Aung Kabar Aircon Sale & Service

Aung Kabar Aircon Sale & Service Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Kabar Aircon Sale & Service, Business service, No. 5/65, Shwe Chi Quarter, Pyinmana, Naypyitaw. No. 9/A, Kyi PwarYae Quarter, Thingangyun, Yangon.

30/04/2024
အသစ်တပ်ဆင်ခြင်း အလုပ်လေးများလူကြီးမင်းတို့လိုအပ်ပါက 📲09-250095123,09-420686971. ပျဥ်းမနားမြို့
29/04/2024

အသစ်တပ်ဆင်ခြင်း အလုပ်လေးများ
လူကြီးမင်းတို့လိုအပ်ပါက 📲
09-250095123,09-420686971. ပျဥ်းမနားမြို့

Air con Installation Job လေးတွေTrunking သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေသေသပ်လှပအောင်စေတနာထားပြီးတပ်ဆင်ပေးပါတယ်ခင်ဗျာ။09-420...
06/04/2024

Air con Installation Job လေးတွေ
Trunking သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ
သေသပ်လှပအောင်စေတနာထားပြီးတပ်ဆင်ပေးပါတယ်ခင်ဗျာ။
09-420686971,09-250095123. ပျဥ်းမနားမြို့။

TCL 1hp New Installation အလုပ်ပေးသောအစ်ကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ🙏09-420686971,09-250095123 ပျဥ်းမနားမြို့။
24/03/2024

TCL 1hp New Installation အလုပ်ပေးသောအစ်ကို ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ🙏
09-420686971,09-250095123 ပျဥ်းမနားမြို့။

18/02/2024
11/02/2024

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း
=======================

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။

အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့််သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။

နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။

ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။

ဥပမာ အလျား=15ft အနံ=10ft

အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့

အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့

အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။

အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။

အခန်းအမျိုးအစား(၁)

လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။

အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။

ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)

ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

အခန်းအမျိုးအစား(၃)

အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၄)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၅)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၆)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်

နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်

အလျား။ 40 ft

အနံ။20 ft

အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့

အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်

အဲဒါဆိုရင်

115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။

1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)

1.5 Hp ၁၀ လုံးတပ်ရင်တပ်

3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။

စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။

အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..

အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။

1 Ton အိမ်သုံးအဲကွန်းအသေးဟာ

လျှပ်စစ် Power Input1119 Watts(1.119 Kw)

1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။

Cooling Capacity အနေနဲ့12000 Btu

3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။

အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ

တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့််လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

Unicode

အခန်းအကျယ်အပေါ်မူတည်ပြီး အဲကွန်းဘယ်နှစ်ကောင်တတ်ရမလဲ တွက်နည်း

အခန်းတခန်းကို အဲကွန်းစက်ဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်ဗျ။

အင်ဂျင်နီယာနည်းပညာအရ တွက်နည်းကအသေးစိတ်တွက်ရပေမယ့်သာမာန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်ဗျ။

နေ့တနေ့ရဲ့ပျမ်း မျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့နှစ်ထပ် သုံးထပ် လေးထပ်တိုက်တခုလုံးမှာရှိတဲ့သာမာန်နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။

ပထမဆုံးအခန်းရဲ့ထုထည်ကို ကိုကုဗပေနဲ့ရှာပါ။

ဥပမာ အလျား=15ft အနံ=10ft

အမြင့်=10 ft ရှိတဲ့ အုတ်နံရံကါ၊ပြူတင်းပေါက်ဧရိယာက 25 Sqft အောက်ရှိတဲ့၊လူ ၄ ယောက်အောက်နေတဲ့အခန်းဆိုပါတော့

အခန်းရဲ့..အလျားxအနံxအမြင့် မြှောက်ရင် ထုထည်ရမယ်..1510ftx10ft=1500 ft3 ဆိုပါတော့

အဲဒါကို….အောက်က ဖော်ပြထားတဲ့အခန်းအနေအထားပေါ်မူတည်လို့်ပေးထားတဲ့ ကိန်ဂဏန်းနဲ့မြှောက်ရင်အခန်းရဲ့ စွန့်ထုတ်ရမည့် စက်ရဲ့ BTU ကိုရပါတယ်။

အဲဒီ BTU စုစုပေါင်းကို..8000 နဲ့စားရင်မြင်းကောင်းရေ..ဘယ်နှစ်ကောင်ဆိုတာရပါတယ်။

အခန်းအမျိုးအစား(၁)

လူနည်းနည်းနေတဲ့၊အုတ်နံရံကာ၊မျက်နှာကြက်လုံံအခန်းဆိုတဲ့အတွက်6 နဲ့ထပ်မြှောက်ရပါမယ်။ဒီအခန်းအတွက်ဆိုရင်1500 ft3 x 6=9000 Btu8000 နဲ့ စာတော့ (1.1 Hp)ကျော်ကျော်ရပါတယ်။အရပ်ပြောပြောရရင် 1 Hp တကောင် စက်တပ်ရမယ်လို့ဆိုတာပါ။

အခန်းအမျိုးအစား(၂)လူတော့နည်းတယ် အထပ်သား၊သစ်သားကာထားတယ်၊မျက်နှါကြက်လုံတယ်ဆိုရင်..9 နဲ့ထပ်မြှောက်ရပါမယ်။

ဒီအခန်းအတွက်ဆိုရင် 1500 ft3x 9=13500 Btu8000 နဲ့စားရင်(1.5 Hpတကောင်ခွဲ ကျော်ကျော်ရပါတယ်)

ကျန်တဲ့အခန်းပုံစံတွေလည်း ဒီအတိုင်းနမူနာယူတွက်သွားနိုင်ပါတယ်။

အခန်းအမျိုးအစား(၃)

အုတ်နံရံကာအခန်း၊လူတော့နည်းတယ်၊မှန်တွေက အခန်းနံရံရဲ့ ဧရိယာရဲ့ သုံးပုံတပုံကျော်ကာထားတယ်၊မျက် နှာကြက်ကအပူလုံတယ်ဆိုရင်လည်း 9 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၄)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအသင့်အတင့်နဲ့အစည်းအဝေးခန်း၊အားကစားခန်းမဖြစ်နေတယ်၊မျက် နှာကြက်အပူလုံဆိုရင်လည်း ၉နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၅)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူအများနဲ့ အစည်းအဝေးခန်းဆိုရင် 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၆)

အုတ်နံရံကာထားတယ် ပြူတင်းနည်းတယ်၊ ဒါပေမယ့်လူနည်းတယ်၊မျက်နှာကြက်လုံတယ် ပြူတင်းပေါက်အများကြီးကျယ်တဲ့နံရံတွေရှိတဲ့အစည်းအဝေးခန်းဆိုရင်လည်း 12 နဲ့မြှောက်ရပါမယ်။

အခန်းအမျိုးအစား(၇)

အိပ်ခန်း၊ဧည့်ခန်းပဲ အုတ်နံရံကာ၊ပြူတင်းပေါက်နည်း၊ မျက်နှာကြက်လုံတဲ့ လူအတော်အသင့်များရင် 7.5 နဲ့မြှောက်ရပါမယ်

နောက်ထပ် ဥပမာတခုထပ်တွက်ပြရရင်အစည်းအဝေးခန်းတခုလူများတယ်ပြူတင်းပေါက်နည်းတယ်ပုံမှန်ပဲအုတ်နံရံကာ..မျက်နှာကြက်လုံတယ်

အလျား။ 40 ft

အနံ။20 ft

အမြင့်။12 ft ရှိတဲ့အခန်းဆိုပါတော့

အခန်းထုထည်=40x 20 x 12=9600 ft3သူကို့ အပေါ်ကဖော်ပြထားတဲ့အခန်အမျိုးအစားအရ12 နဲ့မြှောက်ရပါမယ်။အဲဒါဆိုရင်9600x 12 =115200 Btu ရပါမယ်

အဲဒါဆိုရင်

115200 ကို 8000 နဲ့ စားရင် 14.4 Hp ရပါမယ်။

1 Hp ၁၄ လုံးတပ်ရင်တပ်(တကောင် 14 လုံး)

1.5 Hp ၁၀ လုံးတပ်ရင်တပ်

3 Hp ၅ လုံးတပ်ရင်တပ် တခုခုကိုတပ်ပေးလို့ရပါပြီ။

စက်တွေကိုနေရာချရင်သာလူတိုင်းစီကို လေဖြန့်ဖြူးနိုင်တဲ့ နေရာနဲ့ချိန်ပြီးတပ်ရုံပါ။

အဓိကမှတ်ရမှာကတော့ပျဉ်ထောင်အိမ်၊ထရံကာမျက်နှာကျက်မရှိတဲ့မလုံတဲ့အဆောက်အဦးအဦးတွေအတွက်ကတော့..

အဲကွန်းတပ်ဖို့အဆင်မပြေသလို၊သင့်လည်းမသင့်တော်ပါဘူး။သာမာန်လူသက်သာယုံပဲရပါမယ်။သေချာတွက်လို့လည်းမရပါဘူးဗျ။

1 Ton အိမ်သုံးအဲကွန်းအသေးဟာ

လျှပ်စစ် Power Input1119 Watts(1.119 Kw)

1.5 Hp (1 HP=746 Watts)(တကောင်ခွဲ)နဲ့ညီပါတယ်။

Cooling Capacity အနေနဲ့12000 Btu

3500Watt(3.5 KW)3024 Kilo Calories(Kcal)နဲ့ညီပါတယ်။

အဲဒါတွေက..စက်ရဲ့ဘေးName plate မှာ ဘယ်လောက် Cooling capacity ရှိတယ်ဘယ်လောက် power input ရှိတယ်ရေးထားပါ

တယ်။Cooling capacity တူပြီးPower input နည်းတဲ့ တနည်းအားဖြင့်လျှပ်စစ်ဝပ် နည်းတဲ့စက်ကိုရွေးချယ်တပ်ဆင်သင့်ပါတယ်။

Credit:ကိုနန္ဒမိုး

31/01/2024

ုပ်ငန်းခွင်ဝင်စညီလေးတို့အတွက်

#3-Phase phase(400 Volts)သုံး
Split type aircon ရဲ့
Indoor နဲ့ Outdoor ဝါယာဆက်သွယ်ခြင်းနှင့်
လျှပ်စစ်ဆားကစ်ရဲ့ အလုပ်လုပ်ပုံအကြောင်း
(Wiring Diagram)အကြောင်းတစေ့တစောင်း

#ပုံမှန်အိမ်သုံး Split type aircon တွေဟာလျပ်စစ်အနေဖြင့် Single phase(220 Volts) နဲ့
Three phase(380 to 415 Volts)သုံးဆိုပြီး
သိကြတဲ့အတိုင်းနှစ်မျိုးရှိပါတယ်။
အိမ်သုံး ၃-ကောင်(3-Hp)နဲ့အထက် ကြီးတဲ့ စက်တွေမှာ 3 phase power supply ကိုသုံးလေ့ရှိပါတယ်။အခု အဲဒီအကြောင်းလေးကို သိသလောက်မျှဝေချင်ပါတယ်။

အိမ်သုံး Split 3-Phase type aircon တွေမှာ
Ceiling Cassette , Floor Ceiling, Ceiling Ducted, Floor standing စသည်ဖြင့်အမျိုးအစားအများကြီးရှိပါတယ်။ဒါတွေက..တပ်ဆင်တဲ့
နေရာနဲ့ Design. ပေါ်လိုက်လို့ ခေါ်ဝေါ်ကြတာပါ။
ဘယ်အမျိုးအစားမှာပဲဖြစ်ဖြစ်

အဓိကပါဝင်အလုပ်မည့် ပစ္စည်းတွေကတော့

မှာဆိုရင်

၁။လျှပ်စစ်ဆားကစ် (Electronic circuit board)
တခုပါပါလိမ့်မယ် အဲဒီထဲမှာ
sensor (ရီမုတ် အာရုံခံ)
air sensor(အပြန်လေအပူချိန်အာရုံခံ)
or pipe sensor (ပိုက်ထဲက ဂက်စ်အပူချိန် အာရုံခံ)
signal relay (Outdoor ပါဝါပို့
ဖြတ်တောက် ပစ္စည်း)(1)ခု
fan motor speed control relay
(3)ခု
ပုံမှန်အနေနဲ့ပါလေ့ရှိပါတယ်။
ဆားကစ်အပြင် ဆားကစ်ကို မောင်းနှင်ဖို့ လျှပ်စစ်ကို
အဝင် 220 Volts မှ အထွက် 12 Volts ကို
ပြောင်းပေးတဲ့ မိန်းထုပ်လို့ခေါ်တဲ့Transformer
တခုပူးတွဲပါပါလိမ့်မယ်။

၂။Vane motor(လေကြောင်းဘေးတိုက်ပြောင်း
မော်တာ)

၃။Louvre motor(လေကြောင်းအထက်အောက်ပြောင်း မော်တာ)

၄ motor (သို့) Indoor fan motor

စသည်ဖြင့် အဓိကပစ္စည်း လေးမျိုးဟာ

Indoor unit ထဲမှာရှိပါလိမ့်မယ်။

အဲဒီပစ္စည်းတွေရဲ့အလုပ်လုပ်ပုံကို အကြမ်းဖျင်းပြောရရင်
air sensor ကတော့ Indoor fan
လည်တဲ့အခါ အခန်းထဲက လေကိုစုပ်ယူတဲ့အချိန်
အဲဒီပြန်လာတဲ့ လေရဲ့အပူချိန်ကို ထောက်လှမ်းပြီး
ဆားကစ်ထဲက Processor ကို လှမ်းပို့ပါတယ်။
အဲကွန်းသုံးသူက ရီမုတ်ကိုနှိပ်ပြီး အခန်းအပူချိန်
ဥပမာအားဖြင့် 25'C ရောက်ရင်တော်ပြီဆိုပြီးနှိပ်ထားရင် Proccessor ကအဲဒီရီမုတ်နှိပ်ပြီးချိန်ထားတဲ့ အပူချိန်ကိုမှတ်ထားပါတယ်။ အခန်းအပူချိန်က စက်မောင်းလို့ တဖြည်းဖြည်းကျလာတဲ့အခါ 25'C ရောက်ပြီဆိုရင် အဲဒီအခန်းထဲကလေ ထုအပူချိန်ဟာလည်း 25'C အတူတူပဲဆိုတော့ အဲဒီလေက Indoor fan စုပ်အားကြောင့် Return air အနေနဲ့ Sensor ကိုဖြတ်တဲ့အခါ သတ်မှတ်ထားတဲ့ အပူချိန်ရောက်ပြီဖြစ်တဲ့အတွက် Proccessor က Outdoor signal relay ကိုလျှပ်စစ်ဖြတ်တောက်လိုက်တဲ့အတွက်
Outdoor ကိုပါဝါမရောက်တော့ပဲ Compressor နဲ့ outdoor fan motor ရပ်သွားအောင်သွယ်ဝိုက်ပြီးလုပ်ပေးပါတယ်။

Coil or pipe sensor ရဲ့အလုပ်ကလည်း Return air sensor နဲ့ ဆင်ပါတယ်။
Indoor ထဲကို ဖြတ်သွားတဲ့ ဂက်စ်ရဲ့အပူချိန်ဟာ
Indoor fan မလည်ခြင်းကြောင့်ဖြစ်စေ၊
ဂက်စ်နည်းလို့ဖြစ်စေ၊ကွိုင်ပိတ်လို့ဖြစ်စေ ၊outdoor
လိုအပ်တာထက် နိမ့်နေပြီဆိုရင် ဆားကစ်ထဲကProcessor ကိုသတင်းပို့ပြီး Proccessor ကတဆင့် Outdoor unit ကိုသွားတဲ့ လျှပ်စစ်ကို
Outdoor signal relay ကတဆင့်ဖြတ်တောက်ပြီး
ရပ်တန့်ပေးပါတယ်။

Vane motor ရဲ့အလုပ်ကတော့ အဲကွန်းတပ်ထားတဲ့အခန်းရဲ့အနေအထားကြောင့် အေးမြတဲ့ လေရဲ့
စီးကြောင်းကို ကိုယ်ကြိုက်တဲ့နေရာကို သွားနိုင်စေဖို့
ဘယ်ညာစောင်းပြီးအလုပ်လုပ်ပေးပါတယ်။
သူကို 12 Volts အောက် DC လျှပ်စစ် ဖြင့်အလုပ်စေလေ့ရှိပါတယ်။

Louvre motor ရဲ့ အလုပ်ကတော့Vane motor နဲ့အတူတူပါပဲ။ကွာတာက ဘေးတိုက်နဲ့အပေါ်အောက် အလုပ်လုပ်ပုံ ရည်ရွယ်ချက်ကွဲတာပဲရှိပါတယ်။
သူကလေစီးကြောင်းကိုအပေါ်အောက်လိုချင်တဲ့ပုံစံ
ချိန်ပေးတဲ့ဟာပါ။

Outdoor signal relay ကတော့ လျှပ်စစ် 5 Amps to 15 Amps ထိခံနိုင်ရည်ရှိတဲ့ Relay တွေဖြစ်လေ့ရှိပါတယ်။ DC နဲ့ AC နှစ်မျိုးသုံး Relay တွေ
ဖြစ်နိုင်ပါတယ်။စက်ရဲ့ HP လိုက်လို့ Realy ရဲ့
အမ်ပီယာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။

သူ့ရဲ့အလုပ်ကတော့ ဆားကစ်ထဲက
Processor ရဲ့ ထိန်းချုပ်မှုနဲ့
Outdoor unit ကို လျှပ်စစ်
ပို့ပေးဖို့နဲ့ ဖြတ်တောက်ပေးဖို့ကို ခလုပ်တခုလို
လိုအပ်သလိုလုပ်ပေးတာပါ။

Indoor fan speed control relay ကတော့
၃-လုံးထိ ပါလေ့ရှိပါတယ်။
High speed (အမြန်)၊
Medium speed(အလယ်) နဲ့ Low speec(အနှေး) (HML)အတွက်ဆိုပြီး
တော့ပါ။တချို့စက်တွေမှာတော့ဆားကစ်ထဲမှာ
Triac လိုအီလောထရစ်နစ်ပစ္စည်းတွေသုံးပြီး
Relay မသုံးပဲ Indoor fan ရဲ့ လည်နှုန်းကို
ထိန်းချုပိတဲ့ စနစ်တွေလည်းရှိတတ်ပါတယ်။

#အရေးကြီးတာကတော့ Indoor ဆေးတဲ့အခါ
Fan motor /Flower motor ကို ပြောင်းပြန်မလည်စေဖို့ဂရုစိုက်ပြီး ဆေးရပါမယ်။
တချို့စနစ်တွေမှာ လည်တဲ့ ဦးတည်ရာမှားရင်
ဖြတ်တောက်ပေးတဲ့ ကာကွယ်ရေးပစ္စည်းတွေတတ်ထားတတ်ပါတယ်။

Relay သုံးပြီး လည်နှုန်းထိန်းတဲ့ ဆားကစ်တွေမှာဆိုရင်တော့
အဲဒီ Relayသုံးလုံးရဲ့အလုပ်ကတော့ သုံးစွဲသူက
ရီမုတ်ကတဆင့် ရီမုတ်ဆင်ဆာကို ချိန်ပြီး
ကိုယ်လိုချင်တဲ့ အနှေးအမြန် ချိန်တဲ့အခါ
Proccessor ကတဆင့် သက်ဆိုင်ရာ relay ကအလုပ်လုပ်ပြီး Indoor fan motor ကို အလုပ်လုပ်စေဖြင်းပါ။

Indoor unit ထဲမှာပါတဲ့ လျှပ်စစ်ပစ္စည်းတွေရဲ့
အလုပ်ကတော့ အများအားဖြင့် ဒီလိုပုံစံအတူတူပါပဲ။ တချို့ Ceiling Cassette type တွေမှာ
Drain pump motor တခုပိုတာကလွဲလို့
မထူးခွားပါဘူး။

တချို့ Indoor unit ဆားကစ်တွေမှာ ဆားကစ်အတွက်လျှပ်စစ်ပေးဖို့ မိန်းထုပ်လို့ခေါ်တဲ့ Step down
Transformer မပါပဲ.. ဆားကစ်ထဲမှာပဲ
220 Volts AC လျှပ်စစ်ကို DC အဖြစ်တိုက်ရိုက်အသွင်ပြောင်းလုပ်ထားတာမျိုးလည်းရှိတတ်ပါတယ်။
နောက်တခုကတော့ Indoor ဆားကစ်တွေမှာ
Indoor fan motor အတွက်သုံးတဲ့
Capacitor ကို ဆားကစ်ပေါ်မှာတခါတည်း (Built in)ထည့်သွင်းတပ်ဆင်ထားတတ်ပါတယ်။နေရာကျုံ့စေဖို့ပါ။

Indoor fan motor ရဲ့အလုပ်ကတော့ အခန်းထဲကလေကို တဖက်ကစုပ်ယူ Indoor coil ကို
ဖြတ်စေပြီး အခန်းထဲပြန်ပို့လွှတ်ပေးတာပါပဲ။

Indoor fan motor ရဲ့ဖွဲ့စည်းပုံကတော့
သူ့အထဲမှာ
Coil
Coil
# Speed regulator Coil (2 coil)

ဆိုပြီးသုံးမျိုး ပါပါတယ်။
Starting နဲ့ Running Coil ရဲ့ အဆုံးတစ်ဖက်ကိုပေါင်းပြီး Common ဘုံစအဖြစ်ပေါင်းလိုက်တဲ့အတွက် မော်တာရဲ့ Starting Coil နဲ့ Running Coil
နှစ်ခုကနေ ကြိုးလုံးအကြီးနဲ့အစသုံးစထွက်လာတာတွေ့ရပါမယ်။
Common အစကို Indoor unit လျှပ်စစ်ပလပ်ကြိုးရဲ့ Neutral အစကို ဆားကစ်ပေါ်မှာ
တိုက်ရိုက်ဆက်ပေးရပြီး Line ကြိုးကို Running coil ကိုတိုက်ရိုက်နဲ့ Running ကနေ ကူးထားတဲ့
Line wire ကို Capacitor ကိုဖြတ်ပြီး Starting
Coil အစကြိုးကို ဆက်ပေးထားတာတွေ့ရပါလိမ့်မယ်။Speed regulator coil နှစ်ခုကို တခုရဲ့အစနဲ့တခုရဲ့အဆုံးSeries တန်းဆက်
ဆက်ထားပြီး အစသုံးစအဖြစ် ပိုပြီးသေးတဲ့ဝါယာ
ကြိုးနဲ့ထွက်လာတာတွေ့ရပါမယ်။
အဲဒီထဲမှာ အုမ်း Ohms အများဆုံးက
Low speed ဖြစ်ပြီး၊အနည်းဆုံးက High speed နဲ့
အလယ်က Medium speed ဆိုပြီးတွေ့ရပါလ်ိမ့မယ်။အဲဒီအစတခုခြင်းဆီကို ဆားကစ်က
L,M,H ဆိုတဲ့ ငုတ်
အသီးသီးဆိုင်ရာဆိုင်ရာတပ်ထားတာ
တွေ့ရပါလိမ့်မယ်။

အဲဒါကြောင့် Indoor Unit ထဲကို ပလပ်ပေါက်ကနေ
လျှပ်စစ်ကြိုး သုံးကြိုးဝင်ထားတာတွေ့နိုင်ပါတယ်။
Line ၊ Neutral နဲ့ Earth ကြိုးတွေပါ။
Indoor unit ကနေ outdoor unit ကိုလည်း
သုံးကြိုးထွက်ထားတာတွေ့ရပါလိမ့်မယ်။
Signal(2) ၊ Neutral (N) နဲ့ Earth ကြိုးဆိုပြီးရှိပါလိမ့်မယ်။Signal ကြိုးကို နံပါတ် (2)အဖြစ်ထုတ်လုပ်သူအများစုက သတ်မှတ်ပြီး ဝါယာသွယ်တန်းခုံ
Wire terminal မှာသင်္ကေတ ပြုထားလေ့ရှိပါတယ်။

အဲဒီထဲကမှNeutral ကြိုးကတော့ outdoor unit
ကိုတိုက်ရိုက် ပြန်ထွက်ထားပြီး
Signal(2) ကြိုးကတော့ Indoor ဆားကစ်ရဲ့ Outdoor signal relay ကတဆင့် Outdoor
Signal wire (No-2)အဖြစ်ပြန်ထွက်လေ့ရှိပါတယ်။
ဒါကတော့ Indoor မှာရှိတဲ့ လျှပ်စစ်သွယ်တန်းမှုပါ။

Indoor ရဲ့ အဝင်လျှပ်စစ်ကိုတော့..
3Phase စက်တွေမှာ Outdoor ကနေတိုက်ရိုက်ယူထားတတ်ပြီး Signal,ကြိုး သိုမဟုတ်
Outdoor ကို ထိမ်းချပ်မည့်ကြိုးကိုသာ
Indoor ကနေ Outdoor ဆီကို ပြန်ပို့ထားတတ်ပါတယ်။

Outdoor unit မှာတော့ သူ့အတွက်.EPC ကလာတဲ့ 3 Phaseသုံးကြိုး Neutral တစ်ကြိုးအပါ
အဝင် လေးကြိုးနဲ့
Indoor ကဝင်လာတဲ့
Signalဝါယာ ၂-ကြိုး အဝင်မှာတွေရလေ့ရှိပါတယ်။
Earth ကြိုးတပ်ထားရင်တော့ စုစုပေါင်း
၇-ကြိုးတွေ့ရတတ်ပါတယ်။

ဆင်ဆာတွေက
Indoor ကနေယူပြီးထောက်လှမ်းဖို့သုံးထားတယ်ဆိုင်တော့ ဆင်ဆာတွေအတွက် တခုကို နှစ်ချောင်းစီရှိပါလိမ့်မယ်။

အဓိကလျှပ်စစ်ပစ္စည်းအနေနဲ့


overload(လျှပ်စီးဝန်ပိုဖြတ်ပစ္စည်း)
reverse protector
pressure cutout
pressure cutout
pressure pipe sensor
pressure pipe Sensor
Contactor
Heater
fan motor
fan motor ရဲ့Running capacitor
တို့ပါဝငိလေ့ရှိပါတယ်။

ကတော့..
3 Phase ဖြစ်လို့
စသည်ကို 380 ကနေ 450 Volts.
အနေ စက်စွမ်းရည်လိုက်လို့ရေးထားသုံးထားတာတွေ့ရပါမယ်။
Compressor အတွင်းမှာ Winding coil
တွေကို Delta connection,အနေနဲ့ အသေဆက်ထားလေ့ရှိပါတယ်။
မောင်းနှင်လည်ပတ်ဖို့အတွက်တော့ ငုတ်သုံးငုတ်
L1,L2,L3 ဆိုပြီးတွေ့ရပါ
လိမ့်မယ်။
အဲဒီ သုံးချောင်းဟာ
contactor
လို့ခေါ်တဲ့ 3 Phase Starter ပစ္စည်းရဲ့ အောက်ဖက်အထွက်မှာဆက်ထားတာတွေ့ရပါလိမ့်မယ်


contactor ရဲ့ အပေါ်အဝင်မှာတော့ EPC ကလာတဲ့
L1,L2,L3 ကိုဝင်ထားတွေ့ရပါလိမ့်မယ်။

အဲဒီ EPC ကဝင်တဲ့ အဝင်သုံးလိုင်းဟာ
reverse protector လို့ခေါ်တဲ့
Compressore ကိုသွားတဲ့ လိုင်ကြိုး(Phaseကြိုး)
တွေ L1,L2,L3 ကြားပြောင်းပြန်မှားတပ်ရင်
Magnetic contactor ကနေ Compressor ဆီသွားတဲ့ လျှပ်စစ်ကို သွယ်ဝိုက်ဖြတ်တောက်ပေးဖို့ပါ။

ဘာဖြစ်လို့ Line ကြိုးတွေနေရာမှားရင်ဖြတ်ရသလဲဆိုရင် အဲကွန်းကွန်ပရက်ဆာ တွေဟာ
ပြောင်းပြန်လည်လို့မရပါဘူး။
ပြောင်းပြန်လည်ရင် Compressor ထဲမှာ
L**e oil လို့ခေါ်တဲ့ ကွန်ပရက်ဆာဆီတွေဟာ
လည်ပတ်တဲ့ အစိတ်အပိုင်းတွေဆီမရောက်တော့ပဲ
ကွန်ပရက်ဆာရဲ့အစိတ်အပိုင်းတွေပျက်စီးသွားနိုင်တဲ့အပြင် ကွန်ပရက်ဆာရဲ့ တခြားသော
လုပ်ဆောင်ချက်တွေလည်း ချွတ်ယွင်းသွားနိုင်လို့ပါ။
အဲဒါကြောင့် Phase sequence လို့ခေါ်တဲ့
EPC Line လျှပ်စစ်ကြိုးတွေ L1,L2,L3အဝင်
မှားနေရင် ကွန်ပရက်ဆာဆီပို့မည့် လျှပ်စစ်ကို
Magnetic contactor ကဖြတ်တောက်ပေးအောင်
Magnetic contactor ရဲ Coil ကို ပို့ထားတဲ့ Control ကြိုးတစကို Phase reverse protector
ကနေတဆင့် ခလုပ်တခုလိုထိန်းချုပ်ထားတာတွေရပါမယ်။

overload protector လို့ခေါ်တဲ့လျှပ်စီးဝန်ပိုပစ္စည်းရဲ့အလုပ်ကတော့
Compressor ဟာလျှပ်စီးပိုသုံးရတဲ့အခြေအနေတွေဖြစ်တဲ့
#ဂက်စ်များနေခြင်း၊
#အဝင်ဗို့အားမမှန်ခြင်း
#၊ကွန်ပရက်ဆာထဲက စက်ပစ္စည်းတွေအလုပ်လုပ်ရာမှာ ချွတ်ယွင်းနေခြင်း၊
ဆီနည်းခြင်း-
#အထဲက Winding coil တခုခု ချွတ်ယွင်းနေခြင်း

စတာတွေကြောင့် Compressor ကသတ်မှတ်ထားတဲ့ Ampere (လျှပ်စီး)ထက်အချိန်အတိုင်းအတာတခုထိပိုတဲ့အခါ Compressor ကို လျှပ်စစ်မရောက်အောင် Compressor ရဲ့ Magnetic contactor
ရဲ့ ကွိုင်ကို ခလုပ်တခုလို ကြားထဲကနေ
ဖြတ်တောက် ကာကွယ်ပေးပါတယ်။
သူ့မှာ အပူစန့်နှုန်းမတူတဲ့ သတ္ထုပြားနှစ်ခုပါဝင်ပြီး
သတ်မှတ်လျှပ်စီးထက်ပိုတဲ့အခါ သံပြားတခုဟာကော့ပြီး လျှပ်စစ်ဓာတ်ကို Compressor ဆီမရောက်အောင် ခလုပ်သဖွယ်ဖြတ်တောက်ပေးပေးပါတယ်။ ဖြတ်တောက်လို့့အချိန်အတိုင်အတာတခုရောက်တဲ့အခါပြန်ကပ်ပြီး Compressor ကိုပြန်လည်စေပါတယ်။Overload ကခဏခဏဖြတ်တောက်နေပြီဆိုရင်တော့ Compressor ကိုစစ်ဆေးပြီးပြုပြင်ရပါမယ်။

Pressure Cut-Out (L.P cutout)နဲ့
pressure cutout(H.P cutout)တွေဘာကြောင့်တပ်ဆင်ရလဲဆိုတဲ့ရည်ရွယ်ချက်
တွေရှိပါတယ်။အဲဒါတွေကတော့

(၁)အဲကွန်းနဲ့အအေးခန်းစနစ်တွေရဲ့ အသည်းနှလုံး
(The heart of plant)ဖြစ်တဲ့ ကွန်ပရက်ဆာ (Compressor)ကိုမပျက်စီးစေဖိူ့ အကာအကွယ်ပစ္စည်း (Protective Device)
အဖြစ် ထည့်သွင်းတပ်ဆင်ထားတာဖြစ်ပါတယ်။

(၂)Low pressire cutout က ကွန်ပရက်ဆာ အဝင် ဂက်စ်(
Low pressure vapour)ဟာဖြစ်သင့်ထက်
နည်းနေရင် စနစ်တခုလုံးဟာ အလုပ်လုပ်နေသော်လည်း အခန်းထဲကအပူကိုမထုတ်နိုင်ပဲ လျှပ်စစ်ဓာတ်အား သို့မဟုတ် စက်သုံးဆီ အလကားကုန်ပြီး ဖြုန်းတီးနေသလိုဖြစ်သွားခြင်းကိုကာကွယ်ဖို့ပါ။
နောက်တစ်ချက်က စနစ်ထဲက ဂက်စ်ဟာ အလုပ်လုပ်နေတဲ့
ကွန်ပရက်ဆာကို အအေးပေးပါတယ်။စနစ်ထဲမှာဂက်စ် လုံးဝမရှိတဲ့အနေအထားထိ အကယ်၍ ရောက်သွားရင် အအေးပေးနိုင်တဲ့ ဂက်စ်မရှိတော့လို့ ကွန်ပရက်ဆာရဲ့အစိတ်အပိုင်းတွေဟာ အပူလွန်ကဲပြီး ပျက်စီးသွားနိုင်ပါတယ်။

အဲဒါကိုကာကွယ်ဖို့
L.P cutout ကိုတပ်ဆင်ထားခြင်းဖြင့် စနစ်ထဲရှိတဲ့မှာဂက်စ်ပမာဏ ဟာရှိသင့်ထက်နည်းနေပြီ
Cut out pressure ရောက်ပြီဆိုရင် ကွန်ပရက်ဆာကို
ဆက်မလည်တော့အောင် L.P cutout ကဖြတ်တောက်ထားဖို့ပါ။

(၃)H.P cutout တပ်ဆင်ထားခြင်းကလည်း
အပေါ်က
L.P cutout တပ်ဆင်ထားရတဲ့ရည်ရွယ်ချက်တွေနဲ့
တူပါတယ်။

ပိုတာက အဲကွန်းနဲ့အအေးခန်းစနစ်တွေရဲ့ ကွန်ဒင်ဆာအပူထုတ်ပိုင်း(Condensor)ဟာ
လေနဲ့အပူထုတ်အေးတဲ့စနစ်(Air cooled condensor) ဖြစ်ခဲ့မယ်ဆိုရင် စနစ်ထဲက အပူထုတ်ပန်ကာ
(Condensor Fan)ပျက်စီးချွတ်ယွင်းသွားတာ သို့မဟုတ် ရေနဲ့အပူထုတ်စနစ် (Water cooled condensor) တွေမှာ ရေပန့်တွေပျက်လို့
ကွန်ဒင်ဆာအတွင်း ချေးပိတ်နေလို့ အပူမထုတ်နိုင်ရင် ကွန်ပရက်ဆာအပူချိန်တက်လာပေမဲ့ စနစ်ကကောင်းကောင်းအလုပ်မလုပ်တော့ပဲ့ဒီအတိုင်းဆက်မောင်းနေရင်း ကြာလါရင် ကွန်ပရက်ဆာလည်းပျက် မီတာခလည်းကုန် အန္တရာယ်လည်းများ ဖြစ်မှာကို ကာကွယ်ပေးဖို့ပါ။

H.P cutout က ကွန်ပရက်ဆာအထွက် Discharge line မှာတပ်ထားပြီး သတ်မှတ် ဖိအား( Cut out
Pressure)ထက် ကျော်ရင် ကွန်ပရက်ဆာကို ပိတ် cutout လုပ်ပစ်ဖို့
အလုပ်လုပ်ပေးပါတယ်။

H.P နဲ့ L.P cutout တွေဟာ မီးခလုပ်လိုပါပဲ။

သူတိူ့ကို စနစ်ထဲက Suction နဲ့ Discharge Pressure တွေ နဲ့ချိန်ထားပြီး
LP cut out အတွက်ဆိုရင် စက်လည်ချိန်မှာရှိရမည့်
ဂက်စ် pressure အောက် သတ်မှတ်ထားတဲ့
Pressureထိဂက်လျော့သွားလို့ အနည်းဆုံးအခြေအနေ ရောက်ချိန်မှာCompressor ကိုရပ်ဖို့ ချိန်ထားပါတယ်။

HP cut out အတွက် စက်လည်ချိန်မှာရှိရမည့်
ဂက်စ် pressure အထက်အများဆုံးသတ်မှတ်ခွင့်ပြုထားတဲ့
Pressure ထက်ပိုချိန်မှာCompressor ကိုရပ်ဖို့ ချိန်ထားပါတယ်။

ဂက်စ်ရဲ့တွန်းအားနဲ့
ခလုပ်ကို ဖိထားပါတယ်။

LP cut out မှာဂက်စ်ဖိအားက ပုံမှန်ဆိုရင်
ခလုပ်ကို ထိထားပေးပြီး
ဖြတ်တောက်ဖို့သတ်မှတ်
ထားတဲ့ Suction pressure ရေါက်ရင် L.P cutout က Compresor ကိုပေးထားတဲ့လျှပ်စစ်ကိုသွယ်ဝိုက်ဖြတ်တောက်ပေးပါတယ်။

HP cut out မှာဂက်စ်ဖိအားက ပုံမှန်ဆိုရင်
ခလုပ်ကို ထိထားပေးပြီး
ဖြတ်တောက်ဖို့သတ်မှတ်
ထားတဲ့ Discharge pressure ထိမြင့်သွါးပြီဆိုရင် H.P cutout က Compressor ကိုပေးထားတဲ့လျှပ်စစ်ကိုသွယ်ဝိုက်ဖြတ်တောက်ပြီး
Compressor ကိုရပ်ပေးပါတယ်။

H.P cutout နဲ့ LP cut out ထဲမှာ
ကွန်ပရက်ဆာကို
တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်မောင်းပေးတဲ့
ခလုပ်က ထိနေတာ လွတ်ပြီး ကွန်ပရက်ဆာကို မောင်းပေးတဲ့ လျှပ်စစ်ကို တိုက်ရိုက် သို့ သွယ်ဝိုက်ပြီးဖြတ်တောက်ပေးပါတယ်။

အဲဒါကြောင့်L.P cutout သို့ H.P cutout
ကကွန်ပရက်ဆာကိုရပ်ထားချိန်မှာ
အဲကွန်းမောင်းရင်
Compressor နဲ့ Condensor unit က လျှပ်စစ်ပစ္စည်းတွေ အလုပ်မလုပ်ပါဘူး။

ပုံမှန်အားဖြင့် LP cutout နဲ့ HP cutout ဟာ
Compresor ကို မောင်းနှင်ပေးတဲ့Magnetic Contactor ကွိုင်ကို ထိန်းချုပ်ထားတဲ့ Control
Wire connection နဲ့ တန်းဆက်ဆက်ထားလေ့ရှိပါတယ်။

အဲဒီကြောင့်
ဂက်စ်နည်းနေရင် ၊ များနေရင်
Magnetic Contactor ကွိုင်ကိုသွားတဲ့ လျှပ်စစ်ကိုဖြတ်တောက်ပေးထားလိူ့ ဂက်စ် ဖြည့်ချင်ရင် ဒါမှမဟုတ် ဂက်စ် သိမ်း (Pumpdown ) လုပ်ချင်ရင်
အဲဒီHP cutout ရဲ့ အဝင် ဝါယာကြိုးနဲ့
LP cut-out အထွက်ကို ပူးပေးရပါမယ်။

အဲဒါကို Cutout bypass လုပ်တယ်လို့ခေါ်ပါတယ်။
ပုံလေးတွေကိုအောက်မှာပြပေးလိုက်ပါတယ်။
Internet မှာလည်းရှာကြည့်နိုင်ပါတယ်။

Pressure cut out တွေဟာ ဂက်စ် presure
မပြည့် လို...ကျော်လို့ ဖြတ်ပြီးတာအခါ
သတ်မှတ်ထါးတဲ့ဂက်စ်ဖိအါးပြန်ပြည့်ရင် သို့မဟုတ်
ပြန်ရောက်ရင် ခလုပ်ကို ပြန်ထိပြီးအလုပ်လုပ်ပြန်ပါတယ်။အဲဒီအချိန်မှာရှိနေတဲ့ ဖိအားကို
Cut-in pressure လို့ခေါ်ပါတယ်။

အဓိကမှတ်ရမှာကတော့..
Indoor ကလာတဲ့ Signal ကြိုးကို
Phase Protector

.P, L.P cutoutတွေနဲ့ Serie ဆက်ထားပြီး
Magnetic contactor ကိုထိန်းချုပ်ထားပါတယ်ဆိုတာပါ။

or Coil ဆင်ဆာတွေကတော့
ကွန်ပရက်ဆာအဝင် Suction လိုင်းနဲ့
ကွန်ပရက်ဆာအထွက် Discharge လိုင်းတွေမှာ Clip နဲ့ ဖမ်းထားတာတွေ့ရမှာပါ။

heater ရဲ့အလုပ်ကတော့.Compressor
အောက်ခြေကို အပူပေးတဲ့ ကွိုင်ပါ။
ကွန်ပရက်ဆာ အောက်ခြေမှာ ဂက်စ်အရည်တွေ အနည်ထိုင်နေချိန် ကွန်ပရက်ဆာ စ လည်ရင်
ကွန်ပရက်ဆာရဲ့ ဘားတွေ လည်ပတ်နေတဲ့
အစိတ်အပိုင်းတွေ ကျိုးပဲ့ ပျက်စီနိုင်လို့
ကွန်ပရက်ဆာမမောင်းခင်
သူ့ကို အရင်အပူပေးထားလေ့ရှိပြီး
ကွန်ပရက်ဆာမောင်းရင်တော့
သူ့ရဲ့ ပါဝါကို Magnetic ကွိုင်ရဲ့
ထိခလုပ် (Contact point)
တခုက ဖြတ်ပေးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက်လျှပ်စစ်ကို
EPC အဝင် L1, L2,L3 တခုခု ကနေ ကူးယူထားပြီး
Magnetic contactor ရဲ့ အကူထိပွိုင့်(Auxiliary
Contact) ကနေ ဖြတ်ယူထားလို့ပါ။
အဲဒီပွိုင့်က Magnetic ကွိုင်အလုပ်လုပ်မလုပ်ရင်
ထိနေပြီး ကွန်ပရက်ဆာလည်ဖို့ အလုပ်လုပ်ရင်
လွတ်သွားပြီး Crankcase Heater ကိုလျှပ်စစ်မရောက်အောင်လုပ်ထားလေ့ရှိပါတယ်။

fan motorဟာ..
တစ်လုံး သို့မဟုတ်နှစ်လုံးရှိတတ်ပြီး...သူ့အတွက် လျှပ်စစ်ကိုတော့
Neutral ကြိုးတိုက်ရိုက်ဆက်ထားပြီး
Line ကြိုးကိုတော့ Compressor နဲ့အတူလည်ဖို့Magnetic contactor ရဲ့ အထွက်ကနေယူထားတတ်ပါတယ်။.Fan motorရဲ့
running capacitor
ကတော့...1Mf, 2Mf,3Mf, 4Mf,5 Mf
စသည်ကို 380 ကနေ 450 Volts
အနေနဲ့စက်ရဲ့ စွမ်းရည် Capacity လိုက်လို့ရေးထားသုံးထားတာတွေ့ရပါမယ်။
Outdoor fan motor ဟာလည်း Winding coilတွေရဲ့ဖွဲ့စည်းပုံနဲ့ Capacitor တပ်ဆင်ပုံဟာ Indoor fan နဲ့ Single phase compressor တွေ နဲ့ အတူတူပါ။

Starting နဲ့ Running Coil ရဲ့ အဆုံးတစ်ဖက်ကိုပေါင်းပြီး Common ဘုံစအဖြစ်ပေါင်းလိုက်တဲ့အတွက် မော်တာရဲ့ Starting Coil နဲ့ Running Coil
နှစ်ခုကနေ အစသုံးစထွက်လာတာတွေ့ရပါမယ်။

Fan motor ရဲ့ ဘော်ဒီကသုံးစထဲကမှ
Common အစကို Indoor ကလာတဲ့ Neutral
ကြိုးကို တိုက်ရိုက်ဆက်ပေးရပါတယ်။
Indoor ကလာတဲ့
Signal (No-2) ကြိုးကိုRunning coil ကိုတိုက်ရိုက်နဲ့ Running ကနေ ကူးထားတဲ့ wire ကို Capacitor ကိုဖြတ်ပြီး Starting
Coil အစကြိုးကို ဆက်ပေးထားတာတွေ့ရပါလိမ့်မယ်။
သာမာန် အိမ်သုံး 3-Phase Split type တစ်လုံးရဲ့ Indoor unit နဲ့ Out door unit ကြား ဝါယာဆက်သွယ်ပုံနဲ့
လျှပ်စစ်ပစ္စည်းတွေရဲ့ဖွဲ့စည်းအလုပ်လုပ်ပုံကတော့
ဒီလောက်ပါပဲ။
အထူးသတိထားရမှာက
3-Phase compressor တွေလဲလှယ်ရလို့
ဝါယာကြိုးတွေပြန်တပ်ဆင်တဲ့အခါ
Line ကြိုးတွေ Phase sequence လို့ခေါ်တဲ့
Line မှားတပ်တာမဖြစ်အောင်အထူးဂရုပြုပါ။

ညီလေးတို့အတွက်ကောက်ရိုးတမျှင်ဖြစ်ရင်
မျှဝေရကြိုးနပ်ပါပြီ။

အားလုံးပျော်ရွှင်ကြပါစေ

Crd # #ဆရာနန်ဒမိုး

22/01/2024

Address

No. 5/65, Shwe Chi Quarter, Pyinmana, Naypyitaw. No. 9/A, Kyi PwarYae Quarter, Thingangyun
Yangon

Telephone

+959250095123

Website

Alerts

Be the first to know and let us send you an email when Aung Kabar Aircon Sale & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share