MILS Animal Health

MILS Animal Health We dedicate to bring safety and sustainability to livestock industry via locally manufactured ethica

ဝက်မွေးမြူရေးနှင့် အူလမ်းကြောင်းအားဖြည့်ဆေး        ဝက်၏အူလမ်းကြောင်း ကျန်းမာရေးဆိုသည်မှာ ကျွေးသမျှအစာကို ကောင်းမွန်စွာေ...
16/03/2020

ဝက်မွေးမြူရေးနှင့် အူလမ်းကြောင်းအားဖြည့်ဆေး

ဝက်၏အူလမ်းကြောင်း ကျန်းမာရေးဆိုသည်မှာ ကျွေးသမျှအစာကို ကောင်းမွန်စွာ ခြေဖျက်စုပ်ယူနိုင်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ဝက်မွေးမြူရေးတွင် စုစုပေါင်းကုန်ကျစရိတ်၏ ၇၀ရာခိုင်နှုန်းသည် အစာကြောင့် ကုန်ကျခြင်းဖြစ်သည်။ ထို့ကြောင့် ကျွေးသမျှအစာကို ကောင်းမွန်စွာခြေဖျက်စုပ်ယူပြီး အသားဖြစ်လွယ်မှသာ မွေးမြူရေးလုပ်ငန်းရှင်များအတွက် ဈေးကွက်သို့တင်ပို့သည့်အခါ တွက်ခြေကိုက်နိုင်မည်ဖြစ်သည်။

မွေးမြူရေးလုပ်ငန်းရှင်အများစုသည် မိမိမွေးမြူသောဝက်များ ရောဂါမဖြစ်မီကြိုတင်ကာကွယ်ရန်နှင့် ရောဂါဖြစ်သည့်အခါကုသဖို့ရန် ပဋိဇီဝဆေးများကို မဖြစ်မနေ အသုံးပြုရသည်။ ပဋိဇီဝဆေး သုံးခြင်းသည် အူလမ်းကြောင်း၏ ခြေဖျက်စုပ်ယူမှုကို အကျိုးပြုသောပိုးများကို သေကြေသွားစေပြီး ဝက်၏ ကြီးထွားမှုကို အဟန့်အတားဖြစ်စေသည်။ ထို့ကြောင့် ၎င်းသေကြေသွားသောအကျိုးပြုပိုးမွှား နေရာတွင် အစားထိုးနိုင်ရန် အူလမ်းကြောင်းအားဖြည့်ဆေး(Probiotics) ကို ပဋိဇီဝဆေး အသုံးပြုပြီးအချိန်တွင် အသုံးပြုသင့်သည်။

ဝက်၏အူလမ်းကြောင်းတစ်လျှောက်တွင် အကျိုးပြုပိုးမွှားများ ကနေရာယူထားပြီး အူလမ်းကြောင်း ကျန်းမာနေမှသာ သေနှုန်းလျှော့ကျခြင်း၊ ခန္ဓာကိုယ် အလေးချိန်တက်ခြင်း(အသားဖြစ်လွယ်ခြင်း) စသည့်အကျိုးကျေးဇူးများရရှိကာ စီးပွားရေးအတွက် တွက်ခြေကိုက်မည်ဖြစ်သည်။ အူလမ်းကြောင်းကျန်းမာရေးသည် အောင်မြင်သော ဝက်မွေးမြူရေးအတွက် အရေးကြီးသော အခန်းကဏ္ဍ တွင်ပါဝင်သောကြောင့် မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် Probiotics ကိုအသုံးပြုပြီး မိမိတို့၏မွေးမြူရေးလုပ်ငန်း ရေရှည် အောင်မြင်နိုင်ရန် လုပ်ဆောင်သင့်ကြောင်း ဖော်ပြလိုက်ရပါသည်။

ကျွန်မတို့ Myanmar Innovative Life Sciences အနေဖြင့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် FDA ၏ ခွင့်ပြုချက်လိုင်စင်နှင့်အညီ လှိုင်သာယာစက်မှုဇုန်မှ Probio-P နှင့် Probio-S 20 ဟူ၍ Probiotic Products များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။
Source: The Pig Site
ဆက်သွယ်ရန်

အမှတ် ၁၆၅ အောင်ဇေယျာလမ်းသွယ် ၁၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း :၀၉ - ၂၆၇၂၈၇၆၀၈၊ ၀၉ - ၂၆၃၇၀၉၅၅၃

website: www.milsciences.net
email : [email protected]

၀၉-၂၅၉၀၆၁၃၁၂

၀၉-၂၆၃၇၀၉၅၅၃

၀၉-၂၆၇၂၈၇၆၀၈၊ ၀၉-၂၆၃၇၀၉၅၅၃

10/02/2020

ပဋိဇီဝဆေးယဉ်ပါးမှု (AMR) လျော့ချရေးအတွက် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် ပဋိဇီဝဆေးများအား အုပ်စုခွဲခြားသတ်မှတ်ခြင်း

ပဋိဇီဝဆေးယဉ်ပါးမှု (AMR) လျော့ချရေးအတွက် မွေးမြူရေးလုပ်ငန်းတွင် အသုံးပြုသည့် ပဋိဇီဝဆေး များအား အုပ်စုခွဲခြားသတ်မှတ်ထိန်းချုပ်ခြင်းကို နိုင်ငံအတော်များများတွင် ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ယင်း သို့ ထိန်းချုပ်ကန့်သတ်သည့် ဆေးဝါးများအား သတ်မှတ်ရာတွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ သတ်မှတ်ချက်များ ကွာ ခြားကြပါသည်။ မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍနှင့် ပတ်သက်သည့် ပဋိဇီဝဆေးယဉ်ပါးမှု ထိန်းချုပ်ရေး ကို စဉ်းစားရာတွင် မည်သည့်ဆေးဝါးကို ကန့်သတ်မည်၊ မည်သည့်ဆေးဝါးကို တားမြစ်မည်၊ မည်သည့်ဆေးဝါးကို ခွင့်ပြုမည် စသည်ဖြင့် မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီအောင် ချင့်ချိန် ဆောင်ရွက်ရမည် ဖြစ်ပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင် မိမိနိုင်ငံရှိ ပြည်သူ့ကျန်းမာရေးကဏ္ဍနှင့် တိရစ္ဆာန်ကျန်းမာရေးကဏ္ဍတို့ ပူးပေါင်းဆောင် ရွက်မှုက အရေးကြီးသကဲ့သို့ ပုဂ္ဂလိကမွေးမြူရေးကဏ္ဍ၏ အချက်အလက်များ၊ တွေးဆချက်များ၊ အမြင်များ၊ လက်တွေ့ အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်ပါသည်။

ပဋိဇီဝဆေးဝါးများအား အုပ်စု ခွဲခြားသတ်မှတ်ပုံကို လေ့လာနိုင်ရန်အတွက် European Medicines Agency (EMA) က ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်အကြံပြုသည့် ပဋိဇီဝဆေးဝါး အုပ်စုများအား ခွဲခြား သတ်မှတ်ပုံ အား အကျဉ်းချုပ် တင်ပြအပ်ပါသည်။

Category - မွေးမြူရေးလုပ်ငန်းတွင် လုံးဝရှာင်ရှားရမည့် ပဋိဇီဝဆေးဝါးများ ( )

ယင်းအုပ်စုတွင် ပါဝင်သည့် ပဋိဇီဝဆေးဝါးများသည် လူသားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အ တွက်သာ အသုံးရန် သီးသန့်ခွဲခြားသတ်မှတ်ထားသည့်ဆေးဝါးများ ဖြစ်ပါသည်။ စားနပ်ရိက္ခာအတွက် ထုတ် လုပ်သည့် မည်သည့်တိရစ္ဆာန်တွင်မှ အသုံးမပြုရပါ။

Category - မွေးမြူရေးတွင် ကန့်သတ်ချက်ဖြင့်သာအသုံးပြုခွင့်ရှိသည့်ပဋိဇီဝဆေးဝါးများ ( )

ယင်းအုပ်စုတွင် မွေးမြူရေးလုပ်ငန်းများ၌ မဖြစ်မနေသုံးစွဲရမည့် အခြေအနေရောက်မှသာ သုံးစွဲရန် သတ်မှတ်ထားသည့် ပဋိဇိဝဆေးဝါးများ ပါဝင်မည် ဖြစ်ပါသည်။ တနည်းအားဖြင့် highest-priority Critically Important Antibiotics (HP-CIAs) အဖြစ် သတ်မှတ်ထားသည့် ဆေးဝါးများ ဖြစ်ပါသည်။ Category B တွင် ပါဝင်သည့် ပဋိဇီဝဆေးဝါးများကို အသုံးပြုမည် ဆိုပါက sensitivity test စစ်ဆေးမှု ရလဒ်များအရ အခြား မည် သည့်ပဋိဇီဝဆေးကိုမှမတိုးတော့သည့်ရောဂါများတွင် နောက်ဆုံးအနေဖြင့် အသုံးပြုရန်သာ ခွင့်ပြုထားသည်။

Category - မွေးမြူရေးလုပ်ငန်းတွင် သတိဖြင့် သုံးစွဲရမည့် ပဋိဇီဝဆေးဝါးများ ( )

ယင်းအုပ်စုတွင် ယဉ်ပါးခါစ ပဋိဇီဝဆေးများ၊ ယဉ်ပါးမှု ဖြစ်နိုင်ချေ မြင့်မားသည့် ပဋိဇီဝဆေးများ ပါဝင် သည်။ ယင်းဆေးဝါးများကို Category D တွင် ပါဝင်သည့် ဆေးဝါးများ အသုံးပြုရန် မဖြစ်နိုင်သည့် အခြေအနေ ရောက်မှသာ အသုံးပြုရန် သတ်မှတ်ထားသည်။

Category - စည်းကမ်းတကျအသုံးပြုရမည့် ပဋိဇီဝဆေးဝါးများ ( )

ယင်းအုပ်စုတွင် ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် လူသားများတွင် ထိခိုက်နိုင်မှု အနည်းဆုံး ဆေးဝါးများ ပါဝင်ပါသည်။ သို့ရာတွင် ယင်းဆေးဝါးများကိုပင် သတိကြီးစွာဖြင့် စည်းကမ်းတကျ အသုံးပြုရမည် ဖြစ်ပါသည်။

[ဖေဖော်ဝါရီလထုတ် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် သတင်းလွှာ အမှတ် (၂၁)မှ ]

🐥 ကြက်သားနဲ့ Salmonella 🦠🦠🦠                📝  ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း  Salmonella လို့ခေါ်တဲ့ Bacteria ကို ကြက်သား အစ...
05/02/2020

🐥 ကြက်သားနဲ့ Salmonella 🦠🦠🦠


📝 ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း Salmonella လို့ခေါ်တဲ့ Bacteria ကို ကြက်သား အစိမ်းတွေမှာ စမ်းသပ်တွေ့ရှိခဲ့တဲ့ သတင်းတွေကြောင့် ကြက်မွေးမြူရေးလုပ်ငန်းများနဲ့ ကြက်သားထုတ်လုပ်မှု လုပ်ငန်းတစ်ချို့ကို စီးပွားရေးအရ ဆုံးရှုံးမှုတစ်ချို့ ဖြစ်ပေါ်စေခဲ့ပါတယ်။ စားသုံးသူပြည်သူလူထုအများစုကလည်း ဒီသတင်းအကြောင်းအရာနဲ့ပက်သက်ပြီး ကြက်မွေးမြူတဲ့ လုပ်ငန်းကိုပဲ သက်ဆိုင်သူတွေအဖြစ် ယူဆကြတာကို တွေ့ရပါတယ်။

🐓 ကြက်သားမှာ Salmonellaတွေ့ရခြင်းဟာ မြန်မာနိုင်ငံမှာ သာမက zero Salmonella လို့ကြွေးကြော်နေကြတဲ့ အနောက်နိုင်ငံများမှာလည်း ရင်ဆိုင်‌ နေရမြဲဖြစ်ပါတယ်။ Salmonella ပိုးသည် ကြက်နှင့် အခြားသော တိရစ္ဆာန်များရဲ့ အူလမ်းကြောင်းမှာရှိနေတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာ စားသုံးသူအများစုဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကထက် စားသုံးမှုပိုမို မြင့်မားလာတဲ့အခြေအနေဖြစ်ပါတယ်။တစ်ဖက်မှာလည်း ကြက်သားနဲ့ Salmonella ခွဲခြားဖို့ရန် ခက်ခဲနေသေးတဲ့အခြေအနေမှာ ကြက်သားနဲ့ကင်းကွာအောင်နေမယ့်အစား ကြက်သားမှာပိုးပါဝင်မှု လျော့ချနိုင်အောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုပဲ စဉ်းစားရင် ပိုသင့်တော်ပါတယ်။
👍 Salmonella ကိုလျော့ချမယ်ဆိုရင်လည်း ကြက်စတင် မွေးမြူတဲ့ နေရာကစ Slaughter house အပါအဝင် စားသုံးသူတွေလက်ဝယ်မရောက်ခင်ထိ အစားအစာထုတ်လုပ်မှု တစ်လျှောက်လုံးမှာပါဝင်သူတို့အားလုံးနဲ့ သက်ဆိုင်နေပါတယ်။ ဒါကြောင့် ကြက်မွေးမြူသူတို့အနေနဲ့လည်း မိမိတို့ခြံမှာရှိတဲ့ ကြက်တွေမှာ Salmonellaပိုးတွေအပြင်အခြားသော ရောဂါဖြစ်ပွားစေတဲ့ Bacteria‌ တွေကိုပါ လျှော့ချနိုင်ဖို့ နဲ့ အဲဒီပိုးတွေကနေတစ်ဆင့် လူတွေဆီကို ဆေးယဉ်ပါးမှု မကူးစက်အောင် ဘယ်လိုနည်းလမ်းတွေ လုပ်ဆောင်မလဲဆိုတာတွေကို စတင်စီမံလုပ်ဆောင်သင့်နေပါပြီ။
😷 Salmonella တွေသည် ကြက်သားမှာပါဝင်နေခြင်းမှာ လွန်ခဲ့သောအချိန်ကာလများစွာကတည်းက ဖြစ်ပါတယ်။ ဒါကြောင့် ဆေးယဉ်ပါးနေတဲ့ Bacteriaတွေသည်လည်း လူတို့ထံ မည်မျှကူးစက်နေမည်မှာ မမှန်းဆနိုင်တော့တဲ့ အခြေအနေပါ။ နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် ဆေးယဉ်ပါးမှု လို့ခေါ်တဲ့ အမွေဆိုးကြီးကို လက်ဆင့်မကမ်းနိုင်ဖို့ရန်၊ နဲ့ စားသုံးသူတို့ထံ ပိုမိုစိတ်ချရတဲ့ အသားများထုတ်လုပ်ပေးနိုင်ဖို့ရန် တစ်နိုင်တစ်ပိုင်မွေးမြူသူတွေက အစ မွေးမြူရေးလုပ်ငန်းကြီးများ လုပ်ကိုင်သူတို့ပါ ပူးပေါင်းပြီး GAHP လို့ခေါ်တဲ့ နည်းစနစ်ကောင်းများနဲ့အညီ Biosecurity ကို အဓိကအလေးထား ဆောင်ရွက်ကြခြင်းဖြင့် မွေးမြူရေး ကဏ္ဍ တိုးတက်မြင့်မားလာအောင် လုပ်ဆောင်ကြဖို့ အကြံပြုလိုပါတယ် ။
Source: Poultry World
: Myanmar Livestock Federation

16/01/2020
Egg Drop Syndrome ကြက်ဥနှုန်းကျရောဂါ       ကြက်ဥနှုန်းကျရောဂါသည် Adenovirus ပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်သည်။ Virusပိုးသည...
24/12/2019

Egg Drop Syndrome ကြက်ဥနှုန်းကျရောဂါ

ကြက်ဥနှုန်းကျရောဂါသည် Adenovirus ပိုးကြောင့်ဖြစ်ပွားခြင်းဖြစ်သည်။ Virusပိုးသည် ကြက်၏ မျိုးပွားအင်္ဂါလမ်းကြောင်းရှိ ကြက်ဥခွဲဖြစ်ပေါ်စေသော ဂလင်း gland ကို ထိခိုက်စေပြီး ကြက်ဥနှုန်းရုတ်တရက် ကျခြင်း၊ ဥခွံပျော့ခြင်း၊ ပုံစံမမှန်သောကြက်ဥများဥခြင်းတို့ဖြစ်ပွားစေသည်။ ရောဂါပိုးသည် ကြက်ဥနှင့် ကြက်ဥဗန်းများ၊ ခြံအတွင်းအသုံးပြုနေသော ကုန်သေတ္တာများမှ တစ်ဆင့် ကူးစက်သဖြင့် ဥစားကြက်မျိုးရင်းဝယ်ယူရာတွင် ဂရုပြု ကြရန်အလွန်အရေးကြီးပါသည်။
ရောဂါကူးစက်နေသောကြက်ဥမှတစ်ဆင့် ပေါက်ဖွားလာသော ကြက်မတွင် Antibodies သည် ခန္ဓာကိုယ်အတွင်း ဖြစ်ပေါ်နေနိုင်သော်လည်း အခြားအကောင်များသို့ Antibodiesထုတ်ပေးနိုင်ခြင်းမရှိပဲ ကြက်ဥ ဥနိုင်သောအရွယ်သို့ရောက်ရှိသွားသောအခါ ထိုရောဂါပိုးသည် ကြက်ဥများသို့ ထပ်ဆင့် ကူးစက်သွားစေသည်။
ကြက်ဥနှုန်းကျရောဂါအတွက် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သည်။မျိုးကြက်ခြံများတွင် ‌ထိုရောဂါပိုးထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ဇီဝလုံခြုံမှုကို စနစ်တကျ ဆောင်ရွက်ခြင်း၊ ကြက်ဥဗန်းများ ပိုးသတ်ဆေးကြောခြင်း၊ ခြံအတွင်းအပြင် သန့်ရှင်းမှု အလေးထားဆောင်ရွက်ခြင်း တို့ဖြင့်လည်း ရောဂါဖြစ်ပွားနှုန်းလျော့ချနိုင်သည်။
Source:The Poultry Site


MILS ကုမ္ပဏီမှ မွေးမြူရေးလုပ်ငန်းရှင်များအတွက် Probio-P နှင့် Probio-S2ဟူ၍ probiotic productsများထုတ်လုပ်ဖြန့်ဖြူးလျက်ရှိပါသည်။ Probio-Pကို ဥကြက်မများကို ပုံမှန် နေ့စဉ်(သို့မဟုတ်) တစ်ပတ်လျှင် ၄ကြိမ် တိုက်ကျွေးခြင်းဖြင့် ဥနှုန်းသိသာစွာ တိုးလာမည်ဖြစ်ပြီး ကြက်ဥ၏အရည်အသွေးကိုပါ အထောက်အကူပြုနိုင်သည်။ ကိုယ်ခံအားကောင်းမွန်စေပြီး ရောဂါဒဏ်များမှ ခံနိုင်ရည်ရှိလာခြင်းကြောင့်လည်း ဥနှုန်းမြင့်မားမှုနှုန်းကို အချိန်ကြာထိန်းထားနိုင်မည်ဖြစ်သည်။

Probio-P နဲ့ Probio -S20ကို အမြို့မြို့ အနယ်နယ်ရှိ မွေးမြူရေးဆေးဝါး အရောင်းဆိုင်များနှင့် အရောင်းကိုယ်စားလှယ်များ ထံတွင် စျေးနှုန်းချိုသာ၍ အရည်အသွေး ပြည့်မှီစွာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။



ဆက်သွယ်ရန်

Myanmar Innovative Life Sciences -- MILS
အမှတ်၁၆၅ အောင်ဇေယျလမ်းသွယ် ၁ ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : , 09-267287608, 09263709553
www.milsciences.net
email : [email protected]

မန္တလေး နှင့် အထက်မြန်မာပြည် အတွက် : 09-259061312
ရန်ကုန် နှင့် အောက်မြန်မာပြည် အတွက် : 09-263709553, 09-263702244

ဖြန့်ချိ ရေး နှင့် ကိုယ်စားလှယ် ယူလိုသူများ ဆက်သွယ်ရန် : 09267287608,09263709553

19/12/2019

MILS မှ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း (Myanmar Veterinary Association- MVA) ၏ နှစ်ပတ်လည်အစည်းအဝေးနှင့်မွေးမြူရေးဆိုင်ရာပြပွဲတွင်ပါဝင်ပြသ

ဒီဇင်ဘာလ (၁၃) မှ (၁၄) အထိ ကျင်းပပြုလုပ်ခဲ့တဲ့ MVA ၏ နှစ်ပတ်လည်အစည်းအဝေးနှင့်မွေးမြူရေးဆိုင်ရာပြပွဲတွင် MILS မှ ပါဝင်ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံ၏ မွေးမြူရေးကဏ္ဍတွင် ပဋိဇီဝဆေးအလွန်အကျွံသုံးစွဲမှုကြောင့် ဆေးယဉ်ပါးမှု (Antimicrobial Resistance) လျော့ချနိုင်စေဖို့အတွက် MILS သည် ပဋိဇီဝဆေးအစားထိုး Probio-P နှင့် Probio -S 20 Probiotics အား ကြက်နှင့်ဝက်အတွက် (၂၀၁၄) ခုနှစ်မှစပြီး မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (Myanmar FDA) ၏ တရားဝင်အသိအမှတ်ပြု ဆေးဝါးထုတ်လုပ်ခွင့်လက်မှတ်ရရှိထားတဲ့ စက်ရုံကနေ မြန်မာတစ်နိုင်ငံလုံးသို့ ကိုယ်တိုင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနေခဲ့တာဖြစ်ပါတယ်။

Probiotics ကို အဆိုပါမွေးမြူရေးတိရစ္ဆာန်များတွင် အသုံးပြုခြင်းဖြင့် အူလမ်းကြောင်းကို ကျန်းမာလာစေကာ ဝမ်းလျော၊ဝမ်းပျက်ဖြစ်မှုကို ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအားကိုမြှင့်တင်ပေးနိုင်ပါတယ်။ ပြင်ပဘက်တီးရီးယားရောဂါပိုးမွှားတွေဝင်ရောက်လာခြင်းကို ကာကွယ်တားဆီးပေးနိုင်တာကြောင့် မလိုလားအပ်တဲ့ ပဋိဇီဝဆေးအသုံးပြုမှုကို လုံးဝလျော့ချပေးနိုင်တာပဲဖြစ်ပါတယ်။ Probiotics အကြောင်းအသေးစိတ်သိရှိလိုပါက ဖော်ပြပါ လင့်ခ် http://bit.ly/35A2Br7 မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

အစားအစာဘေးကင်းရေးအတွက်လည်း MILS သည် လက်ရှိတွင် စားသောက်ကုန် စိုက်ပျိုး၊ ထုတ်လုပ်၊ ရောင်းချသူများကို ပိုမိုဘေးကင်း၍စျေးကွက်တန်ဖိုးမြင့်မားသော စားသောက်ကုန်များထုတ်လုပ်နိုင်ရန်နှင့်အရည်အသွေး ထိန်းချုပ်တိုးမြှင့်နိုင်ရေးအတွက် အထောက်အကူပြု အစားအစာဘေးကင်းရေးထုတ်ကုန်ပစ္စည်း (Food Safety Products) များ၊ ဓါတ်ခွဲခန်းဝန်ဆောင်မှု (Laboratory Services) နှင့် အကြံဉာဏ်များ (Food Safety Consultancy) အားကူညီပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။

💧ရေ 💧             ရေသည် အပင်များအတွက်သာမက သတ္တဝါများအသက် ရှင်သန်ဖို့ရန် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသည်။ ဝက်မွေးမြူရေ...
10/12/2019

💧ရေ 💧

ရေသည် အပင်များအတွက်သာမက သတ္တဝါများအသက် ရှင်သန်ဖို့ရန် အရေးကြီးသည့် အခန်းကဏ္ဍမှပါဝင်နေသည်။ ဝက်မွေးမြူရေးလုပ်ငန်းတွင်လည်း ရေ သည် ဝက်များ၏ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်များ ဆောင်ရွက်ရန်အတွက် မရှိမဖြစ်လိုအပ်ပါသည်။ ထို့ကြောင့် ဝက်မွေးမြူရေးအတွက် ခြံတည်နေရာ ရွေးချယ်မှုတွင် ဝက်များအတွက် သောက်သုံးရေနှင့် ဆေးကြောရန် လိုအပ်သောရေပမာဏ လုံလောက်စွာ ရရှိနိုင်သော နေရာတွင် တည်ဆောက်ထားရှိရန်လိုအပ်ပါသည်။ ရရှိနိုင်သောရေအမျိုးအစားသည်လည်း pH levelနှင့် သတ္တုဓာတ်များပါဝင်မှုကိုလည်း ကြိုတင်စမ်းသပ်ရပါမည်။

ရေ၏အကျိုးပြုပုံမှာ ရေသည် ပြင်ပ ပတ်ဝန်းကျင်အပူချိန်အနိမ့်အမြင့်ကိုလိုက်၍ ဝက်များ၏ ကိုယ်ခန္ဓာအတွင်း အပူချိန်ကိုထိန်းညှိပေးသည်။ စားသုံးလိုက်သော အစာမှ အဟာရဓာတ်များကို tissueဆဲလ်များသို့ ပို့ဆောင်ပေးရာတွင် ရေ၏အရေးပါမှုသည် များစွာပါဝင် နေသည်။ သွေးလည်ပတ်မှုကို အားဖြည့်ပေးပြီး အာရုံကြောစနစ်ကိုအထောက်အကူပြုနိုင်သည်။ ထို့ကြောင့် ဝက်မွေးမြူသူတို့သည် ဝက်များ၏ ကျန်းမာရေးနှင့်ကြီးထွားဖွံ့ဖြိုးမှုအတွက် ဝက်မွေးမြူရေးခြံတွင် ရေရရှိမှုနှင့် ရေ၏qualityကို မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပါသည်။

🤔Organic ဆိုတာဘာလဲ?🤔          ယနေ့ လူနေမှုဘဝ တိုးတက်လာသည်နှင့်အမျှကျန်းမာရေး အသိပညာဗဟုသုတများလိုက်စားမှု ပိုမိုများလာပြီ...
19/11/2019

🤔Organic ဆိုတာဘာလဲ?🤔

ယနေ့ လူနေမှုဘဝ တိုးတက်လာသည်နှင့်အမျှကျန်းမာရေး အသိပညာဗဟုသုတများလိုက်စားမှု ပိုမိုများလာပြီး အစားအစာများနဲ့ အသုံးအဆောင်တွေမှာ Organicဖြစ်တဲ့ ထုတ်ကုန်တွေကိုသာ ရွေးချယ်အသုံးပြုလာကြတာကို တွေ့ကြရပါတယ်။

🌳Organic ဆိုတာ ပိုးသတ်ဆေးတွေ၊ မြေသြဇာတွေ၊အညစ်အကြေးမြေသြဇာဓာတ်တွေနဲ့ ဓာတ်ရောင်ခြည်ဆိုင်ရာအသုံးပြုထားတဲ့ အရာတွေ လုံး၀မပါ၀င်တဲ့ ကုန်ပစ္စည်း၊စားသောက်ကုန်တွေဖြစ်ကြပါတယ်။

🌱စစ်မှန်တဲ့ သဘာ၀ထုတ်ကုန် ပစ္စည်းဆိုတာနည်းလမ်းမှန်ကုန်စွာနဲ့ စနစ်တကျ အဆင့်ဆင့် ထုတ်လုပ်ရတာဖြစ်ပါတယ်။ ဥပမာအားဖြင့် Organic foods ဆိုတာ မြေသြဇာတွေ၊ပိုးသတ်ဆေးတွေ မပါ၀င်တဲ့ ထုတ်ကုန်ဖြစ်ပြီးတော့၊ တိရစ ္ဆာန်မွေးမြူရေးမှာလည်း အသားတိုး၊ အကောင်ကြီးထွားအောင် ဟော်မုန်းဆေးတွေ၊အသားတိုးဆေးတွေ မသုံးစွဲပဲ မွေးမြူသော တိရစ္ဆာန်များသာ Organic ထုတ်ကုန်ဖြစ်ပါတယ်။ ခုဆိုရင် နိုင်ငံ အသီးသီးမှာ ထုတ်ကုန်ပစ္စည်း၊စိုက်ပျိုးရေးတွေမှာ organic ဖြစ်မဖြစ်ကို သတ်မှတ်တဲ့ စံချိန်စံညွှန်းတွေထားရှိနေကြပါပြီ။

👉Organic က ဘာကြောင့်လူတွေအတွက် သင့်တော်သလဲ???

👩‍🔬သဘာ၀ organic တွေက လူတွေရဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဟာရဓာတ်တွေကို သဘာဝအလျောက်ရရှိစေတဲ့အတွက် ပိုပြီးစိတ်ချရတယ်၊ ပိုပြီးအာဟာရဖြစ်စေတယ်။ သဘာ၀ထုတ်လုပ်မှုတွေက ပတ်၀န်းကျင်အတွက်ပါမက သက်ရှိ တိရစ္ဆာန်များအတွက်ပါ ကောင်းကျိုးတွေဖြစ်စေပါတယ်။ ဒါကြောင့် organicစိုက်ပျိုးမွေးမြူရေး ကို ပိုမိုလုပ်ဆောင်လာကြဖို့လိုအပ်ပါတယ်။

🕵️Organic ကို အသုံးပြုခြင်းက ပတ်၀န်းကျင်ကို ပိုမိုကောင်းမွန်စေပါသလား ?

💧သဘာဝအလျောက် organic farming မွေးမြူထားတဲ့ကြက်ခြံတွေမှရရှိတဲ့ကြက်ချေးတွေကိုမြေဩဇာအဖြစ်အသံုးပြုမယ်ဆိုရင် မြေအောက်ရေရဲ့မသန့်ရှင်းမှုတွေကို လျော့နည်းစေပြီး ရေတိုက်စားခြင်းကို တားဆီးပေးတဲ့ မြေဆီ မြေနှစ်တွေကို တိုးပွားစေပြီး အပင်များကို ရှင်သန်ကြီးထွားအောင် ကူညီပေးပါတယ်။ အသားထုတ်ကုန်မှာ သာမက အသီးအပွင့်စားသုံးသူတို့အတွက်ပါ ပိုမိုစိတ်ချရတဲ့အစားအစာရရှိနိုင်တဲ့အပြင် သဘာ၀ စိုက်ပျိုးခြင်းဟာလည်း သောက်သုံးရေမှာပါရှိလာတတ်တဲ့ ပိုးသတ်ဆေး တွေ၊ရေသန့်ရန်အသုံးပြုတဲ့ စိတ်မချရတဲ့ပိုးသတ်ဆေးတွေပါရှိခြင်း တွေကို လျော့ချနိုင်ပါတယ်။

Organic ထုတ်ကုန်ပစ္စည်းများကို ၀ယ်ယူသုံးစွဲမှုဟာ စားသုံးသူတွေရဲ့ တကိုယ်ရည် ကျန်းမာရေးနှင့် ပတ်၀န်းကျင်ထိန်းသိမ်းစောင့်ရှောက်မှုကို များစွာအထောက်အကူဖြစ်စေနိုင်ပါတယ်နော်။

🐥စိုက်ပျိုးရေး‌ေမွးမြူ‌ေရးမှာဆိုရင် Organic Farming၊ Organic food တွေ၊ Organic clothing၊ တစ်ကိုယ်ရည်သုံး organic personal products တွေစသဖြင့် နေရာတိုင်းမှာ Organic ဆိုတာကိုဦးစားပေးလာကြပြီး လူတို့ရဲ့ကျန်းမာရေးကို ပိုမိုအထောက်အကူပြုနိုင်ဖို့ ကြိုးပမ်းအားထုတ်လာကြတာကိုတွေ့ရပါတယ်။

🤗🤗နေ့စဉ်စားသုံးနေကြတဲ့ အစားအစာတွေဟာ ခန္ဓာကိုယ်အတွက် များစွာအကျိုးပြုနိုင်တဲ့အစားအစာတွေဖြစ်နေဖို့အလွန်အရေးကြီးလှပါတယ်။ ဒါကြောင့် အသက်ရှည်ကျန်းမာနေဖို့ရာ အကောင်းဆုံး နည်းလမ်းတွေ ရွေးချယ် ရာမှာ organic အစားအစာများကိုသာ ပိုပြီး ရွေးချယ်သင့်ပါတယ်။ ခေတ်မှီတိုးတက်တဲ့ နည်းပညာခေတ်ကြီးမှာ နည်းပညာတွေအရ ပိုးသတ်ဆေးများနဲ့ chemical ပစ္စည်းများကို ကျယ်ပြန့်စွာအသုံးပြုလာကြပြီး ထိုအန္တရာယ်များဟာ လူတို့ထံနည်းလမ်းမျိုးစုံမှဝင်ရောက်လာပြီး ဖွဲမီးပမာတငွေ့ငွေ့ဖြင့် လူတို့၏ကျန်းမာရေးကို ထိခိုက်စေပါတယ်။ သို့ဖြစ်၍ စိုက်ပျိုးမွေးမြူသူတို့ အနေဖြင့် ပိုးသတ်ဆေးများ ဓာတုပစ္စည်းများကင်းစင်သော organic farming မွေးမြူရေးစနစ် ကို ဖော်ဆောင်ရင်း ပိုကျန်းမာ တဲ့ organic ကမ္ဘာ ကြီး ဖန်တီးလိုက်ရအောင် 🤗🤗

Source: Just gentle

ဝက်စာအတွက် အရေးပါသည့် အဟာရဓါတ်များ   1. Protein   2. Water   3. Fat   4. Fiber   5. Vitamins   6. Minerals   7. Energy  ...
08/11/2019

ဝက်စာအတွက် အရေးပါသည့် အဟာရဓါတ်များ

1. Protein
2. Water
3. Fat
4. Fiber
5. Vitamins
6. Minerals
7. Energy

Protein အသားဓာတ်သည် ဝက်များ၏ ကြီးထွားနှုန်းနှင့်မျိုးပွားရန်အတွက် မရှိမဖြစ်လိုအပ်သည်။ ကိုယ်ဝန်ဆောင်ဝက်မ၏ ပထမရက် ရှစ်ဆယ်တွင် အစာကုန်ကြမ်းမှရသောamino acid များနှင့်လုံလောက်သော်လည်း၊ ကိုယ်ဝန်ရင့်ချိန်တွင် အစာ၌ amino acid ဖြည့်စွက်ကျွေးရန်လိုအပ်သည်။

ဝက်များကို သောက်ရေကို အလုံအလာက်တိုက်ကျွေးထားရှိရန်လိုအပ်သည်။ ရေလိုအပ်ချက်သည် ဝက်များ၏ အသက်အရွယ် အစာအမျိုးအစား၊ ပတ်ဝန်းကျင်အပူချိန်စသည့်အချက်များပေါ်မူတည်၍ ကွဲပြားသည်။ ရေအရည်အသွေးသည်လည်းအလွန်အရေးကြီးသည်။ ဝက်များအတွက်တိုက်ကျွေးသည့်ရေသည် ရောဂါပိုးမွှားကင်းစင်ရန်လည်းလိုအပ်သည်။

ကိုယ်ဝန်ရင့်ချိန်နှင့် နို့ပေးဝက်မကြီးများ နို့ထွက်နှုန်းကောင်းမွန်ရန်၊ ဝက်ငယ်ကြီးထွားနှုန်းကောင်းမွန်ရန်အတွက် အဆီဓာတ်လိုအပ်သည်။ အမွှေးအမျှင်များနှင့်အရေပြားကျန်းမာစေရန်အတွက်လည်း အဆီဓာတ်လိုအပ်မှုသည် အရေးပါသည်။

ပေးဝက်မကြီးနှင့်ကိုယ်ဝန်ဆောင်ဝက်မကြီးများကို အမျှင်ဓာတ်ကျွေးပေးခြင်းဖြင့် ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးနိုင်သည်။
Vitamin Aသည် အမြင်အာရုံ၊မျိုးပွားနှုန်း၊ကြီးထွားနှုန်းနှင့် ကြွက်သားများသန်စွမ်းရန် အထောက်အကူပြုနိုင်သည်။VitaminDသည် အရိုးများသန်မာကြီးထွားရန်အရေးပါသည်။ နေရောင်ခြည်မှလည်း Vitamin D ရရှိနိုင်သည်။ Vitamin Eသည် သဘာဝ antioxidantများအဖြစ် အစာတွင်ရောစပ်ကျွေးနိုင်ပြီး ဝက်ငယ် သန္ဓေသားကြီးထွားမှုကိုအထောက်အကူပြုနိုင်သည်။ Vitamin Eချို့တဲ့ပါက ဝက်ငယ်ကောင်ရေနည်းခြင်း၊ ဝက်ငယ်များသေဆုံးနှုန်းများခြင်း၊ ရေဖျင်းစွဲခြင်း၊ နှလုံးကျန်းမာရေးထိခိုက်ခြင်းတို့ဖြစ်ပွားစေသည်။Vitamin K သည် ပုံမှန်သွေးပျစ်ခဲနှုန်းကိုထိန်းညှိပေးနိုင်သည်။ Vitamin Kချို့တဲ့လျှင် အရေပြားပေါ်တွင်သွေးကွက်များပေါ်လာခြင်း၊ ခန္ဓာကိုယ်တွင်းသွေးယိုစီးမှုကြောင့် သွေးအားနည်း၍ ရုတ်တရက်သေဆုံးခြင်းတို့ ဖြစ်ပွားစေသည်။ VitaminB2ချို့တဲ့ပါက ဝက်များမျက်စိနှင့်အာရုံကြောထိခိုက်ခြင်း၊ မြိုင်ပုံမှန်မဟုတ်ခြင်း၊ မွေးဝက်ငယ်သေဆုံးခြင်းတို့ဖြစ်ပွားစေသည်။
သတ္တုဓာတ်များသည်လည်း ဝက်များ၏ ခန္ဓာကိုယ်နေ့စဉ်ပုံမှန်လုပ်ဆောင်ချက်များအတွက် မရှိမဖြစ်လိုအပ်သောအရာများဖြစ်သည်။ သတ္တုဓာတ်အမျိုးပေါင်း20ကျော်ရှိသည့်အနက် Calcium, Phosphorus, Sodium, Chloride, Potassium, Magnesium, Iron, Copper, Iodine, Manganese, Zinc,Selenium, Cobaltတို့သည် ဝက်များ၏ ခန္ဓာကိုယ် metabolism ဇီဝရုပ်ဖြစ်ပေါ်မှုလုပ်ဆောင်ချက်အတွက်မရှိမဖြစ် လိုအပ်သော ဓာတ်များဖြစ်ပြီး အချိုးကျ လိုအပ်သမျှ ကျွေးပေးရမည်။ လိုအပ်သည်ထက်ပိုလျှင်ဖြစ်စေ၊ လိုအပ်နေလျှင်ဖြစ်စေ ခန္ဓာကိုယ်၏လုပ်ဆောင်ချက်များကိုထိခိုက်စေသည်။

စွမ်းအင်တွင် Digestible energy အစာချေပြီး ခန္ဓာကိုယ်မှရရှိသောစွမ်းအင် DE၊ metabolizable energy အသုံးပြုစွမ်းအင် ME၊ နှင့် net energy အသားတင်စွမ်းအင် NE ဟူ၍ရှိသည်။ စွမ်းအင်ကို ဆန်ကွဲ၊ဖွဲနု၊ဂျုံ ပြောင်းတို့ကို အစာတွင်ရောစပ်ကျွေးခြင်းဖြင့် စွမ်းအင်အလုံ‌အလောက်ရရှိနိုင်သည်။
Source:Mesk Manual

MILS companyမှ ဝက်များ၏အစာချေစနစ်ကို ပိုမိုအား‌ကောင်းစေပြီး အစာမှအဟာရစုပ်ယူမှုကို မြင့်တင်ပေးသောကြောင့် အသားဖြစ်နှုန်းသိသိသာသာမြင့်တက်စေသော growth promoter Probio-S 20 ကို ထုတ်လုပ်ရောင်းချနေပါပြီ။ Probio-S 20ကို ပုံမှန်တိုက်ကျွေးခြင်းဖြင့် ကိုယ်ခံအားစနစ်ကိုပါ မြှင့်တင်ပေးပြီး ဝက်ငယ်များတွင်ဖြစ်ပွားလေ့ရှိသော ဝမ်းပျက်ဝမ်းလျော ရောဂါကို ကာကွယ်တားဆီးပေးနိုင်ပါသည်။ မွေးမြူရေးသမားတိုင်း သုံးစွဲဖူးသူတိုင်း စိတ်တိုင်းကျစေမယ့် Probio- S 20ကို ဝယ်ယူရရှိလိုပါက
ဆက်သွယ်ရန်

Myanmar Innovative Life Sciences -- MILS
အမှတ်၁၆၅ အောင်ဇေယျလမ်းသွယ် ၁ ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : , 09-267287608, 09263709553
www.milsciences.net
email : [email protected]

မန္တလေး နှင့် အထက်မြန်မာပြည် အတွက် : 09-259061312
ရန်ကုန် နှင့် အောက်မြန်မာပြည် အတွက် : 09-263709553, 09-263702244

ဖြန့်ချိ ရေး နှင့် ကိုယ်စားလှယ် ယူလိုသူများ ဆက်သွယ်ရန် : 09267287608,09263709553

06/11/2019
💥စိုက်ပျိုးမွေးမြူရေးတွင် ပဋိဇီဝဆေးသုံးစွဲမှုကို    သက်ဆိုင်ရာဌာနများက ထိန်းချုပ်တော့မည်        ပဋိဇီဝဆေးကို လူသားများ၏က...
31/10/2019

💥စိုက်ပျိုးမွေးမြူရေးတွင် ပဋိဇီဝဆေးသုံးစွဲမှုကို သက်ဆိုင်ရာဌာနများက ထိန်းချုပ်တော့မည်

ပဋိဇီဝဆေးကို လူသားများ၏ကျန်းမာရေးအတွက်သာမက လူတို့စားသုံးရန် စားသောက်ကုန်များထုတ်လုပ်နေကြသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများတွင်လည်း တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြသည်မှာအချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအခါ ကမ္ဘာတစ်ဝန်းကြုံတွေ့လာရသော ဆေးယဉ်ပါးမှု ပြဿနာသည် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးများကို ကျိုးကြောင်းဆီလျော်မှု မရှိပဲ အသုံးပြုလာကြခြင်းကြောင့်လည်း များစွာပါဝင်နေသည်။

ပဋိဇီဝဆေးဝါးအသစ်များ တီထွင်ထုတ်လုပ်ရာတွင် သုတေသနစမ်းသပ်မှု ပေါင်းများစွာကို အမေရိကန်သန်းပေါင်းများစွာကုန်ကျခံ၍ အချိန်နှင့် ငွေ ရင်းနှီးမြှုပ်နှံရခြင်းတို့ကြောင့် ထွက်ပေါ်လာသော ပဋိဇီဝဆေးများကို ထိရောက်စွာဖြင့် စနစ်တကျအသုံးပြုကြရမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများတွင် ပဋိဇီဝဆေးများ မှန်ကန်နည်းလမ်းမဟုတ်ပဲ အထိန်းအကွပ် မဲ့စွာ သုံးစွဲခြင်းများကို တားမြစ်ရန်၊ အသိပညာဖြန့်ဝေခြင်းအစီအစဉ်များတွင် ပဋိဇီဝဆေးယဉ်ပါးမှုကိုဆိုင်ရာအကြောင်းအရာများထည့်သွင်း ပညာပေးရန်၊ ရောဂါပိုးများ ပြန့်ပွားမှုကို ထိန်းချုပ်ခြင်းလုပ်ငန်းများ ပိုမိုအားဖြည့်ဆောင်ရွက်ရန်၊ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာလက်တွေ့ သုတေသနလုပ်ငန်းများကို ပိုမိုဆောင်ရွက်လာနိုင်ရန်တို့ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းအကြံပြုထားပြီး သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဌာနများမှအတူတကွ ပူးပေါင်းဆောင်ရွက်ရန်လည်းလိုအပ်ကြောင်းပြောကြားခဲ့သည်။

မြန်မာ အပါအဝင် ကမ္ဘာတစ်ဝန်း၌ ဆေးယဉ်ပါးမှုရောဂါကြောင့် 2016ခုနှစ်တွင် သေဆုံးသူ လူဦးရေ ခုနှစ်သိန်းခန့်ရှိပြီး လာမည့်2050ခုနှစ်တွင် လူဦးရေ ဆယ်သန်းခန့်အထိမြင့်တက်လာနိုင်ကြောင်းသုတေသနခန့်မှန်း တွက်ချက် မှုများအရ သိရှိရသည်။ မြန်မာနိုင်ငံ အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးစီမံကိန်းကိုလည်း နယ်ပယ် ကဏ္ဍစုံမှ ပညာရှင်များနှင့်သက်ဆိုင်ရာဌာနတို့မှ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Source: Eleven news

🐷 ဝက်များတွင်ဖြစ်တတ်သော ကျောက်ရောဂါ 🐷          ဝက်ကျောက်ရောဂါသည် swine pox virus ကြောင့်ဖြစ်ပွားစေပြီး ဝက်များ၏ ခန္ဓာကို...
22/10/2019

🐷 ဝက်များတွင်ဖြစ်တတ်သော ကျောက်ရောဂါ 🐷

ဝက်ကျောက်ရောဂါသည် swine pox virus ကြောင့်ဖြစ်ပွားစေပြီး ဝက်များ၏ ခန္ဓာကိုယ်ပေါ်တွင် အနီဖုများထွက်လာခြင်းသည် ရောဂါလက္ခဏာ တစ်ရပ်ဖြစ်သည်။ အနာဖုမိားသည် 10- 20 mm ရှိနိုင်ပြီး အနာ၏အလယ်၌ ပြည် များစုနေတတ်သည်။ 2 - 3ရက်အကြာတွင်ထိုပြည်ဖုများပေါက်ထွက်သွားပြီး အမာရွတ် အဖြစ်အနက်ရောင် သို့ပြောင်းသွားတတ်ပြီး နှစ်ချီ၍ကျန်ရှိနေတတ်သည်။

ရောဂါဖြစ်ပွားလျှင် ကိုယ်အပူချိန်မြင့်တက်နိုင်ပြီးဝမ်းပျက်ဝမ်းလျော လက္ခဏာ များ တွေ့ရတတ်သည်။ အသက်အရွယ်မရွေးဖြစ်ပွားစေနိုင်ပြီး ကပ်ပါးကောင်များ၊ မွှားကောင်များမှ တစ်ဆင့်ကူးစက်ခြင်း၊ လှောင်ခြံများကို ပွတ်သတ်ခြင်းများကြောင့် ခြံအတွင်းအသုံးပြုသော ပစ္စည်းများမှတစ်ဆင့်ကူးစက်စေနိုင်သည်။ ကပ်ပါးပိုးကောင်များ ရှင်းလင်းပေးခြင်းနှင့် လှောင်ခြံ၊ အသုံးပြုသည့် ပစ္စည်းကိရိယာများကို သန့်ရှင်းရေးစနစ်တကျလုပ်ကိုင်ပေးခြင်း၊ ကာကွယ်ဆေးထိုးခြင်းတို့ဖြင့် ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ထားနိုင်သည်။
Source : The Pig Site

MILS Company မှ ဝက်များ၏ အစာလမ်းကြောင်း ကျန်းမာရေးအတွက် အားဖြည့်ဆေး Probio- S 20(swine growth enhancer ) ကို ပြည်တွင်း၌ ကိုယ်ပိုင်နည်းပညာဖြင့် မွေးမြူရေးတိရစ္ဆာန်တို့၏ကျန်းမာရေးအထောက်အကူပြုနိုင်ရန် ထုတ်လုပ်ရောင်းချနေပါပြီ။ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်ပွားမှု ဖြေရှင်းပေးနိုင်ပြီး‌မွေးမြူသူတို့အတွက် ဆေးဝါးကုသစရိတ်သက်သာစေရန်အထောက်အကူပြုနိုင်ပါသည်။ ကိုယ်ခံအားမြင့်တင်ပေးနိုင်ပြီး ပြင်ပရောဂါဒဏ်များကို ခံနိုင်ရည်ရှိစေသည်။ အစာမှ အဟာရစုပ်ယူမှု ပိုမိုအားကောင်းစေပြီး အသားဖြစ်လွယ်ခြင်းကြောင့် မွေးမြူသူတို့အတွက်အကျိုးအမြတ်ကို အချိန်တိုအတွင်း ရရှိစေနိုင်မည် ဖြစ်သည်။ 250g နှင့် 1kg နှစ်မျိုးထုတ်လုပ်ထားပြီး ဝယ်ယူသုံးစွဲဖူးသူတိုင်း လက်စွဲ Probio - S 20 ကို မှာယူလိုပါက

ဆက်သွယ်ရန်

Myanmar Innovative Life Sciences -- MILS
အမှတ်၁၆၅ အောင်ဇေယျလမ်းသွယ် ၁ ၊ သီရိမင်္ဂလာလမ်း၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း : , 09-267287608, 09263709553
www.milsciences.net
email : [email protected]

မန္တလေး နှင့် အထက်မြန်မာပြည် အတွက် : 09-259061312
ရန်ကုန် နှင့် အောက်မြန်မာပြည် အတွက် : 09-263709553, 09-263702244

ဖြန့်ချိ ရေး နှင့် ကိုယ်စားလှယ် ယူလိုသူများ ဆက်သွယ်ရန် : 09267287608,09263709553

Address

Japan Road, 165 Aung Zay Ya (1) Street, Thiri Mingalar Rd, ရန်ကုန်
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959263709553

Alerts

Be the first to know and let us send you an email when MILS Animal Health posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MILS Animal Health:

Share