10/06/2026
❝ ဈေးကြီးလိုက်တာလို့ပြောတဲ့ Customer တွေကို ဝယ်သွားအောင် ဘယ်လိုရောင်းမလဲ? ❞
ဒီအကြောင်းအရာကိုပြောရင် ငြင်းခုန်ရဖို့ကပိုများပါတယ်
ဒါပေ့မယ် ကျွန်တော်သိသလောက် ဝယ်သူတွေက ကိုယ်ရဲ့ပစ္စည်းကို ဈေးကြီးလိုက်တာလို့ ပြောလာတဲ့အချိန်မှာ ဘယ်လိုဖြေရှင်းလို့ရတယ်ဆိုတာလေးကို ပြောပြပေးပါမယ်။
ကဲ.. ဆိုကြပါဆိုဗျာ ..
လူစည်ကားတဲ့ လမ်းမကြီးတစ်ခုပေါ်မှာ ဖိနပ်ဆိုင် နှစ်ဆိုင် ဘေးချင်းကပ်ဖွင့်ထားတယ်ပေါ့။ ဆိုင်နှစ်ဆိုင်လုံးက Quality တူတဲ့ ဖိနပ်တွေကို ၅ သောင်းကျပ်နဲ့ တူတူပဲ ရောင်းနေကြတာပေ့ါ။
တစ်နေ့တော့ Customer တစ်ယောက် ရောက်လာပြီး ဖိနပ်ကို ကိုင်ကြည့်ရင်း
အာ... ၅ သောင်းတောင်လား၊ ဈေးကြီးလိုက်တာ လို့ ပြောလိုက်တယ်။
ပထမဆိုင်ရှင်က ချက်ချင်းပဲ “ မကြီးပါဘူးရှင့်၊ အပြင်မှာ ဒီထက်ညံ့တဲ့ဟာတွေတောင် ဒီဈေးပဲ၊ ဒါက Quality ကောင်းလို့ပါ’’ဆိုပြီး ဈေးနှုန်းကို ဝင်ငြင်းပါတော့တယ်။
ရလဒ်ကတော့ Customer က "ဟုတ်ကဲ့ ကြည့်ပါဦးမယ်" ဆိုပြီး ထွက်သွားတာပါပဲ။
ဒုတိယဆိုင်ရှင်ကျတော့ ပြုံးပြီး ဒီလိုလေး ပြန်ပြောလိုက်တယ်...
"ဟုတ်ကဲ့အကို၊ ၅ သောင်းဆိုတာ မနည်းတဲ့ ပိုက်ဆံမို့ ဈေးကြီးတယ်လို့ ခံစားရတာ ကောင်းကောင်းနားလည်ပါတယ်ခင်ဗျာ။ ဒါပေမယ့် အပြင်က ၁ သောင်းခွဲတန် ဖိနပ်ကို ဝယ်စီးပြီး ၃ လခန့်နဲ့ ပျက်သွားလို့ ခဏခဏ ပြန်ဝယ်နေရတာထက်စာရင်... ဒီဖိနပ်က အသားကောင်းလို့ ၂ နှစ်ကျော်အထိ အေးဆေးစီးရမှာမို့ ရေရှည်မှာ ပိုတွက်ခြေကိုက်ပါတယ်ဗျာ’’
‘’အခု ဒီဇိုင်းလေးကလည်း နောက်ဆုံးထွက်ထားတာလေးဖြစ်ပြီး ဒီအရံလေးပဲကျန်တော့တာမို့ အကိုလိုချင်ရင် ထည့်ပေးလိုက်ရမလားခင်ဗျာ’’ တဲ့။
မိတ်ဆွေ... ဘယ်ဆိုင်က ဖိနပ် ပိုရောင်းထွက်သွားမယ် ထင်ပါသလဲ?
သေချာတာကတော့ ဒုတိယဆိုင်ပါပဲ။
ဘာလို့ ဒီလို ဖြစ်သွားတာလဲ?
ကမ္ဘာကျော် စိတ်ပညာရှင်တွေရဲ့ လေ့လာမှုအရ လူတွေဟာ ပိုက်ဆံသုံးရတော့မယ်ဆိုရင် ဦးနှောက်ရဲ့ နာကျင်မှုကို ခံစားရတဲ့ အစိတ်အပိုင်း (Insula) က အလိုအလျောက် အလုပ်လုပ်ပါတယ်။
Customer က ဈေးကြီးတယ် လို့ ပြောတာဟာ မဝယ်ချင်လို့ မဟုတ်ပါဘူး၊ စိတ်ထဲက ဖြစ်လာတဲ့ နာကျင်မှုကို မကျော်လွှားနိုင်သေးလို့ ကိုယ့်ပစ္စည်းက ဒီဈေးနဲ့ တကယ်တန်ရဲ့လား" ဆိုတာကို သေချာမမြင်ရလို့ တွန့်ဆုတ်နေတာပါ။
ဒုတိယဆိုင်ရှင်ဟာ ဈေးနှုန်းကို သွားမငြင်းဘဲ...
၁။ Customer ရဲ့ ခံစားချက်ကို အရင် ထောက်ခံပေးလိုက်တယ်။
၂။ ဈေးနှုန်းထက် ရရှိမယ့် ရေရှည်တန်ဖိုး (Value) ကို ပြောင်းလဲ အာရုံစိုက်ခိုင်းတယ်။
၃။ နောက်ဆုံးတစ်စုံပဲ ကျန်တော့တယ် ဆိုပြီး နှမြောစိတ် (FOMO) လေး ထည့်ပြီး အပိတ်လုပ်လိုက်တယ်။
ဒါကြောင့် Customer က ၅ သောင်းဆိုတဲ့ ဈေးနှုန်းကို မကြည့်တော့ဘဲ ဝယ်သွားအောင် ပါးပါးနပ်နပ်နဲ့ ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်ဗျာ။
မိတ်ဆွေဆီမှာရော ဒီလိုမျိုး ဈေးကြီးတယ် လို့ လာပြောတဲ့ Customer တွေကိုဘယ်လိုနည်းလမ်းနဲ့ ပြန်ဖြေလိုက်လဲဆိုတာ အောက်မှာ ရေးသွားပေးလို့ရပါတယ်။
| မနေ့ကထက် ဒီနေ့ပိုရောင်းကောင်းစေဖို့
📞 Contact : 09 762 900 27
#မနေ့ကထက်ဒီနေ့ပိုရောင်းကောင်းစေဖို့