Modern PMgt

Modern PMgt Sharing Modern Management Knowledge

17/08/2023
17/08/2023
https://www.facebook.com/185363238767300/posts/1084326665537615/
20/09/2022

https://www.facebook.com/185363238767300/posts/1084326665537615/

What is the nature of mixed methods research? Is there a process and technique to conduct the research? Is there any model for the research design? How do we describe its research design? How do we formulate research questions or hypotheses? Do we need a specific diagram of our research procedures?....

■●▪ ဘဝဆိုတာ             ("ရသစာ​ပေ" မှ ကူးယူ​ဖော်ပြပါသည်။)သိက္ခာခြုံလို့လိပ်ပြာလုံသူတွေအတွက်တန်ဖိုး တစ်ခု ဖြစ်သလို... ဘဝဆ...
08/08/2022

■●▪ ဘဝဆိုတာ

("ရသစာ​ပေ" မှ ကူးယူ​ဖော်ပြပါသည်။)

သိက္ခာခြုံလို့
လိပ်ပြာလုံသူတွေအတွက်
တန်ဖိုး တစ်ခု ဖြစ်သလို...

ဘဝဆိုတာ
အရှိကို အရှိအတိုင်း
လက်ခံတတ်သူတွေ အတွက်
စိတ်ညစ်ခြင်း ကင်းတဲ့
အရာ တစ်ခုလည်း ဖြစ်တယ်။

ဘဝဆိုတာ
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ နှစ်ခုကြားက
ရွေးချယ်စရာ အခွင့်အလမ်းတွေ
ရှာဖွေခွင့် ရှိတဲ့ အရာ ဖြစ်သလို....

ဘဝဆိုတာ
စိတ်....အရောင်းအသွေး စုံလင်တဲ့
လူ့လောကကြီးရဲ့
အလှတရား တစ်ခုလည်း ဖြစ်တယ်။

ဘဝဆိုတာ
စိတ်ချမ်းသာမှုကို
ရှာဖွေ လိုသူတွေအတွက်
အလင်းရောင် တစ်ခု ဖြစ်သလို...

ဘဝဆိုတာ
အတွေအကြုံတွေ သင်ခန်းစာတွေ
အများကြီး
ဘဏ္ဍတိုက်ကြီးလည်း ဖြစ်တယ်။

ဘဝဆိုတာ
တည်တည်ငြိမ်ငြိမ် တွေးရင်
ရိုးရိုးရှင်းရှင်း မြင်နိုင်သလို...

ဘဝဆိုတာ
ဆန်းဆန်းပြားပြား တွေးရင်
ပဟေဠိဆန်ဆန်လည်း မြင်တွေ့ရမယ့်အရာဖြစ်တယ်။

ဘဝဆိုတာ
နမ်းရှိုက်ခွင့် မရှိတဲ့ ပန်းကို
တောင်ထိပ်မှာ ပွင့်စေတဲ့ အရာ ဖြစ်သလို....

ဘဝဆိုတာ
သင်းပျံ့ တဲ့ ရနံ့ကို ပြတင်းတံခါး ပိတ်ထားလဲ
ရင်ထဲ အထိ ယူဆောင် ပေးနိုင်တဲ့အရာ ဖြစ်တယ်။

ဘဝဆိုတာ
ကံတရားရဲ ရွေးချယ်ခွင့်နဲ့
ကိုယ် ရဲ့ ရွေးချယ်ခွင့်
တစ်လှည့်စီ အနိုင်ရတဲ့ အရာဖြစ်သလို....

ဘဝဆိုတာ
မွေးဖွားခြင်းနဲ့ သေဆုံးခြင်း
နှစ်ခုကြားက အရာတစ်ခုဖြစ်တယ်။

တကယ်တော့
အစွန်းအထင်း မရှိ တဲ့စိတ်နဲ့
ရိုးရိုးလေး တွေးကြည့်ရင်....

ဘဝဆိုတာ ရိုးရှင်းတဲ့အရာပါပဲ......။

Credit_To_Original_Writer

13/06/2022

" အပေါ်ယံ မကြည့်နဲ့ "

လူတစ်ယောက်ကို အပေါ်ယံ
ကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့။

အေးစက်တဲ့ အပြုအမူတွေ
နောက်မှာ နွေးထွေးတဲ့ နှလုံးသား
ရှိနိုင်သလို နွေးထွေးတဲ့ အပြုအမူ
တွေ နောက်မှာ ရက်စက်တဲ့
နှလုံးသား ရှိနေနိုင်တယ်။

အကျည်းတန်တဲ့ ရုပ်ရည်နောက်မှာ
လှပတဲ့ နှလုံးသား ရှိနိုင်သလို
လှပတဲ့ ရုပ်ရည်နောက်မှာ
အကျည်းတန်တဲ့
နှလုံးသား ရှိနေနိုင်တယ်။

ဖြူစင်တဲ့ အင်္ကျီနောက်မှာ
ညစ်ထေးတဲ့ နှလုံးသား ရှိနေနိုင်သလို
ညစ်ထေးတဲ့ အင်္ကျီနောက်မှာ
ဖြူစင်တဲ့ နှလုံးသား ရှိနေနိုင်တယ်။

ချိုသာတဲ့ စကားလုံးတွေ နောက်မှာ
ခါးသက်တဲ့ ဝေဒနာတွေ ရှိနေနိုင်သလို
ခါးသက်တဲ့ စကားလုံးတွေ နောက်မှာ
ချိုသာတဲ့ စေတနာတွေ ရှိနေနိုင်တယ်။

တောက်ပတဲ့ ကြွားဝါမှုတွေ နောက်မှာ
ချို့တဲ့,တဲ့ အသိတရားတွေ ရှိနေနိုင်သလို
ဟန်မာန်မရှိတဲ့ သာမာန်ဖြစ်မှုတွေ
နောက်မှာ တောက်ပတဲ့
အသိတရားတွေ ရှိနေနိုင်တယ်။

အရေခြုံထားတဲ့ ပျော်ရွှင်မှုတွေ
နောက်မှာ စိတ်ဓာတ်ကျ ညှိုးငယ်မှု
တွေ ရှိနေနိုင်သလို ပကတိ
တည်ငြိမ်တဲ့ ခံစားချက်တွေ
နောက်မှာ သာယာချမ်းမြေ့တဲ့
ဘဝတွေ ရှိနေနိုင်တယ်။

အယောင်ဆောင်ထားတဲ့
သိတတ်ခြင်းတွေ နောက်မှာ
မှားယွင်းနေတဲ့ စိတ်ဓာတ်တွေ
ရှိနေနိုင်သလို ပွင့်လင်းတဲ့
သာမာန်နေထိုင်မှု နောက်မှာ
ရိုးစင်းတဲ့ စိတ်ထားတွေ ရှိနေနိုင်တယ်။

ပြသကြွားဝါနေတဲ့ ကြွယ်ဝမှုတွေ
နောက်မှာ မရှိရှား ဘဝတွေ ရှိနေသလို

ရိုးရှင်းအေးဆေးတဲ့ သိုသိပ်မှုတွေ
နောက်မှာ တောက်ပတဲ့ ခမ်းနားမှု
တွေ ရှိနေနိုင်တယ်။

အပေါ်ယံကြည့်ပြီး ဆုံးဖြတ်
ခဲ့ရင်တော့ အမှားကြီး မှားမှာပေါ့။



Credit Photol

18/04/2022

Are you interested in sustainable packaging? Join our webinar: https://buff.ly/3vbALzt

Food uses a wide range of different types of primary, secondary and tertiary packaging to transport and deliver food to consumers. This protects product safety and integrity, supports shelf life, avoids food waste, and permits practical product placement on the shelf for sale.

So how can we urgently switch to using less packaging, made with more sustainable materials that avoid negative environmental impacts?

Discover all this and more on 29 June with our IFST Food Regulatory SIG webinar. Sign up here https://buff.ly/3vbALzt

3. What is a project? စီမံကိန်း ၏ အဓိပ္ပါယ် ဖွင်ဆိုခြင်းစီမံကိန်းကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ Project Management Associat...
10/11/2021

3. What is a project? စီမံကိန်း ၏ အဓိပ္ပါယ် ဖွင်ဆိုခြင်း

စီမံကိန်းကို အဓိပ္ပါယ် ဖွင့်ဆိုရာမှာ Project Management Association များတစ်ခုချင်းရဲ့ ဖွင့်ဆိုချက်တွေ အများအပြာရှိပေမဲ့ ISO 21500 က ဖွင့်ဆိုထားတဲ့ Definition ကိုဘဲ အောက်မှာ ဖော်ပြထားပါတယ်။ ရည်ရွယ်ရင်းကတော့ Project Management သည် အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု လက်တွေ့အသုံချ စီမံကိန်း စီမံခန့်ခွဲမှု ဆိုင်ရာ Management System တစ်ခုဖြစ်တယ်ဆိုတာ သိစေချင်တာ ဖြစ်ပါတယ်။

ISO 21500 (2012) မှာ Project ဆိုသည်မှာ-
- A project is a unique set of processes consisting of coordinated and controlled activities with start and finish dates, undertaking to achieve an objective. Achievement of the project objectives requires deliverables conforming to specific requirements, including multiple constraints, such as time, cost and resources.

APM, AIPM, IPMA, PMI အစရှိသော Project management associations များ၏ အဓိပ္ပါယ် ဖွင်ဆိုချက် များစွာ ရှိသော်လည်း ဘာသာရပ်ဆန်ဆန် ဖွင့်ဆိုချက် များအစား သိမှတ်နားလည်လွယ်စေရန် project တစ်ခုတွင်ရှိရမည့် ဂုဏ်အဂါင်္ရပ်များ ( characteristics) အရအောက်ပါ အတိုင်း ရှင်းပြချင်ပါတယ်။

Basic characteristics of a project -
# Temporary in nature
# Non repetitive
# Generating a unique product, service or output.
# Progressively elaborated,
# It is ended when the objectives are met.

ဒါကြောင့် project ဆိုတာဟာ
( Any undertaking that has a defined scope of work to be done within a given time frame and a clear outcome using limited resources.) လိုရင်းကိုပြောရရင် project ဆိုတာဟာ သတ်မှတ်ထားတဲ့ လုပ်ငန်းနယ်ပါယ် (scope) တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်ကာလ ( limited timeframe ) အတွင်း ကြိုတင် သတ်မှတ်ထားကြတဲ့ စံချိန်စံညွှန်းများ ( specification) အတိုင်း ကိုက်ညီ ပြည့်မီပြီးမြောက်အောင် အားထုတ်ဆောင်ရွက်ရသော လုပ်ငန်းစဉ် တစ်ရပ်လို့ပြောရမှာဖြစ်ပါတယ်။

Project management for all careers အနေ နဲ့ ပြောရရင် အောက်ပါ မတူညီသော လုပ်ငန်း သဘာဝ များသည် project management methodology/ frame work ကို အသုံးပြု၍ outputs/ deliverables
ရအောင် ဆောင်ရွက်ရသည့် Engineering/ construction projects များ Business projects များ နှင့် Innovative projects အမျိုးအစားများ ကို တွေ့ရပေမည်။

# Engineering / Construction Projects
Any kind of Engineering/ Construction projects, Renovation projects, Upgrading projects

# Business Projects
Event Managements, Wedding ceremonies, Home moving services, Relocating works ( building/ infrastructure..etc), Introduction a new product to the market, Producing & directing films/movies, Implementing a new information system, Designing a new product (new model of telephone/ car...etc)

# Innovative Project Management
Research projects, Educational projects, Organizational Development/Change projects

# Development Projects (Community based NGOs projects)
Community based projects, United Nations' development projects, Institutions' Social Aid projects funded by ADB, WB .....etc.

* 2- Project Management Methodologies (စီမံကိန်းစီမံခန့်ခွဲမှု အောင်မြင်ကြောင်း နည်းလမ်းကောင်းများ)- What is a Methodolo...
30/10/2021

* 2- Project Management Methodologies (စီမံကိန်းစီမံခန့်ခွဲမှု အောင်မြင်ကြောင်း နည်းလမ်းကောင်းများ)

- What is a Methodology?

A methodology is a set of guidelines or principles that can be tailored and applied to a specific situation.
နည်းလမ်းနိဿယ ဆိုသည်မှာ အခြေခံ လမ်းညွှန်မှု အချက်များ ဖြစ်ပြီး ယင်းတို့၏ အစိတ်အပိုင်း သော်လည်းကောင်း အစိတ်အပိုင်း ပြု၍သော်လည်းကောင်း အသုံချနိုင်ပါသည်။

Project management methodology သည် စီမံကိန်း စီမံခန့်ခွဲမှု နည်းလမ်း ဖြစ်ပါသည်။

PM methodology များစွာရှိပါသည်။ PM practitioners များ အသိများသည့် PMBOK /PMI (Project Management Institute), APM (Association for Project Management), IPMA (International Project Management Association), AIPM (Australian Institute of Project Management) PRINCE (2) UK, P2M (Japan), PCM (EU), Six Sigma, British standard (B.S 6079), ISO Standard...... စသဖြင့် များစွာရှိပါသည်။

PM methodology များစွာရှိသလိုပင် တစ်ခုချင်းစီ၏ စီမံကိန်းစီမံခန့်ခွဲမှု နည်းနိဿယ များသည်လည်း ပင်မရည်ရွယ်ချက် (objective) အပေါ်မူတည်၍ methodology တစ်ခုချင်းစီ၏ ထိရောက်မှု နှင့် အသုံးဝင်မှု များ ကွာခြားမှု ရှိပါသည်။ ( Construction project, research project, community project, marketing project, event management, new product innovation, education project, စသည်ဖြင့် လုပ်ငန်းသဘောသဘာဝ မတူညီသော project များအတွက် ဆောင်ရွက်ရမည့် နည်းလမ်း လုပ်ငန်းစဉ် များကွဲုပြားသည့်အလျောက် သဘောသဘာဝ ကိုက်ညီသည့် project management method ကို ရွေးချယ် အသုံးပြုနိုင်မှသာ စီမံကိန်း ချောမွေ့အောင်မြင်ပေလိမ့်မည်။)

သို့ဖြစ်ပါ၍ methodology အရွေးမှား အသုံးချမှားလျင် project တစ်ခု တွင် ကြုံရတတ်သော Project success, failure, challenge သုံးခု အနက် project challenge or failure တစ်ခုခု ကိုသာ ကြုံရပေလိမ့်မည်။

Methodology အရွေးမှန်သည့်တိုင်အောင် မိမိ organization ၏ိ် organizational environment နှင့် organizational culture အပေါ် မူတည်၍ လည်း methodology ကို အပြည့်အဝ အသုံးချနိုင်မည်မဟုတ်ပေ။

Good methodology သည် လိုအပ်သလို ဖြတ်ညှပ်၍ရပြီး မူလ ready made အစား tailor made အဖြစ်လည်းလုပ်၍ရနိုင် မှသာ နည်းနိဿယ ကောင်းဖြစ်သည် ဟု အထက်တွင်ဖော်ပြထားသည့် methodology definition ကဆိုထားခြင်းဖြစ်ပါသည်။

Internet တွင် Project management နှင့်သက်ဆိုင်သော document များစွာံ ရှိပါသည်။ အထက်တွင် ပြောခဲ့သလို ကိုယ့် လိုအပ်ချက် နှင့် မကိုက်ညီသော methodology ဖြစ်နေပါက အချိန်ကုန် အသုံးမတည့်ဖြစ်နိုင်ပါသည်။ Online မှ အချက်အလက်များကိုးကား၍ ပို့ချ သော သင်တန်း များ ကိုလည်း သတိပြု ရွေးချယ်တတ်ရန်လိုပါသည်။ အထူးသဖြင့် online မှ Project Management document များစွာသည် Information Technology နယ်ပါယ် နှင့် သက်ဆိုင်သည့် document များဖြစ်သဖြင့် အခြားနယ်ပါယ်များ အတွက် ကွဲလွဲမှု ရှိနိုင်၍ဖြစ်ပါသည်။

Project development လုပ်ကြတဲ့ အချိန် ( project planning) မှာ project practitioners အများစု ( project manager/ project engineers/ project coordinators စသဖြင့်) က Methodology ပိုင်း ကို ကောင်းကောင်းနားလည်သဘောပေါက် ပြီးသား လို့ မိမိကိုယ်ကို ထင်မှတ်ကြ တတ်ပါတယ်။ Planning လုပ်ရတာ estimate လုပ်ရတာ မခက်ပါဘူးလို့ ထင်မှတ်ကြပါတယ်။

ဒါပေမဲ့ Project scope ကို define လုပ်တာ Work break structure ဆွဲတာ ကအစပြုပြီး အားနည်းချက်တွေ စပါတော့တယ်။ အထူးသဖြင့် construction project တွေဟာ Project ကြီးလေ ပိုရှုပ်ထွေးလေဖြစ်ပါတယ်။ Client အနေနဲ့ကလည်း Design ပိုင်းမှာ လိုတိုးပိုလျော့ တွေ ရှိနေ တောင်းဆိုနေ တတ်သေးတဲ့ အချိန်မို့ methodology ပိုင်းနားလည်မှု အားနည်းတာ မျိုးသော်၄င်း Environmental factors/ organization culture ကြောင့်၄င်း planning development လုပ်ကတည်းက အားနည်းချက်တွေ စပါတော့တယ်။

Project fail ဖြစ်တော့မဲ့အရိပ်အရောင် (time/ cost/ quality/ performance/ client's satisfaction စသဖြင့် တခုခု လစ်ဟာပြီဆီု တာနဲ့ ) ထုံစံအတိုင်း resources တွေကို ထုတ်သုံးပြီး on the track ဖြစ်အောင် resources တွေ ကို သုံးရပါတော့တယ်။ အဲသည်မှာတင်ဘဲ cost and schedule overrun စတာပါဘဲ။

PMBOK ကိုနမူနာထားပြီးပြောရရင် PMBOK Text စာအုပ် cover မှာရေးထားတာကို သေသေချာချာကြည့်မယ်ဆိုရင် -

A GUIDE TO THE PROJECT MANAGEMENT BODY OF KNOWLEDGE- လို့ထင်ထင်ရှားရှား ရိုက်နှိပ်ထားပါတယ်။

PMI က project planning, ex*****on, and control အတွက် practitioners များကို guideအဖြစ် လိုက်နာဆောင်ရွက်သင့်သည် များကို ဘောင်ခတ် ပေးထားခြင်း (Framework) သာဖြစ်ပါတယ်။ Guide ဖြစ်တာမို့ ကိုယ်နဲ့ ကိုက်ညီသည်များကိုသာ သုံးရန်ဖြစ်ပါတယ်။ (Organization culture မဖြစ်တာကို မရှိတာကို အရှိဖြစိအောင် PMBOK ကဒီလိုဆိုထားတယ်ဆိုပြီး မလုပ်မိရန်ပြောလိုရင်းပါ) ။

ဒါကြောင့် ဖြစ်နိုင်ရင် Company/ Organization များဟာ ကိုယ့်လုပ်မဲ့ project အမျိုးအစား (type), သဘာဝ (nature), အရွယ်အစား ( team size) , အသုံးပြုမဲ့ စံနစ်/နည်းပညာ ( system/ technology) , tools and techniques, တို့အပေါ် မူတည်ပြီး ကိုက်ညီမဲ့ methodology ကို ရွေးရပါမယ်။ ပြီးရင် ကိုယ်နဲ့ ကိုက်ညီမယ့် Process activities တွေကို tailor made လုပ်ရပါမယ်။ Good methodology ဆိုတာ အစိတ်အပိုင်း အနေနဲ့ လည်း tailor လုပ်နိုင်တယ် ဆိုလိုတာပါ။

ကိုယ်နဲ့ကိုက်ညီမဲ့ methodology, modified process activities တွေရပြီးရင်လည်း team members များအားလုံး နဲ့ အချို့သော stakeholders များ ကို apply လုပ်နိုင်အောင် (organizational culture ဖြစ်အောင)် training ပေးတာ modified methodology workshop များလုပ်ပေးရပါမယ်။

ကိုယ့်ရဲ့ ကုမ္ပဏီ အဖွဲ့အစည်း နဲ့ ကိုက်ညီမဲ့ methodology ကိုပြုစု ကျင့်သုံးရန်ပြောခဲ့ပါတယ်။ အဲသည်လိုကျင့်သုံး ပြီး Project Management နဲ့ အောင်မြင်နေတဲ့ အဖွဲ့အစည်းတွေ (PM as a competitive advantage) ရှိပါတယ်။ လက်လှမ်းမီ သလောက် တင်ပြရရင် -
- Ericsson
- Nortel Networks
- Compaq Services
- Johnson Controls
- Motorola
ဒီကုမ္ပဏီ တွေမှာ ရှိတဲ့ project management methodology တွေဟာ world class ဖြစ်ပါတယ်။

Project management methodology မှာ အခြား Processes တွေ ပေါင်းစည်းပါဝင် လာခြင်းဟာ methodology ကို ပိုပြီး အားကောင်းစေပါတယ်။

၁၉၉၀ မှ ၂၀၀၀ ခု အတွင်းမှာ Project management ဟာ Total Quality Management, Concurrent Engineering, Scope Change Management , နဲ့ Risk management တို့ ပါဝင်လာပါတယ်။ ၂၀၀၀ မှ ၂၀၁၀ အတွင်းမှာ Business processes , Cost Benefit Analysis (CBA) Capital Budgeting , Supply Chain Management တိ့ု integrated ဖြစ်လာခဲ့တဲ့ အတွက် Modern Project Management ကို အသုံးချနိုင်တဲ့ နယ်ပယ် ပိုမိုကျယ်ပြန့် လာစေခဲ့ပါတယ်။

Project Management Association တစ်ခုချင်းအလိုက် Project Management Methodology တွေ မျိုးကွဲများစွာရှိပေမဲ့ အသုံးပြုပုံ (usage) အပေါ်မူတည်ပြီး Light methodology & heavy methodology ရယ်လို့ အကြမ်းအားဖြင့် နှစ်မျိုး ထပ်ပြီး ခွဲထားပါတယ်။

Project တစ်ခု ကို အကောင်အထည်ဖော်ရာမှာ
Light methodology နဲ့ Heavy methodology နှစ်ခု အနက် သင့်လျှော်ရာ ကို ရွေးချယ် သုံးတတ်တာဟာလဲ project success အတွက် အဆုံးအဖြတ်ပေးရာမှာ အချက်တစ်ခုဘဲ ဖြစ်ပါတယ်။

- Light Methodologies
ယနေ့ခေတ် စီမံကိန်းများဟာ နည်းပညာပိုင်း ရူတ်ထွေးလာမှု လုပ်ငန်းရှင်ရဲ့့လိုအပ်ချက် အပြောင်းအလဲများ အကြောင်းကြောင်းသော
စီမံကိန်း နှောင့်နှေးရမှုများ ကြောင်ွ့ methodology development ပိုင်းမှာ အနည်းငယ် အပြောင်းအလဲ ရှိခဲ့ရာ ကနေ Light methodologies ပေါ်ပေါက် လာခဲ့ရတာ ဖြစ်ပါတယ်။
စီမံကိန်း အကောင်အထည်ဖော်ဆောင်မှု အပိုင်းမှာ ပိုမို သွက်လက်မြန်ဆန်မှု နဲ့ လုပ်ငန်းနဲ့ ကိုက်ညီအောင် အလွယ်တကူ ပြောင်းလွဲ ဆောင်ရွက်နိုင်သော (Agile & adaptive) methodologies များပေါ်လာပါတယ်။

Light methodologies များရဲ့ ထူးခြားချက်က informal communication style ဖြစ်ပါတယ်။ Rules, practices, and documents များ နည်းပါတယ်။ Client နဲ့ project practitioners များအကြားမှာ ရုံးကန္နား ဆန်ဆန် ဆက်သွယ်ဆောင်ရွက်မှု များကို လျှော့ချထားပါတယ်။ ဒါကြောင့်လည်း face to face discussion လောက်နဲ့ သတင်းအချက်အလက်စီးဆင်မှု ကို မြန်ဆန်စေပါတယ်။ ယနေ့ information technology နဲ့ နည်းပညာသုံး ပစ္စည်းများ ( ဥပမာ တယ်လီဖုန်း ဒီဇိုင်းသစ် Software ထုတ်လုပ်ခြင်းလို စျေးကွက်ပြိုင်ဆိုင်မှု ပြင်းထန် တဲ့ Projects များ) နဲ့ဆိုင်တဲ့ project တွေမှာသုံးပါတယ်။ Agile project management methodology ဆိုတာ ကြားဖူးကြမှာပါ။

အဓိက ကတော့ much less document & learning oriented ဖြစ်လို့ စာရွက်စာတမ်း (paper work) နည်းတာရယ် အမြဲ လေ့လာ သင်ယူနေရတာ ရယ်ဖြစ်ပါတယ်။
နောက်တစ်ခုက ဒီ project များဟာ project team size သေးတာကြောင့် team member များအကြား knowledge sharing လုပ်ရာမှာနဲ့ feedback ရရှိမှု အပိုင်းမှာ သာလွန်ကောင်းမွန် ပါတယ်။ Project manager အနေနဲ့လည်း့ Document ထိန်းသိမ်းမှု အပိုင်း အတွက် အချိန်ပေးရတာနည်းပါးသွားပါတယ်။

- Heavy Methodologies
The traditional project management methodologies များဟာ ဗျုရိုကရက်ပုံစံ ချုပ်ကိုင်မှုများပြီး ကြိုတင်မျှော်မှန်းလို့မရသော အကြောင်းများ ရှိတတ်ပါတယ်။ ဒါကြောင့်လည်း ဒီ methodologies များဟာ အခုအချိန်မှာ အသုံးနည်းသွားပါပြီ။

Heavy methodologies များဟာ process အားလုံးမှာ resources စိုက်ထုတ်ရမှု များး ပေမဲ့ effective ဖြစ်မှု အားနည်းပါတယ်။ အကယ်၍ project managers များဟာ client's requirement lists ကို အစကတည်းက ပြည့်ပြည့်စုံစုံ မရထားခဲ့ဘူးဆိုရင် အပြောင်းအလဲများ (changes) မူလဖြစ်စဉ်မှသွေဖည်ခြင်းများ (slippages) အသစ်ပြန်လုပ်ရသည့် အလုပ်များ ( Rework ) ကြောင့် project လုပ်ငန်းစဉ်များ effective မဖြစ်တော့ပါဘူး။
Complex ဖြစ်တဲ့ projects ကြီးတွေမှာတော့ sufficient documents လိုအပ်နေတာမို့ heavy methodologies ကိုသုံးနေရပါသေးတယ်။

Methodologies များ အရေးပါရတဲ့ အငြောင်းရင်း ၂ခုရှိပါတယ်။ ပထမ တစ်ခုက Methodologies များဟာ Standard တစ်ခုဖြစ်တာ မို့ organization တစ်ခုအတွင်းမှာ ရှိတဲ့ project practitioners
များအတွက် ဘုံသဘော သုံးလို့ရတဲံ့ common language ဖြစ်လာပါတယ်။

ဒုတိယ အနေနဲ့ကတော့ အတွေ့အကြုံနည်းသေးတဲ့ project managers များအတွက်တော့ အချိန်များများ ပေးရန်မလိုဘဲ လေ့လာ နိုင်တာပါဘဲ။
Methodology ပိုင်းကိုသေသေချာချာ နားလည်သဘောပေါက်ရင် မိမိလုပ်မဲ့ project နဲ့ ကိုက်ညီမဲ့ methodology ကိုရွေးချယ် အသုံးချနိုင်မှာမို့ အထူးဘဲအကျိုးများမှာ ဖြစ်ပါတယ်။ Construction Project များဟာ project အမျိုးအစား တစ်မျိုးဖြစ်တာမို့ Engineers များအနေနဲ့ methodology ပိုင်းနားလည်ရင် construction projects များအပြင် အလားတူ အခြားသော project များကိုလည်း ဆောင်ရွက်နိုင်ပါတယ်။

Project success ကတော့ methodology ရွေးချယ်တာမှန်ရုံနဲ့ မပြီးသေးပါဘူး။ Project Management Maturity လို့ခေါ်တဲ့ စီမံကိန်းစီမံခန့်ခွဲမှုဆိုင်ရာ ရင့်ကျက်မှု အကြောင်းများရှိနေပါသေးတယ်။ ဒီအပိုင်းက ကျယ်ပြန့်တာမို့ နောက်ပိုင်းမှာ အကြောင်းသင့်ရင်တင်ပြပေးသွားပါမယ်။

" I am a project practitioner" (3)၁၉၈၁ နှစ်လည်မှာ၊ သံပရာကန်​ရေနံချက်စက်ရုံစီမံကိန်းက​နေ၊ ရန်ကုန် ရွာမ Gas Turbine Plant ...
20/10/2021

" I am a project practitioner" (3)

၁၉၈၁ နှစ်လည်မှာ၊ သံပရာကန်​ရေနံချက်စက်ရုံစီမံကိန်းက​နေ၊ ရန်ကုန် ရွာမ Gas Turbine Plant ( အင်းစိန်) ကိုတာဝန်ကျပါတယ်။ Main contractor က John Brown Engineering - JBE (Scottland) ဖြစ်ပါတယ်။

JBE ​နောက်ကျ​နေလို့ ၊ မှော်ဘီက ဗဟိုသု​တေသနအဖွဲ့ (Central Research Organization - CRO) ရဲ့ TSC site မှာ တစ်လ​ကျော်ခန့်ဝင်ကူရပါ​သေးတယ်။ CRO ညွှန်ချုပ်က ​ဒေါက်တာ မန်းသက်စံပါ။ TSC Engineer ​တွေက ​ရေနီမှာအတူလုပ်ခဲ့ဘူးတဲ့ ကိုမင်းစိုးနဲ့ ကိုသန်း​ဌေးနှစ်​ယောက်ဖြစ်ပါတယ်။ Turn key contractor က India က Supernikar & sons Company ဖြစ်ပါတယ်။ Indian Engineer ​တွေက Chemical Engineer ​တွေပါ။ Pulp mill, Metal processing, နဲ့ Medical research pilot plants ​တွေ​ဆောက်ခဲ့တာပါ။ စက်ရုံမှူး​/ အင်ဂျင်နီယာ တွေက မှတ်မိသ​လောက် ဦး​နေဝင်းသမီးနဲ့ ဗိုလ်ချုပ်​ကျော်ထင်သမီးတို့ပါ။ စက်တွေ တပ်ဆင်၊ စက်တွေထိုင် (Mill wrights/ Equipment installation) လုပ်ငန်းပိုင်း​တွေပါ။ တစ်လ​ကျော်​လောက်​ကြာ​တော့ JBE ​ရောက်လာလို့ ရွာမ Gas Turbine project ကိုဝင်ရပါတယ်။

Gas turbine plant project မှာ​တော့ Storage tanks ​တွေ ​ဆောက်ရတာပါ။ သံပြားက​နေ ဆီသို​လှောင်တဲ့ tank ​တွေ ဖြစ်လာ​သည်အထိ​ပေါ့။
​အလုပ်စဝင်ချိန် ​ရေနီစီမံကိန်းမှာ fitter, welder , helper, site clerk ၊အင်အား ၁၅ ​ယောက်ခန့် ကို စီမံခန့်ခွဲရပါတယ်။ ရွာမ စီမံကိန်း မှာ​တော့ အင်အား ၄၀ ရှိပါတယ်။ တစ်ပြိုင်နက်တည်းမှာ tank နှစ်လုံး​လောက်​ဆောက်ဖို့ရယ်၊ construction materials ​တွေအဆင်သင့်ဖြစ်​နေ​အောင်၊ ကြိုတင်ပြီး material package/ crate ​တွေကို ဖွင့်၊​ဖောက်၊စစ်၊ သိမ်း လုပ်တဲ့ အဖွဲ့ကို လူ ၁၀ ​ယောက်​လောက် ​ပေးထားရတာပါပါတယ်။ ဝန်ထမ်းအများစုက ​ရေနီစီမံကိန်း testing & commissioning လုပ်ငန်းအပြီး ​ရောက်လာသူများကြပါတယ်။ လူငယ်​တွေများပြီး အများစုက၊ရေနီစီမံကိန်းမှာ အကူ (helper) နဲ့ ဝင်လုပ်ကြရင်း လုပ်ငန်းအ​တွေ့အကြုံအရ fitter, welder ဖြစ်လာကြသူများဖြစ်ပါတယ်။ ရန်ကုန်ကိုပထမဆုံးစ​ရောက်လာကြသူအများစုမို့၊ ရန်ကုန်​ရောက်စ သူတို့​တွေ့ကြုံရတဲ့ ​​နေ့တဓူဝအလွဲ​လေးများကလည်း၊ အလုပ်များတဲ့အထဲက၊ အ​မော​ပြေရပါတယ်။ ( အင်းစိန် ဒညင်းကုန်းဆွဲတဲ့ သုံးဘီးကားကို၊ အ​ကောင်​သေး​သေးအသံကျယ်ကျယ်နဲ့ကားလို့​ပြောတဲ့သူ၊ ရွာကအ​မေ့ထံ့စာပို့တာ ပြန်စာမလာလို့စိတ်ပူတယ်​ပြောလို့​မေးကြည့်​တော့မှ၊ ဂဠုံန်စီမံချက် အကြံ​ပေးစာပုံးကို စာတိုက်ပုံးမှတ်ပြီးစာထည့်ခဲ့တဲ့သူ​တွေနဲ့ အဖြစ်သနစ်စုံပါတယ်။)

ရွာမ project မှာလည်း ​ရေနီ project မှာတွဲခဲ့တဲ့ AE ကိုသန်းကြွယ်နဲ့ပါဘဲ။ " အဆင်​ပြေမဲ့ SAE ​ပေးမယ်၊ ​ပြောပါဆိုလို့၊ ကိုယ်​မောင်ရင့်အမည်​ပေးလိုက်တာ ​ပြောပါတယ်" ။ ဒါ​ပေမဲ့ သူနဲ့ကျွန်​တော့်မှာ ​ရေရှည်လက်တွဲ လုပ်ရတဲ့ ကံမပါခဲ့ဘူး​ပြောရမှာပါဘဲ။ ​ရေနီမှာ အလုပ်စဝင်ကတည်းက၊ ပထမ​နေ့ Site လိုက်ပြ၊ drawing ​​တွေပေးရှင်းပြလုပ်ခဲ့ပြီး၊ ဒုတိယ​မြောက်နေ့မှာ သူ့ကိုတ​နေကုန်မ​တွေ့ပါဘူး။ ည​နေ​စောင်းမှ သူ့အ​ဖေကျန်းမာ​ရေးမ​ကောင်းလို့ ​တောင်ကြီးပြန်ဖို့စီစဥ်​နေတာသိရပါတယ်။ အဲဓီ ဒုတိယ​နေ့ညမှာဘဲ ​တောင်ကြီးပြန်သွားတာ၊ တစ်လ​​ကျော်အကြာသူ့အ​ဖေဆုံးပြီးမှပြန်လာနိုင်ပါတယ်။ ပြန်လာပြီး တစ်လ​လောက်​နေ​တော့ Recovery Boiler site အသစ်ခွဲတာမို့ ​ပြောင်းရလို့ ကွဲသွားပြန်ပါတယ်။ ရွာမ စီမံကိန်းမှာလည်း တစ်လခန့်အကြာမှာ ​ကိုသန်းကြွယ် ဖောင်ကြီးသင်တန်းသွားတက်ရလို့ ကျွန်​တော်တစ်​ယောက်တည်းကျန်ခဲ့ပြန်ပါတယ်။ Dy. E က ဦး​ကျော်ဇော ဖြစ်ပြီး နှစ်ပါတ်တစ်ကြိမ် Site meeting အစည်းအ​ဝေးလာတက်ရင်း လိုအပ်တာ​တွေ စီစဥွ်ပေးပါတယ်။

အလုပ်စဝင်ကတည်းက self-supervision and leading ကြုံခဲ့ရ​တော့ independent charge မို့အခက်အခဲ​တွေကြုံ ရဖြေရှင်းရသလို အ​တွေ့အကြုံများစွာရပါတယ်။

လုပ်ငန်းပြ ( work-charge) အင်ဂျင်နီယာ အဖြစ်၊ TSC နဲ့ နှစ်နှစ်ခွဲခန့် Project များ ကာလတစ်​လျှောက်မှာ Mitsubishi (Japan) ၊ Supernikar and Sons (India) , John Brown Engineering ( Scottland) နဲ့လုပ်ခဲ့ရလို့ English communication skills က​တော့ သင်တန်းမရှိဘဲ၊ လုပ်ငန်းခွင်မှာ​လေ့လာရင်းရခဲ့ပါတယ်။ International Engineering Standards ​တွေဖြစ်တဲ့ JIS (Japan Industrial Standard), IS (Indian Standard), BS ( British Standard) ​တွေနဲ့ ရင်းနှီးခွင့်၊ အသုံးချခွင့်ရလာခဲ့ပါတယ်။

Project Management Skills မှာတော့ Main contractor ​တွေကဘဲ ဦး​ဆောင်စီမံခန့်ခွဲသွားခဲ့ကြတာမို့၊ Frontline management level အပိုင်းရဲ့ လုပ်ငန်းပိုင်း
technical skills, operational planning, နဲ့ site management အ​တွေ့အကြုံ​တွေကို​တော့ ကျွဲကူး​ရေပါ၊
ရခဲ့တယ်လို့ဘဲ ​ပြောရမှာပါ။

17.10.2020 (Saturday)

" I am a project practitioner" (2)​ရေနီ pulp & paper mill (30 tons) project  မှာ Re-cousticizing (ဓါတ်ဆား ပြန်ချက်လုပ်ငန...
11/10/2021

" I am a project practitioner" (2)

​ရေနီ pulp & paper mill (30 tons) project မှာ Re-cousticizing (ဓါတ်ဆား ပြန်ချက်လုပ်ငန်း) နဲ့ Recovery Boiler ဧရိယာရဲ့ industrial piping installation လုပ်ငန်း​တွေတာဝန်ယူရပါတယ်။ Project ကာလ (၁၅ လ) (piping installation) ကြာခဲ့ပြီး ၁၉၈၁ ဇန်နဝါရီမှာ မန်းသံပရာကန် ​ရေနံချက်စက်ရုံ စီမံကိန်းကိုဝင်ရပါတယ်။

Refinery project မှာ​တော့ Off-site piping အပိုင်းမှာ တာဝန်ယူရပါတယ်။ Crude oil tanks က​နေ process area ကိုပို့တဲ့ rack pipeline (26 inches) နဲ့ Jetty yard piping တပ်ဆင်​ရေးအပိုင်းမှာပါ။

​ရေနီ pulp & paper နဲ့ မန်း refinery project နှစ်ခုစလုံးမှာ၊ Mitsubishi Heavy Industries (Japan) က turn key contractor ဖြစ်ပြီး ကျွန်​တော်တို့ TSC က sub contractor ဖြစ်ပါတယ်။ အဓိကကိတဲ့ စီမံကိန်းစီမံခန့်ခွဲမှု (Project Management) ကို Mitsubishi ကလုပ်တာပါ။ JIS (Japan Industrial Standard) ကို design လုပ်ရာမှာ​ရော၊ လုပ်ငန်းအ​ကောင်အထည်​ဖော်ရာမှာ အသုံးပြကြတာပါ။
( ပုံမှာ လွန်ခဲ့တဲ့ နှစ် ၄၀ က၊ အသုံးပြုခဲ့တဲ့၊ Japan industrial Standard- JIS piping slide ​လေးကို​​ဖော်ပြထားပါတယ်။ တစ်ဘက်မှာ industrial pipe အရွယ်အစားစား အမျိုးမျိုး (1/4" ~ 24" diameter) နဲ့ fittings ( long tee, long elboe, long reducer) size အမျိုးမျိုး, valve အမျိုးမျိုး (Gate valve, Globe vslve, Check valve ) valve fl**ges များရဲ့ specification များကို​ဖော်ပြထားပြီး၊ အခြားတစ်ဘက်မှာ​တော့၊ fl**ge size အမျိုးမျိုးရဲ့ thickness များ ပါရှိတာမို့ လိုအပ်တဲ့ တွက်ချက်မှု​တွေ ( onsite industrial/ process piping calculation ​တွေကို အလွယ်တကူ တွက်ချက်နိုင်ပါတယ်။)

​ရေနီစီမံကိန်းမှာ German နဲ့ ​ဆောက်တဲ့ (10 tons) နဲ့ Mitsubishi (Japan) နဲ့​ဆောက်တဲ့ (30 tons) နှစ်ခု စလုံး ဟာ TSC ရဲ့ ပထမဦးဆုံး​သော စီမံကိန်းများဘဲဖြစ်တယ်။ TSC ရဲ့ workforce အ​တော်​များမှာ EPC, MOC,PIC တို့က ကျွမ်းကျင်ဝန်ထမ်းများပါသလို၊ စီမံကိန်း ဧရိယာ အနီးအနားက ​ရေနီ၊ မြို့လှ၊ သာဝတ်ထိ၊ တို့က အကူလုပ်သား (helper) အဖြစ်လာဝင်​ရောက်လုပ်ကိုင်ကြသူများ တစ်တပ်တစ်အားပါလာကြပြီး ​နောင်အနာဂါတ်စီမံကိန်း​တွေမှာ အားထားရသူ​တွေဖြစ်လာကြပါတယ်။

11.10.2020

" I am a project practitioner -(1)
https://m.facebook.com/story.php?story_fbid=2221649427978589&id=100004006616777

1. Modern Project Management (ခေတ်သစ်စီမံကိန်း စီမံခန့်ခွဲမှု)စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို စတင်ခဲ့တာ ၂၀၁၇ မှာ နှစ...
07/10/2021

1. Modern Project Management (ခေတ်သစ်စီမံကိန်း စီမံခန့်ခွဲမှု)

စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို စတင်ခဲ့တာ ၂၀၁၇ မှာ နှစ် (၆၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အင်ဂျင်နီယာများ l စီမံကိန်းစီမံခန့်ခွဲသူများ (Project Practitioners) အကြား အသိများကြတဲ့ Planning tool တစ်ခုဖြစ်သော CPM (Critical Path Method) ကို သိပ္ပံနည်းကျ ခေတ်သစ် စီမံကိန်း အချိန်ဇယား ရေးဆွဲခြင်း (Science to the process of time control) အဖြစ် တီထွင်ခဲ့တာ နှစ် ၆၀ ပြည့်တော့မယ်လို့လဲတစ်နည်းအားဖြင့်ပြောလို့ရပါတယ်။

Critical Path Method (CPM)ကို ၁၉၅၇ မှာစတင်သုံးစွဲခဲ့ပြီး မကြာမီ ၁၉၅၈ မှာ PERT (Program Evaluation & Review Technique) Scheduling tool ကို တီထွင် ခဲ့ပြန်ပါတယ်။ Scheduling အကြောင်းပြော ရင် Bar chart/ Gantt chart ချန်ထာလို့မရပါဘူး။ Bar chart ကို ၁၇၆၅ မှာ Joseph Priestley ကစတင်သုံးစွဲခဲ့တာ ယနေ့တိုင် အချို့ project တွေမှာ သုံးနေဆဲမို့ သက်တမ်း အရှည်ဆုံးသော scheduling tool လို့ သတ်မှတ်လို့ ရပါတယ်။ နောက်ပိုင်းမှာ William play fair က ၁၇၈၆ နဲ့ Henry Gantt တို့ ကြောင့် Gantt Chart လို့လည်းအသိများကြပါတယ်။

CPM tool မတိုင်မီ Bar chart/ Gantt chart တို့နည်းတူ Flow line scheduling, Line of balance technique နဲ့ Milestone technique တို့လို တို့ကိုလည်း scheduling ဆွဲရာမှာ သုံး ခဲ့ကြပါသေးတယ်။ ၁၉၆၀ အစောပိုင်း မှာ WBS- Work breakdown Structure ကို အမေရိကန် ကြည်းတပ်နဲ့ NASA တို့က စတင်သုံးခဲ့ကြပါတယ်။ WBS ဟာ Project management planning ရေးဆွဲရာမှာ essential tool ဖြစ်ပါတယ်။
၁၉၆၉ မှာတော့ Dr. Martin Barns (UK ) က time, cost and output ( the correct scope at the correct control) တို့ရဲ့ Project မှာ အရေးပါမှု ကို " tome & money in control" လို့ ခေါ်တွင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ " Iron triangle" ဒါမှမဟုတ် " triple constraints" အဖြစ် project practitioners များ သိကြတဲ့ project management concept ဖြစ်ပါတယ်။

Project management tools and technique ပိုင်းမှာ တဖြည်း ဖြည်း ဖွံ့ဖြိုးလာခဲ့ပေမဲ့ ဒီနေရာမှာ အပိုင်း ၃ပိုင်းခွဲခြားလေ့လာနိုင်ပါတယ်။
၁၉၆၀-၁၉၉၀ အစောပိုင်းကာလမှာ အဖွဲအစည်း များဟာ Project driven မဟတ်သေးပါဘူး။ အဲဒီကာလကို Hybrid (Traditional project management) နဲ့၁၉၉၀ -၂၀၀၉ ကာလကို Hybrid modern project management ရယ်လို့ခွဲခြားနို့ငပါတယ်။

အစောပိုင်းကာလမှာ Organization project development ဟာ non project driven ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း Globalization ကြောင့် technology change နဲ့ market place change တွေကြောင့် project management ကို organization တွေမှာ အသုံးပြုမှု များလာသလို TQM, Concurrent Engineering, empowerment, Re-Engineering, Life cycle change, risk ....etc process supporting များ တိုးတက်ဖွံု့ဖြိုး လာမှုကြောင့် စီမံကိန်း စီမံခန့်ခွဲမှု သည် မူလ သန္ဓေတည်ရာ Engineering, defense, and construction နယ်ပါယ်မှ ကျော်ဖြတ်၍ Information technology, business. health care, research, education, social and community development, and organizational development စသည့် ပြင်ပ နယ်ပါယ်များတွင်ပါ အသုံး ချလာမှုကြောင့် အခြားပြင်ပနယ်ပါယ်မှ Tools and techniques များ ( business tools, financial tools, quality control tools, decision making tools ...etc) ကြောင့် ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာကြသည်ကိုတွေ့မြင်ကြရမည် ဖြစ်ပါသည်။

ရှေ့ပိုင်းက MPM အပိုင်း မှာ တင်ပြပြီး ခဲ့တဲ့အတိုင်း ၁၉၅၇ မှာ CPM (Critical path method )ကို စြပြီး တီထွင်သုးံစွ် ခဲ့ချိန်ကစပြီး ယနေ့ အချိန်ထိ ခေတ်သစ်စီမံကိန်း စီမံခန်ွခွဲမှု နယ်ပယ်မှာ tools and techniques ပေါင်း ရှစ်ဆယ်ကျော်ရှိပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစုနဲ့ စီမံကိန်းစီမံခန့်ခွဲ်မှု ရင့်ကျက်မှု (Project management maturity) အားနည်းနေသေးတဲ့နိုင်ငံ အများစု မှာ တော့ မဖွံ့ဖြိုးသေးတဲ့ ( Latent form)ပုံစံအဆင့်မှာ ရှိနေပါသေးတယ်။ Modern tools and techniques တွေကိုသုံးပြီး စီမံကိန်းများစီမံခန့်ခွဲမှုမှာ အားနည်းနေပါသေးတယ်။

စီမံကိန်းစီမံခန့်ခွဲမှု မှာ ပင်မကျောရိုး (core knowledge area) ဖြစ်တဲ့ scope management, time management, and cost management မှာ လက်ရှိ Modern form မှာ သုံးစွဲနေတဲ့ tools and techniques အချို့ကိုအောက်မှာ ဖော်ပြထားပါတယ်။ သင့်အနေနဲ့ လက်ရှိ project planning လုပ်နေတယ်ဆိုခဲ့ရင် ဘယ်လို tools and techniques တွေကို အသုံးပြုဘူးတယ်ဆိုတာကို ဆန်းစစ်လို့ရပါလိမ့်မယ်။

Tools and Techniques apply in Modern Project Management
Scope management
1. Scope statement
2. Work breakdown structure (WBS)
3. Mind maps
4. Statements of work
5. Requirement analyses
6. Scope management plans
7. Scope verification techniques
8. Scope change controls
Time management
1. Gantt charts
2. Project network diagrams
3. Critical path analyses
4. Crashing
5. Fast tracking
6. Scheduling performance measurements
Cost management
1. Net present value (NPV)
2. Return on investment (ROI)
3. Payback analyses
4. Earn value management (EVM)
5. Project portfolio management
6. Cost estimates
7. Cost management plans
8. Cost baseline

စီမံကိန်းစီမံခန့်ခွဲမှု ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု Definition ပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်-

Global text ဖြစ်တဲ့ PMI(Project Management Institute) ကပြောထားတာက

"Project management is the application of knowledge. skills, tools, and techniques to project activities to meet the project requirements." ဟု ဆိုထားပါတယ်။

ရှေ့ပိုင်းက MPM မှာ Scientific tools and techniques တွေကြောင့် project management ကို စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို ဖြစ်စေခဲ့သလို Knowledge and Skills များ ကြောင့်လည်း ပိုမို ပြီး ထိရောက်မှု effectiveness ုဖြစ်စေခဲ့ပါတယ်။

Project management ဟာ Knowledge ခေတ်မှာ develop ဖြစ်လာတာရယ် Academician တွေရဲ့ research development ရယ်ကြောင့် အခုဆိုရင် management knowledge areas (10) ခုအထိ ဗဟုသုတရှိအောင် Project practitioner တစ်ယောက်အနေနဲ့ လေ့လာထားဖို့လိုပါမယ်။

Project practitioner တစ်ယောက် သိနားလည်ထားရမယ့် Management Knowledge areas (၁၀) ခုကတော PMI (PMBOK) အရ ပြောရရင်-

1. Project integration management
2. Scope management
3. Time management
4. Cost management
5. Quality management
6. HR management
7. Communication management
8. Procurement management
9. Risk management
10. Stakeholder management
တို့ဖြစ်ပါတယ်။

အဓိက ကတော့ management concepts တွေနဲ့ သက်ဆိုင်ရာ tools and techniques တွေကို ကျွမ်းကျွမ်ကျင်ကျင် အသုံးပြု တတ်ဖို့ ဖြစ်ပါတယ်။

7.10.2021

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Modern PMgt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Modern PMgt:

Share