24/11/2023
ဝန်ထမ်းတစ်ယောက်ကို ခန့်တော့မယ်ဆိုရင် (သို့) ရာထူးကြီးပေးတော့မယ်ဆိုရင် Skill (၃)ခုကို ကြည့်ရမယ်။
(၁) Technical skill
(၂) Human skill
(၃) Conceptual skill
အဲဒီ Skill (၃)ခုအပေါ်မှာ စဉ်းစားရမယ်၊ အဲဒီ skill (၃)ခုကို Skill, Semi-skill, Un-skill တွေနဲ့ပြန်တိုက်ပြီး စဉ်းစားရမယ် -
Technical skill က ရာထူးကြီးရင် သိပ်မလိုဘူး။ ရာထူးငယ်လေ Technical skill များများလိုလေ။
Manager Supervisor Staff
Technical Skill 20 30 50
Human Skill 30 50 20
Conceptual Skill 50 20 30
ဥပမာ- ဘာသာပြန်လုပ်ငန်းတစ်ခုမှာ မန်နေဂျာမရှိဘူး Executive နှစ်ယောက်ရှိတယ်။ အဲဒီနှစ်ယောက်လုံးကို သူဌေးက မန်နေဂျာရာထူးတိုးပေးချင်တယ်။ ဘာသာပြန်ကောင်းမလေးက မန်နေဂျာရာထူးမလိုချင်ဘူး။ (မလိုချင်ပေမယ့် လိုအပ်ရင် မန်နေဂျာရာထူးပေးမှာပဲ) သူကမန်နေဂျာရာထူးမလိုချင်းဘူး။ Executive လစာနဲ့ ကျေနပ်တယ်၊ အဲဒီရာထူးအတွက် ကျေနပ်တယ်လို့ပြန်ပြောတယ်။ သူမန်နေဂျာရာထူး မလိုချင်ဘူးလို့ပြန်ပြောတာ က Human skill (communication skill) နည်းတာ။ သူက Technical skill များပြီး Human skill နည်းသွားတာ ဒါမျိုးက မကောင်းပါဘူး။
Technical skill, Human skill ပဲကောင်းတဲ့သူကို မန်နေဂျာရာထူးတိုးပေးရင် အဆင်မပြေဖြစ်တက်တယ်။ မန်နေဂျာရာထူး မလိုချင်တဲ့သူကို အတင်းရာထူးပေးရင် Management ပိုင်းမှာ အားနည်းသွားလိမ့်မယ်။ လုပ်ငန်း ခွင် ထိခိုက်နိုင်ပါတယ်။ ၀န်ထမ်းတစ်ယောက်ကိုပဲခန့်ခန့်၊ ရာထူးတိုးပေးဖို့ပဲ စဉ်းစားစဉ်းစား skill ၃-ခုအပေါ်မှာပဲ စဉ်းစားရမယ်။ ၀န်ထမ်းခန့်တော့မယ်ဆိုရင်လည်း သူလာလျှောက်တာ ယာဉ်ကြီးကြပ်ရေးမှူးရာထူး။ သူ့အရည် အချင်းက semi- skill ပဲရှိတယ်။ ခန့်လို့မရဘူး။ ဒါကိုသူဌေးက ရပါတယ်ကွာဆို ခန့်လိုက်ရင် လုပ်ငန်းမှာ ထိခိုက်မှု တွေရှိလာနိုင်တယ်။ ဒါကြောင့် ဘယ်သောအခါပဲဖြစ်ဖြစ် ၀န်ထမ်းခန့်တော့မယ်ဆိုရင် Skill, semi-skill, un-skill, Technical skill,Human skill, conceptual skill နဲ့ ထည့်သွင်းစဉ်းစားရမယ်။
HR သမားတွေက လက်တွေ့ဘာမှလုပ်လို့မရဘူး။ အခြေအနေအချိန်အခါပေါ် မူတည်ပြီး Conceptual Skill နဲ့ Human skill ကို အများဆုံးအသုံးချရလို့ ဒီ Skill နှစ်ခုက အလွန်ပဲအရေးကြီးပါတယ်။ ဥပမာ- HR staff ဆိုကြပါစို့ Supervisor လည်းမဟုတ်ဘူး။ Office staff က Technical skill အများဆုံးရှိရမယ်။ ဒါပေမယ့် ဒါကစာထဲမှာ။ ဥပမာ- Company တစ်ခုမှာ HR Manager မရှိဘူး။ ၀န်ထမ်းက ၄၀ရှိတယ်။ Admin Manager ကလည်း HR ဌာန ကို မကြည့်ဘူး။ ဌာနမှာလည်း ကိုယ်ရယ် ကိုယ့်ထက်က Executive ပဲရှိတယ်။ Executive မီးဖွားခွင့် (၃)လ ယူသွားရင် ဒီရုံးမှာ HR နဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို HR staff ကပဲ ဖြေရှင်းပေးရမယ်။ အဲအချိန်ကျရင် Technical skill ပဲရှိလို့ ရပါဦးမလား၊ မရတော့ဘူးနော်။ ကုမ္ပဏီကိစ္စအကုန်လုံးကို ဖြေရှင်းရတော့မှာ။ ဒါကြောင့် Technical skill ကို အဓိကထားလို့ မရတော့ဘူး။ ဒါကြောင့် မည်သည့်အချိန် မည်သည့်နေရာတွင်မဆို HR သမားတစ်ယောက်၏တာဝန်သည် Human skill နဲ့ Technical skill အပေါ်မှာပဲ မူတည်ပြီး စဉ်းစားရမယ်။
HR Manager (or) Staff တွေက အခြားဝန်ထမ်းတွေထက် ပိုပြီးတာဝန်ကြီးတယ်။ ဥပမာ- Marketing ၀န်ထမ်းတစ်ယောက်အမှားလုပ်မိရင် သူ့အထက်လူကြီးက ဖြေရှင်းပေးတယ်။ HR ၀န်ထမ်းတစ်ယောက် HR Manager မရှိတဲ့အချိန်မှာ အမှားလုပ်မိရင် ဘယ်သူက ဖြေရှင်းပေးမှာလဲ၊ ဘယ်သူမှတာဝန်မခံဘူး။
ခွင့်တွေ အကုန်လုံးကို တွဲပေးလို့ရတယ်။ တွဲမပေးနဲ့လို့ ဥပဒေထဲမှာ မပြောထားဘူး။ လုပ်ငန်းခွင်လည်း အဆင်ပြေရမယ်၊ အချို့က အတိအကျကြီးလုပ်ကြတယ်။ ကို့ရို့ကားယားတွေလုပ်ကြတယ်။ (ရှောင်တခင်)ကို တွဲမပေးရင် Management out သွားလိမ့်မယ်။ တွဲမပေးရင် အစိုးရက အရေးယူမှာလား။ အရေးကြီးတာ သတ်မှတ် ထားတဲ့ ခွင့်တွေပေးဖို့၊ ဥပဒေက လုံးဝတွဲမပေးရဘူးလို့ မပြောထားပါ။ ဥပဒေထက်ပိုကောင်းအောင် လုပ်လို့ရတယ်။ ရှောင်တခင်နဲ့အခြားခွင့်တွေ တွဲမပေးဘူးဆိုတာ စာထဲမှာပဲရှိတယ်။ ၀န်ထမ်းက အခြားခွင့်တွေလည်းမရှိတော့ဘူး။ ရှောင်တခင်ခွင့်နဲ့လည်း တွဲပေးလို့မရဘူးဆို ဘာမှလုပ်လို့မရတော့ Management out သွားလိမ့်မယ်။ ရှောင်တခင် က ကျန်သေးရင်တွဲပေးလို့ရတယ်၊ ဘာမှမဖြစ်ဘူး။ ဥပဒေက တွဲပေးလိုက်လို့ ပြဿနာမရှာဘူး။ အရေးကြီးတာက သတ်မှတ်ရက်တွေအတိုင်း ပေးကိုပေးရမယ်။
ရှောင်တခင်ခွင့်က ရုတ်တရက်ကိစ္စပေါ်လာလို့ ခွင့်ယူတာ။ ဥပမာ-တစ်နေ့လုံးနေကောင်းတယ် ညနေကျမှ နေမကောင်းဖြစ် မနက်ရုံးကိုဖုန်းဆက်ပြီး ခွင့်ယူတာမျိုး။
မေးသူ ။ ။ ဆရာ ညီမသူငယ်ချင်းတစ်ယောက် ပြီးခဲ့တဲ့ စနေရော၊ တနင်္ဂနွေရော (၂)ရက်လုံး ပြည်သူ့ရင်ပြင် မှာ ပွဲလုပ်တော့ Sale & Marketing ဆိုပြီး ပစ္စည်းရောင်းရတယ်။ မိုးတွေရွာလို့ မိုးတွေမိတယ်၊ တနင်္ဂနွေနေ့ညကျ တော့ ဖျားလို့ မနက်ခွင့်တင်တာကို သူတို့ရုံးကခွင်မပေးပဲ တစ်ရက်စာ လစာဖြတ်လိုက်တယ်။ အဲ့လို လုပ်လို့ရလားဆရာ။
အဲ့ဒါက Management out တာပါ။ အမှန်ဆို ရှောင်တခင်ရဲ့သဘောတရားက အရေးပေါ်မို့လို့ယူတာ။ ခွင့်မတိုင်ရင်တောင် ဘာမှလုပ်လို့မရဘူး။ အရေးကြီးတာက သူဒီနေ့ရုံးလုံးဝပျက်သွားပြီး ခွင့်တိုင်သည်ဖြစ်စေ၊ ခွင့်မတိုင်သည်ဖြစ်စေ ရုံးတက်တဲ့နေ့မှာ ခွင့်တိုင်ရမယ်။ ခွင့်ကြိုမတိုင်တာ သွားပြောလို့မရဘူး။ သူကအရေးကြီးကိစ္စ ရှိလို့ မတိုင်ဖြစ်တာ။ တစ်ရက်ကတော့ လျော့ကိုလျော့ပေးရမယ်။ ခွင့်တိုင်ချင်မှလည်းတိုင်မယ်။ အရေးကြီးတာက သူမနေ့ကပျက်သွားပြီး ဒီနေ့ရုံးတက်ရင် ခွင့်တိုင်ကိုတိုင်ရမယ်။ အဲ့လိုတိုင်ဖို့ အရေးကြီးတယ်။ အဲ့လိုမှမဟုတ်ဘူး ရုံးတက်တဲ့နေ့လည်း ခွင့်မတင်ဘူးဆိုရင် ကြိမ်းသေပြီ အဲ့ဒါလစာမဲ့ခွင့်။ အမြင်ကက်ပုဒ်မနဲ့ ဘယ်နှစ်ဆဆိုပြီး ဖြတ်ချင်ဖြတ်လို့ရသေးတယ်။ စည်းကမ်းဖောက်ဖျက်မှုဆိုပြီးလည်း လုပ်လို့ရသေးတယ်။ အဲ့ဒါ ရှောင်တခင်ခွင့်ရဲ့ သဘောတရားပါ။
မေးသူ ။ ။ သူ့ရုံးက ဆေးလက်မှတ်မပြနိုင်လို့ ခွင့်မပေးဘူးလို့ ပြောပါတယ်ဆရာ။
ရှောင်တခင်ခွင့်က ဆေးလက်မှတ်ပြစရာမလိုပါ။ ဆေးလက်မှတ်မပြနိုင်လို့ ရှောင်တခင်ခွင့်ယူတာလေ။ ဆေးလက်မှတ်ပြနိုင်ရင် ဆေးခွင့်ယူမှာပေါ့။ ရောဂါကြီးကြီးဖြစ်တာမှမဟုတ်တာ၊ ရုတ်တရက်ဖျားတာ အရေးပေါ်ဖြစ် သွားတာ။
မေးသူ ။ ။ ၀န်ထမ်းတစ်ယောက်က ရှောင်တခင်ခွင့်တင်တယ်။ ယောက်ခမဆေးရုံဆင်းမှာမို့လို့ပါဆိုပြီးတော့ အဲ့ဒါခွင့်ပေးလို့ရလား။
ယောက်ခမဆိုတာ ရှောင်တခင်ခွင့်ထဲထည့်လို့မရပါ။ အမေဆိုရင်တော့ ပေးလို့ရတယ်။ ယောက်ခမ ဆေးရုံဆင်း၊ တက်တာ ခွင့်ပေးလို့ရတယ်၊ လုပ်သက်ခွင့်ပေးလိုက်မယ်။ ရှောင်တခင်ခွင့်မပေးဘူး။ ဒီကိစ္စအရေးကြီး လို့လား၊ ကံဆိုးရင် လစာမဲ့ပါ ပေးလို့ရတယ်။ အဖေ၊ အမေ၊ သားသမီး၊ မောင်နှမဆို ပေးလို့ရတယ်။ အခြားသူဆို ပေးလို့မရဘူး။ အဲ့ဒီထက်ပိုကောင်းအောင် အမေဆေးရုံဆင်းမှာမို့ သွားကြိုတာ၊ ဆေးရုံးဆင်းလက်မှတ်ပြနိုင်ရင် ဆေးခွင့်တောင် ပေးချင်ပေးလို့ရတယ်။ ဒါက ဥပဒေကို ပိုကောင်းအောင်လုပ်တာ ရှောင်တခင်ထဲလည်း မထည့်ဘူး။ လုပ်သက်ခွင့်ထဲလည်းမထည့်ဘူး၊ ၀န်ထမ်းလည်း မထိခိုက်ဘူး။ ဆေးလက်မှတ်ပြနိုင်ရင် ဆေးခွင့်ပေးလို့ရတယ်။ ဒါတွေက Management ပဲ။ လုပ်ငန်းခွင်တိုင်းမှာမရှိဘူး။ လုပ်ငန်းတိုင်းမှာ အဲ့လိုတွေဘယ်သူမှ မလုပ်ကြဘူး။ တကယ့်လို့ လုပ်ငန်းမှာဒီလိုသာလုပ်မယ်ဆိုရင် ၀န်ထမ်းတွေလည်းပျော်မယ်၊။ Motivation တွေလည်းတက်မယ်၊ လုပ်ငန်းအတွက်လည်း အကျိုးရှိမယ်။
HR မှန်ရင် ကျင့်ဝတ်ကောင်းဖို့လိုအပ်တယ်။ ဥပဒေလည်းကောင်းရမယ်။ လုပ်ငန်းရှင်ကိုလည်း မထိခိုက် မနစ်နာစေရဘူး။ ၀န်ထမ်းလည်းအဆင်ပြေရမယ်။ အဲ့ဒီနှစ်ခုမညီမျှဘူးဆို Management လည်း ကောင်းမှာ မဟုတ်တော့ဘူး။ Management out သွားတဲ့အတွက် လုပ်ငန်းလည်း စနစ်မကျတော့ဘူး။ ၀န်ထမ်းလည်း စိတ်ဓာတ်ကျသွားလိမ့်မယ်။ ဥပဒေအရလည်း မမှန်ဘူး။ အဲ့ဒါကြောင့် HR တွေက ကြားထဲမှာ ကျင့်ဝတ်ကောင်းစွာ နေရမယ်။ ကျင့်ဝတ်ကောင်းစွာ နေတော့ ဘယ်သူ့ကိုမှလည်း မထိခိုက်ဘူး။ ၀န်ထမ်းလည်းအဆင်ပြေ၊ လုပ်ငန်း လည်း အဆင်ပြေ၊ ဥပဒေအရလည်း မှန်တယ်။ ဒါကိုကျင့်ဝတ်ကောင်းစွာနေတယ်လို့ ခေါ်တယ်။ အဲ့ဒါကို ကြားထဲမှာ ကိုးလို့ကန့်လန့်၊ ဖော်လန်ဖား၊ သူဌေးခိုင်းဖက် အဲ့လိုတွေ လုပ်လို့မရဘူး။ အဲ့ဒါမျိုးဆိုရင်တော့ HR သမားလို့ ပြောလို့မရဘူး။ မြန်မာနိုင်ငံမှာလည်း ကုမ္ပဏီတွေအများကြီး HR သမားတွေလည်း အများကြီး ကျွန်တော် HR သမားပါ။ ကျွန်မက HR သမားပါဆိုပြီး ပါးစပ်နဲ့လျှောက်ပြောနေတာ။ သူ့ကိုယ်သူ HR သမားပြောနေတာ။ HR ဆိုတာ ကုမ္ပဏီနဲ့ ၀န်ထမ်းရဲ့ကြားမှာ ဖြစ်လာနိုင်တာတွေ၊ ဖြစ်သင့်တာတွေကို ကြိုတင်စဉ်းစားပြီး နှစ်ဦးနှစ်ဖက်လုံး အကျိုးရှိမယ့်အလုပ်တွေ လုပ်ရမှာ။ တချို့က အဲ့လို့မဟုတ်ဘူး ရေပေါ်ဆီတွေ၊ သာရာနားတွေ၊ အဲလို့လူမျိုးတွေက HR သမား မဟုတ်ဘူး။ အဲ့လိုလူမျိုးတွေက ဈေးကွက်ထဲမှာလည်း နာမည်ရမှာမဟုတ်သလို၊ လစာလည်း တိုးယူလို့ရမှာမဟုတ်ဘူး။ တကယ့် HR သမားက ဘက်မလိုက် မှန်မှန်ကန်ကန် ၀န်ထမ်းဘက်၊ သူဌေးဘက် မျှမျှတတ ကြည့်ပြီး ဥပဒေအတိုင်း အကောင်းဆုံးလုပ်ပေးနိုင်မှ HR သမား။ ဒါမှ ၀န်ထမ်းလည်းအဆင်ပြေပြီး ကုမ္ပဏီလည်း တိုးတက်မှာ။ ၀န်ထမ်းချစ်မှာ။ အဲ့လိုမှ မဟုတ်ရင် တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြဿနာတက်နိုင်တယ်။ ပြဿနာတက်တော့မှ ကျွန်တော်၊ ကျွန်မတို့က သူဌေးခိုင်းလို့ တာဝန်ခံနေရတာ၊ အဲဒီစာတွေ မဖတ်ဖူးဘူးတဲ့။ အဲ့လိုလုပ်လို့မရဘူးနော်။ GM ရာထူးတောင် အဲ့လိုတွေမသိတာရှိတယ်။
HR သမားမှန်ရင် ဆူတက်ရမယ်။ သာသာနဲ့ နာနာလေးဖြစ်အောင် ဆူတက်ရမယ်။ စိတ်ဓာတ်ကျ သွားအောင် ဆူတက်ရမယ်။ ဒါပေမယ့် စကားလုံး အကြီးကြီးတွေ သုံးလို့မရဘူး။ အော်ပြီးဟောက်ပြီး ဆူလို့မရဘူး။ သူ့ရဲ့အပြစ်ကို မြင်အောင်ပြောတက်ရမယ်။ အဲ့လို သူ့အပြစ်သူမြင်အောင် ပြောတက်တာကို Constructive လို့ ခေါ်တယ်။ Constructive က အပြုသဘောင်ဆောင်တဲ့ Feedback တွေယူရမယ်။ အကောင်းဘက်က စပြောရမယ်။ Positive နဲ့စ Negative နဲ့ဆုံးရမယ်။
HR တွေရဲ့အလုပ်က Proactiveပါ။ မဖြစ်ခင် ကြိုတင်စဉ်းစားထားရမယ်။ ရုံးနဲ့ပတ်သက်တဲ့အရာတွေကို ကြိုတင်စီမံထားရမယ်။
HR –Manager ဖြစ်ချင်ရင် စု- တု - ပြု ရမယ်။ ဆရာတွေပြောတဲ့စကားတွေ၊ စာအုပ်တွေကိုဖတ်၊ သူများ ရေးထား၊ ပြောထားတာတွေကို အတုယူပြီး စာတွေလိုက်ရေးရမယ်။ ကိုယ့်အတွေးတွေကို ပုံဖော်ရမယ်။ ဒါမှသာ ကိုယ့်ရဲ့ Own Tune တွေထွက်လာမှာ။ ဒီလိုမှမဟုတ်ရင် စု - တု - တာနဲ့တင်ပြတ်ပြီး သူများရေးထား လုပ်ထားတာ တွေကို ယူသုံးနေရလိမ့်မယ်။ အဲ့လို သူများရေးထားပြုစုထားတာတွေကို အမြဲယူသုံးရင် အဆင်မပြေနိုင်ပါ။ လုပ်ငန်းခွင်က တစ်ခုနှင့်တစ်ခု မတူနိုင်တဲ့အတွက်ကြောင့် စု - တု - ပြု လုပ်ရမယ်။
HR လုပ်မယ့်လူတစ်ယောက်က ကျင့်ဝတ်ကိုလည်း သတိထားရမယ်။ မိန်းကလေးတစ်ယောက် မြန်မာပဲ။ သူစကားလာပြောတိုင်း English လိုပဲပြောတယ်။ မြန်မာလူမျိုးအချင်းချင်းလည်း ဖြစ်တယ်။ မြန်မာစာသင်နေတာ လည်းသိတယ်။ အဲ့ဒါကြွားတာပေါ့။ သူတက်ကြောင်း ပြတာပေါ့။ မြန်မာလိုပြောလို့ရရဲ့သားနဲ့ မပြောဘူး။ အဲ့လိုမျိုး တွေ မလုပ်သင့်ဘူးနော်။ Management out တယ်။ သူ့ကိုယ်သူ Self- management out တာ။ သူ့ Image ကျတာပဲ။ ကိုယ်မြန်မာလိုသင်တာလည်းသိတာပဲ။ သူလည်း မြန်မာဝန်ထမ်းပဲ။ သူလာပြောတိုင်းလည်း ကိုယ်လည်း အင်္ဂလိပ်လို့ တခွန်းမှပြန်မပြောဘူး မြန်မာလိုပဲပြောတာ။ သူမေးသမျှလည်း မြန်မာလိုပဲပြောတာ။ ဒါကိုသူရိပ်မိ သင့်တယ်။ ဒါပေမယ့် သူလာပြောတိုင်း အင်္ဂလိပ်လိုပဲပြောတယ်။ အဲ့ဒါမျိုးကြတော့ အလိုက်မသိသလို ဖြစ်သွားပြီ။ အကယ်လို့ ကိုယ်က Yes (or) No ပြန်ပြောမိရင် ဒါမဆိုးသေးဘူး။ သူ အင်္ဂလိပ်လိုပြောတာ လက်ခံလို့ရသေးတယ်။ ဒါပေမယ့် ပြောတဲ့စကားတိုင်း မြန်မာလိုပြောတာကို သူက အင်္ဂလိပ်လိုပဲပြောနေတော့ ဒါအပြုအမူကောင်းလား။ (၁)ပညာပြရာ ကျမနေဘူးလား၊ (၂)ကျင့်ဝတ်ဖောက်ရာ ကျမနေဘူးလား။ အရိပ်ပြတာ အကောင်မမြင်ဘူးဆို ကတည်းက Self- Management မရှိဘူးလို့ပြောလို့ရတယ်။ အဲ့ဒါ Communication skill out တာပဲ။ Human skill မရှိဘူးလို့ ပြောလို့ရတယ်။ အဲ့ဒါတွေကို သတိထားပါ။ တဖက်သားပြောတဲ့စကားက အင်္ဂလိပ်လိုထည့်ပြောရင် ပြဿနာမရှိဘူး။ တဖက်သားက လုံးဝမြန်မာလိုပဲပြောနေတာတောင် သူကခွပြီး အင်္ဂလိပ်လို နေ့တိုင်းလိုက်ပြောနေ တော့ သူ့ Image ထိလာတယ်။ Communication out တာပဲ။ Communication out တာက သူ Concept မရှိလို့။ သူမတွေးဘူးလေ။ သူသာ HR တာဝန်ခံဖြစ်ရင် ပိုဆိုးမှာ။
လက်မှတ်တွေ Diploma, Certificate တွေရလာတယ်။ အဲ့ဒါတွေနဲ့ HR manager ဖြစ်လာတဲ့သူဆို သူက Technical skill ပဲရှိမှာ။ Human skill, conceptual skill မပါလာဘူးဆိုရင် ဘယ်တော့မှ Roll က တက်မှာမဟုတ် ဘူး။ အဲ့ဒါ Ethic ပဲ။ စဉ်းစားရမယ် Concept ကိုသုံးပြီး Communicate လုပ်ရမယ်။ ပစ်စလပ်ခက် မလုပ်ရဘူး။ လောကကြီးမှာ အရာအားလုံးက ချိတ်ဆက်နေတာ၊ Link တွေရှိတယ်။ ကိုယ်ပြောလိုက်တဲ့စကားလေးတစ်ခုကြောင့် ကိုယ်တွေးလိုက်တဲ့ အတွေးလေးတစ်ခုကြောင့်၊ ကိုယ်လုပ်လိုက်တဲ့အမှားလေးတစ်ခုကြောင့်၊ ကိုယ်ပြုမူလိုက်တဲ့ အပြုအမူလေးတစ်ခုကြောင့် အခြားကဏ္ဍတွေမှာ ဘယ်လောက် out သွားသလဲ။ ဘယ်လောက် Roll တက်လာ သလဲ၊ အဲ့ဒါတွေကို သတိထားရမယ်။
HR သမားတွေက အနုပညာဆန်တယ်။ ဥပမာ- အနုပညာသမားတွေ သူတို့သရုပ်ဆောင်လိုက်တဲ့ သရုပ်ဆောင်မှုတစ်ခုကြောင့် ခံစားမှုတွေ အများကြီးပေးနိုင်တယ်။ အနုပညာဆိုတာ လှပတယ်။ Service ဆိုတာ အနုပညာပဲ၊ အဲ့ Service တစ်ခုကို ထိတွေ့ခံစားလိုက်ရတဲ့ လူတစ်ယောက်ဟာ အမျိုးမျိုးဖြစ်သွားနိုင်တယ်။ ပီတိကနေ နောက်ကွယ်မှာ မမြင်နိုင်တဲ့ကိစ္စတွေ အများကြီးဖြစ်သွားနိုင်တယ်။ HR သမားလည်း အနုပညာသမားပဲ။ ပစ်စလတ်ခတ်လုပ်လို့မရဘူး။ လက်တွေ့ပိုင်းက အရမ်းကျယ်ပြန့်။ HR မှာကဏ္ဍနှစ်ခုရှိတယ်၊ Operation Level နဲ့ Administrative Level ဆိုပြီး နှစ်ပိုင်းရှိတယ်။ Operation ပိုင်းမှာ HR သမားက Administrative ပိုင်းကို ဦးစားပေး ရမယ်။ ဒါမှသာ အဆင်ပြေမှာ။ စာတွေ့ကို ဦးစားပေးရမှာကတော့ နိုင်ငံခြားကုမ္ပဏီတွေကများလိမ့်မယ်။ မြန်မာ့လုပ်ငန်းအများစုကတော့ လက်တွေ့ပိုင်းကိုပဲ ဦးစားပေးပြီး ဖြစ်လာမယ့်ကိစ္စကို Flexible သွားရမယ်။ ဒါကြောင့် အနုပညာပြောင်မြောက်စွာ လုပ်ကိုလုပ်ရမယ်။