Dr Khin Khin Aye - Education Consultancy

Dr Khin Khin Aye - Education Consultancy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Khin Khin Aye - Education Consultancy, Consulting Agency, GEMS Condo, Thazin Road, Hlaing Tsp, Yangon.

G12 အောင်မြင်သူများနဲ့ Level​6 UK university transcripts ရှိသူများအတွက် Asia Pacific University (APU) ဝင်နိုင်တဲ့ အခွင့်...
02/03/2026

G12 အောင်မြင်သူများနဲ့ Level​6 UK university transcripts ရှိသူများအတွက် Asia Pacific University (APU) ဝင်နိုင်တဲ့ အခွင့်အရေးများ ရှိပါတယ်

Happy Thingyan New Year💧မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ သားတို့၊ သမီးတို့ အားလုံး ဘေးဘယာတွေ ဝေးကွာပြီး ချစ်ခင်ရတဲ့မိသာ...
12/04/2025

Happy Thingyan New Year💧

မြန်မာ့နှစ်သစ်ကူး အချိန်အခါသမယမှာ သားတို့၊ သမီးတို့ အားလုံး ဘေးဘယာတွေ ဝေးကွာပြီး ချစ်ခင်ရတဲ့မိသားစုများနှင့် အတူတူ ဖြတ်သန်းနိုင်ပါစေ...နှစ်သစ်မှ စတင်ပြီး သားတို့၊ သမီးတို့ ရည်မှန်းရာ ပညာရေးပန်းတိုင်အသီးသီးကို ကြိုးစား‌ရောက်ရှိနိုင်ကြပါစေကြောင်း တီချယ်ကြီးမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🍀

Swinburne University of Technology, Sarawak ✨🏢Swinburne University of Technology, Melbourne Australia ရဲ့  International...
13/03/2025

Swinburne University of Technology, Sarawak ✨

🏢Swinburne University of Technology, Melbourne Australia ရဲ့ International Campus ခွဲ တစ်ခု ဖြစ်ပြီး Foundation ကနေ Post Graduate အထိ program များအားလုံးကို Home Campus Melbourne ရှိ သင်ရိုးညွှန်းတမ်းများအတိုင်း Malaysia Campus မှာ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံ Sarawark ပြည်နယ်၊ Kuching မြို့မှာ တည်ရှိပြီး ၂၀၀၀ ခုနှစ်တွင် Sarawark ပြည်နယ် အစိုးရနဲ့ Swinburne Australia တို့က ပူးပေါင်းတည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ Ranking အနေနဲ့ ဆိုရင်လည်း World Top Universities 300 ထဲက ပါဝင်ပြီး အာရှအပါအဝင် နိုင်ငံပေါင်း ၆၀ ကျော်က International students များ လက်ရှိ ပညာသင်ကြားလျက် ရှိပါတယ်။ Engineering , Business, Computing, Design စတဲ့ ဘွဲ့ကြို၊ ဘွဲ့ လွန် program ပေါင်းများစွာ ရှိပြီး Malaysia Campus မှာပဲ ဘွဲ့ရသည်အထိ တက်ရောက်နိုင်သည့် အပြင် Australia Campus မှာလည်း transfer လုပ်ပြီး တက်ရောက်နိုင်ပါတယ်။ ဒါ့အပြင် Second year နဲ့ အထက် Undergraduate ကျောင်းသားတွေဟာ Home Campus ဖြစ်တဲ့ Swinburne University of Technology, Melbourne မှာ Exchange Program များ သွားရောက်နိုင်မှာ ဖြစ်ပါတယ်။ Kuching ရဲ့ အဓိက အားသားချက်တစ်ခုက တစ်ခြား Malaysia မြို့တွေထက် Living Cost သက်သာပြီး ကျောင်းသားတွေအတွက် Safety ဖြစ်တဲ့ Environment ဖြစ်တာပဲဖြစ်ပါတယ်။

🏢ဒါကြောင်မို့ UK, USA , Australia နိုင်ငံကြီးများရဲ့ အဆင့်မြင့် ပညာရေးကို အာရှအနီးအနားမှာပဲ ကုန်ကျစရိတ်သက်သာစွာ သင်ယူချင်တယ်ဆိုရင်တော့ Swinburne ဟာ သားတို့/ သမီးတို့ ရွေးချယ်သင်တဲ့ တက္ကသိုလ်ပဲ ဖြစ်ပါတယ်။

✅Entry Requirement အနေနဲ့

1) မြန်မာ ဆယ်တန်းအောင်
2) IGCSE O Level
3) IGCSE A Level ပြီးထားတဲ့ သားတို့ သမီးတို့ တက်ရောက်နိုင်ပါတယ်။

High School နဲ့ O Level ပြီးထားတဲ့ သားတို့ သမီးတို့က Foundation one year program များ ကို အရင်တက်ရောက်ရမှာ ဖြစ်ပါတယ်။
👉ကျောင်းဝင်ခွင်နဲ့ ပတ်သက်ပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ Page Messenger မှာ အခမဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။

Happy Chinese New Year! May fortune favor you at every step and abundance of happiness always find its way to you! Gong ...
29/01/2025

Happy Chinese New Year! May fortune favor you at every step and abundance of happiness always find its way to you! Gong Xi Fa Cai!

Prestigious QS World University Rankings 2025 Top 50 universities ထဲမှာ ပါဝင်လာတဲ့  Monash University Malaysia ✨Monash U...
27/01/2025

Prestigious QS World University Rankings 2025 Top 50 universities ထဲမှာ ပါဝင်လာတဲ့ Monash University Malaysia ✨

Monash University, Malaysia Campus ဟာ Australia ရဲ့ နာမည်အကြီးဆုံး university တစ်ခုဖြစ်တဲ့ Monash University ရဲ့ တတိယ အကြီးဆုံး International Campus ဖြစ်ပါတယ်။ Self- accrediting university တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၇၉ နိုင်ငံကျော်က ကျောင်းသားပေါင်း ၁၀၀၀၀ ကျော်ကို Business, Commerce, Computing, Engineering စတဲ့ ဘွဲ့ကြို၊ ဘွဲ့လွန် program ပေါင်းများစွာကို ပို့ချလျက်ရှိပါတယ်။

Monash ကို ရွေးချယ်သင့်တဲ့ ပထမဆုံး အချက်ကတော့ Malaysian Ministry of Education နဲ့ the Malaysian Qualifications Agency တို့ရဲ့ အသိအမှတ်ပြုအပြင် Australian Tertiary Education Quality and Standards Agency (TEQSA) စတဲ့ အဖွဲ့အစည်းများကပါ recognize လုပ်ထားတဲ့ ဂုဏ်သိက္ခာကြီးမားတဲ့ တက္ကသိုလ်တစ်ခုဖြစ်တာကြောင့် ဖြစ်ပါတယ်။နောက်ပြီး High quality, Research- oriented ဖြစ်တဲ့ ဆရာ/ ဆရာမတွေ ၊ academic staff တွေနဲ့ လည်ပတ်သင်ကြားလျက် ရှိပါတယ်။ Australia , UK စတဲ့ နိုင်ငံကြီးတွေက အဆင့်မြင့်ပညာရေးကို အာရှ အနီးအနားမှာပင် ကုန်ကျစရိတ် သက်သာစွာနဲ့ သွားရောက်သင်ယူချင်တဲ့ သားတွေ၊ သမီးတွေ အတွက် Monash University, Malaysia ဟာ အကောင်းဆုံး ရွေးချယ်မှု တစ်ခု ဖြစ်မှာ သေချာပါတယ်။

Monash မှာ တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေ၊ ကုန်ကျစရိတ် အသေးစိတ်တွေကိုတော့ တီချယ့် messenger မှာ လာရောက် စုံစမ်းနိုင်ပါ‌တယ်။
တစ်ယောက်ချင်းစီကို အသေးစိတ်သေချာ ဆွေး‌နွေးပေးမှာ ဖြစ်ပါတယ်။

08/01/2025

Teaching နယ်ပယ်ကဆိုရင် ‌ဒါတွေကို မလေ့လာဘဲမနေပါနဲ့ 🧑‍🏫

▪︎▪︎▪︎ Teacher တစ်ယောက်အနေနနဲ့ နယ်ပယ်တစ်ခုမှာ ပညာရည်ပြည့်ဝနေအောင် တက်ထားသင့်တဲ့ Program တွေနဲ့ အရည်အချင်းတွေ တိုးတက်စေမဲ့ Course တွေကို မျှဝေပေးလိုက်ပါတယ် ✨

ဒီအတန်းတွေကနေ Certificate လည်း ရမှာဖြစ်လို့ ကိုယ့်အရည်အချင်းကို အသိအမှတ်ပြုကြောင်းလည်း ဖော်ပြနိုင်ပါတယ်။

Ctrl List ရဲ့ စိတ်ချရတဲ့ Notary Service
⬇️⬇️⬇️
https://www.facebook.com/share/hMDD83emjWaq9dzA/?mibextid=WC7FNe

🤳 Coursera

Teaching နဲ့ပတ်သက်ပြီး နိုင်ငံခြားထိပ်တန်းတက္ကသိုလ်တွေက ပို့ချထားတဲ့ Coursera ရဲ့ သင်ခန်းစာတွေ 💁

https://www.coursera.org/learn/getinmooc

https://www.coursera.org/learn/teaching

https://www.coursera.org/learn/teacher-relationships

https://www.coursera.org/professional-certificates/arizona-state-university-tesol

Ctrl Listရဲ့ classများ….

https://www.facebook.com/share/p/f7G44KVunRsZsFEe/?mibextid=WC7FNe

https://m.facebook.com/story.php?story_fbid=1585245042107396&id=100018657475838

🤳 Alison

Certificate Free ရနိုင်မဲ့ Alison က သင်ခန်းစာတွေ 💁

https://alison.com/course/working-with-students-with-special-educational-needs-revised

https://alison.com/course/learning-support-assistant-lsa-training

https://alison.com/course/montessori-teaching-fundamental-concepts-and-principles

ဆေးပညာ ဘာသာရပ်ကို စိတ်ဝင်စားတယ်။ ဝေးဝေးလည်း မသွားချင်ဘူး။ အာရှ အနီးအနားမှာပဲ အနောက်နိုင်ငံများရဲ့  အဆင့်မြင့်ပညာရေးကို ရ...
06/01/2025

ဆေးပညာ ဘာသာရပ်ကို စိတ်ဝင်စားတယ်။ ဝေးဝေးလည်း မသွားချင်ဘူး။ အာရှ အနီးအနားမှာပဲ အနောက်နိုင်ငံများရဲ့ အဆင့်မြင့်ပညာရေးကို ရယူလိုတယ်ဆိုရင်တော့ မလေးရှားနိုင်ငံမှာ ရှိတဲ့ RUMC ဟာ သားတို့ သမီးတို့ ထည့်သွင်းစဉ်းစားရမယ့် တက္ကသိုလ် တစ်ခုဖြစ်ပါတယ်။

👉RUMC Malaysia Campus ဟာ Royal College of Surgeons in Ireland နဲ့ University College Dublin UCD Asia တို့ ပူးပေါင်း ဖွင့်လှစ်ထားတဲ့ campus ဖြစ်ပြီး ထူးချွန်တဲ့ alumini ပေါင်း 2000 ကျော်ကို မွေးထုတ်ခဲ့နိုင်ပြီး ဖြစ်ပါတယ်။ Penang မှာတည်ရှိပြီး 1996 မှာ စတင်တည်ထောင် ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ Malaysia Medical Council နဲ့ Irish Medical Council တို့ရဲ့ အသိအမှတ်ပြုခြင်း ခံထားရတဲ့အတွက် school year တွေ ပြီးတဲ့ အခါမှာလည်း Internship , House Officer, Housemanship စတဲ့ အလုပ်သင်အခွင့်အလမ်းများစွာလည်း ရှိနေမှာဖြစ်ပါတယ်။

👉Requirement အနေနဲ့

1) မြန်မာ ဆယ်တန်းအောင်
2) IGCSE 0/ A Level (Foundation in Science)
ပြီးထားတဲ့ သားတို့ သမီးတို့ တက်ရောက်နိုင်ပါတယ်။

High School နဲ့ O Level ပြီးထားတဲ့ သားတို့ သမီးတို့က RUMC ရဲ့ Foundation in Science 1 year program ကို အရင်တက်ရောက်ရမှာ ဖြစ်ပါတယ်။

ကျောင်းလခ အသေးစိတ် နဲ့ တခြားလိုအပ်မယ့် အချက်အလက်တွေကို တီချယ်တို့ဆီ Page Messenger မှ သော်လည်းကောင်း ၊ Viber Number - 09761507928 မှသော်လည်းကောင်း message ရေးသားပေးပို့ တိုက်ရိုက်ဆွေးနွေးလို့ရပါတယ်။

မနေ့က မော်လမြိုင်မြို့  Uplift Your Skills Here GED သင်‌တန်းကျောင်းမှာ GED တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူများအတွက် G...
25/10/2024

မနေ့က မော်လမြိုင်မြို့ Uplift Your Skills Here GED သင်‌တန်းကျောင်းမှာ GED တက်ရောက်နေတဲ့ ကျောင်းသား/ကျောင်းသူများအတွက် GED အပြီးဆက်လက်တက်ရောက်နိုင်မယ့် တက္ကသိုလ် တွေ၊ နောက် ဘာသာရပ်‌‌ ရွေးချယ်မှု‌ စတာတွေနဲ့ ပတ်သက်ပြီး GED ကျောင်းသား/သူတွေအတွက် အသုံးဝင်မယ့် global education pathway ‌တွေကို တီချယ်ဝေမျှ‌ဖြစ်ခဲ့ပါတယ်။

✨သီတင်းကျွတ်ဆုမွန်‌ကောင်း✨သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ သားတို့ သမီးတို့အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းမ...
17/10/2024

✨သီတင်းကျွတ်ဆုမွန်‌ကောင်း✨

သီတင်းကျွတ်လပြည့်နေ့အခါသမယမှာ သားတို့ သမီးတို့အားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနှင့် ပြည့်စုံကာ လိုရာ ပန်းတိုင်ကို အမြန်ဆုံး အောင်မြင်ရောက်ရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

မနက်ဖြန် မော်လမြိုင်မြို့၊  LifeLong Learning ကျောင်း ရဲ့ 'Global  Education Pathways Seminar' မှာ တီချယ် ရှိနေမှာပါ။ လာ...
10/10/2024

မနက်ဖြန် မော်လမြိုင်မြို့၊ LifeLong Learning ကျောင်း ရဲ့ 'Global Education Pathways Seminar' မှာ တီချယ် ရှိနေမှာပါ။
လာရောက်ကြဖို့ ဖိတ်ခေါ်ပါတယ်။

Address

GEMS Condo, Thazin Road, Hlaing Tsp
Yangon

Telephone

+959791261520

Website

Alerts

Be the first to know and let us send you an email when Dr Khin Khin Aye - Education Consultancy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share