10/10/2026
💼လုပ်သက်ကြာတာနဲ့ အရည်အချင်းရှိတာ မတူပါဘူး။
လုပ်ငန်းခွင်မှာ တစ်ခါတလေ တွေ့ရတတ်တဲ့ အခြေအနေတစ်ခုရှိပါတယ်။
“ဒီလူက ငါတို့ Company မှာ နှစ်ပေါင်းများစွာ လုပ်လာတဲ့သူပဲ။ ယုံကြည်ရတယ်။”
အဲအတွက်မေးခွန်းတစ်ခု ရှိပါတယ်။
လုပ်သက်ကြာတာနဲ့ အမှားကင်းတာ တူပါသလား။နှစ်ကြာတဲ့ဝန်ထမ်းတိုင်းကို ဆိုလိုတာမဟုတ်ပါဘူး။ အတွေ့အကြုံရှိပြီး Company အတွက် တန်ဖိုးရှိတဲ့ ဝန်ထမ်းတွေကို လေးစားတန်ဖိုးထားရမှာပါ။သို့သော် လုပ်သက်ကို အခွင့်အာဏာတစ်ခုလို သဘောထားလာတဲ့အခါ ပြဿနာတွေ စတင်လာနိုင်ပါတယ်။
🔹 အမှားလုပ်ပေမဲ့ ဘယ်သူမှ မထောက်ပြရဲတော့ခြင်း။
🔹 SOP မလိုက်နာပေမဲ့ လူဟောင်းဖြစ်လို့ ခွင့်လွှတ်ခံရခြင်း။
🔹 အလုပ်ရလဒ်ထက် သူဌေးနဲ့ ရင်းနှီးမှုကို ပိုအလေးထားခံရခြင်း။
🔹 ဝန်ထမ်းအသစ်တွေက အလုပ်ကောင်းကောင်းလုပ်ပေမဲ့ အသိအမှတ်ပြုမခံရခြင်း။
🔹 HR က ပြဿနာကို တင်ပြပေမဲ့ လူဟောင်းကို ယုံကြည်မှုကြောင့် လျစ်လျူရှုခံရခြင်း။
🪷ဒီလိုအခြေအနေတွေ ဆက်ဖြစ်လာရင် ထိခိုက်တာက ဝန်ထမ်းတစ်ယောက်တည်း မဟုတ်ပါဘူး။ Teamwork၊ Accountability၊ Employee Morale နဲ့ Company ရဲ့ရေရှည်တိုးတက်မှုတွေပါ ထိခိုက်လာနိုင်ပါတယ်။လုပ်သက်ကို လေးစားပါ။ အတွေ့အကြုံကို တန်ဖိုးထားပါ။ ဒါပေမဲ့ အမှားကိုတော့ အမှားအဖြစ် သုံးသပ်နိုင်ရပါမယ်။ယုံကြည်မှုရှိခြင်းနဲ့ စစ်ဆေးမှုရှိခြင်းဟာ ဆန့်ကျင်ဘက်မဟုတ်ပါဘူး။
🪷လူဟောင်းဖြစ်စေ၊ လူသစ်ဖြစ်စေ Performance၊ Responsibility နဲ့ Company Policy အပေါ် တူညီတဲ့စံနှုန်းနဲ့ အကဲဖြတ်နိုင်မှသာ တရားမျှတတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်လာမှာပါ။
🪷HR ရဲ့တာဝန်က ဘယ်သူ့ဘက်က ရပ်တည်ဖို့လဲဆိုတာထက် Company ရဲ့ အကျိုးစီးပွား၊ မျှတမှုနဲ့ မှန်ကန်တဲ့ လုပ်ငန်းစနစ်ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။
ပြုပြင်ပြောင်းလဲသင့်တာကိုမပြောင်းလဲရင်ထိခိုက်မှာ လုပ်ငန်းစနစ်ကိုပါ။
“Loyalty earns trust. Performance sustains trust. Accountability protects the organization.”