Golden Leading Light Co.,Ltd

Golden Leading Light Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Golden Leading Light Co.,Ltd, Business service, Building 4, Room 25, Myopya Housing (South), 8 miles, 6th Ward, Mayangone Tsp, Yangon.

07/10/2024

Statement of Cash Flow

Statement of Cash Flow ဆိုသည်မှာ သတ်မှတ်ထားရှိသော အချိန်ကာလတစ်ခု အတွင်း လုပ်ငန်းအတွက်ငွေကြေးရရှိနိုင်သောအရင်းအမြစ်များနှင့် ၄င်းအရင်းအမြစ်များကို မည်ကဲ့သို့ ပြန်လည်သုံးစွဲထားသလဲဆိုသော အချက်ကိုဖေါ်ပြပေးမည့် financial report တစ်ခုဖြစ်သည်။ ၄င်းတွင် ငွေကြေးမဟုတ်သော အကြောင်းအရာများပါဝင်ခြင်း မရှိပေ။ Statement of Cash Flow သည်ငွေကြေးကိုအခြေခံ၍တင်ပြထားသော တင်ပြချက်တစ်ခုဖြစ်ပြီး ၄င်းတွင်ငွေကြေးလုပ် ဆောင်ချက် financial activities (၃)ခုပါဝင်သည်။ ၄င်းတို့မှာ operating activities, investing activities နှင့် financing activities တို့ဖြစ်သည်။ Statement of Cash Flow သည် Statement of Profit or Loss ကဲ့သို့ ပင်သတ်မှတ်ထားသောအချိန်ကာလတစ်ခုအတွင်းရှိ ကုမ္ပဏီ ၏စွမ်းဆောင်ရည် performance ကို မှတ်တမ်းတင်ပေးသည်။ သို့သော် Statement of Cash Flow တွင် ငွေကြေးမဟုတ်သည် စာရင်းအမျိုးအစားအားလုံးပါဝင်ပတ်သတ်ခြင်းမရှိပဲ အမှန်တကယ်လက်တွေ့ ရရှိလာသည့် ငွေကြေးတန်ဖိုးများကိုသာဖေါ်ပြပါရှိသည်။ Statement of Cash Flow သည် အရေးပါသော အောက်ဖေါ် ပြပါ မေးခွန်းများကို အဖြေထုတ်ပေးနိုင်ပါသည်။
(1)ဒီကာလအတွင်း ဒီငွေဘယ်နေရာက ရရှိလာခဲ့သလဲ။
(2) ဒီကာလအတွင်း ဒီငွေကြေးကို ဘာအတွက် အသုံးပြုခဲ့သလဲ။
(3) ဒီကာလအတွင်း အဘယ်အတွက်ကြောင့် ငွေလက်ကျန်အပြောင်းအလဲဖြစ်ရသလဲ။

Financial Statementsများကို ခွဲခြမ်းစိတ်ဖြာလေ့လာရာတွင် အမြတ်အစွန်းနှင့်ပတ်သတ်သော အချက်အလက်များနှင့်နှိုင်းယှဉ်လျင် cash flow information မှရရှိသော အချက်အလက်များသည် စာရင်းကစားရန် ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် ၄င်းသည် accrual နှင့် other accounting principles များအပေါ်တွင်အခြေခံထားခြင်းမျိုးမဟုတ်ပဲ အမှန်တကယ်ရရှိသောငွေကြေး အဝင်/အထွက်အပေါ်တွင်သာအခြေခံထားသောကြောင့်ဖြစ်သည်။
ရင်းနှီးမြှပ်နှံသူများ၊ အကြွေးရှင်များ၊ မန်နေဂျာများသည် ကုမ္ပဏီ၏ပေးရန်တာဝန်များကို ပေးဆပ်နိုင်စွမ်းအားနှင့်စီးပွါးရေးအခွင့်အလမ်းများကိုရယူနိုင်ရန်အတွက် လိုအပ်သောဆုံးဖြတ် ချက်များချမှတ်နိုင်ရန်အတွက် Cash flow information ကိုအသုံးပြုပါသည်။ Cash flow information သည် လုပ်ငန်း၏ငွေဖြစ်လွယ်မှု(liquidity)၊ အကြွေးဆပ်နိုင်စွမ်းအား(solvency)နှင့် ဘဏ္ဍာရေး လည်ပတ်မှုအခြေအနေပြောင်းလွယ်ပြင်လွယ်လုပ်နိုင်စွမ်းရှိခြင်း(financial flexibility)တွေကို လေ့လာသုံးသပ်နိုင်ရန်အတွက် အသုံးဝင်ပါသည်။ statement of cash flow သည် သုံးစွဲသူများအတွက် အောက်ဖေါ်ပြပါမေးခွန်းများကို အဖြေထုတ်ပေးနိုင်စွမ်းရှိပါသည်။

 စာရင်းကာလအစနှင့်အဆုံးတွင် ရှိသော cash and cash equivalents ခြားနားချက်သည် ဘာကြောင့်လဲ။
 ငွေချေးစာချုပ်သို့မဟုတ်အစုရှယ်ယာများ ထုတ်ရောင်းခြင်းကြောင့် ရရှိလာသော ငွေကြေးများကို ဘာလုပ်ထားသလဲ။
 လုပ်ငန်းသည် ၄င်း၏စက်ပစ္စည်းကိရိယာနှင့်အခြားလိုအပ်သော capital assets များကို မည်သို့ငွေရှာ၍ဝယ်ယူထားသလဲ။
 လုပ်ငန်း၏အရှုံးအမြတ်စာရင်းတွင် အသားတင်အရှုံးပေါ်နေသော်လည်း အဘယ် အတွက်ကြောင့် အမြတ်ဝေစုခွဲဝေပေးနိုင်သလဲ။
 လုပ်ငန်း၏ရုံးအဆောက်အဦးများအပေါင်ထားပြီးချေးယူထားသောငွေကြေးများကို ပြန်လည်ပေးဆပ်နိုင်စွမ်းရှိသလား/မရှိဘူးလား။

(ဆက်လက်ဖော်ပြသွားမည်ဖြစ်သောကြောင့် page ကို like and see first ပြုလုပ်ထားပေးကြပါရှင်)

01/10/2024

Financial Reporting တွင် ဖြစ်တတ်သည့် အမှား ၅ ချက်နှင့် ကာကွယ်နည်းများ

Introduction
ငွေကြေးအစီရင်ခံမှု မှန်ကန်ခြင်းသည် စီးပွားရေးလုပ်ငန်းများအတွက် အရေးကြီးသော အချက်ဖြစ်သည်။ သေးငယ်သော အမှားတစ်ခုပင်ဖြစ်စေကာမူငွေကြေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုများနှင့် အရေးယူမှုများအထိ ဖြစ်စေနိုင်ပြီး မိမိလုပ်ငန်း၏ ရပ်တည်မှုကို ထိခိုက်စေနိုင်ပါသည်။

Error 1
အချက်အလက်ထည့်သွင်းခြင်းမှားယွင်းမှု
• အချက်အလက်များ ထည့်သွင်းရာတွင် မှားယွင်းခြင်းသည် ကြီးမားသော ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
Preventive Measures
မိမိလုပ်ငန်း၏ စီမံခန့်ခွဲမှုတွင် သက်ဆိုင်ရာဝန်ထမ်းများအဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန် internal control proceduresများ ကျင့်သုံးခြင်းနှင့် စာရင်းရေးသွင်းရာတွင် manual အစား computerized system များ၊ Accounting software များ အသုံးပြုခြင်း

Error 2
Accounting Standards များနားလည်မှုမှားယွင်းခြင်း
• စီးပွားရေးလုပ်ငန်းအများစုသည် IFRS/GAAP စံချိန်များကို မှန်ကန်စွာ နားလည်ခြင်းမှာ ခက်ခဲနေတတ်သည်။
Preventive Measures
IFRS/GAAP စံချိန်များ အပေါ် ပညာပေးသင်တန်းများ သင်ကြားပေးခြင်း။

Error 3
Revenue Recognition ယူဆချက်မှားယွင်းခြင်း
• Revenue Recognition သတ်မှတ်ရာတွင် ယူဆချက်မှားယွင်းပြီး ဝင်ငွေများ ကိုမှတ်တမ်းတင်ရာတွင် ပို၍ဖော်ပြမိခြင်း၊ လျော့နည်း၍ဖော်ပြမိခြင်း
Preventive Measures
Revenue Recognition ကို မှန်ကန်စွာ မှတ်တမ်းတင်နိုင်ရန် မိမိ၏ ဝန်ထမ်း များကို လေ့ကျင့်သင်ယူထား‌ေစခြင်း။

Error 4
Policies များ ကျင့်သုံးရာတွင် consistent မဖြစ်ခြင်း
• Reporting period တစ်ခုနှင့်တစ်ခုအတွင်း အသုံးပြုသော policies နှင့် estimates များ consistentမဖြစ်ခြင်းသည် ဆုံးဖြတ်ချက်ချမှတ်ရာတွင် မှားယွင်းမှုများ ဖြစ်စေနိုင်သည်
• Preventive Measures
Accounting polices များကို consistent ဖြစ်စေခြင်းနှင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ပြင်ဆင်ပြောင်းလဲမှုများရှိလျှင် သေချာစွာမှတ်တမ်းတင်ခြင်း

Error 5
Supporting Documents များ လုံလောက်စွာ ထိန်းသိမ်းထားရှိမှု မရှိခြင်း
• ဘဏ္ဍာရေးလုပ်ငန်းတွင် လုပ်ငန်းရှင်များသည် Supporting Documents များ လုံလောက်စွာ ပြင်ဆင်ထားခြင်းမရှိခြင်းသည် audit report အပေါ်တွင် အကျိုးသက်ရောက်မှုဖြစ်စေသည်။
Preventive Measures
Supporting Documents များကို လုပ်ငန်းခွင်တွင် သေချာစွာ ပြင်ဆင်ထားရမည်။

Conclusion
Financial Reporting တွင် accuracy နှင့် consistency သည် အရေးကြီးသောအချက်ဖြစ်သည်။

အထက်ဖော်ပြပါအမှားများကို ရှောင်ရှားခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ အောင်မြင်မှုကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။

DICA မှတ်ပုံတင်ကြေး
26/09/2024

DICA မှတ်ပုံတင်ကြေး

20/08/2024
25/06/2023

ကျွန်တော်များ Golden Leading Light Company Limited တွင်တာဝန်ထမ်းဆောင်ရန် အလုပ်သင် စာရင်းကိုင်/စာရင်းစစ် ၂ဦး အလိုရှိသည်။

ဘွဲ့တစ်ခုခုရပြီး စာရင်းပညာနှင့်ပတ်သတ်သော အသိအမှတ်ပြု လက်မှတ် ရထားသူ ဖြစ်ရမည်။

စာရင်းပညာဖြင့်အသက်မွေးချင်တဲ့သူ
စိတ်ပါဝင်စားပြီးသင်ယူလိုစိတ်ရှိသူ
တာဝန်ယူစိတ်၊ တာဝန်ခံစိတ်ရှိသူ
ရိုးသားကြိုးစားသူ ဖြစ်ရမည်။

အဂ်လိပ်စာအနည်းငယ်ရရမည်။

အလုပ်ချိန်- Monday to Saturday 9 to 5

8 မိုင်တွင် အလုပ်ဆင်းရမည်။

လစာ- ညှိနှိုင်း

အစမ်းခန့် ၃လ

စိတ်ပါဝင်စားသူမည်သူမဆို အောက်ဖေါ်ပြပါ email မှတဆင့် CV ပေးပို့လျှောက်ထားနိုင်ပါသည်။
Email - [email protected]

08/10/2022

မေး။
နိုင်ငံခြားသားတစ်ယောက်မှကုမ္ပဏီတစ်ခုတွင်အစုရှယ်ယာUSD500000ထည့်ဝင်ခြင်းအတွက်ဝင်ငွေရလမ်းစိစစ်မှုခံယူရန်လို/မလို

ဖြေ။
အစုရှယ်ယာထည့်ဝင်ငွေသည်ဝင်ငွေရလမ်းစိစစ်မှုခံယူရပြီးဝင်ငွေရလမ်းမဖေါ်ပြနိုင်ပါကနှစ်စဉ်ပြဌာန်းသည့်အခွန်အကောက်ဥပဒေပါနှုန်းထားဖြင့်ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါသည်၊

သို့သော်ပြည်ထောင်စုအခွန်အကောက်ဥပဒေအရဝင်ငွေရလမ်းစိစစ်ခြင်းသည်နိုင်ငံသားမည်သူမဆိုအားစိစစ်ခြင်းသာဖြစ်ပြီးဥပဒေအရနိုင်ငံခြားသားအားစိစစ်ရန်မလိုအပ်ပါ၊

နိုင်ငံခြားသား၏ထည့်ဝင်ငွေသည်တရားဝင်လမ်းကြောင်းအရဗဟိုဘဏ်ခွင့်ပြုချက်ဖြင့်ဝင်ရောက်လာသောငွေဖြစ်ဖို့သာလိုအပ်ပါကြောင်းဖြေကြားအပ်ပါသည်။

Credit #အဖွဲ့ခေါင်းဆောင်CTPSU

အခွန်ကြေငြာလွှာတင်သွင်းရန် နှိုးဆော်ချက်
19/11/2020

အခွန်ကြေငြာလွှာတင်သွင်းရန် နှိုးဆော်ချက်

Assets and Liabilities
07/12/2019

Assets and Liabilities

Statement of Cash Flows
05/12/2019

Statement of Cash Flows

Address

Building 4, Room 25, Myopya Housing (South), 8 Miles, 6th Ward, Mayangone Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959955098998

Website

Alerts

Be the first to know and let us send you an email when Golden Leading Light Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Golden Leading Light Co.,Ltd:

Share