Partner Service

Call Website Contact the business

Partner Service The rise of E-commerce and dependence on technology has further influenced the already contentious l
(2)

Facebook Boost အခြေအနေတွေက သိတဲ့အတိုင်း အခြေအနေမကောင်းတော့ ကြော်ငြာတောင် သိပ်မတင်ရဲဘူး အခုချိန်မှာ Facebook Boost လုပ်ဖိ...
27/09/2026

Facebook Boost အခြေအနေတွေက သိတဲ့အတိုင်း အခြေအနေမကောင်းတော့ ကြော်ငြာတောင် သိပ်မတင်ရဲဘူး

အခုချိန်မှာ Facebook Boost လုပ်ဖို့ စဉ်းစားနေတယ် ဆိုရင် ဒီအချက်လေးတွေ ပြန်သုံးသပ်ဖို့လိုပါမယ် 👇👇

၁။ Boost Posting vs Meta Ads Manager စနစ်တကျ ခွဲခြားသုံးပါ

Boost Service အပ်တာ 20$ အောက်ဆိုရင် (Client တွေရဲ့တောင်းဆိုချက်အရ results ကြည့်လို့ရချင်ကြတာမလို့) Boost Post ကနေပဲ အလွယ် Run ပေးဖြစ်ပါတယ်။ တကယ်တန်းမှာတော့ ads manager ကနေ detailed targeting, custom audience နှင့် lookalike audience တို့လို powerful ဖြစ်တဲ့ tools တွေနဲ့ စနစ်တကျ run မှသာ မလိုအပ်သော ဘတ်ဂျတ်လေလွင့်မှုတွေကို လျော့ချနိုင်မှာပါ။

​၂။ Audience (Target Group) ကို ကျဉ်းမြောင်းပြီး တိကျအောင် ပြန်ညှိပါ

လူတိုင်းကို ကြော်ငြာပြီးရောင်းရဖို့ ကြိုးစားနေခြင်းထက် ကိုယ့်ဆီ ဝယ်လေ့ရှိတဲ့သူတွေရဲ့ နေရာဒေသ အသက်အရွယ် အပိုင်းအခြား နဲ့ ကျားမ အမျိုးအစားတို့ကို စနစ်တကျခွဲထုတ် စီစစ်ပြီး Boost Service အပ်တဲ့ဆီကို ပြောပြပေးပါ။ အဲ့လိုပြောပြမှ သူတို့ဘက်က တိတိကျကျ target ချိန်ပေးပါလိမ့်မယ်။ (အဆင်ပြေသလိုလုပ်ပေးဆိုတာနဲ့ မရတော့ပါ။)

၃။ Content Structure နှင့် Creative ကို ပြောင်းလဲပါ

ဒါကတော့ အရေးအကြီးဆုံးနဲ့ အဓိကအကျဆုံးပါ။ ကြော်ငြာကုန်ကျစရိတ်ကို လျော့ချပေးမဲ့အပြင် ရေရှည့် ကိုယ့်ရဲ့ အမှတ်တံဆိပ် တည်ဆောက်မှုကိုပါ စွမ်းဆောင်ပေးနိုင်တဲ့အချက်ဖြစ်လို့ မဖြစ်မနေ ပြောင်းလဲဖို့လိုပါတယ်။ ယခုအချိန်တွင် ရိုးရိုး အရောင်းဓာတ်ပုံ/စာသားများဖြင့် Boost လုပ်ပါက Reach ရရှိရန် ခက်ခဲပါသည်။
Video Content / Reels: စက္ကန့် ၃၀ မှ ၁ မိနစ်အတွင်း လိုရင်းတိုရှင်း ထိမိမည့် ဗီဒီယို တိုလေးများကို ဦးစားပေးပါ။
Hook Line: စာစရေးသည့် ပထမဆုံး စာကြောင်း ၂ ကြောင်း သို့မဟုတ် ဗီဒီယို၏ ပထမ ၃ စက္ကန့်သည် ကြည့်ရှုသူ၏ အာရုံကို ဆွဲဆောင်နိုင်ရပါမည်။

၄။ Messenger / Engagement Focus မဟုတ်ဘဲ Value Content ဖြင့် ထိတွေ့ပါ

အရောင်းတိုက်ရိုက်ကြော်ငြာ (Hard Sell) များကို လူများ စိတ်ဝင်စားမှု လျော့နည်းလာသောကြောင့် အသိပညာပေး သို့မဟုတ် ပြဿနာဖြေရှင်းပေးသည့် Content (Soft Sell) များကို အရင် Boost လုပ်ပြီး၊ ထိုမှတစ်ဆင့် ဝယ်ယူသူထံမှ ယုံကြည်မှု (Trust Engine) တည်ဆောက်ပါ။

၅။ A/B Testing ဖြင့် ဘတ်ဂျက်ကို စမ်းသပ်ပါ

ကြော်ငြာတစ်ခုတည်းကို ဘတ်ဂျက်အများကြီး ချက်ချင်း မသုံးပါနှင့်။ Content Pattern ၂ မျိုး သို့မဟုတ် Target Group ၂ မျိုး ခွဲ၍ ဘတ်ဂျက်နည်းနည်းဖြင့် A/B Test လုပ်ပါ။ ထိရောက်မှု ပိုကောင်းသည့် ကြော်ငြာကိုမှ ဘတ်ဂျက် တိုးမြှင့် သုံးစွဲပါ။

၆။ Backup Channel (အခြား Channel များ) ဘေးတွဲ ပြင်ဆင်ထားပါ

Facebook တစ်ခုတည်းကို 100% အားကိုးခြင်းသည် စီးပွားရေးအရ စွန့်စားမှု ကြီးမားပါသည်။ TikTok၊ Telegram သို့မဟုတ် ကိုယ်ပိုင် Website / Database များကိုပါ ရေရှည်အတွက် ချိတ်ဆက် ပျိုးထောင်ထားသင့်ပါသည်။

#လုပ်ငန်ူရှင်များအတွက် ြောင်း

25/09/2026

ဝန်ထမ်းခေါ်တာ စိတ်မပျက်သေးဘူး 🤔
တကယ်က teammate လိုအပ်တာ 👈
Customer ကို ကောင်းကောင်း ဂရုစိုက်နိုင်တဲ့ Customer Support တစ်ယောက်သေချာရွေးခေါ်ဦးမှာ။
ရွေးပြီးသားထဲက ပြန်ခေါ်ရမလား
Day shift/ Night shift ခွဲလုပ်နိုင်တဲ့
teammate ဖြစ်ဖို့တော့လိုတယ်။
ကိုယ်တိုင်ဝန်ဆောင်မှုပေးခဲ့တုန်းက reviews ကောင်းတွေရခဲ့သလို အခု Admin ETM နဲ့လည်း အဆင်ပြေနေတယ်။
သူကကျောင်းတက်တော့မှာမလို့ Night shift အတွက်လူလိုတာကတော့အမှန်ပဲ။

တချို့ကိစ္စတွေ AI နဲ့သွားမယ် ဒါပေမဲ့ လူလူချင်းစကား‌ပြောတာ support ကူညီတာ အတွက်ကျ ကိုယ့် ဖောက်သည်တွေနဲ့ နှလူံသားချင်းနီးစေဖို့ လူသားကိုပဲ လိုအပ်နေဦးမယ်

25/09/2026

အချိန်ပိုင်း ဝန်ထမ်းခေါ်တယ်။

SOP သေချာပြန်ပြင်ရ Training ပေးဖို့ပြင်ဆင်ရနဲ့ ကိုယ့်ရဲ့ 2 ရက်စာ အချိန်ကိုဖဲ့ပေးလိုက်ရတယ်။

ခန့်မိတဲ့ ဝန်ထမ်းက 2 ရက်နဲ့ အလုပ်ထွက်သွားတယ် အလုပ်က ဟက်ကော့ကြီး ကျန်ခဲ့ရော။

အဲ့ဒါနဲ့ တစ်ရက်စာ အချိန်ပေးပြီး AI ကို ခန့်ဖို့ ‌ သေချာ ပြင်ဆင်လိုက်တယ်။ လူဝန်ထမ်းလို emotion မရှိ personal reason တွေမရှိတော့ဘဲ ကိုယ်လိုချင်တဲ့ Workload ထက်အများကြီး ပိုခိုင်းလို့ရသွားတယ်။

ကိုယ်အိပ်နေလည်း သူက ကိုယ့်အတွက် တညလုံး မအိပ်ဘဲ ပိုက်ဆံရှာပေးနေလေရော။

အခုလက်ရှိက TikTok မှာ More Views Views နဲ့ Promote လုပ်မယ်ဆိုရင် Inbox မှာ ဝင်တဲ့ notifications ကနေ Results ဝင်ကြည့်လို့...
23/09/2026

အခုလက်ရှိက TikTok မှာ More Views Views နဲ့ Promote လုပ်မယ်ဆိုရင် Inbox မှာ ဝင်တဲ့ notifications ကနေ Results ဝင်ကြည့်လို့မရဘဲ ပုံထဲကလို ပေါ်နေမှာဖြစ်ပါတယ်။

အဲ့တာက TikTok ဘက်က Error လား မေစထားပေမဲ့ ပြန်လည်ဖြေကြားပေးခြင်းမရှိသေးပါဘူး။

အဲ့ဒါကြောင့် More Video Views နဲ့လုပ်မယ်ဆိုရင် Views ပိုတက်တာမှန်ပေမဲ့ Results ကြည့်လို့မရတဲ့ Error လေးရှိလို့
ဒါကိုလက်ခံနိုင်မှသာ More Video Views ကိုရွေးပြီး Service အပ်ပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျ။

မှတ်ချက်။ ။Promote လုပ်ပေးတာဖြစ်သောကြောင့် Results တိုက်ရိုက်မပြပေးပေမဲ့ တက်တဲ့ Views တွေက အစစ်ဖြစ်ကြောင်းပြန်လျော့မည်မဟုတ်ကြောင်း ကျွန်တော်တို့ဘက်မှ အာမခံခံပါတယ်။

17/09/2026

အလုပ် အင်တာဗျူးအတွက် ‼️ google form ဖြည့်ဖို့ email ပို့ထားရာမှာ ဖွင့်မရဘူး ဆိုတဲ့သူ 2/3 ယောက် အတွက် စိတ်မကောင်းစွာနဲ့ပဲ ပယ်ချ လိုက်ပါတယ်။

Partner Service HR team မှ သေချာ ပြန်လည်စစ်ဆေးပြီးနောက် url မှာ error မရှိဘဲ ဝင်လို့‌ရနေပါတယ်။

ဝင်မရသူများအနေနဲ့ မိမိ ဖုန်းသို့မဟုတ် ကွန်ပျူတာရဲ့ လိုအပ်ချက် သက်သက်သာဖြစ်သောကြောင့် ပြန်လည်စစ်ဆေးပြီး ဖြည့်ပေးပါ။ ညနေ 4 နာရီမတိုင်ခင်ထိ form ဖြည့်ခွင့် ပေးထားပါတယ်။

Page inbox တွင် စာပြန်သူများမှာ sales teams မှဖြစ်သောကြောင့် အလုပ်ခေါ်စာနှင့်ပတ်သတ်၍ တိကျသေချာစွာ ရှင်းပြနိုင်ချင်းမရှိပါ။ ထို့ကြောင့် Page တွင် လာရောက်မေးမြန်ခြင်း သည်းခံပါ။

17/09/2026

Burgundy 1TB ကို တစ်ရာလေးဆယ့်ခုနှစ်သိန်းတဲ့ သိန်း သုံးဆယ်ကျော်က မယငကို ဖုန်းဝယ်ပေးဖို့လားမသိဘူး 😅😅😅
‌ဖြည်းဖြည်း ငရေးတသတ်ကြပါ ဖုန်းလောကကြီးရယ်
ပီအက်စ် မဝယ်နိုင်ဘဲ အာချောင်တာပါ 🤭🤭🤭

16/09/2026

Customer Support Position လျှောက်ထားသူများအား ‼️

ပထမ အဆင့် အင်တာဗျူးအတွက် Google form ဖြည့်ဖို့ Email များပို့ထားပြီးဖြစ်ပါသည်

အသေးစိတ်ကို မိမိ၏ email တွင် ဝင်ရောက်ကြည့်ရှုပြီး form ဖြည့်ထားသော သူများကိုသာ အင်တာဗျူး အတွက် စီစစ်ရွေးချယ်ပေးသွားမည်ဖြစ်ပါသည်။

မှတ်ချက်။ ။အပြုသဘောဆောင်သော comment များကို လက်ခံပါတယ်။

14/09/2026

Boost လုပ်ပြီးနောက်ပိုင်း ဗီဒီယိုအသစ်တွေ Views ၁၀ ဂဏန်းလောက်ပဲ ရတော့တာက TikTok Algorithm က အကောင့်ကို Shadowban (Reach ခေတ္တပိတ်ချခြင်း) လုပ်လိုက်လို့ပါ။

အဓိကဖြစ်ရတဲ့ အကြောင်းရင်း -
Engagement ရုတ်တရက်ကျသွားခြင်း: Boost ဝင်ထားတဲ့ Views တွေက Like, Comment နဲ့ အဆုံးထိကြည့်တဲ့ Watch Time တွေ မပါပါဘူး။ အသစ်ထပ်တင်တဲ့အခါမှာလည်း အရင်လိုပဲ ထင်ပြီး TikTok စနစ်က တွန်းမပေးတော့တာပါ။

စနစ်က သတိထားမိသွားခြင်း: သဘာဝမကျဘဲ ရုတ်တရက် Views တွေ ဝင်လာတာကို TikTok က Bot Views တွေလို့ သတ်မှတ်ပြီး အကောင့်ရဲ့ ပျံ့နှံ့မှုကို အရေးယူတဲ့အနေနဲ့ ခဏ လျှော့ချလိုက်တာပါ။

ဖြေရှင်းရန် နည်းလမ်း -
လတ်တလော Views ထပ် Boost တာကို ခဏရပ်ထားပါ။
Trend ဖြစ်နေတဲ့ သီချင်းနဲ့ Effect တွေသုံးပြီး ဗီဒီယိုတွေကို အချိန်မှန် ပုံမှန် ဆက်တင်ပေးပါ။ (တဖြည်းဖြည်းချင်း အဆုံးထိကြည့်တဲ့သူ များလာရင် ၂ ပတ် ဝန်းကျင်လောက်မှာ Views ပုံမှန် ပြန်ဖြစ်သွားပါလိမ့်မယ်)။

14/09/2026

Job offers ‼️‼️‼️ Vacancy Announcement ✅

Digital Marketing Agency အတွက် 👇
ညဘက် အချိန်ပိုင်း Page Admin
စာအဝင် ဖြေရန်နှင့်
စာရင်းမှတ်ရန်

Customer Support Position 👤 (2) နေရာ ခေါ်ယူနေပါတယ်။

Fully remote ရပါတယ်။
လျှောက်ထားလိုပါက။

[email protected] သို့ 📩
1. CV form
2. Passport ဓာတ်ပုံ
3. မျှော်မှန်းလစာ နှင့်အတူ ပူးတွဲပို့ပေးထားလို့ရပါတယ်။

အချက်အလက် စုံလင် မှန်ကန်မှုမရှိဘဲ မှားယွင်းနေသော CV form များအား ပထမအဆင့်တွင် ထည့်သွင်း စဉ်းစားမည်မဟုတ်။

ရွေးချယ်ခံရသူများအား Email မှသော် လည်းကောင်း၊ Viber, Telegram ဖြင့်သော်လည်းကောင်းပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်သည်။ ✅

Address

Yangon
11231

Alerts

Be the first to know and let us send you an email when Partner Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Partner Service:

Shortcuts

Share