲဒီလိုမျိုး ထိုင်မှ တရားကျင့်တယ်၊
တရားအားထုတ်တယ် လို့ ထင်တယ် ။
အဲဒီလိုကျင့်တာက
သမာဓိရအောင် ကျင့်တာ ခေါ်တယ် ။

ကိုယ့်စိတ်ကလေးကို ပြောင်းလဲသွားတာမျိုး
မဖြစ်အောင် ထိန်းနိုင်တာကိုလည်း
တရားကျင့်တယ် လို့ သတ်မှတ်နိုင်တယ် ။

ဒါကြောင့် စိတ်ဆုံးဖြတ်ချက် ချပြီးတော့
စိတ်ကလေးကို ထိန်းသိမ်းမယ် လို့
သန္နိဋ္ဌာန် ချထားလိုက်ပါ ။

-----------------------------------------

#စိတ်ကလေးကို_မထိန်းနိုင်လို့_ပြောင်းသွားပြီဆိုရင်
#ထပ်ပြီး_ထိန်းလိုက်ရမှာက -

- မကောင်းတဲ့ စကားနဲ့ မတုန့်ပြန်နဲ့ ။
- ရိုင်းရိုင်းစိုင်းစိုင်း မတုန့်ပြန်နဲ့ တဲ့ ။
- မကြားဝံ့ မနာသာ စကားမျိုးတွေ မထွက်ပါစေနဲ့ တဲ့ ။

( ၁) စိတ်မဆိုးမိအောင် ထိန်းလိုက်ပါ ။

( ၂ ) တကယ်လို့ စိတ်မထိန်းနိုင်လို့ ဒေါသ ဖြစ်မိရင်လဲ
မကြားဝံ့ မနာသာ စကားတွေနဲ့ မတုန့်ပြန်လိုက်ပါနဲ့ တဲ့

လူက ကိုယ့်ကိုလာပြီးဆဲရင် ပြန်ပြီး ဆဲတတ်ကြတယ် ။
ဒါကြောင့် ယုတ်ယုတ်မာမာ စကားလုံးတွေနဲ့ပြန်မပြောပါနဲ့ လို့ ပြောတာ ။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးဘူး ။
ဒါက မျိုသိပ်နိုင်တဲ့ အဆင့်ထိ ပြောတယ် ။
တချို့က ပြောတယ် ။ မျိုသိပ်ရတာ များရင်
ပေါက်ကွဲကုန်မယ် တဲ့ ။ တနည်းအားဖြင့်
သည်းခံတယ် ဆိုတာ အတိုင်းအတာ ရှိတယ်
ဒါကြောင့် မပေါက်ကွဲအောင် ဘယ်လိုလုပ်ရမလဲ ။

( ၃ ) အဲဒီစကားလာပြောတဲ့ ပုဂ္ဂိုလ်ရဲ့ ကောင်းကျိုးကို လိုလားတဲ့ စိတ်ကလေး မွေးလိုက်ပါ တဲ့ ။
ဒေါသစိတ်နဲ့ မတုံ့ပြန်ဘဲ နေလိုက်ပါ ။
စိတ်ဓါတ်ကို ပြောင်းလိုက်တာနော် ။

( ၄ ) ဒီလို ပြောတဲ့ ပုဂ္ဂိုလ်ရဲ့ အကျိုးကို လိုလားတဲ့စိတ်နဲ့ မေတ္တာ ပို့ပေးပါ ။

ဒီလိုမှ မဟုတ်ရင် ပေါက်ကွဲသွားနိုင်တာကိုး
ဒါကြောင့် မြတ်စွာဘုရားရှင်က
ကိုယ့်ကို ဒီလိုမျိုး ဆက်ဆံလာလို့ရှိရင် -

#ပထမ - ပြောလာတဲ့သူကို စိတ်မဆိုးမိအောင် စိတ်ကို ထိန်းလိုက်ပါ ။

#ဒုတိယ - ကြမ်းတမ်းတဲ့ စကားတွေနဲ့ မတုံ့ပြန်ပါနဲ့ ။

#တတိယ - အကျိုးလိုလားတဲ့ စိတ်ကလေး
မေတ္တာစိတ်ကို မွေးလိုက်ပါ တဲ့ ။

#ပိုပြီးခိုင်မာလာအောင်- အဲဒီပုဂ္ဂိုလ်ကို မေတ္တာပွားများပေးလိုက်ပါ တဲ့ ။

#နောက်တစ်ခုက- အဲဒီလူအပေါ်ကနေ မေတ္တာစိတ်ကလေး ထားရာကနေ ပိုပြီးကျယ်ပြန့်တဲ့မေတ္တာနဲ့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာ ဖြန့်ကျက်လိုက်ပါတဲ့ . . ။
---------------------------------------------------

လွယ်လွယ်ကူကူတော့ရမှာ မဟုတ်ပေမယ့်
လေ့ကျင့်ယူကြရမယ် ။

တချို့ကပြောတယ် ။
ကိုယ်နဲ့ မတန်တဲ့သူကို ဘယ်လိုမှ
မေတ္တာ ထားလို့ မရဘူး တဲ့ ။ ဒါဟာ
အမုန်းတရားကို အရှုံးပေးနေတာပါပဲ ။
အဲဒီလူမှာ မေတ္တာဓာတ် အလွန်အားနည်းနေလို့ပဲ ။

လူတွေရဲ့ မွေးရာပါ သန္တာန်မှာ
အကောင်းနဲ့ အဆိုး ( ၂ ) မျိုးပဲ ရှိတယ် ။
သဘာဝ( ၂ ) မျိုးမှာ ဒေါသဆိုတဲ့ အဆိုးတရားက #လွှမ်းမိုးနေလို့ မေတ္တာဓါတ်တွေ အားနည်းနေတာ ဖြစ်တယ် ။

ဒါဆို ဘယ်လိုလုပ်ရမလဲ ။
မေတ္တာဓါတ်တွေ ရလာအောင်
တဖြည်းဖြည်း လေ့ကျင့်ယူရမှာပေါ့ ။
မလေ့ကျင့်ဘဲ ဘာမှ မဖြစ်လာနိုင်ဘူး။

တောင်တက်သမားတွေ ဆိုရင်လဲ လေ့ကျင့်ရတယ် ။
ဘောလုံးသမားတွေဆိုရင်လည်း လေ့ကျင့်ရတာပါပဲ ။
ရေကူးသမားတွေလည်း လေ့ကျင့်ရတာပဲ ။
လေ့ကျင့်ရင် စွမ်းရည် တက်လာတာပဲ။

#စိတ်ကိုလည်းလေ့ကျင့်ပေးရင်စွမ်းရည်တက်လာမှာပါပဲ ။

" #ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ "
( မေတ္တာနှလုံး အစဉ်သုံး ၊ စာ- ၂၄- ၃၁ ) မှ

Edit - ဆရာတော်အရှင် စန္ဒာသီရိ 🙏

စေတနာသည်_ကံတရား_အစစ်======================= လူအများက ဘယ်သူဟာ ကံကောင်းတယ် ,ဘယ်သူဟာ ကံဆိုးတယ်လို့ ပြောဆိုလေ့ ရှိကြတယ် … ကံ...
08/02/2024

စေတနာသည်_ကံတရား_အစစ်
=======================

လူအများက
ဘယ်သူဟာ ကံကောင်းတယ် ,
ဘယ်သူဟာ ကံဆိုးတယ်လို့
ပြောဆိုလေ့ ရှိကြတယ် …

ကံကောင်းခြင်း ကံဆိုးခြင်းကို
ဘယ်သူကမှ လာရောက် ဖန်တီးပေးခြင်း
မဟုတ်ဘူး …

ကိုယ့်ကံ ကိုယ်သာလျှင်
ဖန်တီးနေကြခြင်း ဖြစ်တယ် ဆိုတာ
နားလည်ကြရမယ် …

ကံတရားလို့ ပြောလေ့ရှိကြရာမှာလဲ
ကံတရား အစစ်ဟာ
ဘာကို ဆိုလိုသလဲ ဆိုတာ
ဆုပ်ကိုင်၍ ပြစမ်းပါလို့ မေးခဲ့လျှင်
မြတ်စွာဘုရားရှင်က -
❝ စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ ❞ လို့
ဟောကြားတော်မူခဲ့တယ် …

#ဘိက္ခဝေ ချစ်သားရဟန်းတို့
#စေတနံ စေတနာကို
#ကမမှံ ကံဟူ၍
#အဟံ ငါဘုရားသည်
#ဝဒါမိ ဟောတော်မူ၏ ❞ တဲ့ …

ထို့ကြောင့် -
❝ ကံတရား ဆိုတာ
မိမိတို့၏ စိတ်ရင်းထဲမှ ဖြစ်ပေါ်လာကြတဲ့
စေတနာပင် ဖြစ်တယ် ❞ …

စေတနာ ဆိုတာ ကံတရား အစစ်ပဲ
🔹စေတနာ ကောင်းလျှင် ကံကောင်းမယ်
🔹စေတနာ ဆိုးလျှင် ကံဆိုးမယ်
🔹စေတနာ ယုတ်လျှင် ကံယုတ်မယ်
🔹စေတနာ မြတ်လျှင် ကံမြတ်မယ်
🔹စေတနာ ဖြောင့်လျှင် ကံဖြောင့်မယ်
🔹စေတနာ ကောက်လျှင် ကံကောက်မယ်
🔹စေတနာ မွဲလျှင် ကံမွဲမယ်
🔹စေတနာ ဌေးလျှင် ကံဌေးမယ်
🔹စေတနာ စင်ကြယ်လျှင် ကံစင်ကြယ်မယ်
🔹စေတနာ ညစ်ပတ်လျှင် ကံညစ်ပတ်မယ်
🔹စေတနာ ဖြူလျှင် ကံဖြူမယ်
🔹စေတနာ မဲလျှင် ကံမဲမယ်
🔹စေတနာ မြင့်လျှင် ကံမြင့်မယ်
🔹စေတနာ နိမ့်လျှင် ကံနိမ့်မယ်

အဲဒါကို
မြဲမြဲ မှတ်ထားကြပါ …

အရှင်းဆုံး , အပေါ်လွင်ဆုံး
ဥပမာတစ်ခု ပြောရမယ် ဆိုလျှင်
မိမိရဲ့ ရှေ့တည့်တည့်မှာ
ကိုယ်လုံးပေါ်မှန်ကြီးတစ်ချပ် ချပြီး ကြည့်ပါ …

မိမိက
ပြုံးပြီး ကြည့်လျှင် ပြုံးနေတဲ့ပုံကို တွေ့ရမယ်
မဲ့ပြရင် မဲ့နေတာကိုပဲ တွေ့ရလိမ့်မယ် …

အဲဒီ ပုံသဏ္ဌာန်ကို မိမိမှ တပါး
အပြင်ပက ဘယ် တန်ခိုးရှင် ,
ဘယ် ဘုရားသခင်ကမှ
ဖန်ဆင်းပြီး ပြလာကြတာ မဟုတ်ဘူး…

ဗုဒ္ဓသာသနာတော်က ပြောတဲ့
❝ ကံတရား ဆိုတာ ❞ ဒါပါပဲ …

သတ္တ လောကကြီး အတွင်းမှာ
ကိုယ့်ကံ ကိုယ်ကြိုက်သလို ဖန်တီး နိုင်ကြတယ်
ကိုယ်ကြိုက်သလို ဖန်တီးယူနေကြခြင်း ဖြစ်တယ် …

(တောင်တန်းသာသနာပြုဆရာတော်ကြီး )

#မူရင်းရေးသားပူဇော်သူကိုလည်းဂါရဝပြုပါသည်

@ #ကိုအေးပြန်လည်မျှဝေပါသည်

Address

အမှတ်​ ၆၄၂ ​ရွှေပြည်​သာလမ်းမကြီး ၆အ​နောက်​ရပ်​ကွက်​ သာ​ကေတမြို့နယ်
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 17:00

Telephone

+95 9 790 142982

Website

Alerts

Be the first to know and let us send you an email when Htike Aung Computer & Mobile Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share