22/11/2024
လေဆိပ်ဝင်မဲ့ကလေးတွေသတိထားရန်🇯🇵⬇️⬇️❗
👘Coe အောင်ပြီး သွားခါနီးကလေးများ ပစ္စည်းဝယ်တာ၊ ထည့်တာတွေမှာ ဒါလေးတွေ သတိထားကြပါနော် ....
▪️အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး ပစ်ချလည်း မကွဲလောက်မယ့် အိတ်ကိုဝယ်ပါ။
▪️Hand Carry Bag သုံးမယ့်အိတ်ကို မဖြစ်မနေ ဘီးပါတာဝယ်ပါ။
Hand Carry Bag က ကိုယ်တိုင်သယ်ရတာဖြစ်လို့ ဘီးမပါလို့ မ နေရရင် Transit ဝေးရင်ဝေးသလောက် ပင်ပန်းပါတယ် ။
▪️Hand Carry Bag ထဲထည့်သယ်မယ့် ပစ္စည်းများထဲမှာ သံထည်ပစ္စည်းနဲ့ အရည်ပါတဲ့အရာနဲ့ ဆေးဝါးပစ္စည်းတွေ မထည့်တာက Save အဖြစ်ဆုံးဖြစ်ပါတယ်။
( အကုန် အသေးစိတ် အစစ်ခံရမှာမို့ အခန့်မသင့်ရင် စစ်တဲ့နေရာမှာ ထားခဲ့ရနိုင်ပါတယ်)
▪️ဖိနပ်ကို သက်သောင့်သက်သာ အဖြစ်ဆုံးဖိနပ် ဝယ်ပါ။ ဖိနပ်ပေါက်ရင် ခြေထောက်အရမ်းနာပြီး ပင်ပန်းစေပါတယ်။
▪️ Power bank ပါလျှင် Hand Carry ထဲပဲ ထည့်သည်ရတယ်လို့ သိရပါတယ်။
mobile Battery charging , ဓါတ်ခဲပါတဲ့လျှပ်စစ်ပစ္စည်းအမျိုးအစားက Check in baggage အိတ်အကြီးထဲထည့်သယ်လို့မရပါ❌
100Wh ~ 160 Wh ( 43243 mAh) ထိဆို လူတစ်ယောက်ကို (2) ခုထိဘဲ သယ်ခွင့်ရှိပါတယ်✅
▪️💻Laptop က ကျောပိုးအိတ် (သို့) handcarry အနေနဲ့လက်ကဆွဲသွားလို့ရပါတယ်။
▪️ရွှေထည်ပစ္စည်းက လူတစ်ကိုယ်စာ ဝတ်ဆင်သွားရင်ရပါတယ်။
▪️ကျောပိုးအိတ် လွယ်လို့ရပါတယ်။
ပုံမှန်ဆို ထည့်မချိန်ပါ။
အရမ်း size ကြီးနေတာမျိုး၊ လေးတဲ့ပုံစံသိသာရင်တော့ Hand Carry နဲ့ပေါင်းချိန်တာမျိုး၊ ပစ္စည်းလျှော့ခိုင်းတာမျိုးတွေ လုပ်တတ်ပါတယ်။
(ဆိုဒ်သေးတဲ့ ကျောပိုးအိတ်ရွေးချယ်ပြီး မဖောင်းစေတဲ့ အရာတွေထည့်သင့်ပါတယ်)
▪️Snack မုန့်ထုပ်နဲ့ Ready အစားအစာ(အရည်မပါ) တာမျိုးတွေက Hand Carry နဲ့ကျောပိုးအိတ်ထဲထည့်သယ်လို့ရပါတယ်။
▪️အသီး၊ အသားငါး၊ အခြောက်အခြမ်း၊ အကြော်အလှော်တွေက ဆီလုံအောင်သေချာပိတ်ပြီး check in baggage အိတ်အကြီးထဲထည့်တာကောင်းပါတယ်။
⚠️အထူးသတိပေးချင်တာက တိပ်(ပ်)အဝါတွေနဲ့ မပတ်ဖို့ပါ။ တိပ်(ပ်) အဝါနဲ့ ပတ်ထားတော့ အစစ်ခံရတဲ့အခါ သံသယပိုဖြစ်ပြီး အကုန်ဖောက်စစ်တတ်ပါတယ်။
အနံ့ထွက်မှာစိုးရင် ပုံမှန် ကြွပ်ကြွပ်အိတ်နဲ့ အရင်ထည့်၊ လေထုတ်၊ စုပြီး သားရေကွင်း(သို့) ကြိုးနဲ့ ကြပ်ကြပ်လေးချည်၊ ပြီးရင် Zip Lock အိတ်အကြည်နဲ့ထည့်လိုက်ရင် အနံ့က တော်တော်လုံသွားပါတယ်။
▪️ပစ္စည်းထည့်တဲ့အခါ အိတ်ရဲ့ အောက်ခြေမှာ အဝတ်အစား အနည်းငယ်စီထည့်၊ ပြီးရင် မမြင်စေချင်တာတွေစီထည့်၊ ပြီးရင် အဝတ်အစားများကိုပဲ အပေါ်ကစီထည့်ပါ။
အိတ်နှစ်လုံး သယ်ခွင့်ရှိရင်တချို့က တစ်အိတ်က အဝတ်အစား၊ တစ်အိတ်က စားစရာဆိုပြီး ထည့်တတ်ကြပါတယ်။
အဲ့လိုမလုပ်ပဲ အပေါ်ကပြောတဲ့အတိုင်း နှစ်အိတ်လုံးမျှထည့်တာ ကောင်းပါတယ်။
▪️ Kg ဘယ်လောက်ရလဲဆိုတာကို လေယာဉ်လက်မှတ်ထဲမှာကြည့်ပြီး ပစ္စည်းထည့်တဲ့အခါ အလေးချိန်ကို တွက်ရင်း ထည့်တာကောင်းပါတယ်။
✳️အရမ်းအများကြီး Kg တွေပိုလို့ လေဆိပ်မှာ ထုတ်ထားခဲ့ရရင် ပစ္စည်းမဆုံးရှုံးရင်တောင် အရေးကြီးတာတွေ ချန်ခဲ့ရနိုင်ပါတယ် ။
Crd_ မူရင်း✍️❤️
ကဲ အားလုံးပဲ အခက်အခဲမရှိ နိုင်ငံခြားခရီးစဉ်လေးကို ဖြတ်သန်းနိုင်ပါစေ။