Ayawaddy Thar

Ayawaddy Thar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ayawaddy Thar, Business service, ဒါးပိန်လမ်း လှည်းကူးတာဆုံ လှည်းကူးမြို့, Yangon.

20/02/2023

20/02/2023

☝️စိတ်ညစ်တာ အဖြေမဟုတ်ဘူး☝️
📚----------📚-------------📚

{သင် ပျော်ရွှင်ဖို့ ဘဝနေနည်းတစ်ခုပါ} 🥰

ပန်းခင်းလမ်းကို လျှောက်နေချိန်မှာထက်
ဆူးခင်းလမ်းကို လျှောက်နေချိန်မှာပြုံးနိုင်ဖို့က
ပို အ ရေး ကြီး တယ်

လက်တွေ့ဘဝက ရုပ်ရှပ်မဟုတ်တော့
အမြဲအဆင်ပြေသာယာနေဖို့တော့ မလွယ်ဘူးပေါ့
ရုန်းနိုင်သူတွေသာ လွတ်မြောက်နိုင်ပြီး
လှမ်းနိုင်သူတွေသာ ရှေ့ရောက်ပါလ်ိမ့်မယ်

အမြဲတမ်းပျော်နေဖို့ မဖြစ်နိုင်ပေမယ့်
အချိန်တော်တော်များများမှာ ပျော်ဖို့တော့
ဖြစ်နိုင်ပါတယ် , အရေးကြီးတာက
ကိုယ်တကယ် ပျော်ချင်စိတ် ရှိဖို့ပါဘဲ

ဥပမာ အလုပ်ကို ပျော်အောင်လုပ်မယ်ဆိုပါစို့
ဒါဆို အချိန်အများစုမှာ မင်း ပျော်ရမှာပါ
ဘာလို့လဲဆိုတော့ လူ့ဘဝရဲ့၈၀ရာခိုင်နှုန်းက
စား ဝတ် နေရေး လုပ်ကိုင်ရှာဖွေခြင်းဆိုတဲ့
အလုပ်တွေနဲ့ ဖွဲ့စည်းထားလို့ပါဘဲ

နောက်ထပ် ပျော်စေမယ့်အရာတွေကတော့
မလိုတာတွေကို ခေါင်းထဲမထည့်တက်တာ
အဖြစ်အပျတ်တွေအပေါ် ခံစားမလွယ်တာ
အတိတ်ကို ပြန်ပြန်သွားပြီးတော့
နာကျင်စရာတွေကို ပြန်မတွေးဘဲမေ့ပစ်လိုက်တာ
အရမ်းကြီး စိတ်နစ်ပြီး ပုံချစ်မထားတက်တာ
အများကြီး မျော်လင့်ချက်တွေ မထားတက်တာ
ကိုယ့်တန်ဖိုးနားမလည်တဲ့သူတွေနားမှာ
အချိန်အကြာကြီး တွယ်ကပ်မနေတက်တာ
နောက် ပြီး တော့
ပြီးခဲ့တာတွေကို တစ်ဖန်နောင်တ ရမနေဘဲ
စိတ်ကို လေးလံစေတဲ့အရာမှန်သမျှကို
ပြတ်ပြတ်သားသား လွှတ်ချထားနိုင်ခဲ့တာ
ဒါတွေဟာ ကိုယ်မပူလောင်စေဖို့အတွက်နဲ့
အချိန်အများစုမှာ ပျော်နေနိုင်ဖို့အတွက်ပါ

ဘ ဝ မှာ
နေရာကောင်းကောင်း ရဖို့ထက်
ရောက်တဲ့နေရာမှာ ကောင်းအောင်နေဖို့က
ပိုပြီး အရေးကြီးပါတယ်

ဘယ်သူ့ကိုမှ အားကျနေစရာ မလိုသလို
ကိုယ့်ဘဝကို သူများနဲ့နှိုင်ယှဉ်ပြီးတော့လည်း
အားငယ် စိတ်ပျက်နေစရာ မလိုဘူး
ရှိတာလေးနဲ့ လှအောင် ဝတ်မယ်
ရတာလေးနဲ့ ဝအောင် စားမယ်
ပြောင်းလဲသွားတာတွေကို လက်ခံပြီး
ကိုယ့်ဖြစ်တည်မှုကို ကိုယ့်ချစ်ပြီးတော့
ကိုယ့်ဘဝအတွက်သာ ကိုယ်ရှိနေဖို့ပါဘဲ

ဒီအခက်အခဲပြီးသွားရင်
နောက်အခက်အခဲတစ်ခု လာဦးမှာဘဲ
ဒီပြဿနာတစ်ခု ဖြေရှင်းပြီးသွားရင်လဲ
ပုံစံမတူတဲ့ နောက်ပြဿနာတစ်ခုလာဦးမှာပါ
ဘဝကြီးက အရာရာအဆင်ပြေနေမှဆိုရင်တော့
ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်သလို
ဘယ်တော့မှလဲ ပျော်ရမှာမဟုတ်ဘူး

အမှားတွေထဲက သင်ခန်းစာယူ
လဲကျသွားရင် ကိုယ့်ဘာသာ ပြန်ထ
ခက်ခက်ခဲခဲရှင်သန်မှုတွေထဲကနေပြီးတော့
အားတင်းပြီး ပြုံးထားနိုင်မှသာ
ဘဝဟာ ပြိုလဲမသွားဘဲ ရှေ့ဆက်နိုင်မှာပါ

တစ်ခါတလေကျတော့
အဆိုးဆုံးအခြေအနေတွေကို
ကြိုကြိုတင်တင် လက်ခံဖို့ တွေးထားရတယ်

အဆိုးဆုံးတွေကိုတောင် လက်ခံနိုင်တဲ့အတွက်
ကိုယ့်မှာ နောက်ထပ်
ဘာမှ ဆုံးရှုံးစရာ ထပ်မရှိတော့ပါဘူး
အခါခါပြိုလဲရ အကြိမ်ကြိမ်ကျရှုံးရ
လောကဓံတရားတွေအောက်မှာ
နာကျင် ကြေကွဲ ဝမ်းနည်းခြင်းတွေဟာ
ကိုယ်နဲ့ရင်းနှီးပြီး နေသားကျလာတဲ့အခါ
တကယ်တမ်း အဆိုးတွေနဲ့ကြုံလာတော့
ကိုယ်ဟာ သန်မာနေပြီးသား
ရင်ဆိုင်ဖို့ အသင့်ရှိနေပြီးသား ဖြစ်နေပါလိမ့်မယ်

တန်းဖိုးမသိလို့ စွန့်ပစ်ခံလိုက်ရပေမယ့်
တန်ဖိုးထားတက်သူလက်ထဲမှာတော့
ကိုယ်ဟာ အဖိုးတန်ရတနာ ဖြစ်နေပါလ်ိမ့်မယ်

သူ့ကြောင့်ငိုရလွန်းလို့
နာကျင်နေရတဲ့ မျက်ဝန်းတွေဟာလဲ
တစ်ခြားသူရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့်
အလှပဆုံး ပြုံးပျော်လာနိုင်ပါသေးတယ်

အဆိုးဆုံးတွေဆိုတာ
ကိုယ်က ရုန်းမထွက်သေးလို့ပါ
တကယ်တမ်း ကိုယ်ကလက်မခံတော့တဲ့အခါ
ဘယ်လိုအရာတွေကမှ
ကိုယ့်ကိုပြိုလဲသွားအောင် အနိုင်မယူနိုင်ပါဘူး

ကိုယ့်နာမည်ကို
ကိုယ့်စိတ်ထဲကနေ အခါခါပြန်ရွတ်ပါ
ပြီးရင် ကိုယ့်ကိုယ်ကို ဒီလိုသေချာပြောပြပါ

ကဲ ငါဟာ ဒီနေ့ကစပြီး
လူသစ် စိတ်သစ်နဲ့ ရှင်သန်မယ်
အကောင်းဆုံးတွေကို ရှာဖွေပြီး
အဆိုးတွေကနေ ရုန်းထွက်မယ်

ငါဟာ ငါဘဲမို့
ငါ့ကိုယ်ငါ နားလည်ရမယ်
ငါ့ကိုယ်ငါ ချစ်တဲ့စိတ် မွေးရမယ်
ငါ့အတွက်ဘဲ ငါအကောင်းဆုံး ရှင်သန်မယ်

ခွင့်လွှတ်သင့်တာတွေကို ငါခွင့်လွှတ်ပြီး
စွန့်လွှတ်သင့်တာတွေကို ငါ စွန့်လွှတ်မယ်
မေ့ပြစ်လိုက်ခြင်းကသာ
ဒဏ်ရာကို သက်သာစေမယ့်
အကောင်းဆုံးနည်းလို့ ငါထင်တယ်

ဘယ်လောက်ခက်ခက် ငါစိတ်မပျက်ဘူး
မိသားစုအတွက် ငါအကောင်းဆုံးရပ်တည်မယ်
ချစ်တဲ့သူတွေကို ငါ တန်ဖိုးထားတယ်
မုန်းတဲ့သူတွေကို လျစ်လျူရှုလိုက်မယ်
မေတ္တာတရားကသာ အေးချမ်းစေနိုင်ပြီးတော့
ရိုးသားခြင်းကသာ လူပီသမှုဖြစ်တယ်

ပျက်နေတဲ့စိတ်နဲ့တော့
အိမ်မက်ဟာ လက်တွေ့ဖြစ်မလာနိုင်သလို
ကျနေတဲ့စိတ်ဓာတ်နဲ့လဲ
ဘဝဟာ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး

ဖြစ်ချင်တာတွေ များစွာရှိနေပေမယ့်
ဖြစ်သင့်တာလောက်ကိုဘဲ
လောကကြီးက အခွင့်အရေးပေးပါတယ်

လုပ်တိုင်းမဖြစ်တဲ့အရာတွေကို စိတ်ညစ်ပြီး
အချိန်တွေ မဖြုန်းတီးပါနဲ့
အားအင်တွေကို အလကားမလုပ်ပါနဲ့
ကိုယ့်ကိုယ်ကိုလဲ မနှိပ်စက်ပါနဲ့

တ ကယ် တော့
စိတ်ညစ်တာ အဖြေမဟုတ်ပါဘူး
ဘာဆက်လုပ်မလဲဆိုတာကသာ အဖြေပါခင်ဗျာ။

#အောင်ဆွေဝင်း (စာပေ ပရဟိတ)
(ခင် မင် လေး စား လျှက် ပါ)
__________________________________
𝙒𝙧𝙞𝙩𝙚𝙧
✍✍✍✍✍✍✍✍✍

20/02/2023

တန်ဖိုးထားပါ
************
ဖတ်ကြည့်နော်…

အရိပ်လေး ရှိတော့…
နေဒဏ် လေဒဏ်တွေ
မသိရဘူးပေါ့။

မိဘတွေ ရှိတော့…
လောကဓံ အခက်အခဲတွေ
မသိရဘူးပေါ့။

#မိဘတွေ မရှိတော့တဲ့
တစ်နေ့ကျရင်…

နေဒဏ် လေဒဏ်တွေကော
လောကဓံတွေပါ

သင်ကိုယ်တိုင် ရင်ဆိုင်ရမှ
သိလာပါလိမ့်မယ်။

#ဒါကြောင့်…
မိဘရှိတုန်း တန်ဖိုးထားပါ။

မေတ္တာဖြင့်…
အရှင်ပုည( ဝကုန်း )
ပြည်လုံးချမ်းသာပရိယတ္တိစာသင်တိုက်
ကျောက်မဲမြို့။

04/02/2023

စိတ်ဓာတ်ချင်း မတူညီတဲ့အခါ
ပေါင်းသင်းဖို့ ခက်လိမ့်မယ်။

ရင်ဘတ်ချင်း မတူညီတဲ့အခါ
နားလည်မှုတွေ လွဲလိမ့်မယ်။

တန်ဖိုးချင်း မတူညီတဲ့အခါ
နေရာထားပုံချင်း ကွဲလိမ့်မယ်။

မတူရင် မတုနဲ့ဆိုသလို
ကိုယ့်ကို ပခုံးချင်း ယှဉ်လာတဲ့အခါ
အနည်းငယ်နိမ့်ပေးလိုက်ပါ
သူပျော်ချင် ပျော်သွားလိမ့်မယ်
ကိုယ့်တန်ဖိုးတော့ ကျမသွားပါဘူး။

လူတော်တော်များများက
မပြောမှန်းသိလေ'' အ''တယ်ထင်ပြီး
အထင်သေးတတ်ကြတယ်
တကယ်တော့ သူတို့ကို
ယှဉ်ပြီးပြောရတာ ကိုယ့်သိက္ခာ နဲ့
မတန်လို့ဆိုတာ မေ့နေတတ်ကြတယ်။

(ရာမညမြေ)

#မေဆုရာမညမြေအတွေးစာစုလေးများ

15/01/2023

ပိုက်ဆံမရှိပဲ စလို့ရတဲ့
ကိုယ်ပိုင် အလုပ် ၃ ခု

ပိုက်ဆံမရှိရင်ကိုယ်ပိုင် စီးပွါးရေး
လုပ်လို့မရပါဘူး…..
ကိုယ်ပိုင်အလုပ်တော့ လုပ်လို့ရပါတယ်

လုပ်ငန်းနဲ့အလုပ် မရောစေချင်ပါဘူး
ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့ ပိုက်ဆံလိုပါတယ်
ကိုယ်ပိုင်အလုပ်တချို့ကတော့….
ပိုက်ဆံမရှိပဲစတင်လို့ရပါတယ်
ကျွန်တော်အကြိုက်ဆုံး ကိုယ်ပိုင်အလုပ်
၃ ခုကတော့

၁။ ကော်မရှင်စား
လူအများကတော့ ပွဲစားလို့ခေါ်ကြတယ်
ကျွန်တော်ဘာလို့ ကြိုက်တာလဲဆိုတော့
ပွဲစားတယောက်ရဲ့ စကေးက….
ကိုယ်နဲ့ အခုမှ စတွေ့တဲ့သူဟာ
ကိုယ့်စကားကြောင့် သိန်းဆယ်ဂဏန်းကနေ
ရာဂဏန်း ထောင်ဂဏန်းအထိ အရောင်းအဝယ်
ဖြစ်သွားစေတယ်….
တသက်လုံးပွဲစားလုပ်ဖို့ပြောချင်တာမဟုတ်ပါဘူး

ပွဲစားလုပ်ရင်းရမယ့်……
- အရောင်းစကေး
- ပိုက်ဆံရှိအသိုင်းအဝိုင်းနဲ့ မိတ်ဖွဲ့နိုင်မှုတွေကို
ကိုယ်ပိုင်အလုပ်ကနေ ကိုယ်ပိုင်လုပ်ငန်း
ပြောင်းလုပ်တဲ့အချိန် အသုံးချဖို့ ပြောတာပါ

၂။ Content ဖန်တီးသူ
Digital Marketing ခေတ်မှာ content ဖန်တီးသူတွေ
လိုအပ်ချက်များပါတယ်….
Content ကောင်းတွေဘယ်လို ဖန်တီးလဲ လေ့လာပါ
Content တွေကို အပေါ်ယံဘဲ မဖန်တီးပါနဲ့…..
ပရိတ်သတ်ကို ဘယ်လိုဖမ်းစားမလဲ သိရအောင်
စနစ်တကျ မှတ်သားပြုစုပါ ပြီးရင်…
ကြော်ငြာရေးတဲ့ဘက်ကူးပါ….

ဒီကနေဘာရမလဲဆိုတော့….
- ပရိတ်သတ်ကို ဖမ်းစားတဲ့ စကေးတွေရလာမှာပါ
- လုပ်းငန်းရှင်တွေနဲ့ မိတ်ဖွဲ့ခွင့်ရမှာပါ
ပြီးရင်တော့ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပြင်ဆင်ပါ

၃။ ဆိုရှယ်မီဒီယာ ဆယ်လီ
အပေါ်ကနှစ်ခုကို သေသေချာချာလုပ်တဲ့သူတွေဟာ
ဆိုရှယ်မီဒီယာပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိသူတစ်ယောက်
ဖြစ်လာအောင် ဘယ်လိုလုပ်ရမလဲ သိတဲ့သူတွေ
ဖြစ်ကြပါတယ်…..

ဒီ ၃ ခုလုပ်ရင်း ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့
ပြင်ဆင်တဲ့အခါ လိုအပ်တဲ့…
ဗျူဟာတွေ စကေးတွေကို ရှယ်လေ့လာနိုင်ဖို့
GRE Series မှာတင်ဆက်ပါတယ်…

https://fb.watch/hZdMhJ6yfz/

15/01/2023

ဘဝမှာ သင့်ကို ငွေရှာပေးနိုင်တာ (၃)ခုရှိပါတယ်။
ခွန်အား၊ အတွေ့အကြုံနဲ့ ပညာပါ။
ခွန်အားဆိုတာ ကန့်သတ်ချက်ရှိပါတယ်။
အတွေ့အကြုံနဲ့ ပညာကတော့ အကန့်အသတ်မရှိ သိမ်းဆည်းလို့ရပါတယ်။

ငယ်ရွယ်စဉ်မှာ ခွန်အားကသာ ငွေရှာပေးနိုင်ပေမယ့် အသက်တဖြည်းဖြည်းကြီးလာတဲအခါ အတွေ့အကြုံနဲ့ ပညာကသာ ငွေရှာပေးမှာဖြစ်ပါတယ်။

သင်အသက်ကြီးလာတဲ့အခါ ခွန်အားနဲ့ ဝင်ငွေရှာလို့ မရတော့ပါဘူး။ ငတ်ပါမယ်။
အသက်အရွယ်နဲ့ မျှတဲ့ ပညာနဲ့ အတွေ့အကြုံရှိတဲ့အခါ သင့်အတွက် ငွေမရှားပါဘူး။

တချို့ အသက်ကြီးတာတောင် ပိုက်ဆံမရှိတာဟာ ပညာနဲ့ အတွေ့အကြုံမရှိလို့ပါ။

လစာနည်းလို့ စိတ်မညစ်ပါနဲ့။ အတွေ့အကြုံနဲ့ပညာရတယ်လို့မှတ်ပါ။
နောက်လိုက်ကောင်းဖြစ်ပါစေ။ အတွေ့အကြုံကောင်းတွေယူပါ။
တနေ့သင် ခေါင်းဆောင်ဖြစ်တဲ့အခါ လူတွေကလေးစားတာခံရတဲ့အပြင် ဝင်ငွေလဲကောင်းပါလိမ့်မယ်။

15/01/2023

မြင်းတွေသောက်တဲ့
စမ်းချောင်းက ရေကို သောက်ပါ။
မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။

ကြောင်အိပ်တဲ့ နေရာမှာ
သင့်အိပ်ယာကို ခင်းပါ။

ပိုးကောင် တစ်ကောင် ထိခံထားရတဲ့
သစ်သီးကို စားပါ။

အင်းဆက် နားတဲ့ မှိုကို
ရဲရဲ နှုတ်ပါ။

ပွေး တွင်းတူးတဲ့ နေရာမှာ
သစ်ပင်စိုက်ပါ ။

မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ
သင်ရဲ့အိမ်ကို ဆောက်ပါ ။

ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ
သင့်ရဲ့ရေပန်းကို တူးပါ။

ငှက်တွေနဲ့ တစ်ချိန်တည်း
အိပ်ယာဝင် အိပ်ယာထပါ ။
သင့်ရဲ့ နေ့အားလုံးမှာ
ရွှေဝါရောင် ကောက်နှံစေ့တွေ
ရိတ်သိမ်းရပါလိမ့်မယ် ။

ဟင်းရွက်စိမ်းတွေ ပိုစားပါ ။
သစ်တောထဲက သတ္တဝါတွေလို
သင့်မှာ သန်မာတဲ့ ခြေထောက်တွေနဲ့
ခုခံအားရှိတဲ့ နှလုံးတစ်ခုကို
ပိုင်ဆိုင်လာပါလိမ့်မယ် ။

မကြာမကြာ ရေကူးပါ ။
ရေထဲက ငါးလို
သင် မြေပြင်ပေါ်မှာ ခံစားရပါလိမ့်မယ် ။

ဖြစ်နိုင်သမျှ မကြာမကြာ
ကောင်းကင်ကို ကြည့်ပါ ။
သင့်အတွေးတွေ
ပေါ့ပါး ကြည်လင်လာပါလိမ့်မယ် ။

ကောင်းစွာ ဆိတ်ဆိတ်နေပါ ။
စကားမပြောမိသလောက် နေပါ ။
ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ
သင့်နှလုံးအိမ်ထဲ ဝင်လာပြီး
သင့်စိတ်ဟာ တည်ငြိမ်ပြီး
သာယာ အေးချမ်းမှုတွေ ပြည့်လာပါလိမ့်မယ်။

Address

ဒါးပိန်လမ်း လှည်းကူးတာဆုံ လှည်းကူးမြို့
Yangon
11201

Telephone

+95 9 44803 9839

Website

Alerts

Be the first to know and let us send you an email when Ayawaddy Thar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share