WH Howto recruitment

WH Howto recruitment Warehouse နယ်ပယ်သီးသန့်အတွက် အကျိူးအမြတ်မယူပဲ အခမဲ့အလုပ်ကြော်ငြာတင်ပေးတဲ့နေရာဖြစ်ပါတယ်။

23/11/2024
11/10/2024

USAID ရဲ့Diversity and Inclusion Scholarship
Program (USAID DISP) Application open now🎉✨

မြန်မာနိုင်ငံသားတွေအတွက် သီးသန့်ပေးအပ်သွားမဲ့ scholarship program တစ်ခုဖြစ်ပါတယ်။ ခွဲခြားဆက်ဆံခံနေရတဲ့လူနည်းစုတွေတိုင်းရင်းသားတွေ လူမှုအဖွဲ့အစည်းကိုအကျိုးပြုမဲ့ ခေါင်းဆောင်တွေကို အလေးထားပြီး နိုင်ငံတကာအဆင့်မြင့်ပညာရေးအခွင့်အလမ်းများ ရရှိဖို့ပေးအပ်နေတဲ့ ပညာသင်ဆုတစ်ခုဖြစ်ပါတယ် ခင်ဗျ။

💫DISP ရဲ့ Cohort 2 မှာတော့
* Associate Degree Programs
* Master's Degree Programs
* Certificate Programs
* Graduate Diploma Programs တွေအတွက် ပညာသင်ဆုပေးအပ်သွားမှာဖြစ်ပါတယ် ခင်ဗျ။

📌Deadline- November 22,2024 ပဲဖြစ်ပါတယ်ခင်ဗျ။

📌လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့
* Personal Information
* Contact Information
* Education History
* Professional Experience, Employment History & Volunteer Work
* International Experiences
* Academic Interests
* Two essays 700 words
* Upload required Supporting Documents: o Academic Records (Certificates & Transcripts)
* A copy of both sides of National Registration Card (NRC) for in-person programs
* A copy of front page of passport (If available)
* 2 letters of recommendation English preferred

Essay 2 ပုဒ်ကတော့
🍀Essay 1 -- Write a personal statement about what motivated you to choose your field of study, explaining your goals in academics and work. Make sure to explain how this scholarship would benefit your personal development and contribute to your community.

🍀Essay 2 -- Describe a difficulty you faced - whether in an academic, professional, or social situation - and how you used your leadership skills to overcome the challenge.

For more information
📌Website link- https://www.usaiddisp.com/
📌FAQs link-https://bit.ly/3XQnXxT
📌Application link-https://myapp.iie.org/dispscholar

ပညာသင်ဆုလျှောက်တဲ့အခါမှာလိုအပ်တဲ့စာရွက်စာတမ်းတွေကို Take Your Time - Online Notary Services မှာမြန်ဆန်တိကျစွာဘာသာပြန်လို့ရပါတယ်။

Notary Service-https://www.facebook.com/428105234009235/posts/2077905519029190/?d=n

လိုအပ်တဲ့ စာရွက်စာတမ်းတွေကို အဆင်သင့်ပြင်ဆင်ထားပြီး scholarship လျှောက်တဲ့ နေရာမှာ အခက်ခဲမရှိဘဲ လျှောက်နိုင်ပါစေလို့ မျှော်လင့်နေပါတယ်ခင်ဗျ။✨




Good opportunity!
06/09/2024

Good opportunity!

US Embassy က Public Engagement Assistant ရာထူးနဲ့အလုပ်ခေါ်ယူနေပါတယ်။

ဘွဲ့ရရှိထားဖို့လိုအပ်ပြီး သက်ဆိုင်ရာအလုပ် အတွေ့အကြုံ ၂ နှစ်သာတောင်းထားပါတယ်။ ဘာသာစကားကျွမ်းကျင်ဖို့လည်းလိုအပ်ပါတယ်။

လစာအနေနဲ့ 1283 USD မို့အခုပေါက်စျေးနဲ့ဆို သိန်း ၇၀ ကျော်ရရှိနိုင်မှာပါ။

Deadline က 18 September မို့အချိန်ရသေးလို့ ကြိုးစားကြည့်လို့ရအောင်တင်ပေးလိုက်ပါတယ်။ အသေးစိတ်ကိုကောမန့်မှာကြည့်ပါ။

Good luck with your application! ✨

Inventory controller position နဲ့အလုပ်ရသွားတဲ့ Ko Shine Htet , Congratulation ပါ။Inventory controller, procurement super...
29/08/2024

Inventory controller position နဲ့အလုပ်ရသွားတဲ့
Ko Shine Htet , Congratulation ပါ။

Inventory controller, procurement supervisor, assistant supply chain manager position တွေအတွက် ကျွမ်းကျင်သူတွေရှာဖွေနေပါတယ်။

စိတ်ဝင်စားတဲ့သူတွေ လာရောက်လျှောက်ထားနိုင်ပါပြီ။

လက်ရှိခေါ်ယူနေတဲ့အလုပ်ခေါ်စာများဖတ်ရန် link

https://www.facebook.com/share/p/S2pdRqdSd7ks62mt/?mibextid=WC7FNe

 အောက်ပါ ရာထူးတွေအတွက် CV form များ Mail သို့ ပေးပို့လျှောက်ထားနိုင်ပါပြီ။ #အလုပ်ခေါ်စာ
24/08/2024


အောက်ပါ ရာထူးတွေအတွက်
CV form များ Mail သို့ ပေးပို့လျှောက်ထားနိုင်ပါပြီ။

#အလုပ်ခေါ်စာ

ယုံကြည်မှု (confidence) ဘယ်ကလာလဲ?လို့မေးရင်ပြင်ဆင်မှု (preparation) ကလာပါတယ်။မိတ်ဆွေတို့အားလုံး အလုပ်ရှာတဲ့အခါ preparati...
22/08/2024

ယုံကြည်မှု (confidence) ဘယ်ကလာလဲ?

လို့မေးရင်

ပြင်ဆင်မှု (preparation) ကလာပါတယ်။

မိတ်ဆွေတို့အားလုံး အလုပ်ရှာတဲ့အခါ preparation ကောင်းကောင်းလုပ်နိုင်ပြီးတော့ confidence ရှိရှိဖြေနိုင်ဖို့ checklist လေးအခုလိုမျှဝေပေးလိုက်ပါတယ်။ 🤗

ပုံလေးတွေကို save ထားပါ
post ကိုလွတ်လပ်စွာ like and share လုပ်နိုင်ပါတယ်။

Good luck you all.

19/08/2024

ဂျပန်ကားကုမ္ပဏီကြီးတွေဖြစ်တဲ့ Nissan ၊ Honda နဲ့ Mitsubishi တို့ကတော့ ပူးပေါင်းမဟာမိတ်ဖွဲ့ကာ EV နဲ့ AI ပြိုင်ပွဲမှာ Tesla နဲ့ BYD ကို ယှဥ်ပြိုင်နိုင်ရန်အတွက် ကြိုးစားလာတာပါ။

၎င်းပူးပေါင်းဆောင်ရွက်မှုကြောင့် ဘက်ထရီအပါအဝင် အခြားသောအစိတ်အပိုင်းတွေကို မျှဝေနိုင်ခွင့်၊ မောင်းသူမဲ့ဆော့ဝဲလ်တွေကို ပူးပေါင်းတီထွင်နိုင်ခွင့်အပါအဝင် အခြားသောနည်းပညာပိုင်းဆိုင်ရာကိစ္စရပ်တွေမှာ ကားကုမ္ပဏီကြီးတွေအကြား အပြန်အလှန်အကျိုးခံစားခွင့်တွေ ရရှိကြမှာပါ။

EV ကားစျေးကွက်ကြီး ကျယ်ပြန့်လာပြီးနောက်ပိုင်းမှာ သမားရိုးကျကားကုမ္ပဏီကြီးတွေအနေနဲ့ ရောင်းအားကျမှုတွေကို ခံစားလာရတာပါ။ အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး တ_ရု_တ်နိုင်ငံကားစျေးကွက်ကြီးက EV ကားတွေဘက်ကို အရွေ့ပြလာပြီးနောက်ပိုင်း ဂျပန်ကုမ္ပဏီကြီးတွေအနေနဲ့ လျှပ်စစ်ယာဥ်တွေဘက်မှာ စျေးကွက်နဲ့ အမှီလိုက်နိုင်ဖို့အတွက် တော်တော်လေး ကြိုးစားလာရပါတယ်။

ကားကုမ္ပဏီကြီးတွေအကြား ပူးပေါင်းကြိုးစားမှုကြောင့် EV ကားစျေးကွက်အတွင်းက Tesla နဲ့ BYD တို့လို ထိပ်တန်းကုမ္ပဏီကြီးတွေကို အမှီလိုက်နိုင်ပြီး ထိပ်တန်းရောက်လာဖို့ မျှော်လင့်တယ်လို့ တာဝန်ရှိသူတွေက ဆိုထားကြောင်းပါဗျာ။

Ref: Nikkei Asia, Fossbytes

ဒီ post လေးက မိတ်ဆွေ fb က post တွေမှာအဖန်တရာလောက် မြင်ဖူး ၊ ဖတ်ဖူးနေကြဖြစ်တဲ့ Dubai မြို့အကြောင်း ဗဟုသုတမျှဝေတဲ့စာစုမဟုတ...
04/08/2024

ဒီ post လေးက မိတ်ဆွေ fb က post တွေမှာအဖန်တရာလောက် မြင်ဖူး ၊ ဖတ်ဖူးနေကြဖြစ်တဲ့ Dubai မြို့အကြောင်း ဗဟုသုတမျှဝေတဲ့စာစုမဟုတ်ပါဘူး!

လူသိနည်းတဲ့ Dubai မြို့ကြီးဘာဖြစ်လို့အခုလိုအဆင့်မြင့်မြို့ကြီးတစ်ခုအဖြစ်တည်ဆောက်နိုင်လဲဆိုတဲ့ နောက်ကွယ်က economics ၊ logistics တို့နဲ့ ပတ်သက်တဲ့ ဗဟုသုတတစ်ချို့ကိုမျှဝေပေးချင်လို့ပါ။

မသိသေးတဲ့သူတွေအတွက် Dubai အကြောင်း အကြမ်းဖျင်းမိတ်ဆက်ရရင်
Dubai နိုင်ငံ ဆိုတာတကယ်တော့ အာရပ်စော်ဘွားများပြည်ထောင်စု United Arab Emirate (အတိုကောက် UAE) မှာရှိတဲ့ မြို့တစ်ခုသာဖြစ်ပါတယ်။

ယနေ့ခေတ်မှာတော့ Dubai ဆိုတာနဲ့ ကမ္ဘာအမြင့်ဆုံးတိုက်တွေ၊ ခေတ်အမှီဆုံး အထူးအဆန်းဆုံးအဆောက်အုံနဲ့နေရာတွေ၊ ကမ္ဘာအဆင့်မှီတဲ့ ကစားကွင်း အစရှိတာတွေနဲ့ခေတ်ရှေ့ပြေးနေတဲ့ modern city တစ်ခုအနေနဲ့ မျက်လုံးထဲပြေးမြင်မိကြမှာပါ။

မြို့တွင်းက နေရာတော်တော်များများမှာလည်း စျေးအကြီးဆုံးဆိုတဲ့ ကားအမျိုးအစားနဲ့ အသုံးအဆောင်တွေ
အသုံးပြုမှုကိုတွေ့နိုင်ပြီးတော့ ထူးထူးခြားခြား ရွှေတုံးတွေကို ပိုက်ဆံလိုမျိုးထုတ်တဲ့ ATM စက်တွေလည်းရှိတဲ့နေရာတစ်ခုပါ။
မိုးမရွာရင် နည်းပညာနဲ့ မိုးအတုလုပ်ပြီးရွာစေတယ်။ နေရာတိုင်းမှာ လေအေးပေးစက် air con ရှိပြီးတော့ bus ကားမှတ်တိုင်တွေမှာပါ ကားစောင့်သူတွေအတွက် air con အခန်းတွေရှိပါတယ်။

Dubai မြို့က အမြဲတမ်းတော့အခုလိုမျိုး နောက်ဆုံးပေါ်ပစ္စည်းတွေ ၊ လှပတဲ့ နေရာတွေနဲ့ ပြည့်နေတဲ့နေရာတစ်ခုမဟုတ်ပါဘူး။
လွန်ခဲ့တဲ့နှစ် 40 ခန့်ကဆိုရင် Dubai မြို့က သဲတွေပဲရှိတဲ့ ကန္တာရမြို့တစ်ခုသပ်သပ်ပါပဲ။ ပထဝီမြေကြီးကလည်း အခြားနိုင်ငံကလို အခိုင်အမာမြေကြီးမရှိပဲ သဲတွေနဲ့ဆိုတော့ အဆောက်အဦးအမြင့်တွေဆောက်ဖို့အခက်အခဲတွေအများကြီးရှိတယ်။ နိုင်ငံသားတွေက ရွက်ဖျင်တဲလိုနေရာတွေမှာနေကြပြီး စွန်ပလွန်သီး (date) နဲ့ ကုလားအုတ် (camel) နို့တွေကို အဓိက အဟာရအနေနဲ့ မှီဝဲခဲ့ရပါတယ်။ ဆေးဝါးချို့တဲ့ပြီး medical service တွေမှာလည်းအရမ်းအားနည်းတယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်းအရမ်းရှားပါးခဲ့ဖူးပါတယ်။

ဒါတွေအားလုံးအလှည့်အပြောင်းဖြစ်လာတာ၊
အခုလိုမထင်ထားလောက်အောင် ချမ်းသာလာတာဘာကြောင့်လဲ?

ကျွန်တော်တို့အားလုံးထင်ထားသလို သူတို့နိုင်ငံကထွက်တဲ့ ဆီ oil တွေတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ ဝင်ငွေ revenues အရ Dubai ရဲ့ ဟိုးလွန်ခဲ့တဲ့ နှစ် 40 လောက်မှာ 30% လောက် income က oil and natural gas ကရခဲ့တယ်ဆိုပေမယ့် ယနေ့အချိန်မှာတော့ oil and natural gas source ကရတာက 5% လောက်ပဲ ရှိပါတယ်။

Dubai မြို့အဓိက ဝင်ငွေဖြောင့်နေရတဲ့အကြောင်းအရင်းကတော့ နိုင်ငံခြားခရီးသွား (tourism) ကြောင့်ဖြစ်ပါတယ်။
Dubai ကသူတို့မြို့အတွက် tourism တွေကောင်းအောင်ဘာတွေလုပ်ခဲ့တာလဲ?
Tourism တွေကောင်းလာဖို့က လူတွေလာရောက်လည်ပတ်ဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ဖို့လိုပါတယ်။
အခုလို လာရောက်လည်ပတ်ဖို့ကောင်းတဲ့နေရာတစ်ခုဖြစ်ဖို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (foreign investment) တွေလိုအပ်ပါတယ်။ Dubai မှာကအခြားနိုင်ငံက foreign investment တွေလာလုပ်ချင်အောင် ဆွဲဆောင်တဲ့အရာ (value proposition) တွေအများကြီးရှိပါတယ်။

ဒီအချက်တွေကတော့

1) 100% foreign ownership

နိုင်ငံခြားသားလုပ်ငန်းတွေအတွက် ပိုင်ဆိုင်မှု (ownership) ကို 100% အပြည့်အဝပေးထားတာပါ။

2) Free repatriation of capital and profits

နိုင်ငံခြားသားလုပ်ငန်းတွေကနေ ရှာဖွေလို့ရတဲ့ အမြတ်နဲ့ မ,တည်ရင်းနှီးမှုငွေတွေအကုန်လုံးကို ရင်းနှီးမြုပ်နှံသူတွေအနေနဲ့ အခက်အခဲမရှိပဲ ကိုယ့်နိုင်ငံကိုယ် အချိန်မရွေးပြန်ပို့လို့ရပါတယ်။

3) No import or re-export duties

ရင်းနှီးမြုပ်နှံသူတွေအတွက် ကုန်ကျစရိတ်သက်သာဖို့ရာ import နဲ့ re-export တွေအတွက် (custom duties) အကောက်ခွန်ပေးဆောင်စရာ မလိုဘူးလို့ဆိုထားပါတယ်။

4) Zero corporate tax rate

နိုင်ငံခြားသားလုပ်ငန်းတွေအတွက် စတင်အလုပ်လုပ် operation စတာနဲ့ နှစ်ပေါင်း 50 နှစ် အထိ
company လုပ်ငန်းရဲ့အမြတ်ခွန် (corporate tax) ပေးဆောင်စရာမလိုပါဘူးလို့ဆိုထားပါတယ်။

5) Expedited registration processes

နိုင်ငံခြားသားလုပ်ငန်းတွေအတွက် လုပ်ငန်းလိုင်စင်တွေကို နာရီဝက် (half an hour) အတွင်းအပြီးလုပ်ဆောင်ပေးနိုင်တဲ့ လုပ်ငန်းစဉ် process များထားရှိခြင်း။

6) No language barrier

ဘာသာစကားအရံအတားမရှိပါဘူး။ Arab နိုင်ငံဖြစ်လို့ သူတို့ကိုယ်ပိုင် အာရေဗီဘာသာစကားရှိပေမယ့် လုပ်ငန်းအတွက်လိုအပ်တဲ့ စာရွက်စာတမ်းလုပ်ဆောင်ရမှု (documentation) တွေအားလုံးက english လိုရေးထားတာဖြစ်ပါတယ်။

7) Logistics efficiency

Logistics လုပ်ငန်းဆောင်တာဆောင်ရွက်မှုတွေအားလုံးကိုလည်း ကြန့်ကြာမှုနဲ့ အထစ်အငေါ့မရှိရအောင် လုပ်ငန်းစဉ် process တွေကိုအပိုအလိုမရှိစီမံထားတယ်။ ကမ္ဘာ့အဆင့် (world class) လေဆိပ်တွေ၊ သင်္ဘောဆိပ်တွေဖန်တီးပေးထားတယ်။ Shipping service တွေကိုလည်းအကောင်းဆုံးပေးနိုင်အောင် လိုအပ်တဲ့အဆောက်အဦး infrastructure တွေအကုန်စီစဉ်ပေးထားပါတယ်။

အချုပ်အားဖြင့်ဆိုရရင်
အခုလိုလှပပြီး ခေတ်လွန်မြို့တစ်ခုသဖွယ်ဖြစ်နေတဲ့ Dubai မြို့ကြီးဖြစ်လာဖို့ရာ စနစ်တကျစီမံထားတဲ့ နည်းဗျူဟာ (strategy) ၊ လုပ်ငန်းစဉ် (process) တွေနဲ့ Logistics ပိုင်းကို အလေးထားစီမံဆောင်ရွက်ထားမှုတွေ အများကြီးပါဝင်နေပါတယ်။
Tourism ပိုင်းအနေနဲ့လည်း Dubai မြို့အတွင်းမှာ ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်တဲ့ ထူးထူးခြားခြားခေတ်ပေါ်ဖန်တီးမှုတွေ၊ entertainment တွေရှိတဲ့အပြင် သူတို့အာရပ်လူမျိုးတွေရဲ့ arabic culture ကိုလည်းအတော်လေး promote လုပ်နိုင်ခဲ့ပါတယ်။

အခုဆိုရင်မိတ်ဆွေတို့ဟာ လူသိနည်းသေးတဲ့ Dubai ရဲ့စီးပွားရေးဆိုင်ရာဗဟုသုတတွေကိုသိရှိသွားပါပြီ။ စာရေးသူကိုယ်တိုင်လည်း ငယ်စဉ်ကျောင်းပြီးတဲ့အချိန်လောက်တည်းက Dubai ကိုရောက်ခဲ့ဖူးပါတယ်။ 3 နှစ်လောက်အလုပ်လုပ်ကိုင်ခဲ့ဖူးတော့ အပေါ်ကပြောပြခဲ့တဲ့ ဒီမြို့ရဲ့ ထူးထူးဆန်းဆန်းအရာတွေတော်တော်များများကို မြင်တွေ့ခဲ့ဖူးသလို အတွေ့အကြုံသစ်တွေကိုလည်း ကိုယ်တိုင် experience ရခဲ့ဖူးပါတယ်။ ဒါပေမယ့် admin ကိုယ်တိုင်လည်း အပေါ်ကအချက် 7 ခုကို မသိခင်အထိ Dubai ချမ်းသာကြွယ်ဝမှုက oil ကနေပဲရတယ်ထင်ခဲ့ဖူးပါတယ်။

ဒူဘိုင်းကိုသွားရောက် မလည်ပတ်ခင် အလုပ်မလုပ်ကိုင်ခင် ကိုယ်သွားရောက်မယ့်နိုင်ငံရဲ့ economic နဲ့ logistics အကြောင်းကိုပိုမိုသိစေဖို့ အခုလိုစေတနာရှေ့ထားပြီးဖော်ပြပေးလိုက်ပါတယ်။

အားလုံးပဲစီးပွားရေးနဲ့ အလုပ်အကိုင်တွေအဆင်ပြေပြီး သွားရောက်နိုင်၊ လည်ပတ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ထုံးစံအတိုင်း
fb ကသင့်မိတ်ဆွေတွေအတွက် လွတ်လပ်စွာ like and share လုပ်လို့ရပါတယ်။
တဆင့်ကူးယူ ပြန်လည်ဖော်ပြတာတော့ ခွင့်မပြုပါ။
အားလုံးကိုကျေးဇူးတင်ပါတယ်။

Ref : Blue Ocean Strategy by W Chan Kim Renee.

04/08/2024

အားလုံးပဲမင်္ဂလာပါ..

မိတ်ဆွေတို့အားလုံးကို WH How-to training and consultation ရဲ့ အခွဲတစ်ခုဖြစ်တဲ့
“WH How-to recruitment” အကြောင်းမိတ်ဆက်ပေးချင်လို့ပါ။

ပြည်တွင်း Supply chain industry မှာ skill ဝန်ထမ်းရှာဖွေသူနဲ့ အလုပ်လိုချင်သူတွေရဲ့ လိုအပ်ချက်ကအမြဲရှိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့အားလုံးကျင်လည်ရာဖြစ်တဲ့ warehouse industry မှာဆိုရင်ပိုလို့တောင် လိုအပ်ချက်များပါတယ်။

WH How-to ဟာဆိုရင်
WH ပညာဆက်စပ်သင်တန်းသား 1600 ကျော်သင်ကြားပို့ချခဲ့ပြီးဖြစ်တာကြောင့် သင်တန်းသားဝန်ထမ်းတွေဘက်က အလုပ်ရှာဖွေမှုတွေကိုလည်းအမြဲမြင်တွေ့နေရသလို
လုပ်ငန်းရှင်တွေအတွက်သီးသန့် သင်တန်းနဲ့အကြံပေးသွားရတဲ့အခါမှာလည်း employer တွေဘက်က skill ဝန်ထမ်းလိုအပ်ချက်ရှိမှုတွေ၊ ရှာဖွေနေမှုတွေကိုအမြဲသတိထားမိပါတယ်။

ဒါကြောင့် WH How-to တည်ဆောက်ပြီး 6 နှစ်အကြာမှာတော့အခုလို WH သမားတွေအားလုံးအတွက် လူမှန်/အလုပ်မှန် ရှာဖွေပေးတဲ့ ဝန်ဆောင်မှု section တစ်ခုနဲ့ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ယခု page လေးကို like and follow လုပ်ပေးထားကြပါ။
နောက်ပိုင်း career နဲ့ပတ်သက်တဲ့ tips တွေ၊ interview preparation တွေ
CV နဲ့ cover letter ပြင်ဆင်မှုတွေအကြောင်း အစရှိတဲ့ အလုပ်အကိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတိုင်းကို ယခု WH How-to career ကနေပဲတင်ပေးသွားမှာဖြစ်ပါတယ်။

နောက်ပိုင်းတွေမှာသင်တန်းသားဟောင်း/သစ်တွေရဲ့ CV ကိုလက်ခံသွားပြီး ဒီ recruitment ပိုင်းကိုအားသွန်ခွန်စိုက်ဆောင်ရွက်သွားမှာပါ။လောလောဆယ်မှာတော့ ဒီအပိုင်းအတွက် သီးသန့်သတ်မှတ်ထားတဲ့ internal team ဖွဲ့စည်းတာနဲ့ ဝန်ထမ်းခေါ်တာတွေကိုစီစဉ်နေပါပြီ။

WH How-to ဟာဆိုရင် အသစ်ဝင်လာမယ့် အဖွဲ့သားတွေရဲ့ team effort နဲ့ မတူညီတဲ့ ဆောင်းပါးတွေအစီအစဉ်အသစ်တွေအများကြီးတင်ဆက်သွားဖို့ရှိလို့ page 2 ခုလုံးကို follow လုပ်ထားဖို့ အကြံပြုလို့ပါတယ်ခင်ဗျာ။

အဆုံးထိအချိန်ပေးဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်ခင်ဗျာ။

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 13:00

Alerts

Be the first to know and let us send you an email when WH Howto recruitment posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share