Su latt

Su latt Lottery

25/04/2026

ကျမ 2019 ထဲက နေ့တိုင်း အနည်းဆုံး နာရီဝက် တရားထိုင်လာတာ.. ၇ နှစ်ထဲကို ဝင်လာပါပီ..

ဘယ်အချိန်ထိုင်လဲဆိုရင်.. အားတဲ့အချိန်ထိုင်ပါတယ်..

တခါတလေ လုံးဝမအားလို့ Training တွေ တတ်နေရတဲ့ နေ့ဆို အိမ်သာထဲ သွားထိုင်ခဲ့ဖူးတဲ့နေ့တောင်ရှိဖူးပါတယ်..

ကျမအတွက် 𝗠𝗲𝗱𝗶𝘁𝗮𝘁𝗶𝗼𝗻 အဲ့နေ့ မလုပ်ရသေးရင် ပစ်မှု့တစ်ခု ကျူးလွန်ထားသလိုပါပဲ..

But နိဗ္ဗါန်ရောက်ချင်လို့ ထိုင်တာ မဟုတ်ပါဘူး..
( အထောက်ပံ့ဖြစ်ရပါစေတော့ ဆုတောင်းပါတယ် )

ကျမ ဘာလို့ တရားထိုင်တာလဲဆိုရင်
ကျမရဲ့ " 𝗡𝗲𝗿𝘃𝗼𝘂𝘀 𝗦𝘆𝘀𝘁𝗲𝗺 " ကို Reset လုပ်ချင်လို့ပါ..

ကျမ body ထဲမှာ
တကယ်ပဲ ခဏတစ်ဖြုတ်လောက် " ပြည့်ပြည့်ဝဝ” နေနိုင်ဖို့ပါ..

လူဆိုတာက
အပြင်က validation တွေ၊ အလုပ်တွေ၊ လူတွေကြားမှာ
ကိုယ့်ကိုယ်ကိုယ် မသိမသာပျောက်ဆုံးနေတတ်တယ်..

ဒါပေမယ့် တရားထိုင်တဲ့အချိန်မှာ
ကျမ ပြန်လာတယ်… ကိုယ့် body ဆီကို

𝗕𝗿𝗲𝗮𝘁𝗵 တစ်ချက်ချင်းနဲ့
presence ကို ပြန်ယူလာတယ်
Body ထဲမှာ settle ဖြစ်လာတယ်..

အဲ့ဒီနေရာမှာပဲ
𝗰𝗹𝗮𝗿𝗶𝘁𝘆 ရလာတယ်
𝐞𝐧𝐞𝐫𝐠𝐲 ပြောင်းတယ်
𝗳𝗿𝗲𝗾𝘂𝗲𝗻𝗰𝘆 မြင့်လာတယ်

ဘာလို့လဲဆိုတော့
အရာအားလုံးက 𝑭𝒓𝒆𝒒𝒖𝒆𝒏𝒄𝒚 ပါပဲ..

ကိုယ့်ရဲ့ business, relationship, money,
life တစ်ခုလုံးကပါ…

ကိုယ်ထိန်းထားတဲ့ 𝑭𝒓𝒆𝒒𝒖𝒆𝒏𝒄𝒚 အတိုင်းပဲ respond ပြန်ပါတယ်..

ဒါကြောင့်
ကျမ မပြေးတော့ဘူး.. ကိုယ့် 𝘽𝙤𝙙𝙮 ဆီကို တစ်နေ့တစ်ခေါက်တော့ ရောက်အောင်ပြန်ပါတယ် 🤍

ပုံ - 2020 ကပုံပါ



20/04/2026
17/04/2026

"လောကမှာ မေတ္တာပို့တယ်ဆိုတာ သူတစ်ပါးကို အေးချမ်းစေချင်တဲ့ စေတနာကို ကိုယ့်နှလုံးသားထဲမှာ အရင်ဆုံး မွေးမြူတာပဲ။ လူတွေက 'ဘေးကင်းပါစေ၊ ရန်ကင်းပါစေ' လို့ နှုတ်ကသာ ရွတ်နေကြတာ၊ စိတ်ထဲမှာတော့ ဒေါသတွေ၊ အမုန်းတရားတွေ ကိန်းဝပ်နေရင် အဲ့ဒီမေတ္တာဟာ အစွမ်းမထက်နိုင်ဘူး။ စစ်မှန်တဲ့ မေတ္တာဆိုတာ ကိုယ့်ကို ဒုက္ခပေးတဲ့သူ၊ ကိုယ့်အပေါ် မကောင်းတဲ့သူကိုတောင်မှ 'သူလည်း သူ့အကြောင်းနဲ့သူမို့ မှားနေတာပဲ၊ သူလည်း အေးချမ်းပါစေ' လို့ ခွင့်လွှတ်နိုင်တဲ့ စိတ်ထားမျိုး ရှိမှသာ တကယ့်မေတ္တာ ဖြစ်မှာပါ။

မေတ္တာပို့တဲ့အခါ သူတစ်ပါး အေးချမ်းတာထက် အရင်ဆုံး ကိုယ်တိုင် အေးချမ်းသွားတာကို သတိပြုကြည့်ပါ။ မေတ္တာဓာတ်ဟာ ရေအေးနဲ့တူတယ်၊ ကိုယ့်နှလုံးသားထဲမှာ မေတ္တာရေစင်တွေ ပြည့်နေပြီဆိုရင် ဒေါသအပူတွေ ငြိမ်းသွားတော့တာပဲ။ ကိုယ်က အေးချမ်းနေမှ သူတစ်ပါးကိုလည်း အေးချမ်းမှုကို မျှဝေပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မေတ္တာပို့တဲ့အခါ 'အားလုံး အဆင်ပြေကြပါစေ၊ ဘေးကင်းကြပါစေ' ဆိုတဲ့ စေတနာကို စိတ်ရင်းနဲ့ ထားရှိပါ။ အဲ့ဒီလို မေတ္တာဓာတ်တွေ ကိန်းဝပ်နေတဲ့သူဟာ ဘယ်နေရာသွားသွား ဘေးကင်းတယ်၊ လူနတ်ချစ်ခင်တယ်၊ အိပ်ပျော်ရင်လည်း ချမ်းသာစွာ အိပ်ပျော်ပြီး နိုးလာရင်လည်း ချမ်းသာစွာ နိုးထရပါတယ်။ ဒါဟာ ဘဝအတွက် အမြတ်ဆုံးသော ကုသိုလ်ရိက္ခာပဲ ဖြစ်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#မေတ္တာပို့ခြင်း #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #မေတ္တာရေစင် #အေးချမ်းမှု #တရားတော် #စိတ်ထား #ဓမ္မရသ

Address

268 Padauk 5st
Yangon
11031

Alerts

Be the first to know and let us send you an email when Su latt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share