12/08/2026
ဒီနေ့ Facebook Reel တွေကြည့်ရင်းနဲ့ တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့ ကြော်ငြာတစ်ခု တွေ့လိုက်ရပါတယ်။
Los Angeles က လူစည်ကားတဲ့ Sunset Boulevard နဲ့ Selma Avenue ထောင့်က ပေ ၃၀ မြင့်တဲ့ ဆိုင်းဘုတ်ကြီးပေါ်မှာ လူတစ်ယောက် ပိတ်မိနေတယ်ထင်ပြီး သွားလာနေတဲ့သူတွေက အရေးပေါ် ကူညီဖို့ ကြိုးစားကြတာပါ။
နောက်မှ သိလိုက်ရတာက... ဒါ Netflix က သူတို့ရဲ့ ရုပ်ရှင်သစ် "The Last House" အတွက် လုပ်လိုက်တဲ့ သောက်သောက် လဲ မားကတ်တင်း နည်းဗျူဟာကြီး ဖြစ်နေတာပါ။
ဒါဟာ ပြီးခဲ့တဲ့ ဩဂုတ်လ (၆) ရက်နေ့ကနေ (၈) ရက်နေ့အထိ (၃) ရက်တိုင်တိုင် ဆိုင်းဘုတ်ပေါ်က အခန်းထဲမှာ လူတစ်ယောက်ကို အတည်တကျ နေထိုင်ခိုင်းပြီး Netflix က သူတို့ရဲ့ ရုပ်ရှင်သစ် "The Last House" ကို စိတ်ဝင်စားအောင် လုပ်လိုက်တဲ့ မားကတ်တင်း နည်းဗျူဟာကြီး ဖြစ်နေတာပါ။
ဒါကို မြင်လိုက်ရတာနဲ့တင် ရုပ်ရှင်ကို ဘယ်လိုမှ မကြည့်ဘဲ မနေနိုင်တော့ဘျို့ Netflix တန်းဖွင့်ပြီး ကြည့်ဖြစ်သွားတော့တာပါပဲ။
ဒီလို ကြော်ငြာမျိုးက ဘာလို့ ဒီလောက်ထိ ထိရောက်ပြီး Viral ဖြစ်သွားရတာလဲ?
ဆန်းသစ်လွန်းတဲ့ Strategy အချက် ၃ ချက် ရှိပါတယ်
၁။ ရိုးရှင်းတဲ့ ဗီဒီယို ကြော်ငြာတွေထက် ၁၀ ဆမက အာရုံစိုက်ခံရခြင်း (Eye-Catching)
ပုံမှန် ရုပ်ရှင်နမူနာ (Trailer) တွေဆို ဖုန်းစခရင်ပေါ်မှာ ကျော်ကြည့် (Skip) လေ့ရှိကြပေမဲ့ ပေ ၃၀ မြင့်တဲ့ လေပေါ်က ဆိုင်းဘုတ်မှာ လူတစ်ယောက် အိမ်မှာလိုမျိုး အိပ်၊ စား၊ သွားလာနေတာကို မြင်လိုက်ရတဲ့အခါ ဘယ်သူမှ မရပ်ဘဲ မနေနိုင်ကြတော့ပါဘူး။
၂။ အခမဲ့ ကူညီကြော်ငြာပေးစေခြင်း (Word of Mouth / Viral)
ဒီလို ထူးထူးခြားခြား မြင်ကွင်းကိုတွေ့တော့ လမ်းသွားလမ်းလာတွေက ဖုန်းနဲ့ ရိုက်ပြီး Facebook, TikTok, Instagram ပေါ် "လေပေါ်က ဆိုင်းဘုတ်မှာ လူတစ်ယောက် တကယ်နေနေတယ်" ဆိုပြီး တင်ကြပါတယ်။ Netflix က ကြော်ငြာခ အပိုမကုန်ဘဲ ကြည့်ရှုသူတွေရဲ့ လက်နဲ့တင် တစ်ကမ္ဘာလုံး ပြန့်သွားတာပါ။
၃။ ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပြင်မှာတင် ခံစားစေရခြင်း (Immersive Experience)
"The Last House" ဆိုတဲ့ နာမည်အတိုင်း လေပေါ်က အခန်းလေးရဲ့ ပုံစံနဲ့ တိုက်ရိုက် ချိတ်ဆက်ပြလိုက်တာကြောင့် ရုပ်ရှင် မကြည့်ရသေးခင်မှာတင် စိတ်ဝင်စားမှုကို အဆုံးစွန်ထိ ဆွဲတင်ပေးလိုက်နိုင်ပါတယ်။
မားကတ်တင်းရဲ့ အဓိက သဘောတရားဆိုတာ "ပိုက်ဆံအများကြီး သုံးတာထက် လူတွေရဲ့ စိတ်ဝင်စားမှုကို ဘယ်လို အမိဖမ်းမလဲ" ဆိုတာပါပဲ။
Netflix ကတော့ ဒီဆိုင်းဘုတ်တစ်ခုတည်းနဲ့တင် တစ်ကမ္ဘာလုံးကို ဖမ်းစားသွားခဲ့ပါပြီ။
ရုပ်ရှင်အကြောင်း အသေးစိတ် သိချင်ရင်တော့ ကိုယ်တိုင်သာ သွားကြည့်လိုက်ကြတော့နော်... တကယ်ကို အိုင်ဒီယာ လန်းလွန်းလို့ မျှဝေပေးလိုက်ပါတယ်။
စကားမစပ် ကျွန်တော် လည်း professional marketer တယောက်ပါ။
Idea လန်းတာတွေလိုချင်ရင်ပြောပါ။
အလကားတော့မရပါ 😂😂