Life Light Japanese Education Service

Life Light Japanese Education Service ကျောင်းသားတွေ ဘက်မှာရှိတဲ့ AGENCY

‼️အဓိပ္ပာယ်ဆင်ပေမယ့် အသုံးအနှုန်းကွဲတယ့် Grammar (3)ခု     #ဂျပန်သဒ္ဒါလေ့လာကြမယ်  #ために  #ように  #間に  #内に  #おかげで  #せいで  #ဆင...
19/05/2026

‼️အဓိပ္ပာယ်ဆင်ပေမယ့် အသုံးအနှုန်းကွဲတယ့် Grammar (3)ခု
#ဂျပန်သဒ္ဒါလေ့လာကြမယ် #ために #ように #間に #内に #おかげで #せいで #ဆင်တူရိုးမှားသဒ္ဒများ

17/05/2026

သူ့အချိန်ရောက်လို့လာပြန်ပြီ🥹

‼️ဂျပန်စကားပုံတွေကို လေ့လာကြရအောင်‼️
09/05/2026

‼️ဂျပန်စကားပုံတွေကို လေ့လာကြရအောင်‼️

‼️• နေ့စဉ် ပုံမှန်နားထောင်ပါ (Daily Immersion): တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် အချိန်ပေးပြီး ဂျပန်သတင်း၊ Podcast ဒါမ...
30/04/2026

‼️• နေ့စဉ် ပုံမှန်နားထောင်ပါ (Daily Immersion):

တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် အချိန်ပေးပြီး ဂျပန်သတင်း၊ Podcast ဒါမှမဟုတ် သက်ဆိုင်ရာ Level အလိုက် Choukai လေ့ကျင့်ခန်းတွေကို နားထောင်ပါ။ နားရည်ဝလာတာက ပထမဆုံးနဲ့ အရေးအကြီးဆုံး ခြေလှမ်းပါ။

✨• Shadowing နည်းလမ်းကို သုံးပါ:

အသံဖိုင်က ပြောသွားတဲ့အတိုင်း နောက်ကနေ အသံထွက်ပြီး ချက်ချင်း လိုက်ပြောကြည့်ပါ။ ဒီနည်းက အသံထွက်ကို ပိုပီပြင်စေသလို ဂျပန်တွေရဲ့ စကားပြောအမြန်နှုန်းကိုပါ အသားကျသွားစေပါတယ်။

✨• မှတ်စုတို (Memo) ရေးချတဲ့ အကျင့်လုပ်ပါ:

စာမေးပွဲမှာ အသံဖိုင်တွေက ရှည်ပြီး အချက်အလက်တွေ များတတ်ပါတယ်။ နေရာ၊ အချိန်၊ လူအရေအတွက်၊ ဆုံးဖြတ်ချက် စတဲ့ အဓိကကျတဲ့ သော့ချက်စာလုံး (Keywords) တွေကို ကြားတာနဲ့ အမြန်ရေးချနိုင်အောင် လေ့ကျင့်ထားပါ။

✨• မေးခွန်းပုံစံ (Patterns) တွေကို ရင်းနှီးအောင်လုပ်ပါ:
JLPT Listening မေးခွန်းတွေက အပိုင်းလိုက် ပုံစံခွက်တွေ ရှိပါတယ်။ ဥပမာ - အရင်ဆုံး ဘာလုပ်ရမလဲ (သို့) ဘာကြောင့်လဲ စသဖြင့် မေးလေ့ရှိတာတွေကို Past Papers တွေလုပ်ရင်း လေ့လာထားရင် အဖြေကို ကြိုမှန်းဆနိုင်ပါတယ်။

✨• စာသား (Script) နဲ့ မဖြစ်မနေ ပြန်တိုက်ကြည့်ပါ:

နားထောင်လို့ မရလိုက်တဲ့ အပိုင်းတွေ၊ မှားသွားတဲ့ မေးခွန်းတွေကို အဖြေလွှာအနောက်က အသံဖိုင်စာသား (Script) နဲ့ ပြန်တိုက်ဖတ်ပါ။ ကိုယ်မသိလို့ မကြားတာလား၊ အသံထွက် မဖမ်းမိတာလား ဆိုတာကို သိမှ နောက်တစ်ခါ မမှားမှာပါ။

✨• ဝေါဟာရနဲ့ သဒ္ဒါကို လျစ်လျူမရှုပါနဲ့:

ကိုယ်မသိတဲ့ ဝေါဟာရနဲ့ သဒ္ဒါဆိုရင် နားထောင်လို့လည်း နားလည်မှာ မဟုတ်ပါဘူး။ ဒါကြောင့် Choukai လုပ်ရင်း အသစ်တွေ့တဲ့ အသုံးအနှုန်းတွေကို သေချာပြန်မှတ်ပြီး ကျက်ပါ။

‼️ဂျပန်မှာ အိမ်သာတက်ချင်ရင်တောင် စာရနေဖို့လိုတယ်န်ော😁၁။ 止 (ရပ်ရန်) - ရေပန်းတာတွေ အကုန်ရပ်ချင်ရင် နှိပ်ရမယ့် ခလုတ်ပါ။ (မှ...
26/04/2026

‼️ဂျပန်မှာ အိမ်သာတက်ချင်ရင်တောင် စာရနေဖို့လိုတယ်န်ော😁

၁။ 止 (ရပ်ရန်) - ရေပန်းတာတွေ အကုန်ရပ်ချင်ရင် နှိပ်ရမယ့် ခလုတ်ပါ။ (မှားနှိပ်မိရင် ဒါကို အရင်ရှာနှိပ်ပါ)

၂။ おしり (နောက်ဘက်ဆေးရန်) - ကိစ္စပြီးသွားရင် နောက်ဘက်ကို ရေဆေးဖို့ နှိပ်ရတာပါ။

၃။ ビデ (ရှေ့ဘက်ဆေးရန်) - အမျိုးသမီးများ ရှေ့ဘက်ကို သန့်စင်ဖို့ သီးသန့်ဖြစ်ပါတယ်။

၄။ 水勢 (ရေဖိအား) - ရေထွက်တဲ့ အရှိန် အပြင်း/အပျော့ကို (+ / -) နဲ့ ချိန်တာပါ။

၅။ 位置 (ရေပန်းနေရာ) - ရေပန်းထွက်လာတဲ့ နေရာကို ကိုယ်နဲ့အဆင်ပြေအောင် ရှေ့တိုး/နောက်ဆုတ် ချိန်တာပါ။

၆။ 乾燥 (အခြောက်ခံရန်) - ရေဆေးပြီးသွားရင် လေနွေးလေးနဲ့ ပြန်အခြောက်ခံပေးတာပါ။

၇။ 便座 (ထိုင်ခုံအပူချိန်) - အိမ်သာခုံ အေးမနေအောင် အပူချိန် ချိန်ညှိပေးတဲ့ ခလုတ်ပါ။

၈။ 水温 (ရေအပူချိန်) - ဆေးကြောမယ့် ရေရဲ့ အပူ/အအေးကို ကိုယ်ကြိုက်သလို ချိန်တာပါ။

၉။ 音姫 (အသံဖုံးစက်) - ကိစ္စရှင်းနေတုန်း အသံထွက်မှာရှက်ရင် ကိုယ့်အသံကိုဖုံးဖို့ ရေဆွဲသံ/တီးလုံးသံ ဖွင့်ပေးတာပါ။

၁၀။ 脱臭 (အနံ့ဖယ်ရှားခြင်း) - အိမ်သာထဲက အနံ့ဆိုးတွေကို စုပ်ယူပြီး အနံ့ဖျောက်ပေးတဲ့ စနစ်ပါ။

နွေရာသီနဲ့ပတ်သတ်တယ့် ဝေါဟာရအသစ်လေးတွေ လေ့လာကြရအောင်☀️🌻🍉
20/04/2026

နွေရာသီနဲ့ပတ်သတ်တယ့် ဝေါဟာရအသစ်လေးတွေ လေ့လာကြရအောင်☀️🌻🍉

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု Life Lightမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်န်ော🙏
12/04/2026

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကြပါစေဟု Life Lightမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်န်ော🙏

‼️N3/N2 မှာ self study ဘယ်လိုလုပ်ကြမလဲ⁉️၁။ ခန်းဂျီးကို ဝါကျအလိုက်မှတ်ပါ 🌟ခန်းဂျီးတစ်လုံးချင်းစီကိုဖြစ်ဖြစ်၊ စကားလုံး တွေ...
04/04/2026

‼️N3/N2 မှာ self study ဘယ်လိုလုပ်ကြမလဲ⁉️

၁။ ခန်းဂျီးကို ဝါကျအလိုက်မှတ်ပါ 🌟

ခန်းဂျီးတစ်လုံးချင်းစီကိုဖြစ်ဖြစ်၊ စကားလုံး တွေကိုဖြစ်ဖြစ် အလွတ်လိုက်ကျက်နေတာ ရပ်လိုက်ပါ။ အဲဒီအစား ခန်းဂျီးတွဲတွေကို စာကြောင်းအပြည့်အစုံ ထဲမှာ ဘယ်လိုသုံးထားလဲဆိုတာနဲ့ တွဲမှတ်ပါ။ Anki သုံးရင်လည်း စာကြောင်းလိုက် Flashcard လုပ်ပါ။ ဒါမှ (Reading) ဖတ်တဲ့အခါ ဘာသာပြန်စရာမလိုဘဲ တန်းနားလည်လာမှာပါ။

၂။ ဆင်တူယိုးမှား သဒ္ဒါတွေကို စုပြီးနှိုင်းယှဉ်ပါ🌟

သဒ္ဒါတွေကို စာအုပ်ထဲကအတိုင်း အခန်းလိုက်ကျက်မယ့်အစား အဓိပ္ပာယ်တူတာ တွေကို စုလိုက်ပါ။ (ဥပမာ - 'အကြောင်းကြောင့်' လို့ အဓိပ္ပာယ်ရတဲ့ သဒ္ဒါအားလုံးကို စုပါ။) ပြီးရင် သူတို့ရဲ့ ကွဲပြားချက် (ဘယ်ဟာက ယဉ်ကျေးလဲ၊ ဘယ်ဟာက အငြင်းနဲ့တွဲလဲ) ကိုပဲ အာရုံစိုက်ပြီး ဥပမာစာကြောင်း ၁ ကြောင်းစီနဲ့ နှိုင်းယှဉ်မှတ်ပါ။ ဒါဆိုရင် မေးခွန်းတွေက ဘယ်လိုပဲလှည့်မေးမေး မမှားတော့ပါဘူး။

၃။ Readingမှာ စာပိုဒ်အားလုံးကို မဖတ်ပါနဲ့🌟

စာမေးပွဲမှာ Readingကို အစအဆုံး သေချာဖတ်နေရင် အချိန်မလောက်ပါဘူး။ စာပိုဒ်တစ်ခုချင်းစီရဲ့ ပထမဆုံးဝါကျ နဲ့ နောက်ဆုံးဝါကျ ကို အရင်ဖတ်ပါ။ ပြီးရင် စာရေးသူရဲ့ ထင်မြင်ချက် (ဥပမာ - と思う, 〜べきだ, 〜ではないか) ပြတဲ့ စကားလုံးတွေကိုပဲ လိုက်ရှာပါ။ အဖြေအမှန်တွေက အဲဒီနားမှာပဲ ရှိနေတတ်ပါတယ်။

၄။ Listeningမှာ Script ကို ချက်ချင်းပြန်စစ်ပါ🌟

နားထောင်ရုံတင် မလုံလောက်ပါဘူး။ တစ်ခါနားထောင်ပြီးရင် Script ကို ချက်ချင်းဖွင့်ကြည့်ပါ။ "ငါဘာလို့ ဒီစကားလုံးကို လိုက်မမီတာလဲ?" ဆိုတာကို ခွဲခြားပါ။ စကားလုံး မသိလို့လား၊ ဒါမှမဟုတ် အသံထွက်ချင်း ဆက်သွားလို့လား။ ကိုယ်အားနည်းတဲ့အချက်ကို အဲဒီလိုရှာပြီး ပြင်မှသာ နားထောင်စွမ်းရည် တိုးတက်လာမှာပါ။

Advanced Level ရောက်လာရင် "できません" (မလုပ်နိုင်ပါဘူး)၊ "ダメです" (မရပါဘူး) လို့ တိုက်ရိုက်ငြင်းတာက Business လောကမှာ အလွန်ရိုင...
31/03/2026

Advanced Level ရောက်လာရင် "できません" (မလုပ်နိုင်ပါဘူး)၊ "ダメです" (မရပါဘူး) လို့ တိုက်ရိုက်ငြင်းတာက Business လောကမှာ အလွန်ရိုင်းပါတယ်။ ဂျပန်တွေက တစ်ဖက်လူ မထိခိုက်အောင်၊ ဆက်ဆံရေးမပျက်အောင် "သွယ်ဝိုက်ငြင်းဆန်ခြင်း အနုပညာ" ကို သုံးပါတယ်။

အလုပ်ထဲမှာ အများဆုံးကြုံရမယ့် ငြင်းဆန်နည်း (၂) မျိုးကတော့ -

၁။ အင်တာဗျူး / အလုပ်လျှောက်လွှာများကို ငြင်းပယ်ခြင်း
🚫 お見送りさせていただきます (Omiokuri sasete itadakimasu)
• အဓိပ္ပာယ်: တိုက်ရိုက်ဘာသာပြန်ရင် "လိုက်ပို့ပေးပါရစေ" လို့ အဓိပ္ပာယ်ရပါတယ်။
• ဆိုလိုရင်း: တကယ်တမ်းကတော့ "ဒီတစ်ကြိမ်တော့ လက်တွဲဖို့ အဆင်မပြေသေးပါဘူး" လို့ ယဉ်ယဉ်ကျေးကျေးငြင်းလိုက်တာပါ။

၂။ ကမ်းလှမ်းချက် (Proposal / Request) များကို ငြင်းပယ်ခြင်း
🚫 ご期待に沿えず申し訳ございません (Gokitai ni soezu moushiwake gozaimasen)
• အဓိပ္ပာယ်: "လူကြီးမင်းရဲ့ မျှော်လင့်ချက်အတိုင်း မဖြစ်လာတဲ့အတွက် တောင်းပန်ပါတယ်"
• ဆိုလိုရင်း: Customer ဒါမှမဟုတ် Partner ကုမ္ပဏီက တစ်ခုခု တောင်းဆိုလာတဲ့အခါ "မလုပ်ပေးနိုင်ပါဘူး" လို့ မပြောဘဲ တောင်းပန်စကားနဲ့ လှလှပပ ငြင်းပယ်တဲ့အခါ သုံးပါတယ်။

📣ဂျပန်မှာ နေမကောင်းဖြစ်ရင် ဆေးခန်းဘယ်လိုပြရလဲ⁉️အဆင့် (၁) - ဆေးရုံကြီးလား၊ ဆေးခန်း (Clinic) လား ရွေးချယ်ပါ။ဂျပန်မှာ နေမကေ...
20/03/2026

📣ဂျပန်မှာ နေမကောင်းဖြစ်ရင် ဆေးခန်းဘယ်လိုပြရလဲ⁉️

အဆင့် (၁) - ဆေးရုံကြီးလား၊ ဆေးခန်း (Clinic) လား ရွေးချယ်ပါ။
ဂျပန်မှာ နေမကောင်းဖြစ်ရင် ချက်ချင်း ဆေးရုံကြီး (病院 - Byouin) ကို ပြေးသွားလေ့မရှိပါဘူး။ ကိုယ်ဖြစ်တဲ့ ရောဂါပေါ်မူတည်ပြီး ရပ်ကွက်ထဲက သက်ဆိုင်ရာ အထူးကုဆေးခန်း (クリニック - Kurinikku / Clinic) ကို အရင်သွားရပါတယ်။ ဥပမာ - အအေးမိ၊ ဖျားနာ၊ ဗိုက်နာရင် နိုင်က (内科 - Naika - အတွင်းဆေးကုသဆောင်) လို့ ရေးထားတဲ့ ဆေးခန်းတွေကို ရှာသွားရပါမယ်။

အဆင့် (၂) - မပါမဖြစ် ယူသွားရမယ့် ကတ် (၂) ကတ်။
ဆေးခန်းသွားရင် ပိုက်ဆံအိတ်ထဲမှာ ဒီကတ် (၂) ခု ပါ၊ မပါ အရင်စစ်ပါ။
၁။ နိုင်ငံခြားသား မှတ်ပုံတင်ကတ် (Zairyuu Card)
၂။ ကျန်းမာရေးအာမခံကတ် (Hokenshou)
အာမခံကတ်ပါရင် ဆေးဖိုးနဲ့ ကုသစရိတ်ရဲ့ ၃၀% ပဲ ကိုယ်က ကျခံရမှာပါ။ မပါရင်တော့ ၁၀၀% အပြည့် ပေးရမှာဖြစ်လို့ ငွေအရမ်းကုန်ပါလိမ့်မယ်။

အဆင့် (၃) - Reception မှာ စာရွက်ဖြည့်ခြင်း (Monshinhyou).
ဆေးခန်းရောက်တာနဲ့ Receptionist က ကျန်းမာရေး မေးခွန်းလွှာ (問診票 - Monshinhyou) ဖြည့်ခိုင်းပါလိမ့်မယ်။ ကိုယ်ဖြစ်နေတဲ့ ရောဂါလက္ခဏာ၊ အရင်က ရောဂါအခံရှိ/မရှိ၊ ဓာတ်မတည့်တဲ့ဆေး ရှိ/မရှိ ဂျပန်လို ဖြည့်ရတာပါ။

အဆင့် (၄) - ဆရာဝန်နဲ့ ပြသခြင်း။
ကိုယ့်နာမည်ခေါ်ရင် အခန်းထဲဝင်သွားပြီး ဆရာဝန်ကို လက္ခဏာတွေ ပြောပြရုံပါပဲ။ အဖျားတိုင်းတာ၊ စမ်းသပ်တာတွေ လုပ်ပြီးရင် ဆရာဝန်က ဆေးစာရွက် (処方箋 - Shohousen) ရေးပေးပါလိမ့်မယ်။
⚠️ အရေးကြီးဆုံး သတိထားရမယ့်အချက် - ဂျပန်ဆေးခန်းအများစုဟာ မြန်မာပြည်ကလို ဆေးကို တစ်ခါတည်း ထုတ်မပေးပါဘူး။ ဆေးခန်းမှာ ကုသခ (စမ်းသပ်ခ) ပဲ ရှင်းခဲ့ရတာပါ။

အဆင့် (၅) - ဆေးဆိုင် (Yakkyoku) သွားခြင်း။
ဆေးခန်းကပေးလိုက်တဲ့ ဆေးစာရွက်ကိုယူပြီး အပြင်က ဆေးဆိုင် (薬局 - Yakkyoku) မှာ သွားဝယ်ရပါတယ်။ များသောအားဖြင့် ကိုယ်ပြခဲ့တဲ့ ဆေးခန်းရဲ့ ဘေးနား ဒါမှမဟုတ် အောက်ထပ်တွေမှာ ဆေးဆိုင်ရှိတတ်ပါတယ်။ အဲဒီရောက်မှ ဆေးစာရွက်ပြ၊ ဆေးဖိုးရှင်း၊ ဆေးဝယ်ပြီး အိမ်ပြန်အနားယူလို့ ရပါပြီ။

🎓 ဂျပန်မှာ ကျောင်းသွားတက်ဖို့ စိတ်ကူးရှိတယ်၊ ဒါပေမယ့် ဘယ်ကနေ စလုပ်ရမလဲမသိဘူး၊ စိတ်ချယုံကြည်ရတဲ့ လမ်းညွှန်မှုမျိုး လိုချင်တယ်ဆိုရင်တော့ Life Lightမှာ အခုပဲ အခမဲ့ လာရောက်စုံစမ်း ဆွေးနွေးလို့ ရနေပါပြီနော်။

16/03/2026

မိမိမှာရဲဖြစ်နေသော်လည်း တရားခံမှာ အဆင်လေးဖြစ်နေသောအခါ😁

ဂျပန်မှာ ကျောင်းလျှောက်တာနဲ့ပတ်သတ်ပြီး သိလိုသည်များကို Life Light တွင် လာရောက်စုံစမ်းနိုင်ပါသည်။

Address

Yangon
11211

Website

Alerts

Be the first to know and let us send you an email when Life Light Japanese Education Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share