Zannawar; Financial Advisor for Your Better Future

Zannawar; Financial Advisor for Your Better Future Zan– Where Your Peace of Mind Begins

“နောက်မှ” လုပ်မယ်ဆိုတဲ့အစား “ဒီနေ့စလုပ်လိုက်ရင်ကော” ဆိုတာမျိုး ပြောင်းကြည့်ပါ ☘️
23/08/2026

“နောက်မှ” လုပ်မယ်ဆိုတဲ့အစား “ဒီနေ့စလုပ်လိုက်ရင်ကော” ဆိုတာမျိုး ပြောင်းကြည့်ပါ ☘️

နောက်မှလုပ်မယ်ဆိုတဲ့စကားလေးတစ်ခွန်းက ကိုယ့်အနာဂတ်အပေါ် ဘယ်လောက်သက်ရောက်မှုရှိနိုင်မလဲ?

အခုတော့ မလိုသေးဘူး။​

နောက်မှ စဉ်းစားမယ်။​

နောက်မှ စုမယ်။​

နောက်မှ ကျန်းမာရေးစစ်မယ်။​

ဒီလိုနဲ့ ကိုယ်လုပ်သင့်တာတွေကို နောက်ကို ရွှေ့သွားပမယ့် အချိန်တွေကတော့ ကိုယ့်အတွက် စောင့်မနေပါဘူး။ ​

အထူးသဖြင့် ကျန်းမာရေးနဲ့ ငွေရေးကြေးရေးလို အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ရတဲ့အရာတွေမှာ “နောက်မှ” ဆိုတာ အမြဲတမ်း ကိုယ်မျှော်လင့်ထားသလို ဖြစ်မလာနိုင်ပါဘူး။ မမျှော်လင့်ထားတဲ့ ကျန်းမာရေးပြဿနာတစ်ခု၊ အရေးပေါ်အခြေအနေတစ်ခုက ကိုယ်မပြင်ဆင်ရသေးခင် ရောက်လာနိုင်ပါတယ်။​

အနာဂတ်ကို ကြိုတင်ပြင်ဆင်တာက မကောင်းတာတွေ ဖြစ်လာမယ်လို့ တွေးပြီး ကြောက်နေတာမဟုတ်ပါဘူး။ ဖြစ်လာနိုင်တဲ့အရာတွေအတွက် ဒီနေ့ကတည်းက ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားတာပါ။​

​ဒါကြောင့် ကိုယ့်အနာဂတ်အတွက် အရေးကြီးတဲ့အရာတစ်ခုကို “နောက်မှ” လို့ မရွှေ့ခင်… “ဒီနေ့ကစလုပ်လိုက်ရင်ရော?”​

​ကိုယ့်အနာဂတ်ကို စိတ်ချလက်ချ ဆက်လျှောက်နိုင်ဖို့ ဒီနေ့ကတည်းက ကြိုတင်ပြင်ဆင်ထားကြရအောင်။​

How much impact can a simple phrase like "I'll do it later" have on your future?

For now, you think you don’t need it.​
You’ll think about it later.​
You’ll start saving later.​
You’ll get that health check later.​

And while we keep putting things off, time doesn’t wait for us. Especially when it comes to things that require preparation for the future, such as our health and finances, “later” may not always happen the way we expect.​

An unexpected health issue or emergency can happen before we have the chance to prepare.​

Preparing for the future doesn’t mean living in fear of what might go wrong. It means making sure you’re ready for the things that could happen.​

So before you tell yourself, “I’ll do it later” about something important to your future...​

What if you started today instead? Start preparing today, so you can move forward into the future with greater confidence.​


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

Hello Mandalay 🤍
22/08/2026

Hello Mandalay 🤍

မနက်ဖြန် Mandalay မှာ ကျင်းပမယ့် “Manulife နဲ့ တူတူ MOVE” ပွဲကြီးမှာ ပါဝင်မယ့် ပျော်ရွှင်ဖွယ်ရာ ဖျော်ဖြေမှု အစီအစဉ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ကျန်းမာရေးအတွက် တက်ကြွစွာ MOVE ရင်း ပျော်ပျော်ပါးပါး ပါဝင်လို့ရမယ့် Zumba Sessions တွေကို
မနက် (၁၀) နာရီမှ (၁၁) နာရီတစ်ကြိမ်၊ နေ့လည် (၂) နာရီမှ (၃) နာရီတစ်ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် မွန်းလွဲ (၃) နာရီနောက်ပိုင်းမှာ ချစ်ရတဲ့အနုပညာရှင် “ဝိုင်းစုခိုင်သိန်း” ရဲ့ သံစဉ်တွေနဲ့အတူ ပျော်စရာ အခိုက်အတန့်တွေကို ဖန်တီးပေးသွားဦးမှာဆိုတော့ မနက်ဖြန်အတွက် ရယ်ဒီပဲလား။

• မင်္ဂလာမန္တလေး Outdoor Promotion Area

• ဩဂုတ်လ (၂၃) ရက်၊ တနွေငွေနေ့

• မနက် (၉) နာရီမှ ညနေ (၅) နာရီအထိ

မနက်ဖြန် မင်္ဂလာမန္တလေးမှာ ဆုံပြီး Manulife နဲ့ တူတူ MOVE ကြမယ်နော်။

Here are the fun entertainment programs you can take part in at the "MOVE with Manulife" event happening tomorrow in Mandalay!

While actively moving for your health, you can enjoy participating in fun Zumba sessions held twice:

• Morning session: 10:00 AM – 11:00 AM

• Afternoon session: 2:00 PM – 3:00 PM

Additionally, after 3:00 PM in the afternoon, we will be creating enjoyable moments accompanied by the music of beloved artist "Wyne Su Khine Thein." Are you ready for tomorrow?

• Mingalar Mandalay Outdoor Promotion Area

• August 23, Sunday

• 9:00 AM – 5:00 PM

Let’s meet at Mingalar Mandalay tomorrow and MOVE with Manulife!


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

ဘဝကို အလှပဆုံး ပုံဖော်ခြင်း ✨ဒီနေ့ Seminar ပွဲလေးမှာ လူတွေအများကြီး လာရောက်ပေးကြတာကို မြင်ရတော့ တကယ်ကို ဝမ်းသာမိပါတယ်။ 🤍...
16/08/2026

ဘဝကို အလှပဆုံး ပုံဖော်ခြင်း ✨

ဒီနေ့ Seminar ပွဲလေးမှာ လူတွေအများကြီး လာရောက်ပေးကြတာကို မြင်ရတော့ တကယ်ကို ဝမ်းသာမိပါတယ်။ 🤍

အထူးသဖြင့် ကိုယ့်ရဲ့ Unit Manager ဖြစ်တဲ့ Ma Pyae က Speaker အနေနဲ့ Sharing လုပ်ပေးသွားတာကိုလည်း အရမ်းသဘောကျမိတယ်။ ပြောပြပေးသွားတဲ့ အတွေ့အကြုံတွေနဲ့ အတွေးအမြင်တွေက တကယ်ကို အဓိပ္ပါယ်ရှိပြီး နားထောင်ရတာလည်း စိတ်အေးချမ်းသာမှုရစေပါတယ်။

တကယ်တော့ လူအများအတွက် အသုံးဝင်မယ့်အရာတွေကို Sharing လုပ်ပေးနိုင်ချင်တာ၊ တစ်စုံတစ်ယောက်ရဲ့ဘဝမှာ အကျိုးရှိစေချင်တာက ဒီအလုပ်ကို ဆက်လုပ်ဖြစ်နေတဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါ။ တစ်ချိန်ချိန်မှာ ကိုယ်တိုင်လည်း Ma Pyae လိုပဲ လူတွေအရှေ့မှာ ကိုယ်သိထားတာတွေ၊ ကိုယ်တွေ့အတွေ့အကြုံတွေကို ယုံကြည်မှုရှိရှိနဲ့ Sharing လုပ်ပေးနိုင်တဲ့သူတစ်ယောက် ဖြစ်လာအောင် ကြိုးစားနေပါတယ်။ 🌱

ဒီနေ့ပွဲလေးကို အချိန်ပေးပြီး လာရောက်ပေးကြတဲ့ အကို Simon နဲ့ ညီမလေးတို့ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ 🤍
ဒီပွဲလေးကနေ တစ်ခုခုအသိပညာ၊ အတွေးအမြင်ကောင်းတစ်ခုခု ရရှိသွားမယ်လို့လည်း မျှော်လင့်ပါတယ်။
A small sharing today, hopefully a meaningful impact for tomorrow ✨





A small sharing today, hopefully a
meaningful impact for tomorrow. ✨

အခုတလော ကျွန်မရဲ့ နေ့ရက်တွေကို အသစ်တွေဆီ ရောက်အောင်သွားဖို့ထက် ကျွန်မဆီမှာ ယုံကြည်မှုအပြည့်နဲ့ ကာကွယ်မှုယူထားကြတဲ့ မိသား...
09/08/2026

အခုတလော ကျွန်မရဲ့ နေ့ရက်တွေကို အသစ်တွေဆီ ရောက်အောင်သွားဖို့ထက် ကျွန်မဆီမှာ ယုံကြည်မှုအပြည့်နဲ့ ကာကွယ်မှုယူထားကြတဲ့ မိသားစုတွေဆီပဲ ပိုပြီး အချိန်ပေးဖြစ်နေပါတယ်။

ဘာလို့လဲဆိုတော့ သူတို့အတွက် ဒုတိယအကြိမ် ပရီမီယံ (Premium) သွင်းရမယ့် အချိန်လေးတွေ ရောက်လာလို့ပါ။

အမှန်အတိုင်း ပြောရရင် ပထမအကြိမ် စတင်ဝယ်ယူတုန်းကလောက် စိတ်အားထက်သန်မှု(Awareness) လေးတွေ လျော့သွားတတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ အာမခံဆိုတာ ဒုတိယနှစ်၊ တတိယနှစ် စတဲ့ ရေရှည်ခရီးမှာလည်း အစကအတိုင်း ခိုင်မာတဲ့ ကာကွယ်မှုဒိုင်းအဖြစ် ရှိနေဖို့ ပိုလိုအပ်တာမို့ ကျွန်မဘက်က အမြဲ မပျက်မကွက် ဂရုစိုက်ပေးနေတာပါ။

ဒီနေ့လဲ အရင်က ကျွန်မဆီမှာ ကာကွယ်မှု စတင်ယူခဲ့တဲ့ အမတစ်ယောက်နဲ့ Cafe မှာ ထိုင်ပြီး စကားပြောဖြစ်ခဲ့တယ်။ အမက သူ့သမီးလေးရဲ့ လာမယ့် မွေးနေ့မှာ "သမီးလေးအတွက် မွေးနေ့လက်ဆောင်အနေနဲ့ အနာဂတ်အတွက် ငွေစုပေးရင်း အာမခံလေး လက်ဆောင်ပေးချင်တယ်" လို့ ပြောလာပါတယ်။

တခြားသူတွေအတွက်တော့ သာမန်စကားတစ်ခွန်း ဖြစ်ချင်ဖြစ်မယ်... ဒါပေမဲ့ ကျွန်မအတွက်တော့ ရင်ထဲမှာ အတိုင်းမသိ ပီတိဖြစ်ရတဲ့ ခံစားချက်ပါ။✨

အာမခံဆိုရင် ဝေးဝေးရှောင်ချင်ကြတဲ့ ခေတ်မှာ... ကိုယ် ပေးခဲ့တဲ့ အသိပညာနဲ့ စေတနာဟာ အမရဲ့ရင်ထဲ တကယ်ရောက်သွားခဲ့ပြီ။ မိသားစုတစ်စုရဲ့ အနာဂတ်ကို မှန်မှန်ကန်ကန် ကာကွယ်ပေးနိုင်ခဲ့ပါလားဆိုတာ ပြန်သုံးသပ်ရင်း ဝမ်းသာကြည်နူးခဲ့ရပါတယ်။

လက်ဆောင်ဆိုတာ ခဏတာ သုံးပြီး ပျက်စီးသွားမယ့် အရာတွေပဲ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ သမီးလေး ဘဝတစ်လျှောက်လုံးအတွက် လုံခြုံမှုနဲ့ အနာဂတ်အိမ်မက်တွေကို ပုံဖော်ပေးနိုင်မယ့် "ငွေစုအာမခံ" ဆိုတာ မိခင်တစ်ယောက်က ပေးနိုင်တဲ့ အနက်ရှိုင်းဆုံး မေတ္တာလက်ဆောင်တစ်ခုပါပဲ။ကျွန်မကို ယုံကြည်ပြီး မိသားစုရဲ့ အနာဂတ်ကို ပုံအပ်ထားကြတဲ့ အိမ်ထောင်စုတိုင်းအတွက် အမြဲတမ်း အနီးကပ်ဆုံး လမ်းပြပေးသူအဖြစ် ရှိနေပေးသွားပါမယ်ရှင်။ 🤍✨




မိသားစုတွေအကုန် စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ
29/07/2026

မိသားစုတွေအကုန် စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ

ဒီနေ့မှာကျရောက်တဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့မှာ မြန်မာမိသားစုအပေါင်း ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းကွာကြပါစေကြောင်း Manulife Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ဝါဆိုလပြည့် နေ့ထူးနေ့မြတ်မှာ ကုသိုလ်ကောင်းမှုလုပ်ရင်း အလှူအတန်း အမျှဝေဖို့လည်း မမေ့ကြပါနဲ့ဦးနော်။

On this sacred Full Moon Day of Waso (Dhammacakka Day), Manulife Myanmar extends our warmest wishes for health, happiness, and safety to all Myanmar families. On this auspicious day, please don't forget to perform merit-making and share your blessings alongside your loved ones.


#လုံခြုံစိတ်ချကောင်းမွန်တဲ့ဘဝ

"ငါတို့ တစ်ခုခုဖြစ်သွားရင် ကလေးတွေ ဘယ်လိုလုပ်မလဲ...”လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိတ်ဆွေတစ်ယောက်နဲ့ ကော်ဖီသောက်ရင်း ပြောဖြစ်ခ...
25/07/2026

"ငါတို့ တစ်ခုခုဖြစ်သွားရင် ကလေးတွေ ဘယ်လိုလုပ်မလဲ...”

လွန်ခဲ့တဲ့ ၃ နှစ်လောက်က မိတ်ဆွေတစ်ယောက်နဲ့ ကော်ဖီသောက်ရင်း ပြောဖြစ်ခဲ့တဲ့ စကားတစ်ခွန်းပါ။ သူက အိမ်ရဲ့ တစ်ဦးတည်းသော ဝင်ငွေရှာဖွေသူ ၊ ဇနီးနဲ့ သားသမီး နှစ်ယောက်အတွက် မနက်မိုးလင်းတာနဲ့ ညမိုးချုပ်အထိ ကြိုးစားရုန်းကန်နေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့။ အဲဒီတုန်းက သူက အာမခံထားဖို့ ပြောတာကို လုံးဝ မကြိုက်ခဲ့ပါဘူး။

"အာမခံဆိုတာ ပိုက်ဆံအလကား ကုန်တာ၊ မလိုအပ်ပါဘူး"၊ "ဒီပိုက်ဆံကို တခြားမှာ ရင်းနှီးမြှုပ်နှံလိုက်ရင် ပိုမြတ်သေးတယ်" လို့ သူ စွဲစွဲမြဲမြဲ ယုံကြည်ထားခဲ့တာ။
ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က မထင်မှတ်ဘဲ သူ ကျန်းမာရေး သေချာစစ်ဆေးလိုက်ရတဲ့အခါမှာတော့ သူ့အယူအဆတွေ အကုန်ပြောင်းသွားခဲ့ပါတယ်။ ဆေးရုံတက်ရမယ်၊ ခွဲစိတ်ရမယ်ဆိုတဲ့ သတင်းက သူ့မိသားစုအတွက် မိုးကြိုးပစ်ချလိုက်သလိုပါပဲ။
ခွဲစိတ်မှု အဆင်ပြေသွားခဲ့ပေမဲ့ သူ စုဆောင်းထားသမျှ ပိုက်ဆံ အများစုက ဆေးရုံမှာတင် ကုန်ဆုံးသွားခဲ့ရတယ်။ စီးပွားရေး တိုးချဲ့ဖို့၊ ကလေးတွေ တက္ကသိုလ်တက်ဖို့ ဖယ်ထားတဲ့ ပိုက်ဆံတွေ အကုန်လုံး ဆေးရုံစရိတ် အဖြစ် ပြောင်းသွားခဲ့ရတာပါ။

အဲဒီအဖြစ်အပျက်ပြီးတဲ့နောက် ဦးလေးပြန်ပြောပြခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ "ငါတို့က အနာဂတ်အတွက် စိစစ်ပြီး ပိုက်ဆံစုကြတယ်... ဒါပေမဲ့ ကျန်းမာရေးနဲ့ ဘဝရဲ့ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေဆီကနေ အဲဒီ စုဆောင်းငွေတွေကို ကာကွယ်ထားဖို့တော့ မေ့နေခဲ့ကြတယ်" တဲ့

ကျွန်မတို့အလုပ်လုပ်ကြတယ်၊ ပိုက်ဆံစုကြတယ်ဆိုတာ မိသားစုကို အကောင်းဆုံး ထောက်ပံ့ချင်လို့ပါ။ ဒါပေမဲ့ အိမ်တစ်ဆောင် ဆောက်ရင် မိုးကြိုးလွှဲ တပ်သလိုမျိုး ကိုယ် စုဆောင်းထားတဲ့ အိမ်မက်တွေ ပျက်စီးမသွားအောင် ကာကွယ်ပေးထားတဲ့ "ဒိုင်း" တစ်ခုတော့ လိုပါတယ်။

အာမခံဆိုတာ ဒုက္ခရောက်မှ သုံးရတာ မဟုတ်ပါဘူး။ မထင်မှတ်ထားတဲ့ အခက်အခဲတွေ ကြုံလာရရင်တောင် ကိုယ့်မိသားစုရဲ့ အနာဂတ် ရပ်တန့်မသွားအောင် ကြိုတင်ပြင်ဆင်ပေးထားတဲ့ "မေတ္တာနဲ့ တာဝန်ယူမှု" တစ်ခုပါ။သင့်မိသားစုရဲ့ အနာဂတ်နဲ့ စုဆောင်းငွေတွေအတွက်ရော... ဘယ်လို ကာကွယ်မှု ဒိုင်းတစ်ခု ပြင်ဆင်ထားပြီးပြီလဲ။


#

25/07/2026
ဒီနေ့training လေးပြီးတော့ ပွဲလေးတစ်ခုမှာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာတစ်ခုကတော့ Community Gathering event အစီအစဉ်လေးပါပဲ...
27/06/2026

ဒီနေ့training လေးပြီးတော့ ပွဲလေးတစ်ခုမှာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာတစ်ခုကတော့ Community Gathering event အစီအစဉ်လေးပါပဲ။ 🌈✨

ပွဲမှာ ပါဝင်ဆွေးနွေးပေးခဲ့ကြတဲ့ Panelist တွေက သူတို့ရဲ့ ဘဝဖြတ်သန်းမှုတွေ၊ အခက်အခဲတွေကို ဘယ်လို ရဲရဲဝံ့ဝံ့ ကျော်ဖြတ်ခဲ့ရလဲဆိုတဲ့ အတွေ့အကြုံတွေကို ရိုးရိုးသားသားနဲ့ ပွင့်ပွင့်လင်းလင်း မျှဝေပေးခဲ့ကြပါတယ်။ အခုခေတ် Community ထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် ပိုပြီး နားလည်ပေးလာကြတာ၊ အားပေးဝန်းရံလာကြတာတွေကို မြင်တွေ့ရလို့ တကယ့်ကို ကြည်နူးဖို့ကောင်းပါတယ်။

ဒီပွဲလေးမှာ Inclusion Partner အနေနဲ့ ပါဝင်ခဲ့တဲ့ Manulife Myanmar ကနေလည်း တကယ့်ကို ဝမ်းသာစရာကောင်းတဲ့ သတင်းစကားလေးတစ်ခုကို မျှဝေပေးခဲ့ပါတယ် — အခုဆိုရင် အာမခံကဏ္ဍမှာ သွေးသားတော်စပ်မှု ဒါမှမဟုတ် ဥပဒေကြောင်းအရ ထိမ်းမြားခြင်းတွေထက် ကျော်လွန်ပြီး ကိုယ်တကယ် ကာကွယ်ပေးချင်တဲ့သူ၊ ကိုယ်စောင့်ရှောက်ချင်တဲ့ သားသမီးတွေအတွက်ပါ အကျိုးခံစားခွင့်လွှဲပြောင်းသူ (Beneficiary) အဖြစ် ထားရှိပြီး စိတ်ချရတဲ့ Protection အပြည့်အဝ ပေးနိုင်ပြီဖြစ်လို့ Community အတွက် တကယ့်ကို ဝမ်းသာစရာ သတင်းကောင်းပါပဲ။ ကိုယ့်မေတ္တာကို အာမခံနဲ့ သက်သေပြပြီး အနာဂတ်ကို စိတ်အေးလက်အေး ပုံဖော်လို့ရပါပြီ။

🎯 ချစ်ရသူတွေအတွက် အနာဂတ်အကာအကွယ် ပြင်ဆင်ချင်တယ်ဆိုရင်...
ကိုယ့်ရဲ့ လက်တွဲဖော်၊ ကိုယ့်ရဲ့ မိသားစုနဲ့ သားသမီးတွေအတွက် ဘယ်လို အာမခံအမျိုးအစားတွေက အကိုက်ညီဆုံး ဖြစ်မလဲဆိုတာ အသေးစိတ်ကို Page Chatbox မှာဖြစ်စေ၊ Comment မှာဖြစ်စေ လွတ်လပ်စွာ လာရောက်ဆွေးနွေး မေးမြန်းနိုင်ပါတယ်နော်။ 👇

Together is our strength ✨👑
14/06/2026

Together is our strength ✨👑

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Zannawar; Financial Advisor for Your Better Future posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share