11/05/2026
ရှင်းလင်းချက် ထုတ်ပြန်ခြင်း
( 9th May 2026 ) ရက်နေ့တွင် Group အတွင်း ပို့စ်တင်ကာ KDA ရဲ့ Customer ဟောင်းတစ်ဦးမှ Siri Felix (KDA DP) မျက်နှာကို အသုံးပြုပြီး KDA အပေါ် မဟုတ်မမှန် ပြောဆိုစွပ်စွဲခဲ့မှုနှင့် ပတ်သက်၍ အောက်ပါအတိုင်း အချက်အလက်အမှန်များကို ပြန်လည်ရှင်းလင်းအပ်ပါသည်။
ဖြစ်စဉ်အကျဉ်း
လုပ်ငန်းဆွေးနွေးမှုအခြေအနေ: ပို့စ်တင်သူသည် KDA ထံသို့ ကုမ္ပဏီဖွင့်လှစ်ရန် ကိစ္စရပ်များနှင့်
သိထားသင့်သည့် အချက်အလက်များကို လာရောက်ဆွေးနွေးခဲ့ပါသည်။
ဝန်ဆောင်မှုပေးမှု: KDA ဘက်မှလည်း ၎င်း၏ Business Plan များအတွက် အကြိမ်ကြိမ် အခါခါ လိုက်လံဆွေးနွေး အကြံပေးခဲ့ပြီးနောက်၊ **Customer ကိုယ်တိုင်က ကုမ္ပဏီဖွင့်လှစ်ရန် နောက်ဆုံး ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။**
တိုင်ပင်ဆွေးနွေးမှုအဆင့်ဆင့်:
ပထမအကြိမ် ဆွေးနွေးမှုကို Paid Consultation (ဝန်ဆောင်မှုကြေးဖြင့် ဆွေးနွေးမှု) ဘတ် 2000 အနေဖြင့် *KDA MD*မှ ဆောင်ရွက်ပေးခဲ့ပါသည်။
ဒုတိယအကြိမ်တွင် Paid Consultation (ဝန်ဆောင်မှုကြေးဖြင့် ဆွေးနွေးမှု) ဘတ် 2000 ကို *KDA MD*မှ ဆက်လက်လုပ်ဆောင်ခဲ့ပါသည်။
တတိယအကြိမ်တွင် Customer က KDA နှင့် ကုမ္ပဏီဖွင့်လှစ်မည်ဖြစ်ကြောင်း အတည်ပြုပြောကြားပြီးနောက် Consultation Fees မယူရန် တောင်းဆိုခဲ့သဖြင့် *KDA MD*မှ လိုက်လျောပေးခဲ့ပါသည်။
ထို့နောက် ကုမ္ပဏီမှတ်ပုံတင်ကြေး (Registration Fees) လွှဲပြောင်းပေးသွင်းပြီးသည့်နောက် စတုတ္ထအကြိမ်မြောက် ဆွေးနွေးမှုကိုလည်း ထပ်မံ၍ Siri Felix (KDA DP) မှ အခမဲ့ (Free) ဆောင်ရွက်ပေးခဲ့ပါသည်။
လုပ်ငန်းဆောင်ရွက်မှု: Customer ၏ တောင်းဆိုချက်အရ ကုမ္ပဏီဖွင့်လှစ်ရန် လုပ်ငန်းစဉ်များကို KDA ဘက်မှ အမြန်ဆုံး (Push လုပ်၍) ဆောင်ရွက်ပေးခဲ့ပါသည်။
ပြဿနာစတင်ပုံ: လုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် အချက်အလက်များ ထပ်မံတောင်းခံရာတွင် Customer ဘက်မှ မည်သည့်အချက်အလက်မျှ ပေးပို့ခြင်း မရှိတော့ပါ။
ငွေပြန်လည်တောင်းခံမှု: လအနည်းငယ် ကြာမြင့်ပြီးနောက်တွင်မှ Customer က ကုမ္ပဏီမဖွင့်လိုတော့ကြောင်း၊ ၎င်းကိုယ်တိုင် ရှာထားသည့် Nominee ပျောက်သွားကြောင်း အကြောင်းပြကာ ပေးသွင်းထားသည့် ငွေကြေး၏ ၉၀% ကို ပြန်လည်တောင်းခံခဲ့ပါသည်။
KDA ၏ မူဝါဒနှင့် ရပ်တည်ချက်
၁။ ဝန်ဆောင်မှုကြေး ဘတ် ၄၅,၀၀၀ ကို KDA ၏ ကုမ္ပဏီဘဏ်အကောင့် (Eng: KDA THAI-MYANMAR CONSULTANT CO.,LTD. l TH: บจ. เคดีเอ ไทย-เมียนมาร์ คอนซัลแตนท์) သို့ တရားဝင် လက်ခံရရှိခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ ကုမ္ပဏီအကောင့်သို့ ဝင်ရောက်လာသည့် ငွေပမာဏအပေါ် မူတည်၍ ကုမ္ပဏီမှ ပေးဆောင်ရမည့် အခွန် (Tax) ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အခြားစီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း သတ်မှတ်ချက်အတိုင်း လုပ်ဆောင်ပြီး ဖြစ်ပါသည်။
၂။ Refund မူဝါဒ: ကုမ္ပဏီ၏ မူဝါဒအရ အကြိမ်ကြိမ် အခါခါ အသေးစိတ်တိုင်ပင် ဆွေးနွေးပြီးမှသာ ဆုံးဖြတ်ချက်ချ ဆောင်ရွက်ပေးခြင်းဖြစ်သောကြောင့် အဆိုပါဝန်ဆောင်မှုအတွက် ငွေပြန်အမ်းပေးခြင်း (Refund) မရှိပါ။
၃။ ဖြေလျှော့ပေးမှု: သို့သော်လည်း နားလည်မှုပေးသောအားဖြင့် KDA ၏ Founder/MD ကိုယ်တိုင်က ၎င်း၏ Personal အကောင့်ထဲမှ ငွေကြေး ၁၀% ကို Customer ထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ပါသည်။
မှတ်ချက်:
အစပိုင်းလုပ်ငန်းစဉ် (Initial Procedure) များ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သလို၊ ကုမ္ပဏီ ဆက်လက်ဖွင့်/မဖွင့် ဆိုသည်မှာ Customer ၏ အချက်အလက်ပေးပို့မှုအပေါ်တွင်သာ မူတည်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် KDA အနေဖြင့် လုပ်ဆောင်ပေးရန် ပျက်ကွက်ခဲ့ခြင်းမျိုး လုံးဝမရှိကြောင်းနှင့် ယခုကဲ့သို့ အခြေအမြစ်မရှိ စွပ်စွဲပြောဆိုမှုများကိုသာ ပြန်လည်ဖြေရှင်းရခြင်း ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ အကယ်၍ တစ်ဖက်မှ ယခုကဲ့သို့ အခြေအမြစ်မရှိ စွပ်စွဲပြောဆိုမှုများကို ဆက်လက်ပြုလုပ်နေဦးမည်ဆိုပါက KDA အနေဖြင့် မိမိတို့၏ လုပ်ငန်းသိက္ခာကို ကာကွယ်သည့်အနေဖြင့် အဆိုပါ Customer ၏ ကုမ္ပဏီဖွင့်လှစ်ရန် ရည်ရွယ်ချက်များနှင့် ပတ်သက်သော ခိုင်လုံသည့် အထောက်အထား အချက်အလက်များကို လူသိရှင်ကြား ပြန်လည်ချပြ ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။