14/08/2025
စင်္ကာပူရှိ အကြီးကျယ်ဆုံးနှင့် အများဆိုင် အိမ်ခြံမြေကုမ္ပဏီကြီးတစ်ခုဖြစ်သည့် City Developments Limited (CDL) ၏ မိသားစုဝင်ကြား အငြင်းပွားမှုဟာဆိုရင် ရုပ်ရှင်တစ်ပုဒ်ဆန်စွာဖြင့် အကြီးမားဆုံးသောမိသားစုပိုင်လုပ်ငန်းများပင် အခြေမတည်ကြောင်း ထင်ဟပ်ပြသနေသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုအငြင်းပွားမှု၏ အဓိကအချက်သည် ဥက္ကဋ္ဌ (အဖေ) ဖြစ်သူက မိမိသားဖြစ်သူ လုပ်ငန်းစု၏အုပ်ချုပ်မှုဆိုင်ရာ အမှုဆောင်အရာရှိချုပ် (Group CEO) အဖြစ်မှ ဖယ်ရှားရန် တရားခွင်မှတဆင့် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ အကြောင်းအရင်းမှာ အန္တရာယ်ရှိသော ရင်းနှီးမြှုပ်နှံမှုများကြောင့် ငွေကြေးနစ်နာမှုများ ကြီးမားစွာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်ဟု ဖခင်မှစွပ်စွဲချက်တွင် ဖော်ပြခဲ့သည်။ ဖခင်ဖြစ်သူအား ပြန်လည်တုံ့ပြန်သောအနေဖြင့် Group CEO သားမှလည်း မိမိအဖေပေါ်တွင် “အလွန်အကျွံ အကျိုးသက်ရောက်မှုရှိသူ အမျိုးသမီးတစ်ဦး” ဖြစ်သည့် ဖခင်၏ အကြံပေးအမျိုးသမီးကြောင့် ထိုကိစ္စများဖြစ်ပေါ်လာရသည်ဟု ပြင်းထန်စွာစွပ်စွဲပြောဆိုခဲ့သည်။ ထိုအငြင်းပွားမှုသည် လူအများအကြားသတင်းအဖြစ် ထွက်ပေါ်လာပြီး၊ စိတ်လှုပ်ရှားဖွယ်နဲ့ စိတ်ထိခိုက်စရာအခြေအနေများကြောင့် CDL ရဲ့ အစုရှယ်ယာစျေးကွက်ရောင်းဝယ်မှုကို အချိန်အတိုင်းအတာတစ်ခုထိ ရပ်ဆိုင်းစေခဲ့သည်။
ဒီလို မိသားစုဝင်အကြားအငြင်းပွားတရားရင်ဆိုင်မှုမျိုးကိုတော့ မည်သူမှ နိုင်ငံကျော်၊ ကမ္ဘာကျော်ကြားမှုလိုမျိုး လိုလားကြမည် မဟုတ်ပါ။ ဒါဆို မိသားစုဝင်များအကြား မထိခိုက်စေဖို့ ဘယ်လိုကာကွယ်မှုမျိုး ပြုလုပ်သင့်တယ်လို့ ထင်ပါသလဲ။
မိသားစုလုပ်ငန်းများတွင် တာဝန်ယူလုပ်ဆောင်နေသော မိသားစုဝင်များအကြား တိကျသောတာဝန်နှင့် အခန်းကဏ္ဍများ သတ်မှတ်နိုင်ရန် လိုအပ်သော နည်းစနစ်များဖြင့် မလိုလားအပ်သော အပြန်အလှန်အငြင်းပွားမှုများကို ကာကွယ်နိုင်ပြီးအကယ်၍ ဖြစ်ပွားလားပါက နည်းစနစ်ကျစွာဖြင့် ဖြေရှင်းနိုင်ရန်အတွက် AuricStar မှ ကူညီဆောင်ရွက်ပေးနေပါသည်။ AuricStar မှ အကြံပြုထားသော ကြိုတင် ပြင်ဆင်မှုများဆောင်ရွက်ထားခြင်းဖြင့် မလိုလားအပ်သော အခြေအနေများကို ရှောင်ရှားနိုင်သလို၊ အငြင်းပွားမှုများ ဖြစ်ပေါ်လာလျှင်လည်း အချိန်မီ နည်းလမ်းကျစွာဖြင့် ကိုင်တွယ်နိုင်မည်ဖြစ်ပါသည်။ ထိုကဲ့သို့ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခြင်းသည် ကုန်ကျစရိတ်များစွာကျသင့်မည့် အငြင်းပွားမှုများကိုသာမက အချိန်နှင့် မိသားစုဝင်များအကြား စိတ်ဖိစီးမှုများကိုပါ သက်သာစေနိုင်မည် ဖြစ်ပါသည်။ သင့်မိသားစု၏ အမွေအနှစ်ကို နည်းလမ်းကျစွာဖြင့် ကာကွယ်နိုင်ရန် ကျွန်တော်တို့ AuricStar မှ ကူညီရန်အသင့်ရှိနေပါသည်။
[Eng]
In a drama worthy of a blockbuster, a bitter feud at City Developments Limited (CDL)—a publicly listed giant in Singapore's property market—reveals the shaky ground on which even the mightiest family businesses can stand. At the heart of the dispute? A Chairman (the father) accused his son, the Group CEO, of attempting to oust him from the Board after risky investments resulted in significant financial losses. In response, the CEO pointed the finger at a woman who “exercises enormous influence” over his father. The dispute became so public and shocking that trading in CDL’s shares was temporarily halted.
How can you protect your family from a scandal of this magnitude?
At AuricStar, we specialize in helping family businesses navigate and prevent such conflicts by equipping them with the right tools to clearly define roles and responsibilities. By preparing ahead of time, you can avoid unnecessary drama and ensure that when conflicts do arise, they are handled efficiently and professionally. This proactive approach not only prevents costly disputes but also saves valuable time, resources, and the emotional toll of personal conflicts. Let us help you protect your family's legacy.