Aye Aye Khaing - Digital Business

Aye Aye Khaing - Digital Business We are a professional and best business company in the world.

19/03/2026

🍀နေ့စဥ် နံနက်ခင်းတိုင်း အာစိန္နကံ ကုသလိုလ် မျှဝေခြင်း🍀

‎မြတ်စွာဘုရားအားပင့်ဖိတ်ပူဇော်‎ရှီခိုးခြင်း
‎သရဏဂုံတည်ဆောက်ခြင်း
‎ငါးပါးသီလခံယူခြင်း
‎ခင်ပွန်းကြီးဆယ်ပါးရှီခိုးကန်တော့ခြင်း

‎ဆွမ်း၊ရေချမ်း၊ပန်း၊ဆီမီး၊နံ့သာတိုင်ကပ်လှူခြင်း 🙏🙏🙏

‎နတ်ကောင်းနတ်မြတ်များ ပင့်ဖိတ်ခြင်း
‎ဘုရားဂုဏ်တော် ရွတ်ဖတ်ပူဇော်ခြင်းမှစ
‎တရားဂုဏ်တော်
‎သံဃဂုဏ်တော်

‎ဂုဏ်တော်ကွန်ချာ
‎မေတ္တာသုတ်
‎မဟာသမသုတ် ရွတ်ဖတ်ပူဇော်ခြင်း
‎ပဋ္ဌာန်းဒေသနာတော် ပူဇော်ရန် မြတ်စွာဘုရားထံခွင့်တောင်းခြင်း
‎မနာကြားနိုင်သော နတ်ဆိုးများဖယ်ရှားခြင်း
‎ပဋ္ဌာန်းအကျဥ်း၊အကျယ် ရွတ်ဖတ်ပူဇော်ခြင်း
‎ဖယ်ရှားထားသောနတ်ဆိုးများ ပြန်လည်ပင့်ဖိတ်ခြင်း

‎သမ္ဗုဒ္ဓေဂါထာ ၉ ခေါက်
‎စိန္တာမဏိဂါထာ ၉ ခေါက်
‎ဒိဝါတပတိ ဂါထာတော် ၉ ခေါက်
‎မဏိဇောတပတ္တမြားရတနာဂါထာတော် ၉ ခေါက်
‎ဓနသိဒ္ဓိဂါထာတော် ၉ ခေါက်
‎အဋ္ဌာနမေတံ ဂါထာတော် ၉ ခေါက်
‎နမောငါးချက် စီးပွားတက် ဂါထာ ၉ ခေါက်
‎အောင်မြင်ချမ်းသာ လာဘ်ပွင့်ဂါထာ ၂၇ ခေါက်
‎လိုတရ ဂါထာတော် ၂၇ ခေါက်

‎မေတ္တာပို့သခြင်း
‎အမျှအတန်းပေးဝေခြင်း
‎သိုက်ဆက်များအားမေတ္တာပို့သခြင်း
‎ပင့်ဖိတ်ထားသော နတ်မြတ်နတ်ကောင်းများအားလုံး ပြန်လည်ပို့ခြင်း ဖြင့်ပြီးဆုံးပါ၏ ။

🙏🙏🙏
‎
‎နေ့တစ်နေ့ရဲ့ နံနက်ခင်းတိုင်းမှာ ကျွန်ပ်ပြုလုပ်သောကုသိုလ်များသည် မှန်ကန်ပါ၏
‎ဤမှန်ကန်သောသစ္စာစကားကြောင့်
‎
‎ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာ​ အေးချမ်းရပါလို၏
🙏🙏🙏
‎
‎ဒါနပြုနိုင်သောသူ၊သီလစောင့်တည်နိုင်သောသူ၊တရားဘဝနာပွားများရူ့မှတ်နိုင်သောသူဖြစ်ရပါလိုပါ၏
‎
‎သံသရာဘဝအဆက်ဆက်မှ ယနေ့ယခုအချိန်ထိ ပြုလုပ်ခဲ့သမျှ ဒါနကုသိုလ်၊စောင့်တည်ရသောသီလကုသိုလ်၊ပွားများရသော ဘာဝနာကုသိုလ်၊ပြုလုပ်ခဲ့သမျှ အာစိန္နကံကုသိုလ်၊အဓိဌာန်ကောင်းမှုအစုစုတို့ကို အကျွန်ပ်နှင့် ထပ်တူထပ်မျှ ရရှိကြပါစေ
‎
‎🙏🙏🙏🙏🙏
‎
‎ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး အေးချမ်းကြပါစေ 🙏
‎
#‎မေတ္တာဖြင့်
#‎အေးအေးခိုင်
‎
‎
‎
‎
‎
‎
‎
‎
‎

17/03/2026

💛💛

Morning 🍀🍀
17/03/2026

Morning 🍀🍀

10/03/2026
ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ "အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ ပါဘူး။ က...
10/03/2026

ကျော်ဖတ်ခွင့်မရှိတဲ့ ဘဝစာမျက်နှာ "

အရမ်းပျော်တယ်ဆိုတာလည်း မရှိတော့သလို
အရမ်းစိတ်ညစ်ပါ တယ် ဆိုတာမျိုးလည်းမရှိတော့ ပါဘူး။

ကိုယ့်တွက်တော့နေ့ရက် တိုင်းက တူတူပါပဲ

ဧည့်သည်"
လောကကြီးကို ရောက်လာတဲ့ ကိုယ် ကိုယ်တိုင် လည်း ဧည့်သည် ဖြစ်သလို...

ကိုယ့် အတွေးထဲကို ရောက်လာတဲ့မျှော်လင့်ချက်တွေ ကိုယ့် ဘဝ ထဲကို ရောက်လာတဲ့ ပိုင်ဆိုင်မှုတွေ အားလုံး ကလည်း ဧည့်သည် တွေပါပဲ...

ကိုယ် ပိုင်ဆိုင်ထားတဲ့နုပျို ခြင်း ဆိုတဲ့ ခြုံထည် ဆို တာလည်း
အချိန်တန်ရင် သူ့အလိုလို ဟောင်းနွမ်း သွားပါလိမ့်မယ်...

ကိုယ်နဲ့ ထိုက်တန် သလောက်လည်း ပိုင်ဆိုင် ခဲ့ရ ဘူးပြီး ကိုယ် မရ ထိုက်တာတွေ ကိုလည်း လက်လွှတ် ခဲ့ရ ပြီးပြီ..။

ကိုယ် လိုချင်တာတွေရတိုင်းလည်း အများကြီး မ ပျော်ပါနဲ့

ကိုယ် မ ဖြစ်ချင်တာတွေ ရောက်လာတိုင်းလည်း
အများကြီး ဝမ်းနည်း မနေ ပါနဲ့

ကျော်ဖတ်ခွင့် မရှိတဲ့ ဘဝ စာမျက်နာ တွေကို တစ် ရွက်ပြီး တစ် ရွက် ဖတ်ပြီး သွားတဲ့အခါ ...

ပျော် စရာတွေပဲ ဖြစ်ဖြစ် စိတ်ညစ် စရာတွေ ပဲ ဖြစ်ဖြစ် အချိန်တန်ရင်အရာရာ အားလုံးက သူ့ အလိုလို ပြီးဆုံးသွားမှာပါ...။.

ဘဝဆိုတာ"
မကြုံချင်လဲ ဆုံခဲ့ရတဲ့ လူတချို့ ရှိတယ်...

ကြုံချင်ပေမယ့် မဆုံလိုက်ရတဲ့ လူတချို့လဲရှိတယ်...

ကံတရား ကို တော့ လက်ခံရမှာပဲ။

မယုံချင်လဲ ပုံပြင်မဟုတ်တဲ့ ခံစားချက်တွေရှိတယ်....
ယုံချင်ပေ မယ့် ယုံလိုမရတဲ့ ခံစားချက် တွေလဲရှိတယ်....

အမှန်တရားကို တော့ လက်ခံရမှာ

ပြောချင်ပေမယ့် မပြောဖြစ်လိုက်တဲ့ စကားတချို့ ရှိတယ်,
မ ပြော ချင်ပဲနဲ့ ပြောနေရတဲ့ စကားတွေလဲ ရှိတယ်...

သတိထား ပြောမှ အမှားနည်းမှာပဲ။

ကိုယ့်အမှားမဟုတ်ပဲ ရင်ဆိုင်ဖြေရှင်းရတဲ့ ကိစ္စ တွေ ရှိတယ်....
ဝတ္တရားကိုတော့ အလေးထားရမှာ
စိတ်မပါလဲ လုပ်လိုက်ရတဲ့ အလုပ်တွေရှိတယ်..
တာဝန်ကိုတော့ ကျေပွန်ရမှာပဲ။

လိုချင်ပေမယ့် မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက် တွေ ရှိတယ်...
စွန့်လွှတ်သင့်တာ စွန့်လွှတ်ရမှာပဲ
ဖြစ်ချင်ပေမယ့် မဖြစ်သင့်တဲ့ဆန္ဒတွေရှိတယ်...

မ ဖြစ်ချင်ပေ မယ့် လက်ခံလိုက်ရတဲ့ အခြေအနေတွေ လဲ ရှိတယ်...
ကိုယ့်စိတ် ကို ကိုယ် ဆုံးမရမှာပဲ...။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့... အချိုပေါ့ပေါ့
အခါးကျ ကျ ဖျော်ထား တဲ့ ကော်ဖီတစ်ခွက်ကိုတောင် ကြိုက် တတ်သေးတာပဲ

အပျော် ကျဲကျဲ ဝေဒနာကဲကဲ ဘဝ ဆိုတာကိုလဲ ချစ်တတ်ရဦးမယ်လေ။



ပြန်လည်မျှဝေသည်။

credit:

26/02/2026

ဗုဒ္ဓံဇေယျံ ဗုဒ္ဓံသုခံ ဗုဒ္ဓံလာဘံ ဗုဒ္ဓံဓနံ
ဓမ္မံဇေယျံ ဓမ္မံသုခံ ဓမ္မံလာဘံ ဓမ္မံဓနံ
သံဃံဇေယျံ သံဃံသုခံ သံဃံလာဘံ သံဃံဓနံ
သိဒ္ဓိဇေယျံ သိဒ္ဓိသုခံ သဒ္ဓိလာဘံ သိဒ္ဓိဓနံ

🙏🙏🙏

ကမ္ဘာသူ၊ကမ္ဘာသားများအားလုံး အေးချမ်းကြပါစေ 🌼🎍

ဒီနေ့မှာ ဖြစ်လာခဲ့တဲ့ ကောင်းခြင်းတရားတွေအတွက် ကျေးဇူးတင်ပါတယ်။ရှေ့ဆက်ခွင့်ပေးတဲ့ခွန်အားတွေအတွက် ကျေးဇူးတင်ပါတယ်။
25/02/2026

ဒီနေ့မှာ ဖြစ်လာခဲ့တဲ့
ကောင်းခြင်းတရားတွေအတွက်
ကျေးဇူးတင်ပါတယ်။

ရှေ့ဆက်ခွင့်ပေးတဲ့
ခွန်အားတွေအတွက်
ကျေးဇူးတင်ပါတယ်။



မင်္ဂလာနံနက်ခင်းပါ 🍀ချစ်သောလေးတို့ 💚ငါ့ကိုချစ်သူ ထိုသူသည် ကျမ်းမာချမ်းသာသက်ရှည်ပါစေ။ငါ့ကိုမြင်သူ ထိုသူသည် ကျမ်းမာချမ်းသာ...
23/02/2026

မင်္ဂလာနံနက်ခင်းပါ 🍀
ချစ်သောလေးတို့ 💚

ငါ့ကိုချစ်သူ ထိုသူသည် ကျမ်းမာချမ်းသာသက်ရှည်ပါစေ။
ငါ့ကိုမြင်သူ ထိုသူသည် ကျမ်းမာချမ်းသာသက်ရှည်ကြပါစေ။
ငါ့အသံကြားသူ ထိုသူသည် ကျမ်းမာချမ်းသာကြပါစေ။
ငါ့နှင့်စကားပြောသူထိုသူသည် ကျမ်းမာချမ်းသာကြပါစေ။
ငါ့ရဲ့မေတ္တာခံယူသူ ထိုသူသည်လဲ ကျမ်းမာချမ်းသာကြပါစေ။

#မေတ္တာဖြင့်
#အေးအေးခိုင်

ဘဝဟာ တစ်ခါတစ်ရံ လှိုင်းထန်တဲ့ ပင်လယ်လို ဖြစ်နိုင်ပေမယ့် ကိုယ့်စိတ်ကသာ သင်္ဘောတစ်စင်းပါ။တည်ငြိမ်စွာ မောင်းနှင်နိုင်ရင်မုန...
20/02/2026

ဘဝဟာ တစ်ခါတစ်ရံ လှိုင်းထန်တဲ့ ပင်လယ်လို ဖြစ်နိုင်ပေမယ့် ကိုယ့်စိတ်ကသာ သင်္ဘောတစ်စင်းပါ။
တည်ငြိမ်စွာ မောင်းနှင်နိုင်ရင်မုန်တိုင်းအလယ်မှာတောင် အေးချမ်းမှုကို တွေ့နိုင်ပါတယ်။

စိတ်ပူပန်မှုတွေကို
လက်ထဲက သဲမှုန်လို ဖြည်းဖြည်းချင်း လွှတ်ချလိုက်ပါ။
အရာအားလုံးကို မထိန်းချုပ်နိုင်သော်လည်း
ကိုယ့်တုံ့ပြန်ပုံကိုတော့ ကိုယ်ပိုင်နိုင်ပါတယ်။

ဒီနေ့ကို စိတ်ရှင်းရှင်းနဲ့ စတင်ပါ။
မကောင်းတဲ့စကားတွေထက်
ကိုယ့်ကိုယ်ကို အားပေးတဲ့စကားတစ်ခွန်းကို ရွေးချယ်ပါ။

"ငါလုံလောက်ပါတယ်"
"ငါတန်ဖိုးရှိပါတယ်"
"ငါ့စိတ်ဟာ အေးချမ်းနိုင်ပါတယ်"

တိတ်ဆိတ်နေတဲ့ အချိန်အနည်းငယ်ကို ကိုယ့်အတွက် ဖန်တီးပါ။ အသက်ရှူသံလေးနဲ့အတူ ပူပန်မှုတွေကို ထွက်သွားစေပြီး
ငြိမ်းချမ်းမှုကို အတွင်းထဲ ဝင်လာခွင့်ပြုပါ။

ကိုယ်စိတ်ကျန်းမာချမ်းသာမှုဆိုတာ
အလှမ်းဝေးတဲ့နေရာမှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို နူးညံ့စွာ နားလည်ပေးတဲ့
အချိန်တိုင်းမှာပဲ ရှိနေပါတယ်။

ဒီနေ့လည်း
စိတ်အေးအေးနဲ့ ပြုံးနိုင်ပါစေ။

"ဒီနေ့ဟာ ငါ့အတွက် အေးချမ်းတဲ့ နေ့တစ်နေ့ဖြစ်တယ်"
"ဒီနေ့ဟာ ငါ့အတွက် အေးချမ်းတဲ့ နေ့တစ်နေ့ဖြစ်တယ်"
"ဒီနေ့ဟာ ငါ့အတွက် အေးချမ်းတဲ့ နေ့တစ်နေ့ဖြစ်တယ်"





စိတ်အတွင်းသန္တာန် ငြိမ်းချမ်းမှုရရှိစေဖို့ အောက်ပါ အချက် ၄ ချက်ကို အဓိဋ္ဌာန်ပြု ကျင့်ကြံကြည့်ကြပါစို့ -၁။ အတိတ်ကကိစ္စတွေ...
11/02/2026

စိတ်အတွင်းသန္တာန် ငြိမ်းချမ်းမှုရရှိစေဖို့ အောက်ပါ အချက် ၄ ချက်ကို အဓိဋ္ဌာန်ပြု ကျင့်ကြံကြည့်ကြပါစို့ -

၁။ အတိတ်ကကိစ္စတွေအတွက် စိုးရိမ်ပူပန်နေတာတွေကို ငါရပ်တန့်တော့မယ်။
(I will stop worrying about the past.)

၂။ ငါ့ကိုယ်ငါရော၊ တခြားသူတွေကိုပါ ငါခွင့်လွှတ်ပေးလိုက်မယ်။
(I will forgive myself and others.)

၃။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံအတိုင်း ငါနေထိုင်သွားမယ်။
(I will live a healthy lifestyle.)

၄။ ငါဝါသနာပါတဲ့ (ငါမြတ်နိုးတဲ့) အလုပ်တွေကိုပဲ ငါလုပ်တော့မယ်။
(I will do what I love to do.)



Make these four affirmations to create inner peace:
1. I will stop worrying about the past.
2. I will forgive myself and others.
3. I will live a healthy lifestyle.
4. I will do what I love to do.



မင်္ဂလာနံနက်ခင်းပါ 🌷🌷 #မေတ္တာပို့ဆုတောင်း===============၁။  #ရာဇတောဝါ - မင်းဘေးမှလည်းကောင်း၊၂။  #စောရတောဝါ - ခိုးသူဘေးမှ...
11/02/2026

မင်္ဂလာနံနက်ခင်းပါ 🌷🌷

#မေတ္တာပို့ဆုတောင်း
===============

၁။ #ရာဇတောဝါ -
မင်းဘေးမှလည်းကောင်း၊

၂။ #စောရတောဝါ -
ခိုးသူဘေးမှလည်းကောင်း၊

၃။ #မနုဿတောဝါ -
လူဆိုးလူကြမ်း ဘေးမှလည်းကောင်း၊

၄။ #အမနုဿတောဝါ -
ဘီလူး၊ ဂုမ္ဘဏ်၊ ဖုတ်ပြိတ္တာဘေးမှလည်းကောင်း၊

၅။ #အဂ္ဂိတောဝါ -
မီးဘေးမှ လည်းကောင်း၊

၆။ #ဥဒကတောဝါ -
ရေဘေးမှ လည်းကောင်း၊

၇။ #ကဏ္ဍကတောဝါ -
လေးမြှား၊ လက်နက်၊
ဆူးငြောင့်ဘေးမှ လည်းကောင်း၊

၈။ #ဇနပဒရောဂတောဝါ -
ဇနပုဒ်၌ ဖြစ်ကုန်သော
အနာရောဂါ ဘေးမှလည်းကောင်း၊

၉။ #အသဒ္ဓမ္မတောဝါ -
သူယုတ်တို့၏ မကောင်းသော
အကျင့်ဘေးမှလည်းကောင်း၊

၁၀။ #အသန္ဒိဋ္ဌိတောဝါ -
အသိအမြင် အယူအဆလွှဲမှား
သူတို့၏ ဘေးမှလည်းကောင်း၊

၁၁။ #အသပ္ပုရိသတောဝါ -
သူတော်မဟုတ် သူယုတ်မာတို့၏
ဘေးမှလည်းကောင်း၊

ထို ( ၁၁ )ပါးသော ဘေးဆိုးတို့မှ ကင်းဝေးကြပါစေရန် ဆုတောင်း မေတ္တာပို့သပါသည်။

ဘေးရန် ခပ်သိမ်း ကင်းငြိမ်းကြပါစေ။

🙏🙏🙏🙏🙏


Morning 🌿နိုးထလာတဲ့ နံနက်ခင်းတိုင်းကိုကျေးဇူးတင်တယ် 🍀
10/02/2026

Morning 🌿

နိုးထလာတဲ့ နံနက်ခင်းတိုင်းကိုကျေးဇူးတင်တယ် 🍀

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Aye Aye Khaing - Digital Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share