20/03/2026
#အောင်မြင်မူ့ဆိုတာ
1.တန်ဖိုးရှိတဲ့လူတယောက်ဖြစ်အောင်နေပါ (Seek Value,Not just success)
လူတိုင်းကအောင်မြင်ချင်ကြတယ်
ငွေတွေအများကြီးရချင်ကြတယ်။
ဒါပေမဲ့ ကမ္ဘာ့အထက်မြက်ဆုံးသိပ္ပံပညာရှင်ကြီး Albert Einstein ကဒီလိုသတိပေးခဲ့ဘူးတယ်
“အောင်မြင်တဲ့သူဖြစ်လာဖို့ မကြိုးစားပါနဲ့ တန်ဖိုး ရှိတဲ့လူဖြစ်လာဖို့သာ ကြိုးစားပါ။”
အောင်မြင်မူ့ဆိုတာ သူများတွေက ကိုယ့်ကို အသိအမှတ်ပြုတာဖြစ်ပေမဲ့ တန်ဖိုးရှိမူ့ဆိုတာကတော့ ကိုက သူများတွေအပေါ် ဘယ်လောက်အကျိုးပြု နိုင်လဲဆိုတာပါပဲ ။
ကို က လူ့အဖွဲ့အစည်းအတွက် အသုံးဝင်တဲ့လူ တန်ဖိုးရှိတဲ့လူ ဖြစ်လာရင် အောင်မြင်မူ့ဆိုတာ သူ့အလိုလို နောက်ကလိုက်လာပါလိမ့်မယ်။
2. ပညာကိုမမောက်မမာ ရှာဖွေပါ။
(Learn Forever)
ကျောင်းပြီးသွားတာနဲ့ ပညာတွေသင်တာပြီးသွားပီလို့ မထင်လိုက်ပါနဲ့။
အိန္ဒိယ ခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ
(Mahatma Gandhi)က လူငယ်တွေကို ဒီလိုမှာခဲ့တယ်။
“မနက်ဖန် သေရတော့မဲ့လူလိုရှင်သန်နေထိုင်ပါ”။ဒါပေမဲ့
“ထာဝရ ရှင်သန်နေရမဲ့လူလို ပညာကိုဆက်လက်သင်ယူပါ”
လောကကြီးကအမြဲပြောင်းလဲနေတာပါ။ မင်းတို့သိထားတဲ့ပညာရပ်တွေက မနက်ဖန်ဆို ခေတ်ကုန်သွားနိုင်တယ်။
ဒါကြောင့် “ရေပြည့်အိုး “မလုပ်ပါနဲ့။
“အမြဲတမ်းရေတဝက် လျော့နေတဲ့ခွက်လိုမျိုး “ ပညာအသစ်တွေ လက်ခံသင်ယူဖို့ အမြဲအဆင်သင့်ဖြစ်နေပါစေ။
3. စွန့်စားဖို့မကြောက်ပါနဲ့။
(Take Risks)
အသက်ကြီးသွားတဲ့အခါ လူတွေ နောင်တရဆုံးအရာက လုပ်ခဲ့မိတဲ့အမှားတွေမဟုတ်ပဲ ကို မလုပ်ရဲလို့ လက်လွတ်လိုက်ရတဲ့ အခွင့်အရေးတွေပါပဲ ။
စာရေးဆရာကြီး “Mark Twain” ပြောဖူးတဲ့ စကားကိုနားထောင်ကြည့်ပါ
“နောင် နှစ်၂၀ ကြာတဲ့အခါ မင်းလုပ်ခဲ့တဲ့အရာတွေအတွက် နောင်တရမှာမဟုတ်ဘူး ကြောက်လို့မလုပ်ပဲ လက်လွတ်လိုက်ရတဲ့ အရာတွေအတွက်သာ နောင်တရနေလိမ့််ယ်။
ဒါကြောင့် လုံခြုံတဲ့ဆိပ်ကမ်းကနေ ရွက်လွင့်ထွက်ခွါလိုက်ပါ။
သက်တောင့်သက်သာ ဇုန်(Comfort Zone )ထဲမှာ ခိုအောင်းမနေပါနဲ့။
ပင်လယ်ပြင်ကကြမ်းတမ်းပေမဲ့ ရတနာတွေ ကအဲ့ဒီပင်လယ်ကြီးထဲမှာပဲ ရှိနေပါတယ် ။
4.ကိုယ့်စိတ်ကို ကိုယ်ပိုင်ပါစေ။
(Master Your mindset)
ဘဝမှာ မင်းတို့ မထိန်းချုပ်နိုင်တဲ့ကိစ္စတွေအများကြီးဖြစ်လာလိမ့်မယ် ။
သူများတွေ မင်းကို ဆဲမယ်၊ ကံဆိုးမိုးမှောင်ကျမယ် ။ ဒါပေမဲ့ အဲ့ဒီအရာတွေက မင်းကိုဒုက္ခ မပေးနိုင်ပါဘူး။
မင်းရဲ့ တုံ့ပြန်ပုံကသာ အဓိကပါ။
Viktor Frankl ဆိုတဲ့ ပုဂ္ဂိုလ်ကြီးပြောခဲ့တာက~~
“လူတယောက်ဆီကနေ အရာအားလုံးကိုလုယူသွားနိုင်ပေမဲ့ သူရဲ့စိတ်ထား (Attitude)ရွှေးချယ်ခွင့်ဆိုတဲ့ လွတ်လပ်မူ့ကို ဘယ်သူမှ လုယူသွားလို့မရပါဘူး”
“ပြသနာတစ်ခု ဖြစ်လာရင် ငါတော့ဒုက္ခ ရောက်ပြီလို့တွေးမလား ?
ဒါ ငါ့အတွက် သင်ခန်းစာပဲ လို့တွေးမလား အဲဒီရွှေးချယ်ခွင့်က မင်းလက်ထဲမှာပဲရှိတယ်။
5.နိုင်းယှဉ်ခြင်းကိုရပ်လိုက်ပါ
(Stop Comparing)
အခုခေတ်မှာ Facebook,Instagram စတဲ့ social တွေ ကြည့်ပြီး သူများတွေ ဘယ်လောက်ပျော်နေလဲ
ဘယ်လောက်အောင်မြင်နေလဲ ဆိုတာကြည့်ပြီး ကိုယ့်ကိုကိုယ် အားငယ်
တတ်ကြတယ် ။
သမ္မတကြီး Theodore Roosevelt က ပြောခဲ့ဘူးတယ် ။
“နိုင်းယှဉ်ခြင်းဆိုတာ ပျော်ရွင်ခြင်းကို ခိုးယူသွားတဲ့ သူခိုးတယောက်ပဲ တဲ့”
သူများရဲ့အောင်မြင်မူ့ပန်းတိုင် နဲ့ ကိုယ်ရဲ့ အစပျိုးချိန်ကို သွားမယှဉ်ပါနဲ့။
နေမင်းနဲ့ လမင်းကို ယှဉ်ကြည့်လို့မရသလိုပေါ့ သူတို့ထွန်းလင်းတဲ့အချိန်ခြင်းမှမတူတာ။
အချိန်တန်ရင် မင်းလဲလင်းလက်လာမှာပါ ။
စကားလုံးတွေဆိုတာမင်းရဲ့လမ်းပြမြေပုံပါပဲ မြေပုံကိုကိုင်ထားရုံနဲ့ ခရီးရောက်မှာမဟုတ်ပါဘူး ။
ကိုယ်တိုင်ခြေလှမ်းစလှမ်းမှ ခရီးရောက်မှာပါ
အခုပြောပြလိုက်တဲ့ စကားတွေထဲကကိုနဲ့သင့်တော်တာတခု လိုက်ပါကျင့်သုံးကြည့်လိုက်ပါ ။အဖြေတခုတော့ ရလာပါလိမ့်မယ်။