NITI

NITI Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NITI, Consulting Agency, Ranchi.

SME လုပ်ငန်းရှင်များအတွက်... Consultant ထံမှ ပညာလည်းယူ၊ Cashback အပြည့်နဲ့ အခမဲ့လည်း တက်ရောက်နိုင်မယ့် "Fundamental Fina...
25/02/2026

SME လုပ်ငန်းရှင်များအတွက်... Consultant ထံမှ ပညာလည်းယူ၊ Cashback အပြည့်နဲ့ အခမဲ့လည်း တက်ရောက်နိုင်မယ့် "Fundamental Finance For Absolute Non-Finance Course" 🔰

NITI က SME လုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ ငွေကြေးစီမံခန့်ခွဲမှုပုံစံကို အကြံပေးချင်တာကြောင့် ဒီ "Fundamental Finance For Absolute Non-Finance (Batch 3) Zoom Class" ကိုဖွင့်လှစ်ပေးရခြင်း ဖြစ်ပါတယ်။

ဒီသင်တန်းမှာ စာအုပ်ကြီးထဲက သီအိုရီတွေမဟုတ်ဘဲ SME လုပ်ငန်းပေါင်းများစွာကို လက်တွေ့အကြံပေးနေတဲ့ Financial Consultant ဆရာမိုက်ကယ် ကိုယ်တိုင် သင်ကြားပေးသွားမှာပါ။ ဆရာက စာရင်းမပိုင်လို့ တိုင်ပတ်နေတဲ့ လုပ်ငန်းရှင်တွေအတွက်
🎯 လုပ်ငန်းမှာ အခြေခံစာရင်းရေးမှတ်တတ်အောင်
🎯 လုပ်ငန်း စီမံခန့်ခွဲရာမှာ Finance သမားတစ်ယောက်လို စဉ်းစားတတ်အောင်
🎯 စာရင်းရေးမှတ်ခြင်း အခြေခံ သဘောတရားများကို စနစ်တကျ လေ့လာနိုင်အောင် Practical Solutions တွေကို ထုတ်နှုတ်သင်ကြားပေးမှာ ဖြစ်ပါတယ်။ ✨️

ℹ️ ဒီသင်တန်းကို တက်ရောက်တဲ့အခါမှာ သင်တန်းကာလ (၆) ပတ်စလုံး အတန်းချိန်အပြည့်တက်ပြီး Assignment တွေကိုလည်း မှန်ကန်အောင် လုပ်မယ်ဆိုရင် သင်တန်းကြေး 100% အပြည့် ပြန်ထုတ်ပေးသွားမှာပါ။ ဒီတော့ SME လုပ်ငန်းပိုင်းဆိုင်ရာ စာရင်းများကို အခမဲ့ လေ့လာသင်ယူနိုင်မှာမို့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။

🚨 သင်တန်းက ဖေဖော်ဝါရီ (၂၇) ရက်နေ့မှာ အတန်းစမှာမို့လို့ အခုပဲ အမြန်ဆုံးစာရင်းသွင်းလိုက်ပါရှင်။ 🚨
(Zoom Only ဖြင့်သင်ကြားမည်)

📍 Register လုပ်ရန် Link - https://forms.gle/qdmSRRNwdwPd6r4n8

သင်တန်းအချက်အလက်များ
🗓 ရက်စွဲ - ၂၇.၂.၂၀၂၆ မှ ၄.၄.၂၀၂၆ ထိ (၆ ပတ်) [27.2.2026 (သောကြာနေ့) | 7.3.2026 (စနေနေ့) | 14.3.2026 (စနေနေ့) | 21.3.2026 (စနေနေ့) | 28.3.2026 (စနေနေ့) | 4.4.2026 (စနေနေ့) - Course End]

⏰ အချိန် - ညနေ ၆:၀၀ မှ ၈:၃၀ ထိ
💰 သင်တန်းကြေး - ၃၅၀,၀၀၀/- ကျပ်
☎️ အသေးစိတ်မေးမြန်းရန် : 099 - 777 - 30754 (သို့မဟုတ်) Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

ငွေရေးကြေးရေးစီမံခန့်ခွဲမှု အတွေ့အကြုံနည်းလို့ စာရင်းတွေကြည့်ရင် ခေါင်းရှုပ်နေရလား? 🤔"လုပ်ငန်းတွင်း ငွေကြေးစီးဆင်းမှုကို...
25/02/2026

ငွေရေးကြေးရေးစီမံခန့်ခွဲမှု အတွေ့အကြုံနည်းလို့ စာရင်းတွေကြည့်ရင် ခေါင်းရှုပ်နေရလား? 🤔

"လုပ်ငန်းတွင်း ငွေကြေးစီးဆင်းမှုကို သေချာနားလည်ချင်တယ်... ဒါပေမယ့် သင်တန်းကြေးအတွက် ဝန်မပိချင်ဘူး" ဆိုတဲ့ SME လုပ်ငန်းရှင်တွေအတွက် လုံးဝလက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခု လာပါပြီ။ ဒါကတော့ SME လုပ်ငန်းရှင်ပေါင်း (၁၀၀) ကျော် တက်ရောက်ခဲ့ပြီးဖြစ်တဲ့ Niti (နီတိ) ရဲ့ Fundamental Finance for Absolute Non-Finance - Batch (3) ပဲ ဖြစ်ပါတယ်။

🔥 ဒီသင်တန်းရဲ့ အထူးခြားဆုံး အစီအစဉ်ကတော့ "အပြည့်တက်ပြီး အကုန်ပြန်ယူပါ" ဆိုတဲ့ Challenge ပဲဖြစ်ပါတယ်။

သင်တန်းကြေး ၃၅၀,၀၀၀ ကျပ် သတ်မှတ်ထားပေမယ့်... အတန်းချိန် (၆) ပတ်စလုံးကို အပြည့်တက်ရောက်ပြီး၊ ပေးမယ့် အိမ်စာတွေကို မှန်ကန်စွာ လုပ်ဆောင်နိုင်သူတိုင်းကို သင်တန်းကြေး (၁၀၀%) အပြည့် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

ဒါဟာ သင်တန်းသားတွေဘက်က တကယ်တတ်မြောက်ချင်တဲ့ စိတ်ဆန္ဒကို ရင်းနှီးမြှုပ်နှံခိုင်းတဲ့ သဘောတရားပဲ ဖြစ်ပါတယ်။

ကိုယ်က တကယ်ကြိုးစားမယ်ဆိုရင် Finance ပညာရပ်ကိုရော၊ ကိုယ့်ရဲ့ သင်တန်းကြေးကိုပါ အကုန်ပြန်ရမယ့် အစီအစဉ်ပါ။

ဒီသင်တန်းကနေ ဘာတွေရရှိမလဲ?

✅ လုပ်ငန်းမှာ အခြေခံစာရင်းရေးမှတ်တတ်အောင်
✅ လုပ်ငန်း စီမံခန့်ခွဲရာမှာ Finance သမားတစ်ယောက်လို စဉ်းစားတတ်အောင်
✅ စာရင်းရေးမှတ်ခြင်း အခြေခံ သဘောတရားများကို စနစ်တကျ လေ့လာနိုင်အောင်

Financial Consultant ကနေပြီး လက်တွေ့အသုံးချနိုင်တဲ့ နည်းစနစ်တွေကို သင်ကြားပေးသွားမှာပါ။

၂၀၂၆ မှာ ကိုယ့်လုပ်ငန်းရဲ့ ငွေကြေးပိုင်းကို ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်ဖို့ အခုပဲ စာရင်းသွင်းလိုက်ပါ။

💪 ⚠️ ဖေဖော်ဝါရီလကုန်တွင် စတင်မှာဖြစ်သဖြင့် အမြန်ဆုံး စာရင်းပေးသွင်းရန် လိုအပ်ပါတယ်နော်။
(Zoom Only ဖြင့် သင်ကြားမည်)

📍 Register လုပ်ရန် Link - https://forms.gle/qdmSRRNwdwPd6r4n8

သင်တန်းအချက်အလက်များ
🗓 ရက်စွဲ - ၂၇.၂.၂၀၂၆ မှ ၄.၄.၂၀၂၆ ထိ (၆ ပတ်) [27.2.2026 (သောကြာနေ့) | 7.3.2026 (စနေနေ့) | 14.3.2026 (စနေနေ့) | 21.3.2026 (စနေနေ့) | 28.3.2026 (စနေနေ့) | 4.4.2026 (စနေနေ့) - Course End]

⏰ အချိန် - ညနေ ၆:၀၀ မှ ၈:၃၀ ထိ
💰 သင်တန်းကြေး - ၃၅၀,၀၀၀/- ကျပ်
☎️ အသေးစိတ်မေးမြန်းရန် : 099 - 777 - 30754 (သို့မဟုတ်) Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

Market ထဲ နေရာရဖို့ ခဲယဉ်းနေတာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ Sales Team ကို ထိထိရောက်ရောက် မကွပ်ကဲ ဖြစ်နေတာမျိုး ကြုံနေရပါတာလ...
25/02/2026

Market ထဲ နေရာရဖို့ ခဲယဉ်းနေတာမျိုး ဒါမှမဟုတ် ကိုယ့်ရဲ့ Sales Team ကို ထိထိရောက်ရောက် မကွပ်ကဲ ဖြစ်နေတာမျိုး ကြုံနေရပါတာလား ❓️

ကိုယ့်ရဲ့ Product ကကောင်းပါရဲ့နဲ့ ဈေးကွက်ထဲမှာ နေရာမရဖြစ်နေတာမျိုး၊ ကိုယ့်ရဲ့ Sales Team က Performance မတက်ဘဲ ဖြစ်နေတာမျိုးတွေက လုပ်ငန်းရှင်နဲ့ Manager တိုင်း ကြုံတွေ့နေရတဲ့ ခေါင်းခဲစရာ ပြဿနာတွေပါပဲ။

ဒီပြဿနာတွေကို အချိန်မီ မဖြေရှင်းနိုင်ဘူးဆိုရင်တော့ ၂၀၂၆ ခုနှစ်ရဲ့ ပြင်းထန်တဲ့ စီးပွားရေးပြိုင်ဆိုင်မှုကြားမှာ ကိုယ့်ရဲ့လုပ်ငန်းက တဖြည်းဖြည်း သူများရဲ့ နောက်ကောက်ကျန်နေခဲ့ရပါလိမ့်မယ်။ ခိုင်မာတဲ့ Strategy မရှိဘဲနဲ့တော့ အရောင်းရလဒ်ကောင်းတွေကို ရရှိဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။❗️

ဒီအခက်အခဲတွေကို အထိရောက်ဆုံး ဖြေရှင်းပေးနိုင်မယ့် NITI ရဲ့ "Strategic Sales & Marketing Management (Batch 1) Zoom Class" သင်တန်း လာပါပြီ။

ဒီသင်တန်းမှာ...
🎯 Go-To-Market Strategy (ဈေးကွက်ထိုးဖောက်ပုံ)
🎯 Sales Team Management (အရောင်းအဖွဲ့ စီမံခန့်ခွဲပုံ)
🎯 Strategic Selling (မဟာဗျူဟာကျကျ ရောင်းပုံ) အစရှိတဲ့ ဘာသာရပ်တွေကို အသေးစိတ် သင်ကြားရမှာပါ။

ဒါ့အပြင် ဒီသင်တန်းမှာ ခွင့်ပြတ်ရက်မရှိဘဲ အတန်းချိန်အပြည့်တက်ပြီး Assignment မှန်မှန်လုပ်မယ်ဆိုရင်တော့ သင်တန်းကြေး 100% အကုန်ပြန်ရရှိမှာ ဖြစ်တာကြောင့် အရှုံးမရှိတဲ့ ရင်းနှီးမြှုပ်နှံမှုပါပဲ။ ✨️

⚠️ သင်တန်းက မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာပဲ စတင်တော့မှာဖြစ်တာကြောင့် နေရာမပြည့်ခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါ။

📍 Register လုပ်ရန် Link - https://forms.gle/VvUQEqXKgsDx4cuc8

[သင်တန်းအချက်အလက်များ]
🗓 ရက်စွဲ - ၂၅.၂.၂၀၂၆ မှ ၁.၄.၂၀၂၆ ထိ (ဗုဒ္ဓဟူးနေ့တိုင်း)
⏰ အချိန် - ညနေ ၇:၀၀ မှ ၉:၀၀ ထိ (Zoom Class Only)
💰 သင်တန်းကြေး - ၃၀၀,၀၀၀/- ကျပ် (အတန်းချိန်ပြည့် / Assignment မှန်မှန်လုပ်ပါက 100% ပြန်အမ်းမည်)

☎️ အသေးစိတ်မေးမြန်းရန် : 099 - 777 - 30754 (သို့မဟုတ်) Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

Sales & Marketing နယ်ပယ်က အမာခံဗျူဟာတွေကို (၃) သိန်းတန် သင်တန်းကြေး ပေးစရာမလိုဘဲ လေ့လာနိုင်မယ့် အခွင့်အရေးကို လိုချင်ပါသ...
25/02/2026

Sales & Marketing နယ်ပယ်က အမာခံဗျူဟာတွေကို (၃) သိန်းတန် သင်တန်းကြေး ပေးစရာမလိုဘဲ လေ့လာနိုင်မယ့် အခွင့်အရေးကို လိုချင်ပါသလား❓️

ခေတ်သစ်စီးပွားရေးလောကမှာ Product ကောင်းရုံနဲ့ မလုံလောက်တော့ဘဲ တိကျတဲ့ စျေးကွက်ထိုးဖောက်မှု ဗျူဟာတွေရှိဖို့က အဓိကကျလာပါတယ်။ ကိုယ့်ရဲ့ အရောင်းအဖွဲ့ကို စနစ်တကျ စီမံခန့်ခွဲပြီး အောင်မြင်တဲ့ ရလဒ်တွေ ထွက်ပေါ်လာစေဖို့အတွက် ဘယ်ကနေ စတင်ရမလဲဆိုတာ ဝေခွဲမရဖြစ်နေတဲ့ လုပ်ငန်းရှင်တွေနဲ့ မန်နေဂျာတွေအတွက် ဒါက တကယ့်ကို လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါပဲ။❗️

NITI ရဲ့ "Strategic Sales & Marketing Management" သင်တန်းမှာ
🎯 Go-To-Market Strategy
🎯 Sales Team Management
🎯 Strategic Selling အစရှိတဲ့ အဓိကဘာသာရပ်တွေကို (၆) ပတ်ကြာ အသေးစိတ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒီသင်တန်းရဲ့ အထူးခြားဆုံးကတော့ "အပြည့်တက်၊ အကုန်ပြန်ယူ" ဆိုတဲ့အတိုင်း အတန်းချိန်အပြည့်တက်ပြီး Assignment မှန်မှန်လုပ်ရုံနဲ့ သင်တန်းကြေး 100% အကုန်ပြန်ရရှိမှာဖြစ်လို့ အရင်းအနှီးမလိုဘဲ ပညာရှာနိုင်မှာပါရှင်။

🚨 သင်တန်းက မနက်ဖြန် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ စတင်မှာဖြစ်လို့ နေရာမပြည့်ခင် အခုပဲ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ပါတော့။

📍 Register လုပ်ရန် Link - https://forms.gle/VvUQEqXKgsDx4cuc8

[သင်တန်းအချက်အလက်များ]
🗓 ရက်စွဲ - ၂၅.၂.၂၀၂၆ မှ ၁.၄.၂၀၂၆ ထိ (ဗုဒ္ဓဟူးနေ့တိုင်း)
⏰ အချိန် - ညနေ ၇:၀၀ မှ ၉:၀၀ ထိ (Zoom Class Only)
💰 သင်တန်းကြေး - ၃၀၀,၀၀၀/- ကျပ် (အတန်းချိန်ပြည့် / Assignment မှန်မှန်လုပ်ပါက 100% ပြန်အမ်းမည်)

☎️ အသေးစိတ်မေးမြန်းရန် : 099 - 777 - 30754 (သို့မဟုတ်) Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

🚨 သင်တန်းကြေး (100%) ပြန်အမ်းပေးမဲ့ "အပြည့်တက်၊ အကုန်ပြန်ယူ" Sales & Marketing Course! 🚨သင်တန်းကြေး 300,000 ကျပ်ကို ပေးစ...
24/02/2026

🚨 သင်တန်းကြေး (100%) ပြန်အမ်းပေးမဲ့ "အပြည့်တက်၊ အကုန်ပြန်ယူ" Sales & Marketing Course! 🚨

သင်တန်းကြေး 300,000 ကျပ်ကို ပေးစရာမလိုဘဲ အခမဲ့နီးပါး သင်တန်းတက်ခွင့်ရရှိနိုင်မဲ့ အခွင့်အရေးကြီးလာပါပြီ။❕️

အတန်းချိန်အတွင်း ခွင့်ရက်မရှိ၊ အတန်းချိန် အပြည့်တက်ပြီး Assignment တွေကို နေ့တိုင်းမှန်မှန်လုပ်ပေးရုံနဲ့ သင်တန်းကြေး အကုန်ပြန်ရရှိနိုင်မဲ့ Niti ရဲ့ "Strategic Sales & Marketing Management (Batch 1)" Zoom Class ကို ဖွင့်လှစ်လိုက်ပါပြီခင်ဗျာ။

ကိုယ့်ရဲ့ Product ကို ဈေးကွက်ထဲ ဘယ်လိုသွင်းရမလဲ ခေါင်းစားနေတဲ့ လုပ်ငန်းရှင်တွေနဲ့
ကိုယ့်ရဲ့ Sales Team ကို အကောင်းဆုံးသော Performance တွေရအောင် စီမံကွပ်ကဲချင်တဲ့ Manager တွေအတွက် ဒီသင်တန်းက လုံးဝကွက်တိပါပဲ။ ✨

သင်တန်းကာလက (၆) ပတ်ကြာမြင့်မှာဖြစ်ပြီး ဒီ (၆) ပတ်အတွင်း သင်ကြားပေးမဲ့ Lecture ခေါင်းစဉ်တွေကတော့...
🎯 Market Research သေချာလုပ်နည်း
🎯 ဈေးကွက်ထဲ အောင်မြင်စွာ ဝင်ရောက်မဲ့ Go-To-Market Strategy
🎯 ဖြန့်ချီရေး (Distribution) အပိုင်းကို စနစ်တကျ စီမံနည်း
🎯 Sales Department တစ်ခုလုံးကို ထိန်းကျောင်းစီမံနည်း
🎯 Sales Report များပြုလုပ်ခြင်းနဲ့ Strategic Selling အပိုင်းများ အစရှိတဲ့ ဈေးကွက်နဲ့ အရောင်းပိုင်းဆိုင်ရာ တို့ဖြစ်ပါတယ်။ သင်တန်းကာလအတွင်း Sales & Marketing နဲ့သိသင့်သမျှကို အပြည့်အဝ လေ့လာရမှာပါ။

ဒါကြောင့် ဒီသင်တန်းပြီးတာနဲ့ ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းမှာ လက်တွေ့ပြန်လည်အသုံးချနိုင်မဲ့ Sales & Marketing Strategy တွေကို ကျိန်းသေပေါက်ရရှိမှာပါပဲဖြစ်ပါတယ်ခင်ဗျာ။

ဒီတော့ ၂၀၂၆ ခုနှစ်မှာ ခိုင်မာတဲ့ မဟာဗျူဟာတွေဆွဲပြီး ဈေးကွက်ထဲကို ထိုးဖောက်ဝင်ဖို့ အဆင်သင့်ဖြစ်ကြပြီလား❓️

⚠️ သင်တန်းက ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မှာ စတင်မှာဖြစ်တဲ့အတွက် နေရာမပြည့်ခင် အမြန်ဆုံး စာရင်းပေးသွင်းဖို့ အကြံပေးပါရစေခင်ဗျာ။

📍 Register လုပ်ရန် Link - https://forms.gle/VvUQEqXKgsDx4cuc8

[သင်တန်းအချက်အလက်များ]
🗓 ရက်စွဲ - ၂၅.၂.၂၀၂၆ မှ ၁.၄.၂၀၂၆ ထိ (ဗုဒ္ဓဟူးနေ့တိုင်း)
⏰ အချိန် - ညနေ ၇:၀၀နာရီ မှ ၉:၀၀နာရီ အထိ (Zoom Class Only)
💰 သင်တန်းကြေး - ၃၀၀,၀၀၀/- ကျပ် (အတန်းချိန်ပြည့် / Assignment မှန်မှန်လုပ်ပါက 100% ပြန်အမ်းမည်)

☎️ အသေးစိတ်မေးမြန်းရန် : 099 - 777 - 30754 (သို့မဟုတ်) Page Messenger သို့ ဆက်သွယ်နိုင်ပါသည်။

21/02/2026

စပ်တူလုပ်ငန်းတွေရဲ့ အားနည်းချက်၊ အားသာချက်များ

21/02/2026

Partnership လုပ်ငန်းတွေမှာ အလိမ်မခံရအောင် ဘယ်လိုလုပ်မလဲ?

21/02/2026

အကျိုးတူစီးပွားရေးလုပ်တဲ့အချိန်မှာ သိထားသင့်တဲ့ အချက်(၃)ချက်

SME, MSME, Startups နှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးနှင့် ရေရှည် အောင်မြင်စွာ ရပ်တည်နိင်ရန် ရည်ရွယ်ပြီး DIKA Grou...
20/02/2026

SME, MSME, Startups နှင့် စီးပွားရေးလုပ်ငန်းများ တိုးတက်ရေးနှင့် ရေရှည် အောင်မြင်စွာ ရပ်တည်နိင်ရန် ရည်ရွယ်ပြီး DIKA Group ၏ SMEs Empowerment Program တစ်ခုဖြစ်သည့် (ERS) Empowering Resilient SMEs ၏ Webinar အစီအစဉ်တစ်ခုအနေဖြင့် လာမည့် ဖေဖော်ဝါရီလ (၂၃) ရက်၊ တနင်္လာနေ့ည (၈)နာရီတွင် ဆရာငြိမ်းမောင် (ကျနော်အရောင်းသမား) မှ ""ပစ္စည်းကောင်းပေမယ့် ဈေးကွက်ထဲ ဘာလို့ မပေါက်တာလဲ? (Go-To-Market ရဲ့ လျှို့ဝှက်ချက်များ)" ” အမည်ရှိ ခေါင်းစဉ်နဲ့ Zoom ကနေ ဟောပြောမျှဝေပေးသွားမှာဖြစ်ပါတယ်။

👌 𝙎𝙚𝙢𝙞𝙣𝙖𝙧 𝙩𝙞𝙩𝙡𝙚:""ပစ္စည်းကောင်းပေမယ့် ဈေးကွက်ထဲ ဘာလို့ မပေါက်တာလဲ? (Go-To-Market ရဲ့ လျှို့ဝှက်ချက်များ)"
𝘿𝙖𝙩𝙚: 23/Feb/ 2026 (Monday)
𝙏𝙞𝙢𝙚: 8:00 pm to 9:30pm
𝙋𝙡𝙖𝙩𝙛𝙤𝙧𝙢: Zoom (Free Webinar)

တက်ရောက်လိုပါက zoom link meeting info ကို Email မှတစ်ဆင့် ပေးပိုနိုင်ပါရန် အောက်ပါ google form ကို ဖြည့်စွက်၍ Register လုပ်ထားနိုင်ပါပြီ။

(-Register Link– https://forms.gle/EwWnMzey1N55dcR77 )

***အကောင်းဆုံးအခွင့်အရေးမို့ လက်လွှတ်မခံပဲ တက်ရောက်ဖို့ အခုပဲ စာရင်းပေးလိုက်ပါ***


20/02/2026

နီတိက စီစဉ်ဖွင့်လှစ်တဲ့ အတန်းတွေမှာ တက်ရောက်ခဲ့ကြတဲ့
အတန်းသူ၊ အတန်းသားများ စုဆုံတွေ့ကြတဲ့
NITI Alumni ပွဲလေးမှာ
ဆရာမိုက်ကယ်လ် မှ “မှားယွင်းတဲ့ Business
Structureရဲ့ ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်နိုင်မှု” ဆိုတဲ့ ခေါင်းစဉ်နဲ့
ဟောပြောမျှဝေပေးခဲ့ပုံများ၊ ကျွန်တော်တို့ NITI Alumni နဲ့ Networking ပွဲမှ
ပုံရိပ်များကို အမှတ်တရ ဖော်ပြလိုက်ရပါတယ်။

ကျွန်တော်တို့ နီတိမှ အတန်းတွေကို တက်ရောက်ဖို့
စိတ်ဝင်စားတယ်ဆိုပါက အကြောင်းကြားပေးနိုင်ရန် အောက်ပါ ဖောင်လေးကို ဖြည့်ပေးထားလို့
ရပါတယ်နော်

https://forms.gle/fRMKuFeqpPLfxzGE7

#အပြည့်တက်ပြီးအကုန်ပြန်ယူပါ





အကျိုးတူစီးပွားရေးတစ်ခု လုပ်တဲ့အခါ ဆုံးဖြတ်ချက်မှားတာနဲ့ မိတ်ပျက်တတ်တဲ့နေရာတစ်ခုရှိပါတယ်။အဲဒါက ဝင်ရောက်လုပ်ကိုင်သူ နဲ့ င...
19/02/2026

အကျိုးတူစီးပွားရေးတစ်ခု လုပ်တဲ့အခါ ဆုံးဖြတ်ချက်မှားတာနဲ့ မိတ်ပျက်တတ်တဲ့နေရာတစ်ခုရှိပါတယ်။
အဲဒါက ဝင်ရောက်လုပ်ကိုင်သူ နဲ့ ငွေရှင်ကြားမှာ ခံစားခွင့်ဘယ်လိုခွဲဝေကြမလဲ ဆိုတဲ့ နေရာပါ။
ဒါကြောင့် ကျွန်တော် တို့ ကို အကျိုးတူစီးပွားရေးတစ်ခု မှာ ဝင်ရောက်လုပ်ကိုင်သူနဲ့ငွေရှင်ကြားမှာ အမြတ်ဘယ်လိုခွဲကြရမလဲဆိုတာ တော်တော်များများက မေးလေ့ရှိပါတယ်
ကျွန်တော်တို့ အနေ နဲ့ လုပ်ငန်းတွေမှာ အခြေခံအားဖြင့် ပုံစံ ၃ မျိုး နဲ့ အမြတ်ခွဲဝေ ဖို့ အကြံပေးလေ့ရှိပါတယ်။
၁) အလုပ်လုပ်တဲ့ သူကို လစာပေးပါတယ်။
ဒီနည်းက အရှင်းဆုံးဖြစ်ပါတယ်။ အလုပ်ဝင်လုပ်တဲ့သူက သူ့ လုပ်အားအတွက် လစာရတာဖြစ်လို့ နောင်အခါမှာအငြင်းပွားဖွယ်ရာကိစ္စ ကိုတွေကို ကာကွယ်ပြီးသားဖြစ်သလို အလုပ်ဝင်လုပ်တဲ့သူ မရှိတော့ဘူးဆိုရင် သူ့နေရာ အစားထိုးဖို့ အတွက် လုပ်ငန်းက ကုန်ကျစားရိတ်ရာထားပြီးသားဖြစ်သွားပါတယ်။
၂) အလုပ်လုပ်တဲ့ သူကို အမြတ်ခွဲပေးပါတယ်။
ဒီနည်းကတော့တော်တော်များများ သုံးကြပါတယ်။ ဝင်လုပ်တဲ့သူ ကို သူ့လုပ်အားအတွက် အမြတ်တစ်ခုကို အရင်ခွဲပေးပြီးကျန်တဲ့ အမြတ်ကို မှ ထည့်ဝင်ငွေအတိုင်းခွဲတာပါ။ လုပ်ငန်းစစချင်းကာလတွေမှာအမြတ်မထွက်တဲ့ အချိန်တွေ ရှိတတ်တော့ အဲလိုအချိန်မျိုးမှာ လုပ်ငန်းကနေ ပြီး ဝင်ငွေမရတဲ့ အခါ အလုပ်လုပ်တဲ့သူ Motivation ပျောက်တတ် တာကို သတိထားရမှာဖြစ်ပါတယ်။
၃) အလုပ်လုပ်တဲ့သူကို Basic Allowance အပြင် KPI နဲ့ ခံစားခွင့်ပေးတာပါ။
အပေါ်က ၂ နည်း ကို ပေါင်းထားတာ လို့ပြောလို့ရပါတယ်။ Basic Allowance အနေ နဲ့လစာတစ်ခုရမယ်။ လုပ်ငန်းအမြတ် ထွက်ရင် ထွက်တဲ့အမြတ် ပေါ်မူတည်ပြီး ခံစားခွင့်ပေးတဲ့နည်းဖြစ်ပါတယ်။ အလုပ်လုပ်တဲ့သူရဲ့ အခြေခံ ခံစားခွင့်ရရှိတဲ့အပြင် သူ့အတွက် လုပ်ရင်လုပ်သလောက် အကျိုးခံစားခွင့်ရစေတဲ့နည်းဖြစ်ပါတယ်။
ဒီ ၃ နည်းအပြင်အခြား နည်းတွေလဲ အများကြီးရှိပါသေးတယ်။ မတူတဲ့ အခြေအနေ တွေမှာ မတူတဲ့လုပ်ငန်းတွေ အတွက်ခွဲပေးရတာကိုး။
ဒါ့အပြင် ဝင်ရောက်လုပ်ကိုင်သူ ဆိုတဲ့နေရာမှာ ငွေထည့်ပြီး ဝင်လုပ်တယ်။ အချို့က ငွေမထည့်ပဲလုပ်အားသတ်သတ်စိုက်တယ်။ အချို့ကကျတော့ ဝင်လုပ်ပေမယ့် သိပ်အရေးကြီးတာတွေ မလုပ်ဘူး။ အချို့က ဝင်တော့မလုပ်ဘူး ဒါပေမယ့်တာဝန်ခံထားတဲ့ကိစ္စ က အရေးကြီးတယ် အစရှိသဖြင့် ဝင်ရောက်လုပ်ကိုင်သူ ဟာလဲ အမျိုးမျိုးကွဲတတ်တာကြောင့် စဉ်းစားစရာတွေ ကိစ္စတွေက အများကြီး ပါပဲ။
အဲဒါတွေ နဲ့ပတ်သက်ပြီး NITI ကနေပြီး အကျိုးတူစီးပွားတည်ထောင်နည်း သင်တန်း ဖွင့်ဖို့ရှိပါတယ်။

- အကျိုးတူစီးပွားရေးတစ်ခု ရဲ့ Structure ကို ဘယ်လိုစဉ်းစားပြီး တည်ထောင်မလဲဆိုတာကနေ
- တည်ထောင်တဲ့အချိန် မှာ စာချုပ်ဘယ်လိုချုပ်မလဲ
- အတူတူလုပ်ကိုင်တဲ့အချိန်မှာ စဉ်းစားသင့်တဲ့ Control
- Share ခေါ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်သင့်လဲ
- လုပ်ငန်း မတည်ငွေရင်းတိုးမယ်ဆိုရင် ဘယ်လိုတွေ ဆောင်ရွက်သင့်လဲ
- အကယ်လို့ သဘောထား မတိုက်ဆိုင်လို့ လုပ်ငန်းဖျက်သိမ်းမယ်ဆိုရင် တောင် နှစ်ဘက်သားမထိခိုက်အောင် ဘယ်လိုကြိုတင်သဘောတူထား ကြမလဲ အစတာတွေ ကို သင်သွားမှာဖြစ်ပါတယ်။
သင်တန်းက ၂၂.၂.၂၀၂၆ ရက် ကနေ ၂၄.၂.၂၀၂၆ ထိဖွင့်ပါမယ်။
သင်တန်းကြေးက ၈သိန်းပါ
သင်တန်းချိန်က ညနေ ၆ နာရီကနေ ည ၈နာရီအထိပါ။
သင်ကြားမယ့်ပုံစံ က တော့ Zoom နဲ့ဖြစ်ပါတယ်။
သင်တန်းရဲ့ Registration Link ကို Comment မှာချထားပေးမှာဖြစ်ပြီး သင်တန်းအကြောင်းရှင်းပြပေးစေချင်တယ်ဆိုရင်လဲ ကျွန်တော့် ကို Message Box ကနေ Phone No ပေးထားလို့ရပါတယ်။
ကျွန်တော်တို့ ပြန်ဆက်သွယ်ပေးပါ့မယ်။


#အကျိုးတူစီးပွား

နီတီမှ စီစဉ်သော Sweety Home မှ ဝန်ထမ်းများအတွက် Retail Sales Mastery (လက်လီအရောင်း) Corporate Training (၂) ရက်တာ သင်ကြား...
13/02/2026

နီတီမှ စီစဉ်သော Sweety Home မှ ဝန်ထမ်းများအတွက် Retail Sales Mastery (လက်လီအရောင်း) Corporate Training (၂) ရက်တာ သင်ကြားပို့ချခဲ့မှုကို အမှတ်တရ အဖြစ် ပြန်လည် တင်ပြလိုက်ရပါတယ်။

မိတ်ဆွေတို့ လုပ်ငန်းတွေ လိုအပ်သော Corporate Training များကို နီတိမှ အကောင်းဆုံး စီစဉ်ပေးနေပါပြီ။

#နီတီ

Address

Ranchi

Website

Alerts

Be the first to know and let us send you an email when NITI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share