02/07/2022
Leader နေရာကို ယူရကြသူများဟာ လူအမျိူမျိုးနဲ့ ဆက်ဆံနေကြရတာဖြစ်တာကြောင့် မိမိဆက်ဆံရသူများရဲ့ emotion ကိုကောင်းကောင်းနားလည်ဖို့ လိုအပ်ပါတယ်။
အဲ့လိုနားလည်နေမှသာ ဝန်ထမ်းတွေရဲ့ emotion ကိုကောင်းကောင်းထိန်းညှိပေးနိုင်ပြီး ကောင်းမွန်တဲ့ လုပ်ငန်းခွင်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။
Daniel Goleman ရဲ့ leadership styles မှာပါဝင်တဲ့ leadership style တွေဟာ မှန်သည်/ မှားသည်၊ ကောင်း၏/မကောင်း၏ ဆိုတာမျိုးမဟုတ်ဘဲ မတူညီနဲ့ လုပ်ငန်းခွင် အခြေအနေအပေါ် မတူညီတဲ့ leadership style နဲ့ ဘယ်လိုကောင်းမွန်တဲ့ result ရအောင် ဆောင်ရွက်နိုင်မလည်းဆိုတာ ဆွေးနွေးထားတာဖြစ်ပါတယ်။
1. Coercive/ Directive / Commending Leadership
"ဘာမှ မပြောနဲ့ ငါပြောသလိုလုပ်" ဆိုတဲ့ ဦးဆောင်မှုအမျိုးအစားဖြစ်ပါတယ်။
ခေါင်းဆောင်တွေဟာ အသေးစိပ်စီမံခန့်ခွဲတတ်ကြပြီး မိမိလက်အောင်ဝန်ထမ်းများရဲ့ အကြံပြုချက်ကို နားထောင်မပေးကြဘဲ သူတို့ကသာ ဒါလုပ် ဒါလုပ်ဆိုပြီး ခိုင်းတတ်ကြသူများဖြစ်ပါတယ်။ Carrot and Stick Approach လို့လည်း သိကြပါတယ်။
ရုတ်တရက်ကြည့်ရင် မကောင်းတဲ့ ခေါင်းဆောင်မှုလို့ ထင်ရစရာရှိပေမယ့် crisis လိုမျိုးအရေးပေါ်အခြေအနေတွေ၊ disaster လိုမျိုးအခြေအနေတွေမှာ အသုံးပြုကြရပါတယ်။
အရေးပေါ်အခြေအနေတွေမှာ leader အနေနဲ့ မိမိလက်အောက်က ဝန်ထမ်းတွေရဲ့အကြံဉာဏ်တွေ နားထောင်နေဖို့ အချိန်မရပါဘူး။ အဲ့လိုအခြေအနေမျိုးတွေမှာ အတွေ့အကြုံရှိပြီးသား leader ရဲ့ပြတ်သားတဲ့ အမိန့်တွေကို တိတိကျကျလိုက်နာပြီး crisis အခြေအနေကို ကျော်လွှားကြရပါမယ်။
နောက်တစ်ခုအသုံးပြုရတဲ့အခြေအနေကတော့ မိမိလက်အောက် ဝန်ထမ်းဟာ low skilled ဝန်ထမ်းဖြစ်ရင် Commending Leadership ကို အသုံးပြုကြရပါတယ်။
သူ့ရဲ့ မကောင်းတဲ့အချက်တစ်ခုကတော့ ဝန်ထမ်းတွေဟာ သူတို့ရဲ့ အယူအဆတွေကို ဖော်ပြခွင့်မရတဲ့အတွက် sense of ownership မရဘဲ motivation ကျဆင်းတာမျိုးကြုံတွေ့ရတတ်ပါတယ်။
Coercive Leadership ကို အသုံးပြုမယ်ဆို leader ဟာ အတွေ့အကြုံရှိပြီး ကောင်းမွန်တိကျတဲ့ လုပ်ငန်းစဉ်တွေကို တိတိကျကျရှင်းရှင်းလင်းလင်းပေးတတ်ဖို့လိုပါတယ်။
2. Pacesetting Leadership
"ငါလုပ်သလိုလုပ်" ဆိုတဲ့ leadership အမျိုးအစားဖြစ်ပါတယ်။
ထို leader များဟာ ဝန်ထမ်းတွေဆီက အကောင်းဆုံး result ကိုဘဲရချင်ကြပါတယ်။ အဲ့ဒီအတွက် ဝန်ထမ်းတွေကို တွန်းအားပေးတတ်ကြပါတယ်။
အဲ့လို leadershipအမျိုးအစားဟာ ရေတိုစွမ်းဆောင်ရည်တိုးတက်ဖို့(short term performance sports) အခြေအနေမျိုး၊ result က လုပ်ငန်းအတွက် အရေးကြီးနေတဲ့ အခြေအနေမျိုးမှာ အသုံးပြုကြပါတယ်။
အဲ့လို leadership styleသုံးမယ်ဆို leader ရဲ့ဌာနက ဝန်ထမ်းတွေဟာ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်နေပြီး motivation ရှိနေဖို့လိုအပ်ပါတယ်။
Leader က တောင်းဆိုမှုတွေများတာမို့ ထို leadership ဟာ ရေတိုအတွက်သာ အသုံးဝင်ပါတယ်။ ဝန်ထမ်းများဟာ ပင်ပန်းပြီး လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းလာတတ်ပါတယ်။
3. Affiliative Leadership
ဝန်ထမ်းသည်သာ အဓိက ဆိုတဲ့ leadership မျိုးဖြစ်ပါတယ်။
Leader တွေဟာ ဝန်ထမ်းများရဲ့ အကြံပြုချက်များကို နားထောင်ပေးခြင်းဖြင့် ဝန်ထမ်းများနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင်တည်ဆောက်ကြပါတယ်။
ဌာနအတွင်း team work ကောင်းမွန်အောင် တည်ဆောက်ထားကြပါတယ်။
Affiliative Leadership ဟာ ဌာနအတွင်း ဆက်ဆံရေးပျက်ပြားနေတာမျိုး၊ team အသစ်တစ်ခု စတဲ့အချိန်မှာ ဌာနတွင်း ဝန်ထမ်းအချင်းချင်း ရင်းနှီးမှုလိုနေတဲ့အခါမျိုး၊ team transform လုပ်တဲ့အချိန်မျိုးတွေမှာ လိုအပ်ပါတယ်။
Affiliative Leadership သုံးဖို့ဆို ခေါင်းဆောင်မှာ relationship building နဲ့ management skills ကောင်းမွန်ဖို့လိုအပ်ပါတယ်။
Affiliative Leadership တွေဟာ ဆက်ဆံရေးကို ဦးစားပေးကြပြီး ဆက်ဆံရေးပျက်ပြားမှာ စိုးရိမ်ကြတဲ့အတွက် ထို leader တွေဟာ စည်းကမ်းပိုင်းလျော့ရဲတတ်ကြပါတယ်။ ဒါ့ကြောင့် သူတစ်ခုတည်းသုံးတာထက် တခြား leadership တမျိုးမျိုးနဲ့တွဲသုံးရတတ်ပါတယ်။
4. Democratic/ Participated Leadership
မိမိ team မှာရှိတဲ့ ဝန်ထမ်းတိုင်းရဲ့ အမြင်ကို ဖော်ပြစေပြီး team member တွေရဲ့ သဘောတူညီမှုတောင်းခံပြီးမှ ဆုံးဖြတ်ချက်ချတတ်တဲ့ leadership မျိုးပါ။
ဝန်ထမ်းများဟာ သူတို့ရဲ့အမြင်ကို ဝင်ရောက်ဆွေးနွေးခွင့်ရတဲ့အတွက် motivate ဖြစ်ကြပါတယ်။ ထို့အပြင်ဝန်ထမ်းများရဲ့ ဖန်တီးနိုင်စွမ်းကိုလည်း တိုးတက်စေပါတယ်။
5. Authoriative/ Visionary Leadership
"ငါနဲ့အတူတူလိုက်ခဲ့" ဆိုတဲ့ leadership style မျိုးပါ။
Leader ဟာ long term ကိုမြင်နိုင်စွမ်းရှိပြီး long term success အတွက် ဝန်ထမ်းများကို ဆွဲခေါ်လမ်းပြနိုင်သူဖြစ်ပါတယ်။ ဝန်ထမ်းများအား လက်တွဲခေါ်ပြီး ပူးပေါင်းဆောင်ရွက်စေကာ အနာဂတ်မျှော်မှန်းချက်များပြည့်မှီအောင် စွမ်းဆောင်နိုင်သူများဖြစ်ပါတယ်။
Visionary leadership သုံးဖို့ဆိုရင် ခေါင်းဆောင်များဟာ အရည်အချင်းပြည့်ဝဖို့လိုအပ်ပါတယ်။
6. Coaching Leadership
ဝန်ထမ်းများအား အကြံဉာဏ်ပေးလမ်းပြခြင်းဖြစ်ပါသည်။
ဌာနတွင်းဝန်ထမ်းတိုင်း၏ မိမိရည်မှန်းချက်နှင့် လုပ်ငန်းအောင်မြင်ရေး ကို ထိန်းညှိ အောင်မြင်အောင် ဆောင်ရွက်ပေးသူများဖြစ်ပါသည်။
ဝန်ထမ်းများ၏ ကိုယ်ပိုင် အရည်အချင်းတိုးတက်အောင် လမ်းပြပေးနိုင်သည့်အပြင် team work ကောင်းမွန်သော လုပ်ငန်းခွင်ဖြစ်အောင်လည်း ဖန်တီးတတ်ကြပါသည်။
ထို့ကြောင့် leader များအနေဖြင့် လက်ရှိကြုံတွေ့နေရသော လုပ်ငန်းခွင်အခြေအနေများကို မှန်ကန်စွာသုံးသပ်ပြီး သင့်လျော်သော leadership style ကို အခြေအနေအလိုက်ပြောင်းလဲ အသုံးပြုခြင်းအားဖြင့် ကောင်းမွန်သော လုပ်ငန်းခွင်ကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
Photo credit
theory