20/08/2026
ဝန်ထမ်းတွေ တာဝန်ယူမှု တာဝန်ခံမှု အားကောင်းအောင် ဘယ်လိုလုပ်မလဲ
လုပ်ငန်းရှင်တွေက မိမိဝန်ထမ်းတွေကို တာဝန်ယူမှု (Responsibility) နဲ့ တာဝန်ခံမှု (Accountability) ရှိစေချင်ကြပါတယ်
တာဝန်ယူမှုဆိုတာ မိမိလုပ်ဆောင်ရမယ့် အလုပ်တစ်ခု ဒါမှမဟုတ် တာဝန်တစ်ခုကို ကိုယ့်တာဝန်ကိုယ်သိ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ မိမိအလုပ်ကို ကျေပွန်အောင် လုပ်ဆောင်ဖို့ စိတ်ဆန္ဒရှိတာကို ဆိုလိုပါတယ်။ ဥပမာ- ဝန်ထမ်းတစ်ယောက်က သူ့ကိုပေးထားတဲ့ အစီရင်ခံစာကို အချိန်မီပြီးအောင် ရေးသားတာဟာ တာဝန်ယူမှုရှိတာ ဖြစ်ပါတယ်။
တာဝန်ခံမှုဆိုတာ လုပ်ဆောင်ချက်တစ်ခုရဲ့ ရလဒ် (ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ) အတွက် တာဝန်ယူဖြေရှင်းခြင်း ဖြစ်ပါတယ်။ အလုပ်တစ်ခု အမှားအယွင်းဖြစ်သွားရင် အကြောင်းပြချက်မပေးဘဲ မိမိရဲ့ လုပ်ဆောင်ချက်ကြောင့်ဖြစ်တယ်ဆိုတာကို လက်ခံပြီး ပြန်လည်ပြုပြင်ဖို့ အဆင်သင့်ရှိတာ ဖြစ်ပါတယ်။ ဥပမာ- အစီရင်ခံစာမှာ အမှားပါသွားရင် "ငါ့ကြောင့်ဖြစ်တာပါ၊ ငါပြန်ပြင်လိုက်မယ်" လို့ ရဲရဲဝံ့ဝံ့ ပြောဆိုဖြေရှင်းတာဟာ တာဝန်ခံမှု ဖြစ်ပါတယ်။
ဝန်ထမ်းတွေ တာဝန်ယူမှု တာဝန်ခံမှု ကောင်းအောင် ဘယ်လိုလုပ်ရမလဲ
ဝန်ထမ်းတွေမှာ တာဝန်ယူမှုနဲ့ တာဝန်ခံမှု (Responsibility & Accountability) အားကောင်းလာဖို့ဆိုတာ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုနဲ့ ခေါင်းဆောင်မှုအပေါ် အများကြီး မူတည်ပါတယ်။
၁။ မျှော်မှန်းချက်နဲ့ တာဝန်များကို ရှင်းလင်းစွာ သတ်မှတ်ပါ (Clear Expectations)
ဝန်ထမ်းတစ်ယောက်က သူ့မှာ ဘာတာဝန်ရှိမှန်း သေချာမသိရင် တာဝန်ယူဖို့ ခက်ခဲပါတယ်။
Role & Responsibilities: ဝန်ထမ်းတစ်ဦးချင်းစီရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်ရမယ့် အလုပ်ကို တိတိကျကျ ချပြထားပါ။
၂။ လိုအပ်တဲ့ အရင်းအမြစ်နဲ့ လုပ်ပိုင်ခွင့်ပေးပါ (Empowerment)
အလုပ်တစ်ခုကို တာဝန်ပေးရုံတင်မဟုတ်ဘဲ အဲဒီအလုပ်ကို အောင်မြင်အောင် လုပ်နိုင်မယ့် လုပ်ပိုင်ခွင့် (Authority) ကိုပါ ပေးရပါမယ်။ အရာရာကို အထက်လူကြီးဆီ ခွင့်ပြုချက်တောင်းနေရရင် ဝန်ထမ်းက "ဒါ ငါ့အလုပ်" လို့ မခံစားရတော့ဘဲ ခိုင်းတာလုပ်တဲ့ စက်ရုပ်လို ဖြစ်သွားတတ်ပါတယ်။ ဆုံးဖြတ်ချက် နဲ့သူ လုပ်ပိုင်ခွင့်ပေးခြင်းက တာဝန်ယူလိုစိတ်ကို မြင့်တက်စေပါတယ်။
၃။ ပွင့်လင်းမြင်သာတဲ့ ဆက်သွယ်ရေး ရှိပါစေ (Open Communication)
အမှားတစ်ခုခုဖြစ်တဲ့အခါ အပြစ်တင်ဖို့ထက် "ဘာကြောင့်ဖြစ်တာလဲ" နဲ့ "ဘယ်လိုဖြေရှင်းမလဲ" ဆိုတာကို ဦးစားပေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။ အမှားလုပ်မိရင် အဆူခံရမှာပဲ ကြောက်နေတဲ့ ဝန်ထမ်းဟာ တာဝန်ခံမှုကို ရှောင်လွှဲပြီး ဖုံးကွယ်ဖို့ပဲ ကြိုးစားပါလိမ့်မယ်။ အမှားကို ဝန်ခံရဲပြီး ပြန်ပြင်နိုင်သူကို အားပေးတဲ့ ယဉ်ကျေးမှု (Psychological Safety) ကို တည်ဆောက်ပါ။
၃။ အမှားရှိရင် ပြသနာက ဖြေရှင်းဖို့ ကြိုးစားပါ
အမှားတစ်ခုခုဖြစ်တဲ့အခါ အပြစ်တင်ဖို့ထက် "ဘာကြောင့်ဖြစ်တာလဲ" နဲ့ "ဘယ်လိုဖြေရှင်းမလဲ" ဆိုတာကို ဦးစားပေးတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပါ။ အမှားလုပ်မိရင် အဆူခံရမှာပဲ ကြောက်နေတဲ့ ဝန်ထမ်းဟာ တာဝန်ခံမှုကို ရှောင်လွှဲပြီး ဖုံးကွယ်ဖို့ပဲ ကြိုးစားပါလိမ့်မယ်။ အမှားကို ဝန်ခံရဲပြီး ပြန်ပြင်နိုင်သူကို အားပေးတဲ့ ယဉ်ကျေးမှု (Psychological Safety) ကို တည်ဆောက်ပါ။
၄။ ဦးဆောင်သူများက တာဝန်ယူမှုတာဝန်ခံမှုအလေ့အကျင့် စတင်ခြင်း (Lead by Example)
ခေါင်းဆောင်ဖြစ်သူကိုယ်တိုင်က အမှားလုပ်ရင် တခြားသူကို လွှဲချတာမျိုးမလုပ်ဘဲ တာဝန်ခံပြရပါမယ်။ "ငါပြောသလိုလုပ်၊ ငါလုပ်သလိုမလုပ်နဲ့" ဆိုတဲ့ ပုံစံမျိုးက ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ခေါင်းဆောင်က တာဝန်ခံမှုရှိတာကို မြင်ရတဲ့အခါ ဝန်ထမ်းတွေကလည်း အလိုအလျောက် အတုယူလာပါလိမ့်မယ်။
၅။ အသိအမှတ်ပြုခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်း
တာဝန်ယူမှု၊ တာဝန်ခံမှု ကောင်းသူတွေကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပါ။အလုပ်ကို ပိုင်ပိုင်နိုင်နိုင် တာဝန်ယူနိုင်သူတွေကို လူပုံအလယ်မှာ ချီးမွမ်းတာ ဒါမှမဟုတ် ဆုပေးတာမျိုး လုပ်ပါ အသိမှတ်ပြုပါ။ တာဝန်မဲ့သူတွေကိုလည်း လျစ်လျူမရှုပါနဲ့။ တာဝန်မကျေပွန်ရင် ဘယ်လိုအကျိုးဆက် ရှိမယ်ဆိုတာကိုလည်း တရားမျှတတဲ့ စည်းကမ်းချက်တွေနဲ့ ထိန်းကျောင်းရပါမယ်။
ထို့အပြင် HR စနစ်တွေ ဖြစ်သော လုပ်ငန်းတာဝန်များ (JD) များ လုပ်ငန်းဆောင်ရွက်မှုစံနှုန်းများ (SOP) လုပ်ငန်းစွမ်းဆောင်မှု ညွန်းဆိုပြကိန်း (KPI) များ၊ Incentive/ Merit Plan ခံစားခွင့်များ ပြင်ဆင်သတ်မှတ်ထားပြီး ဝန်ထမ်းများနှင့် အကျွမ်းတဝင်ရှိစေခြင်းဖြင့် တာဝန်ယူမှု တာဝန်ခံမှု ပိုအားကောင်းလာနိုင်မှာဖြစ်ပါတယ်
မိမိလုပ်ငန်းခွင်မှာ ဝန်ထမ်းတွေ တာဝန်ယူမှု တာဝန်ခံမှုတွေရှိလာဖို့ နေ့ချင်းညချင်းလုပ်ဆောင်လို့ မရပဲ တာဝန်ယူမှု တာဝန်ခံမှုရှိသော Work Culture တစ်ခု အသိုင်းအဝိုင်းတခု တည်ဆောက်မှသာ ရေရှည်တိုးတက် ကောင်းမွန်လာမည် ဖြစ်ပါသည်။