Financial Consulting by Daw Aye Aye Myat

Financial Consulting by Daw Aye Aye Myat Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Financial Consulting by Daw Aye Aye Myat, Consulting Agency, Yangon.

Happy Saturday ပါရှင်။ ☕🌿ရုံးပိတ်ရက် စနေနေ့ မနက်ခင်းလေးမှာ ချစ်ရတဲ့သူတွေနဲ့အတူ ကော်ဖီပူပူလေးသောက်ရင်း၊ စိတ်ကိုအေးအေးလေးထ...
13/06/2026

Happy Saturday ပါရှင်။ ☕🌿
ရုံးပိတ်ရက် စနေနေ့ မနက်ခင်းလေးမှာ ချစ်ရတဲ့သူတွေနဲ့အတူ ကော်ဖီပူပူလေးသောက်ရင်း၊ စိတ်ကိုအေးအေးလေးထားပြီး အပန်းဖြေနေကြပြီလားရှင်။
တစ်ပတ်တာလုံး တာဝန်တွေ၊ အလုပ်တွေနဲ့ အချိန်ပေးခဲ့ရတဲ့နောက်မှာ ဒီလို အေးဆေးတဲ့အချိန်လေး ရောက်လာတဲ့အခါ ကျွန်မ မကြာခဏ တွေးမိတာလေးတစ်ခုရှိပါတယ်။ အဲဒါကတော့ "စိတ်အေးချမ်းသာမှု (Peace of Mind)" ဆိုတာ ဘယ်ကလာသလဲဆိုတာပါပဲ။
ကျွန်မတို့ လူငယ်ဘဝတွေမှာ ကိုယ်ပိုင်အိပ်မက်တွေ၊ ကြိုးစားရှာဖွေထားတဲ့ အရာတွေ ခိုင်ခိုင်မာမာရှိနေဖို့ လိုအပ်သလို... မိဘအရွယ်၊ သားသမီးအရွယ်မှာတော့ ကိုယ့်ရဲ့ အချစ်ဆုံးသူတွေ ဘဝတစ်လျှောက်လုံး အဆင်ပြေပြေနဲ့ လုံခြုံနွေးထွေးစွာ နေသွားနိုင်ဖို့က အဓိကပဲ မဟုတ်လားရှင်။
တကယ်တော့ ကိုယ်ချစ်ရတဲ့သူတွေအတွက် အကောင်းဆုံးလက်ဆောင်ဟာ ပစ္စည်းဥစ္စာတွေထက် "ဘယ်အခြေအနေမျိုးမှာမဆို စိတ်ပူစရာမလိုဘဲ အားကိုးရမယ့် လုံခြုံစိတ်ချမှု" ကို ပေးထားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဘဝဆိုတာ မရေရာပေမဲ့ ကျွန်မတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကတော့ အမြဲတမ်း ခိုင်မြဲနေဖို့ လိုပါတယ်။
ဒီနေ့လို အားလပ်ရက်လေးမှာ ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ရဲ့ အချစ်ဆုံး မိသားစုအတွက်ပါ အနာဂတ်ကို ပိုပြီး စိတ်အေးလက်အေးဖြစ်စေမယ့် "ဘဝရဲ့ လုံခြုံရေးတံတိုင်း" လေးတွေကို ဘယ်လို စနစ်တကျ တည်ဆောက်မလဲဆိုတာ အေးအေးဆေးဆေး တိုင်ပင်ဆွေးနွေးချင်ပါတယ်ဆိုရင်ဆက်သွယ်လို့ရပါတယ်နော်
Inbox လေးမှာ စောင့်ကြိုနေပါ့မယ်ရှင်။ ဒီနေ့လေးက စလို့ စိတ်နှလုံးအေးချမ်းမှုတွေ အပြည့်နဲ့ ပြည့်စုံတဲ့ ပိတ်ရက်လေး ဖြစ်ပါစေ။ 🤍✨

Daw Aye Aye Myat
Financial Services Associate Director
🏆MDRT-2023
🏆MDRT-2024
🏆MDRT-2025
🏆Primer Club Member

Phone-(+95)95114073
WhatsApp-(+95)95114073
Email-dawayeaye-
[email protected]





နေ့လယ်စာ စားရင်း သတိရလို့ မျှဝေပါရစေ…အခုပဲ ချစ်ရတဲ့ Single Mom အစ်မတစ်ယောက် သူ့ရဲ့ ရင်သွေးလေး အနာဂတ်အတွက် ပညာရေး ဆုံးခန်...
12/06/2026

နေ့လယ်စာ စားရင်း သတိရလို့ မျှဝေပါရစေ…အခုပဲ ချစ်ရတဲ့ Single Mom အစ်မတစ်ယောက် သူ့ရဲ့ ရင်သွေးလေး အနာဂတ်အတွက် ပညာရေး ဆုံးခန်းတိုင်စေမယ့် AIA ရဲ့ အကောင်းဆုံး Plan လေးတစ်ခုကို သေချာ တွက်ချက် ပြင်ဆင်ပေးနေပါတယ်
အစ်မပြောသွားတာလေးက ရင်ထဲ ထိရှလွန်းလို့... 'ညီမလေးရယ်... မမ မရှိရင်တောင် ကလေးလေးကိုတော့ ပညာတတ်ကြီး ဖြစ်စေချင်တယ်.. ဒါမှ စိတ်အေးရမှာ' တဲ့။
ဟုတ်ပါတယ်... မိခင်တစ်ယောက်ရဲ့ မေတ္တာဆိုတာ အကန့်အသတ် မရှိပါဘူး..အခုအချိန်မှာလူတော်တော်များများကဘဝကိုကြိုးစားရုန်းကန်နေရလို့
သားသမီးလေးတွအတွက် အနာဂတ် plan လေးတွေကိုမစဉ်းစားနိုင်သေးတဲ့မေမေတွေအများကြီးရှိပါတယ်..အစ်မကလည်းအရမ်းကိုငွေကြေးချမ်းသာအဆင်ပြေနေတဲ့သူထဲမှာမပါပါဘူး
ဒါပေမယ့် ကလေးလေးအပေါ်မှာထားတဲ့သူမရဲ့ချစ်ခြင်းမေတ္တာတရားကတော့
တကယ့်ကိုချီးကျူးစရာကောင်းလှပါတယ်..ကဲ မေမေတို့ရေ
နေ့လယ်ခင်း အလုပ်နားချိန်လေးမှာ သားသမီးလေးတွေရဲ့အနာဂတ်အတွက် စိတ်အေးချမ်းသာမှု၊လုံခြုံမှုလေးတွေ ရချင်တယ်ဆိုရင် မမီးကို ဆက်သွယ်လိုက်ပါရှင့်
Plan လေးတွေ ကိုလည်းသေသေချာချာလေးတိုင်ပင်ရွေးချယ် ဆွေးနွေးပေးမှာမို့Cb (0r) phone ဆက်ပြီး appointment ရယူလို့ရပါတယ်ရှင်📝✨"

Daw Aye Aye Myat
Financial Services Associate Director
🏆MDRT-2023
🏆MDRT-2024
🏆MDRT-2025
🏆Primer Club Member

Phone-(+95)95114073
WhatsApp-(+95)95114073
Email-dawayeaye-
[email protected]






@

❝ အမျိုးသမီးတစ်ယောက်ရဲ့ အကြီးမားဆုံး အလှတရားက လုံခြုံစိတ်ချရတဲ့ နောက်ခံ ရှိခြင်းပါပဲ ❞မိဘတွေအတွက်အားကိုး၊အားထားရတဲ့သမီးတ...
11/06/2026

❝ အမျိုးသမီးတစ်ယောက်ရဲ့ အကြီးမားဆုံး အလှတရားက လုံခြုံစိတ်ချရတဲ့ နောက်ခံ ရှိခြင်းပါပဲ ❞
မိဘတွေအတွက်အားကိုး၊အားထားရတဲ့သမီးတစ်ယောက်၊သားသမီး(၃)ယောက်ရဲ့အနာဂတ်ကိုအကောင်းဆုံးပုံဖော်ပေးနေတဲ့မိခင်တစ်ယောက်ဖြစ်နေခဲ့တဲ့ ကျွန်မ... လွန်ခဲ့တဲ့ ၄ နှစ်က မေးခွန်းလေးတစ်ခု ကိုယ့်ကိုယ်ကိုယ် မေးခဲ့ဖူးတယ်။
"တစ်နေ့နေ့ ကျွန်မမရှိတော့ရင်ပဲဖြစ်ဖြစ်၊ကျန်းမာရေးကြောင့်အိပ်ယာထဲလဲသွားခဲ့ရင်ပဲဖြစ်ဖြစ်... ငါ့မိဘတွေ ဘယ်သူ့ကို အားကိုးမလဲ? ငါ့သားသမီးတွေရဲ့ ပညာရေးနဲ့ အနာဂတ်တွေကရော ဘာတွေဖြစ်သွားနိုင်မလဲ?"
အဲဒီလိုတာဝန်ယူတတ်တဲ့စိတ်နဲ့မိသားစုကိုချစ်တဲ့စိတ်တွေကြောင့်ပူပန်မှုများစွာရှိခဲ့ပါတယ် ..အဲဒီအချိန်မှာပဲ ခင်မင်ရင်းနှီးရတဲ့ AIA က အစ်မ တစ်ယောက်က AIA ရဲ့ Universal Life (ဘဝတသက်တာအာမခံ )ကို လာပြီးပြောပြပေးတဲ့အချိန်မှာ ကိုယ်ရှာဖွေနေခဲ့တဲ့ အချက်အလက်တွေက AIA ရဲ့ အသက်အာမခံထဲမှာပါနေတဲ့အတွက်ကြောင့် ချက်ခြင်းပဲစီစဉ်ထားဖြစ်ခဲ့ပါတယ်…ဒီနေ့အထိဆိုရင် ၄ နှစ်ကျော်ရှိခဲ့ပါပြီ။ ရင်ထဲမှာ ရရှိခဲ့ရတဲ့ လုံခြုံအေးချမ်းမှုကြီးက စကားလုံးတွေနဲ့တောင်ဖော်ပြလို့မရနိုင်အောင်ပါပဲ..peace of mind တကယ်ကိုဖြစ်ခဲ့ရတာပါ(ဘာကြောင့်လဲဆိုတာကိုနောက်အပိုင်းတွေမှာပြောပြပေးသွားပါမယ်)
ချစ်ရတဲ့ အမျိုးသမီးများရှင့်... ကျွန်မတို့ဟာ ကဏ္ဍအသီးသီးမှာ မတူညီတဲ့ တာဝန်တွေနဲ့ ရုန်းကန်နေကြရပါတယ်
🍀တစ်ကိုယ်တော် ရုန်းကန်နေရတဲ့ Single Mom များရှိပါသလား??
ကလေးတွေရဲ့ ကမ္ဘာမှာ သင်ဟာ သူတို့လေးတွေရဲ့မိုးကောင်းကင်ကြီးပါ။ သင်မရှိတဲ့တစ်နေ့ကျရင်တောင် သားသမီးရဲ့ ပညာရေးနဲ့ ရှင်သန်မှုတွေ လမ်းမပျောက်စေဖို့ မိခင်တစ်ယောက်ရဲ့ အကြီးမားဆုံး မေတ္တာအမွေကို အသက်အာမခံနဲ့ ကြိုတင်ဖန်တီးစီမံပေးထားလို့ ရပါတယ်…
🍀မိဘနဲ့သားသမီး၊မောင်နှမများကို ပြုစုလုပ်ကိုင်စောင့်ရှောက်ပေးနေရတဲ့ အိမ်ရဲ့ဦးစီး အမျိုးသမီးများရှိပါသလား??
သင်ဟာ အိမ်ရဲ့ ပင်မမောင်းနှင်အား (Financial Pillar) ပါ။ ကိုယ့်အရှိန်နဲ့ကိုယ် လည်ပတ်နေတဲ့ အိမ်တစ်အိမ် မှာသင်ရှိနေရင် မိသားစုအတွက်အရာရာဖြည့်ဆည်းပေးနိုင်ပေမယ့်သင်မကျန်းမာတော့တဲ့အခါ၊အလုပ်မလုပ်နိုင်တော့တဲ့အခါမိသားစုရဲ့ဘဝတွေကို ကြီးမားတဲ့ငွေကြေးအခက်အခဲတွေနဲ့ သားသမီးရဲ့ပညာရေးတွေရပ်တန့်မသွားစေဖို့ ကြိုတင်ကာကွယ်စီမံပေးထားသင့်ပါတယ်…
🍀 "ငါကတော့ အိမ်ရှင်မပဲ၊ ဘာမှမလုပ်တတ်ဘူး" ဆိုပြီး အားငယ်နေတဲ့ အစ်မတွေ၊ညီမတွေရှိပါသလား??
အမျိုးသား ရှာဖွေကျွေးမွေးတာကိုပဲ အမှီပြုနေရလို့ အားမငယ်ပါနဲ့။ ကိုယ့်ရဲ့အသိ၊ပညာ ၊ဗဟုသုတတွေနဲ့မိသားစုတစ်ခုလုံးရဲ့ကျန်းမာရေး၊လူမှုရေး၊စီးပွါးရေးတွေကိုသင်ကိုယ်တိုင်စီမံပေးလို့ရနေပါပြီ…ဝင်ငွေစီးကြောင်းကြီး ရုတ်တရက် ရပ်တန့်မသွားအောင် အိမ်တွင်းကနေ အသက်အာမခံနဲ့ မိသားစုအတွက် အခိုင်မာဆုံး လုံခြုံရေးတံတိုင်းကြီးကို အမျိုးသမီးပီပီ အမြော်အမြင်ရှိရှိ တည်ဆောက်ပေးထားလို့ ရပါတယ်။
🍀Loan (ချေးငွေ) တွေနဲ့ စီးပွါးရေးလုပ်ငန်းကြီးတွေမှာလည်ပါတ်နေရတဲ့လုပ်ငန်းရှင်များရှိပါသလား??
စီးပွားရေးလောကထဲ ရဲရဲဝံ့ဝံ့ ခြေစုံပစ်ဝင်ထားတဲ့ သင့်ရဲ့ အရဲစွန့်မှုတွေနောက်မှာ အကောင်းဆုံးတွေကိုလည်းမိသားစုအတွက်ဖန်တီးပေးနိုင်သလို…မမြင်ထားနိုင်တဲ့ Risk တစ်ခုခုနဲ့ကြုံတွေ့ခဲ့ရင်တောင် မိသားစုဆီ ဝန်ထုတ်ဝန်ပိုးတွေပုံမကျသွားစေဖို့ Back-up Plan ရှိထားဖို့လိုအပ်လှပါတယ်
အမျိုးသမီးတွေရဲ့ မိခင်မေတ္တာဆိုတာ ကိုယ်ရှိနေချိန်တင်မကဘူး၊ ကိုယ်မရှိတော့တဲ့ အနာဂတ်အထိပါ ကာကွယ်ပေးနိုင်တာမျိုး ဖြစ်ရပါမယ်

၄ နှစ်တာ လက်တွေ့အေးချမ်းမှုကို ခံစားနေရတဲ့ အမျိုးသမီး ငွေကြေးဆိုင်ရာ ကျွမ်းကျင်သူ အကြံပေးတစ်ယောက်အနေနဲ့ သင့်ရဲ့ စီးပွါးရေး၊အိမ်ထောင်ရေး၊လူမှုရေးအခြေအနေတွေအပေါ် စနစ်တကျတွက်ချက်ပြီး ..လိုအပ်ချက်အလိုက် Financial Planning တွေကို စနစ်တကျ တွက်ချက်စီမံဆောင်ရွက်ပေးနေပါပြီ

💬 ချစ်ရတဲ့ အမျိုးသမီးထုကြီးရဲ့ အနာဂတ် လုံခြုံရေးနဲ့သားသားမီးမီးလေးတို့အတွက် အခုပဲ Cb ကနေပဲဖြစ်ဖြစ် …Office ကိုလာပြီးတော့ပဲဖြစ်ဖြစ် ညီအမတွေလိုနွေးထွေးပွင့်လင်းစွာတိုင်ပင်ဆွေးနွေးနိုင်ပါတယ်ရှင့်

Daw Aye Aye Myat
Financial Services Associate Director
🏆MDRT-2023
🏆MDRT-2024
🏆MDRT-2025
🏆Primer Club Member

Phone-(+95)95114073
WhatsApp-(+95)95114073
Email-dawayeaye-
[email protected]







မိသားစုရဲ့ဦးဆောင်သူ သူရဲကောင်းများသို့ ☀️✨မင်္ဂလာရှိတဲ့ နေ့သစ်မနက်ခင်းလေးပါရှင့်အိမ်တစ်အိမ်ရဲ့ မနက်ခင်းဟာ အများသူငါ မနို...
06/06/2026

မိသားစုရဲ့ဦးဆောင်သူ သူရဲကောင်းများသို့ ☀️✨
မင်္ဂလာရှိတဲ့ နေ့သစ်မနက်ခင်းလေးပါရှင့်
အိမ်တစ်အိမ်ရဲ့ မနက်ခင်းဟာ အများသူငါ မနိုးခင် သို့မဟုတ် အများသူငါ မလှုပ်ရှားခင် ကတည်းက... အိမ်ကို ဦးဆောင်နေရတဲ့သူတွေရဲ့ စိတ်ကူးတွေ၊စီမံမှုတွေ၊ ရုန်းကန်မှုတွေနဲ့ အရင်ဆုံး နိုးထလေ့ရှိပါတယ်..

မိသားစုတစ်ခုကို၊ အိမ်တစ်အိမ်ကို ဦးဆောင်ရတယ်ဆိုတာ "ကိုယ့်ရဲ့ ပခုံးနှစ်ဖက်ပေါ်မှာ တခြားသူတွေရဲ့ အပြုံးနဲ့ စိတ်အေးချမ်းမှုတွေကို တာဝန်ယူထားရခြင်း" ပါပဲ။ ဒါဟာ အင်မတန် အင်အားကြီးမားသလို၊ တစ်ခါတရံမှာလည်း အထီးကျန်ပြီး ပင်ပန်းရတတ်ပါတယ်..
ဒီနေ့မနက်ခင်းမှာ အိမ်ကိုဦးဆောင်နေရတဲ့ သူရဲကောင်းတွေကို ကျွန်မ ဒီအတွေးအခေါ်လေးတစ်ခုနဲ့ အားအင်လေးဖြည့်ပေးချင်ပါတယ်

"ကျောက်နံရံတစ်ခု ခိုင်ခံ့နေမှသာ အဲဒီအမိုးအောက်ကလူတွေ စိတ်အေးလက်အေး အိပ်စက်နိုင်မှာ ဖြစ်သလို၊ အိမ်ကို ဦးဆောင်နေတဲ့ သင့်ရဲ့ စိတ်ခွန်အားနဲ့ ကျန်းမာရေးဟာလည်း မိသားစုတစ်ခုလုံးရဲ့ အတောက်ပဆုံးသော စွမ်းအင်ပါပဲ"

တခြားသူတွေကို ဂရုစိုက်ဖို့၊ ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးဖို့ ကြိုးစားနေရင်း... ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ဖို့၊ ကိုယ့်ရဲ့ စိတ်ဓာတ်ကိုလည်း ပြန်လည်ပြုစုပျိုးထောင်ဖို့ မမေ့ပါနဲ့။ သင် စိတ်ခွန်အားပြည့်ဝနေမှသာ သင့်နောက်က မိသားစုဟာလည်း ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းနိုင်မှာပါ….

ဒီနေ့ နေ့သစ်မှာ တာဝန်တွေကို အပြုံးနဲ့ရင်ဆိုင်ဖို့၊ အခက်အခဲတွေကို ပညာနဲ့ကျော်ဖြတ်ဖို့ သင့်ရင်ထဲမှာ အားအင်တွေ ပြည့်လျှံနေပါစေ…သင်ဟာ တစ်ဦးတစ်ယောက်တည်း ရုန်းကန်နေရတာ မဟုတ်ပါဘူး။ သင့်ရဲ့ ပေးဆပ်မှုတိုင်းဟာ သင့်မိသားစုရဲ့ ကမ္ဘာငယ်လေးကို လှပစေတဲ့ အဓိပ္ပာယ်ရှိတဲ့ အရာတွေ ဖြစ်ပါတယ်။
မိသားစုရဲ့ မဏ္ဍိုင်ကြီးများအားလုံး နေ့သစ်မှာ စိတ်ရွှင်လန်း၊ ကိုယ်ကျန်းမာစွာနဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်ကြပါစေရှင့်😍

ကျွန်မအနေနဲ့ ကျွန်မရဲ့ Team Members တွေ ပိုပြီးတိုးတက်အောင်မြင်လာဖို့ အတွက် အကောင်းဆုံး သော learning opportunities တွေကိ...
06/03/2026

ကျွန်မအနေနဲ့ ကျွန်မရဲ့ Team Members တွေ ပိုပြီးတိုးတက်အောင်မြင်လာဖို့ အတွက် အကောင်းဆုံး သော learning opportunities တွေကို အမြဲဖန်တီးပေးချင်ပါတယ်💁‍♀️

Modern Insurance Industry ထဲမှာ AI ကို နားလည်ပြီး အသုံးချနိုင်ခြင်း က အရမ်းအရေးကြီးလာတဲ့အတွက်
“AI Training for Modern Insurance Agents – Unlocking the Power of Artificial Intelligence” ကို စီစဉ်ပေးထားပါတယ်

ဒီ training ကို ဂျာမနီကနေ မအားတဲ့ကြားထဲက အချိန်ပေးပြီး knowledge share လုပ်ပေးမယ့် Certified Technical Trainer Tr Khin Thaw Thaw Win ကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင်🙏

ကျွန်မရဲ့ ရည်ရွယ်ချက်ကတော့
ကျွန်မရဲ့ Team Members တွေ ပိုပြီးတိုးတက်ပြီး အောင်မြင်တဲ့ Professionals တွေ ဖြစ်လာဖို့ ပဲ ဖြစ်ပါတယ်🌟⚡️✨

အတူတူ သင်ယူကြမယ်၊ အတူတူ ကြီးထွားကြမယ်၊ အတူတူ အောင်မြင်ကြမယ်💪🏻💪🏻



Address

Yangon

Website

Alerts

Be the first to know and let us send you an email when Financial Consulting by Daw Aye Aye Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share