07/05/2026
"တစ်ခါ နှိပ်လိုက်တာနဲ့ အကုန်လုံး အလိုလို တက်လာတာမျိုး" မဟုတ်ပါဘူး....
TikTok မှာ Boost ( Promote ) လုပ်တယ် ဆိုတာကို
နားလည်လွယ်အောင်လို့ အချက် ၃ ချက်နဲ့ ခွဲပြီးရှင်းပြပေးသွားပါမယ်....
၁။ Video တပုဒ်ချင်းစီအတွက်လား၊ အကုန်လုံးအတွက်လား?
Boost လုပ်တဲ့အခါ Video တစ်ပုဒ်ချင်းစီကိုပဲ ရွေးပြီး လုပ်ရတာပါ
မိတ်ဆွေ ရွေးလိုက်တဲ့ Video တစ်ပုဒ်ပဲ လူတွေဆီ ပိုရောက်သွားမှာပါ
အကောင့်ထဲက Video တွေ အကုန်လုံး အလိုလို Views တက်လာမှာ မဟုတ်ပါဘူး။
ဒါကြောင့် ကိုယ့် အကောင့်ထဲမှာ View အတက်စေချင်ဆုံး ဒါမှမဟုတ် ရောင်းအားကောင်းအောင်ကိုယ်သေချာအားထုတ်ထားတဲ့ Video ကိုပဲ သေချာရွေးပြီး Boost လုပ်ရပါတယ်
၂။ View, Like, Follower အကုန်တက်တာလား?
TikTok က video ကို Boost တခါလုပ်လိုက်တာနဲ့ view, like , follower , comment , profile view ဘာညာအကုန်လုံးတက်မသွားပါဘူး
ဒါကတော့ "ကိုယ့်ရွေးလိုက်တဲ့ ရည်ရွယ်ချက် (Goal)" ပေါ်မှာ မူတည်ပါတယ်
TikTok က Boost မလုပ်ခင် ဘာကို အဓိက လိုချင်တာလဲလို့ အရင်မေးပါတယ်
More Video Views: ဒါကို ရွေးရင် View တက်ဖို့ကိုပဲ TikTok က ဦးစားပေး လုပ်ဆောင်ပေးမှာပါ(view ရလာတဲ့အလျောက် video like လဲတက်လာနိုင်ပါတယ်)။
More Followers: ဒါကို ရွေးရင် ကိုယ့်ကို Follow လုပ်နိုင်ခြေရှိတဲ့ လူတွေဆီ Video ကို ပိုပြပေးမှာပါ။
More Profile Views: ကိုယ့် Profile ထဲ ဝင်ကြည့်မယ့်သူ များအောင် လုပ်ပေးမှာပါ။
More Likes & Comments: like and comment ပေးတတ်တဲ့အကောင့်တွေကိုပိုပြပေးမှာပါ
မိမိ video မှာ engagement တက်စေချင်ရင်ရွေးလို့ရပါတယ်
သတိထားရမှာက - View တက်ဖို့ ရွေးထားပေမယ့်လည်း Video က တကယ်ကောင်းနေရင်၊ လူကြိုက်များနေရင် Like ရော၊ Follower ရောပါ အပိုဆု (Bonus) အနေနဲ့ လိုက်တက်လာတတ်ပါတယ်
ဒါပေမဲ့ TikTok ကတော့ မိတ်ဆွေရွေးထားတဲ့ Goal တစ်ခုတည်းကိုပဲ အာမခံချက်ပေးပြီး promote လုပ်ကာ အဓိက လုပ်ဆောင်ပေးတာပါ။
အဲ့ဒါကြောင့် တခါလုပ်ရင် ကိုယ်ရချင်တဲ့ goal တခုကိုရွေးလုပ်ရပါတယ်
၃။ အကုန်လုံး တပြိုင်တည်း တက်ချင်ရင် ဘာလုပ်ရမလဲ?
တကယ်တမ်း TikTok Marketing ရဲ့ သဘောတရားက "Content is King" ပါ။
Video တစ်ပုဒ်ကို Promote (Boost) လုပ်လိုက်လို့ အဲ့ဒီ Video ကနေတဆင့် လူတွေက ကိုယ့် Profile ထဲ ရောက်လာမယ်၊
Profile ထဲက တခြား Video တွေပါ ကောင်းနေရင် တခြား Video views တွေပါ လိုက်တက်လာပါမယ်။
အဲ့ဒီအခါကျမှ Follower ရော၊ Like ရော အကုန်လုံး အချိုးကျ တက်လာမှာ ဖြစ်ပါတယ်။
အဲ့ဒါကြောင့် မိတ်ဆွေက အကုန်တက်ချင်တယ်ဆိုရင်တော့ video ကို TikTok မှာ viral ဖြစ်ပြီးပေါက်အောင် လူကြိုက်အများဆုံးဖြစ်အောင်ကြိုးစားကြည့်ပါ
ပြီးရင် boost လုပ်လိုက်တာနဲ့ ကံကောင်းပြီးပေါက်ရင် အကုန်လုံး တပြိုင်တည်းတက်လာနိုင်ပါတယ်။
အနှစ်ချုပ်
TikTok Promote (Boost) လုပ်တယ်ဆိုတာက
"တစ်ခါ Boost ရင် Video တစ်ပုဒ်ချင်းစီ အတွက်ပဲ ဖြစ်ပြီး၊ မိတ်ဆွေရွေးချယ်လိုက်တဲ့ ရည်ရွယ်ချက် (Goal) တစ်ခုပဲ အဓိက တက်လာမှာပါ။
ကျန်တာတွေကတော့ Video ကောင်းရင် ကောင်းသလို လိုက်တက်လာတတ်တဲ့ အပိုဆုတွေပဲ ဖြစ်ပါတယ်။"
ကိုယ်က အခုမှ စလုပ်မှာဆိုရင် မိတ်ဆွေရဲ့ Video တွေထဲက Content အကောင်းဆုံး တစ်ပုဒ်၊ viral ဖြစ်နိုင်တဲ့အပုဒ်ကို အရင်ဆုံး Goal တစ်ခုသတ်မှတ်ပြီး ဒေါ်လာပမာဏ 5$ လောက်နဲ့အစမ်းလုပ်ကြည့်ပါ
ရလာတဲ့ result ကိုချိန်ကြည့်ပြီး ပိုရချင်ရင် ဒေါ်လာပိုသုံးပြီးဆက်လုပ်ပါ