Momentum Builder - Your HR Solution Partner

Momentum Builder - Your HR Solution Partner Career Skills Trainings and HR Consultation

18/07/2024

ကိုယ့်လုပ်ငန်းထဲမှာ ရှိတဲ့ ဝန်ထမ်းတွေကို ဘယ်လိုစနစ်တကျ ဖွဲ့စည်းထားမလဲ?
ကိုယ့်ရဲ့လုပ်ငန်းက အဖွဲ့အစည်းတစ်ခုဖြစ်တဲ့အတွက် စနစ်တကျ ဖွဲ့စည်းထားမှ ဝန်ထမ်းအင်အားတွေ လုပ်အားတွေကို အပြည့်အဝ အသုံးချနိုင်မှာ ဖြစ်ပြီး အလုပ်ပြီးမြောက်မှာ ဖြစ်ပါတယ်..
ကိုယ့်လုပ်ငန်းက လုပ်ငန်းသေးတယ်ဆိုရင် ဉီးဆောင်တဲ့သူကိုယ်နဲ့ ဝန်ထမ်းတွေရှိမယ်။ ဝန်ထမ်းတွေထဲမှာ အရောင်းလုပ်ရတဲ့အပိုင်းရှိမယ် ပစ္စည်းပို့ရတာရှိမယ် ။ ပစ္စည်းစာရင်းတွေကိုင်ရတဲ့သူတွေရှိမယ် ငွေတွေ စာရင်းတွေ ကိုင်ရတဲ့အပိုင်းတွေရှိမယ် လုပ်ငန်းသေးတယ်ဆိုရင် မန်နေဂျာလည်း ကိုယ်ပဲ သဌေးလည်းကိုယ် ပဲ အားလုံးကို ကိုယ်ပဲ အုပ်ချူပ်ထားလို့ရတယ်
လုပ်ငန်းက တဖြည်းဖြည်းကြီးလာမယ် ဆိုရင် ပစ္စည်းတွေရောင်းရတဲ့အတွက် အရောင်းသမားတွေ ထပ်ထည့်ရမယ် ပစ္စည်းပို့ရတာတွေလည်းများလာမယ် သဌေးကိုယ်တိုင်ကလည်း လုပ်ရတာတွေများလာပြီးဆိုရင် အားလုံးကို ကိုင်ထားဖို့ မလွယ်တော့ဘူး လူအင်အားများတဲ့ အဖွဲ့တွေကို ကိုယ့်ကိုယ်စား စီမံဖို့လူတွေထားရတော့မယ် လုပ်ငန်းဖက်က ကြည့်ရင် စီမံခန့်ခွဲတဲ့သူတွေခန့်ထားတာ သာမန်ဝန်ထမ်းထက် လစာပိုပေးရတယ်ဆိုပေမယ့် လုပ်အားချင်းယှဉ်ရင် ဉပမာ ကိုယ်က အရောင်းပိုင်းတွေ အသေးစိတ်စီမံနေမယ့် အစား အခြားအရေးကြီးတဲ့ လုပ်ငန်းချင်း ချိတ်ဆက်တဲ့ကိစ္စတွေ အခြား supplier ရှာတဲ့ ကိစ္စတွေ အလုပ်တွေ လုပ်နိုင်ရင် ကိုယ့်ရဲ့အချိန်တွေကို ပိုပြီးအသုံးချနိုင်မယ် အဲ့ဒါကြောင့် စူပါဗိုက်ဆာတွေ မန်နေဂျာတွေ ကိုလည်းလိုရင် လိုသလို ခန့်ထားဖို့လိုမယ် ဝန်ထမ်းတွေထဲမှာလည်း Senior Junior တွေ တွေများလာမယ် ဝန်ထမ်းအဆင့်တွေ ကွာခြားတာတွေရှိလာပြီးဆိုရင် Organization Chart ကို မဖြစ်မနေ ဆွဲထားဖို့ လိုလာပါပြီ။
Organization Chart ဟာ ဆွဲထားခြင်းအားဖြင့် ရနိုင်တဲ့ အကျိုးကျေးဇူးတွေက
• ဝန်ထမ်းတွေဟာ ကိုယ့်လုပ်ငန်းမှာ မတူညီတဲ့ အရေးကြီးတဲ့ အပိုင်းတွေက ဘာတွေလဲ
• ကိုယ့်ရဲ့တာဝန်ရှိတဲ့ပိုင်းတွေကဘာတွေလဲ တခြားသူတွေကရော ဘယ်သူတွေက ဘယ်အပိုင်းတွေ တာဝန်ရှိလဲ
• တဦးချင်းစီ ကိုယ်တိုင်က ဘယ်နေရာမှာ ရှိလဲ ကိုယ့်ရဲ့အထက်မှာ ဘယ်သူတွေရှိလဲ ကိုယ့်အောက်မှာ ဘယ်သူတွေရှိလဲ ကိုယ်ကဘယ်သူ့ကို report ပေးရမှာလဲ ရှင်းရှင်းလင်းလင်းသိရမယ်။
• လက်ရှိအလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေအတွက်ဖြစ်ဖြစ် ဝန်ထမ်းအသစ်တွေအတွက်ပဲဖြစ်ဖြစ် လုပ်ငန်းရဲ့ ဖွဲ့စည်းပုံကို ရှင်းရှင်းလင်းလင်းသိသွားမယ်
• ဝန်ထမ်းတွေနဲ့ အလုပ်တာဝန်တွေ မရှင်းမလင်းဖြစ်တာတွေ တာဝန်တွေ မထပ်အောင် စီမံနိုင်မယ်
• ဘယ်ကိစ္စဆိုရင် ဘယ်သူ့ကိုပြောရမလဲဆိုတာ သိသွားပြီး လုပ်ငန်းဆောင်ရွက်တဲ့ အခါ အဆင်ပြေလွယ်ကူမယ်

 Organization Chart ကိုဆွဲတဲ့အခါမှာ ရိုးရိုးရှင်းရှင်း လုပ်ငန်းဆောင်ရွက်ချက်အလိုက် ဖေါ်ပြရမယ်
 ပြုလွယ် ပြင်လွယ်ရှိရမယ် လုပ်ငန်းထဲက ဝန်ထမ်းတွေအားလုံး ပါဝင်ရမယ်။
 ဗဟိုထိန်းချူပ်တဲ့စနစ်ကို ရှောင်ရမယ်။ (ဗဟိုထိန်းချူပ်တဲ့စနစ်ဆိုတာ မန်နေဂျာ စူပါဗိုက်ဆာတွေ ဘယ်လောက်ပဲခန့်ထားထား အရာရာတိုင်းကို သူဌေးကပဲ စီမံတာမျိုးပေါ့..။ ကိုယ်ကအရာရာလိုက်စီမံမယ်ဆိုရင် လုပ်ငန်းထဲမှာ ခန့်ထားတဲ့ မန်နေဂျာတွေ စူပါဗိုက်ဆာတွေရဲ့ ဝန်ထမ်းတွေကို ပြောဆိုလုပ်ကိုင် စီမံမှုတွေက အရာမရောက်တော့ပဲ ဝန်ထမ်းတွေအနေနဲ့ကလည်း ဘယ်သူပြောတဲ့အတိုင်းလုပ်ရမလဲဆိုတာ ပိုရှုပ်ထွေးသွားတက်တယ်။
 အထူးသဖြင့် ငွေကြေးအသုံးပြုတဲ့ ကိစ္စကလွဲရင် ကိစ္စအကြီးအသေးပေါ်မူတည်ပြီး မန်နေဂျာ စူပါဗိုက်ဆာကို စီမံခွင့်ပေးထားဖို့ လိုပါတယ် တချို့တွေပြောကြတယ် လွဲလို့မရဘူးပေါ့နော် လွဲလို့ရတဲ့လူမျိုးကိုခန့်ထားပြီး သူတို့ကိုကိုယ်က သေချာသင်ထားပြီး တိုက်ရိုက်ညွန်ကြားတာမျိုး သူတို့ကနေတဆင့် သူတို့ရဲ့ အသင်းအဖွဲ့ကို တာဝန်ခံပြီး စီမံခန့်ခွဲတဲ့ အုပ်ချူပ်မှုအဆင့်ဆင့်ရှိတဲ့ စနစ် ကျင့်သုံးသင့်ပါတယ်။
 ဝန်ထမ်းတွေရဲ့ တာဝန်တွေက အမျိုးမျိုးဖြစ်နေလို့ ဘယ်ဌာနအောက် ထည့်ရမလဲဆိုတာမျိုးတွေ သူတို့ကို စီမံအုပ်ချူပ်တဲ့သူက တစ်ယောက်ထက်ပိုနေတာမျိုးတွေက ဆက်သွယ်ပြောဆိုရေးမှာ ရှုပ်ထွေးပြီး တာဝန်ယူမှု တာဝန်ခံမှုမှာလည်း မရေရာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲလိုမျိုးဖြစ်ရင် တိုက်ရိုက်အုပ်ချူပ်တဲ့ အပိုင်းနဲ့ နည်းပညာပိုင်း စီမံခန့်ခွဲတဲ့ အပိုင်းဆိုပြီး မတူတဲ့ တာဝန်အပေါ် တာဝန်ခံပေးမယ့်သူ မတူပဲထား မျိုးတွေ လုပ်လို့ရပါတယ်။ မိမိ လုပ်ငန်းပေါ် မူတည်ပြီး ရှင်းလင်းတဲ့ ဖွဲ့စည်းပုံ နဲ့ ဖွဲ့စည်းထားမှာသာ လုပ်ငန်းဘယ်လောက် ကြီးထွားလာပါစေ အခက်အခဲမရှိပဲ ကျစ်ကျစ်လစ်လစ်နဲ့ ထိရောက်စွာ စီမံခန့်ခွဲနိုင်မှာ ဖြစ်ပါတယ်၊
Aye Thidar Khine
HR Consultant & Trainer
Momentum builder – Your HR Solution

🔥ဝန်ထမ်းတွေခန့်ထားပြီး လုပ်အားအပြည့်အဝမရတာ ဘာကြောင့်လဲ?👌အဖြေက ဝန်ထမ်းတွေကို စီမံခန့်ခွဲမှု အားနည်းနေလို့ပါ။ လုပ်ငန်းတစ်ခ...
05/07/2024

🔥ဝန်ထမ်းတွေခန့်ထားပြီး လုပ်အားအပြည့်အဝမရတာ ဘာကြောင့်လဲ?

👌အဖြေက ဝန်ထမ်းတွေကို စီမံခန့်ခွဲမှု အားနည်းနေလို့ပါ။ လုပ်ငန်းတစ်ခုမှာ ဝန်ထမ်းတွေ ခန့်ထားလိုက်ပြီးဆိုရင် သူတို့ကောင်းကောင်း အလုပ်လုပ်နိုင်အောင် စနစ်တကျ စီမံခန့်ခွဲပေးရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ထမ်းတွေက လူတွေဖြစ်လို့ပါပဲ။ လူဆိုတာက စက်ပစ္စည်းတွေလို အသုံးပြုလိုက်တဲ့ ပိုက်ဆံနဲ့ ထိုက်တန်တဲ့ တိကျတဲ့ရလဒ်ရဖို့ မသေချာဘူး။ ကိုယ်က ပိုက်ဆံပေးလိုက်တိုင်း သူတို့က သူတို့ အလုပ်ကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်း ကောင်းကောင်း လုပ်ပေးကြမယ်လို့ မျော်လင့်လို့မရဘူး။
👩‍🦰ဉပမာပြောရရင် ဗမာကားတွေထဲကိုလိုပေါ့ “ရှင်ကျမရဲ့ ခန္တာကိုယ်ပဲရမယ် ကျမရဲ့အချစ်ကို တော့ရမှာမဟုတ်ဘူး” အဲ့အတိုင်း အမှန်ပဲ။ သူတို့ကို လစာပေးထားတဲ့အတွက် အလုပ်ချိန်မှာတော့ ရောက်လာမယ် အလုပ်တွေကို သာမန်လောက်တော့ လုပ်လိမ့်မယ် ဒါပေမယ့် သူတို့အလုပ်ကို ထိထိရောက်ရောက်လုပ်နိုင်ဖို့နဲ့ ကိုယ်လိုချင်တဲ့ရလဒ်ထွက်ဖို့ တော့ ကျမတို့က စီမံခန့်ခွဲရမယ် အဲဒါက Human Resource Management ပဲဖြစ်ပါတယ်။

Human Resource Management ဆိုတာဘာလဲ?

🪴Human Resource Management ဆိုတာ ကိုယ့်လုပ်ငန်းမှာ ရှိနေတဲ့ဝန်ထမ်းတွေ သူတို့အလုပ်ကို ရလဒ်ကောင်းထွက်အောင် စီမံခန့်ခွဲ ရတဲ့ လုပ်ငန်းစဉ်ဖြစ်တယ်။ ပညာရပ်တစ်ခုလည်း ဖြစ်ပါတယ်။ HR ပိုင်းလို့ လူသိများကြပါတယ်။ လုပ်ငန်းကြီးတွေမှာ HR ပိုင်းကို နားလည်တက်ကျွမ်းတဲ့သူတွေနဲ့ စီမံခန့်ခွဲကြပေမယ့် အသေးစား အလတ်စား လုပ်ငန်းတွေမှာတော့ သူဌေးကိုယ်တိုင်ကပဲ စီမံရတာ များပါတယ် အဲ့ဒါကြောင့် သူဌေးကိုယ်တိုင်က HR ပိုင်းကို နားလည်ထားသင့်ပါတယ်။

Human Resource Management စနစ်က ဘာတွေလုပ်ရတာလဲ?
🪴Human Resource Management ဆိုတာ ဝန်ထမ်းတွေကို စီမံခန့်ခွဲတဲ့ စနစ်ချမှတ်တာ ဖြစ်တဲ့အတွက် အရင်ဆုံး ရှိပြီးသားဝန်ထမ်းတွေကို ဖွဲ့စည်းရမယ် လူမှန် နေရာမှန် နေရာချထားရမယ် သူတို့ရဲ့ လုပ်ငန်းတာဝန်တွေ သူတို့လုပ်ရမယ့် အလုပ်တွေ အခန်းကဏတွေ ဖွဲ့စည်းပုံတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်လုပ်ရမယ်။

🪴ပြီးရင် ဝန်ထမ်းတွေအတွက် လုပ်ငန်းတာဝန်ပေါ် အခြေခံတဲ့ အလုပ်ရည်မှန်းချက်တွေချပေးရမယ် ဝန်ထမ်းတစ်ဦးချင်းစီကို ကိုယ်ဘာဖြစ်စေချင်လဲ ဆိုတာကို အသိပေးထားမှ သူတို့ ဘာလုပ်ရမယ် ဘယ်လိုလုပ်ရမလဲ ဆိုတာနားလည်မယ်။

🪴လိုအပ်တဲ့ဝန်ထမ်းတွေ ထပ်ခန့်ထားရမယ် ဝန်ထမ်းကို ကိုယ်တိုင်ရှာနိုင်ရင်ရှာ မရှာနိုင်ရင် ရနိုင်တဲ့ source တွေရှာထားဖို့ လိုအပ်တယ်။ ဝန်ထမ်းခန့်မယ်ဆိုရင်လည်း လူရဖို့ အရေးကြီးတယ်ဆိုပြီး ခန့်လို့မရဘူး ကိုယ်လိုချင်တဲ့ အရည်အချင်းရှိတဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုက်ညီတဲ့ စိတ်ဓါတ်ရော အကျင့်စရိတ္တပါ ကောင်းတဲ့သူကို ခန့်ထားဖို့လိုတယ်။ အဲဒါမှာ ကိုယ့်လုပ်ငန်းအတွက် အကျိုးရှိတဲ့သူဖြစ်လာမှာ ဖြစ်ပါတယ်။

🪴လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်းခွင် အဆင့်ဆင့် လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ထားရမယ်။ လုပ်ငန်းခွင်ဆိုင်ရာ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရမယ်။ လုပ်ငန်းခွင်မှာ အလုပ်လိုအပ်ချက်တွေ အဆင်ပြေမှ အလုပ်ကောင်းကောင်း လုပ်နိုင်မှာ ဖြစ်ပါတယ်။

🪴ဒါ့အပြင် ခန့်ထားတဲ့ ဝန်ထမ်းတွေက သူတို့အလုပ်ကို တက်တက်ကြွကြွလုပ်နေဖို့ အရေးကြီးတယ် အဲ့ဒါကြောင့် သူတို့တွေ မိုတီဗေးရှင်း ဖြစ်လာအောင် လုပ်ဖို့လိုအပ်တယ် (မိုတီဗေးရှင်းနဲ့ ပတ်သက်ပြီး ဆက်လက်တင်ပြပါမယ်)

🪴ပြီးတော့ ကောင်းမွန်တဲ့ လုပ်ငန်းခွင် အလေ့အထတွေ တည်ဆောက်ရမယ်။ ဝန်ထမ်းတွေနဲ့ ဆက်စပ်နေတဲ့ပြသနာတွေကိုလည်း ဖြေရှင်းပေးရမယ်။ လစာဘယ်လောက်ရရ Toxic ဖြစ်တဲ့လုပ်ငန်းခွင်မှာ ဘယ်သူမှ မနေချင်ဘူး။ ကောင်းတဲ့ လုပ်ငန်းခွင် တည်ဆောက်ထားမှ ကိုယ့်ဆီမှာ လူမြဲမှာ ဖြစ်ပါတယ်။

🪴အချူပ်အားဖြင့် ဆိုရရင် Human Resource Management ဆိုတာ မိမိ လုပ်ငန်းအောင်မြင်ဖို့၊ ကုန်ထုတ်စွမ်းအား တိုးတက်ဖို့၊ ဝန်ထမ်းတွေရဲ့ လုပ်အားမြှင့်တင်နိုင်ဖို့ အတွက် ကိုယ့်ရဲ့ ဝန်ထမ်းတွေကို အလုပ်ကိုကောင်းကောင်း လုပ်နိုင်အောင် စနစ်တကျစီမံခန့်ခွဲတဲ့ ပညာရပ်တစ်ခုဖြစ်ပါတယ်။ လုပ်ငန်းအတွက်လည်း အဆင်ပြေ ဝန်ထမ်းအတွက်လည်း အဆင်ပြေတဲ့ စနစ်တခုဖြစ်ပြီး စနစ်တကျ တည်ဆောင်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ ဝန်ထမ်းပြသနာတွေလည်း လျော့ချနိုင်ပြီး မိမိလည်းလုပ်ငန်းတိုးတက် အောင်မြင်မှာ ဖြစ်ပါတယ်။

သင့်ရဲ့ လုပ်ငန်းအတွက် Human Resource Management နဲ့ ပတ်သက်ပြီး အကူအညီရယူလိုပါက ဆက်သွယ်နိုင်ပါတယ်။

ချစ်ခင်စွာဖြင့်..
Aye Thidar Khine
Momentum Builder : Your HR Solution
Aye Thidar Khine
Momentum Builder – Your HR Solution
5 July 2024

27/06/2024

👉မိမိလုပ်ငန်းခွင်ထဲမှာ ငွေကြေး အလွဲသုံးစားလုပ်တဲ့ ဝန်ထမ်းကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ??

🔥ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်စဉ်က အရောင်းဝန်ထမ်း တချို့ဟာ ဖေါက်သည်တွေဆီက ကောက်ခံရလာတဲ့ ငွေတွေကို နေ့ချင်းမအပ်ပဲ ငွေမရသေးလို့ဆိုပြီး လှည့်သုံးထားကြတာမျိုးတွေရှိတယ်။ ပြသနာတွေ တက်ကြတယ်။ တစ်ခါကလည်း ဒရိုင်ဘာတစ်‌ယောက် ယဉ်တိုက်မှုဖြစ်လို့ သူ့အမှားအတွက် ကားအာမခံဆီက လျော်ကြေးမရခင်မှာ ရုံးကငွေစိုက်ပေးထားပြီး ငွေလည်းရရော သူကကြားကဖြက်သုံးထားပြီး ရုံးကိုပြန်သွင်းဖို့ ကြန့်ကြာနေတာ အသေအချာ စီစစ်တော့မှ လှည့်သုံးထားတာ သိရတယ်။ သိသွားတော့လည်း သူတို့က အေးအေးဆေးဆေးပါပဲ လစာထဲက ဖြက်ဖို့ ဘယ်နှစ်လအတွင်း ပြန်ဆပ်မယ်ဆိုတာ မျိုးကို သူတို့ကပဲပြောတက်ကြပါတယ်။

🔥ဒီလိုကိစ္စရပ်မျိုးတွေက လုပ်ငန်းတွေတော်တော်များများမှာ မကြာမဏ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ပြသနာတစ်ခုပါပဲ။ တချို့မန်နေဂျာတွေ လုပ်ငန်းရှင်တွေက ဝန်ထမ်းတွေကို သနားလို့ဖြစ်စေ ကာကွယ်ပေးချင်လို့ ဖြစ်စေ သူတို့ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပြီး လစာငွေကနေ ဖြက်တောက်ပြီး အရစ်ကျပေးလျော်ဖို့ ခွင့်ပြုပေးလိုက်တဲ့ အခါ မပြီးဆုံးနိုင်တဲ့ ပေးလျော်မှုတွေ လူဉီးရေတိုးပွါးလာတဲ့ မသမာမှုတွေ ထွက်ပြေးတိမ်းရှောင်မှုတွေ အစသဖြင့် အမျိုးစုံသော ပြသနာတွေ ထပ်တိုးလာဖို့ ခွင့်ပြုပေးလိုက်တာနဲ့ တူပါတယ်။ ဒီလိုဆုံးဖြက်ချက်မျိုးတွေ ချခဲ့လို့ လက်တွေ့မှာ ရုံးရောက် ဂတ်ရောက်နဲ့ တာဝန်ခံမန်နေဂျာတွေ ကိုယ်တိုင် ပြသနာ ပေါင်းစုံဖြေရှင်းကြရတဲ့ သက်သေသာဓကတွေ အများကြီး ကြုံခဲ့ကြရပါတယ်။
⚡️ကုမ္ပဏီငွေကြေးဆိုတာ အရေးကြီးတဲ့ အရင်းမြစ်တစ်ခုဖြစ်လို့ အသေအချာ စီမံခန့်ခွဲဖို့ လိုအပ်ပါတယ်။ ဘယ်လိုပုံစံနဲ့ဖြစ်စေ ငွေကြေးမသမာမှုမှန်သမျှဟာ ငွေကြေးအလွဲသုံးစားမှုလို့ သတ်မှတ်နိုင်ပါတယ်။ ဝန်ထမ်းများဟာ ခွင့်ပြုချက်မရှိပဲ ကုမ္ပဏီပိုင် ငွေများကို ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် အသုံးပြုခဲ့ခြင်းဟာ တမင်လှည့်စားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ “Fraud” လို့ခေါ်တဲ့ ငွေကြေးလိမ်လည်မှုမြောက်ပါတယ်။ ဒီလိုကိစ္စရပ်မျိုးတွေ ဖြေရှင်းဖို့ အောက်ပါနည်းလမ်းတွေက အသုံးဝင်မှာ ဖြစ်ပါတယ်။

(၁) ငွေကြေးနဲ့ပတ်သက်တဲ့ စည်းကမ်းသက်မှတ်ချက်တွေ လုပ်ထုံးလုပ်နည်းတွေ (Finance Policy & Procedure) တွေချမှတ်ထားရမယ်။

(၂) စည်းကမ်းချိုးဖေါက်မှုအတွက် အရေးယူမှု လုပ်ထုံးလုပ်နည်း HRM Policy တွေ အသေအချာ ချမှတ်ထားရမယ်။

(၃)ဝန်ထမ်းအားလုံး အထူးသဖြင့် ငွေနဲ့ထိတွေ့မှုရှိတဲ့ ဝန်ထမ်းတွေကို ငွေကြေးနဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းတွေ ငွေကြေးအလွဲသုံးစားမှု အရေးယူမှုတွေကို သိရှိအောင် သင်တန်းပေးထားရပါမယ်။

(၄) ငွေကြေးမသမာမှု ကိစ္စ တစုံတရာ ဖြစ်လာတာနဲ့ စုံစမ်းခြင်း စစ်ဆေးခြင်း စသော အရေးယူ ဆောင်ရွက်မှုများ ချက်ချင်းပြုလုပ်ရမယ်။ (လျှို့ဝှက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်)

(၅) သက်သေ အထောက်ထားများ ဖြစ်သော စာရွက်စာတမ်း သက်သေ၊ လူသက်သေ မေးမြန်းချက်များ ဖြေဆိုချက်တွေ၊ ဖြစ်စဉ်တွေကို ကုမ္ပဏီ မူဝါဒ လုပ်ထုံးလုပ်နည်းနဲ့ ညီ မညီ စစ်ဆေးပြီး အထောက်အထား ခိုင်လုံပါက အရေးယူမယ့် ဆုံးဖြက်ချက် ချမှတ်ခြင်း အစသဖြင့် ဖြစ်စဉ်အားလုံးအား မှတ်တမ်းထားရှိရမယ်။

(၆) ပြီးလျှင် သက်ဆိုင်ရာတာဝန်ရှိသူမှ ဝန်ထမ်းနဲ့ သီးခြားတွေ့ဆုံပြီး မေးမြန်း ပြောဆိုရမယ် သူ့အနေနဲ့ ရှင်းလင်းတင်ပြချက်ကို နားထောင်မှာ ဖြစ်သော်လည်း ကုမ္ပဏီ၏မူဝါဒအတိုင်း အရေးယူရမှာ ဖြစ်ပါတယ်။

(၇) ထို့အပြင် ငွေကြေးအလွဲသုံးစားမှု လျော်ကြေးငွေကို ပြန်လည်ပေးလျော်ရန် အတွက် အချိန်ကာလ သက်မှတ်ချက် သဘောတူညီမှုယူရမှာ ဖြစ်ပါတယ်
(၈) အလားတူပြသနာများ ထပ်မံမဖြစ်ပွါးစေရန် ကြိုတင်ကာကွယ်မှု အစီအမံများ ထပ်မံတိုးမြှင့် ထားရန်လည်း လိုအပ်ပါတယ်။

အထူးသဖြင့် ကုမ္ပဏီ ‌ငွေကြေး အလွဲသုံးစားခြင်းကို ငွေကြေးလိမ်လည်မှု စည်းကမ်းချိုးဖေါက်မှုအဖြစ် အသိအမှတ်ပြု ဆောင်ရွက်မှုကို အလေးအနက်ထားပြီး အရေးယူဖြေရှင်းသင့်ပါတယ်။ သို့မှသာ ငွေကြေးဆိုင်ရာ အလွဲသုံးစားမှု ပြသနာများကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

ပိုပြီးအသေးစိတ်ဆွေးနွေးလိုပါက Momentum Builder -Your HR Solution Partner messenger သို့ လာရောက်ဆက်သွယ်နိုင်ပါတယ်။

Aye Thidar Khine
HR Consultant & Trainer
Momentum Builder -Your HR Solution Partner
# HR # Employee Issue # Disciplinary Action # HR Policy # Fraud

22/06/2024

လုပ်ငန်းရှင်တွေ လျှော့တွက်လေ့ရှိတဲ့ ကုန်ကျစရိတ်များ
------------------------------------------------------------
လုပ်ငန်းရှင်တွေက တခါတလေမှာ အချို့သော
ကုန်ကျစရိတ်တွေကို လိုတာထက်ပိုပီး
လျှော့တွက်မိတတ်ကျပါတယ်။

အဲ့ဒီလိုလျှော့တွက်မိပြီး တကယ်နှဖူးတွေ့ဒူးတွေ့
ကြုံရတဲ့အခါ အဲ့ဒီ ကုန်ကျစရိတ်တွေက ကိုယ့်အတွက်
ဝန်ထုတ်ဝန်ပိုးတွေ ပြဿနာတွေ ဖြစ်လာပါတော့တယ်။

အထူးသဖြင့် Small Business Owner
တော်တော်များများ မမျှော်လင့်တဲ့ကုန်ကျစရိတ်တွေရဲ့ ဒဏ်ကို အလူးအလဲခံရတာကိုတွေ့ရပါတယ်။

ဒီလိုဖြစ်လာတဲ့အခါ ကိုယ့်ရဲ့ အမြတ်အစွန်းတွေ နည်းသွားတာ၊
လုပ်ငန်းချဲ့ထွင်ဖို့ နှောင့်နှေးသွားတာ၊
နောက်ဆုံး လုပ်ငန်းရဲ့ Cash Flow ကို
ထိခိုက်တာတွေအထိဖြစ်လာနိုင်ပါတယ်။

လူရဲ့ ဦးနှောက်က တချို့လုပ်ငန်းဆောင်တာတွေအတွက် Heuristics လို့ခေါ်တဲ့ Mental Shortcut
( စိတ်ပိုင်းဆိုင်ရာဖြတ်လမ်း) အသုံးပြုတတ်ကြပါတယ်။

Heuristics ဆိုတာကတော့ ပြဿနာဖြေရှင်းရန် (သို့)
ကိုယ့်ကိုကိုယ်ပြန်လည်သုံးသတ်တဲ့ အခါမှာ
အရင်က အတွေ့အကြုံ၊ အဖြေတွေအပေါ်မှာ အားပြုပီး
လက်ရှိ ပြဿနာတစ်ခုကို အသေးစိတ်ပြန်လည်သုံးသတ်ခြင်း
မလုပ်ဘဲ ဖြတ်လမ်းလိုက်ပီး ကောက်ချက်ဆွဲလိုက်တာ
ဖြစ်ပါတယ်။

လူတွေက ဘဝရဲ့ နယ်ပယ်တော်တော်များများမှာ
Heuristics ကို အသုံးပြုတတ်ကျပါတယ်။

အဲ့လိုပဲ လုပ်ငန်းအတွက် ကုန်ကျစရိတ်တွေ၊ ဘက်ဂျက်တွေ
တွက်တဲ့အခါမှာလည်း တိတိကျကျ သေသေချာချာ
တွက်ချက်တာမျိုးမလုပ်ပဲ အလွယ်ပဲ
စိတ်နဲ့ခန့်မှန်းလိုက်ကြပါတယ်။

ဒီလိုစိတ်မှန်းနဲ့ တွက်တဲ့ အခါမှာလည်း
ကုန်ကျစရိတ်တွေကို ပိုတွက်ကြတာထက်
လျှော့တွက်မိတတ်ကြပါတယ်။
ဒီလိုတွေမဖြစ်ရအောင် လုပ်ငန်းရှင်တွေ များသောအားဖြင့်
လျှော့တွက်မိတတ်ကြတဲ့ ကုန်ကျစရိတ်တွေကို
ဖော်ပြပေးလိုက်ပါတယ်။

Product Development
---------------------------------
Product Development ဆိုတာ
New Product Management
( ကုန်ပစ္စည်းအသစ် ဖန်တီးရာမှာ စီမံခန့်ခွဲခြင်း) လို့လည်း
ခေါ်ပါတယ်။

Product Development မှာ ကုန်ပစ္စည်းအသစ် (သို့) Rebrand လုပ်မဲ့ Product or Service တွေကို
စိတ်ကူးပုံဖော်တာတွေ၊ ဒီဇိုင်းတွေ၊
Development Strategy တွေ၊
Marketing Strategy တွေ ပါဝင်ပါတယ်။

Product Development ရဲ့ ရည်ရွယ်ချက်ကတော့
မိမိဖောက်သည်တွေရဲ့ လိုအပ်ချက်ကိုဖြည့်ဆည်းပေးခြင်းဖြင့်
လုပ်ငန်းရဲ့ ရှိပြီးသား ဈေးကွက်ဝေစုကို ထိန်းသိမ်းရန်နှင့်
ဈေးကွက်ဝေစုပိုမိုရလာစေရန်ဖြစ်သည်။

ကိုယ့်လုပ်ငန်းက ထုတ်လိုက်သမျှ ကုန်ပစ္စည်းတိုင်းက
ဖောက်သည်တိုင်း၊ စားသုံးသူတိုင်း အတွက် အံဝင်ခွင်ကျ
ဖြစ်မှာမဟုတ်ပါဘူး။

ဒါကြောင့်မို့ Product Development မလုပ်ခင်မှာ
ဘယ်လို ဈေးကွက်၊ ဘယ်လို ဖောက်သည်တွေဆီကို
ရောင်းချမလည်းဆိုတာ အရင်ဆုံး Target ထားရပါမယ်။

Product Development က ရှုပ်ထွေးတဲ့
လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။
ကိုယ်ကတော့ အလုံးစုံ ပြင်ဆင်ပီးပီလိုနေပေမဲ့လည်း
နောက်ထပ်လုပ်ရမဲ့ အဆင့်တွေ၊ တည်းဖြတ်မှုတွေ၊
အပြောင်းအလဲတွေ အများကြီးရှိပါတယ်။
ဒါကြောင့်မလို့ ကိုယ်ခန့်မှန်းထားတာထက်
ပိုပီးကုန်ကျနိုင်တယ်ဆိုတာကို သိထားရပါမယ်။

ပစ္စည်းထိန်းသိမ်းခြင်းနှင့် ပြုပြင်ခြင်း
-------------------------------------
လုပ်ငန်းအတွက် စက်ပစ္စည်း ဝယ်တဲ့အခါမှာ
တော်တော်များများက ရေရှည်ကုန်ကျစရိတ်တွေကို
ထည့်မတွေးတတ်ကျပါဘူး။
ပစ္စည်းရဲ့ လက်ရှိဈေးနှုန်းကိုသာကြည့်ပီး
ဝယ်မယ်မဝယ်ဘူး ဆုံးဖြတ်တတ်ကြပါတယ်။
ဝယ်ယူလိုက်တဲ့ ပစ္စည်း ပျက်သွားလို့ပြုပြင်ရတာဖြစ်ဖြစ်၊
ထိန်းသိမ်းစရိတ်တွေ ကြီးတာဘဲဖြစ်ဖြစ်
အဲဒီကုန်ကျစရိတ်တွေကို ထည်ပီးတွက်မထားတဲ့အတွက်
ပြဿနာဖြစ်လာပါတယ်။

ဒီတော့ လုပ်ငန်းအတွက် စက်ပစ္စည်း၊ ယာဉ်
ဘယ်ဟာ ဝယ်တာဘဲဖြစ်ဖြစ် အပိုပစ္စည်းတွေရဲ့တန်ဖို့းတွေ၊
ပြုပြင်စရိတ်နဲ့ ထိန်းသိမ်းစရိတ်တွေပါ
ထည့်သွင်းတွက်ချက်ထားရပါမယ်။

Human Resource
---------------------------
အချိန်ပြည့်ဝန်ထမ်းငှားရမ်းတာက ထင်သလောက်
ဈေးမပေါပါဘူး။ လုပ်ငန်းရှင်တော်တော်များများက
ဝန်ထမ်းတွေရဲ့ လစာတစ်ခုထဲကိုသာ
ထည့်တွက်တတ်ကြပြီးတော့
ဝန်ထမ်းတွေရဲ့ Training ၊ Bonus အစရှိတဲ့အရာတွေကို
မေ့နေတတ်ကြပါတယ်။

ဒီလို Training ၊ Bonus စတာတွေကို
ဘက်ဂျက်ထဲမှာလည်းထည့်မထားတတ်ကြပါဘူး။
ဝန်ထမ်းတွေကို အလုပ်နဲ့ သင့်တော်တဲ့ Training တွေ
မပေးနိုင်ဘူးဆိုရင် ကိုယ့် Customers တွေကို
ဘယ်လိုမှ ဝန်ဆောင်မှုကောင်းကောင်းပေးနိုင်မှာမဟုတ်ပါဘူး။

ဒီအတွက် အချိန်ပြည့်ဝန်ထမ်းတွေ ငှားဖို့အတွက်
စီစဉ်နေတယ်ဆိုရင် သူတို့အတွက် Training ၊
Bonus တွေအတွက်ပါ ထည့်ပြီးစဉ်းစားရပါမယ်။

အခွန်အခ နဲ့ အာမခံများ
--------------------------
လုပ်ငန်းရှင်တော်တော်များများကတော့ လုပ်ငန်းနဲ့
ပက်သက်ပြီး အခွန်အခတွေ၊ အာမခံတွေ
ပေးသွင်းရမယ်ဆိုတာကို နားလည်ကြပါတယ်။

ဒါပေမဲ့ ပုံမှန်အားဖြင့် လျှော့ပေါ့ပြီးတွက်ထားကြတာများပါတယ်။ အခုဆိုရင် အစိုးရကနေ အခွန်အခတွေ ပိုပြီးကြပ်မတ်
လိုက်တဲ့အတွက် လုပ်ငန်းနဲ့ ပက်သက်တဲ့ အခွန်တွေ၊
လိုင်စင်တွေ၊ ပါမစ်တွေကို သေသေခြာခြာ
တွက်ချက်ထားရန်လိုအပ်လာပါပြီ။

အာမခံအနေနဲ့လည်း တချို့လုပ်ငန်းရှင်တွေက
မလိုအပ်ဘူးဆိုပြီး လုပ်မထားတတ်ကြပါဘူး။
အာမခံထားခြင်းက ကိုယ့််ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်တဲ့
သဘောဖြစ်သလို ပျက်ဆီးဆုံးရှုံးမှုတွေရှိလာခဲ့ရင်တောင်
ကိုယ့်အတွက် ဆုံးရှုံးနစ်နာမှုကို တတ်နိုင်သမျှနည်းစေနိုင်ပါတယ်။

ဖောက်သည်ရှာခြင်း
----------------------
အချို့လုပ်ငန်းရှင်တွေတွေထင်ကြတာက ငါ့မှာ
ဒီ Product ရှိရင် ဖောက်သည်တွေ
သူ့ဘာသူလာဝယ်ကြမှာ ၊
ဖောက်သည်တွေရှာစရာမလိုဘူးလို့ထင်ကြပါတယ်။
ဒါကမမှန်ပါဘူး
ကိုယ်ရဲ့ Product က ဘာကြီးပဲဖြစ်နေပါစေ
ဖောက်သည်မရှာတတ်ရင်အလကားပါပဲ။

ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ Product ကို
ဖောက်သည်တွေသိအောင် Marketing Strategy တွေ
ရှိထားဖို့လိုကို လိုအပ်ပါတယ်။
Marketing Strategy အတွက်လည်း
ဘက်ဂျက်ထဲမှာ ထည့်သွင်းရေးဆွဲရပါမယ်။

ယေဘူယျအားဖြင့်တော့ စျေးကွက်မရသေးတဲ့
လုပ်ငန်းအသစ်တွေအနေနဲ့ ဝင်ငွေရဲ့ ၁၀% ကနေ ၂၀%၊
စျေးကွက်ရပြီးသားလုပ်ငန်းဟောင်းတွေအနေနဲ့တော့
ဝင်ငွေရဲ့ ၅% ကနေ ၁၀% ထိ
Marketing အတွက်ချန်ထားရပါမယ်။
(ကိုးကား - U.S. Small Business Administration)

ကုန်ကျစရိတ်တွေခန့်မှန်းတွက်ချက်တဲ့နေရာမှာ
တိကျအောင်ဘယ်လိုလုပ်ရမလဲ?
--------------------------------------
အခုဘယ်လို ကုန်ကျစရိတ်တွေကို လျှော့တွက်တတ်တယ်
ဆိုတာသိပြီဖြစ်တဲ့အတွက် ကိုယ့်လုပ်ငန်းအတွက်
ကုန်ကျစရိတ်တွေ နဲ့ ဘက်ဂျက်တွေကို
အချိန်ယူပြီးတွက်ချက်နိုင်ပါတယ်။
-
• တတ်ကျွမ်းနားလည်သူများနှင့်တိုင်ပင်ပြောဆိုပါ
လုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေ တွက်တဲ့ အခါမှာ
ကိုယ်တစ်ယောက်ထဲ တွက်တာထက်စာရင်
တတ်ကျွမ်းနားလည်တဲ့ ပညာရှင်
(Accountant, Financial Analyst စသည်) တို့နဲ့
တိုင်ပင်ပြီးတွက်တာပိုပီး တာသွားစေနိုင်ပါတယ်။
-
• ကုန်ကျစရိတ်တွေကို လိုအပ်ရင်ဖြတ်တောက်နိုင်ပါစေ
လုပ်ငန်းရဲ့ကုန်ကျစရိတ်တွေကို တွက်ရင်း မလိုအပ်တဲ့ အပိုကုန်ကျငွေတွေ၊ လိုအပ်ပေမဲ့ လျှော့ချလို့ရတဲ့ ကုန်ကျစရိတ်တွေတွေ့လာပါက လျှော့ချနိုင်ရပါမယ်။
-
• လုပ်ငန်းနဲ့ပက်သက်တာတွေ အကုန်လုံးကိုခြေရာခံပါ
ကိုယ့်ပြိုင်ဘက်တွေကို လေ့လာခြင်းဖြင့် ကိုယ့် Product or Service တွေအတွက် Pricing (ဈေးနှုန်းသတ်မှတ်ခြင်း) နဲ့ Reserve Money (အရံငွေအင်အား) ကိုပိုပြီး ထိုးထွင်းသိမြင်လာနိုင်မည်ဖြစ်ပါတယ်။
-
• ဒါ့အပြင် သတင်းအချက်အလက်စုဆောင်းခြင်း၊ ကုန်ရောင်းသူတွေရဲ့ဈေးကို ခြေရာခံခြင်း၊
တခြားကိုယ်သုံးရတဲ့ Resources တွေ၊ စက်ပစ္စည်းအစိတ်အပိုင်းတွေ၊ လုပ်သားတွေရဲ့ ကုန်ကျစရိတ်တွေ အစရှိတာတွေကို မှတ်တမ်းတင်ထားရပါမယ်။ နောင်တချိန် ဘက်ဂျက်ရေးဆွဲတာဘဲဖြစ်ဖြစ် လိုအပ်လာရင် ဒီ Data တွေကို မှီငြမ်းလို့ရပါတယ်။
-
• မထင်မှတ်တဲ့ကုန်ကျစရိတ်တွေအတွက် အရံထားပါ
ခန့်မှန်းကုန်ကျစရိတ်တွေအကုန်တွက်ချက်ပြီးပြီဆိုရင်တော့ အဲဒီ တွက်ချက်လို့ရတဲ့ ပမာဏရဲ့ ၁၀% ကို Unexpected Cost (မထင်မှတ်တဲ့ကုန်ကျစရိတ်တွေ) အတွက် အရံထားပါ။ လုပ်ငန်းရှင်များအားလုံး ကုန်ကျစရိတ်များကို မှန်မှန်ကန်ကန် ခန့်မှန်းတွက်ချက်နိုင်ကြပါစေ။

Credit


by Balance Accounting

ဝန်ထမ်းခန့်တဲ့အခါ အပေါ်ယံကြည့်ပြီး ကိုယ်ကြိုက်တဲ့သူကို အလုပ်ခန့်ရင် ဘာတွေဖြစ်နိုင်လဲ?🍁လူတော်တော်များများက ရုပ်ရည်လှတာ သဘ...
27/05/2024

ဝန်ထမ်းခန့်တဲ့အခါ အပေါ်ယံကြည့်ပြီး ကိုယ်ကြိုက်တဲ့သူကို အလုပ်ခန့်ရင် ဘာတွေဖြစ်နိုင်လဲ?

🍁လူတော်တော်များများက ရုပ်ရည်လှတာ သဘောကျတက်ကြတယ် ရုပ်ချောရင် အလုပ်ရလွယ်တယ်လို့လည်း ပြောကြတယ်။ အလုပ်ရှင်တွေအနေနဲ့လည်း ရုပ်ချောတဲ့သူတွေကို မြင်မြင်ခြင်း သဘောကျသွားတာမျိုးတွေ ရှိတက်တယ်။ ဒါပေမယ့် ရုပ်ရည်နဲ့ အပေါ်ယံအသွင်ပြင်ကို သဘောကျပြီး အလုပ်ခန့်ရင် အောက်ပါ နောက်ဆက်တွဲ ပြသနာလေးတွေရှိတတ်ပါတယ်။

၁။ ကိုက်ညီတဲ့ အရည်အချင်းမရှိဘူး -ရုပ်ရည်ကို သဘောကျမိတဲ့အတွက် အလုပ်အတွက် လိုအပ်တဲ့ လုပ်ငန်းအတွေ့အကြုံတွေ ကျွမ်းကျင်မှုအရည်အချင်းတွေ အစသဖြင့် လိုအပ်တဲ့ အရည်အချင်းရှိမရှိ သေချာ မစိစစ်မိဘူး။ သေချာ မလေ့လာပဲ ခန့်လိုက်မိရင် တကယ့်လက်တွေ့လုပ်ငန်းခွင်ထဲရောက်မှ မလုပ်တတ်တာတွေ မလုပ်နိုင်တာတွေ တွေ့ရတော့ အခက်ခဲဖြစ်ရတယ်။😰

၂။ မကျွမ်းကျင်လို့ သင်ပေးရတဲ့ အချိန်တွေကြောင့် လုပ်ငန်းလည်ပတ်မှုထိခိုက်တယ်- တချို့အလုပ်တွေက မတက်ရင်သင်ပေးလို့ရပေမယ့် တချို့အလုပ်တွေက ကျွမ်းကျင်ဖို့ အချိန်လိုအပ်တဲ့အတွက် သင်ပေးနေရတဲ့ အချိန်ကြာရင်ကြာသလို လုပ်ငန်းခွင်လုပ်ငန်းလည်ပတ်မှု ကြန့်ကြာတာမျိုးတွေ ထိခိုက်တာမျိုး တွေဖြစ်တက်တယ်😰

၃။ အခြေခံကောင်းမွန်တဲ့ စိတ်သဘောထားရှိမရှိ မသိနိင်ဘူး- ရုပ်လှတိုင်း စိတ်ဓါတ်ကောင်းမှာပဲလို့ တထစ်ချယုံကြည်လို့မရဘူး ။ attitude လိုခေါ်တဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာ ကောင်းမကောင်းလေ့လာ စီစစ်ခဲ့တာမဟုတ်တဲ့အတွက် စိတ်ဓါတ်မကောင်းတဲ့ ဝန်ထမ်းကို ခန့်မိပြီး လုပ်ငန်းခွင်အတွင်းမှာ မကောင်းတဲ့ စိတ်ဓါတ်တွေ ကူးစက်ပြန့်နှံပြီး အလုပ်ထဲမှာ ပြသနာတွေ‌ပေါ်တတ်တယ်။😰

၄။ လုပ်ငန်းခွင် ဆက်ဆံရေး မကောင်းတဲ့သူ ခန့်မိတတ်တယ်။ အင်တာဗျူးမှာ သူ့ရဲံ လုပ်ငန်းအတွေ့အကြုံနဲ့ အရင်လုပ်ငန်းခွင် ပြသနာတွေကို သေချာမလေ့လာမစူးစမ်းမိခဲ့တဲ့အတွက် ဆက်ဆံပြောဆိုလို့ မကောင်းတဲ့သူတွေ ခန့်မိတတ်တယ်။😰

၅။ လုပ်ငန်းခွင်ထဲမှာ အသင်းဖွဲ့စိတ်ဓါတ်ပျက်စီးစေတယ်- သဘောကျတဲ့သူ ခန့်လိုက်တဲ့အတွက် ပိုမိုအရေးပေးမိတာမျိုးတွေ ဖြစ်တတ်တာကြောင့် လုပ်ငန်းခွင် ဆက်ဆံရေး ညီညွတ်မျှတမှုမရှိတော့ပဲ အသင်းအဖွဲ့စိတ်ဓါတ်တွေ ထိခိုက်ပျက်စီးပြီး စိတ်ဝမ်းကွဲစေတယ်။😰

၆။ အလုပ်မကြိုးစားတဲ့သူ ခန့်မိတတ်တယ်။ သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ ကြိုးစားအားထုတ်ချင်စိတ်ရှိမရှိကို သေချာမလေ့လာမိတဲ့ အတွက် အလုပ်ကို မကြိုးစားချင်တဲ့သူတွေ ခန့်မိလို့ လုပ်ငန်းထဲ အဆင်မပြေတာမျိုးတွေ ကြုံရတတ်ပါတယ်။😰

🍁အဲဒါကြောင့် ဝန်ထမ်းခန့်ထားရင် ကိုယ်သဘောကျသူကိုသာ အလေးထားရွေးချယ်ရမှာ မဟုတ်ပဲ လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှု၊ စိတ်နေစိတ်ထား၊ ဆက်ဆံရေးကောင်းမွန်မှု ကြိုးစားအားထုတ်မှု စိတ်အားထက်သန်မှု ခံနိုင်ရည်ရှိမှု ပြသနာဖြေရှင်းနိုင်မှု အားနည်းချက် အားသာချက် အစသဖြင့် လုပ်ငန်းအတွက် လိုအပ်တဲ့ အရည်အချင်းတွေကို အလုပ်လျှောက်ထားသူဆီမှာရှိမရှိ အလေးထားရှာဖွေ သုံးသပ်ပြီး ရွေးချယ်ခန့်ထားမှသာ လုပ်ငန်းအတွက် လိုအပ်တဲ့ လူမှန် နေရာမှန် အရည်အချင်းရှိတဲ့သူတွေကို ခန့်ထားနိုင်မှာ ဖြစ်ပါတယ်။

🌸Aye Thidar Khine🌸
HR Consultant
Momentum Builder – Your HR Solution Partner
# HR consultant
# HR freelance
# Recruitment Service
# Recruitment Selection

Salary 8+++ with Attractive benefit package
01/05/2024

Salary 8+++ with Attractive benefit package

Vacant Post : Senior Client Service Executive
Location : Yangon
Qty : 1

Responsibilities
• Ensure the full implementation of the Customer Services Strategy across the business
• Ensure that the client services function operates effectively and aligned with departmental and company objectives.
• Demonstrate a tenacious commitment to achieving and sales objectives through strategic planning.
• Deliver proposals and close sales with clients ensuring the full implementation of the client service strategy.
• Ensure payment collection within credit terms, on time billing practices to maintain financial integrity.
• Provide comprehensive and timely reports and weekly sales updates to management, fostering transparency.
• Ensure that the customer enquiries and complaints are satisfactory managed, resolved and closed within agreed timescale.
• Collaborate closely with others departments to facilitate the smooth ex*****on of projects, maintaining a high standard of quality and efficiency.
• Manage multiple tasks efficiently and perform other duties assigned by the line manager.

Required Skills & Experience
• Bachelor’s Degree in any field
• Knowledge of Microsoft excel, Power point and good presentation skills
• Minimum 2years experience in customer service along with team management.
• Excellent interpersonal skills to create cordial relationships with team members and clients
• Fluent in English both speaking and written
• Knowledge of Microsoft excel, Power point and good presentation skills
• Good communication skills and able to work independently

Working days & Working hours - Mondays to Fridays - 8:30 am to 5:00 pm

We invite who interesting person to apply and send email to [email protected] before 15 May 2023, Office Address : No 14B Narnattaw Road, Shwe Kanari Housing, Kamaryut Township, Yangon.

Customer ကို မချေမငံ ဆက်ဆံတဲ့ ဝန်ထမ်းကို ဘယ်လိုကိုင်တွယ် မလဲ??တချို့သော ဝန်ထမ်းတွေ အထူးသဖြင့် အရောင်းဝန်ထမ်းတွေဟာ Custom...
18/04/2024

Customer ကို မချေမငံ ဆက်ဆံတဲ့ ဝန်ထမ်းကို ဘယ်လိုကိုင်တွယ် မလဲ??

တချို့သော ဝန်ထမ်းတွေ အထူးသဖြင့် အရောင်းဝန်ထမ်းတွေဟာ Customer တွေကို အပြင်ပန်း အဝတ်အစားကို ကြည့်ပြီး Customer အ‌ပေါ် အထင်ကြီးရင် ကြီးသလို အထင်သေးရင်သေးသလို ဆက်ဆံတတ်ကြပါတယ်။ ဒါမျိုးက အခုမှ မဟုတ် ဟိုးအရင်က ကြားဖူးတဲ့ ဇာတ်လမ်းတွေ အမျိုးမျိုးရှိခဲ့တယ်။ ရေမွှေးဝယ်ဖို့ သွားတာ မဝယ်နိုင်ဘူးထင်လို့ သေချာမပြပေးတာ စိတ်ဆိုးပြီး Customer က ရေမွှေးအကောင်းစား ဝယ်ပြပြီး တပုလင်းလုံးကုန်အောင် ခြေထောက်တွေ ဖြန်းပြလိုက်တာမျိုး ၊ သူတို့ မဝယ်နိုင်ဘူးထင်တဲ့ စျေးကြီးတဲ့ ပစ္စည်းကို ဝယ်ပြလိုက်တာမျိုး Customer က မခံချင်လို့ တုန့်ပြန်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေ ရှိခဲ့သလို ဘာမှမတုံ့ပြန်ခဲ့ပေမယ့် ကိုယ့်ဆိုင်ကို ရွံမုန်းပြီး တသက်တာ လှည့်မကြည့် တော့တဲ့ Customer တွေ အများအပြား ရှိပါတယ်။ Customer တွေက သူတို့ ကို အထင်အမြင်သေးမှုကို ပစ္စည်းကို ဝယ်ယူပြခြင်းဖြင့် သူတို့ကိုယ်တိုင် တုံံ့ပြန်ဖြေရှင်း ကြပေမယ့် ဒီပြသနာက ဆိုင်ရှင် သို့မဟုတ် မန်နေဂျာက သေသေချာချာ ဖြေရှင်းဖို့ တာဝန်ရှိပါတယ်။

ဒီကိစ္စကို သေသေချာချာ မကိုင်တွယ် မဖြေရှင်းဘူး ဆိုရင် ကိုယ်မသိလိုက်တဲ့ အချိန်မှာ Customer တွေ အများအပြား ဆုံးရှုံးသွားပြီး စီးပွါးရေး လုပ်ငန်း ထိခိုက်လာမှာ ဖြစ်ပါတယ်။ အောက်ပါနည်းလမ်းလေးတွေက Customer ကို မခြေမငံ ဆက်ဆံတဲ့ ဝန်ထမ်းကို ကိုင်တွယ်ရမယ့် နည်းလမ်းတွေနဲ့ အဲ့လိုဝန်ထမ်းတွေ မခန့်မိအောင် သတိထားရမယ့် အချက်လေးတွေ ဖြစ်ပါတယ်။

(၁) ဝန်ထမ်းရဲ့ Attitude - ဒီလိုဆက်ဆံတတ်တဲ့ ဝန်ထမ်းဟာ ချမ်းသာတဲ့သူကိုမှ အထင်ကြီးတဲ့ စိတ်သဘောထားရှိတယ်။ သူရောင်းတဲ့ ပစ္စည်းဟာ ချမ်းသာတဲ့သူမှ ဝယ်နိုင်တယ်လို့ အထင်ရောက်နေတယ်။ Customer ရဲ့ အပေါ်ယံ အဝတ်အစားကို ကိုကြည့်ပြီး ကြည့်ပြီး ဆင်းရဲတယ် ချမ်းသာတယ် တဘက်သတ်အမြင်နဲ့ သုံးသပ်တယ်။ သူဆင်းရဲတယ်လို့ ထင်တဲ့သူကို အထင်မကြီးဘူး မဝယ်နိုင်ဘူးလို့ တထစ်ချ ယူဆတယ်။ စိတ်ထဲရှိတဲ့ အတိုင်းလည်းဆက်ဆံတယ် အဲဒါကြောင့်လည်း ဒီလိုပြသနာတွေ ကြုံရတယ်။ ဒီလိုဝန်ထမ်းမျိုးတွေဟာ Attitude မကောင်းတဲ့အတွက် Customer ကိုမလေးစားဘူး။ ဝန်ထမ်းအချင်းချင်းမှာလည်း ပြသနာတွေ တတ်လေ့ရှိတယ်။ ဒါကြောင့်ဝန်ထမ်းခန့်တဲ့ အခါတိုင်း ခန့်မယ့်ဝန်ထမ်းမှာ ကောင်းမွန်တဲ့ attitude ရှိမရှိ အလေးပေး သတိထားပြီး လေ့လာပြီးမှ ခန့်သင့်ပါတယ်။

(၂) Customer Service သင်ပေးခြင်း - Customer နဲ့ ထိတွေ့ ဆံသော ဝန်ထမ်းအားလုံးအား အလုပ်စဝင်စဉ်ကတည်း လုပ်ငန်းသဘောသဘာဝ၊ ကုန်ပစ္စည်းအကြောင်း၊ Customer အပေါ်ထားရမယ့် စိတ်သဘောထားနဲ့ ဆက်ဆံရမယ့် ပုံစံ အစသဖြင့် Customer Service ကို စနစ်တကျ သင်ကြားပေးထားခြင်း ပြုလုပ်ထားသင့်ပါတယ်။

(၃) စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားခြင်း - ဝန်ထမ်းများလိုက်နာရန် စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး Customer Service ဆိုင်ရာ စည်းကမ်းများ ထည့်သွင်းထားပြီး မလိုက်နာပါက အရေးယူမည် ဖြစ်ကြောင်း ဝန်ထမ်းများအား အသိပေးထားရန် လိုပါတယ်။

(၄ )ပြသနာအား ဖြေရှင်းခြင်း- ဝန်ထမ်းရဲ့ ဆက်ဆံရေး အဆင်မပြေမှုကြောင့် ပြသနာဖြစ်လျှင် မန်နေဂျာ သို့မဟုတ် လုပ်ငန်းရှင် ကိုယ်တိုင် ဖြေရှင်းပေးပါ။ သေချာမေးမြန်းပါ။ Customer က ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ Customer ကိုတောင်းပန်ပါ။ ဝန်ထမ်းကို တောင်းပန်ခိုင်းပါ။

(၅)ဝန်ထမ်းနဲ့ စကားပြောပါ- Customer ပြန်သွားရင် အဲဒီဝန်ထမ်းနဲ့ သီးခြားတွေ့ဆုံ စကားပြောပါ။ လူကြားထဲ မဆူပါနဲ့ ။ သေချာမေးမြန်းပါ။ ဒီကိစ္စကို အရေးမကြီးသလို မထားလိုက်ပါနဲ့။ သူပြောတာလည်း နားထောင်ပေးပါ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ အကြံဉာဏ်ပေးပါ။ မည်သည့် Customer မဆို Customer အား လေးစားစွာ ဆက်ဆံရန် သင်ပါ။ နှုတ်ဖြင့် သတိပေးပါ။ ကတိခံဝန်ချက် စာနဲ့ရေးသား ရယူထားပါ။

(၆) နောင်တချိန်ထပ်ဖြစ်ရင် Action ယူပါ။ အလားတူဖြစ်ရပ် ထပ်ဖြစ်ရင် စာဖြင့်သတိပေးပါ။ တချို့ ဝန်ထမ်းသည် အကြိမ်ကြိမ် သတိပေးသော်လည်း မပြောင်းလဲသော ဝန်ထမ်းမျိုးရှိတတ်ပါတယ်။ အနည်းဆုံး (၃) ကြိမ်တိုင်တိုင် သတိပေးလို့မှ မပြောင်းလဲ မပြုပြင်လျှင် ထိုဝန်ထမ်းကို လေဘာလောနဲ့ အညီ အလုပ်ထုတ် ပိုင်ခွင့်ရှိပါသည်။ လျော်ကြေးပေးရန်မလိုပါ။ ပြုပြင်လို့မရတဲ့ ဝန်ထမ်းအား အလုပ်မှရပ်ဆိုင်းခြင်းသည် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

လုပ်ငန်းထဲမှာရှိတဲ့ ဝန်ထမ်းတိုင်းဟာ လုပ်ငန်းကို ကိုယ်စားပြုနေတဲ့သူတွေ ဖြစ်လို့ သူတို့ရဲ့ အပြုအမှုတွေဟာ မိမိလုပ်ငန်းရဲ့ ပုံရိ့ပ်တွေပဲဖြစ်ပါတယ်။ မိမိဝန်ထမ်းများရဲ့ ဆက်ဆံရေး နဲ့ Customer Service ပိုကောင်းလာစေဖို့ ဆိုင်ရှင်တိုင်း လုပ်ငန်းရှင်တိုင်းက အထူးဂရုပြုသင့်ပါတယ်။ ဝန်ထမ်းများ ဆက်ဆံရေးကောင်း စေဖို့ အလုပ်ခန့်တဲ့အချိန်ကတည်း စိတ်သဘောထားပိုင်း စိစစ်သတိထားမယ်၊ လုပ်ငန်းခွင် စတင်ဝင်ရောက်တာနဲ့ သေချာသင်ကြားမယ်။ စည်းမျည်းစည်းကမ်းတွေချမှတ်ထားမယ်။ ဝန်ထမ်းတွေ သိရှိထားစေမယ်။ ပြသနာ ဖြစ်လာတဲ့အခါလည်း သေချာကိုင်တွယ် ဖြေရှင်းမယ် ဆိုရင် မိမိလုပ်ငန်းမှ ဒုက္ခပေးတဲ့သူ နည်းသွားပြီး ပိုမိုအောင်မြင်လာမှာ ဖြစ်ပါတယ်။

Aye Thidar Khine
HR Consultant
Momentum Builder - Your HR Solution Partner
# HR Consultant
# HR Solution
# Human Resource Management
# Recruitment
# Customer Service
# HR Training

HR consultation process done  for Burmade Co., Ltd.
20/03/2024

HR consultation process done for Burmade Co., Ltd.

ဝန်ထမ်းတွေကို ဘာကြောင့် သင်တန်းပေးသင့်တာလဲ?ဝန်ထမ်းများတွေကို သင်တန်းတက်စေခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုတိုးတက်လာစ...
11/10/2023

ဝန်ထမ်းတွေကို ဘာကြောင့် သင်တန်းပေးသင့်တာလဲ?

ဝန်ထမ်းများတွေကို သင်တန်းတက်စေခြင်းဟာ လုပ်ငန်းစွမ်းဆောင်ရည်များ ပိုတိုးတက်လာစေပြီး လုပ်ငန်းအောင်မြင်မှု အပေါ်မှာ သိသာထင်ရှားစွာ သက်ရောက်မှုရှိပါတယ်။ သင်တန်းပေးခြင်းကြောင့် ဝန်ထမ်းတွေဟာ သူတို့ အလုပ်ကို ပိုကောင်းအောင်လုပ်နိုင်ပြီး အဖွဲ့အစည်းအပေါ် ထားရှိတဲ့ စိတ်ပိုင်းဆိုင်ရာကတိကဝတ် နှင့် စိတ်အားထက်သန်မှုကို ပိုမိုမြင့်တက်စေပါသည်။

ဘယ်လိုသင်တန်းမျိုးတွေ ပေးသင့်တာလဲ

ပေးသင့်တဲ့သင်တန်းတွေကတော့ လုပ်ငန်းခွင်ဝင်သင်တန်းများ၊ လုပ်ငန်းတာဝန်ဆိုင်ရာ ကျွမ်းကျင်မှု မွန်းမံသင်တန်း၊ ဖေါက်သည်များအား ရောင်းချခြင်း နှင့် ဝန်ဆောင်မှုပေးခြင်းသင်တန်းများ၊ စီမံခန့်ခွဲမှု သင်တန်းများ၊ ဉီးဆောင်မှုသင်တန်းများ၊ စိတ်ဓါတ်ရေးရာမြှင့်တင်မှုသင်တန်းများ၊ ထိရောက်စွာဆက်ဆံရေးသင်တန်း၊ အချိန်စီမံခန့်ခွဲခြင်းသင်တန်း၊ ပြသနာဖြေရှင်းနည်းသင်တန်းများ တို့ဖြစ်ပါတယ်

ဝန်ထမ်းများအား သင်တန်းပေးခြင်းဖြင့် ဘာတွေအကျိုးရှိနိုင်လဲ

ဝန်ထမ်းများအား သင်တန်းပေးခြင်းဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။

❇️Increased Productivity - အလုပ်လုပ်နိုင်စွမ်းများ ပိုမိုတိုးတက်လာခြင်း
လုပ်ငန်းခွင် သင်တန်းတွေကြောင့် ဝန်ထမ်းတွေဟာ သူတို့ရဲ့ အလုပ်မှာ ပိုကျွမ်းကျင်လာစေတယ်၊ စိတ်အားထက်သန်မှု ၊ အာရုံစူးစိုက်မှု နှင့် လုပ်အား ပိုမိုအားစိုက်ထုတ်ရန် ဆန္ဒရှိလာပြီး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်စေလာပါတယ်

❇️Better Customer Service - ဖေါ်က်သည်များအား ပိုကောင်းတဲ့ ဝန်ဆောင်မှုပေးနိုင်ခြင်း
သေချာသင်ကြားထားသော လုပ်ငန်းခွင်သင်တန်းများကြောင့် ဝန်ထမ်းများဟာ ဖောက်သည်၏စိတ်ကျေနပ်မှု ရအောင် ပိုပြီးဆောင်ရွက်နိုင် စေပါတယ်။

❇️Innovation and Creativity - ဆန်းသစ်သော စိတ်ကူးများနှင့် တီထွင် ဖန်တီးနိင်လာခြင်း
သင်တန်းများကြောင့် ရလာတဲ့ ဗဟုသုတတွေ အသုံးချနိုင်ပြီး လုပ်ငန်းခွင်စိန်ခေါ်မှုများကို ဆန်းသစ်သောစိတ်ကူးစိတ်သန်းများနှင့် ဖြေရှင်းနိုင်လာစေပါတယ်။

❇️Higher Retention Rates - ဝန်ထမ်းများ အလုပ်ထွက်နှုန်း ကျဆင်းစေခြင်း
ဝန်ထမ်းများသည် လုပ်ငန်းခွင်တွင် ပိုမိုအဆင်ပြေလာခြင်းကြောင့် အလုပ်ထွက်ဖြစ်ရန်အကြောင်း တရားများ လျော့နည်းလာကာ အလုပ်ထွက်နှုန်း ကျဆင်းစေသည်။

❇️Enhanced Job Satisfaction - မိမိအလုပ်ပေါ် စိတ်ကျေနပ်မှုရလာခြင်း

ဝန်ထမ်းများသည် လုပ်ငန်းသဘောတရားများ ပိုပြီးသိရှိလာခြင်း စိတ်ဓါတ်ရေးရာအား ဖြင့် တိုးတက်လာခြင်း ကြောင့် မိမိ၏ လုပ်ငန်းစွမ်းဆောင်မှု တွင် ပိုမိုစိတ်ကျေနပ်လာပြီး အပြုသဘောဆောင်သော အလုပ်ပတ်ဝန်းကျင်ကို ဖြစ်စေပါတယ်။

❇️Reduced Absenteeism
ဝန်ထမ်းများသည် ၎င်းတို့၏ လုပ်ငန်းကို အမှန်တကယ် စိတ်ဝင်စားလာကြပြီး ဖျားနာခြင်း အလုပ်ပျက်ကွက်ခြင်း နည်းပါးလာပါတယ်။

❇️Improved Employee-Manager Relationships
ဝန်ထမ်းများဟာ ၎င်းတို့၏မန်နေဂျာများနှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ဆက်ဆံရေး ဆက်ဆံရေး ရရှိလာစေပါတယ်။

ဖော်ပြပါအချက်တွေကြောင့် လုပ်ငန်းခွင်သင်တန်းများသည် သင့်လုပ်ငန်းအောင်မြင်မှုအတွက် မဖြစ်မနေ လိုအပ်ပါတယ်။ သင့်ရဲ့လုပ်ငန်းအတွက် လုပ်ငန်းခွင် သင်တန်းများပေးလိုပါက Momentum Builder က သင့်အတွက် အဆင်သင့် ရှိပါတယ်။

ဝန်ဆောင်မှုဆိုင်ရာ အသေးစိတ် အချက်အလက်များ သိရှိလိုပါက Comment သို့မဟုတ် Page Messenger မှ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Momentum Builder – Your HR Solution Partner
Training

Solution

Consultant
Hand Book
Manual
Policy Development
Management

သင့်လုပ်ငန်းအတွက် HR Consulting ပြုလုပ်ခြင်းဖြင့် ဘာတွေ အကျိုးရှိစေနိုင်ပါသလဲအောက်ပါအချက်များသည် သင်၏လုပ်ငန်းကို အကျိုးရ...
03/10/2023

သင့်လုပ်ငန်းအတွက် HR Consulting ပြုလုပ်ခြင်းဖြင့် ဘာတွေ အကျိုးရှိစေနိုင်ပါသလဲ
အောက်ပါအချက်များသည် သင်၏လုပ်ငန်းကို အကျိုးရှိစေနိုင်သည့် အချက်များ ဖြစ်ပါသည်။
📎Expertise : HRM ပိုင်းကျွမ်းကျင်သူများ၏ အသိပညာနှင့် လုပ်ငန်းအတွေ့အကြုံများ ရယူပြီး မိမိလုပ်ငန်းတွင် ကျင့်သုံးသင့်သည့် ဝန်ထမ်းများ စီမံခန့်ခွဲမှုဆိုင်ရာ အလေ့အကျင့်ကောင်းများ၊ မိမိလုပ်ငန်းနှင့် လျော်ညီသော မူဝါဒများ လုပ်ငန်းစဉ်များအား ချမှတ်နိုင်ခြင်း။
📎Compliance and Risk Management: အလုပ်သမား ဉပဒေနှင့် စည်းမျဉ်းများနှင့် ကိုက်ညီမှုရှိ စေသည့် မူဝါဒများ ဆွေးနွေး အကြံပေးသွားမည် ဖြစ်သဖြင့် ဉပဒေဆိုင်ရာ အန္တရယ်များ လျော့ချနိင်ခြင်း။
📎 Talent Acquisition: လုပ်ငန်းအတွက် လိုအပ်သောဝန်ထမ်း ရှာဖွေခြင်း လူတွေ့စစ်ဆေးခြင်း လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော အရည်အချင်းရှိသူများ ရွေးချယ်ခြင်းအား ဝန်ဆောင်မှုရယူနိုင်ခြင်း။
📎 Employee Relation and Retention: ဝန်ထမ်းရေးရာ ပြသနာများ ကူညီဖြေရှင်းနိုင်သော အကြံဉာဏ်များရယူနိုင်ခြင်း နှင့် ဝန်ထမ်းကောင်းများ ထိန်းသိမ်းနိုင်မည့် နည်းလမ်းများ အကောင်ထည်ဖေါ် နိင်ခြင်း။
📎 Performance Management ဝန်ထမ်းများ၏လုပ်ငန်းတာဝန်များ၊ လုပ်ငန်း စွမ်းဆောင်မှု သတ်မှတ်ချက်များ ရေးဆွဲခြင်း အသိပေးခြင်း အကဲဖြက်ခြင်း လုပ်ငန်းဆောင်ရွက်မှု ရလဒ်များအတိုင်း အကျိုးခံစားခွင့်များ ပေးခြင်း အစီအစဉ်များ အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ခြင်း။
📎 Training and Development: ဝန်ထမ်းများ၏ စွမ်းဆောင်မှုနှင့် စိတ်ဓါတ်ရေးရာ တိုးတက်ဖွံဖြိုး ရေး အစီအစဉ်များ ရေးဆွဲ အကောင်အထည် ဖေါ် နိုင်ခြင်း။
📎 Cost-Effective Solutions: HRM ပိုင်းကျွမ်းကျင်သော အချိန်ပြည့်ဝန်ထမ်း ငှားရမ်းခြင်းနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ်သက်သာခြင်း။ လုပ်ငန်းတစ်ခုစီ၏ HR ပိုင်းဆိုင်ရာလိုအပ်ချက်များ ပြည့်မီစေသည့် ဝန်ဆောင်မှုရယူနိုင်ခြင်း
အစသဖြင့်သော အကျိုးများ ရှိနိုင်စေနိုင်တဲ့အတွက် သင့်ရဲ့ လုပ်ငန်းလိုအပ်ချက်များ Momentum Builder Your HR Solution Partner ကို ဆက်သွယ်မေးမြန်း ဆွေးနွေးနိုင်ပါတယ်



Solution
Consultant

Address

Shwe Myintta Street, Tamwe Lay Quater
Yangon
11211

Telephone

09259651170

Website

Alerts

Be the first to know and let us send you an email when Momentum Builder - Your HR Solution Partner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share