Tetra Pak Myanmar

Tetra Pak Myanmar Tetra Pak is the world's leading food processing & packaging solutions company.

30/01/2021

ျေးဝယ်ပြန်လာတဲ့အခါ ရင်သွေးလေးက သူကြိုက်တဲ့ နို့ဘူးလေးကိုသောက်ချင်လို့ တံခါးဝမှာ မျှော်နေပြီလား။ Tetra Pak နည်းပညာနဲ့ ထုပ်ပိုးထားတဲ့ UHT နို့ဘူးလေးကို သူလေး သောက်ဖို့ တစ်ဘူး လှမ်းပေးရင်း ကျန်တာတွေကို အကြာကြီးသိမ်းထားလို့ ရသေးတယ်နော်။UHT နည်းပညာနဲ့ပြင်ဆင်မှုရယ်၊ Tetra Pak အဆင့်မြင့်ထုပ်ပိုးမှုပုံစံတွေကြောင့် Tetra Pakဘူးခွံနဲ့ထုပ်ပိုးထားတဲ့ UHTနို့ထွက်ပစ္စည်းတွေကို ၆လ အထိ သိမ်းထားလို့ရတဲ့အပြင် မဖွင့်မချင်း ရေခဲသေတ္တာထဲထားစရာမလိုတဲ့အတွက် မေမေတို့ အနေနဲ့ တစ်ပတ်ခြားတစ်ခါ အချိန်ကုန်ခံ စျေးထွက်ဝယ်စရာမလိုတော့ဘူးပေါ့။UHT နို့တွေဟာ မေမေတို့အတွက် လွယ်ကူအဆင်ပြေသလို သားသားမီးမီးတွေအတွက်လည်း အာဟာရရင်းမြစ်ကောင်းတစ်ခုပါ။

သားသားမီးမီးတွေအတွက် လိုအပ်တဲ့ ပြည့်ဝအာဟာရအစားအသောက်တွေကို နေ့စဥ်တိုက်ကျွေးဖို့က မေမေတိုင်းရဲ့ ပန်းတိုင်တစ်ခုပါ။ တခါတလေမ...
27/01/2021

သားသားမီးမီးတွေအတွက် လိုအပ်တဲ့ ပြည့်ဝအာဟာရအစားအသောက်တွေကို နေ့စဥ်တိုက်ကျွေးဖို့က မေမေတိုင်းရဲ့ ပန်းတိုင်တစ်ခုပါ။ တခါတလေမှာတော့ လုပ်စရာတွေပုံနေတာမျိုး၊ အလုပ်ရှုပ်နေတတ်တဲ့ရက်မျိုးမှာ အာဟာရပြည့်ဝတဲ့အစားအသောက်တွေပြင်ဆင်ဖို့ အခက်အခဲရှိတတ်ပါတယ်။ မကြာခင်မှာ အာဟာရဆိုင်ရာ အထူးကု ဒေါက်တာ ဝင်းဝင်းမြင့်က ကလေးငယ်တွေအတွက် အာဟာရပြည့်ဝပြီး တိုက်ကျွေးရ လွယ်ကူတဲ့ Tetra Pakဘူးခွံနဲ့ထုပ်ပိုးထားတဲ့ UHTနို့ထွက်ပစ္စည်းတွေအကြောင်းအပြင် ကလေးငယ်တွေအတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေနဲ့ပတ်သက်လို့လည်း ဆွေးနွေးပေးသွားမှာပါ။ သားသားမီးမီးတွေအတွက် ဒီ UHTနို့ထွက်ပစ္စည်းတွေက ဘယ်လောက်အထိ လွယ်ကူသက်သာစွာ အာဟာရဖြစ်စေနိုင်လဲဆိုတာ သိရဖို့ မေးခွန်းလေးတွေမေးထားခဲ့ပါဦးနော်။

25/01/2021

မေမေတို့ရေ သားသားမီးမီးလေးတွေကိုကျွေးတဲ့ အစားအစာတွေဟာ ဘယ်လောက်အထိ ဘေးကင်းလုံခြုံမှုရှိလဲဆိုတာ သတိပြုမိကြရဲ့လား။ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အစားအစာပြင်ဆင်မှုအကြောင်း၊ အစားအစာ ဘေးကင်းစိတ်ချရမှုတို့နဲ့ ပတ်သတ်ပြီး အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က မေမေတို့ရဲ့ မေးခွန်းတွေကို ဖြေကြားပေးထားပါတယ်။ ဒီဗီဒီယိုလေးကို ကြည့်ပြီး မေမေတို့လည်းအတူတူ အဖြေတိုက်ကြည့်ရအောင်နော်။

12/01/2021

သားသားမီးမီးလေးတွေကိုကျွေးတဲ့ အစားအစာတွေဟာ ဘယ်လောက်အထိ ဘေးကင်းလုံခြုံမှုရှိလဲဆိုတာ သတိပြုမိကြရဲ့လား မေမေတို့ရေ။ အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါက်တာဝင်းဝင်းမြင့်က သားသားမီးမီးတို့ရဲ့ အစားအစာပြင်ဆင်မှုအကြောင်း၊ သားသားမီးမီးတို့ရဲ့ ကျန်းမာရေးနဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အစားအစာ ဘေးကင်းစိတ်ချရမှုတို့နဲ့ ပတ်သတ်ပြီး မေမေတို့ရဲ့ မေးခွန်းတွေကို ဖြေကြားပေးထားပါတယ်။ ဒီဗီဒီယိုလေးကို ကြည့်ပြီး မေမေတို့ရဲ့နည်းလမ်းလေးတွေကို အဖြေတိုက်ကြည့်ရအောင်နော်။

’ချစ်မေတ္တာဖြင့် ပြုလုပ်သည်’ ပြိုင်ပွဲမှာ အနိုင်ရရှိသူမေမေတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြေညာပေးပါရစေ။ သားသားမီးမီးများနဲ့ ...
23/12/2020

’ချစ်မေတ္တာဖြင့် ပြုလုပ်သည်’ ပြိုင်ပွဲမှာ အနိုင်ရရှိသူမေမေတွေကို ဝမ်းမြောက်ဝမ်းသာနဲ့ ကြေညာပေးပါရစေ။ သားသားမီးမီးများနဲ့ မေမေတို့ရဲ့ ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်လေးတွေကို အမိအရဖမ်းယူထားတဲ့ ချစ်စဖွယ် ဓာတ်ပုံလေးတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့သူ မေမေတစ်ဦးချင်းစီတိုင်းအနေနဲ့ ကိုယ့်ရဲ့ လှပနွေးထွေးတဲ့ အမှတ်တရတွေကို မျှဝေပေးလို့ အထူးပဲ ကျေးဇူးတင်မိပါတယ်။ ဆုရရှိသွားတဲ့ မေမေတွေကတော့ Aye Myat၊ Zwel Thinzar Paing၊ Hsu Honey Ko၊ Lwinmar Aung နဲ့ Swe Zin တို့ပဲဖြစ်ပါတယ်။ ဂုဏ်ယူပါတယ်ရှင်။ မေမေတို့ဆီကို Hotpot and Grill စက်တွေ မကြာခင်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။ အခုလို Stay-home ကာလမှာ မေမေတို့က ကိုယ်ချစ်ရတဲ့ သားသားမီးမီးတွေနဲ့ အမှတ်တရဖန်တီးနိုင်ဖို့ ရည်ရွယ်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲလေးမှာ အားလုံးလည်း ပျော်ရွှင်စရာအချိန်လေးတွေ ပိုင်ဆိုင်နိုင်ခဲ့မယ်လို့ယုံကြည်ပါတယ်။ ပြိုင်ပွဲမှာပါဝင်ခဲ့တဲ့ မေမေတစ်ဦးချင်းစီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိရပါကြောင်း ထပ်ပြီးပြောလိုက်ချင်ပါသေးတယ်ရှင်။

12/12/2020

အစားအစာထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေဟာ ကမ္ဘာတစ်ဝန်းမှာ အထူးသတိထားရမယ့် ကျန်းမာရေးပြသနာတစ်ရပ်ဖြစ်ပါတယ်။ မေမေတို့အနေနဲ့ သားသားမီးမီးလေးတွေ စားသောက်တဲ့ အစားအစာတိုင်းဟာ ဂရုတစိုက်နဲ့ ပြုပြင်ထားပြီး စားသုံးဖို့ စိတ်ချရမှုရှိတယ်ဆိုတာကို သေချာအောင် လုပ်ဖို့ အရေးကြီးပါတယ်။ နို့ဟာ ကလေးငယ်တွေကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရအရင်းအမြစ်ကောင်းတစ်ခုဖြစ်တာမို့ မေမေတို့အနေနဲ့ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားပြီး ဘေးကင်းတဲ့ နို့ထွက်ပစ္စည်းတွေကို တိုက်ကျွေးနိုင်ပါတယ်နော်။ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ နို့ထွက်ပစ္စည်းတွေကို Ultra High Temperature နည်းပညာဖြစ်တဲ့ မြင့်မားတဲ့ အပူချိန် (၁၃၅ ဒီ ဂရီ စင်တီဂရိတ်) မှာ ၂ စက္ကန့်မှ ၄ စက္ကန့်အထိ အပူပေးပြီး အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးထားတာဖြစ်ပြီး နို့ထွက်ပစ္စည်းတွေရဲ့ အာဟာရတန်ဖိုးတွေကိုလည်း ကာကွယ်ထိန်းသိမ်းပေးပါတယ်။

11/12/2020

အားလုံးပဲ ကြေညာစရာရှိပါတယ်နော်။ ’ချစ်မေတ္တာဖြင့် ပြုလုပ်သည်’ ဆိုတဲ့ ပြိုင်ပွဲလေးမှာ ပါဝင်ယှဉ်ပြိုင်ပြီး ဆုလက်ဆောင်တွေ ရယူသွားနိုင်မယ့် အခွင့်အရေးကို လက်မလွတ်စေနဲ့နော်။ ပြိုင်ပွဲလေးက သားသားမီးမီးတွေအကြိုက် မုန့်လေးလုပ်ကျွေးပြီး သူတို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတွေကို ဓာတ်ပုံရိုက်ဖို့ပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာ ချစ်ရာဓာတ်ပုံတွေ တင်ပြီးမျှဝေပေးထားတဲ့ မေမေတွေကို ကျေးဇူးတင်ပါတယ်။ ဘယ်မေမေတို့က သူတို့သုံးဖို့ Smart Home Hotpot & Grill စက်ကြီးကို ပိုင်ဆိုင်ခွင့်ရပြီး သားသားမီးမီးတွေအတွက် Tetra Pak ဘူးခွံနဲ့ ထုတ်ပိုးထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေ အများကြီးကို ရယူသွားမလဲဆိုတာ စောင့်ကြည့်ရတာ ရင်ခုန်စရာ ကောင်းပါတယ်။ အခုဆိုရင် ပြိုင်ပွဲကာလကြီးပြီးဆုံးဖို့ အချိန် တစ်ပတ်ပဲကျန်တော့တာမို့လို့ မြန်မြန်ပြိုင်လိုက်ကြတော့နော် မေမေတို့ရေ။ ​
ပြိုင်ပွဲအကြောင်း အသေးစိတ်သိရှိလိုပါက ဤလင့်ခ်ကို နှိပ်ပါ။

https://bit.ly/2W4WyHU

09/12/2020

မေမေတို့ရေ သားသားမီးမီးလေးတွေကို နေ့စဥ်တိုက်ကျွေးနေတဲ့ နို့ထွက်ပစ္စည်းလေးတွေကို ဘယ်လိုထုပ်ပိုးပြီး ပြင်ဆင်ထားတယ်ဆိုတာ သိကြပါသလား။ တကယ်အရေးကြီးတဲ့ အချက်တွေကို သတိလက်လွတ်ဖြစ်တတ်ကြတာမို့လို့ ကိုယ့်ရဲ့ အဖိုးတန်ရင်သွေးလေးတွေကို တိုက်ကျွေးမယ့် အစားအသောက်တွေရဲ့ ဘေးကင်းလုံခြုံစိတ်ချရမှုကို အမြဲသိအောင်လုပ်ဖို့ အရေးကြီးပါတယ်။ Ultra High Temperature (UHT) အဆင့်မြင့် နည်းပညာနဲ့ ပိုးသတ်ထားပြီး Tetra Pak ရဲ့ ဘက်တီးရီးယားပိုးမွှားသန့်စင်သော ဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ နို့ထွက်ပစ္စည်းတွေဟာ သဘာဝနို့စိမ်းရဲ့ အာဟာရတန်ဖိုးွေ၊ အသွင်အပြင်၊ အရောင်အဆင်းနဲ့ အရသာတွေကို မူလသဘာဝအတိုင်း ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။ Tetra Pak ဘူးခွံတွေကို အလွှာ ၆လွှာနဲ့ ပြုလုပ်ထားတာဖြစ်ပြီး အထဲက နို့ထွက်ပစ္စည်းတွေကို တာရှည်ခံဆေးမလိုဘဲ သန့်ရှင်းလတ်ဆတ်မှုရှိအောင်၊ ပိုးမွှားတွေ၊ အလင်းရောင်နဲ့ အောက်စီဂျင် ဝင်ရောက်နိုင်မှုမရှိအောင်လည်း ကာကွယ်ပေးထားပါတယ်။ Tetra Pak ရဲ့ ဒီလို အဆင့်မြင့်တဲ့ အစားအသောက်ပိုင်းဆိုင်ရာ ပြင်ဆင်မှုနဲ့ ထုပ်ပိုးမှု နည်းပညာတွေက မေမေတို့ ရင်သွေးလေးတွေအတွက် အစားအစာကတစ်ဆင့်ဖြစ်တတ်တဲ့ ရောဂါအန္တရာယ်ကို ထိရောက်စွာ ကာကွယ်ပေးမှာဖြစ်ပါတယ်။

03/12/2020

မင်္ဂလာပါ မေမေတို့ရေ! အိမ်မှာနေရတာ ပျင်းနေကြပြီလား။
ဒါဆိုရင်တော့ ပျော်စရာလေးတွေဖန်တီးပေးဖို့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ’ချစ်မေတ္တာဖြင့် ပြုလုပ်သည်' ဆိုတဲ့ ပြိုင်ပွဲအစီအစဉ်လေးတစ်ခုနဲပ မိတ်ဆက်ပေးပါရစေ။ မေမေတိုင်းက ရင်သွေးလေးတွေအတွက် ချစ်ခြင်းမေတ္တာနဲ့ ဘာမဆိုလုပ်ပေးတတ်တာမို့ မေမေတို့ပြင်ဆင်ပေးတဲ့ စားသောက်စရာလေးတွေက သူတို့လေးတွေရဲ့ အကြိုက် သူတို့ငယ်ဘဝရဲ့ အမှတ်ရစရာတွေပဲပေါ့။ ဒါကြောင့် ကိုယ်ချစ်ရတဲ့ သားသားမီးမီးလေးတွေနဲ့အတူ မေမေတို့က ပျော်ရွှင်ဖွယ်ရာ အချိန်တွေအတူတူ ဖန်တီးပြီး ဆုလက်ဆောင်တွေရယူနိုင်ဖို့ ဒီစိတ်လှုပ်ရှားစရာ အစီအစဉ်လေးကို မိတ်ဆက်ပေးလိုက်ပါတယ်နော်။ ဒီပြိုင်ပွဲအစီအစဉ်လေးမှာ အနိုင်ရတဲ့ မေမေ ၅ ယောက်ကို Smart Home အမှတ်တံဆိပ် Hotpot & Grill စက် ၁ ခုစီအပြင် Tetra Pak ဘူးခွံနဲ့ထပ်ပိုးထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ပေးအပ်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်ရမယ့်ပုံစံကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လုပ်ဆောင်ရုံနဲ့ ဒီအထူးဆုတွေကို ရရှိဖို့ အခွင့်အလမ်း ရရှိကြမှာပါ။ သားသားမီးမီးလေးတွေက မေမေတို့လုပ်ပေးတဲ့ သရေစာမုန့်လေးတွေကို နှစ်နှစ်သက်သက်စားကြတာကို မေမေတွေက ကြည့်မဝဖြစ်ကြရမှာ သေချာပါတယ်။

ပါဝင်ယှဥ်ပြိုင်နိုင်ဖို့အတွက် မေမေတို့အနေနဲ့
၁။ Tetra Pak page နှင့် ယခု post ကို လိုက်ခ် လုပ်ပါ
၂။ မိမိရဲ့ ကလေး ကြိုက်တတ်တဲ့ သရေစာမုန့်တစ်ခု လုပ်ပါ
၃။ မိမိကလေးက Tetra Pak ဘူးခွံဖြင့် ထုပ်ပိုးထားသော နို့ဘူးတစ်ခုကိုသောက်ရင်း မိမိပြုလုပ်ထားသော မုန့်ကို စားနေသည့်ပုံကို ဓာတ်ပုံရိုက်ပါ။ (Tetra Pak ဘူးခွံဖြင့်ထုပ်ပိုးထားသော နို့ထွက်ပစ္စည်းတံဆိပ်များဖြစ်သည့် Chokchai Farm, Cowhead, Dutch Mill, Lactasoy, Marigold, MILO, PEP, Ovaltine နှင့် Vito နို့ထွက်ပစ္စည်းများကို စတိုးဆိုင်များ၊ စူပါမားကတ်များတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။
၄။ ရိုက်ကူးထားသည့်ပုံ ၃ ပုံကို public setting ဖြင့် မိမိ accountတွင် တင်ပါ။ မိမိလုပ်ကျွေးသော မုန့်အကြောင်း၊ မိမိကလေးက ထိုမုန့်ကို မည်မျှ ကြိုက်နှစ်သက်ကြောင်း၊ နို့နဲ့ နို့ထွက်ပစ္စည်းသောက်ရသည်ကို မည်သို့ ကြိုက်နှစ်သက်ကြောင်းတို့ကို ရေးသား ဖော်ပြပါ။ မိမိရဲ့ သူငယ်ချင်း မေမေ ၃ ယောက်ကို tag တွဲကာ ပြိုင်ပွဲတွင် ပါဝင်ဖို့ ဖိတ်ခေါ်ပါ။
၅။ စာအဆုံးမှာ ဆိုပြီး ထည့်သွင်းရေးသားပါ။

ပြိုင်ပွဲကာလကတော့ ၂၀၂၀ ဒီဇင်ဘာလ ၃ ရက်နေ့ ကစပြီး ၂၀၂၀ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိဖြစ်ပါတယ်။ ပြိုင်ပွဲကာလပြီးတဲ့အချိန်မှာ အနိုင်ရရှိသူမေမေ ၅ ဦးကို Tetra Pak မှရွေးချယ်ကာ၂၀၂၀ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။ ကဲ မေမေတို့ အဆင်သင့်ဖြစ်ပြီလား၊ အခုပဲ ဒယ်အိုးကိုင်ပြီး မုန့်စ လုပ်လိုက်ရအောင်။
ပြိုင်ပွဲ စည်းမျဥ်းစည်းကမ်း အသေးစိတ်ကို ဒီမှာ ဖတ်လို့ရပါတယ်နော်။

https://bit.ly/3lscttV

မေမေတို့ချစ်ရတဲ့ သားသားမီးမီးလေးတွေက ညနေခင်း အဆာပြေမုန့်စားတဲ့အချိန် နို့တစ်ခွက်သောက်ရမှကျေနပ်တဲ့အခါမျိုးမှာ ၂ ပတ်တစ်ခါလ...
02/12/2020

မေမေတို့ချစ်ရတဲ့ သားသားမီးမီးလေးတွေက ညနေခင်း အဆာပြေမုန့်စားတဲ့အချိန် နို့တစ်ခွက်သောက်ရမှကျေနပ်တဲ့အခါမျိုးမှာ ၂ ပတ်တစ်ခါလောက် အပြင်ထွက်စျေးဝယ်ရတဲ့ ဒုက္ခမျိုးမရှိဘဲ နို့ထွက်ပစ္စည်းတွေကို တစ်ခါတည်းဝယ်သိမ်းထားချင်တာမျိုးဆိုရင်တော့ Tetra Pak ဘူးခွံနဲ့ ထုပ်ပိုးထားတဲ့ UHTနို့ထွက်ပစ္စည်းလေးတွေက အကောင်းဆုံးရွေးချယ်မှုပါပဲ။ Tetra Pak ရဲ့ အမှတ်တံဆိပ်လေးက သားသားမီးမီးတွေရဲ့ အစားအစာ ဘေးကင်းမှုအတွက် အာမခံတံဆိပ်အမှတ်အသားတစ်ခုဖြစ်ပြီး “တန်ဖိုးရှိရာ ကာကွယ်ပါ” ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်း အစားအစာထဲမှာရှိနေတဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါတွေကနေ ကာကွယ်ပေးတဲ့ ဒိုင်းတစ်ခုသဖွယ် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် နို့နဲ့ နို့ထွက်ပစ္စည်းတွေဝယ်ယူတဲ့နေရာမှာ မှန်ကန်စွာရွေးချယ်နိုင်ဖို့ ပစ္စည်းဘူးခွံရဲ့ ထိပ်ပိုင်း ဒါမှမဟုတ် အောက်ပိုင်းမှာရှိတဲ့ Tetra Pak အမှတ်တံဆိပ်ကို ရှာဖွေဝယ်ယူခြင်းအားဖြင့် သားသားမီးမိးလေးတွေကို ကာကွယ်ကြရအောင်ပါ။

မေမေတို့ရေ  သားသားမီးမီးတွေ နေ့စဉ် အစားအစာတွေက ဘယ်လောက်အထိ လုံခြုံစိတ်ချရတယ်ဆိုတာ စဥ်းစားမိကြရဲ့လား။ သူတို့စားတဲ့ အစားအစ...
28/11/2020

မေမေတို့ရေ သားသားမီးမီးတွေ နေ့စဉ် အစားအစာတွေက ဘယ်လောက်အထိ လုံခြုံစိတ်ချရတယ်ဆိုတာ စဥ်းစားမိကြရဲ့လား။ သူတို့စားတဲ့ အစားအစာတွေက ဘေးကင်းလုံခြုံပြီး သန့်ရှင်းစိတ်ချရမှုရှိအောင် မေမေတို့က ဘယ်လောက်အထိ ကြိုးစားနိုင်မယ်ထင်လဲ။ ကလေးငယ်တွေ ကြီးထွားဖွံ့ဖြိုးဖို့အတွက် အာဟာရဓာတ်က အရေးကြီးသလို အာဟာရဓာတ်ပြည့်ဝတဲ့အစားအစာတွေကိုလည်း ဘေးကင်းလုံခြုံမှုရှိအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ၊ လုံခြုံစိတ်ချရတဲ့ပုံစံနဲ့ ပြုပြင်ထားတဲ့အစားအစာမျိုးကို ဘယ်လိုရွေးချယ်ပေးမလဲဆိုတဲ့ အချက်တွေက ကလေးငယ်တွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ဒါကြောင့် အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာ ဝင်းဝင်းမြင့်က မေမေတို့အနေနဲ့ သားသားမီမီးတို့အတွက် ဘေးကင်းလုံခြုံတဲ့အစားအစာတွေ ဘယ်လိုပြင်ဆင်နိုင်မလဲဆိုတဲ့ အခြေခံအချက်လေးနဲ့ ပတ်သက်ပြီး မေမေတို့ သိချင်တာလေးတွေကို နောက်လာမယ့် ဗီဒီယိုလေးမှာ ဖြေကြားပေးသွားမှာမို့ သိချင်တာတွေရှိတယ်ဆိုရင် Comment မှာ မေးခွန်းလေးတွေ မေးမြန်းထားခဲ့နိုင်ပါတယ်နော်။

27/11/2020

အာဟာရဆိုင်ရာအထူးကု ဆရာဝန်မကြီး ဒေါက်တာဝင်းဝင်းမြင့်က ပြီးခဲ့တဲ့အပတ်တွေမှာ မေမေတို့မေးထားတဲ့မေးခွန်းလေးတွေကို ပြန်လည်ဖြေကြားပေးထားတဲ့ ဗီဒီယို နောက်တစ်ပိုင်းကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဒုတိယအပိုင်းမှာတော့ ဒေါက်တာက ကလေးတွေရဲ့ ကိုယ်ခန္ဓာနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုဖြစ်စဉ်တွေအကြောင်း၊ သားသားမီးမီးတွေ ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေအဖြစ် ကြီးပြင်းလာဖို့အတွက် UHT နို့နဲ့နို့ထွက်ပစ္စည်းတွေက ဘယ်လိုကူညီပေးလဲဆိုတဲ့အကြောင်းတွေကို ရှင်းပြပေးသွားမှာပါ။ သားသားမီးမီးတို့ကို အကောင်းဆုံးအာဟာရတွေ ဘယ်လိုပေးနိုင်မလဲဆိုတာ မေမေတို့ ကြည့်လိုက်ပါဦးနော်!

Address

၁၆(ခ) ငွေဝတ်မှုံရပ်ကွက် ရွှေတောင်ကြား(၁)လမ်း ဗဟန်းမြို့နယ်
Yangon

Opening Hours

Monday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959968708288

Alerts

Be the first to know and let us send you an email when Tetra Pak Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category