Shwe Sat Hta Gan Business Journal

Shwe Sat Hta Gan Business Journal 📖 အိမ်ခြံမြေအဘိဓာန် ရွှေဆဌဂံ 📖

♦️ဖုန်းရွှေဖုန်းရွှေနည်းပညာဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကစတင်ဆင်းသက်လာခြင်းဖြစ်တယ်။ တရုတ်လူမျိုးတွေဟာ အိမ်တစ်အိမ်ရ...
28/02/2025

♦️ဖုန်းရွှေ

ဖုန်းရွှေနည်းပညာဟာ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းကစတင်ဆင်းသက်လာခြင်းဖြစ်တယ်။ တရုတ်လူမျိုးတွေဟာ အိမ်တစ်အိမ်ရဲ့အပြင်အဆင်၊ တည်နေရာ၊အနေအထားတို့ရဲ့ တည်ရှိပုံ၊ ဖြစ်ပျက်ပုံတို့ကနေ ကောင်းကျိုး၊ဆိုးကျိုးတွေကို လေ့လာခဲ့ရင်း ဖုန်းရွှေနည်းပညာကိုစတင်ခဲ့ကြပါတယ် ။

ဖုန်ရွှေကို ယေဘုယျအားဖြင့် ဖုန်း(လေ) နဲ့ ရွှေ(ရေ) လို့သတ်မှတ်ထားပါတယ်။ အဓိကက ယင်း(မ)ဓာတ်နဲ့ ယန်(ဖို)ဓာတ်ဆိုပြီး သတ်မှတ်ခဲ့ကြပါတယ် ။တရုတ်လူမျိုးတွေဟာ လွန်ခဲ့သောနှစ်ပေါင်း 30000ကျော်လောက်ကတည်းက ဖိုဓာတ်၊မဓာတ်ကို တော်တော်လေးအရေးပေးပြီးလေ့လာခဲ့ကြပါတယ်။

ဆေးပညာအယူအဆအရ လူတိုင်းလူတိုင်းမဇာ ယင်းဓာတ်၊ယန်ဓာတ်တွေရှိပြီး အဲ့ဒီ ဖိုဓာတ်၊မဓာတ်တွေမညီမျှတာကနေ ဖျားခြင်း၊နာခြင်းကိုဖြစ်စေတယ်လို့ယူဆခဲ့ကြတယ်။ တရုတ်ဆေးပညာ အပ်စိုက်ကုနည်းဟာလဲ အဲ့ဒီဓာတ် ၂ ခုကို ညှိပေးပြီး လူကိုနေကောင်းအောင်လုပ်တဲ့နည်းလို့ ဆိုခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွားလာခဲ့တဲ့ ဖုန်းရွှေပညာရပ်ကို နေအိမ်ဂေဟာတွေ၊ သင်္ချိုင်းအုတ်ဂူစတာတွေအတွက် အရပ်မျက်နှာရွေးခြယ်တည်ဆောက်တဲ့ နေရာမှာ အဓိက အသုံးချပါတယ်။ အရပ်ဒေသတစ်ခုမှာ အိမ်တစ်အိမ်၊ အဆောက်အဦးတစ်ခုကို စတင်ပြီး ပန္နက်စမချခင်မှာ မြင့်မြတ်တဲ့ဓာတ်တွေ တည်ရှိတဲ့နေရာကို ရှာဖွေရတာဟာ ဖုန်းရွှေပညာရဲ့ အဓိကလုပ်ဆောင်ချက်ပါပဲ။

Heaven & Earth ဆိုတဲ့ ကောင်းကင်နဲ့မြေကြီးကြားမှာ သမမျှတ Balance ဖြစ်အောင် နေထိုင်ခြင်းဖြင့် ကောင်းမွန်တဲ့ "ချိ"ဆိုတဲ့ ဓာတ်တွေကို တည်ဆောက်နေထိုင်ခြင်းဟာ ဖုန်းရွှေပညာရပ်ပါပဲ။
ချိဓာတ်မှာ ရှန့်ချိ နဲ့ ရှချိ ဆိုပြီး ၂ မျိုးရှိပါတယ်။ ရှန့်ချိဟာ ကောင်းတဲ့ဓာတ်ဖြစ်ပြီး ရှချိဟာ မကောင်းတဲ့ဓာတ်လို့အကြမ်းဖျင်းသတ်မှတ်ထားခဲ့ကြပါတယ် ။

ဖုန်းရွှေနည်းပညာကိုအရင်က တကိုယ်ကောင်းဆန်တဲ့ဘုရင်တွေဟာ ဘုရင့်နန်းတော်တွေထဲမှာသာသိမ်းဆည်းထားပြီးနောက်ပိုင်းမှသာ လူတွေကြားထဲကိုပျံ့နှံ့ခဲ့ပါတယ်။

ဖုန်းရွှေပညာကို နဂါးလမ်းကြောင်းကိုဖြစ်ပေါ်စေတဲ့ပညာလို့လည်းခေါ်ကြပါတယ်။နဂါးသွားရာလမ်းကြောင်းမှာ ဖိုမဓာတ်ဖလှယ်ခြင်း၊ အချင်းချင်းအကျိုးပြုခြင်းနဲ့ အချင်းချင်းတွန်းကန်ခြင်း နောက်ပြီးအသက်ဓာတ်ကိုမွေးဖွားပေးပါတယ်။

ထန် မင်းဆက်မှာ အမတ်ကြီးယန်က ပြည်သူတွေကြားပျံ့နှံ့စေခဲ့ပြီး ဖုန်းရွှေပညာကိုသာမန်ပြည်သူတွေအတွက်ပါလေလာလို့ရအောင်ဖန်တီးပေးခဲ့လို့ ဖုန်းရွှေပညာရဲ့ဖခင်လို့တောင် တရုတ်တွေကသတ်မှတ်ထားခဲ့ကြတယ်။

ဖုန်းရွှေပညာဟာ လူမှုပတ်ဝန်းကျင်ကိုအကျိုးသက်ရောက်မှုအများကြီးရှိတယ်လို့ ယူဆထားကြပါတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာနဲ့အတန်ငယ်ဆန့်ကျင်တဲ့အယူဝါဒဆိုပေမဲ့ တစ်ချို့သောအရာများဟာ လူ့ပတ်ဝန်းကျင်မှာ ရှေးထုံးလည်းမပယ်နဲ့ဆိုသကဲ့သို့ ဆောင်သင့်၊ရှောင့်သင်တဲ့ ပညာရပ်တစ်ခုအဖြစ်တည်‌ရှိနေခဲ့တယ်။

အထူးသဖြင့် အိမ်ခြံမြေနဲ့ပတ်သက်ပြီး-

▪️အိမ်၊ ခြံ၊ မြေကွက်တစ်ခုဝယ်ရင်သတိထားရမယ့်အချက်တွေ

ဥပမာ - အိမ်တံခါးဝ ဘယ်ဘက်ကိုလှည့်ထားရင်ဘယ်လို၊ အိမ်ထဲမှာ စီးပွားတက်အောင် ဘယ်လိုအလှငါးတွေမွေးသင့်တယ်ဆိုတဲ့ အချက်တွေ ။

▪️ကိုယ့်အိမ်ကိုစီးပွားတက်အောင် ဖုန်းရွှေနည်းအရ ဆောင်ရန်၊ ရှောင်ရန် အချက်တွေဟာ စီးပွားရေးလောကမှာ အင်မတန်မှလှုပ်ခတ်မှုအားကောင်းပါတယ်။

ကိုယ်ကတော့မသိလို့လုပ်လိုက်မိပေမဲ့ ဖုန်းရွှေပညာအရ မလုပ်သင့်တာကိုလုပ်မိသွားတာမျိုးဖြစ်ပြီး အိမ်ရဲ့စီးပွားရေး၊ကျန်းမာရေးတွေ ဆုတ်ယုတ်သွားတာမျိုးတွေရှိတတ်ပါတယ် ။

📌 ဒီတစ်ပတ်မှာတော့ " ဖုန်းရွေပညာ"ဆိုတာဘာလဲ ဆိုတဲ့အကြောင်းလေးကိုပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။

နောက်အပတ်တွေမှာ ဆရာကြီးမင်းသိင်္ခရဲ့လျှို့ဝှက်နက်နဲတဲ့ဗေဒင်ပညာနဲ့ ဖုန်းရွှေပညာအရ မြေကွက်ဝယ်နည်းတွေ၊ အိမ်ဆောက်မဲ့သူတွေအတွက်လည်း အသုံးဝင်တဲ့မှတ်သားစရာနည်းလမ်းတွေကိုပါ ပြောပြပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow မလုပ်ရသေးရင် လုပ်ပေးသွားကြပါဦးနော် ။

#ရွှေဆဌဂံ #အိမ်ခြံမြေ

♦️Business Center များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်း၏ အကျိုးကျေးဇူးများBusiness Center ဆိုသည်မှာ စီးပွားရေးနှင့် သက်...
24/02/2025

♦️Business Center များတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ခြင်း၏ အကျိုးကျေးဇူးများ

Business Center ဆိုသည်မှာ စီးပွားရေးနှင့် သက်ဆိုင်သော လုပ်ငန်းများအတွက် အခြေစိုက်နေရာအဖြစ် အဓိကတည်ဆောက်ထားသော နေရာတစ်ခုဖြစ်သည်။
ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် အခြားစီးပွားရေးဆိုင်ရာလုပ်ငန်းများ အတွက် အဆင့်မြင့်ဝန်ဆောင်မှုများကို ပံ့ပိုးပေးစေရန် ရည်ရွယ်ထားသည့်နေရာတစ်ခုလည်းဖြစ်သည်။

Business Center များတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ရရှိနိုင်သောအကျိုးကျေးဇူးများကို ဂန္ထဝင်အိမ်ခြံမြေချစ်သူတွေ ဗဟုသုတရစေရန်အလို့ငှာ မျှဝေပေးလိုက်ပါသည်။

1. High ROI

စီးပွားရေးစင်တာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ဈေးကွက်တန်ဖိုးမြင့်မားသောနေရာများဖြစ်သဖြင့် အမြတ်ထုတ်နိုင်မှုအမြင့်ဆုံးဖြစ်နိုင်သည်။

ဥပမာ - ရန်ကုန်ရှိ စီးပွားရေးစင်တာများတွင် စီးပွားရေးလုပ်ငန်းများစွာရှိပြီး ဈေးကွက်အခွင့်အလမ်းများ ရှိနေသည့်အတွက် အမြတ်ရရှိမှုပိုမိုရနိုင်ပါသည်။

2. အနာဂတ်တန်ဖိုးတိုးတက်မှု

စီးပွားရေးစင်တာများရှိ အိမ်ခြံမြေများ၏ တန်ဖိုးသည် အချိန်ကြာလာသည်နှင့်အမျှ တိုးတက်သွားမည်ဖြစ်သည်။

ဥပမာ - ရန်ကုန်မြို့တွင် ဦးစားပေးတည်ဆောက်နေသည့် Central Business District (CBD) နေရာများတွင် ရင်းနှီးမြှုပ်နှံမှုများမှာ အနာဂတ်တွင် အထူးတန်ဖိုးရှိမည်။

3. Networking Opportunities

စီးပွားရေးစင်တာများတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် စီးပွားရေးလုပ်ငန်းများ၊ မဟာဗျူဟာဆိုင်ရာအဖွဲ့အစည်းများနှင့် လူမှုကွန်ရက်များတည်ဆောက်နိုင်သည်။

4. Cash Flow

စီးပွားရေးစင်တာများတွင် ရင်းနှီးမြှုပ်နှံထားသော ရုံးခန်းများ၊ ဆိုင်ခန်းများကို အငှားလိုက်ခြင်းဖြင့် တိုးတက်မှုအမြဲရှိသော Income အခွင့်အလမ်းများကို ရရှိစေပါသည်။

5. စီးပွားရေးလုပ်ငန်းတိုးတက်မှုအခွင့်အလမ်းများ

စီးပွားရေးစင်တာများတွင် စားသုံးသူများနှင့် လုပ်ငန်းဆိုင်ရာဖောက်သည်များ၏ လူစည်ကားမှုကြောင့် ရင်းနှီးမြှုပ်နှံမှုနေရာကောင်းတစ်ခုအဖြစ်အမြဲရပ်တည်သည်။

ဥပမာ - အဝတ်အထည်ဆိုင်များ ၊ စားသောက်ဆိုင်များ၊ Business ရုံးများသည် လူစည်ကားမှုကြောင့် အမြတ်တိုးတက်နိုင်သည်။

6. Tax Benefits

စီးပွားရေးစင်တာများတွင် ရင်းနှီးမြှုပ်နှံခြင်းအား အစိုးရမှ အခွန်လျှော့ခွင့်များပေး၍၊ ရင်းနှီးမြှုပ်နှံသူများအတွက် အပိုအခွင့်အရေးများရှိနိုင်သည်။

7. ပြည်တွင်းနှင့် ပြည်ပရင်းနှီးမြှုပ်နှံမှုဆွဲဆောင်နိုင်မှုရှိခြင်း

စီးပွားရေးစင်တာများတွင် ရင်းနှီးမြှုပ်နှံမှုသည် ပြည်တွင်းသာမက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်နိုင်မှုအရှိဆုံးနေရာတစ်ခုလည်းဖြစ်သည်။

ဥပမာ - ရန်ကုန်မြို့ CBD နေရာများတွင် နိုင်ငံတကာကွန်ရက်များနှင့် အလုပ်အကိုင်ဖွံ့ဖြိုးရေးအခွင့်အလမ်းများ ပိုမိုရှိနေသည်။

အကျဉ်းချုပ်အနေဖြင့်-

စီးပွားရေးစင်တာများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်တွင်ရင်းနှီးထားသောနေရာ၏ တန်ဖိုးတိုးတက်မှု၊ လူမှုဆက်ဆံရေးအခွင့်အလမ်းများနှင့် အချိန်နှင့်အမျှ တန်ဖိုးမြင့်မားမှုစသည့် အကျိုးအမြတ်များကိုရရှိစေပါသည်။

သို့သော် အားသာချက်များနှင့် အန္တရာယ်များကို လေ့လာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ရန်လည်း လိုအပ်ပါသည်။

#ရွှေဆဌဂံ #အိမ်ခြံမြေ

🔸Sustainable Home Vs Smart Home 1. Sustainable Home Sustainable Home သည် သဘာဝပတ်ဝန်းကျင်အပေါ် အနဲဆုံးသက်ရောက်မှုဖြစ်စေရန...
22/02/2025

🔸Sustainable Home Vs Smart Home

1. Sustainable Home

Sustainable Home သည် သဘာဝပတ်ဝန်းကျင်အပေါ် အနဲဆုံးသက်ရောက်မှုဖြစ်စေရန် သဘာဝအရင်းအမြစ်များကို ထိရောက်စွာအသုံးချပြီး တည်ဆောက်ထားသော အိမ်ရာများကို ဆိုလိုသည်။

အဓိကဂုဏ်အင်္ဂါရပ်များအနေဖြင့် မိုးရေ စုဆောင်းစနစ်များ၊ နေရောင်ခြည်စွမ်းအင်အသုံးပြုမှု (Solar Panels) အပြင် -

သစ်ပင်စိုက်ပျိုးခြင်း စသည့်ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုလျှော့ချသည့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောစနစ်များဖြင့်အိမ်ဝန်းတစ်ခုလုံးကို တည်ဆောက်ထားခြင်းဖြစ်သည်။

တစ်ချို့သောအိမ်များတွင် လယ်ယာထွက်ပစ္စည်းများ၊ ဒေသထွက်အပင်များ စသည့် သဘာဝအရင်းအမြစ်များကိုပဲ သက်သာစွာအသုံးပြုဖို့အဓိကထားပြီး စွမ်းအင်အသုံးချမှုကိုလျှော့ချကာ သက်သောင့်သက်သာနေနိုင်စေဖို့ ရည်ရွယ်ပါသည်။

အကျိုးကျေးဇူးများအနေဖြင့် -

စွမ်းအင်ကုန်ကျစရိတ်လျော့နည်းစေပြီး သဘာဝနှင့်ရင်းရင်းနှီးနီးနေနိုင်သည်။

2. Smart Home

Smart Home သည် နည်းပညာအသုံးပြုပြီး အိမ်ရှိအရာများကို အလိုအလျောက်စနစ်ဖြင့် စီမံခန့်ခွဲနိုင်စေသော အိမ်ရာမျိုးဖြစ်သည်။

အိမ်ရှိ ပစ္စည်းများအား Wi-Fi, Bluetooth စနစ်ဖြင့်ချိတ်ဆက်၍ အလုပ်လုပ်စေခြင်း၊အလိုအလျောက်စနစ်များဖြစ်သည့် -

▪️မီးဖွင့်မီးပိတ်စနစ် (Smart Lighting)၊အပူချိန်ချိန်ညှိစနစ် (Smart Thermostats)၊စမတ်ကျသော လုံခြုံရေးစနစ်များ (Smart Security Systems) အပြင်

▪️Voice Control Systems ၊Remote Control စနစ်များ၊
မိုဘိုင်းဖုန်းမှစီမံနိုင်သော Smart Door Locks, Camera
AI စနစ်အသုံးပြုသော Energy Monitoring Systems စသည့် ခေတ်မှီနည်းပညာများဖြင့်စနစ်တကျတည်ဆောက်ထားသော အိမ်ဖြစ်သည်။

အကျိုးကျေးဇူးအနေဖြင့်-

နေ့စဉ်အသုံးပြုမှုလုပ်ငန်းဆောင်တာများအပေါ် အချိန်ကုန်သက်သာစေပြီး အဆင့်မြင့်နည်းပညာများဖြင့် တိကျမှန်ကန်စွာအိမ်ကိုထိန်းချုပ်စေနိုင်ပြီး လုံခြုံရေးကို ပိုမိုထိရောက်မှုရှိသည်။

🏷️အကျဉ်းချုပ်အနေဖြင့်ပြောရလျှင် -

Sustainable Home က သဘာဝပတ်ဝန်းကျင်နှင့်အညီစိတ်အေးလက်အေးနေချင်သူများအတွက် နေချင်စိတ်ပိုမိုဖြစ်စေပြီး -

Smart Home ကတော့ အချိန်မကုန်စေချင်သူများ၊ နည်းပညာနှင့်အဆင့်မြင့်နေရာကောင်းကောင်းနေရချင်သူများအတွက် ပိုမိုလိုက်ဖက်ပါသည်။

တချို့ကြလည်း Sustainable နှင့် Smart ကို ပေါင်းစပ်ပြီး ခမ်းနားမှု၊ လုံခြုံမှု၊ သဘာဝဆန်မှုဟူသည့်ဂုဏ်ပုဒ်ကိုယူကြပါသည်။

#ရွှေဆဌဂံ #အိမ်ခြံမြေ

📌 အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အကျိုးကျေးဇူးများ မြန်မာနိုင်ငံတွင် မြို့ပြလူဦးရေ တိုးတက်လာခြင်းနှင့်အ...
18/02/2025

📌 အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၏ အကျိုးကျေးဇူးများ

မြန်မာနိုင်ငံတွင် မြို့ပြလူဦးရေ တိုးတက်လာခြင်းနှင့်အတူ အိမ်ရာလိုအပ်ချက်များမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာအတွင်း မြင့်တက်လာနေသည်။

အထူးသဖြင့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် ကဲ့သို့သော မြို့ကြီးများတွင် အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေးနှင့် လူနေမှုအဆင့်အတန်းများ တိုးတက်စေသည့် အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်လာပါသည်။

၁။ စီးပွားရေးအခိုင်အမာဖြစ်လာခြင်း

အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပြီး စီးပွားရေးအခိုင်အမာဖြစ်စေပါသည်။

ဥပမာ- ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် ကဲ့သို့သော မြို့ကြီးများတွင် လူဦးရေများပြားခြင်းကြောင့် အိမ်ရာအပြည့်အဝ မဖြည့်ဆည်းနိုင်သေးသော ပြဿနာများကိုလည်းဖြေရှင်းပေးပြီး ကိုယ့်အတွက်လည်းအကျိုးအမြတ်ရစေသည် ။

၂။ မြေတန်ဖိုးမြင့်လာခြင်း

အိမ်ရာစီမံကိန်းများသည် မြေ၏တန်ဖိုးကို မြှင့်တင်ပေးပါသည်။

ဥပမာ- မြို့သစ်များ (သို့) မြို့ပြဝန်းကျင်အနီးတွင် စီမံကိန်းများ ရှိလာခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် အလုပ်အကိုင်များဖန်တီးပြီး နယ်မြေစီးပွားရေးတိုးတက်မှုကို ထောက်ပံ့ပါသည်။

၃။ ရေရှည်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ

အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် ရေရှည်အတွက် အကျိုးခံစားမှု ရရှိစေပါသည်။

ဥပမာ- ရန်ကုန်ရှိ သာကေတ၊ လှိုင်သာယာစသည့်ရပ်ကွက်များတွင် ယခင်နှစ်များဆီကစီမံကိန်းများကြောင့်
ယခုအချိန်တွင်အိမ်ခြံမြေ‌ဈေးကွက်များ မြင့်တက်လာပြီး ရေရှည်အမြတ်အစွန်းရရှိလာပါသည်။

၄။ လူနေမူအဆင့်အတန်းမြှင့်တင်မှု

အဆင့်မြင့်အိမ်ရာစီမံကိန်းများတွင် နေထိုင်ရေးအဆင်ပြေမှု၊ လုံခြုံမှု၊ ပတ်ဝန်းကျင်သန့်ရှင်းမှုများ နှင့် အကျိုးအမြတ်ဖြစ်စေသော အသိုင်းအဝိုင်းကိုဖန်တီးပေးသည်။

၅။ အလုပ်အကိုင်ဖန်တီးမှု

အိမ်ရာစီမံကိန်းများတွင် အကျယ်ပြန့်သော ဆောက်လုပ်ရေးလုပ်ငန်းများအပြင် အိမ်ရာပြုပြင်ထိန်းသိမ်းရေးနှင့် အဖွဲ့အစည်းဆိုင်ရာဝန်ဆောင်မှုများအတွက် အလုပ်အကိုင်ဖန်တီးပေးသည်။

ဥပမာ: ရန်ကုန်ရှိ လှိုင်သာယာရပ်ကွက်တွင် ကြီးမားသော တိုက်ခန်းစီမံကိန်းများ အောင်မြင်မှုကြောင့် ရာထူးအမျိုးမျိုးဖြင့် အလုပ်အကိုင်များ ပိုမိုရရှိသည်။

ထို့ကြောင့်-

အိမ်ရာစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် စီးပွားရေးတိုးတက်မှု၊ လူနေမှုအဆင့်အတန်းမြှင့်တင်မှုနှင့် ရေရှည်အမြတ်အစွန်းများရရှိစေရန် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုတစ်ရပ်ဖြစ်ပါသည်။

#ရွှေဆဌဂံ #အိမ်ခြံမြေ

📌 အိမ်ဝယ်သူများအတွက် အဓိကစစ်ဆေးရမည့်အချက်များအိမ်ဝယ်ခြင်းသည် မိသားစုအတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက်လည်းကောင်း...
16/02/2025

📌 အိမ်ဝယ်သူများအတွက် အဓိကစစ်ဆေးရမည့်အချက်များ

အိမ်ဝယ်ခြင်းသည် မိသားစုအတွက်လည်းကောင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက်လည်းကောင်း အရေးပါသော ဆုံးဖြတ်ချက်တစ်ခုဖြစ်သည်။ ထို့ကြောင့် မဝယ်မှီ အချက်အလက်များကို စစ်ဆေး၍ သေချာထားသင့်သည်။

အောက်ပါအချက်များသည် အိမ်ဝယ်သူများအတွက် အဓိကစစ်ဆေးရမည့်အရာများကို အကြံပြုထားခြင်းဖြစ်ပါသည် ။

၁။ တည်နေရာ (Location)

တည်နေရာ၏ အရေးပါမှုသည် အိမ်တစ်အိမ်၏အသက်ဖြစ်သည်။
အိမ်၏ တည်နေရာသည် မိသားစုရဲ့ ကိုယ်ရောစိတ်ပါချမ်းသာမှုနှင့် ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးရန်အတွက် အရေးကြီးသည်။

ရုံးသို့သွားရောက်ရန် နီးကပ်မှု၊ ကျောင်းအနီး၊ စျေးဝယ်ရလွယ်ကူမှုများကို စဉ်းစားပါ။

ဥပမာ -

▪️ရန်ကုန်မြို့တွင် ဝယ်ယူလိုသောအိမ်တစ်လုံးသည် အလုံမြို့နယ် တွင်ရှိသည်။ သို့သော် ရုံးသို့သွားရန် ၂ နာရီခန့်ကြာနိုင်သည်။ အဲဒီအတွက် ပိုမိုနီးကပ်သည့် ဗဟန်းမြို့နယ်၊ လှိုင်မြို့နယ်တို့တွင် ရှိသည့်အိမ်များကို စဉ်းစားသင့်ပါသည် ။

▪️ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိအိမ်သည် မဟာဗန္ဓုလလမ်း မှ နီးကပ်ပြီး ကျောင်းနှင့် ဆေးရုံများလည်း ၅ မိနစ်အကွာတွင်ရှိသောကြောင့် စဉ်းစားသင့်သောနေရာတစ်ခုဖြစ်သည်။

၂။ ဈေးနှုန်းနှင့် ဘဏ္ဍာရေး (Price and Budget)

စျေးနှုန်းနှင့် စျေးကွက်မတူညီမှုများကို ကြိုတင်လေ့လာထားရမည်။
အိမ်၏တန်ဖိုးသည် စျေးကွက်နှင့် ကိုက်ညီမှုရှိရန်၊ ကိုယ့်ရဲ့ ငွေပမာဏနှင့် လိုက်ဖက်မှုရှိရန်လိုအပ်သည်။
တိတိကျကျငွေပေးချေမှုစီမံချက် (Budget Plan) ရေးဆွဲပါ။

ဥပမာ-

▪️သိန်း ၅ထောင်ရှိသော အိမ်ဝယ်ရန်စီစဉ်နေသူတစ်ဦးသည် ဈေးကွက်အခြေအနေကြောင့် သိန်း ၁ထောင်ခန့်သက်သာပြီး ရေရှည်မှာအချက်အချာကျနိုင်သောအိမ် ကို ရွေးချယ်သင့်သည်။

▪️သိန်း၄ထောင် ရှိသော အိမ်ဝယ်ရန်စဉ်းစားနေသူတစ်ဦးသည် ဘဏ်ချေးငွေ နှုန်းထား ၈% နှင့် လစဉ်ပေးဆောင်မှုကို ရေရှည်တွက်ချက်ပြီး ကိုယ်ပြန်ရမည့်ရင်းနှီးမြှုပ်နှံခြင်း၏အကျိုးအမြတ်ကို သေချာတွက်ချက်ပြီး ဝယ်ယူနိုင်မည့် Plan ကို ကြိုလေ့လာထားသင့်သည်။

၃။ အိမ်၏ အခြေအနေ (Condition of the House)

အိမ်၏ အတွင်းအပြင်အခြေအနေကို သေချာစစ်ဆေးရန် လိုအပ်သည်။
အဆောက်အအုံသန့်ရှင်းမှု၊ Infrastructure နှင့်ဆောက်လုပ်မှုစံနှုန်းများကို စစ်ဆေးပါ။

အိမ်အတွင်းပိုင်းအနေဖြင့်ဆိုလျှင် မီးဖိုချောင်၊ ရေချိုးခန်း စနစ်များ၊ ရေယိုစိမ့်ခြင်းများ ရှိမရှိစစ်ဆေးရမည် ။

ဥပမာ -

၁၀ နှစ်သက်တမ်းရှိသော တိုက်ခန်း တစ်ခန်းတွင် မီးဖိုချောင်စနစ်များ သာမန်ဖြစ်ပြီး ရေချိုးခန်းတွင် ရေယိုစိမ့်မှု ရှိကြောင်းသိရလျှင် ဝယ်ယူမှုလုပ်ရန် ထပ်မံစဉ်းစားသင့်သည်။

၄။ တရားဝင်ပိုင်ဆိုင်မှုနှင့် စာရွက်စာတမ်းများ (Legal Ownership and Documentation)

မြေရှင်အနေအထားနှင့် အိမ်ပိုင်ဆိုင်မှုအထောက်အထားများမှာ အရေးကြီးဆုံးအချက်ဖြစ်သည် ။

တရားဝင်အထောက်အထားများဖြစ်သည့် မြေပိုင်ဆိုင်မှုအမျိုးအစားနှင့် အိမ်ကို ပိုင်ဆိုင်ခွင့်ရှိသူမှ တရားဝင်ရောင်းချမှုဖြစ်မဖြစ် စစ်ဆေးပါ။

ဥပမာ -

ရောင်းချသူ၏ မြေကွက်မှာ ဂရန်မူရင်း မရှိပါက ထပ်မံစစ်ဆေးရန် သို့မဟုတ် ဂရန်ရှိမရှိကို ဥပဒေရေးရာအတိုင်ပင်ခံဆီတွင် ရှင်းလင်းပါ။အိမ်ရောင်းဝယ်မှုသည် တရားဝင်ဖြစ်ရန် အထောက်အထားများ လိုအပ်သည်။

၅။ ပတ်ဝန်းကျင်နှင့် လုံခြုံရေး (Neighborhood and Security)

အိမ်တည်ရှိရာ၏ ပတ်ဝန်းကျင်လူနေမှုဘဝနှင့် လုံခြုံရေးအပိုင်းကိုလည်း ထည့်သွင်းစဉ်းစားရမည်။

အိမ်၏ပတ်ဝန်းကျင်ရှိ အလုပ်ရုံများ၊ ကျောင်းများ၊ ဆေးရုံများနှင့် အကွာအဝေးအတိုင်းအတာ လမ်းပန်းဆက်သွယ်မှုကိုစဉ်းစားပါ။

အနီးအနား အိမ်နီးချင်းများ၏ ဆက်ဆံရေးနှင့် လုပ်ငန်းစဉ်များမှာလည်း အရေးကြီးသည့်အခန်းကဏ္ဍတစ်ရပ်ဖြစ်သေးသည်။

၆။ အနာဂတ်တန်ဖိုးတိုးတက်မှု (Future Value)

အိမ်၏တန်ဖိုးသည် အနာဂတ်တွင် တိုးတက်မှုရှိမည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ရေရှည်အကျိုးဖြစ်စေမည်။

အိမ်အနီးအနားတွင် လမ်းမများ၊ အဆောက်အအုံများ တိုးချဲ့ရန်ရှိပါက တန်ဖိုးတိုးတက်နိုင်မှုများရှိသည်။

ဥပမာ -

ရန်ကုန် မြောက်ဒဂုံမှာ လွန်ခဲ့သော ၁၀နှစ်ကျော်ကဝယ်ခဲ့‌သည့်အိမ်တစ်လုံးသည် ယခုဆိုလျှင် စီးပွားရေးအချက်အချာကျနေသောအသိုင်းအဝိုင်း၏အလယ်တွင် ရောက်ရှိပြီးသားဖြစ်နေသည်။

အကျဉ်းချုပ်အနေဖြင့်ဆိုလျှင်-

အိမ်ဝယ်ခြင်းသည် စိတ်ကူးယဉ်ဆန်စွာ ဆုံးဖြတ်လို့မရသော လုပ်ငန်းစဉ်ဖြစ်ပါသည်။ သေချာစစ်ဆေးမှုနှင့် စဉ်းစားမှုမှန်ကန်မှုဖြင့် ရေရှည်အကျိုးကျေးဇူးအပြည့်အဝ ရရှိစေမည်ဖြစ်သည်။

ထို့ကြောင့်-

အိမ်တစ်လုံးဝယ်မည်ဟု ဆုံးဖြတ်ထားသူများအနေဖြင့် ရေရှည်တန်ဖိုးတိုးတက်မှု ရရှိရန် အထက်ဖော်ပြပါ အချက်များအား စစ်ဆေးပြီးမှ ဆုံးဖြတ်ရန်အကြံပြုလိုပါသည်။

သေချာစွာစစ်ဆေးမှုများနှင့် စိတ်ရှုပ်စရာ‌ကောင်းသော ရင်းနှီးမြှုပ်နှံမှုများကို ရှောင်ကျဉ်းပြီး အရှုပ်အရှင်းကင်းသည့်နေရာများတွင်သာ ရင်နှီးမြှုပ်နှံကြဖို့လည်း ထပ်ဆောင်းအကြံပြုအပ်ပါသည် ။

#ရွှေဆဌဂံ #အိမ်ခြံမြေ

🔸 Condo Vs Land Property Condominium (Condo) နှင့် Land Property သည် အိမ်ခြံမြေအမျိုးအစားနှစ်ခုဖြစ်ပြီး အိမ်ခြံမြေရင်းနှ...
13/02/2025

🔸 Condo Vs Land Property

Condominium (Condo) နှင့် Land Property သည် အိမ်ခြံမြေအမျိုးအစားနှစ်ခုဖြစ်ပြီး အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများနှင့် နေထိုင်မှုဆိုင်ရာဆုံးဖြတ်ချက်များတွင် အရေးပါသောရွေးချယ်စရာများဖြစ်ပါသည်။
အဆိုပါအမျိုးအစားနှစ်ခုအကြား တည်ရှိသော ခြားနားချက်များ၊ အားသာချက်များ၊ အားနည်းချက်များကို တင်ပြဆွေးနွေးပေးသွားပါမည်။

Condo (Condominium) ဆိုသည်မှာ ?

Condo သည် အဆောက်အအုံ၏ တစ်ခုတည်းသော အခန်းကို ပိုင်ဆိုင်မှုဖြစ်ပြီး၊ အဆောက်အအုံအတွင်းတွင် ရေကူးကန်၊ လုံခြုံရေးစနစ်များ၊ ဖျော်ဖြေရေးဌာနများအား အများအားဖြင့် ကွပ်ကဲရေးအဖွဲ့ (Condo Association) မှ စီမံကိန်းပြုလုပ်ပေးထားသည်။ Condo ကို စျေးနှုန်းသက်သာမှုနှင့် အဆင်ပြေမှုကြောင့် ရွေးချယ်သူများစွာရှိသည်။

Condo ၏ အားသာချက်များ

1. စျေးနှုန်းသက်သာမှု

Land Property တစ်ခုကို ပိုင်ဆိုင်ရန် လိုအပ်သော စရိတ်ထက် Condo ဝယ်ယူရန်အတွက် စရိတ်ပိုနည်းသည်။

2. ပြုပြင်ထိန်းသိမ်းမှုလွယ်ကူမှု

Condo ပြင်ဆင်ထိန်းသိမ်းမှုသည် တိုက်နံရံအတွင်းသာ အာရုံစိုက်ရပြီး၊ ပြင်ပအဆောက်အအုံများကို Association မှ စီမံပေးသည်။

3. အဆင်ပြေမှု

Swimming Pool ၊ Gymnasium ၊ Rooftop Garden နှင့် အခြားဝန်ဆောင်မှုများကို ရရှိနိုင်သည့်အပြင် မြို့တွင်း(သို့)အချက်အချာကျသော၊ လက်လှမ်းမီသောနေရာများတွင်ရှိသည်။

4. လုံခြုံရေး

Condo များတွင် လုံခြုံရေးစနစ်များနှင့် စောင့်ကြပ်မှုများကောင်းမွန်သည်။

Condo ရဲ့ အားနည်းချက်များ

1. Association Fees

Condo များတွင် Monthly Association Fees (HOA Fees) ပေးဆောင်ရန်လိုအပ်သည်။

2. ပိုင်ဆိုင်မှုအကန့်အသတ်များ

Condo များတွင် မိမိနှင့် မိသားစုအတွက် အသုံးပြုနိုင်သော်လည်း၊ ရောင်းဝယ်ခြင်းနှင့်ပြင်ဆင်မှုတွင် အကန့်အသတ်များရှိသည်။

3. ကျယ်ဝန်းမှုနည်းခြင်း

မြေအကွက်ပေါ်မှာတည်ဆောက်သောအိမ်နှင့် နှိုင်းယှဉ်လျှင် Condo များသည် အကျယ်အဝန်းနည်းသည်။
အကျယ်အဝန်းနည်းသောကြောင့် သီးခြားအိမ်တစ်လုံး၏ အကျိုးခံစားမှုကို မခံစားနိုင်ပါ။

Land Property ဆိုသည်မှာ?

Land Property သည် မြေအကွက်တစ်ခုကို ပိုင်ဆိုင်ခြင်းဖြစ်ပြီး၊ မြေပေါ်တွင် မိမိစိတ်ကြိုက်အိမ်ဆောက်လုပ်ခြင်းနှင့် စိတ်ကြိုက်အသုံးပြုခြင်းတို့ကိုလုပ်ဆောင်နိုင်သည်။

Land Property ရဲ့ အားသာချက်များ

1. အပြည့်အဝပိုင်ဆိုင်မှု

မြေအကွက်ကို မိမိစိတ်ကြိုက်အသုံးပြု တိုးချဲ့ဆောက်လုပ်နိုင်သည်။ ရောင်းနိုင်၊ငှားနိုင်သည်။

2. အကျယ်အဝန်းနှင့် သီးခြားနေထိုင်မှု

Condo နှင့် မတူဘဲ မြေပေါ်တွင် လုံးချင်းအိမ်ဆောက်ပြီး သီးခြားနေထိုင်နိုင်သည်။

3. တန်ဖိုးတိုးတက်မှု

ရေရှည်တွင် မြေအကွက်များ၏ တန်ဖိုးမှာ Condo ထက်တိုးတက်နိုင်မှုများရှိသည်။

4. ဆောက်လုပ်မှုလွယ်ကူမှု

မြေပိုင်ဆိုင်မှုရှိသောကြောင့် မိမိစိတ်ကြိုက် ဆောက်လုပ်မှုများပြုလုပ်နိုင်သည်။

Land Property ရဲ့ အားနည်းချက်များ

1. စရိတ်များသောစီမံကိန်း

Land Property များမှာ Condo ထက် စရိတ်များပြီး ရောင်း/ဝယ်ရေးနှင့် ပြုပြင်ထိန်းသိမ်းမှုမှာ ပိုခက်ခဲသည်။

2. ပြုပြင်ထိန်းသိမ်းမှုခက်ခဲခြင်း

မြေကွက်ပတ်ဝန်းကျင်နေရာများ၊ အဝင်အထွက်လမ်းများကို မိမိမှသာ စောင့်ရှောက်ရသည်။ဥယျာဥ်စိုက်ခင်းရှိလျှင် ပန်းခြံစီမံမှုကို မိမိကိုယ်တိုင်စောင့်ရှောက်ရသည်။

3. လုံခြုံရေး

Land Property တစ်ခုလုံးကို မိမိကိုယ်တိုင်ပဲ လုံခြုံရေးစောင့်ရှောက်ရန်လိုအပ်သည်။

4. တည်နေရာဝေးခြင်း

Condo နှင့် နှိုင်းယှဉ်လျှင် Land Property သည် အချို့မှာ မြို့နှင့်ပို၍ဝေးသည်။

▪️ထို့ကြောင့်-

အဆင်ပြေမှု နှင့် မြို့ပြအနီးတွင် နေထိုင်မှုကိုလိုလားသူများအတွက် Condo ကသင့်တော်သည်။

‌အထူးသီးသန့် စိတ်အေးလက်အေး နှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှု အတွက် Land Property ကသင့်လျော်ပါသည်။

Condo နှင့် Land Property တို့ကို မိမိ၏ လိုအပ်ချက်နှင့် ဘဏ္ဍာရေးအခြေအနေအပေါ် မူတည်၍ ရွေးချယ်ရန်လိုအပ်ပါသည်။

#ရွှေဆဌဂံ #အိမ်ခြံမြေ

🔸 " ၇၈" ကြိမ်မြောက် ပြည်ထောင်စုနေ့အား' ရွှေဆဌဂံစီးပွားရေးဂျာနယ် ' မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ။             #ရွှေဆဌ...
12/02/2025

🔸 " ၇၈" ကြိမ်မြောက် ပြည်ထောင်စုနေ့အား
' ရွှေဆဌဂံစီးပွားရေးဂျာနယ် ' မိသားစုမှ ဂုဏ်ပြုကြိုဆိုအပ်ပါသည် ။

#ရွှေဆဌဂံ #အိမ်ခြံမြေ

Online အိမ်ခြံမြေ Platform များ၏အခန်းကဏ္ဍ----------------------*--------------------        နည်းပညာတိုးတက်လာခြင်းကြောင့်...
06/02/2025

Online အိမ်ခြံမြေ Platform များ၏အခန်းကဏ္ဍ
----------------------*--------------------

နည်းပညာတိုးတက်လာခြင်းကြောင့် လူသားများ၏နေ့စဉ်ဘဝမှာ အလွယ်တကူ အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်နိုင်မှုများထပ်တိုးလာပါသည်။

အိမ်ခြံမြေ (Real Estate) ကဏ္ဍတွင်လည်း ဒီဂျစ်တယ်နည်းပညာများဖြင့် အရည်အသွေး မြင့်မားစေပြီး အိမ် ခြံ မြေ ရှာဖွေမှုများကို အချိန်တိုအတွင်း ဖြေရှင်းနိုင်စေသည့် Online အိမ်ခြံမြေ Platform များ၏ အခန်းကဏ္ဍက အရေးပါသလို အနာဂတ်မှာ အဓိကတိုးတက်လာမည့် လုပ်ငန်းစနစ်တစ်ခု ဖြစ်လာနိုင်ပါသည်။

🔸 အခန်းကဏ္ဍနှင့် အကျိုးကျေးဇူးများ

1. လွယ်ကူမြန်ဆန်သော ရှာဖွေမှု

အိမ်ခြံမြေ Platform များသည် သုံးစွဲသူများအား အချိန်မရွေး အိမ်ခြံမြေရောင်း၊ ဝယ်၊ ငှား စသည်တို့ကို စိတ်ကြိုက်ရွေးချယ်နိုင်စေပါသည်။ ဒေတာကို စနစ်တကျ စီမံထားသည့်အတွက် သုံးစွဲသူများအတွက် လွယ်ကူပြီး မြန်ဆန်သော ရှာဖွေမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။

2. ဈေးနှုန်းနှင့် အချက်အလက် ပွင့်လင်းမှု

Online Platform များတွင် ဈေးနှုန်း၊ နေရာ၊ အဆောက်အအုံ အချက်အလက်များကို တိတိကျကျ ထည့်သွင်းထားသောကြောင့် သုံးစွဲသူများအတွက် ယှဉ်တွဲသုံးသပ်ရန်အလွယ်တကူ ဖြစ်စေပါသည်။

3. စိတ်ချမှု တိုးတက်မှု

Online Platform များတွင် စနစ်တကျ မှန်ကန်မှုများနှင့်စစ်ဆေးအတည်ပြုချက်များ ပါဝင်သောကြောင့် အသုံးပြုသူများအနေဖြင့် စိတ်ချယုံကြည်မှု ရရှိစေပါသည်။

ထို့အပြင်-

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် စသည့် မြို့ကြီးများတွင် Online Platform များမှ ဈေးကွက်ထိန်းချုပ်မှုရှိလာသည်။Developer များနှင့် ဝယ်သူများအကြား ချိတ်ဆက်မှုများလည်း ပိုမိုမြန်ဆန်လာသည်။

မြန်မာနိုင်ငံတွင် Online အိမ်ခြံမြေ Platform များ အများအပြား ရှိလာပြီး ၎င်းတို့၏ အသုံးပြုမှုသည်လည်း တိုးတက်လျှက်ရှိပါသည်။

Shwe Sat Hta Gan Business Journal တွင်လည်း -

💠 အိမ်ခြံမြေ Update သတင်းများ

💠 လူသိများသည့် အကျိုးဆောင်များ၊ အိမ်ခြံမြေလုပ်ငန်းသမားများနှင့်အင်တာဗျူး Video များ

💠 ရှေ့နေများ၏ ဥပဒေရေးရာဆောင်းပါးများ၊သုတေသနဆောင်းပါးများနှင့် လမ်းညွှန်အချက်များ

💠အကျိုးဆောင် Agency များ၏ မြို့နယ်အလိုက်ရောင်း၊ဝယ်၊ငှား သတင်းအချက်အလက်များ အပြင်

💠 မြန်မာပြည်တွင်းမှာရှိသော လူသုံးကုန်ပစ္စည်းများ၏ Product Review များကိုပါ တစ်နေရာတည်းမှာတိကျပြတ်သားစွာဖော်ပြပေးသည့် Online စီးပွားရေးဂျာနယ်တစ်ခုဖြစ်သည် ။
ထို့အပြင် အိမ်ခြံမြေနယ်ပယ်တွင် အကျိုးပြုပြီး အများ၏အာရုံစိုက်မှုရရှိခဲ့သည့်ဂျာနယ်တစ်ခုဖြစ်ပါသည်။

ထို့ကြောင့်-

Online အိမ်ခြံမြေ Platform များသည် အိမ်ခြံမြေ စျေးကွက်ကို ပြောင်းလဲစေမည့် နည်းပညာတစ်ခုဖြစ်ပြီး သုံးစွဲသူများအတွက် အကျိုးပြုစေပါသည်။

ယနေ့ခေတ်၏ လိုအပ်ချက်များကို နည်းပညာအင်အားဖြင့်ပံ့ပိုးပြီး အိမ်ခြံမြေ၏အနာဂတ်မှာ ပိုမိုတိုးတက်သော အခန်းကဏ္ဍအဖြစ် ရှင်သန်မည်ဟု ယုံကြည်ပါသည်။

#ရွှေဆဌဂံ #အိမ်ခြံမြေ

29/01/2025

၂၀၂၅ ရဲ့ နှစ်သစ် (မြွေနှစ်) မှာကျရောက်တဲ့ တရုတ်ရိုးရာနှစ်ကူး (နွေဦးပွဲတော်) ကို ရွှေဆဌဂံစီးပွားရေးဂျာနယ်မိသားစုမှ ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါတယ်။

မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာရွှင်လန်းပြီး နှစ်သစ်မှာ ကံကောင်းခြင်းတွေ ရရှိပါစေ 🙏🙏🙏

#ရွှေဆဌဂံ #အိမ်ခြံမြေ

04/01/2025

✨ (၇၇)ကြိမ်မြောက် လွတ်လပ်ရေးနေ့အား
ကြိုဆိုဂုဏ်ပြုအပ်ပါသည် ။

🏷️Shwe Sat Hta Gan Business Journal

အိမ်ပြင်ဆင်ပြီး ရောင်းချသည့် အကျိုးကျေးဇူးများ---------------------*------------------------1. ရောင်းဈေးမြင့်စေခြင်း    ...
02/01/2025

အိမ်ပြင်ဆင်ပြီး ရောင်းချသည့် အကျိုးကျေးဇူးများ
---------------------*------------------------

1. ရောင်းဈေးမြင့်စေခြင်း

အိမ်ပြုပြင်ပြီးနောက် အလှပနှင့် အိမ်၏ Unique Selling Point မှာမြင်သာမှုရှိစေသောကြောင့် စျေးကွက်တန်ဖိုး (Market Value) တိုးတက်စေသည်။

အဓိကအခန်းများဖြစ်သည့် (Kitchen, Bathroom)တို့မှာ ဝယ်သူများ၏ အာရုံစိုက်ချက်ဖြစ်သောကြောင့်၊ ထိုနေရာများကို အဓိက ပြုပြင်မူများ ထည့်သွင်းဆောင်ရွက်သင့်သည်။

ဥပမာ - ပုံမှန်ရိုးရိုး မီးဖိုခန်းကို ဆန်းသစ်သော modular kitchen အဖြစ် ပြုလုပ်လိုက်ပါက ဝယ်သူများတွင် တန်ဖိုးမြင့်မားစေသည်။

2. အမြန်ဆုံးရောင်းထွက်စေခြင်း

ပြုပြင်ထားသောအိမ်များမှာ ဝယ်သူများအတွက် စိတ်ချရမှုများပြီး အမြန်ဆုံး-ဆုံးဖြတ်ဝယ်ယူရန် လွယ်ကူစေသည်။

လေ့လာမှုအရ ပြုပြင်ထားသောအိမ်များသည် မပြင်ဆင်ထားသောအိမ်များထက် ၃၀%-၄၀% ပိုမိုလျှင်မြန်စွာ ရောင်းချနိုင်သည်။

ဝယ်သူများအတွက် "move in ready" အိမ်ဖြစ်‌သောကြောင့် အချိန်နှင့် ကုန်ကျစရိတ်များ သက်သာစေသည်။

3. ပိုမိုပြည့်စုံသည့် ဝယ်သူဈေးကွက်ရရှိခြင်း

ပြုပြင်ပြီးနောက် အိမ်၏ ဒီဇိုင်းနှင့် အသွင်အပြင်မှာ ဝယ်သူအမျိုးမျိုးရဲ့ စိတ်အနှစ်သာရကိုဖြည့်ဆည်းပေး တတ်သည်။

ရှေးဟောင်းရိုးရာပုံစံများမှ စတိုင်ကျသော၊ခေတ်မီ ဆန်းသစ်သောအိမ်ဖြစ်နေသည့်အခါ အိမ်ကို ရှာဖွေနေသူများတွင် စိတ်ဝင်စားမှုများလာသည်။
(တစ်ဦးနှင့်တစ်ဦး အကြိုက်တူညီနိုင်မည်မဟုတ်ပါ၊ ဥပမာ - ရှေးဆန်‌သည့်အိမ်ဒီဇိုင်းများကိုသဘောကျသူများလည်းရှိမည် )

ပြုပြင်မှုအလိုက် ဝယ်သူထပ်တိုးလာနိုင်သော ကျွမ်းကျင်သည့်ရောင်းသူများနှင့် အလုပ်လုပ်ရန် အခွင့်အရေးပိုရတတ်သည်။

4. အိမ်အာမခံနှင့်ပတ်သက်ပြီး ယုံကြည်မှုရရှိခြင်း

ပြုပြင်ထားသောအိမ်များတွင် ဆောက်လုပ်မှုအပိုင်း၊ အိမ်ဖွဲ့စည်းမှုပိုင်းများမှာ အစဉ်အဆက်ကောင်းမွန်နေပြီး ဝယ်သူများယုံကြည်စိတ်ချမှုရှိစေသည်။

အဓိကရည်မှန်းချက်မှာ ဝယ်သူများအတွက် နောက်ပိုင်းပြင်ဆင်ရန် စိတ်ပူစရာမရှိအောင်လုပ်ဆောင်ခြင်းဖြစ်သည်။

5. အချိန်ကုန်နည်းစေခြင်း

ပြုပြင်ပြီးသားအိမ်များသည် ဝယ်သူများအတွက် အသုံးပြုနိုင်ပြီးသား ဖြစ်နေသောကြောင့် ရောင်းသူနှင့် ဝယ်သူ နှစ်ဦးလုံးအချိန်ကုန်သက်သာစေသည်။

"Ready-to-sell" အနေဖြင့် အိမ်ကိုဈေးကောင်း‌ကောင်းနှင့် အချိန်ကိုက်ရောင်းချနိုင်သည်။

6. ပြုပြင်သည့်ကုန်ကျစရိတ်ကို အကျိုးအမြတ်အဖြစ်ပြန်တိုးတက်စေခြင်း

စနစ်တကျပြုပြင်ထားသည့်အိမ်များမှာ ပြုပြင်မှုအတွက် ကုန်ကျစရိတ်ထက် ပိုမိုမြင့်မားသော အကျိုးအမြတ် (ROI) ရရှိသည်။

ဥပမာ - သိန်း 20 ကုန်ကျ၍ အိမ်ပြုပြင်လိုက်ပါက ရောင်းရမည့်စျေးသည် သိန်း2000 သို့လည်းတိုးတက်နိုင်သည်။

7. ဈေးနှုန်းညှိနှိုင်းမှု လျော့နည်းစေခြင်း

ပြုပြင်ပြီး အဆင့်မြင့်ထားသောအိမ်မှာ ဝယ်သူများ၏စိတ်ထဲဝယ် ဈေးနှုန်းသက်သာရေးလိုအပ်မှုနည်းသည်။

ဝယ်သူများက တိကျသော အရည်အသွေးကို မြင်ရပြီး "ပုံမှန်ဈေး" အဖြစ်ပဲစိတ်ထဲမှာတွက်ချက်ပြီး ပိုင်ဆိုင်လိုစိတ်ပြင်းထန်လာကာ ဝယ်ယူရန်ဆုံးဖြတ်ချက်ကို အမြန်ချတတ်သည်။

ထို့ကြောင့်-

အကျဉ်းချုပ်၍ပြောရမည်ဆိုလျှင် အိမ်ကိုပြင်ဆင်ပြီးရောင်းခြင်းမှာ အရောင်းမြန်ဆန်စေပြီး မိမိစိတ်ကြိုက်ဈေးနှုန်းဖြင့်ရောင်းထွက်စေမည့် အဓိကအကျိုးအကျေးဇူးများရရှိနိုင်ကြောင်း အကြံပြုပြောပြအပ်ပါသည် ။

#ရွှေဆဌဂံ #အိမ်ခြံမြေ

01/01/2025

🎊 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 🎊

❤️ 𝟐𝟎𝟐𝟓 နှစ်သစ်မှာ ချစ်ရသူတွေအားလုံး-

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပြီး စီးပွားလာဘ်လာဘများတိုးတက်ပါစေကြောင်း -

❞ 𝐒𝐡𝐰𝐞 𝐒𝐚𝐭 𝐇𝐭𝐚 𝐆𝐚𝐧 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐉𝐨𝐮𝐫𝐧𝐚𝐥❞ မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည် ။

Address

No-(646), 4th Floor, Room/A, B, C , Hlaing Sabal Street, Hlaing Sabal Yeik Mon, 12 Ward , Hlaing Township
Yangon
11041

Alerts

Be the first to know and let us send you an email when Shwe Sat Hta Gan Business Journal posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Sat Hta Gan Business Journal:

Share