08/05/2020
For Your knowledge
Mask တွေကို ဘယ် Standard no က ဘာလဲ ဆိုတာ သိချင်သူများအတွက်ပါ
Mask တွေကဈေးအမျိုးမျိုးရှိပါမယ်
ဒီထဲမှာမှ YY 0469-2011, YY/T 0969-2013 , GB 19083-2010
အဲ့ 3 ခုက ဈေးအမြင့်ဆုံးဖြစ်ပါလိမ့်မယ်
သုံးတဲ့ melt blown quality အလိုက် gram အလိုက်
450 mmk ကနေ 600 mmk 800 mmk ကျော်တဲ့အထိ ဈေးရှိပါတယ်
ဒါကတော့ medical field မှာ quarantine field လူနာ/ သံသယရှိသူတွေနဲ့ထိတွေ့ရတဲ့သူတွေအတွက်ဆို ပိုသင့်တော်ပါမယ်
ကျန်တဲ့ပစ္စည်းတွေကတော့ ရိုးရိုး သာမာန် သွားလာလှူပ်ရှားနေတဲ့သူတွေအတွက် ဆို သင့်လျော်ပါတယ်
ကျန်တဲ့ ပစ္စည်းတွေမကောင်းဘူးမပြောဘူးနော် သာမာန်လက်လုပ်လက်စားတွေအတွက်ကတော့ ဒီလောက်ဈေးကို ရေရှည်တိုက်မယ့် ဒီပွဲအတွက်က အနည်းငယ်စရိတ်ထောင်းမှာပဲဖြစ်တယ်
တခြားအိမ်နီးချင်းနိုင်ငံတချို့မှာ mask မလုံလောက်တာတွေဖြစ်ပါတယ်။
ဈေးအနေနဲ့ကတော့ 200 mmk အောက်ကနေ 350 mmk ဝန်းကျင် လောက်ထိ
ပစ္စညျး quality ပေါ် မူတည်ပြီး ဈေးကွာမှာပါပဲ
ပထမဆုံးပစ္စည်းသွင်းတဲ့လူတိုင်း ဈေးကြီးမိ ပိုက်မိတာကလဲအမှန်ပဲ သတို့အမြတ်ကြီးစာလို့မဟုတ် တချို့ကျတော့ ဘယ်လိုရောင်းရမလဲမသိလို့အရေတွက်နဲနဲ မှာမိလို့ဈေးမြောက်သွားတာတွေလဲရှိပါတယ်
ခိုင်တို့လို မထုတ်နိုင်သေးပဲ ပြန်ရောင်းတဲ့ လူတွေအနေနဲ့ ဒီ code no တွေပဲမဟုတ်ပဲ သူတို့ရဲ့ certificate တို့နဲ့တခြား info တွေပါလိုက်လေ့လာပြီး မှ သွင်းရပါတယ်
အပြင်အသားရဲ့ quality အတွင်း melt blown quality standard code no. စသည်ဖြင့် အကုန် အဆင်ပြေနိုင်မယ့်ပစ္စည်းနဲ့ ကွာလတီကို ရှာရပါတယ်
အဓိက ကကိုယ်ရောင်းတဲ့ပစ္စည်းသည် 3 ply အထူပြောပြီး အပါး မဖြစ်စေရပါဘူး
3 ply ပြောပြီး အပြင်အလွှာကိုပဲ အတွင်းပြန်သုံးတဲ့ ပစ္စည်းမဖြစ်ရပါဘူး
melt blown ပြောပြီး ဂွမ်းသားမဖြစ်ရပါဘူး
နော်ကဆုံးတစ်ခုက ပစ္စည်းကတမျိုး standard code ကိုတော့အမြင့်ထဲက ဂျင်းပစ္စည်းမျိုး မဖြစ်ရပါဘူး
ဒီတော့ကာ ပစ္စည်းက သူ့ဈေးနဲ့သူ ကွာလတီနဲ့သူရှိတာမို့
ကိုယ်ရေရှည်သုံးမယ့် ဈေးအနေအထားနဲ့ ကွာလတီကို ချိန်ပြီး ဝယ်ယူကြပါ
မည်သည့်နေရာကဝယ်ဝယ်ပါ ဈေးတခုထဲမကြည့်ပဲ ပစ္စည်းကွာလတီ လေးပါ ကြည့်ကြပါလို့ အကြံပေးပါရစေနော် ။
့