Mahar Business News

Mahar Business News Mahar Business News

25/05/2026

I got over 400 reactions on one of my posts last week! Thanks everyone for your support! 🎉

Dyson by Sure Store အား ဖွင့်လှစ်ကာ ကမ္ဘာ့အဆင့်မီ Official Dyson ထုတ်ကုန်များကို မြန်မာဈေးကွက်တွင် a Sure Company မှ စတင...
25/05/2026

Dyson by Sure Store အား ဖွင့်လှစ်ကာ ကမ္ဘာ့အဆင့်မီ Official Dyson ထုတ်ကုန်များကို မြန်မာဈေးကွက်တွင် a Sure Company မှ စတင်မိတ်ဆက်

Dyton ထုတ်ကုန်များအား သုံးစွဲသူများအနေဖြင့် Dyson by iSure store တွင် ကိုယ်တိုင်စမ်းသပ်ရွေးချယ်ပြီး ဈေးသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

ရန်ကုန်- ​မေလ ၂၄

a Sure Companyy mypems Dyson sayoδολαβή အဆင့်မြင့်နည်းပညာဖြင့် ဆန်းသစ်တီထွင်ထားသော ထုတ်ကုန်များနှင့် အရည်အသွေးဖြင့် ဝန်ဆောင်မှုများကို မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်သည့်အနေဖြင့် Dyson Official Product များကို Reseller အဖြစ်ရောင်းချပေးမည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော Dyson by Sure Store အား ရန်ကုန်မြို့ရှိ Junction City ၌ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ကာ တင်ရောင်းချပေးနေပြီ ဖြစ်သည်။

ယခုဖွင့်လှစ်လိုက်သည့် Dyson by iSure Store တွင် စစ်မှန်သော Dyson ထုတ်ကုန်များကို Official Warranty နှင့် ဈေးနှုန်းသက်သာစွာ ကိုယ်တိုင်စမ်းသပ်ဝယ်ယူနိုင်ခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများ၏ ကောင်းမွန်သည့်အကြံပြု ဝန်ဆောင်မှုများ နှင့် အတူ ယုံကြည်စိတ်ချရသည့် After Sales Support များကို တစ်နေရာတည်းတွင် လွယ်ကူအဆင်ပြေစွာ ရရှိနိုင်ခြင်း တို့ကြောင့် မြန်မာနိုင်ငံ၏ခေတ်မီအလှအပရေးရာနှင့် အဆင့်မြင့် အိမ်သုံးနည်းပညာ အခန်းကဏ္ဍကို တစ်ခေတ် ဆန်းသစ်စေမည် ဖြစ်ပါသည်။

Dyson by Sure Store တွင် Dyson ၏ နောက်ဆုံးပေါ် နည်းပညာများဖြင့် တီထွင်ထုတ်လုပ်ထားသော ဆံကေသာထိန်းသိမ်းရေးနှင့် ဆံသားအပျက်အစီးလျော့နည်းစေရန် အထောက်အကူပြု hair care ဆိုင်ရာထုတ်ကုန်များ၊ အဆင့်မြင့်နည်းပညာသုံး floor care ဆိုင်ရာသန့်ရှင်းရေးထုတ်ကုန်များနှင့် လေထုသန့်စင်ရေးဆိုင်ရာ နည်းပညာမြင့် air treatment ထုတ်ကုန်အမျိုးမျိုးကို ခင်းကျင်းပြသထားပါသည်။ ဝယ်ယူသူများအနေဖြင့် Dyson by iSure Store တွင် Dyson ἡ προτού φρου Dyson Airwrap i.d.™ multi-styler and dryern Dyson Supersonic hair dryen Dyson Airwrap Co-anda2x™ multi-styler and dryen Dyson Airstrait™ straightenen Dyson Supersonic Nural hair dryer & Dyson Hush Jet™ Purifier Compact o Official Warranty ကိုယ်တိုင်စမ်းသပ်လေ့လာပြီး ဈေးနှုန်းသက်သာစွာဖြင့် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Dyson Vented Barrel Brushi Paddle Brush နှင့် Travel Wrap ကဲ့သို့သော ဆက်စပ်ပစ္စည်းများကိုလည်း တစ်နေရာတည်းတွင် စုံလင်စွာ ရရှိနိုင်ပါသည်။

Dyson a Sure Company ၏ Retail Operation Manager ဖြစ်သူ ကိုထွန်းမြင့်ဇော်က “Dyson ဆိုတာ ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ် တစ်ခုဖြစ်တာကြောင့် အခုလို မြန်မာနိုင်ငံရဲ့ ဈေးကွက်ထဲမှာ Official Product များကို Reseller အနေနဲ့ရောင်းချပေးမည့် ပထမဦးဆုံးသော Dyson by iSure Store ကို ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတူးဂုဏ်ယူဝမ်းမြောက်ပါတယ်။ ရဲ့ လေသန့်စက်တွေ၊ ဆံပင်အလှအပဆိုင်ရာထုတ်ကုန်တွေ၊ ကြမ်းခင်းသန့်ရှင်းရေးဆိုင်ရာထုတ်ကုန်တွေ၊ လေထုသန့်စင်မှုဆိုင်ရာထုတ်ကုန်တွေကို ကိုယ်တိုင်စိတ်တိုင်းကျ စမ်းသပ်ပြီးမှ ဝယ်ယူချင်သူတွေ၊ နိုင်ငံခြားကနေ တကူးတကမှာယူရလို့ စောင့်ဆိုင်းရတဲ့အချိန်တွေ မရှိတော့ဘဲ ဈေးသက်သက်သာသာနဲ့ နိုင်ငံတကာမှာရှိတဲ့ Official Store တွေမှာ ဝယ်ရသလိုမျိုး တထပ်တည်းတူတဲ့ Dyson experience အပြည့်နဲ့ ကျွန်တော်တို့ Store မှာ လာရောက်စမ်းသပ် ကြည့်ရှုဝယ်ယူလို့ရနေပါပြီ။" လို့ ပြောကြားခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ မီဒီယာများ၊ နာမည်ကြီး Influencer များ၊ အလှအပရေးရာ ဖန်တီးရှင်များနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး၊ နာမည်ကျော် ဆံကေသာအလှ ဖန်တီးရှင်တစ်ဦးဖြစ်သူ Dennis မှလည်း Dyson ၏ အဆင့်မြင့်နည်းပညာများသည် ပရော်ဖက်ရှင်နယ် အလှအပရေးရာလောကအပေါ် သက်ရောက်မှုရှိပုံကို မျှဝေပြောကြားခဲ့ပါသည်။ “Dyson ထုတ်ကုန်တွေဟာ ဆန်းသစ်တီထွင်ထားတဲ့ နည်းပညာတွေနဲ့ ဆံကေသာပျက်စီးမှုကို လျော့နည်းစေနိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ကမ္ဘာတစ်ဝန်းမှာ လူသိများပါတယ်။ ဆံသားအလှအပရေးရာနယ်ပယ်မှာ လုပ်ကိုင်နေသူတစ်ယောက်အနေနဲ့ Dyson ရဲ့ နည်းပညာနဲ့ ပေးစွမ်းနိုင်တဲ့ အတွေ့အကြုံတွေကို တကယ်တန်ဖိုးထားပါတယ်။ အခုလို မြန်မာနိုင်ငံမှာ နိုင်ငံတကာအဆင့်မီ Dyson ထုတ်ကုန်တွေကို ကိုယ်တိုင်စမ်းသပ်ပြီး တိုက်ရိုက်ဝယ်ယူအသုံးပြုနိုင်တော့မှာ ဖြစ်တဲ့အတွက် တကယ်ကိုအဆင်ပြေပါတယ်။” ဟု Dennis က ပြောကြားခဲ့ပါသည်။

Dyson by iSure Store ကို ရန်ကုန်မြို့ရှိ Junction City မြေညီထပ်တွင် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံဈေးကွက်အတွင်း Dyson နည်းပညာ၏ အမှတ်တံဆိပ်တည်ရှိမှုကို ပိုမိုခိုင်မာစေရန်သာမက ဝယ်ယူသူများအား အရည်အသွေးမြင့်မားပြီး စစ်မှန်ကောင်းမွန်သည့် ပရီမီယံ ဝယ်ယူမှုအတွေ့အကြုံကို အစဉ်အမြဲ ပေးအပ်သွားရန် ရည်ရွယ်ကြောင်းသိရသည်။

Dyson ထုတ်ကုန်များနှင့်ပတ်သက်ပြီး အသေးစိတ်ကို အောက်ပါလင့်ခ်များမှတစ်ဆင့် ကြည့်ရှုနိုင်ပါသည်။

Dyson by iSure Official page (https://www.facebook.com/dysonmyanmar)

Dyson by iSure Website (https://xtrasure.store/collections/dyson)

ဘရော်နီကာက ဂျပန်ကာနာကို အနိုင်ရရှိ🇲🇲🇲🇲🇲🇲👍👍😍
23/05/2026

ဘရော်နီကာက ဂျပန်ကာနာကို အနိုင်ရရှိ🇲🇲🇲🇲🇲🇲👍👍😍

မိမိရဲ့ ကျန်းမာရေးစနစ်ကို အမြဲတမ်းစစ်ဆေးပေးနေမဲ့ အတိုးတက်ဆုံးစနစ်နဲ့ နောက်ဆုံးပေါ် နည်းပညာပါရှိတဲ့ အပါးလွှာဆုံး ဒီဇိုင်း...
19/05/2026

မိမိရဲ့ ကျန်းမာရေးစနစ်ကို အမြဲတမ်းစစ်ဆေးပေးနေမဲ့ အတိုးတက်ဆုံးစနစ်နဲ့ နောက်ဆုံးပေါ် နည်းပညာပါရှိတဲ့ အပါးလွှာဆုံး ဒီဇိုင်းနဲ့ OPPO Watch S

နောက်ဆုံးပေါ် နည်းပညာတွေနဲ့ သုံးစွဲသူတွေကို အမှန်တကယ်အကျိုးပြုနိုင်မဲ့ ခေတ်မီ နည်းပညာတွေနဲ့ ထိတွေ့ခွင့်ပေးလေ့ရှိတဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းကုမ္ပဏီ OPPO က နောက်ဆုံးပေါ် ထုတ်ကုန်ဖြစ်တဲ့ ပါးလွှာ အပေါ့ပါးဆုံး Stainless Steel ဒီဇိုင်းနဲ့အတူ သက်သောင့်သက်သာဖြစ်ရုံသာမက ဖက်ရှင်အကျဆုံး စတိုင်နဲ့ နေ့စဉ်ဝတ်ဆင်လို့ရမဲ့ OPPO Watch S ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ခန့်ညားတောက်ပနေမဲ့ 3000 Nits Ultra-bright Display နဲ့ အတူ နာမည်ကျော် အားကစား နည်းလမ်းတွေ အထိ နေ့စဉ်စစ်ဆေးထောက်လှမ်းနေနိုင်မဲ့ ခေတ်မီနည်းပညာတွေပါရှိလာမဲ့ OPPO Watch S က ကျန်းမာ ကျစ်လျစ်လှပမှုအတွက် တကယ်ကို အားကောင်းတဲ့ စွမ်းအားပြင်း စက်ပစ္စည်းဖြစ်သလို နှလုံးကျန်းမာရေးကို စစ်ဆေးနိုင်မဲ့ ECG-based health analysis ၊ စက္ကန့် ၆၀ အတွင်း အမြန်ဆုံး ကြည့်ရှုနိုင်မဲ့ မိမိရဲ့ အလုံးစုံ ကျန်းမာရေးအခြေအနေ ၊ မိမိရဲ့ အိပ်ချိန်စနစ်ကို ပြန်လည်စစ်ဆေးပေးမဲ့ ခေတ်မီ နည်းပညာ နဲ့ ခန္ဓာကိုယ်ရော စိတ်ပါ ကျန်းမာမှုရှိမရှိ အစရှိတဲ့အခြေအနေတွေကို OPPO Watch S ပတ်ထားရုံနဲ့ နာရီရဲ့ မျက်နှာပြင်မှ တစ်ဆင့်ဖော်ပြနေမှာဖြစ်ပါတယ်။

ပေါ့ပါး ပါးလွှာလွန်းတဲ့ ဒီဇိုင်းနဲ့ သုံးစွဲသူတွေအတွက် ဖက်ရှင်ကျနေစေမဲ့ OPPO Watch S
OPPO Watch S ကို ပတ်ထားရင်တောင် နေရာသိပ်မယူဘဲ ပေါ့ပေါ့ပါးပါး ဖြစ်တဲ့ ခံစားချက်ကို ခံစားရစေမဲ့၊ နာရီအတွင်း မလိုအပ်တဲ့ နေရာကို မယူဘဲ နည်းပညာ စုံလင်အောင် စီစဉ်ပေးနိုင်မဲ့ Component-stacking Technology ကြောင့် ပေါ့ပါးကျစ်လျစ် ပါးလွှာလှတဲ့ OPPO Watch S ဟာ ၈.၉ စတုရန်းမီလီမီတာ အထူနဲ့ ၃၅ ဂရမ်အလေးချိန်အထိပဲ ရှိမှာဖြစ်ပါတယ်။ ပေါ့ပါးပြီး နေ့စဉ်အတွက် သက်သောင့်သက်သာဖြစ်စေမဲ့ ဒီဇိုင်းကို အခြေခံကာ နာရီလက်ပတ်ကြိုးအရောင်ကို မတူညီကွဲပြားတဲ့အရောင် ၂ မျိုးနဲ့အတူ ပုံဖော်လာမှာဖြစ်ပါတယ်။ ရွေးချယ်စရာအနေနဲ့ Fluoroelastomer Strap ကို လက်ကောက်ဝတ်ရဲ့ အကွေးအတိုင်း ပုံဖော် ဖန်တီးထားတာကြောင့် နူးညံ့သက်သောင့်သက်သာနဲ့ ဝတ်ဆင်နိုင်မဲ့ Phantom Black နဲ့ Air Silver ဆိုပြီး အရောင် (၂) မျိုးအဖြစ် ထွက်ရှိလာမှာဖြစ်ပါတယ်။

မိမိရဲ့ ကျန်းမာရေး၊ အားကစားနဲ့ Fitness Goals တွေကို ပိုမိုထိရောက်စွာ စောင့်ကြည့်နိုင်မဲ့ အဆင့်မြင့် Tracking စနစ်
OPPO Watch S ဟာ လူကြိုက်များတဲ့ အားကစားအမျိုးအစားတွေကို ပိုမိုကျယ်ပြန့်စွာ Support ပေးထားပြီး အသုံးပြုသူတွေရဲ့ လှုပ်ရှားမှုအချက်အလက်တွေကို အသေးစိတ်နားလည်နိုင်စေမဲ့ Comprehensive Data တွေကို ပံ့ပိုးပေးထားပါတယ်။ ဒါကြောင့် ပုံမှန်ပြေးလေ့ရှိသူတွေကနေ ပြိုင်ပွဲဝင် Athlete အဆင့်ရှိသူတွေအထိ ကိုယ့် Performance ကို ပိုမိုလုံခြုံပြီး ထိရောက်စွာ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။

အချိန်ပြည့်ကျန်းမာရေးစောင့်ရှောက်မှုအတွက် Flagship-Level Health Analysis Features တွေ ပါဝင်လာတဲ့ OPPO Watch S
OPPO Watch S မှာ Flagship-Level Sensors တွေကို ထည့်သွင်းပေးထားပြီး ထိပ်တန်းအဆင့်မီ ကျန်းမာရေးစစ်ဆေးနိုင်မဲ့ စွမ်းဆောင်ရည်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်တွေမှာ ဆိုရင် 8-channel Heart Rate Sensor ၊ 16-channel Blood Oxygen Sensor ၊ Wrist Temperature Sensor နဲ့ ECG-enabled Electrode Heart Rate Sensor တို့ ပါဝင်ပြီး ခန္ဓာကိုယ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို တိကျစွာ စုဆောင်းပေးနိုင်ကာ နေ့စဉ်ကျန်းမာရေးစောင့်ကြည့်မှုမှစ၍ အဆက်မပြတ် အနက်ရှိုင်းဆုံး Well-being Insights တွေအထိ ပံ့ပိုးပေးနိုင်ပါတယ်။

အထူးထင်ရှားတဲ့ Feature တစ်ခုကတော့ 60s Wellness Overview ဖြစ်ပြီး အရေးကြီးတဲ့ Health Indicators 10 မျိုးကို တစ်ချက်တည်းနှိပ်လိုက်ရုံနဲ့ စစ်ဆေးနိုင်အောင် စုစည်းပေးထားတာ ဖြစ်ပါတယ်။ တစ်မိနစ်အတွင်း ECG၊ နှလုံးခုန်နှုန်း၊ သွေးတွင်းအောက်ဆီဂျင်၊ အိပ်စက်မှုစက်ဝန်း၊ မိမိရဲ့ အိပ်စက်မှု ကြိမ်နှုန်း နဲ့ ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှု အဆင့် တို့ အပါအဝင် Comprehensive Metrics တွေကို စစ်ဆေးနိုင်ပြီး ကိုယ်ခန္ဓာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခြေအနေကို အချိန်တိုအတွင်း အမြန်ဆန်ဆုံးနဲ့ အသေးစိတ်အထိ သိရှိနိုင်မှာ ဖြစ်ပါတယ်။
Dual-Connection Convenience နဲ့ All-Round Reliability ကို ပေးစွမ်းနိုင်တဲ့ OPPO Watch S
OPPO Watch S ဟာ Android နဲ့ iOS Devices နှစ်မျိုးလုံးအတွက် Smooth Connectivity ကို ပံ့ပိုးပေးနိုင်ပြီး Smartphone နှစ်လုံးအထိ တစ်ပြိုင်နက် Pair လုပ်အသုံးပြုနိုင်ပါတယ်။ Industry-leading Dual-Connection Capability ကြောင့် Devices နှစ်ခုလုံးမှ Calls နဲ့ Message Notifications တွေကို တစ်ချိန်တည်း လက်ခံနိုင်တာကြောင့် ဖုန်းနှစ်လုံးအသုံးပြုသူတွေအတွက် အထူးသင့်တော်တဲ့ Companion Device တစ်ခု ဖြစ်လာစေပါတယ်။

Ultra-slim Design ကို ပိုင်ဆိုင်ထားတဲ့ OPPO Watch S ဟာ ဘက်ထရီသက်တမ်း နဲ့ အကြမ်းခံမှု အပိုင်းမှာလဲ တစ်စက်မှကို အလျော့မပေးထားပါဘူး။ 330mAh Battery ကို တပ်ဆင်ထားပြီး ဘက်ထရီ သက်တမ်းအနေနဲ့လဲ ၁၀ ရက်အထိ အသုံးပြုနိုင်သလို ၁၀ မိနစ်အတွင်း Quick Charge လုပ်ရုံနဲ့ တစ်နေ့တာအပြည့် အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် အပြင်သွားလာနေချိန်တွေမှာတောင် ပိုမိုစိတ်ချရစေမှာ ဖြစ်ပါတယ်။ OPPO Watch S ကို 2.5D Curved Glass Cover ၊ Impact-resistant Edge နဲ့ Stainless Steel ကိုယ်ထည်တို့ဖြင့် တည်ဆောက်ထားပြီး Strength နဲ့ Corrosion Resistance ကို ပိုမိုကောင်းမွန်စေကာ နေ့စဉ်အသုံးပြုရာမှာ ဖြစ်တတ်တဲ့ ထိခိုက်မှုတွေထက် ပိုမိုကာကွယ်ပေးနိုင်ပါတယ်။ ဒါအပြင် IP68 Dust & Water Resistance နဲ့ 5ATM Water Resistance Rating တွေ ပါဝင်တာကြောင့် ရေကူးခြင်း၊ ရေငုပ်ခြင်းနဲ့ အခြားသော ရေနဲ့ ပတ်သက်တဲ့ အားကစားတွေ လုပ်ဆောင်နေတဲ့အချိန်အတွင်း မိမိရဲ့ Workout Tracking ကိုလဲ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

ခေတ်မီတိုးတက်တဲ့ နည်းပညာတွေနဲ့အတူ မိမိရဲ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မဲ့ OPPO Watch S ကို ၈၉၉,၉၀၀ ကျပ်ဖြင့် စတင်ရောင်းချနေပြီဖြစ်ပါတယ်။

ဒီကနေ့ Gold ဈေးနှုန်း👇👇👇
15/05/2026

ဒီကနေ့ Gold ဈေးနှုန်း👇👇👇

ရန်ကုန်မှာ ကျင်းပမယ့် အစားအသောက်၊ ဟိုတယ် စားသောက်ဆိုင် ကဖေး ဆိုင်ရာပြပွဲကြီး 🍐🍏🥯🥞🥐🍞🍄🍟🍔ဇွန်လ ၂၆ ရက်မှ ၂၈ ရက်ထိ ၃ရက်တိုင်တ...
15/05/2026

ရန်ကုန်မှာ ကျင်းပမယ့် အစားအသောက်၊ ဟိုတယ် စားသောက်ဆိုင် ကဖေး ဆိုင်ရာပြပွဲကြီး 🍐🍏🥯🥞🥐🍞🍄🍟🍔

ဇွန်လ ၂၆ ရက်မှ ၂၈ ရက်ထိ ၃ရက်တိုင်တိုင်ကျင်းပသွားမဲ့ စားသောက်ကုန် အဖျော်ယမကာ နှင့် ဟိုတယ် စားသောက်ဆိုင် ကဖေး ဆိုင်ရာပြပွဲကြီးကို
လာမဲ့ ဇွန်လ ၂၆ ရက်မှ ၂၈ ရက်ထိ ရန်ကုန် မြို့၊ အင်းယားလိတ်ဟိုတယ်ဝင်းအတွင်းက ရန်ကုန်ကွန်ဗန်းရှင်းစင်တာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

🍟 ပြည်တွင်းပြည်ပကထုတ်လုပ်တဲ့ စားသောက်စရာတွေကို တစ်နေရာထဲ တစ်စုတစ်ဝေးတည်း လေ့လာကြည့်ရှု ဝယ်ယူနိုင်ပြီး နာမည်ကျော် CHEFများရဲ့ COOKING DEMONSTRATION များကိုကြည့်ရှုပြီးအရသာမြည်းစမ်းနိုင် မှာဖြစ်ပါတယ်။

🥯 ဒါ့အပြင်ရာသီစာ အသီးအနှံတွေဖြစ်တဲ့ ဒူးရင်းသီး၊ မင်းဂွတ်သီး နဲ့ ကြက်မောက်သီးတို့ကို SAMPLE များကို မြည်းစမ်းပြီး အထူးလျော့စျေးများနဲ့ ဝယ်ယူနိုင်မှာလဲဖြစ်ပါတယ်။

🧑 စားသောက်ဆိုင်ဖွင့်လှစ်ထားသူများ၊ အစားအသောက်ဆိုင်ရာ အချက်အပြုတ် ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်သူများ၊ F&B ကဣကို လေ့လာ သင်ယူလိုသူလူငယ်များ၊ ဟိုတယ်စားသောက်ဆိုင်ပိုင်ရှင်များနဲ့ အိမ်ရှင်မတွေ အတွက်လက်မလွှတ် သင်တဲ့ပွဲ တစ်ပွဲ ဖြစ်တာမို့လာရောက် လေ့လာကြဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။

🥦🥬 ပြပွဲကြီးတွင်ဝင်‌ရောက်ပြသလိုသူ လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် ပြခန်းများကို ကြိုတင် ရယူပြီးဝင်ရောက်ပြသနိုင်ကြောင်း သတင်းကောင်းပါးအပ် ပါတယ်။

နေ့ရက် ၂၆-၂၈ ဇွန်လ ၂၀၂၆
အချိန် နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ
နေရာ YANGON CONVENTION CENTER,YCC
INYA LAKE HOTELအင်းလျားလိတ်
ဟိုတယ်ဝင်း၊မရမ်းကုန်းမြို့နယ်။

#စားသောက်ကုန် #အရောင်းပြပွဲ

15/05/2026
15/05/2026

မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော Build Smart & Biggest Myanmar Production နှင့် MCEF နှစ် ၃၀ ပြည့် ပုလဲရတုအထိမ်းအမှတ် Exhibition 2026 🎊🎉🎉🎉🎉🎉🎉

Address

Tamwe
Yangon

Opening Hours

Monday 00:00 - 00:15

Telephone

09971130565

Website

Alerts

Be the first to know and let us send you an email when Mahar Business News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Mahar Business News:

Share