27/09/2026
City Mart ၏ အာဟာရထမင်းဘူး Grand Final ပြိုင်ပွဲမှတစ်ဆင့် ကျန်းမာရေးနှင့်ညီညွတ်သော အာဟာပြည့်ဝသည့် အစားအသောက်ရွေးချယ်မှုများကို လက်တွေ့ဖော်ဆောင်
ရန်ကုန် - စက်တင်ဘာ၂၆
City Mart Supermarket နှစ်၃၀ ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် Weliness & Nutrition အစီအစဉ်များ၏တစ်စိတ်တစ်ပိုင်းအဖြစ် မိသားစုများနှင့် လူမှုအသိုင်းအဝိုင်းအတွင်း နေ့စဉ်ဘဝများတွင် လက်တွေ့အသုံးချနိုင်သော ကျန်းမာရေးနှင့်ညီညွတ်ပြီးအာဟာရပြည့်ဝသည့် နေ့လည်စာထမင်းဘူးများပြင်ဆင်နိုင်စေရန် ရည်ရွယ်၍ “ချစ်ခြင်းတို့ဖြင့် အာဟာရပြည့်စေ” အာဟာရ ထမင်းဘူးပြင်ဆင်ခြင်း ပြိုင်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ Junction Square Center Promotion Area တွင် ကျင်းပခဲ့သည်။
City Mart Supermarket သည် Wellness & Nutrition အစီအစဉ်များမှတစ်ဆင့် မိသားစုများအနေဖြင့် နေ့စဉ်စားသောက်မှုတွင် အာဟာရမျှတသော အစားအစာများကို ပိုမိုလွယ်ကူစွာ ရွေးချယ်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပြီး ယခု အာဟာရထမင်းဘူး ပြိုင်ပွဲအား July လမှ September လအတွင်း social media မှတဆင့် Online Round သုံးကြိမ်မှ ပြိုင်ပွဲဝင်စုစုပေါင်း (၆၀) ဦးထဲမှ Finalist ခြောက်ဦးကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။
Finalist ခြောက်ဦးမှ “နေ့လည်စာထမင်းဘူးတစ်ခုသည် အာဟာရပြည့်ဝပြီး ကုန်ကျစရိတ်ရော သင့်တင့်နိုင်ပါ့မလား" ဟူသည့် ရိုးရှင်းသော မေးခွန်းတစ်ခုအပေါ် အခြေခံ၍ ယှဉ်ပြိုင်လျက်ရှိပါသည်။
အဆိုပါပြိုင်ပွဲသည် ဇူလိုင်လမှစက်တင်ဘာ လအတွင်း Online ပြိုင်ပွဲ ၃ ပွဲမှ ပထမနှင့် ဒုတိယရရှိသူ (၆ )ဦးကို Grand Final ပြိုင်ပွဲအဖြစ် ချက်ပြုတ်ပြင်ဆင်ခြင်းကို Junction Square Center Promotion Area တွင် ကျင်းပခဲ့ပါသည်။ ပြိုင်ပွဲတွင် နေ့လည်စာထမင်းဘူးပြင်ဆင်ရာတွင် အာဟာရပြည့်ဝစွာပါဝင်ရန်အတွက် ထည့်သွင်းစဉ်းစားမှု လက်တွေ့အသုံးချနိုင်မှုနှင့် ဖန်တီးနိုင်စွမ်းတို့ကို ဖော်ထုတ်ပေးသည့် စိန်ခေါ်မှုများကို ထည့်သွင်းကျင်းပခဲ့ပါသည်။
ယနေ့ကျင်းပသည့် Grand Final တွင် Finalist ခြောက်ဦးသည် ပေးထားသည့် အသုံးစရိတ်အတွင်း အာဟာရပြည့်ဝပြီး နေ့စဉ် လက်တွေ့အသုံးချနိုင်သော Lunch Box တစ်ဘူးကို မည်မျှကောင်းမွန်စွာ ဖန်တီးနိုင်သည်ကို City Mart ဆိုင်တွင်းပစ္စည်းများရွေးချယ် ဝယ်ယူခြင်းနှင့် နှင့် Grand Final အခမ်းအနားတွင်လက်တွေ့ ချက်ပြုတ်ပြသခြင်း များမှတစ်ဆင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။ City Holdings Group ၏ အာဟာရဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ ဒေါက်တာ ခင်မာချိုမှ အဓိကအကဲဖြတ်သူအဖြစ် ပါဝင်ပြီး အစားအစာများ၏ အာဟာရမျှတမှု၊ အသုံးပြုထားသည့် ပါဝင်ပစ္စည်းများ၊ ထမင်းဘူး ဖန်တီးခြင်း၊ အရသာနှင့် နေ့စဉ်ဘဝတွင် လက်တွေ့အသုံးချနိုင်မှုတို့အပေါ် အခြေခံ၍ အကဲဖြတ်ပေးမည်ဖြစ်ပါသည်။ ပထမဆုရရှိသူအနေဖြင့် ကျပ် ၃,၀၀၀,၀၀၀ နှင့် ညီမျှသော City Rewards Points ရရှိမည်ဖြစ်ပါသည်။
City Mart Holding Co.,Ltd Head of Marketing ဖြစ်သူMs. Ana Punongbayan က မိသားစုတွေအနေနဲ့ နေ့စဥ်ထမင်းတွေထဲမှာဘာတွေထည့်သင့်တယ်ဆိုတာကို Campaign တစ်ခုလုပ်ပြီး ကျွန်မတို့ အသိပညာပေးလို့ရပါတယ်။ ဒါပေမယ့် ပြိုင်ပွဲ တစ်ခုကတော့ တကယ့်မီးဖိုချောင်မှာ ကိုယ့်ရဲ့ အသုံးစရိတ် နဲ့ ဘယ်လို အာဟာရပြည့်ဝတဲ့ နေ့လည်စာ ထမင်းဘူးပြုလုပ်နိုင်လဲဆိုတာ လက်တွေ့ပြသနိုင်စေပါတယ်။ မိသားစုတစ်စုကနေ တစ်စုကို ပြန်လည်မျှဝေပေးတဲ့ အတွေ့အကြုံတွေက ကျွန်မတို့ ပြောပြတာထက် ပိုပြီး ထိရောက်စွာ လက်ခံနိုင်စေပါတယ်” ဟု ပြောကြားခဲ့ပါသည်။
City Mart ၏ Operations Director ဖြစ်သူ ဒေါ်မေဇင်စိုးထက်က ““ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်ရွေးချယ်မှုတွေက= ရှုပ်ထွေးဖို့မလိုပါဘူး။ အများအားဖြင့် အခက်အခဲက ကိုယ်သိထားတာနဲ့ လက်တွေ့လုပ်ဆောင်တာကြားမှာ ရှိတတ်ပါတယ်။ ဒါကြောင့်ကျွန်မတို့အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကို ရွေးချယ်ရလွယ်ကူအောင် လုပ်ပေးထားပြီး ဒီကွာဟချက်လျှော့ချဖို့ ကြိုးစားနေပါတယ်။ ဒါကြောင့် ကျွန်မတို့ ဆိုင်တိုင်းမှာရှိတဲ့ Wellness Picks Counters တွေကတစ်ဆင့် မိသားစုတွေအနေနဲ့ ဒီနေ့ လေ့လာသိရှိသွားတဲ့ အရာတွေကို နောက်တစ်ကြိမ် ဈေးဝယ်တဲ့အခါ လက်တွေ့အသုံးချနိုင်အောင် ကူညီပေးမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
City Holdings Group ၏ Nutrition Consultant ဖြစ်သူ အစားအစာနဲ့အာဟာရပညာရှင် ဆရာမကြီး ဒေါက်တာ ခင်မာချိုက "အာဟာရမျှတတဲ့ Lunch Box တစ်ဘူးမှာ ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေ အမျိုးအစား စုံလင်ပြီး အချိုးအစားပါ မျှတစွာပါဝင်သည့်အပြင် ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ ပိုမိုပြည့်စုံဖို့အတွက် နို့နှင့် နို့ထွက်ပစ္စည်းများ၊ အစေ့အဆံ များလည်း ပါဝင်သင့်ပါတယ်။ အသုံးပြုထားတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးဟာ သန့်ရှင်းလတ်ဆတ်ဖို့၊ ဘေးကင်းဖို့အရေးကြီးပါတယ်" ဟု ပြောကြားခဲ့ပါသည်။
ယနေ့ကျင်းပသည့် Grand Final ပြိုင်ပွဲ တွင် အာဟာရဆိုင်ရာ အသိပညာမျှဝေခြင်းများအပြင် ပရိသတ်များ ပါဝင်နိုင်သည့် အမေးအဖြေအစီအစဉ်များကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပြီး နေ့စဉ်အစားအသောက်များအတွက် အကြံပေးချက်များ၊ ပါဝင်ပစ္စည်း ရွေးချယ်မှုများနှင့် ပတ်သက်သည့် အကြံပြုချက်များကို မျှဝေပေးသွားမည်ဖြစ်ပါသည်။
ယခု အာဟာရထမင်းဘူး ပြိုင်ပွဲ သည် ယခုလအစောပိုင်းတွင် အောင်မြင်စွာ ပြီးစီးခဲ့သည့် City Mart Supermarket နှစ်၃၀ ပြည့်အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် ၏ “Nutrition for the Kids" အစီအစဉ်နှင့် ဆက်စပ်ဆောင်ရွက်ထားခြင်းဖြစ်ပြီး အဆိုပါအစီအစဉ်မှတစ်ဆင့် ကျောင်း ၁၄ ကျောင်းရှိ ကလေးငယ် ၁၅,၀၀၀ ကျော်အတွက် အာဟာရဆိုင်ရာ စုစုပေါင်း ကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ အထောက်အပံ့များ ပေးအပ်နိုင်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်နှစ်ရပ်စလုံးသည် City Mart Supermarket ၏ နှစ် ၃ဝ ပြည့် အထိမ်းအမှတ်နှစ်အတွင်း မြန်မာနိုင်ငံရှိ မိသားစုများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်မှုပုံစံများကို ပိုမို လက်လှမ်းမီလွယ်ကူစေရန် ဆက်လက်ဖော်ဆောင်နေသည့် အစီအစဉ်များအနက် တစ်စိတ်တစ်ပိုင်းဖြစ်သည်။