Z POWER HUB

Z POWER HUB "Guiding You to Success"

လူသစ်တွေကို ဖေးမပေးတဲ့ ခေါင်းဆောင်မှုပုံစံက လုပ်ငန်းတစ်ခုကို ဘယ်လောက်အထိ ပြောင်းလဲစေနိုင်သလဲ?" 🤝✨ကျွန်မတို့အားလုံးဟာ တစ်...
10/07/2026

လူသစ်တွေကို ဖေးမပေးတဲ့ ခေါင်းဆောင်မှုပုံစံက လုပ်ငန်းတစ်ခုကို ဘယ်လောက်အထိ ပြောင်းလဲစေနိုင်သလဲ?" 🤝✨
ကျွန်မတို့အားလုံးဟာ တစ်ချိန်တုန်းက ဘာမှမသိသေးတဲ့ "လူသစ်" ဘဝကို ဖြတ်သန်းခဲ့ကြဖူးတာချည်းပါပဲ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကျွန်မ ပထမ companyတစ်ခုကို လူသစ်အနေနဲ့ ပြောင်းရွှေ့ခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းက Item Calculation တွေကို သေချာမတွက်တတ်သေးတော့ Error တွေ ခဏခဏ ဖြစ်ခဲ့ရတယ်။ အဲ့ဒီအချိန်မှာ ဝန်းကျင်က လူဟောင်းအချို့ရဲ့ အားပေးကူညီမှုထက် အထင်သေးသလို ကြည့်တဲ့ အကြည့်တွေကြောင့် "ငါပဲ ညံ့နေတာလား" ဆိုပြီး စိတ်ဓာတ်တွေ အကြီးအကျယ် ကျခဲ့ဖူးပါတယ်။ (ကံကောင်းစွာနဲ့ အဲ့ဒီတုန်းက တစ်ယောက်တည်းသော ကူညီပေးခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်နဲ့တော့ ဒီနေ့အထိ ခင်မင်ဆဲပါ)
နောက်ပိုင်း လုပ်သက်ရလာပြီးမှ သဘောပေါက်ခဲ့တာက... လူဟောင်းတွေလည်း အမှားလုပ်တတ်တာပါပဲ။ ဒါပေမဲ့ သူတို့က အတွေ့အကြုံရှိလို့ အမှားကို ဘယ်လိုကြိတ်ရှင်းရမလဲ သိနေကြတာဖြစ်ပြီး၊ လူသစ်ကျတော့ လမ်းပြမယ့်သူမရှိရင် ဒုက္ခရောက်ရတာပါ။

🚀 အပြောင်းအလဲတစ်ခုနဲ့ ခေါင်းဆောင်မှုရဲ့ စတင်ခြင်း
နောက်ပိုင်းမှာ ကျွန်မ နေရာသစ် ကို ပြောင်းရွှေ့ခဲ့ပြီး အဲ့ဒီနေရာမှာ ပထမဆုံး အခြေချခွင့်ရခဲ့ပါတယ်။ လုပ်ငန်းတွေ တိုးချဲ့လာတဲ့အခါ ကျွန်မနောက်ကနေ လူသစ်တွေ ထပ်ဝင်လာကြတယ်။

ကျွန်မတို့အဖွဲ့က IT Background မဟုတ်ကြတဲ့အတွက် လူသစ်တွေဟာ Error တွေ ခဏခဏ လုပ်မိကြပါတယ်။ ဒါပေမဲ့ ကျွန်မမှာ Business ကော IT ပိုင်းကိုပါ ချိတ်ဆက်နားလည်တဲ့ အတွေ့အကြုံရှိနေပြီဖြစ်လို့ IT ဘက်ကို Error တွေ မရောက်သွားအောင် ကြားထဲကနေ အမြဲ အကာအကွယ်ပေးပြီး ကူညီရှင်းပေးခဲ့ပါတယ်။ IT ဘက်က Feedback တွေကိုလည်း ကိုယ်တိုင်ပဲ တာဝန်ယူဖြေရှင်းပေးခဲ့ပြီး၊ ကိုယ့်အဖွဲ့သားတွေကို ဘယ်တော့မှ အထင်သေးတဲ့ ပုံစံမျိုး မပြခဲ့ပါဘူး။
👀 မျက်ဝန်းတွေထဲက သင်ခန်းစာ
လူသစ်တွေ အမှားလုပ်မိလို့ ဘာလုပ်ရမှန်းမသိဘဲ ကျွန်မကို အကူအညီတောင်းတဲ့ မျက်ဝန်းတွေနဲ့ လှမ်းကြည့်တဲ့အခါတိုင်း... လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က အကူအညီမဲ့နေခဲ့တဲ့ "ကျွန်မရဲ့ အတိတ်က ပုံရိပ်" ကို ပြန်မြင်ယောင်မိပါတယ်။
ကျွန်မအမြဲ ခံယူထားတဲ့အချက်တစ်ခု ရှိပါတယ်။

ကျွန်မ ၈ နှစ်လောက် အချိန်ပေးပြီး တည်ဆောက်ခဲ့ရတဲ့ Knowledge နဲ့ အတွေ့အကြုံကို... သူတို့ဆီကနေ ၁ နှစ်လောက်နဲ့ တတ်မြောက်ဖို့ မျှော်လင့်လို့မရဘူး" ဆိုတာပါပဲ။

Business Leader များအတွက်
လူသစ်တစ်ယောက် ဝင်လာတဲ့အခါ အမှားလုပ်မိတာဟာ သဘာဝကျပါတယ်။ ခေါင်းဆောင်ကောင်း သို့မဟုတ် Senior ကောင်းတစ်ယောက်ရဲ့ တာဝန်က အမှားကို ထောက်ပြပြီး နှိပ်ကွပ်ဖို့ မဟုတ်ပါဘူး။

Psychological Safety: လူသစ်တွေ အမှားလုပ်မိရင် ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း အကူအညီတောင်းရဲမယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးပါ။
Empathetic Mentoring: ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ခက်ခဲတဲ့ လမ်းခရီးကို နောက်လူတွေ အလွယ်တကူ လျှောက်လှမ်းနိုင်အောင် လမ်းပြပေးပါ။

လူသစ်တွေကို ဖိနှိပ်တာထက် ဖေးမကူညီပေးခြင်းကသာ ရေရှည်မှာ ပိုမိုတောင့်တင်းပြီး သစ္စာရှိတဲ့ Team တစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်ဗျာ။ 🌟

The Butterfly Effect "Data အမှားသေးသေးလေးတစ်ခုက ကုမ္ပဏီတစ်ခုလုံးကို ဘယ်လိုမျိုး ဒုက္ခပေးသွားနိုင်လဲ? (The Butterfly Effe...
08/07/2026

The Butterfly Effect

"Data အမှားသေးသေးလေးတစ်ခုက ကုမ္ပဏီတစ်ခုလုံးကို ဘယ်လိုမျိုး ဒုက္ခပေးသွားနိုင်လဲ? (The Butterfly Effect in Business Data)" 🦋💼

Salesman တော်တော်များများ တွေးလေ့ရှိကြပါတယ်။ "ဟာ... System ထဲ Data သွင်းတာ နေရာလေးတစ်ခု မှားသွားတာ၊ Code လေးတစ်ခု လွဲသွားတာ ဘာဖြစ်လို့လဲ? အရောင်းရရင် ပြီးရောမဟုတ်ဘူးလား" ဆိုပြီးတော့ပေါ့။
တကယ်တော့ ဒါဟာ "Butterfly Effect" ပါပဲ။ လိပ်ပြာတစ်ကောင်ရဲ့ တောင်ပံခတ်ခတ်မှုလေးကနေ အဝေးတစ်နေရာမှာ လေမုန်တိုင်းကြီး ဖြစ်သွားစေနိုင်သလိုမျိုး... သင် ဖြည့်လိုက်တဲ့ Data အမှားသေးသေးလေးတစ်ခုက နောက်ဆုံးမှာ လုပ်ငန်းတစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်တွေကို ကမောက်ကမ ဖြစ်သွားစေနိုင်ပါတယ်။ 📊🌪️

⚠️ System Workflow ကို မလိုက်နာရင် ဘာဖြစ်မလဲ?
လုပ်ငန်းခွင်မှာ သတ်မှတ်ထားတဲ့ Business Workflow တွေဆိုတာ အပိုလုပ်ထားတာ မဟုတ်ပါဘူး။ အဲ့ဒီ Workflow အတိုင်း တိတိကျကျ မသွားရင် System ထဲက ထွက်လာတဲ့ Report တွေ အကုန်မှားကုန်ပါတယ်။ Report အမှားတွေအပေါ် အခြေခံပြီး ရှေ့ဆက်မယ့် Sales Forecast (အရောင်းခန့်မှန်းချက်) တွေ တွက်ချက်တဲ့အခါမှာလည်း အကုန်လွဲချော်ကုန်တော့တာပါပဲ။

ကျွန်မအရင်က SAP Application သင်တုန်းက လက်တွေ့ကြုံခဲ့ရတဲ့ အမှားလေးတစ်ခုကို မျှဝေပါရစေ။

🏢 ** inventory (ပစ္စည်းအဝင်) ကို အလွယ်လုပ်မိရာက စတဲ့ ပြဿနာ:**
Sales Office (၃) ခုလုံးအတွက် ဝင်လာတဲ့ Inventory (ပစ္စည်းအဝင်) ကို အလွယ်တကူ Office တစ်ခုတည်းထဲပဲ အကုန်ထည့်ပြလိုက်တယ်။ ပြီးမှ ရောင်းတဲ့အခါကျတော့ Office တစ်ခုချင်းစီရဲ့ Code တွေနဲ့ အရောင်း (Sales) ပြတော့... System ထဲမှာ Error တွေ တက်ကုန်ရော။ ဘာလို့လဲဆိုတော့ Office ၂ ခုမှာက ပစ္စည်းမရှိဘဲ ရောင်းနေသလို ဖြစ်သွားလို့ပါ။
🏙️ Customer Data က မြို့ (City) တွေ မှားချိတ်မိတဲ့အခါ:
နောက်တစ်ခုက Customer Data ထည့်တဲ့အခါ City တွေကို သေချာမစစ်ဘဲ မှားချိတ်မိလိုက်တာ။ ရလဒ်ကတော့... ဘယ်မြို့မှာ အရောင်းပိုကောင်းလဲဆိုတဲ့ City Sales Report တွေ အကုန်လွဲကုန်ရော။ အရောင်းမတက်တဲ့မြို့ကို ပစ္စည်းတွေအများကြီး သွားစုမိပြီး၊ တကယ်ရောင်းရတဲ့မြို့မှာ ပစ္စည်းပြတ်တာမျိုး ဖြစ်ကုန်တာပေါ့။
🔑 Takeaway Message
ဒါကြောင့် လုပ်ငန်းတစ်ခုမှာ Sales Data တွေ တိကျဖို့ဆိုတာ စက္ကူပေါ်က ကိန်းဂဏန်းတွေထက် ပိုအရေးကြီးပါတယ်။ * System Workflow ကို သေချာ လိုက်နာပါ။
Data တစ်ခုချင်းစီကို တိတိကျကျ ဖြည့်ပါ။

"သင် လွယ်လွယ်နဲ့ ဖြည့်လိုက်တဲ့ Data အမှားတစ်ခုက... ကုမ္ပဏီရဲ့ အနာဂတ် Management ဆုံးဖြတ်ချက်တွေကို ဖျက်ဆီးပစ်နိုင်တယ်" ဆိုတာကို အမြဲသတိရပေးပ 🤝✨

"From Peer to Manager: အရင်က ဘေးချင်းယှဉ်တိုက်ခဲ့ရာကနေ အခု ဦးဆောင်ရတဲ့သူ ဖြစ်သွားသောအခါ🚩🚩လုပ်ငန်းခွင်မှာ အခက်ခဲဆုံး အကူး...
25/01/2026

"From Peer to Manager: အရင်က ဘေးချင်းယှဉ်တိုက်ခဲ့ရာကနေ အခု ဦးဆောင်ရတဲ့သူ ဖြစ်သွားသောအခါ🚩🚩

လုပ်ငန်းခွင်မှာ အခက်ခဲဆုံး အကူးအပြောင်းတစ်ခုက အရင်က အတူတူ ထမင်းစား၊ အတူတူ အလုပ်လုပ်၊ အတူတူလူကြီးအတင်းတုပ် ခဲ့တဲ့ သူငယ်ချင်း/လုပ်ဖော်ကိုင်ဖက် (Peers) တွေကြားထဲကနေ Manager တစ်ယောက် အဖြစ် ရာထူးတိုးခံလာရတာပါပဲ။

အဲ့ဒီအခါ ကျွန်တော်တို့ လုပ်ငန်းခွင်တွေမှာ ခဏခဏ တွေ့လေ့ရှိတာက -
• အရင်က သူငယ်ချင်းတွေမို့လို့ အလုပ်ခိုင်းရမှာ အားနာတာ။
• ကိုယ်က ရာထူးတိုးသွားတော့ သူတို့နဲ့ ကြားထဲမှာ တစ်မျိုးကြီး ဖြစ်သွားသလို ခံစားရတာ။
• ကိုယ့်ရဲ့ ညွှန်ကြားချက်တွေကို သူတို့က "အမိန့်ပေးတယ်" လို့ မြင်မှာ စိုးရိမ်တာမျိုးတွေပါ။

ဒီလို စိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို့ ကျွန်တော် လက်ကိုင်ထားတဲ့ အမြင် (၃) ချက်ကို မျှဝေချင်ပါတယ်။

၁။ "First 90 Days" - နားထောင်ခြင်းကနေ စတင်ပါ
Manager သစ်တစ်ယောက်အတွက် ပထမဆုံး ရက် ၉၀ မှာ "ငါကတော့ Manager ပဲ" ဆိုပြီး ချက်ချင်း အပြောင်းအလဲကြီးတွေ လုပ်တာထက် အရင်က Peers တွေရဲ့ အမြင်ကို သေချာ ပြန်နားထောင်တာ (Listening) က ပိုအရေးကြီးပါတယ်။ သူတို့ ဘာတွေ အခက်အခဲရှိလဲ၊ ငါ ဘာကူညီပေးရမလဲဆိုတာကို အရင်မေးတာက ယုံကြည်မှုကို ပြန်တည်ဆောက်တဲ့ အစပါပဲ။

၂။ Psychological Distance - အားနာမှုကို ပညာသားပါပါ ခွဲခြားပါ
ဒါက အခက်ဆုံးပါပဲ။ အရင်က သူငယ်ချင်းတွေမို့လို့ မျက်နှာသာပေးတာ (Favoritism) မျိုး မလုပ်မိဖို့ လိုသလို၊ အလုပ်မှာတော့ Professional Boundary လေး တစ်ခု ထားရပါတယ်။ ညွှန်ကြားချက် ပေးတဲ့အခါ "ငါခိုင်းလို့လုပ်" ဆိုတာထက် "ငါတို့ Team ရဲ့ ရည်မှန်းချက် (Common Goal)" ကိုပဲ ရှေ့တန်းတင်ပြီး ညွှန်ကြားတာက ပိုပြီး အပြုသဘောဆောင်ပါတယ်။

၃။ Building Authority through Competence
ရာထူး (Title) ရှိရုံနဲ့ လူတွေက လေးစားမှာမဟုတ်ပါဘူး။ အရင်က Peers တွေက ကိုယ့်ကို Manager အဖြစ် အသိအမှတ်ပြုလာဖို့ဆိုရင် ကိုယ်တိုင်က အလုပ်ခွဲဝေရာမှာ တရားမျှတဖို့နဲ့ ဘက်မလိုက်ဘဲ ဆုံးဖြတ်ချက် ချနိုင်ဖို့ (Objectivity) က အဓိကပါပဲ။
နိဂုံးချုပ်အနေနဲ့ -
Manager ဖြစ်လာတာဟာ သူတို့ထက် ပိုတော်လို့မဟုတ်ဘဲ သူတို့တွေ အကောင်းဆုံး လုပ်ဆောင်နိုင်အောင် ပံ့ပိုးပေးဖို့ 'တာဝန်' ပိုကြီးလာတာပဲ ဖြစ်ပါတယ်။ Team Member တွေရဲ့ အောင်မြင်မှုဟာ ကျွန်တော့်ရဲ့ အောင်မြင်မှုပါပဲ။
အတူတူ လက်တွဲပြီး အောင်မြင်မှုအသစ်တွေဆီ ဆက်သွားနိုင်ကြပါစေ။

စီးပွားရေးလုပ်တယ်ဆိုတာ ကံစမ်းမဲနှိုက်တာ မဟုတ်ပါဘူး (Business Plan ဘာကြောင့် ရှိသင့်တာလဲ?) စီးပွားရေးတစ်ခု စတော့မယ်ဆိုရင်...
24/01/2026

စီးပွားရေးလုပ်တယ်ဆိုတာ ကံစမ်းမဲနှိုက်တာ မဟုတ်ပါဘူး (Business Plan ဘာကြောင့် ရှိသင့်တာလဲ?)

စီးပွားရေးတစ်ခု စတော့မယ်ဆိုရင် "Business တိုင်းမှာ Business Plan ဆွဲထားသင့်ပါတယ်။" လုပ်ငန်းက သေးသေးလေးပဲဖြစ်ဖြစ်၊ အကြီးကြီးပဲဖြစ်ဖြစ် Business Plan ဆိုတာ မရှိမဖြစ် လိုအပ်တဲ့ အရာပါ။

လူတော်တော်များများက "စိတ်ဓာတ်ရှိရင် ရပြီ၊ ရဲရဲဝံ့ဝံ့ စလိုက်မယ်၊ လုပ်ရင်းနဲ့ ပြင်မယ်" ဆိုပြီး ဇွတ်တိုးတတ်ကြပါတယ်။ ဒါဟာ ကံကောင်းရင် အောင်မြင်နိုင်ပေမယ့် ကံမကောင်းရင်တော့ ကိုယ်စုဆောင်းထားသမျှ ပိုက်ဆံတွေ "မြောင်းထဲရောက်" သွားနိုင်ပါတယ်။

Business Plan ဆိုတာ စာအုပ်ကြီးတွေ ဖတ်ပြီးမှ ရေးရတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့ "အတွေး" တွေကို စက္ကူပေါ်မှာ "လက်တွေ့ကျကျ" ချရေးကြည့်တာပါ။

လုပ်ငန်းရှင်တိုင်း သိထားရမယ့် Business Plan (၁၀) ဆင့် ကို အလွယ်ဆုံး ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အပိုင်း (၁) - အုတ်မြစ်ချခြင်း (စတင်သူများအတွက်)
၁။ "ငါ့ပစ္စည်းကို ဘယ်သူဝယ်မှာလဲ?" (Target Customer): လူတိုင်းကို ရောင်းမယ်လို့ မတွေးပါနဲ့။ ကိုယ်ရောင်းမယ့်သူကို တိတိကျကျ သိမှ မှန်အောင် ရင်းနှီးနိုင်မှာပါ။

၂။ "ဘာလို့ ငါ့ဆီက ဝယ်ရမှာလဲ?" (Unique Selling Point): ဘေးမှာ ကိုယ့်လိုဆိုင်တွေ အများကြီးရှိနေတာပဲ။ ပြိုင်ဘက်တွေကြားထဲမှာ ကိုယ့်ပစ္စည်းက ဘာပိုထူးခြားလဲဆိုတာကို အဖြေရှာထားပါ။

၃။ "ငွေစာရင်းကို အကြမ်းဖျင်း တွက်ကြည့်ပါ" (Budgeting): အရင်းဘယ်လောက်လဲ၊ တစ်ခုရောင်းရင် အမြတ်ဘယ်လောက်ကျန်မလဲ? စာအုပ်ပေါ်မှာ အရှုံးပြနေရင် အပြင်မှာ တကယ်မလုပ်ပါနဲ့ဦး။

၄။ "လူတွေသိအောင် ဘယ်လိုလုပ်မလဲ?" (Marketing): ပစ္စည်းကောင်းရုံနဲ့ မပြီးပါဘူး။ Facebook၊ TikTok နဲ့ တခြားနည်းလမ်းတွေ သုံးပြီး လူသိလာအောင် လုပ်မယ့်အစီအစဉ် ချရေးပါ။

၅။ "အခက်အခဲရှိရင် ဘာလုပ်မလဲ?" (Back-up Plan): အကယ်၍ မရောင်းရရင်၊ ပစ္စည်းပြတ်ရင် ဘာလုပ်မလဲဆိုတာ ကြိုစဉ်းစားထားရင် ပြဿနာတက်တဲ့အခါ အေးအေးဆေးဆေး ဖြေရှင်းနိုင်ပါလိမ့်မယ်။
အပိုင်း (၂) - စနစ်တကျ လည်ပတ်ခြင်း (ရေရှည်ခိုင်မြဲဖို့)

၆။ "ပိုက်ဆံအိတ်ကို ခွဲထားပါ" (Separate Finances): ဆိုင်ပိုက်ဆံနဲ့ ကိုယ်ပိုင်ပိုက်ဆံကို ရောမပစ်ပါနဲ့။ ဒါမှ လုပ်ငန်းရဲ့ အရှုံးအမြတ်အစစ်အမှန်ကို သိရမှာပါ။

၇။ "ဖောက်သည်ဟောင်းကို ဂရုစိုက်ပါ" (Customer Retention): ဖောက်သည်သစ်ရှာတာထက် ရှိပြီးသားဖောက်သည် ပြန်လာအောင်လုပ်တာက ကုန်ကျစရိတ် ပိုသက်သာပြီး တွက်ချေကိုက်ပါတယ်။

၈။ "နည်းပညာကို အသုံးချပါ" (Leverage Technology): စာရင်းမှတ်ဖို့ POS App သုံးတာ၊ Design ဆွဲဖို့ Canva သုံးတာမျိုးလုပ်ပြီး အချိန်နဲ့ အမှားအယွင်းကို လျှော့ချပါ။

၉။ "အဖွဲ့အစည်း တည်ဆောက်ပါ" (Team Building): လုပ်ငန်းချဲ့လာရင် တစ်ယောက်တည်း အကုန်မလုပ်ပါနဲ့။ ဘယ်သူ့ကို ဘာတာဝန်ပေးမလဲဆိုတာ သတ်မှတ်ပြီး စနစ်တကျ လက်လွှဲတတ်ဖို့ ကြိုးစားပါ။

၁၀။ "ပြန်လည်သုံးသပ်ပြီး ပြုပြင်ပါ" (Review & Adapt): ၃ လတစ်ကြိမ် (သို့) ၆ လတစ်ကြိမ် ကိုယ့်ရဲ့ Plan နဲ့ လက်တွေ့ကို ပြန်တိုက်စစ်ပါ။ ခေတ်နဲ့အညီ အမြဲပြင်ဆင်နေပါ။

နိဂုံးချုပ်အနေနဲ့...
ပိုက်ဆံအကုန်ခံပြီးမှ "အရှုံး" နဲ့ သင်ခန်းစာယူမယ့်အစား၊ အချိန်ခဏပေးပြီး "အစီအစဉ် (Plan)" နဲ့ စတင်ပါ။ အစီအစဉ်ရှိတဲ့သူဟာ လမ်းခုလတ်မှာ ဘယ်တော့မှ လဲမကျပါဘူး။

"မတွက်ဘဲနဲ့ အရှုံးမခံပါနဲ့၊ တွက်ချက်ပြီးမှ အောင်မြင်မှုကို တည်ဆောက်ပါ။"

Sales Professional တစ်ယောက်အတွက် Target ဆိုတာ "ပန်းတိုင်" ဖြစ်ပြီး KPI ဆိုတာ "လမ်းပြမြေပုံ" ပါSales လောကမှာ အောင်မြင်ချင...
23/01/2026

Sales Professional တစ်ယောက်အတွက် Target ဆိုတာ "ပန်းတိုင်" ဖြစ်ပြီး KPI ဆိုတာ "လမ်းပြမြေပုံ" ပါ

Sales လောကမှာ အောင်မြင်ချင်ရင် Target ကို သိရုံနဲ့ မလုံလောက်ပါဘူး၊ KPI ကိုပါ အသေအချာ နားလည်ပြီး စီမံခန့်ခွဲတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် Manager တွေအနေနဲ့ မိမိသတ်မှတ်လိုက်တဲ့ KPI ဟာ Target ဆီသွားမယ့် Roadmap အစစ်အမှန်ဖြစ်ဖို့ အရေးကြီးပုံကို ဒီ Post လေးမှာ အသေးစိတ် ရှင်းပြပေးချင်ပါတယ်။

🚗 ဥပမာလေးနဲ့ အရင်ကြည့်ရအောင်
သင် ကားမောင်းပြီး ခရီးတစ်ခု သွားမယ်ဆိုပါစို့။
* Target: သင်ရောက်ချင်တဲ့ "Destination" (ဥပမာ - မန္တလေး)
* KPI: ကားရဲ့ မိုင်နှုန်းပြဒိုင်ခွက်၊ ဆီလက်ကျန် နဲ့ အင်ဂျင်အပူချိန် (Indicators)
မန္တလေးရောက်ဖို့ဆိုရင် လမ်းကိုပဲ ကြည့်နေလို့မရသလို၊ ကားရဲ့ အခြေအနေ (KPI) ကိုလည်း မျက်ခြေမပြတ်ကြည့်ရပါတယ်။ ဒါမှသာ လိုရာခရီးကို ဘေးကင်းကင်းနဲ့ အချိန်မီ ရောက်မှာပါ။

💡 လက်တွေ့ကျတဲ့ Channel အခြေခံ ဥပမာ (D2D Channel)
ကုမ္ပဏီတစ်ခုမှာ တစ်နှစ်လုံးရောင်းအားရဲ့ ၃၀% ကို Door To Door (D2D) Channel ကနေ ရောင်းဖို့ Target ထားတယ်ဆိုပါစို့။ အဲဒီ Channel ကို ကိုင်ထားတဲ့ Salesman တစ်ယောက်အတွက် Manager က အောက်ပါ KPI လမ်းပြမြေပုံကို တိတိကျကျ ချပေးရပါမယ်။
၁။ Monthly Coverage (လစဉ် လွှမ်းခြုံမှု): Target ပြည့်ဖို့အတွက် တစ်လကို ဆိုင်ပေါင်း/အိမ်ခြေပေါင်း ဘယ်နှခုဆီ အရောက်သွားရမလဲ?
၂။ Monthly Order (လစဉ် အော်ဒါအကြိမ်ရေ): သွားသမျှဆိုင်ထဲက ဘယ်နှဆိုင်က အော်ဒါ တက်ရမလဲ? (Buying Customer %)
၃။ Average Order Value: အော်ဒါတစ်ခါတက်ရင် ပမာဏ ဘယ်လောက်ရအောင် ယူရမလဲ?
ဒီ KPI တွေကို တိတိကျကျ သတ်မှတ်ပြီး Monthly Follow-up ပုံမှန်လုပ်ရပါမယ်။ လကုန်မှ Target မပြည့်တာကို သိရမယ့်အစား၊ လစဉ်စစ်ဆေးခြင်းအားဖြင့် "Coverage က ပြည့်ရဲ့လား?"၊ "အော်ဒါ ဘာလို့ မတက်တာလဲ?" ဆိုတာတွေကို အချိန်မီ ပြုပြင်တည့်မတ်နိုင်မှာ ဖြစ်ပါတယ်။

⚠️ Manager များ သတိပြုရန်အချက်
Manager ကိုယ်တိုင်က KPI ရဲ့ အနှစ်သာရကို သေချာမသိဘဲ သတ်မှတ်လိုက်ရင် ဝန်ထမ်းတွေအတွက် Double Duty (အပိုအလုပ်) တွေ ဖြစ်ကုန်တတ်ပါတယ်။

* ရှေ့နောက်လွဲခြင်း: Target ဆီကို မဦးတည်တဲ့ KPI တွေကြောင့် ဝန်ထမ်းက ရောင်းအားတက်ဖို့ထက် စာရင်းဇယားပြည့်ဖို့ပဲ အချိန်ကုန်နေရတတ်ပါတယ်။

* ဘေးတိုက်အလုပ်များ: Target နဲ့ မဆိုင်တဲ့ တာဝန်တွေပါ KPI ထဲ ရောပါလာရင် Salesman က Focus ပျောက်သွားပါလိမ့်မယ်။

ဒါကြောင့် Manager တွေဟာ မိမိချမှတ်တဲ့ KPI တိုင်းဟာ Target ကို ရောက်အောင်သွားဖို့ သတ်မှတ်ထားတဲ့ Roadmap ဟုတ်မဟုတ် Clear ဖြစ်နေရပါမယ်။ မဟုတ်ရင်တော့ "နွားရှေ့ ထွန်ယက်" သလိုမျိုး ရှေ့နောက်လွဲပြီး ပင်ပန်းရုံပဲ အဖတ်တင်ပါလိမ့်မယ်။

✅ အနှစ်ချုပ်ရရင်
* Target က "ဘာကို" ရအောင်လုပ်ရမလဲဆိုတဲ့ Result ကို ပြတယ်။
* KPI က "ဘယ်လို" လုပ်ရမလဲဆိုတဲ့ Action Plan ကို ပြတယ်။
KPI ကို ကောင်းကောင်း Management လုပ်နိုင်သူဟာ Target ပြည့်ဖို့အတွက် ဘယ်တော့မှ ပူစရာမလိုပါဘူး။

ဦးဆောင်သူ Manager ကိုယ်တိုင်က Roadmap ကို ရှင်းရှင်းလင်းလင်း မြင်နေမှသာ လက်အောက်က Sales Team ကလည်း လမ်းမချော်ဘဲ ပန်းတိုင်ဆီကို အရှိန်အဟုန်နဲ့ သွားနိုင်မှာ ဖြစ်ပါတယ်။

"Target tells you where to go, but a well-defined KPI tells you how to get there safely and efficiently."


😊

Servant Leadership!!!!!!Leadership ဆိုတာ "ရာထူး" မဟုတ်ဘဲ "တာဝန်ယူမှု" တစ်ခုဖြစ်ပါတယ်။- Corporate နယ်ပယ်မှာ အဖြစ်များဆုံး...
23/01/2026

Servant Leadership!!!!!!

Leadership ဆိုတာ "ရာထူး" မဟုတ်ဘဲ "တာဝန်ယူမှု" တစ်ခုဖြစ်ပါတယ်။

- Corporate နယ်ပယ်မှာ အဖြစ်များဆုံး အလွဲတစ်ခုက Manager ရာထူးရတာကို Leadership ရပြီလို့ ထင်နေကြတာပါ။ လူတော်တော်များများဟာ ရာထူးလေးတစ်ခု ရပြီဆိုတာနဲ့ "ငါ့မှာတော့ ခိုင်းလို့ရတဲ့ လက်အောက်ငယ်သားတွေ ရှိနေပြီ" လို့ မှားယွင်းစွာ တွေးတောတတ်ကြပါတယ်။

တကယ်တော့ ခေါင်းဆောင်မှုဆိုတာ ကိုယ်တစ်ယောက်တည်း ရှေ့က ပြေးနေဖို့ မဟုတ်ပါဘူး။ ကိုယ့်နောက်က လူတွေပါ အတူတူ ပြေးနိုင်အောင် လမ်းပြပေးရတာပါ။ ဒီနေ့ခေတ် Modern Leadership မှာ "Servant Leadership" ဆိုတဲ့ Concept က အရမ်း အရေးကြီးလာပါတယ်။

💡 Servant Leadership ဆိုတာ ဘာလဲ?
ခေါင်းဆောင်ဆိုတာ အထက်ကနေ အမိန့်ပေးစေခိုင်းသူမဟုတ်ဘဲ အဖွဲ့သားတွေရဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေ၊ ပညာတွေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို အောက်ကနေ ဝိုင်းဝန်းပံ့ပိုးပေးရသူ (Supportive Role) ဖြစ်ပါတယ်။

Management ပညာရှင် Simon Sinek ကတော့ အခုလို ဆိုထားပါတယ်-
> "Leadership is not about being in charge. It's about taking care of those in your charge."
> (ခေါင်းဆောင်မှုဆိုတာ အုပ်ချုပ်ဖို့မဟုတ်ဘူး၊ ကိုယ့်လက်အောက်ကလူတွေကို ဂရုစိုက်စောင့်ရှောက်ဖို့ပဲ ဖြစ်ပါတယ်။)
>
✅ ဒါဆို ခေါင်းဆောင်တစ်ယောက်ရဲ့ လက်တွေ့တာဝန်က ဘာဖြစ်မလဲ?
ခေါင်းဆောင်တစ်ယောက်ဟာ အဖွဲ့သားတွေကို အလုပ်တွေ လွှဲအပ် (Delegate) ပြီး သူတို့ ရှေ့ကို ဘယ်လိုတိုးတက်အောင် ကြိုးစားရမလဲဆိုတာကို စဉ်းစားရတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလို လွှဲထားလို့ ဘာမှမသိဘဲ နေရမယ်လို့ မဆိုလိုပါဘူး။
၁။ Daily Job တွေကို ဝင်မစွက်ဖက်ပါနဲ့ (Don't Micromanage): သူတို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေထဲကို အသေးစိတ် လိုက်ချုပ်ကိုင်တာမျိုးက အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို လျော့နည်းစေပါတယ်။
၂။ Process ကိုတော့ ကျေကျေညက်ညက် သိနေရပါမယ်: ကိုယ့် Department ရဲ့ လုပ်ငန်းစဉ် (Process) တွေကိုတော့ အဖွဲ့သားတွေထက် ပိုပြီး နှံ့နှံ့စပ်စပ် နားလည်ထားဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖွဲ့သားတွေမှာ အခက်အခဲ (Issue) တစ်ခုခု ကြုံလာတဲ့အခါ ခေါင်းဆောင်ဖြစ်သူက ဝင်ရောက်ဖြေရှင်းပေးရမှာ ဖြစ်လို့ပါ။ ကိုယ်တိုင်က လုပ်ငန်းစဉ်ကို နားမလည်ရင် သူတို့ကို ဘယ်လိုမှ ထိရောက်စွာ ကူညီနိုင်လမ်းညွှန်နိုင် မှာ မဟုတ်ပါဘူး။

✨ အနှစ်ချုပ်ရရင်...
ကိုယ့်ထက်တော်တဲ့သူတွေကို မွေးထုတ်ပေးနိုင်ခြင်းကသာ ခေါင်းဆောင်တစ်ယောက်ရဲ့ အကြီးမားဆုံးသော အောင်မြင်မှု (Legacy) ပါပဲ။ ရာထူးတံဆိပ်ဆိုတာ ခဏတာပါ၊ သင်ပေးခဲ့တဲ့ ပညာနဲ့ လမ်းပြပေးခဲ့တဲ့ စေတနာကသာ အမြဲရှင်သန်နေမှာ ဖြစ်ပါတယ်။

သင်ကော... ကိုယ့်ရဲ့ အဖွဲ့သားတွေကို ခိုင်းရုံပဲ ခိုင်းနေတာလား? ဒါမှမဟုတ် သူတို့ တတ်မြောက်အောင် လမ်းပြပြီး အခက်အခဲတွေကို ဝိုင်းဝန်းဖြေရှင်းပေးနေတာလား? 👇

Address

Yankin
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Z POWER HUB posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share