Collin Consulting Myanmar

Collin Consulting Myanmar AI နဲ့ Marketing Scale လုပ်ချင်သူတွေအတွက်

လုပ်ငန်းက လည်ပတ်နေတာလား၊ ကိုယ်က တွန်းနေတာလား?ကားတစ်စီး ရွေ့နေတာကိုမြင်ရုံနဲ့ စက်ကောင်းတယ်လို့ တန်းပြောလို့မရဘူး။တစ်ခါတလေ...
25/08/2026

လုပ်ငန်းက လည်ပတ်နေတာလား၊ ကိုယ်က တွန်းနေတာလား?

ကားတစ်စီး ရွေ့နေတာကိုမြင်ရုံနဲ့ စက်ကောင်းတယ်လို့ တန်းပြောလို့မရဘူး။

တစ်ခါတလေ စက်နိုးနေလို့ ရွေ့တာဖြစ်နိုင်သလို
နောက်ကလူတွေ ဝိုင်းတွန်းနေလို့ ရွေ့နေတာလည်း ဖြစ်နိုင်တယ်။

လုပ်ငန်းတွေလည်း အတူတူပဲ။
အရောင်းကတော့ရှိနေတယ်။
ဝန်ထမ်းတွေလဲ ရှိတယ်။
ဆိုင်ခွဲတွေရှိတယ်။
အပြင်ကကြည့်ရင် လည်ပတ်နေသလိုပဲ။
ဒါပေမယ့် Owner တစ်ရက်မလာတာနဲ့ ဖုန်းတွေ တောက်လျှောက်ဝင်လာတယ်။

ဒီ Customer ကို ဘာပြန်ပြောရမလဲ။
ဒီ Content ကို တင်လို့ရပြီလား။
ဒီဈေးနဲ့ကော ရောင်းလို့ရလား။
ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ။
အရာအားလုံး Owner ဆီပဲ ပြန်ရောက်လာတယ်ဆိုရင် လုပ်ငန်းက သူ့ဘာသာ လည်ပတ်နေတာမဟုတ်ဘူး။

Owner က နေ့တိုင်းတွန်းပေးနေရတာ။

Masterclass တစ်ခုမှာ ဆရာဝန်လုပ်ငန်းရှင်တစ်ယောက်နဲ့ ဆုံဖူးတယ်။

Aesthetic နဲ့ Skin Care Product လုပ်ငန်းတွေကို ကိုယ်တိုင်ဦးစီးနေသူပေါ့။

လုပ်ငန်းတွေက သေးတာမဟုတ်ဘူး။
ဒါပေမယ့် ဆရာဝန်ဆိုလည်း သူပဲ။
Manager ဆိုလည်း သူပဲ။
Content ရေး၊ Photo ပြင်တာလည်း သူပဲ။

သူ့စကားနဲ့ဆိုရင်
“အလုပ်ရှင်လည်းကိုယ်ပဲ၊ အလုပ်သမားလည်းကိုယ်ပဲ၊ Driver လည်းကိုယ်ပဲ” တဲ့။

နောက်တစ်ယောက်ကတော့ မန္တလေးမှာ ဝန်ထမ်း 80 လောက်နဲ့ Delivery Service တစ်ခု လည်ပတ်နေတဲ့ လုပ်ငန်းရှင်။

သူ့လုပ်ငန်းက သူမပါလည်း လည်ပတ်နိုင်အောင် System ချထားပြီးသား။

သူ Masterclass လာတက်တာ နေ့စဉ်အလုပ်တွေ ကိုယ်တိုင်ပြန်လုပ်ဖို့မဟုတ်ဘူး။

လုပ်ငန်းကို နောက်တစ်ဆင့်တိုးတက်အောင် ဘယ်လိုဦးဆောင်မလဲဆိုတာ သိချင်လို့။

ဒီလုပ်ငန်းရှင် 2 ယောက်ရဲ့ ကွာခြားချက်က ဝန်ထမ်းအရေအတွက်တစ်ခုတည်း မဟုတ်ဘူး။

Owner တစ်ယောက်ရဲ့ ခေါင်းထဲမှာရှိတဲ့ သိထားတာတွေကို Team လိုက်လုပ်နိုင်တဲ့ System အဖြစ် ပြောင်းထားနိုင်သလားဆိုတာပဲ။

AI သုံးတဲ့အခါမှာလည်း အတူတူပဲ။
Owner ကိုယ်တိုင် Prompt တစ်ခုချင်းရေး၊ Content တစ်ပုဒ်ချင်းထုတ်၊ ပုံတစ်ပုံချင်းစစ်နေရင် အလုပ်ပိုမြန်လာနိုင်တယ်။

ဒါပေမယ့် Owner က Marketing ဝန်ထမ်းဘဝက လွတ်မသွားသေးဘူး။

AI ကို တကယ်အသုံးချတယ်ဆိုတာ
* ကိုယ့်လုပ်ငန်းနဲ့ Customer အကြောင်းကို AI နားလည်အောင် တည်ဆောက်ထားတာ။
* ထပ်ခါထပ်ခါလုပ်နေရတဲ့အလုပ်တွေကို System အဖြစ် ပြောင်းထားတာ။
* Team က ဘာမေးရမလဲ၊ ဘယ်လိုသုံးရမလဲဆိုတာ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားတာ။
* Owner က အကုန်လိုက်လုပ်မယ့်အစား Direction ပေးပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကိုပဲ ကိုင်တာ။

အဲဒီအဆင့်ရောက်မှ AI က Owner အတွက် အလုပ်အသစ်တစ်ခု မဖြစ်တော့ဘူး။

Owner မရှိတဲ့အချိန်မှာပါ လုပ်ငန်းကို ဆက်ရွေ့စေမယ့် System ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာတယ်။

လုပ်ငန်းကို တိုးချဲ့ချင်ရင် လူထပ်ခန့်ဖို့တစ်ခုတည်း စဉ်းစားလို့မရဘူး။

ကိုယ်နေ့တိုင်း တွန်းပေးနေရတဲ့အလုပ်တွေထဲက ဘယ်အလုပ်ကို System ထဲ ထည့်နိုင်မလဲဆိုတာလည်း စဉ်းစားဖို့လိုတယ်။

နို့မို့ဆိုရင် လုပ်ငန်းက ပိုကြီးလာလေလေ၊ တွန်းရတဲ့လူက ပိုပင်ပန်းလာလေလေ ဖြစ်နေမှာပဲ။

Masterclass ကို စိတ်ဝင်စားရင် chatbox မှာ ဆွေးနွေးလို့ရပါတယ်

အသေးစိတ်တိုင်ပင်ရန်
09777044991
09765482385
09784746749
09765647540"

25/08/2026

AI က တစ်မျိုး၊ ကိုယ်လိုချင်တာက တစ်မျိုး
=================

1) Clinic နဲ့ Rehab Center ကို ဦးစီးပြီး Skincare Product ပါ ထုတ်နေတဲ့ ဆရာဝန်လုပ်ငန်းရှင်တစ်ယောက်ရှိတယ်။

သူလည်း ChatGPT ရော Gemini ရော သုံးတယ်။

လုပ်ငန်းအကြောင်း မေးလိုက်တဲ့အခါ တစ်ခါတလေ သူသိသလောက်တောင် AI က မသိဘူးလို့ ခံစားရတယ်။

အဖြေတွေ တလွဲဖြစ်လို့ AI နဲ့တောင် ထိုင်ငြင်းနေရတယ်။

နောက်မှ သေချာပြန်ကြည့်တော့ AI ကို သူ့လုပ်ငန်းအကြောင်း အပြည့်အစုံမပြောထားဘူး။

သူ့ဆေးခန်းကို ဘယ်လို Customer တွေလာလဲ။
ဘာ Service တွေရှိလဲ။
တခြားဆေးခန်းတွေနဲ့ ဘာကွာလဲ။

ဒါတွေမသိဘဲ သူ့လုပ်ငန်းနဲ့ကိုက်တဲ့ အကြံပေးချက်တောင်းနေတာ။

AI ကလည်း သူသိသလောက်ပဲ ပြန်ဖြေတာပေါ့။

2) အဝတ်အထည်နဲ့ Printing လုပ်ငန်းရှင်တစ်ယောက်ကျတော့ Team ရှိပြီး AI ကိုလည်း သုံးနေပြီ။

Content ရေးခိုင်းလိုက်ရင် စာတစ်ပုဒ်တော့ ချက်ချင်းထွက်လာတယ်။

ဖတ်ကြည့်တော့လည်း မှန်သလိုလိုရှိတာနဲ့ သုံးလို့ရပြီထင်နေတာ။

နောက်မှ သေချာပြန်စစ်ကြည့်တော့ အပေါ်ယံစာတွေ ဖြစ်နေတယ်။

Customer ဆက်ဖတ်ချင်မယ့် Hook မပါဘူး။
ဝယ်ချင်လာအောင် ပြောထားတာမရှိဘူး။
သူ့လုပ်ငန်းက ပြောတဲ့စကားလို့လည်း မခံစားရဘူး။

AI က စာရေးပေးနိုင်တာတော့ မှန်တယ်။

ဒါပေမယ့် စာတစ်ပုဒ်ထွက်လာတာနဲ့ Marketing Content ဖြစ်သွားတာတော့ မဟုတ်ဘူး။

3) စက်မှုလုပ်ငန်းသုံးပစ္စည်းတွေ ရောင်းတဲ့ လုပ်ငန်းရှင်တစ်ယောက်က လုပ်ငန်းထပ်ချဲ့ဖို့ ပြင်ဆင်နေတယ်။

ဆိုင်ခွဲအသစ်နဲ့ New Business တွေလည်း စဖို့ရှိတယ်။

သူလည်း ChatGPT သုံးတယ်။

မေးလိုက်ရင် အဖြေတွေ အများကြီးရတယ်။
မြန်လည်းမြန်တယ်။

ပြဿနာက ရလာတာတွေထဲက ဘယ်ဟာကို ယူသုံးရမှန်းမသိဘူး။

ကိုယ်လိုချင်တဲ့အဖြေမရတော့ ဒီ App လေးစမ်းကြည့်တယ်။
ဟို Video လေးကြည့်တယ်။
Tool အသစ်ပေါ်လာရင်လည်း လိုက်စမ်းတယ်။

နောက်ဆုံး AI သုံးလို့ အချိန်သက်သာရမယ့်အစား ဘာသုံးရမလဲ ရွေးနေရတာနဲ့ အချိန်ပိုကုန်သွားရော။

ပြောချင်တာက AI သုံးတဲ့နေရာမှာ Context နဲ့ System က သိပ်အရေးကြီးတယ်။

ကိုယ့်လုပ်ငန်းအကြောင်း AI ကို ဘယ်လောက်နားလည်အောင် ပြောထားလဲ။
ဘာအလုပ်ကို ခိုင်းမလဲ။
ထွက်လာတဲ့အဖြေကို ဘယ်လိုပြန်စစ်မလဲ။

ဒါတွေမရှိဘဲ AI ကို ခိုင်းနေရင် ကိုယ်လိုချင်တာတစ်မျိုး၊ သူပေးတာတစ်မျိုး ဖြစ်နေဦးမှာပဲ။

နို့မို့ရင်တော့ AI က အလုပ်ကူပေးမယ့်သူ မဖြစ်ဘဲ ကိုယ်က ထပ်စီမံနေရတဲ့ ဝန်ထမ်းအသစ်တစ်ယောက် ဖြစ်သွားမှာပဲ။

(သင်အခြေအနေနဲ့ တိုက်ဆိုင်ရင် နောက်နေ့ ဆက်ရေးတာပေါ့...)

AI ကို ကိုယ်တိုင်လေ့လာနေတာ အချိန်ဘယ်လောက်ကုန်နေပြီလဲ? Free Information မကောင်းလို့ မဟုတ်ပါဘူး။ လေ့လာရမယ့် Sequence မရှိရ...
25/08/2026

AI ကို ကိုယ်တိုင်လေ့လာနေတာ အချိန်ဘယ်လောက်ကုန်နေပြီလဲ?

Free Information မကောင်းလို့ မဟုတ်ပါဘူး။ လေ့လာရမယ့် Sequence မရှိရင် လုပ်ငန်းမှာ တကယ်အသုံးချတတ်ဖို့ အချိန်ပိုကြာပါတယ်။

YouTube Video ကြည့်တယ်။ AI Tool အသစ်စမ်းတယ်။ Prompt Copy လုပ်တယ်။ Information ပိုသိလာပေမယ့် ကိုယ့်လုပ်ငန်းမှာ ဘယ်လိုစသုံးရမလဲ မရှင်းသေးပါဘူး။

• လေ့လာရမယ့် Sequence မရှိခြင်း
• Output မှန်၊ မမှန် စစ်ပေးမယ့် Feedback မရှိခြင်း
• လက်တွေ့ပြီးအောင်လုပ်စေမယ့် Implementation Environment မရှိခြင်း
စတာတွေကြောင့် Self-study က အချိန်ကြာသွားတာပါ။ ဒီနေရာက ROI ဟာ ချက်ချင်း Revenue တက်မယ်ဆိုတဲ့ကတိမဟုတ်ပါဘူး။ AI Marketing ကို လုပ်ငန်းမှာ မှန်ကန်စွာအသုံးချတတ်တဲ့အဆင့် ရောက်ဖို့ အချိန်ဘယ်လောက်တိုသွားမလဲဆိုတဲ့ Time-to-Competence ဖြစ်ပါတယ်။

ကျွန်တော်လည်း 2017 ခုနှစ်မှာ မြန်အံ့ ကို စတင်တုန်းက Content, Design နဲ့ Marketing ကို ကိုယ်တိုင်လုပ်ခဲ့ပါတယ်။ Information ကို ကိုယ်တိုင်ရှာခဲ့ပေမယ့် Direction နဲ့ System မရှိတော့ အချိန်များစွာ ကုန်ခဲ့ပါတယ်။

Customer၊ Offer Direction, Marketing Workflow နဲ့ Team သုံးနိုင်မယ့် System တွေကို အစဉ်လိုက်တည်ဆောက်နိုင်မှ အလုပ်တစ်ခုချင်းစီကနေ လွတ်လာခဲ့တာပါ။

ကျွန်တော်က RMIT University IT Graduate ဖြစ်ပြီး Melbourne နဲ့ Singapore မှာ Digital Marketing အတွေ့အကြုံရှိပါတယ်။ Business/Marketing အတွေ့အကြုံ 12 နှစ်ကျော်နဲ့ သင်တန်းသား 1,100 ကျော်ကို သင်ကြားခဲ့ပြီး မြန်အံ့ ကနေ Customer တစ်သိန်းကျော်ကို ဝန်ဆောင်မှုပေးခဲ့ပါတယ်။

AI Marketing Strategy Masterclass က Content အကုန်ရေးပေးမယ့် Class မဟုတ်သလို Prompt Engineering သက်သက် သင်ပေးမယ့် Class လည်း မဟုတ်ပါဘူး။

3 ရက်အတွင်း
• ကိုယ့်လုပ်ငန်းနဲ့ Customer ကို AI နားလည်အောင် တည်ဆောက်မယ်
• Customer Insight နဲ့ Offer Direction ကို စစ်မယ်
• Marketing Workflow နဲ့ AI အသုံးချပုံကို လက်တွေ့ချိတ်မယ်
• သင်တန်းပြီးနောက် ဆက်လုပ်မယ့် Action Plan ကို သတ်မှတ်မယ်

Director Pass: သိန်း 50
3 ရက်တာ Physical Masterclass၊ AI Marketing System၊ Frameworks၊ Templates နဲ့ Implementation Plan ရရှိပါမယ်။

Executive Pass: သိန်း 100 | 3 ယောက်သာ
Director Pass အားလုံးအပြင် 1-on-1 Private Session၊ Business Diagnostic Report၊ ပိုမိုနီးကပ်တဲ့ Guidance၊ Follow-up Call နဲ့ 3 လ Implementation Follow-through ရရှိပါမယ်။

Yangon Masterclass
September 12–14, 2026 | 9:30 AM–5:00 PM
Strand Hotel, Yangon

Mandalay Masterclass
September 19–21, 2026 | 9:30 AM–5:00 PM
Swallow Hotel, Mandalay

အသေးစိတ်သိရန် Profile မှတစ်ဆင့် သို့မဟုတ် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါတယ်။

09777044991
09765482385
09784746749
09765647540

Marketing ဝန်ထမ်းတစ်ယောက် မရှိတော့ရင် သင့် Page ပါ ရပ်သွားမှာလား?2017 ခုနှစ်မှာ မြန်အံ့ ကို စတင်ခဲ့တုန်းက Marketing Team...
25/08/2026

Marketing ဝန်ထမ်းတစ်ယောက် မရှိတော့ရင် သင့် Page ပါ ရပ်သွားမှာလား?

2017 ခုနှစ်မှာ မြန်အံ့ ကို စတင်ခဲ့တုန်းက Marketing Team မှာ ကျွန်တော်နဲ့ Designer တစ်ယောက်ပဲ ရှိခဲ့ပါတယ်။

Content Idea ကို ကျွန်တော်စဉ်းစားတယ်။ စာကိုယ်တိုင်ရေးတယ်။ Designer ကို ပုံဆွဲခိုင်းတယ်။ တစ်ယောက်က အလုပ်များနေရင် Content ရပ်တယ်။ ကျွန်တော် Direction မပေးနိုင်တဲ့နေ့မှာ Team က ဘာဆက်လုပ်ရမလဲ မသိတော့ပါဘူး။

ပြဿနာက ဝန်ထမ်းမကောင်းလို့ မဟုတ်ပါဘူး။ Agency မကောင်းလို့လည်း မဟုတ်ပါဘူး။

Marketing Knowledge၊ Customer အကြောင်း၊ Brand Voice နဲ့ ဆုံးဖြတ်ချက်တွေက လူတစ်ယောက်ရဲ့ခေါင်းထဲမှာပဲ ရှိနေလို့ပါ။

Agency နဲ့ ဝန်ထမ်းတွေက လုပ်ငန်းကြီးထွားဖို့ အရေးကြီးပါတယ်။

ဒါပေမယ့် Marketing Direction ကိုတော့ လူတစ်ယောက်တည်းက မပိုင်သင့်ပါဘူး။ လုပ်ငန်းက ပိုင်ထားရပါမယ်။

Business Background, Customer Insight, Offer, Brand Voice, Content Workflow, Approval Process နဲ့ Marketing Assets တွေကို System အဖြစ် သိမ်းထားရပါတယ်။

System ရှိရင် လူပြောင်းလည်း Marketing ကို အစကနေ ပြန်တည်ဆောက်စရာ မလိုပါဘူး။ ဝန်ထမ်းအသစ်က Direction ကို မြန်မြန်နားလည်နိုင်ပြီး Agency ကလည်း ကိုယ့် Brand နဲ့ကိုက်တဲ့အလုပ်ကို ပိုတိကျစွာ လုပ်နိုင်ပါတယ်။

AI သုံးတယ်ဆိုတာ လူကိုအစားထိုးဖို့ မဟုတ်ပါဘူး။
လုပ်ငန်းရဲ့ Knowledge နဲ့ Marketing Direction ကို Team အားလုံး အတူတူအသုံးပြုနိုင်တဲ့ System တစ်ခုအဖြစ် ထိန်းထားဖို့ပါ။

ဒီလိုပြောင်းလဲခဲ့လို့ ဒီနေ့မှာ မြန်အံ့ က Customer 100,000 ကျော်ကို Serve လုပ်နိုင်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် လုပ်ငန်း 3 ခုနဲ့ Branch 6 ခုကို ဦးဆောင်နိုင်ခဲ့ပါတယ်။

AI MARKETING STRATEGY MASTERCLASS မှာ Content ရေးပေးတာ၊ Prompt ရေးနည်းတစ်ခုတည်း သင်ပေးမှာမဟုတ်ပါဘူး။
မြန်အံ့နဲ့ ကိုယ့်လုပ်ငန်းတွေမှာ တကယ်အသုံးပြုနေတဲ့ AI Marketing System ကို ကိုယ့်လုပ်ငန်းနဲ့ ချိတ်ဆက်တည်ဆောက်ရမှာပါ။

3 ရက်အတွင်း Business Background, Customer Insight, Offer, Content Package နဲ့ 30-Day Action Plan ကို တည်ဆောက်မယ်။

ရည်ရွယ်ချက်က Marketing ကို လူတစ်ယောက်ပေါ် မူတည်နေတဲ့အခြေအနေကနေ လူပြောင်းလည်း ဆက်လည်ပတ်နိုင်တဲ့ System ပိုင်ဆိုင်လာဖို့ပါ။

AI MARKETING STRATEGY MASTERCLASS
ရန်ကုန်
September 12, 13, 14, 2026
9:30 AM–5:00 PM
Strand Hotel

မန္တလေး
September 19, 20, 21, 2026
9:30 AM–5:00 PM
Swallow Hotel

Networking Dinner ပါဝင်ပါတယ်။

Director Pass: သိန်း 50
Executive Pass: သိန်း 100
Director Pass မှ Benefit အားလုံးအပြင် ဆရာအောင်ပိုင်နဲ့ သီးသန့်တိုင်ပင်ပြီး Priority၊ Offer နဲ့ Action Direction ရယူလိုသူတွေအတွက် ဖြစ်ပါတယ်။ Batch တစ်ခုလျှင် 3 ယောက်သာ လက်ခံပါမယ်။

Marketing System ကို လုပ်ငန်းကပိုင်ထားဖို့လိုတယ်ဆိုရင် ဒီ Post ကို Team နဲ့ Share ပေးပါ။

အသေးစိတ်တိုင်ပင်ရန်
09777044991
09765482385
09784746749
09765647540

24/08/2026

ကြုံရဆုံရ လုပ်ငန်းရှင်များ (1)
=============

Masterclass တစ်ခုမှာ ဆရာဝန်လုပ်ငန်းရှင်တစ်ယောက်နဲ့ ဆုံဖူးတယ်။

သူ့မှာ Wellness Clinic ရှိတယ်။
Rehab Center ရှိတယ်။
Skincare Product တွေလည်း ကိုယ်တိုင်ထုတ်တယ်။

အပြင်ကကြည့်ရင် လုပ်ငန်းမျိုးစုံနဲ့ အောင်မြင်နေတဲ့ လုပ်ငန်းရှင်တစ်ယောက်ပေါ့။

ဒါပေမယ့် သူ့လုပ်ငန်းထဲဝင်ကြည့်လိုက်တော့—

ဆရာဝန်ဆိုလည်း သူပဲ။
Manager ဆိုလည်း သူပဲ။
Content ရေးတာလည်း သူပဲ။
Photo ပြင်တာလည်း သူပဲ။

သူပြောတဲ့စကားနဲ့ဆိုရင်—

“အလုပ်ရှင်လည်းကိုယ်ပဲ၊ အလုပ်သမားလည်းကိုယ်ပဲ၊ ကား Driver လည်းကိုယ်ပဲ” တဲ့။

AI ကိုလည်း သုံးဖူးတယ်။
ChatGPT နဲ့ Gemini ကို မေးဖူးတယ်။

ဒါပေမယ့် တစ်ခါတလေ ကိုယ်လိုချင်တဲ့အဖြေမရလို့ AI နဲ့တောင် ထိုင်ငြင်းနေရတယ်။

အဲဒါနဲ့ 3 ရက် Masterclass လာတက်ဖြစ်တယ်။

အစကတော့ စိုးရိမ်နေသေးတယ်။

မနက် 9 နာရီကနေ ညနေ 5 နာရီဆိုတာ သူ့အတွက် ပိုက်ဆံအများကြီးရှာလို့ရတဲ့အချိန်။
ဒီအချိန်ကို 3 ရက်ပေးလိုက်ပြီး တကယ်ပြန်ရပါ့မလားပေါ့။

ဒါပေမယ့် ပထမနေ့ပြီးတာနဲ့ သူဘယ်နေရာမှာ Stuck ဖြစ်နေလဲ မြင်သွားတယ်။
ဖြေရှင်းရမယ့်အဖြေကိုပါ တစ်ခါတည်း တွေ့သွားတယ်။

အဲဒီမှာ ကျွန်တော် သတိထားမိတာတစ်ခုရှိတယ်။

တချို့လုပ်ငန်းတွေက ကြီးလာတယ်။
ဒါပေမယ့် Owner ရဲ့ လွတ်လပ်မှုက လိုက်မကြီးလာဘူး။

ဝင်ငွေတိုးလာပေမယ့်—
လုပ်စရာတွေလည်း အကုန် Owner ဆီပဲ ပြန်ရောက်နေတယ်။

ဒီလိုဖြစ်နေတာက ဝန်ထမ်းမလုံလောက်လို့ပဲလား...

ဒါမှမဟုတ် တခြားအကြောင်းရင်းတစ်ခု ရှိနေသေးလား...

(ဒီလိုလေးတွေ ဖတ်ရတာ နှစ်သက်ရင် နောက်နေ့ ပြန်ဆုံပါမယ်)

လူရှာရတာခက်တယ်လို့ ပြောပြီး ကိုယ်တိုင်ဝင်လုပ်နေတာ မှန်ရဲ့လား?လုပ်ငန်းရှင်တော်တော်များများဆီက မကြာခဏ ကြားရတဲ့ စကားတစ်ခွန်...
24/08/2026

လူရှာရတာခက်တယ်လို့ ပြောပြီး ကိုယ်တိုင်ဝင်လုပ်နေတာ မှန်ရဲ့လား?

လုပ်ငန်းရှင်တော်တော်များများဆီက မကြာခဏ ကြားရတဲ့ စကားတစ်ခွန်း ရှိပါတယ်။

“အခုခေတ်မှာ လူရှာရတာ ခက်တယ်။
လူတော်တွေ ရှားတယ်။
ဝန်ထမ်းခန့်မယ့်အစား ကိုယ်တိုင်လုပ်လိုက်တာ ပိုမြန်တယ်”
ဆိုတဲ့ အတွေးမျိုးပါ။

အစပိုင်းမှာတော့ ဒီအတွေးက မှန်သလို ထင်ရပါတယ်။
ကိုယ်ကိုယ်တိုင် ဝင်လုပ်လိုက်ရင် အလုပ်မြန်တယ်။
Quality လည်း ထိန်းနိုင်တယ်။
ရှင်းပြရတာလည်း မလိုတော့ဘူးလို့ ထင်ရပါတယ်။

ဒါပေမယ့် လုပ်ငန်းတစ်ခု ကြီးထွားလာတဲ့အချိန်မှာတော့ ဒီအတွေးက ကိုယ့်လုပ်ငန်းရဲ့ Growth ကို တားဆီးနေတဲ့ အရာတစ်ခု ဖြစ်လာနိုင်ပါတယ်။

Founder တစ်ယောက်ရဲ့ အဓိကတာဝန်က အလုပ်အားလုံးကို ကိုယ်တိုင်လုပ်ဖို့ မဟုတ်ပါဘူး။

လုပ်ငန်းကို နောက်တစ်ဆင့်တက်အောင် System တည်ဆောက်ဖို့၊ Team တည်ဆောက်ဖို့၊ ကိုယ့်နေရာကို အစားထိုးနိုင်မယ့် လူတွေကို မွေးထုတ်ဖို့ ဖြစ်ပါတယ်။

ဝန်ထမ်းရှာရတာ ခက်တာက အမှန်ပါ။

ဒါပေမယ့် အဲ့ဒါကြောင့် ဝန်ထမ်းမရှာတော့ဘဲ ကိုယ်တိုင်ပဲ အားလုံးဝင်လုပ်နေမယ်ဆိုရင်
Founder ရဲ့အချိန်တွေ Operation ထဲမှာပဲ ကုန်ဆုံးသွားနိုင်ပါတယ်။

Customer အသံတွေ နားထောင်ဖို့၊ Business Growth အတွက် စဉ်းစားဖို့၊ Expansion လုပ်ဖို့ လိုအပ်တဲ့ အချိန်တွေ လျော့နည်းသွားနိုင်ပါတယ်။

The Collin Podcast EP.8 မှာ ဆရာအောင်ပိုင်က
ဝန်ထမ်းရှာရခက်တဲ့ ပြဿနာ၊
Founder တွေ ကိုယ်တိုင်ဝင်လုပ်နေမိတဲ့ အမှားတွေ၊
Team တည်ဆောက်ရာမှာ လိုအပ်တဲ့ System တွေ၊
ကိုယ်မရှိလည်း လည်ပတ်နိုင်တဲ့ Organization တစ်ခု တည်ဆောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပါတယ်။

ဆရာအောင်ပိုင် ကိုယ်တိုင်လည်း အရင်က ဝန်ထမ်းရှာတဲ့နေရာမှာ အမှားတွေ လုပ်ခဲ့ဖူးပါတယ်။
Job Post တွေကို ကိုယ်တိုင်ရေးပေးခဲ့တာ၊
ဝန်ထမ်းတွေကို Content တစ်မျိုးတည်းနဲ့ပဲ အမြဲ Share ခိုင်းခဲ့တာ၊
System မရှိဘဲ လူပေါ်မူတည်ပြီး လုပ်ခဲ့တာတွေကနေ သင်ခန်းစာတွေ ရခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ AI နဲ့ System တွေ အသုံးပြုပြီး Recruitment Process တွေကို ပိုကောင်းအောင် ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် အရေးကြီးဆုံးက Tool မဟုတ်ပါဘူး။
လုပ်ငန်းရှင်တစ်ယောက်အနေနဲ့
“ဘယ်နေရာမှာ လူမရတာလဲ?”
“Skill မရှိတာလား?”
“Salary Structure ပြဿနာလား?”
“Recruitment Process မှားနေတာလား?”
ဆိုတဲ့ Root Cause ကို ရှာဖွေပြီး ဖြေရှင်းနိုင်ဖို့ ဖြစ်ပါတယ်။

The Collin Podcast ကို ကျွန်တော်တို့ လုပ်နေတာက အောင်မြင်မှုတွေပဲ ပြောပြဖို့ မဟုတ်ပါဘူး။
လုပ်ငန်းရှင်တစ်ယောက် တကယ်ကြုံခဲ့ရတဲ့ အခက်အခဲတွေ၊ မှားခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ ပြန်ပြင်ခဲ့ရတဲ့အရာတွေနဲ့ အဲ့ဒီကနေ ရခဲ့တဲ့ Lesson တွေကို မျှဝေဖို့ပါ။

ဒီ Episode မှာတော့ ဆရာအောင်ပိုင်ရဲ့ Founder Journey ထဲက
Team တည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေ၊
ဝန်ထမ်းရှာဖွေရာမှာ ကြုံခဲ့ရတဲ့ Challenge တွေ၊
Founder တစ်ယောက်အနေနဲ့ ဘယ်အချိန်မှာ လက်လွှဲပေးသင့်လဲဆိုတဲ့ အတွေးတွေကို နားထောင်ရမှာ ဖြစ်ပါတယ်။

နောက်ပိုင်း Episode တွေမှာလည်း သင်တန်းသားလုပ်ငန်းရှင်တွေအပြင် ပြင်ပလုပ်ငန်းရှင်တွေကိုပါ ဖိတ်ခေါ်ပြီး သူတို့ရဲ့ တကယ့် Business Story တွေ၊ အခက်အခဲတွေနဲ့ သင်ခန်းစာတွေကို ဆက်ပြီး မျှဝေပေးသွားမှာပါ။

ဒီအပတ်တော့
“လူရှာရတာခက်တယ်” ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ်တိုင်ပဲ အားလုံးဝင်လုပ်နေမိတဲ့ လုပ်ငန်းရှင်တွေအတွက်
ဆရာအောင်ပိုင်ရဲ့ အတွေ့အကြုံနဲ့ Lesson တွေကို The Collin Podcast EP.8 မှာ စောင့်ကြည့်လိုက်ပါ။

The Collin Podcast · EP.8
လာမယ့်သောကြာနေ့ ည ၉ န

Marketing အလုပ်တိုင်း ကိုယ်တိုင်လုပ်နေရင် လုပ်ငန်းကို ဘယ်အချိန်ချဲ့မလဲ?2017 ခုနှစ်မှာ မြန်အံ့ ကို စတင်ခဲ့တုန်းက ကျွန်တော...
24/08/2026

Marketing အလုပ်တိုင်း ကိုယ်တိုင်လုပ်နေရင် လုပ်ငန်းကို ဘယ်အချိန်ချဲ့မလဲ?

2017 ခုနှစ်မှာ မြန်အံ့ ကို စတင်ခဲ့တုန်းက ကျွန်တော်ဟာ လုပ်ငန်းရှင်ဆိုပေမယ့် Marketing အလုပ်တွေထဲမှာပဲ နစ်နေခဲ့ပါတယ်။

မနက်ရောက်ရင် “ဒီနေ့ ဘာတင်ရမလဲ” စဉ်းစားတယ်။ Content ကိုယ်တိုင်ရေးတယ်။ ပုံလိုရင် Photoshop Tutorial ကြည့်တယ်။ Designer ဆွဲလာတဲ့ပုံ မကိုက်ရင် ပြန်ပြင်ခိုင်းတယ်။ Video ကအစ ကိုယ်တိုင်စီစဉ်တယ်။

တစ်နေ့ 16 နာရီလောက် အလုပ်လုပ်ပေမယ့် လုပ်ငန်းကို ဘယ်လိုချဲ့မလဲ၊ Team ကို ဘယ်လိုတည်ဆောက်မလဲဆိုတာ စဉ်းစားဖို့ ဦးနှောက်နေရာ မကျန်တော့ပါဘူး။

ပြဿနာက ကျွန်တော် အလုပ်မကြိုးစားလို့ မဟုတ်ပါဘူး။

လုပ်ငန်းရှင်ပဲ လုပ်နိုင်တဲ့အလုပ်နဲ့ System က လုပ်ပေးသင့်တဲ့အလုပ်ကို မခွဲထားလို့ပါ။

AI သုံးတယ်ဆိုတာ လူတွေကို အစားထိုးဖို့ မဟုတ်ပါဘူး။ Content Topic ရှာတာ၊ ပထမ Draft ပြင်တာနဲ့ ထပ်ခါထပ်ခါလုပ်ရတဲ့ Marketing အလုပ်တွေကို မြန်အောင်လုပ်ပေးဖို့ပါ။

Customer ကို ဘယ်လိုနားလည်မလဲ၊ ဘယ် Offer ကိုရွေးမလဲ၊ Brand Direction နဲ့ ဘယ်ဆုံးဖြတ်ချက်က လုပ်ငန်းအတွက်မှန်မလဲဆိုတာကိုတော့ လုပ်ငန်းရှင်ကပဲ ဆုံးဖြတ်ရပါတယ်။

ဒီလိုခွဲနိုင်လာတဲ့အခါ လုပ်ငန်းရှင်ရဲ့ ဦးနှောက်နေရာ ပြန်လွတ်လာပါတယ်။

မနက်တိုင်း ဘာတင်ရမလဲ စဉ်းစားနေရမယ့်အစား လုပ်ငန်းကို ဘယ်လိုကြီးထွားအောင်လုပ်မလဲ စဉ်းစားနိုင်လာတယ်။ Team ကလည်း System အတိုင်း ဆက်လုပ်နိုင်လာတယ်။

ဒီနေ့မှာ မြန်အံ့ က Customer 100,000 ကျော်ကို Serve လုပ်နိုင်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် လုပ်ငန်း 3 ခုနဲ့ Branch 6 ခုကို ဦးဆောင်နေပါတယ်။

AI MARKETING STRATEGY MASTERCLASS မှာ Content တစ်ပုဒ်ရေးပေးတာ ဒါမှမဟုတ် Prompt ရေးနည်းတစ်ခုတည်း သင်ပေးမှာ မဟုတ်ပါဘူး။

မြန်အံ့ နဲ့ ကိုယ့်လုပ်ငန်းတွေမှာ တကယ်အသုံးပြုနေတဲ့ AI Marketing System ကို ကိုယ့်လုပ်ငန်းနဲ့ ချိတ်ဆက်တည်ဆောက်ရမှာပါ။

3 ရက်အတွင်း Business Background, Customer Insight, Offer, 1 လစာ Content Package, Visual, Product Image, Video Direction နဲ့ 30-Day Action Plan ကို လက်တွေ့တည်ဆောက်မယ်။

အရာရာကို ကိုယ်တိုင်လုပ်နေရတဲ့အခြေအနေကနေ လုပ်ငန်းရဲ့ Direction နဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို အာရုံစိုက်နိုင်တဲ့ တကယ့်လုပ်ငန်းရှင်ဖြစ်လာဖို့ပါ။

AI MARKETING STRATEGY MASTERCLASS
ရန်ကုန်
September 12, 13, 14, 2026
9:30 AM–5:00 PM
Strand Hotel

မန္တလေး
September 19, 20, 21, 2026
9:30 AM–5:00 PM
Swallow Hotel

Networking Dinner ပါဝင်ပါတယ်။

Director Pass: သိန်း 50
Executive Pass: သိန်း 100
Director Pass မှ Benefit အားလုံးအပြင် ဆရာအောင်ပိုင်နဲ့ သီးသန့်တိုင်ပင်ပြီး Marketing Problem, Priority, Offer နဲ့ Action Direction ရယူလိုသူတွေအတွက် ဖြစ်ပါတယ်။ Batch တစ်ခုလျှင် 3 ယောက်သာ လက်ခံပါမယ်။

လုပ်ငန်းရှင်ရဲ့ ဦးနှောက်နေရာကို ပြန်ယူချင်ရင် ဒီ Post ကို Save လုပ်ထားပါ။

အသေးစိတ်တိုင်ပင်ရန်
09777044991
09765482385
09784746749
09765647540

24/08/2026

AI နဲ့ မဆိုင်ဘူးလို့ ထင်ခဲ့တဲ့ ကျွန်းလုပ်ငန်းမှာ AI Marketing ကို စတင်အသုံးချလာသူတစ်ဦးရဲ့ စကားသံ

“ကျွန်တော်တို့ Industry က Basic၊ Very Old School ဖြစ်တဲ့အတွက် AI နဲ့ ဘာမှမဆိုင်ဘူးလို့ ထင်ခဲ့တာပါ။”

Charles က ကျွန်းနဲ့ဆက်စပ်တဲ့ Traditional Industry တစ်ခုမှာ လုပ်ကိုင်နေသူပါ။

သူတို့လုပ်ငန်းမှာ Photo နဲ့ Video Content တစ်ခု ဖန်တီးဖို့

နေရာကို ကိုယ်တိုင်သွားရတယ်၊
လူအင်အားနဲ့ ပစ္စည်းတွေ ပြင်ဆင်ရတယ်၊
တစ်ခါတလေ သင်္ဘောပေါ်အထိ DSLR နဲ့ သွားရိုက်ရတယ်။

အချိန်နဲ့ Production Cost အများကြီး ပေးရတဲ့ Old Method တွေအတိုင်း လုပ်ကိုင်နေခဲ့တာပါ။

AI ကိုတော့ သိချင်တာလေးမေးပြီး အဖြေယူတဲ့အဆင့်လောက်ပဲ သုံးဖူးပါတယ်။

ကိုယ့်လုပ်ငန်းအတွက် ဘယ်လိုညွှန်ကြားရမလဲ၊ Content၊ Strategy နဲ့ Sales မှာ ဘယ်လိုချိတ်ဆက်ရမလဲဆိုတာ မသိသေးပါဘူး။

AI Marketing Strategy Masterclass တက်ပြီးနောက်မှာတော့

• AI က ကိုယ့်လုပ်ငန်းကို နားလည်အောင် Context ပေးတတ်လာတယ်
• ကိုယ်လိုချင်တဲ့ Output ရအောင် Prompt တည်ဆောက်တတ်လာတယ်
• Content၊ Photo နဲ့ Video Idea တွေကို မြန်မြန်စမ်းသပ်နိုင်လာတယ်
• Offer၊ Marketing Strategy နဲ့ Sales ကို ချိတ်ဆက်စဉ်းစားနိုင်လာတယ်

Charles ရဲ့ Experience အရ အရင်က အချိန်နဲ့ကုန်ကျစရိတ် အများကြီးပေးရတဲ့ Content Draft နဲ့ Visual Concept တချို့ကို AI နဲ့ 5–15 မိနစ်အတွင်း စတင်ဖန်တီးနိုင်ခဲ့ပါတယ်။

“AI နဲ့ 5 မိနစ်၊ 15 မိနစ်အတွင်း Content၊ ပုံနဲ့ Video တွေ ရနိုင်တော့ Cost Saving အများကြီး ဖြစ်တယ်။”

ဒါက Physical Shooting အားလုံးကို AI နဲ့ အစားထိုးလိုက်တာ မဟုတ်ပါဘူး။

ဒါပေမဲ့ မရိုက်ကူးခင် Idea နဲ့ Direction ကို ရှင်းအောင်လုပ်နိုင်သလို Production မလိုတဲ့ Content တချို့ကိုလည်း အရင်စမ်းသပ်နိုင်ပါတယ်။

Charles အတွက် ပိုအရေးကြီးတဲ့ ပြောင်းလဲမှုက Content ဖန်တီးတတ်လာတာတစ်ခုတည်း မဟုတ်ပါဘူး။

ကျွန်းလို Commodity Product တစ်ခုကို ရောင်းတဲ့အခါ

Customer က ဘာကြောင့် ကိုယ့် Company ကို ရွေးသင့်သလဲ၊
ပြိုင်ဘက်နဲ့ မတူတဲ့ Value က ဘာလဲ၊
Offer ကို ဘယ်လိုတည်ဆောက်မလဲ၊
Marketing နဲ့ Sales ကို ဘယ်လိုချိတ်ဆက်မလဲ

ဆိုတာတွေ ပိုရှင်းလာခဲ့ပါတယ်။

“System တစ်ခုဆောက်ပြီး Offer အထိပေးတယ်။ Offer နဲ့ Strategy၊ Sales ကို ဘယ်လိုလုပ်ရမလဲ ပြပေးတာကို အကြိုက်ဆုံးပါ။”

Charles က Executive Pass ကို ရွေးခဲ့တာကလည်း “Time is Money” ဆိုတဲ့ သူ့ရဲ့ခံယူချက်ကြောင့်ပါ။

ဆရာအောင်ပိုင်နဲ့ ကိုယ့်လုပ်ငန်းအကြောင်း ပိုနီးကပ်စွာ ဆွေးနွေးဖို့၊ သင်တန်းပြီးနောက် Implementation ပိုင်းကို ဆက်လက်တိုင်ပင်ဖို့ Executive Pass ကို ရွေးခဲ့တာ ဖြစ်ပါတယ်။

AI Marketing Strategy Masterclass မှာ 3 ရက်အတွင်း

• ကိုယ့်လုပ်ငန်းအတွက် AI Context နဲ့ Prompt တည်ဆောက်မယ်
• Content၊ Photo နဲ့ Video တွေကို လက်တွေ့ဖန်တီးမယ်
• Customer၊ Offer နဲ့ Marketing Message ကို ဆွဲထုတ်မယ်
• ကိုယ်တိုင်နဲ့ Team ဆက်သုံးနိုင်မယ့် Workflow ကို စတင်တည်ဆောက်မယ်

Charles ပြောခဲ့သလို

“AI နဲ့ မဆိုင်ဘူးလို့ ထင်ခဲ့တဲ့ ကျွန်တော်တို့လုပ်ငန်းတောင် အသုံးချလို့ရတယ်။ မစဉ်းစားပါနဲ့၊ Join ပါ။”

Traditional Industry တစ်ခုမှာ လုပ်ကိုင်နေပြီး AI ကို ကိုယ့်လုပ်ငန်းရဲ့ Content Production၊ Marketing Strategy နဲ့ Sales မှာ ဘယ်လိုချိတ်ဆက်ရမလဲ သိချင်တယ်ဆိုရင် ဒီ Masterclass ကို လေ့လာနိုင်ပါတယ်။

လာမည့် AI Marketing Strategy Masterclass

Yangon
12, 13, 14 September 2026
မနက် 9 နာရီခွဲမှ ညနေ 5 နာရီအထိ
The Strand Hotel Yangon

Mandalay
19, 20, 21 September 2026
မနက် 9 နာရီခွဲမှ ညနေ 5 နာရီအထိ
Swallow Hotel, Mandalay

Director Pass: သိန်း 50
Executive Pass: သိန်း 100

Executive Pass ကို Batch တစ်ခုလျှင် 5 ယောက်သာ လက်ခံပါတယ်။

🔗 တက်ရောက်ခွင့်ရယူရန်
https://forms.gle/ye9Kt9NLGC6hV3hC8

☎️ ဆက်သွယ်တိုင်ပင်ရန်
09-777 044 991
09-765 482 385
09-784 746 749
09-765 647 546




AI မသုံးဖူးသေးလို့ Masterclass မှာ လိုက်မမီမှာ စိတ်ပူနေလား?“ကျွန်တော် အသက်ကြီးပြီ။ AI ကို အခုမှ စလေ့လာရင် နောက်ကျနေပြီလာ...
24/08/2026

AI မသုံးဖူးသေးလို့ Masterclass မှာ လိုက်မမီမှာ စိတ်ပူနေလား?

“ကျွန်တော် အသက်ကြီးပြီ။ AI ကို အခုမှ စလေ့လာရင် နောက်ကျနေပြီလား”
“Technical ပိုင်း မကျွမ်းတော့ Class ထဲမှာ အခက်တွေ့မလား”
ဒီလိုမေးတဲ့ လုပ်ငန်းရှင်တွေကို ကျွန်တော် မကြာခဏ တွေ့ရပါတယ်။

ဒီ AI Marketing Strategy Masterclass ကို တက်ဖို့ AI ကျွမ်းကျင်ပြီးသားဖြစ်စရာ မလိုပါဘူး။

ကျွန်တော် 2017 ခုနှစ်မှာ မြန်အံ့ ကို စတင်ခဲ့တုန်းကလည်း System တွေကို အဆင်သင့်ရခဲ့တာ မဟုတ်ပါဘူး။ Marketing ကို ကိုယ်တိုင်လုပ်ရင်း Tool အသစ်တွေကို စမ်းသပ်ခဲ့ရတယ်။ အလုပ်မဖြစ်တဲ့နည်းလမ်းတွေအတွက် အချိန်နဲ့ငွေပေးပြီး လုပ်ငန်းနဲ့ကိုက်တဲ့နည်းလမ်းကို ကိုယ်တိုင်ရှာခဲ့ရပါတယ်။

ဒီနေ့မှာ မြန်အံ့ က Customer 100,000 ကျော်ကို Serve လုပ်နိုင်ခဲ့ပြီး ကျွန်တော်ကိုယ်တိုင် လုပ်ငန်း 3 ခုနဲ့ Branch 6 ခုကို ဦးဆောင်နေပါတယ်။

ဒါကြောင့် AI စသုံးချိန်မှာ ဘာလုပ်ရမှန်းမသိတဲ့ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်။

Class ပထမနေ့မှာ လိုအပ်တဲ့ Account နဲ့ Tech Setup တွေကို CC Team က ကူညီပေးမှာပါ။ ကိုယ့်ဖုန်း၊ ကိုယ့် Laptop နဲ့ ဆရာအောင်ပိုင် လုပ်ပြတဲ့အတိုင်း တစ်ဆင့်ချင်း လိုက်လုပ်ရမှာဖြစ်လို့ Technical စကားလုံးတွေ အများကြီးသိထားဖို့ မလိုပါဘူး။

ဒီ Masterclass ရဲ့ ရည်ရွယ်ချက်က သင့်ကို Content Writer ဒါမှမဟုတ် Prompt Engineer ဖြစ်လာစေဖို့ မဟုတ်ပါဘူး။

AI ကို ကိုယ့်လုပ်ငန်းရဲ့ Assistant နဲ့ Marketing System အဖြစ် အသုံးပြုပြီး လုပ်ငန်းအတွက် ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ပါ။

3 ရက်အတွင်း
• ကိုယ့်လုပ်ငန်းအကြောင်း AI နားလည်အောင် တည်ဆောက်မယ်
• Customer ဘာကြောင့်ဝယ်တယ်၊ မဝယ်ဘူးဆိုတာ ရှင်းအောင်လုပ်မယ်
• Offer နဲ့ 1 လစာ Content Package တည်ဆောက်မယ်
• Visual၊ Product Image နဲ့ Video Direction တွေ ထုတ်မယ်
• 30-Day Action Plan ကိုင်ပြီး ပြန်မယ်

AI မသုံးဖူးသေးတာက အားနည်းချက်မဟုတ်ပါဘူး။ သင်ယူလိုစိတ်ရှိပြီး ကိုယ့်လုပ်ငန်းထဲ တကယ်အသုံးချချင်တာက ပိုအရေးကြီးပါတယ်။

AI MARKETING STRATEGY MASTERCLASS
ရန်ကုန်
September 12, 13, 14, 2026
9:30 AM–5:00 PM
Strand Hotel

မန္တလေး
September 19, 20, 21, 2026
9:30 AM–5:00 PM
Swallow Hotel

သင်တန်းနောက်ဆုံးနေ့မှာ လုပ်ငန်းရှင်အချင်းချင်း ချိတ်ဆက်နိုင်မယ့် Networking Dinner ပါဝင်ပါတယ်။

Director Pass: သိန်း 50
AI Marketing System ကို သင်ယူပြီး ကိုယ့်လုပ်ငန်းမှာ ပြန်သုံးချင်သူတွေအတွက် ဖြစ်ပါတယ်။

Executive Pass: သိန်း 100
Director Pass မှာ ပါဝင်တာအားလုံးအပြင် ဆရာအောင်ပိုင်နဲ့ သီးသန့်တိုင်ပင်ပြီး Marketing Problem၊ Priority၊ Offer နဲ့ Action Direction ရယူလိုသူတွေအတွက် ဖြစ်ပါတယ်။ Batch တစ်ခုလျှင် 3 ယောက်သာ လက်ခံပါမယ်။

AI မသုံးဖူးသေးလို့ စိတ်ပူနေရင် ဒီ Masterclass သင့်လုပ်ငန်းနဲ့ကိုက်ညီမှုရှိမရှိ ဆက်သွယ်တိုင်ပင်နိုင်ပါတယ်။

09777044991
09765482385
09784746749
09765647540

မန္တလေးက အလုပ်တွေပိနေတဲ့လုပ်ငန်းရှင်များ... AI ကို (၃) ရက် လေ့လာပြီး သင့်ကိုယ်စား အလုပ်လုပ်ခိုင်းလိုက်ပါ။AI ကို စမ်းသုံး...
23/08/2026

မန္တလေးက အလုပ်တွေပိနေတဲ့လုပ်ငန်းရှင်များ... AI ကို (၃) ရက် လေ့လာပြီး သင့်ကိုယ်စား အလုပ်လုပ်ခိုင်းလိုက်ပါ။

AI ကို စမ်းသုံးဖူးပေမယ့် အဖြေက ကိုယ့်လုပ်ငန်းနဲ့ မကိုက်ဘူး၊ အလုပ်တစ်ခုရောက်တိုင်း ဘယ်လိုခိုင်းရမလဲ မသိသေးရင် ဒီ Masterclass က သင့်အတွက်ပါ။

လုပ်ငန်းရှင်တစ်ယောက် လိုတာက AI အသစ်တွေ ပိုသိဖို့မဟုတ်ဘူး။ ကိုယ့်လုပ်ငန်း၊ Customer နဲ့ Offer ကို AI နားလည်အောင် တည်ဆောက်ပြီး နေ့စဉ်အလုပ်၊ လုပ်ငန်းပြဿနာနဲ့ Marketing မှာ တကယ်အသုံးချတတ်ဖို့ပါ။

ကျွန်တော် ဆရာအောင်ပိုင် (Collin) ပါ။ RMIT University, Australia Melbourne က IT ဘွဲ့ရပြီး Australia နဲ့ Singapore မှာ အလုပ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ 2017 မှာ Telenor Myanmar ဝန်ထမ်းဘဝနဲ့အတူ မြန်အံ့ကို စတင်ခဲ့ပြီး Customer 100,000 ကျော်အထိ ဝန်ဆောင်မှုပေးခဲ့တယ်။ အခု လုပ်ငန်း 3 ခုနဲ့ Branch 6 ခုကို ဦးဆောင်ရင်း AI ကို နေ့စဉ်အသုံးချနေတယ်။

အဲ့ဒါဆိုတော့ Theory ကို ပြန် Sharing လုပ်ပေးမှာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော် ကိုယ်တိုင် အချိန်နဲ့ငွေပေးပြီး စမ်းသပ်ခဲ့တာတွေထဲက ဘာကအလုပ်ဖြစ်တယ်၊ ဘာကအချိန်ကုန်တယ်ဆိုတာကို လုပ်ငန်းရှင်တစ်ယောက်ရဲ့ အတွေ့အကြုံနဲ့ လက်ဆင့်ကမ်းပေးမယ့် Masterclass 1 ခုပဲဖြစ်ပါတယ်။

ဒီ 3 ရက် သာ Masterclass အတွင်း ဘာရမလဲ?

Day 1 မှာ AI ကို ကိုယ့်လုပ်ငန်းအကြောင်း နားလည်အောင်တည်ဆောက်ပြီး နေ့စဉ်အလုပ်၊ လုပ်ငန်းနဲ့ Marketing ထဲက ပြဿနာအစစ်တွေကို လက်တွေ့ဖြေရှင်းမယ်။

Day 2 မှာ Customer ဘာကြောင့်ဝယ်တယ်ဆိုတာ ရှင်းအောင်လုပ်၊ ဈေးမလျှော့ဘဲ တန်ဖိုးမြင်စေမယ့် Offer တည်ဆောက်ပြီး တစ်လစာ တင်လို့ရပြီးသား Content ထုတ်မယ်။

Day 3 မှာ မြန်မာစာပါတဲ့ ကြော်ငြာပုံ၊ Product Photo နဲ့ Camera ရှေ့မရပ်ဘဲ Video ထုတ်တတ်အောင် လုပ်ပြီး 30-Day Plan နဲ့ ပြန်မယ်။

ဒီ Masterclass က သင့် Marketing အတွက် Content ရေးပေးမယ့်သင်တန်းမဟုတ်ပါဘူး AI ကို သင့် Day to day workflow ထဲ ထည့်တတ်လာမယ်။ AI ကို မေးရုံကနေ အလုပ်ခိုင်းတတ်လာမယ်၊ အိုင်ဒီယာများနေတာကနေ Priority နဲ့ Business Direction ရှင်းလာအများကြီး ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။၊ ကိုယ်တိုင်အကုန်လိုက်ဝင်ပါ၊ လိုက်လုပ်နေရတဲ့ လုပ်ငန်းရှင်တစ်ယောက်အနေ ကို Speed တင်ပေးပြီး အချိန်တွေ အများကြီး ချွေသာအောင် ကူညီပေးမယ့် 3 ရက်သာ Masterclass ပဲဖြစ်ပါတယ်။

သင့်အနေနဲ့ ဘယ်လိုတက်ရောက်နိုင်မလဲ?
Director Pass: သိန်း 50
3 ရက် Curriculum အပြည့်အစုံ၊ Tools Setup Support၊ Templates နဲ့ Frameworks၊ တစ်သက်လုံးပြန်ကြည့်နိုင်တဲ့ Video သင်ခန်းစာ၊ CC Rewriter၊ Lifetime Viber Group၊ Gemini Pro 6 လနဲ့ Director Club 6 လ ပါဝင်တယ်။

Executive Pass: သိန်း 100၊ 3 ယောက်သာ
Director Pass မှာပါတာအားလုံးအပြင် ဆရာအောင်ပိုင်နဲ့ 1-on-1 Zoom Call၊ Executive Lunch၊ Priority Direct Support၊ Gemini Pro 12 လ၊ Director Club 12 လနဲ့ 2 ပတ်အကြာ Follow-Up Session ပါဝင်တယ်။

မန္တလေး AI Marketing Strategy Masterclass
ရက်စွဲ: September 19, 20, 21, 2026
အချိန်: 9:30 AM မှ 5:00 PM
နေရာ: Swallow Hotel
နောက်ဆုံးနေ့မှာ 5-Star Networking Dinner ပါဝင်တယ်။

စာရင်းသွင်းရန်:
https://forms.gle/ye9Kt9NLGC6hV3hC8

အသေးစိတ်ဆက်သွယ်တိုင်ပင်ရန်:
09777044991
09765482385
09784746749
09765647540

Address

No. 134, Kayaypin Lane, Anyarsu St, Mayangone
Yangon

Alerts

Be the first to know and let us send you an email when Collin Consulting Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share